Interview with Ko Ngwe Tun Part II
ခုမှ စဖတ်မယ့် သူတွေအတွက် ပထမပိုင်းကို ပြန်ညွှန်းလိုက်ပါတယ်။
Standard တွေကို မလိုက်နာတဲ့အခါ ဖြစ်လာမယ့် အကျိူးဆက်တွေကိုလည်း ပြောပြပေးပါ။
Standard မလိုက်နာမယ့်အခါ ဖြစ်လာမယ့် အကျိုးဆက်က ဘာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် Data တွေ Interchange လုပ်မယ်၊ ဆိုကြပါစို့၊ ကျွန်တော်က ပြောမယ်၊ ငါဖိုင်တစ်ဖိုင် ပို့လိုက်တယ်၊ တစ်ခြား ဘာမှတော့ မပြောလိုက်ဘူး။ အဲဒီဖိုင်မှာ Non-standard ဖြစ်တဲ့ဟာတွေ ပါနေတယ်။ အဲဒီအခါကျတော့ တစ်ဖက်ကလူအနေနဲ့ အဲဒီဖိုင်ကို ဖွင့်ဖို့အတွက် ထပ်ဖြည့်ပေးရတာတွေ လိုလာတယ်။ အဲဒီ Non-standard ကို ထပ်သွင်းပေးဖို့ လိုလာတယ်။ ဒါပေမယ့် အဲဒါကလည်း Standard ပါပဲ။ Standard ဖြစ်နေတဲ့ Non-standard ပေါ့။ ကျွန်တော်တို့ အခေါ် De facto Standard ပေါ့။ ကိုယ့်ဘာသာ စိတ်ကြိုက် သတ်မှတ်ထားတဲ့ Standard ပါ။ ဥပမာပြောရရင် ပိဿာ ဆိုပါစို့။ အဲဒီ စနစ်ကို ဒီနိုင်ငံမှာ နေရာတိုင်းသုံးတယ်။ Widely Used ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတကာနဲ့ ဆက်သွယ်ရောင်းချမယ်။ ပို့မယ်ဆိုရင် ဒီစနစ်နဲ့ မရတော့ပါဘူး။ အဲဒီလို International Standard တွေကို မလိုက်နာတဲ့အခါ ဖြစ်လာမယ့် ပြဿနာကတော့ Lost in Converting ပါ။ တစ်ခုနဲ့ တစ်ခု ပြောင်းတဲ့အခါမှာ ပြဿနာတွေ တက်လာပါလိမ့်မယ်။
ခုဆို ကျွန်တော် တွေ့နေရတာ လူတွေ တော်တော်များများ အလွယ်ပဲ ရိုက်နေကြတာ။ အောက်ကမြင့်မရိုက်ပဲနဲ့ Full Stop နဲ့ရိုက်တယ်။ အဲဒါကိုလည်း လက်ခံနေတယ်။ နောက်တစ်ခုက ဝ မရိုက်ပဲနဲ့ သုညကို ရိုက်ကြတယ်။ အဲဒါကိုလည်း လက်ခံနေတယ်။ နောက် စာလုံးတွေက သူဟာနဲ့သူ ပုံစံတကျ ဖြစ်နေဖို့ လိုတာတွေ ဥပမာ – ကမ႓ာဆိုတာမျိုး ရိုက်မယ်ဆိုရင် မ အောက်လေးမှာ ဘလေးက တည့်တည့်လေး ကျွန်တော်ကတော့ မြင်ချင်တယ်။ မြန်မာ တစ်ယောက်ရဲ့ Sense ပေါ့။ သတ္တိလို ဟာမျိုး ရိုက်တဲ့ အချိန်မှာလည်း တဝမ်းပူ နှစ်လုံးက တစ်ညီတည်း ဖြစ်နေရမယ်။ အဲဒီလို မဖြစ်ပဲ ရိုက်နေကြတယ်။ နောက် အဆိုးဆုံးကတော့ အက္ခရာ ဥ ပေါ်မှာ ဘယ်တော့မှ အသတ် မရှိဘူး၊ ဥပမာ အားဖြည့် အစဉ် ဆိုတာမျိုးပေါ့။ အဲဒီလိုဆိုရင် အက္ခရာ ဥ ပေါ်မှာ အသတ်နဲ့ ရိုက်နေတယ်။ ကျွန်တော်တို့ ကြည့်ရတာ အဆင်မပြေဘူး။
