Interview with Ko Thiha (Myanmar Tutorials)
Localization ကွက်လပ်အတွက် Myanmar Tutorials Founder ကိုသီဟနှင့် တွေ့ဆုံခြင်း
တွေ့ဆုံမေးမြန်းသူ – ကိုစိုင်း
မင်္ဂလာပါအကို၊ နာမည်လေး သိပါရစေခင်ဗျာ။
မင်္ဂလာပါ။ ကျွန်တော်နာမည် ကိုသီဟလို့ ခေါ်ပါတယ်။
ကိုသီဟရဲ့ ကွန်ပျူတာလောကထဲကို စရောက်တဲ့ အချိန်နဲ့ အဓိကထားပြီး လေ့လာဖြစ်ခဲ့တဲ့ အပိုင်းလေးကို သိပါရစေခင်ဗျာ။
ကွန်ပျူတာလောကထဲကို စရောက်ဖြစ်ခဲ့တာက ၁၉၉၄ ခုနှစ် ဆယ်တန်းအောင်ပြီးခါစ အချိန်ကတည်းကလို့ ပြောလို့ရပါတယ်။ အင်ဂျင်နီယာ အရမ်းဖြစ်ချင်ပြီး ဖြစ်ဖို့ အကြောင်းကံ ပါမလာတော့ စိတ်ညစ်ညစ်နဲ့ ကွန်ပျူတာသင်တန်းကို MCC ဗိုလ်တထောင်မှာ စတက်ဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းက ကွန်ပျူတာကို မကိုင်ရ မနေနိုင်အောင် ဖြစ်ခဲ့ပါတယ်။
ကျွန်တော် အစပိုင်းလေ့လာဖြစ်ခဲ့တာက Database အပိုင်းပါ။ အဲဒီအချိန်တုန်းက ကွန်ပျူတာတွေက Color နဲ့ မဟုတ်သေးဘူးခင်ဗျ။ Monochrome တွေ၊ (Black and White တွေ ဆိုပါတော့) DOS Mode နေ စပြီးသုံးခဲ့ရတာ၊ အရမ်းကို အခြေခံကျတာပေါ့ဗျာ။ ကျွန်တော် ကိုယ်တိုင်လည်း Lotus ကနေ စပြီး အလုပ်လုပ်ခဲ့ပါတယ်။ MCC မှာပဲ Level II, Level III, IDCS, IADCS တွေ တက်ခဲ့ပါတယ်။ သင်တန်းတွေ တက်အပြီးမှာတော့ MCC မှာပဲ System Analyst အဖြစ် ပြန်ဝင်လုပ်ပါတယ်။ နောက်ပိုင်း ကိုယ်ပိုင် အလုပ်လုပ်မယ်ဆိုပြီး အလုပ်ကနေ နားဖြစ်ပါတယ်။
ကိုသီဟ အနေနဲ့ Myanmar Tutorials ကို စတင်ဖို့ စဉ်းစားမိတဲ့ အချိန်နဲ့ ဘယ်လိုစိတ်ကူးရခဲ့တယ် ဆိုတာလေး တစ်ဆိတ်ပြောပြပေးပါ။
ဒါကို ပြောရမယ်ဆိုရင် Myanmar Tutorials စိတ်ကူးကို Mystery Zillion (MZ) ကနေ ရခဲ့တာပါ။ Mystery Zillion အစတုန်းက လူးငါးယောက်လောက်နဲ့ စတင်ခဲ့တယ်။ အဲဒီတုန်းက ကိုစေတန်နဲ့ တွဲပြီး MZ မှာ Tutorial တွေ ရေးဖြစ်ခဲ့တယ်။ MZ က တစ်ခြား Hosting ပြောင်းတော့ ပျက်သွားခဲ့တယ်။ နောက်ပြီး Forum နဲ့ Website က သဘောတရားက မတူဘူးဗျ။ Forum မှာက Post တွေ အရမ်းများလာရင် နောက်ဖက်ကို တဖြည်းဖြည်းရောက်သွားပြီး ပျောက်သွားတတ်တယ်။ ဒါကြောင့် သီးသန့် ဆိုက်တစ်ခုထောင်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးကို