Interview with Ko Ye Myat Thu
ကျွန်တော့်အနေနဲ့ ကိုရဲမြတ်သူလို့ ကြားလိုက်တာနဲ့ Alpha နဲ့ တွဲပြီးမြင်မိသလို ကျွန်တော် လေးစားအားကျရတဲ့ သူတစ်ယောက် အဖြစ်လည်း တစ်ခါတည်း မြင်မိပါတယ်။ ကိုရဲမြတ်သူနဲ့ အဓိက အင်တာဗျူးဖြစ်ချင်တဲ့ အကြောင်းအရာကတော့ Myanmar ICT Award 2009 (Mobile Application) ဆုရသွားတဲ့ အိတ်ဆောင်တိပိဋက (Pocket Pititaka) နဲ့ ပတ်သက်ပြီး အဓိက မေးမြန်းချင်ခဲ့ပါတယ်။
နတ်လူသာဓုခေါ်စရာ ကိစ္စတစ်ခု ဖြစ်တဲ့အပြင် နည်းပညာမှာ Pre-package အနေနဲ့ လမ်းသစ်ထွင်ပြီး လျှောက်နိုင်ခဲ့သလို ဘာသာ၊ သာသနာ အကျိုးအတွက် အများကြီး အထောက်အကူ ပြုနိုင်တဲ့ နည်းပညာကဲ ကိရိယာတစ်ခုကို တီထွင်စမ်းသစ်နိုင်ခဲ့တဲ့ အတွက်လည်း အများကြီး ဂုဏ်ယူမိပါတယ်။ ဒါကြောင့် ကိုရဲကို ခွင့်တောင်းပြီး အင်တာဗျူးဖြစ်ခဲ့ပါတယ်။
ခုလို အင်တာဗျူးခွင့်ပေးတဲ့ အတွက်ရော မအားလပ်တဲ့ကြားက ဖြေကြားပေးတဲ့အတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
အကို့ကို အဓိကမေးချင်တာက အိတ်ဆောင်တိပိဋက အကြောင်းပါ။ အဲဒီလို Pocket ဆိုက်လေးနဲ့ ထုပ်ဖြစ်ဖို့ အိုင်ဒီယာရလာ ပုံလေး၊ နောက်ပြီး အဲဒီ အိုင်ဒီယာကို ဘယ်လိုအကောင်အထည် ဖော်ခဲ့ရလဲ ဆိုတာလေးနဲ့ အင်တာဗျူး စဖွင့်ပါရစေ။
1998 လောက်ကတည်းက မိုးကုတ်တရားတွေ ခွေကနေ CD လုပ်ပေးရာက MP3 နဲ့ တရားတွေ စသိမ်းဖြစ်တယ်။ နောက် အခြေပြု ပဋ္ဌာန်းလို ခွေတွေ ထုတ်ဖြစ်တယ်။ ဒီကနေ ဘုန်းကြီးတွေနဲ့ ဆက်စပ်မိခဲ့ပါတယ်။ ခွေက ရတာတွေနဲ့ ဂန္ဓာရုံမှာ ကျောင်းဆောက် ပြီး data တွေ ဆက်ထည့်ကြဖို့ လုပ်ခဲ့ရာက 2004 မှာ ကျောက်စာတွေကို Digitalization စလုပ်ဖြစ်တယ်။ အဲဒီမှာ ကျောက်စာထဲက စာတွေရှာနိုင်ဖို့ text data တွေလိုတာနဲ့ မဟာဂန္ဒာရုံ က ဦးဇင်းတွေက Data တွေ စုပေး တည်းဖြတ် ပေးတယ်။ ပါဠိ မြန်မာပြန် english(roman) နဲ့ ရခဲ့တယ်။ အဲဒီProject မှာ သီတဂူလည်း ပါတယ်။ အဲဒီနောက်မှာ ကတည်းက ကျောက်စာ မပါဘဲ ပိဋကသုံးပုံကို Palm ထဲ ထည့်ဖို့ စကြိုးစားတယ်၊ နောက် Pocket PC မှာ Win CE, windows mobile 2003, windows mobile 5,6 စတာတွေမှာ စမ်းဖြစ်တယ်။ သို့သော် လက်တွေ့မဖြစ်နိုင်အောင် စာအုပ်ကြီးတွေ ဖွင့်ရာမှာ နှေးတာ လေးတာကြောင့် အချိန်အတော် ကြာသွားခဲ့တယ်။ နောက်ပိုင်းမှာ pocket PC မှာ Dictionary လုပ်ရင်း database engine မပါတဲ့ Search engine technology တခုကို စမ်းလို့ ရတာကနေ လုပ်ဖြစ်သွားတယ်။ တကယ် ရဟန်းတော်တွေ ကြိုက်တဲ့ တိပိဋက ပါဠိမြန်မာ အဘိဓာန်တွဲကြီးတွေ ကိုတော့ စိန်ရတနာက သွင်းထားတာတွေ ရရှိတာ အရမ်း ကောင်းသွားတယ်။ နောက်သူတို့ဘဲ မူရင်းပါဠိမူနဲ့ စာမျက်နှာ တူအောင် ဖြတ်ပေးတယ်။ လက်တွေ့မှာ သုံးဖို့စက်ကို တော်တော် ပြင်ဆင်ခဲ့ရတယ်။ အစက define e လိုစက်မှာ ရရင် စျေးပေါမယ်ဆို စမ်းခဲ့ပေမဲ့ လက်တွေ့မှာ Screen တွေ battery တွေ အဆင်မပြေတာနဲ့ windows mobile 6.1 စက်တခုကို ရေရှည်အတွက် အမျိုးမျိုးစမ်းပြီး ကုန်ကြမ်း လုပ်ခဲ့ရတယ်။ warranty ချက်ချင်း လဲပေးနိုင်ဖို့ ပြည်ပရောက် စက်တွေ အတွက် update ကိစ္စတွေ တော်တော် ကြာအောင် စမ်းသပ်ခဲ့ရတယ်။ နောက် UI ကိုလည်း တကယ် ဘာမှ မသိသေးတဲ့ ဦးဇင်းတွေ သုံးနိုင်အောင် စီစဉ်ခဲ့ရတယ်။
အကိုအနေနဲ့ အိတ်ဆောင်တိပိဋကကို iPod, iPad တို့မှာ ရနိုင်တဲ့ သုံးနိုင်တဲ့ App အဖြစ် ထုပ်ဖို့ အစီအစဉ် ရှိမရှိဆိုတာလေး သိချင်ပါတယ်။ ဒါမှမဟုတ် တစ်ခြား မိုဘိုင်း OS တြွေုဖစ်တဲ့ Android တို့ စတာတွေမှာ သုံးလို့ရအောင် စီစဉ်ဖို့ ရှိပါသလား။ ဒီထက်ကြီးတဲ့ ဆိုက်နဲ့ကော ထုတ်ဖို့ ရှိပါသလားခင်ဗျာ။
Apple အတွက် ပြဿနာက Credit Card ရှိမှ Developer account ဖွင့် ငွေနှစ်စဉ် သွင်းပြီးမှ စရေးရမယ်။ နောက် Developer က Apple နဲ့သုံးရမယ်၊ Online က လှမ်းထည့်မှ ရမယ် ဆိုတာတွေ ရှိနေတယ်။ Data Size က အရမ်းကြီးတော့ မြန်မာပြည်ကနေ ထည့်ဖို့တော့ စိတ်တောင် မကူးရဲဘူး၊ နောက် online က ရောင်းရင်လည်း တော်တော် များများ ရောင်းမိမှ ငွေထုတ်လို့ရမယ်။ ရောင်းသမျှ 30% ပေးရမယ်၊ ရေးပြီး စစ်ဆေး ခံယူဖို့ ကြာတယ်။ သို့သော် jailbreak လုပ်ကူးရင် ရနိုင်ချေ ရှိနေတယ်။ Android မှာလည်း ဒီလိုဘဲ Open ကြီး ဖြစ်နေတယ်။ နောက် windows လောက် ရေးဖို့ အဆင်သင့် မဖြစ်ဘူး။ Dotnet လောက် technical Support ရှာမရဘူး။ အထူးသဖြင့် Programming အပြင် Hardware device control တွေ ရေးရာမှာ တတ်သူ မရနိုင်ဘူး ဖြစ်နေတယ်။ တစ်ခုတစ်ခုရေးဖို့ Programmer တွေ တော်တော် စမ်းရေးရတာ ဆိုတော့ အချိန် အရမ်းကုန်တယ်၊ ready make Programmer တွေ ခေါ်ရ လွယ်ရင်တော့ Android ပေါ်မှာ စိတ်ဝင်စားတယ်။ Apple ပေါ်မှာတော့ credit card and payment က ရှိနေသေးတော့ စိတ်မပါသေးဘူး။ လောလောဆယ်ကတော့ Windows CE 6 ပေါ်မှာ ရေးပြီး တစ်သိန်းလောက်နဲ့ ရောင်းနိုင်အောင် စီစဉ်နေတယ်။ နောက် 7″ အရွယ် လဲထုတ်မယ် iPad က 9″ ဆိုတော့ နဲနဲဘဲငယ်မယ်။ အဓိက က မြန်မာနိုင်ငံက ဝယ်နိုင်မဲ့ စျေးဖြစ်ဖို့ရယ်၊ အပေါစားဖြစ်ပြီး ပျက်လွယ်တာမျို းမဖြစ်ဖို့ရယ် ချိန်နေရတာ။ စမ်းနေတဲ့ ပုံတွေကိုတော့ ကျွန်တော့် facebook မှာ ကြည့်လို့ရတယ်။
အိုင်ဒီယာတွေ သစ်ဖို့၊ အိုင်ဒီယာအသစ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ဘာတွေလိုပါသလဲ။
Trend ကိုသိဖို့ လိုပါတယ်။ ဒီအတွက် international Trade Show တွေ Exhibition တွေ တက်နိုင်ဖို့ လိုပါတယ်။ ကိုယ်နိုင်ငံ အခြေအနေနဲ့ ကိုက်ဖို့ ကိုယ့်ဆီက အကြောင်းတွေလဲ သိဖို့လိုပါတယ်။ နောက် မသိသေးတဲ့ technology ကို မကြောက်ဘဲ စသုံးနိုင်တဲ့ သတ္တိရှိဖို့ လိုသလို R&D ကိုလည်း အကုန်ခံ လုပ်နိုင်ဖို့ လိုပါတယ် ။ သုံးမရတာ ၊ အဆင်မပြေတာ Device ပျက်စီးသွားတာ ရှေ့ဆက် မတိုးတာတွေလဲ ကြံ့ကြံ့ ခံနိုင်ရပါတယ်။ နောက် TED လို video တွေနဲ့ wiki က technical article တွေကို အမြဲဖတ်ပြီး လေ့လာနေရပါတယ်။ eBook တွေ Print out လုပ်ခဲ့ရတာ တွေလည်း လုပ်ရဆဲပါ။ နောက် Online က network မိတ်ဆွေတွေ ရှိဖို့ အစဆွဲဖို့လိုရင် မေးစရာ မိတ်ဆွေတွေ ပေါများဖို့ International University တွေ မှာ post grad research လုပ်နေတဲ့ မိတ်ဆွေတွေ ရှိဖို့ လိုသလို Technical forum တွေမှာ အမြဲ ကျင်လည် ကြက်စား နေရပါတယ်။ နောက် Hardware Vendor ပေါင်းစုံနဲ့ ထိတွေ ဆက်ဆံ မေးမြန်းရလေ့ ရှိပါတယ်။ တခါတလေ သတင်းတွေ ရုပ်ရှင်ကားတွေ က idea ရတာတွေလည်း ရှိတတ်ပါတယ်။
နိုင်ငံခြားတိုင်းပြည်မှာ တာဝန်ထမ်းဆောင်နေသူတွေ အနေနဲ့ သူများအလုပ်တွေပဲ လုပ်နေရသူတွေများပြီး ကိုယ်ပိုင်အလုပ်ကို တည်ထောင်ဖို့ မလွယ်ကြပါဘူး။ အဲဒါ ဘာကြောင့်လို့ အကိုထင်ပါသလဲ။