ကျွန်တော် ခဏခဏ ပြောပါတယ်။ ကြာလာရင် အဲဒီလို အလွယ်လိုက်တာ ကြာလာရင် Language က ပျက်သုဉ်း သွားလိမ့်မယ်လို့။ တကယ်တော့ ကိုယ့်ဟာနဲ့ ကိုယ် စည်းစနစ်လေး ထားသင့်ပါတယ်။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ ရေးခဲ့တာ အားလုံးကို ဖတ်ကြမယ်။ အဲဒီလို ဖတ်ကြတဲ့အခါ ဟာ ဒီကောင်တွေ အမှားတွေ ရေးခဲ့ကြတယ်လို့ ပြောခံရမယ်။ အဲဒီထက်ဆိုးတာက အများညီရင် ဤကို ကျွဲလို့ ဖတ်သလိုပေါ့။ အဲဒီလို မှားသွားတာမျိုးကြတော့ ပြင်ဖို့ ခက်သွားပါလိမ့်မယ်။ နောင်အချိန်ကြမှ ကျွဲကို ဤလို့ ပြန်ပြင်ဖို့ ခက်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေ အမှားတွေ အများကြီး ရှေ့ပိုင်းမှာ ရှိခဲ့သလို ဒီခေတ်ပိုင်းမှာလည်း အမှားတွေ ပိုများလာတာ တွေ့ရပါတယ်။ တစ်ချို့ ဘလော့တွေဆို ဖတ်ရတာ တော်တော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ သူတို့တွေ အမှားတွေ တော်တော်များများ ကျူးလွန်ထားတာ တွေ့ရတယ်။ အဲဒီလိုမှားတဲ့နေရာမှာ စကားလုံး သုံးနှုန်းပုံတွေကော စကားလုံးတွေ ဖွဲ့စည်းပုံတွေ အပြင် ရိုက်နည်းတွေပါ မှားနေကြတာ တွေ့ရပါတယ်။ သတ်ပုံဆိုတာ ဘာမှန်း မသိတော့တဲ့ အပြင်ကို ကြိုက်သလို ရိုက်နေကြတယ်။ အဲ Unicode ကတော့ အားသာချက် တစ်ခုရှိတယ်။ သူ့မှာ Characteristic တွေရှိတယ်။ ဒီစာလုံးသည် ရှေ့မှာ ဗျည်းပါကို ပါရမယ်ဆိုရင် အဲဒီဟာ မပါတာနဲ့ Sign လေး တစ်ခုပေါ်လာတယ်။ dotted Circle လို့ ကျွန်တော်တို့ ခေါ်ပါတယ်။ ဥပမာ အားဖြင့် ဝတ်စပေါက်တစ်ခုတည်း တစ်နေရာမှာ ရိုက်ချလိုက်ရင် ပေါ်လာတာမျိုး၊ အဲဒီအတိုင်းပဲ အသတ်တစ်ခုတည်း ရိုက်လိုက်ရင် ပေါ်လာတာမျိုး အဲဒီလိုမျိုးတွေ Unicode မှာ မရှိပါဘူး။
နောက် ကျွန်တော်တို့ မြန်မာစာမှာ အစဉ်တွေ ရှိပါတယ်။ အဲဒီလို အစီအစဉ်တွေအတိုင်း မရိုက်တဲ့အခါ ရှာလို့မတွေ့တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ အဲဒီလိုဟာမျိုးတွေ အတွက် Searching အတွက် စံသတ်မှတ်ချက် တွေဆိုတာ လိုပါတယ်။ အဲဒါတွေ မပါပဲ လုပ်လို့ မရဘူးလား။ ရပါတယ်။ ဒါပေမယ့် Data Interchange တွေ လုပ်မယ်။ Language Processing တွေလုပ်မယ်၊ Language Recognition တွေ လုပ်မယ်ဆိုရင်တော့ အခက်အခဲတွေ ရှိလာမှာ ဖြစ်ပါတယ်။ အမှန်တကယ် Convert လုပ်ဖို့ လိုလာတဲ့ အခါမျိုးကျမှ ရှေ့မှာတုန်းက Garbage ဖြစ်ခဲ့လို့ ခု ဘယ်လိုမှ လုပ်လို့ မရဘူးဆိုတဲ့ ပြဿနာတွေ တက်လာပါလိမ့်မယ်။ တစ်ချို့ကတော့ ပြောတယ် လုပ်လို့ရပါတယ်တဲ့။ အဲဒါ ဘာကြောင့် လုပ်လို့ရသလဲဆိုရင် Garbage မဖြစ်အောင် ကြိုလုပ်ထားတာလေ။ အဲဒီလို လူတိုင်း လုပ်နိုင်လား။ အဲဒီလို