စဉ်းစားမိတယ်။ လုပ်လည်း လုပ်ဖြစ်သေးတယ်။ mmopenxteam ဆိုပြီးတော့ လုပ်ခဲ့တယ်။ လုပ်ပေမယ့် ဘာတွေ လိုအပ်သွားလဲဆိုတော့ Site တစ်ခုကို ဘယ်လို Run မလဲ၊ ဘယ်လို လည်ပတ်အောင် လုပ်မယ်ဆိုတာရယ်၊ ရေရှည်ရပ်တည်နိုင်အောင် လယ်လိုလုပ်မလဲ ဆိုတာတွေကို မကျွမ်းကျင်တော့ ရပ်သွားတယ်။ ဒီတစ်ခါလုပ်ရင် Myanmar ဆိုတဲ့ နာမည်လေး ပါအောင်လုပ်မယ်၊ နောက်ပြီး MZ မှတုန်းက ကျွန်တော် ကိုယ်တိုင် Tutorial တွေ လုပ်ခဲ့တာဆိုတော့ Myanmar Tutorials လို့ နာမည်ပေးဖြစ်သွားတာပါ။
Myanmar Tutorials ကို စဖြစ်တာက ဘယ်အချိန်လောက် ဖြစ်မလဲ။
၂၀၁၀ က စလုပ်ဖြစ်တာပါ။ တိတိကျကျ ပြောရမယ်ဆိုရင် ၂၀၁၀ ဇန်နဝါရီလ ၁ ရက်မှာ ဒိုမိန်း ဝယ်ခဲ့တာပါ။ ဒါပေမယ့် ဆိုက်ကို Run ဖြစ်တာက မတ်လလောက်မှ စဖြစ်တယ်။
Myanmar Tutorials ကို တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘယ်လိုများရှိပါသလဲ ခင်ဗျာ။ နောက်ပြီးတော့ ဘယ်အပိုင်းကို Focus ထားပါသလဲ။
Myanmar Tutorials ကို တည်ထောင်ရခြင်း ရည်ရွယ်ချက်က ဒီလိုရှိပါတယ်။ လူတွေက ဘာပဲပြောပြော အခြေခံအဆင့်တော့ တတ်ကြပါတယ်။ ဒါပေမယ့် တော်တော်များများဟာ အဆင့်မြင့်ပိုင်းကို ရောက်မလာဘူး။ အဆင့်မြင့်ပိုင်းကို ရောက်မလာခြင်းရဲ့ အဓိက အကြောင်းအရင်းက Localization လုပ်သင့်တာကို မလုပ်တာ။ အကြမ်း ပြောရမယ်ဆိုရင် လေ့လာချင်ရင် အင်္ဂလိပ်စာ တတ်ရမယ်၊ ဒါဆိုရင် အဆင့်မြင့်ပိုင်းထဲ ဝင်သွားပြီ။ ဒါကလည်း မြန်မာနိုင်ငံအတွက် ပြောတပေါ့နော်။ တခြားနိုင်ငံတွေ အတွက်ကတော့ English စာဟာ အခြေခံအဆင့်မှာတင် ပြီးသွားပြီ။ ဒီတော့ အခြေခံအဆင့်နဲ့ အဆင့်မြင့်အဆင့်ကြားမှာ ပေါင်းကူးတစ်ခု လိုလာပါတယ်။ အဲဒါ Localization ပါပဲ။ ရှိသမျှအားလုံးကို မြန်မာလို ပြန်လို့ မရပါဘူး။ ဒါပေမယ့် ပေါင်းကူးအဆင့် တစ်ခုကို မြန်မာလို ဖတ်လို့ရအောင် လုပ်ပေးချင်ပါတယ်။ English နဲ့ ပတ်သက်တာတွေကို Support လုပ်ပေးနိုင်ဖို့ ဆိုတာလည်း ပါတယ်။ ဒီလို စိတ်ကူးတွေနဲ့ Myanmar Tutorials ကို တည်ထောင်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ဆီမှာ အဆင့်မြင့်ပိုင်းတွေ ပါချင်မှပါမယ်၊ ဒါပေမယ့် အခြေခံအဆင့်နဲ့ အဆင့်မြင့်ကြားထဲက အပိုင်းတွေ အကုန်ပါမယ်။ ကျွန်တော်တို့ Site မှာ Interview တွေထည့်တယ်၊ Article တွေ ထည့်တယ်။ ဒီအပိုင်းတွေ အားလုံးက အခြေခံနဲ့ အဆင့်မြင့်ကြားထဲက အခြေအနေကိုပဲ Focus လုပ်ပါတယ်။
Myanmar Tutorials နဲ့ ပတ်သက်လို့ အများဆုံးရင်ဆိုင်ရတဲ့ အခက်အခဲလေးတွေ ပြောပြပေးပါ။
အများကြီးပါပဲ။ Site တစ်ခု Run တဲ့နေရာမှာ ပညာအရင်းအနှီး လိုသလို၊ နည်းပညာ အရင်းအနှီးလည်း လိုပါတယ်။ နှစ်မျိုးလုံးမှာလဲ အခက်အခဲ တွေ ကြုံရတာပါပဲ။ ပညာအရင်းအနှီးရဲ့ အဓိက အခက်အခဲမှာတော့၊ စာတွေလေ့လာရ၊ စာတွေရေးရတာပါ။ ကျွန်တော် အရင်ကဆိုရင် စာတစ်ပုဒ်ကို တစ်ရက်မပြီး နှစ်ရက်မပြီးနဲ့ တော်တော်ကြာတယ်။ အဲလို လုပ်နေရင် Site က Run နိုင်ဖို့ မလွယ်ဘူး။ Site မှာ နေ့စဉ် လာကြည့်တဲ့ သူတွေ အများကြီးရှိတယ်။ သူတို့က အလကားလာကြည့်တာ မဟုတ်ဘူး။ တစ်ခုခုသိချင်လို့ တစ်ခုခု လိုချင်လို့ လာကြတာ၊ နောက်တစ်ခုက Site ကို Run တဲ့နေရာမှာ ကျွန်တော်တို့ဆီမှာက Weekly Basic, Monthly Basic နဲ့ Run လို့ မရဘူး။ Daily Basic ပေါ်တင်ပြီး Run ရတယ်။ ဒီတော့ တစ်နေ့ကို အနည်းဆုံး တစ်ခုတော့ တင်ရမယ်။ လာကြည့်တဲ့သူတစ်ယောက်က ဘာမှမရှိပဲ ပြန်သွားတာမျိုးဆိုရင် လုံးဝ မကောင်းဘူး။ တစ်ခုခုတော့ ရှိကိုရှိနေရမယ်။ အဲလို မောင်းနှင်ဖို့အတွက် ပညာအရင်းအနှီးက တော်တော်ခက်တယ်။ ဒီတော့ ဘာနဲ့တူသလဲဆိုရင် နေ့စဉ် ဂျာနယ် ထုတ်နေရသလို ဖြစ်နေတယ်။ ဂျာနယ်လောက်တော့ မကြီးပေမယ့် သူ့ Size နဲ့သူ နေ့စဉ်လည်ပတ်နေအောင် လုပ်နေရတယ်။
နောက်တစ်ခုက နည်းပညာ အရင်းအနှီး။ အဓိကကတော့ Hosting ပေါ့။ အစပိုင်းတုန်းက Shared Hostingg တွေ သုံးတယ်။ လူတိုင်း သုံးနေတဲ့ ဟာပေါ့။ အဲဒီမှာ ဘာဖြစ်လာသလဲ ဆိုတော့ လူဝင်များလာတာနဲ့ Loading တွေ အရမ်းများလာတယ်။ Loading များလာတော့ Server Down ပြီး သုံးလို့ မရတော့ဘူး။ ဒီတော့ နောက်ထပ် Hosting ပြောင်းရပြန်ရော။ ပြောင်းတဲ့နေရာမှာလည်း Down Time မရှိအောင် ပြောင်းရတယ်။ Hosting တွေကိုလည်း ကိုယ်တိုင် ကိုင်တွယ်ရတယ်ဆိုတော့ အဲဒါလည်း အခက်အခဲ တစ်ခုပါပဲ။ ပထမတော့ Managed VPS Hosting ကို သုံးတယ်။ သူက ပိုက်ဆံတအားကုန်တယ်၊ နောက်ပိုင်းတော့ Sever ကို ထိန်းကျောင်းတဲ့ နည်းစနစ်တွေကို လေ့လာပြီး Un-management VPS Hosting ကို ပြန်ပြောင်းဖြစ်ပါတယ်။ ဒါကတော့ နည်းပညာ အခက်အခဲ အပိုင်းပါ။