technical Skill တခုထဲ ရယုံနဲ့မဖြစ်ပါဘူး။ ကျန်တာတွေပါရလို့ အလုပ်မှာ Management level တကယ် လုပ်နိုင်ရင် ကိုယ်ပိုင်အလုပ် ဖြစ်လာနိုင်ပါတယ်။ နောက် ဖြစ်နိုင်တာက freelance တို့ outsource တို ့ လုပ်နိုင်ပါတယ်။ ကိုယ့် Brand ကို ဆောက်နိုင်မှ TRUST ကို ဆောက်နိုင်မှ ဒါတွေ စလို့ရမှာဖြစ်လို့ ရိုးသားဖို့ စနစ်နဲ့ အလုပ်လုပ်တတ်ဖို့ ဂတိတည်ဖို့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ လုပ်တဲ့ တိုင်းပြည်နဲ့လည်း ဆိုင်ပါတယ်။ တကယ် ဖြစ်နေသူတွေ လည်းရှိပါတယ်။ အခြေခံ မရှိသူတေ ွဖြစ်ကြတာများလို့ တော်ရုံ ဇွဲမရှိရင်တော့ ခက်တာများပါတယ်။ နောက် Risk များတာလည်း ပါပါတယ်။
အကိုက ခရီးတွေ အမြဲ ထွက်နေတတ်တယ်နော်၊ အဲဒီလို ခရီးထွက်ရင်း တွေ့လာတဲ့ အတွေ့အကြုံတွေအရ အဲဒီနိုင်ငံက လူငယ်တွေနဲ့ ကျွန်တော်တို့ ဆီက လူငယ်တွေ ဘယ်လိုကွာခြားမှုတွေ ရှိနေပါသလဲ။
သူတို့လို ၅နှစ်လောက် ကတည်းက စနစ်တကျ ပညာရေးနဲ့ ကျင့်နိုင် မောင်းနိုင်ရင် နိုင်ငံတကာက လူငယ်တွေထက်တောင် သာနိုင်ပါတယ်။ တကယ်ကွာတာ ပညာသင်ရတဲ့ ပုံစံပါ။ ဒါသင် ဒါမေး ကျက်ဖြေ ပညာရေးနဲ့ကတော့ ကမ္ဘာမှာ နေရာမရှိပါဘူး။ မြန်မာတွေ ရောက်ရာနေရာမှာ လိုမှ ဖြစ်အောင် ကြိုးစားနိုင်နေကြလို့ ခံသာနေတာပါ။ နောက် စည်းစနစ်နဲ့ team work ကွာတာပါ။ တချို့ ကွာတာက သူတို့ နိုင်ငံက brand ရှိပြီး ဖြစ်နေတာပါဘဲ။ အင်္ဂလိပ်စာ အရေးပါသလို သချင်္ာလည်း အရေးပါတာ Knowledge ရှိဖို့လိုတာ Communication Skill ကောင်းဖို့လိုတာ Presentation Skill ကောင်းဖို့ လိုတာတွေ ရှိပါတယ်။ တကယ် ယှဉ်ကြည့်လို့ ညံ့တဲ့ထဲမှာ ကျွန်တော်လဲ ပါတာပါဘဲ။
အိုင်တီကို စိတ်ဝင်စားတဲ့ လူငယ်တွေကို အကိုပေးချင်တဲ့ Message၊ အမှာစကားလေး ချီးမြှင့်ပေးပါ။
ကိုယ်ကိုယ်ကို အဆင်သင့်ပြင်ထားပါ။ သူများထက် ဘာသာလဲ ဘာလိုလဲသိပါ။ ဇွဲရှိပါ။ တကယ် ကျွမ်းကျင်တာ တစ်ခုခုရှိပါစေ၊ ဆက်နွှယ်တာတွေ အားလုံးကို စိတ်ဝင်စားပါ။ လေ့လာပါ။ လိုအပ်ရင် ဘယ်ဆရာမှ မပါဘဲ internet ကနေ ဘာမဆို ရအောင် လေ့လာနိင်တဲ့ အဆင့်ရောက်အောင် လေ့ကျင့်ထားပါ။ စာဖတ် မပျင်းပါနဲ့။ လက်တွဲဖေါ်တွေကို တန်ဖိုးထားပါ။
ခုလို ဖြေကြားပေးတဲ့အတွက် MyanmarTutorials ကရော ကျွန်တော်ကပါ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
Facebook comments:







Way to go bro
Cheers!
got so many views and ways to polish myself…
thanks a lot..
junemoe
myanmartutorials က မအဲမွန်တို့လို ပညာရှင်တွေနဲ့ဆွေးနွေးကြည့်နိုင်ရင် Android ပေါ်မှာ ဖြစ်နိုင်မယ်ထင်တယ်။ data တွေက ရှိပြီးသားဘဲ SaturnGod ကိုတော့မေးဘူးတယ်။
လောလောဆယ် 7″ mobile internet Device tablet လေးတွေကို Android နဲ့ ထုတ်ချင်တာ ဇော်ဂျီ ready နဲ့ application လုံခြုံမှု့ရှိရင် လုပ်ချင်တယ်။ ပညာရှင်တွေ ရှိရင် တွေ့ပေးနိုင်ရင် ဖြစ်နိုင်ခြေရှိပါတယ်။
Android Tablet နဲ့ဆို e-book reader တွေပါသုံးလို့ရနိုင်သလို တစ်ခြား Free Application တွေပါ သုံးလို့ ရနိုင်တယ်ဗျ၊ Pre-packages အနေနဲ့ အများကြီးထပ်ဆောင်းပေးလို့ ရနိုင်တယ်။
Android Tablet မဟုတ်ဘဲ Linux သုံး 7″ netbook လေးတွေကို ၁သိန်းလောက်နဲ့ရောင်းရင်ဖြစ်နိုင်မလား။
Dictionary တွေ မြန်မာစာတွေ ထည့်ပေးထားတယ် Office နဲ့ pdf ဖတ်ရမယ် ဆိုတာမျိုးပေါ့။
ဒီစက်တွေက နိုင်ငံတကာ က $100 အောက် ပညာရေး project က စက်တွေလေ။ သူတို့ဆီမှာတော့ Wifi ရှိတာနဲ့ကို ကျောင်းမှာ login ဝင်ပြီး သင်္ခန်းစာတွေဆွဲချ ကျူတိုရီရယ်တွေ တင် မေးခွန်းတွေ ဖြေလုပ်ရပြီး အိမ်းပြန်တော့ အိမ်စာလုပ်ဖို့ သယ်သွား နောက်နေ့ online က နေ wifi နဲ့ တင်လိုက်ရုံဘဲ။ အာဖရိကမှာတောင်စနေပြီ။ ကျောင်းတွေသာ ပညာရေးပြိုင်ဖြစ်ရင် သေချာပေါက်ရောင်းရမယ်။ လောလောဆယ်တော့ မေခွန်းမပါလို့မဝယ်သေးဘူး ဖြစ်န်ိုင်သေးလို့ စဉ်းစားနေတာ။
စမ်းကြည့်ရင် မမှားဘူးလို့ ကျွန်တော်တော့ ထင်တာပဲဗျ။ တစ်သိန်းနဲ့ ကိုင်လို့ရမယ်ဆိုတော့ လူတိုင် စိတ်ဝင်စားမယ်ထင်တယ်။ နောက် ကလေးတွေ ကိုင်တာ မကိုင်တာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ကလေးတွေ စိတ်ဝင်စားမဲ့ တစ်ခြားဟာတွေပါ ထည့်ပေးနိုင်ရင် ပိုကောင်းမယ်ထင်တယ်။
ဘာတွေထည့်ပေးသင့်သလဲ၊ Game တွေ ဆိုရင်တော့လွယ်တယ်။ အခြားသူတို့လိုတာ စိတ်ဝင်စားတာ ဘာတွေရှိနိုင်လဲ