နောက်တစ်ခုက ကိုယ့်စီမှာ Contributor တွေ ဖြစ်လာအောင် လုပ်ယူရတဲ့အပိုင်းပေါ့။ ကျွန်တော့်ဆီမှာ Contributor တွေ အများကြီး ရှိတယ်။ သူတို့ရှိလို့လဲ Myanmar Tutorials ကို လည်ပတ်လို့ ရနေတာပါ။ သူတို့တွေ အနေနဲ့ကလည်း အမြဲတမ်းပါဝင်ဖို့နေဖို့ကလည်း မဖြစ်နိုင်ဘူး။ အကြောင်းအမျိုးမျိုးနဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေ ကြားထဲကပဲ တစ်နေ့ တစ်ခုတက်အောင် အမြဲ ကြိုးစားနေပါတယ်။ အခုတော့ ကျွန်တော့် Myanmar Tutorials မှာ Contributor တွေ အရမ်း အားကောင်းပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှာ Myanmar Tutorials ကို Myanmar Unicode System ပြောင်းသုံးလိုက်တာကို တွေ့ရပါတယ်။ ဘယ်လို ရည်ရွယ်ချက် မျိုးနဲ့ ပြောင်းလိုက်တာပါလဲ။
Unicode System ကို ပြောင်းလိုက်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ကျွန်တော် တစ်နေ့က Myanmar NLP Lab ကို ရောက်ခဲ့တယ်။ အဲဒီမှာ သူတို့ တကယ်လုပ်နေတဲ့ သူတွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ နှစ်နာရီခွဲလောက် ကြာအောင်ကို ပြောဖြစ်ခဲ့တာပါ။ သူတို့နဲ့ ပြောဖြစ်တဲ့ အကြောင်းအရာတွေထဲမှာ Machine Translation, Character Recognition, Translation Memory ဆိုတာတွေ ပါတယ်။ အဲဒီအပြင်ကို တစ်ခြားစနစ်တွေ အများကြီး လုပ်နေတာ တွေ့ခဲ့ရပါတယ်။ သူတို့ အခု လုပ်နေတာက အရင်လုပ်ခဲ့သမျှတွေကို Open Source ပေါ်တင်လိုက်တယ်။ ဒီတော့ သူတို့ Project တွေ အားလုံးက Open Source တွေ၊ Software အားလုံးရယ်၊ Application တွေ အားလုံးရယ်က Open Source ဖြစ်လို့ Ready-made ရှိနေတယ်။ လက်ရှိအချိန်မှာ MCPA က ဆရာမကြီး ဒေါ် မြင့်မြင့်သန်း ပြောသလို Technology is nothing လို့တောင် ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Technology ပိုင်းက ဘာမှ မလိုတော့ဘူး။ လိုအပ်နေတာက Language Resources ဖြစ်နေတယ်။ Language Resources ဆိုတဲ့နေရာမှာ ဘာဘာပြန် စနစ်တစ်ခုလုံးကို Feed လုပ်ပေးမယ့် စာတွေပေါ့ဗျာ။ ဥပမာ – ဒီဖက်မှာ “This is a cat” ဆိုရင် တဖက်မှာ ဤအရာသည် ကြောင်ဖြစ်သည်ပေါ့ဗျာ။ အဲဒီလို ယှဉ်ပြီးရေးထားတဲ့ ဘာသာပြန် စနစ်တွေလိုတယ်။ အဲဒီလို များများထည့်နိုင်လေ စနစ်တွေ ပြည့်စုံလာလေပဲ။ ဒီတော့ ကျွန်တော်လုပ်နေတာက နည်းပညာ Site ပဲ။ ကျွန်တော်ကိုယ်တိုင် Language Resources ကို Support လုပ်ချင်တယ်။ သူတို့ကလည်း Support လုပ်ဖို့ Welcome လုပ်တယ်။ ဒီလို Support လုပ်တဲ့အဆင့် မရောက်ခင် ကျွန်တော့် Site ရဲ့ Data တွေကို တိကျတဲ့ စံနှုန်းတစ်ခုအပေါ်မှာ တင်ပြီး စာဖတ်သူကို ပေးချင်ပါတယ်။ နောက်တစ်ခုက သူတို့သုံးနေတဲ့ စနစ်ကို ကျွန်တော်တို့ လိုက်သုံးမှ အဲဒီစနစ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ သဘောတွေကြောင့် Myanmar Unicode System ကို ပြောင်းလိုက်တာပါ။
နောက်တစ်ခုက Exact ဖြစ်ချင်လို့ Accuracy တက်ချင်လို့ပါ။ ဥပမာ- ရရစ် ( ြ )နဲ့ ပတ်သက်ပြီး ဥပမာ ပေးရမယ်ဆိုရင် ြ အနေနဲ့ ပုံစံတစ်ခုတည်း သိမ်ထားသင့်ပါတယ်။ ထိပ်မှာ ပြတ်နေနေ၊ အောက်မှာ ပြတ်နေနေ၊ ဝဆွဲနဲ့ပဲ လုပ်လုပ် ရရစ်ဆို သဘောတရား အတူတူပါပဲ။ ဒါကြောင့် ရေးခဲ့အခါမှာ ဘယ်လိုရေးရေး၊ ပြတဲ့အခါမှာ ဘယ်လိုပြပြ၊ မှတ်တဲ့အခါမှာတော့ တစ်ခုတည်း တစ်ပုံစံတည်း ရှိနေသင့်ပါတယ်။ မျိုးစုံ မဖြစ်သင့်ပါဘူး။ နောက်တစ်ခုက လူတွေရိုက်တဲ့ ပုံစံနဲ့လည်း ဆိုင်ပါတယ်။ အပေါ် အပြတ်ဆိုတာ လုံးကြီးတင်နဲ့ တွဲ ရိုက်ဖို့ ဆိုပေမယ့် အဆင်ပြေသလို ရိုက်နေကြတာ တွေ့ရပါလိမ့်မယ်။ အဲဒီတော့ ပြဆိုတဲ့ စကားလုံးကို စစ်ဖို့ Condition တွေ အများကြီးလိုလာပါလိမ့်မယ်။ Unicode မှာ အဲဒါတွေ မလိုတော့ပါဘူး။ အဲဒီလို Accuracy ပိုင်းမှာ အများကြီးကောင်းတဲ့အတွက် ပြောင်းလိုက်တာပါ။ ပြောင်းလိုက်တဲ့ နောက်မှာ Embedded System တွေ၊ Help Center တွေ၊ ဘာကြောင့် ပြောင်းရတယ်ဆိုတဲ့ အကြောင်းတွေကို အသေးစိတ်ချပြပြီးမှ ပြောင်းလဲ ခဲ့တာပါ။
Embedded System ဆိုတာက ဘယ်လို စနစ်မျိုးကို ပြောတာပါလဲခင်ဗျာ။
Embedded System ဆိတာက ကျွန်တော်တို့ဆီက စာလုံးပုံစံ စနစ်ကို ဆာဗာကနေ တစ်ဆင့် အသုံးပြုသူရဲ့ စက်ထဲကို လှမ်းထည့်ပေးလိုက်တဲ့ သဘောကို ပြောတာပါ။ နည်းနည်းလေးတော့ စောင့်ရပါတယ်။
Myanmar Tutorials ရဲ့ ရှေ့ဆက်သွားမယ့် အစီအစဉ်လေးကို သိပါရစေ ခင်ဗျာ။
လက်ရှိထက်ကောင်းတဲ့ Article တွေ ထပ်ဖြည့်ဖို့ရှိပါတယ်။ ပြောရရင် Startup နဲ့ ပတ်သက်တဲ့ ကိစ္စမျိုးပေါ့။ အခုမှ ကိုယ်ပိုင် အလုပ်စလုပ်မယ့် လူတွေအတွက် လုပ်ပေးတာပါ။ မိတ်ဆက်တဲ့ အပိုင်းရော၊ နည်းပညာပိုင်းရော၊ အကြံဉာဏ်ပိုင်းရော ပါပါတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းကစပြီး လုပ်ဖြစ်တာပါ။ ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်သွားမှာပါ။ အင်တာဗျူးကဏ္ဍမှာတောင် Professional Interview နဲ့ Startup Interview ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။
Myanmar Tutorials နဲ့ ပတ်သက်ပြီး အကို နောက်ဆုံးပြောချင်တာလေး ရှိရင် ပြောပြပေးပါ။
Myanmar Tutorials ဟာ Non-profit ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်လည်း ပိုက်ဆံမယူပါဘူး။ ပီတိကလွဲလို့ ကျန်တာ ဘာမှလည်း မျှော်လင့် မထားပါဘူး။ ကျွန်တော့် Contributor တွေလည်း ပိုက်ဆံ မရကြပါဘူး။ ဒါပေမယ့် Myanmar Tutorials မှာ ရေးတဲ့ Contributor တွေဟာ Brand တစ်ခု ရပါတယ်။ နောက်ပြီး Confidence လည်း ပိုရှိလာပါတယ်။ စုပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်တွေ ရှိလာပါတယ်။ နောက်ပိုင်း Myanmar Tutorials မှာ ပြိုင်ပွဲတွေ ကျင်းပပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဥပမာ – Web Design ပြိုင်ပွဲလိုမျိုးပေါ့။
Myanmar Tutorials ကို ဖတ်ကြတဲ့ စာဖတ်ပရိသတ်တွေကို အများကြီး ကျေးဇူးတင်ပါတယ်။ အကြံဉာဏ်ပေးချင်တာ ရှိရင်၊ ပူးပေါင်း ပါဝင်ချင်တာ ရှိရင်၊ ထပ်ဖြည့်စေချင်တာတွေရှိရင် အချိန်မရွေး ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ။
ခုလို မေးမြန်းတဲ့အတွက် ကိုစိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။
အင်တာနက်ဂျာနယ် အတွဲ (၁၂) အမှတ် (၄) မှ တစ်ဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။
Facebook comments:




Just by looking at the title, I thought you interviewed with the mirror
I want comment on your Interview but I’m not goot at unicode typing…
You can comment as you like. Zawgyi or Unicode! Anything that will convert Unicode automatically.