ဒီအပတ် သောကြာနေ့မှ ရှောင်လင်တို့အခြားသူတို့နဲ့ တွေ့မှ ကိုရဲ မေးခိုင်းထားတာ မေးပေးမယ်။ အခု ကျွန်တော့် ပတ်ဝန်းကျင်မှာ လက်ရှိ Mobile Developers အရမ်းရှားတယ်။ Sean Lin တစ်ယောက်ပဲ Android အကြောင်း သိတယ်။ သူ့မှာက Network ရှိမယ်ထင်တယ်။
Android နဲ့လုပ်မယ်ဆိုရင် ကောင်းပါတယ်။ ကိုရဲ ကိုယ်တိုင် compile လုပ်ပြီး Hardware ထဲကို write မှ အဆင်ပြေလိမ့်မယ်။ တရုတ်ကနေ တိုက်ရိုက်လာပြီး Android သွင်းထားတာထက် စာရင်ပေါ့။ အဲဒီအတွက် hardware တော့လိုမယ်ထင်တယ်။ နောက်ပြီး Android သုံးရင် ကိုရဲ software upgrade ကို Online ကနေ လုပ်ပေးလို့ရတယ်ဗျ။ အဲ… ခိုးကူမယ်ဆိုရင်လည်း OS ပေါ် အခြေခံထားပြီး စစ်ထားရင် ခိုးကူးလို့ရချင်မှ ရတော့မှာ။ အဲ.. သေသေချာချာ သောကြာနေ့မှ အကုန်လုံး စုံမှပဲ အဲဒီ ကိစ္စလေးဆွေးနွေးကြည့်အုံးမယ်။
ကိုကိုရဲ လည်း non *86 family အတွက် linux စမ်းပေးနေတယ် linux နဲ့လည်းဖြစ်လို့ရတယ်။ အဲဒါဆိုရင် ဇော်ဂျီ စိတ်မပူရတော့သလို့ open office နဲ့ pdf ရရင် ကျန်တာ သိပ်မလိတော့ဘူး။ browser က တော့ webkit ကိုမှန်းထားတယ်။
september ထိ စောင့်နိုင်တယ်ဆိုရင်တော့ chrome OS ကို ခဏ လောက်စောင့်ကြည့်စေချင်တယ်။ Linux ကိုသုံးရင် touch screen keyboard ပြဿနာက ရှိသေးတယ်။ chrome OS က tablet တွေအတွက် သီးသန့်လုပ်ထားတဲ့ Linux OS တစ်ခုပါပဲ။ ဒါကြောင့် သူဘယ်လိုလာမလဲဆိုတာကိုလည်း စောင့်ကြည့်ဖို့လိုတယ်။
အဲဒီ အိတ်ဆောင် တိပိဋ္ဋက ရဲ့ရောင်းအားလေး ပြောပြလို့ရမလားဗျ… အောင်မြင်မှုကို ဂုဏ်ယူချင်လို့ပါ… ဗုဒ္ဓဘာသာလူမျိုးတစ်ယောက်က ကိုယ့်ဘာသာဂုဏ် ကိုယ်မြင့်တင်နိုင်ခဲ့တယ်လို့မြင်မိတယ်လေ…
တကယ်လိုအပ်တာရယ် ဖြစ်စေချင်တာအတွက်ရယ်သာလုပ်ရတာပါ။ လက်တွေ့မှာ ၁၀၀ဝပြည့်ဖို့တောင် တော်တော်လိုသေးတယ်။ အဓိအ ဝယ်ကြတာက ပြည်ပမှာ thesis လုပ်နေတဲ့ စာအုပ်သယ်ရခက်တဲ့ ရဟန်းတွေ ပါ။ နောက် ပြည်တွင်းမှာ MA PhD လုပ်သူတွေ သုံးကြပါတယ်။ အများစုဖြစ်တဲ့ ဓမ္မာစရိယ တန်း တက်သူတွေအတွက် က မဝယ်ကြသေးပါဘူး သူတို့ စာမေးပွဲစနစ်အရ သူစာအုပ်နဲ့သူဘဲလေ့လာကြလို့ပါ။ နောက် ကြိုက်ကြတာက ကျမ်းပြုပုဂ္ဂိုလ်တွေပါ။ ဒါကလည်း နည်းလာပါပြီ။ စာသင်တဲ့ဘုန်းကြီးတွေကတော့ကြိုက်ကြပါတယ် စာဝါမချခင် အဘိဓာန်အရင်ရှာပြီးစာလုံးတွေက်ို ကြည့်တယ်။ နောက် ဒီစာလုံးတွေရဲ့ အခြားနေရာမှာသုံးပုံကိုကြည့်တယ်။ ဒီလိုအသုံးမျိုးကို နာမည်ကြီး တရားဟောဓမမ္မကထိကတွေ လည်းသုံးကြတယ်။သူတို့က တတ်နိုင်တော့ ဒီထက်ကြီးထက်ကောင်းထက်ဟာလိုချင်တယ် အချို့ကတော့ အထုူသဖြင့်နယ်မှာဆို မတတ်နိုင်တော့ ပေါတာလိုချင်တယ်။ကျွန်တော်လည်းပေါပေါပေးနိုင်ဖို့တော့ကြိုးစားနေတယ်။
လောလောဆယ်တော့ မန္တလေးက နိုင်ငံတော်ပရိရတ္တိသာသနာတက္ကသိုလ်နဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ ရယ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒမှာရယ် Server နဲ့ တရားတွေ အကုန်လွင့်ပေးထားတယ် ရှိတဲ့ စက်ကနေ wifi နဲ့ ရှာယုံဆွဲချရုံလေ့လာယုံဘဲ။ ဒီလပိုင်းမှာ ကမ္ဘာအေး တက္ကသိုလ်နဲ့ စစ်ကိုင်းသီတဂူကို ဆက်လှူမယ် ။ကမ္ဘာအေး မှာတော့ သူတိ့ဆီက စက်ခန်းက စက်၃ဝကျော်ကို network တော့ချိန်ပေးပြီးပြီ Server နဲ့ outdoor wireless Access point ဘဲလိုတော့တယ်။ Linux Server အတွက် ကိုကိုရဲစမ်းပေးနေတာ မရသေးလို့။
XO တွေမှာတော့ ပါတာတွေ အများကြီးပဲ၊ http://wiki.laptop.org/go/Software_components အဲဒါတွေနဲ့တင် တော်တော့်ကို ပြည့်စုံနေပြီ၊ အဲဒီအပြင် Flash လည်း ရတော့ ကလေးတွေအတွက် အသံထွက်တဲ့ စာအုပ်တွေ ထည့်ပေးလို့ရနိုင်တယ်၊ ကျွန်တော်ထည့်ပေးချင်တာက Scratch တို့ Alice တို့ ထည့်ပေးချင်တာ အဲဒါတွေတော့ ရမယ် မထင်ဘူး၊ Requirement မြင့်တယ်။
မြန်မာကလေးတွေအတွက် တင်မကဘဲ ကလေးကျောင်းဆရာမတွေအတွက်ပါထည့်ရမယ်ထင်တယ်။ စွယ်စုံကျမ်းထည့်ရင် ဖတ်ကြပါ့မလား။
ဖတ်တာမဖတ်တာတော့ မသေချာဘူး၊ စွယ်စုံကျမ်းပါ ပါတယ်ဆိုရင် သေချာပေါက် သဘောကျကြမှာပဲ ကလေးတွေအတွက် စွယ်စုံကျမ်းဆိုရင်တော့ ပိုကောင်းမယ်
ကုသိုလ်တွေ အများကြီးရပါတယ် ကိုရဲရေ…သာသနာ အကျိူးသယ်ပိုုးမယ့်
လူတွေ အများကြီး မျှော်လင့်ပါတယ်ဗျာ..း)
အခုလို အင်တာဗျူး အစီအစဉ်များအတွက် ကျေးဇူးပါခင်ဗျာ…
ကိုရဲ ရဲ ့နောက်ဆုံး အမှာစကားလေးကို သိပ်သဘောကျပါတယ်
သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်