ကျွန်တော် Myanmartutorials ရဲ ့Contributor တစ်ယောက်ဖြစ်ချင်ပါတယ်…။
ပို ့စ်တွေလည်းတင်ပေးချင်ပါတယ်…။
အဲ့ဒါ ဘယ်လိုများအသင်းဝင်ရပါသလဲ…။
တစ်ချက်လောက်လမ်းညွှန်ပေးစေချင်ပါတယ်…။
ဟုတ်ကဲ့ ကြိုဆိုပါတယ်ခင်ဗျာ .. တင်ချင်တဲ့ ပို့စ်တစ်ခုကို ပို့လိုက်ပါခင်ဗျာ၊ ဇော်ဂျီနဲ့ ပို့ပို့ ယူနီကုဒ်နဲ့ ပို့ပို့ ရပါတယ်၊ ကျွန်တော်ကိုယ်တိုင် ပထမပို့စ်မှာ တင်ပေးပါမယ်။ နောက်ပြီး အကောင့် တစ်ခုဆောက်ပေးပါ့မယ်။ myanmartutorials@gmail.com ကို ပေးပို့နိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ ဒါဆိုရင်နောက်နေ ့ကျွန်တော်ပို ့လိုက်ပါ့မယ်…။
ဒီနေ ့ကကျွန်တော် အလုပ်နည်းနည်းရှုပ်နေတဲ့အတွက်ကြောင့််ပါ…။
မနက်ဖြန်ဆက်ဆက် ကျွန်တော်ပို ့ပေးလိုက်ပါမယ်….။
ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
Dear Ko Thiha
I found at your site, How to do Unicode & Zaw Gyi auto change and can read without Unicode at reader machine? Pls explain this system for every reader.
May Bay Happy!
ဟုတ်ကဲ့ ကျွန်တော် ချိန်းပေးတာ Zawgyi ကို မဟုတ်ပါဘူးခင်ဗျ၊ ယွန်းချိုဆိုတဲ့ Myanmar Unicode Font ကို သုံးထားတာပါ။ ကိုစေတန် ဖန်တီးထားတဲ့ mmfont embedded ဆိုတဲ့ WordPress Plugin သုံးထားတာပါ။ Comment ကိုလည်း Zawgyi နဲ့ ရေးရေး Unicode နဲ့ ရေးရေး အလိုလို ပြောင်းပေးတဲ့ စနစ် အဲဒီ Plugin မှာ ပါပါတယ်။
Dear Ko Thiha,
I greatly appreciate your spirit and effort.
I want to donate some money to Myanmar tutorials.The amount is not too much but I want to.Please kindly tell me how can I donate?
I also want to post articles but it may be someday……..
All the best to you.
Regards,
Phyu Sin.
Hello, Where do you live? I’m really appreciate your intention to donate us. I can manage your donation if I know your location. Thank you so much!
Hello Ko Thiha,
Good day.
now I am staying at SG.
Hello Ma Phyu Sin Kyaw,
Good day too. You can donate directly to Ko Ye Lin Kyaw. He is now staying in Sg too. If you want to donate directly to Ko Ye Lin Kyaw. I will give you the email address. If you want to donate via paypal, I will give you the address too. You can contact me with myanmartutorials@gmail.com.
Bests,
THIHA
ကိုသီဟ
အစ်ကို့စေတနာကိုလေးစားတယ်ဗျာ
ဆက်လုပ်ပေးပါအစ်ကို
ကျွန်တော်က IT ကိုစိတ်ဝင်စားတော့ အစ်ကို့ဆိုဒ်မာ ပညာတော်ရတယ်အစ်ကို
ကျေးဇူးအများကြီးတင်ပါတယ်
ခုလို အသုံးဝင်တယ်လို့ သိရတဲ့အတွက် ကျွန်တော်ကလည်း ဝမ်းသာပါတယ်။ ခုလို လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကိုယ့်ဘာသာမေးကိုယ်ံဘာသာဖြေမတွေ့ဖူးဘူးဗျာ
dear ko thiha ,plz tell me how can i get informations about the races made by myanmartutorials eg.where,when,how…etc
with respect nyi pu
ဟားဟား အခုမ တွေ. တာ interview ကို …ဖတ်ရတာ မ၀သေးပါ ခင်ဗျာ