မလုပ်နိုင်ဖြစ့်မယ့် ပြဿာနာကို ကြတော့ ထည့်မပြောထားဘူး။ သဘောတစ်ခုကဗျာ။ နွေရာသီမှာ အိမ်ဆောက်တယ်။ မိုးရာသီမှာ မိုးရွာမယ့် သဘောကို ပြောမထားဘူး။ မိုးရွာတဲ့အခါ ဘာဖြစ်လာမယ်ဆိုတာ ပြောမထားဘူး။ အဲဒီအတွက်လည်း ပြင်ဆင် ပေးမထားဘူး ဆိုရင် မဖြစ်သင့်ပါဘူး။ အဲဒီလို ပြောမထားဘူးဆိုတာ Ethic နဲ့ ဆိုင်ပါတယ်။ ဆရာဝန်တွေတင် Ethic ရှိဖို့ လိုတာမဟုတ်ပါဘူး။ ကွန်ပျူတာ သမားလည်း Ethic ရှိဖို့ လိုပါတယ်။
ကိုယ်လုပ်ပေးတဲ့ဟာ တစ်ခုက Guilty ဖြစ်မယ့်ဟာကြီး တစ်ခုကို သိရဲ့သားနဲ့ မပြောပဲနေတာ၊ ငြိမ်နေတာ၊ တစ်ခါတစ်ရံမှာ အမှန်ကို မပြောတာရော၊ မှားတာကို သိရက်နဲ့ မပြောတာရောက အပြစ်ရှိတာခြင်း အတူတူပါပဲ။ ကျွန်တော်တို့တွေ ခဏခဏ against လုပ်တယ်။ ဒါကြီးက Unicode မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလိုပြောတယ်ဆိုတာ သက်သက် ဘလိုင်းကြီး ပြောနေတာ မဟုတ်ပါဘူး။ အဲဒီလူ အကျိုး ပျက်စီးဖို့ အတွက် ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သုံးတဲ့သူတွေ အကျိုး မပျက်စီးဖို့အတွက် ပြောနေတာပါ။ အဲဒီလိုပါပဲ။ အဲဒီလူအနေနဲ့ Unicode မဟုတ်ဘူးလို့ ပြောရင် မှန်ပါတယ်။ ဒါပေမယ့် လူတွေ မလိမ်သင့်ပါဘူး။ ဒါကြီးက Unicode ပါလို့ ပြောပြီး Unicode မဟုတ်တဲ့ဟာကို အလကားပေးနေတယ် ဆိုရင်တောင် မကောင်းပါဘူး။ သောက်ရေသန့် မဟုတ်ပဲ သောက်ရေသန့်ပါပြောပြီး အကို့အိမ်မှာ လာချပေးမယ်ဆိုရင် အဲဒါ အပြစ်ပဲ။ ကိုယ့်ဘာသာ ကြိုက်လို့ သုံးတာပဲ၊ ဘာဖြစ်လဲဆိုရင် သုံးချင်သုံးပါ။ ဒါပေမယ့် ပညာရှိတဲ့သူတွေ၊ သိတဲ့လူတွေ ရှေ့မှာတော့ မပြောသင့်ပါဘူး။ ဒါ Unicode ပါလို့ မပြောသင့်ပါဘူး။ Unicode လို့ ပြောရင် Unicode ရဲ့ စံသတ်မှတ်ချက်ကို ၁၀၀% ကို လိုက်နာဖို့ လိုပါတယ်။ တမတ်တည်းဗျာ။ ကျွန်တော်ဟာက တစ်မတ်တည်းလိုတာပါ ဆိုရင်လည်း မရပါဘူး။ တစ်ခုပဲဗျာ၊ အဲဒါကို Exceptional ထည့်ထားတယ်။ မြန်မာတွေ သုံးလို့ရအောင်လို့ ဆိုတာမျိုးလည်း မရပါဘူး။ အဲဒါဆို Unicode မဟုတ်ပါဘူး။ မလုပ်ဘူး၊ မလိုက်နာနိုင်ဘူး ဆိုရင်လည်း မလုပ်ပဲ ထားတာကောင်းပါတယ်။ လုပ်မယ်ဆိုရင်တော့ ညီသင့်ပါတယ်။ ISO 9002 2010 နဲ့ ညီတယ်ဆိုရင် အဲဒါနဲ့ ၁၀၀% ညီဖို့ လိုပါတယ်။ ဒါပေမယ့် အဲဒီလို စံနှုန်းတွေဆိုတာလည်း သိတဲ့သူမှ ပြောနိုင်တာပါ။ မသိတဲ့လူအနေနဲ့လည်း မျက်ကန်းလမ်းလျှောက် သုံးလိုက်တာပါပဲ။ အဲဒီလို သုံးလိုက်တဲ့ End User တွေကို ဒါ Unicode ပဲ၊ ခင်ဗျားတို့ သုံးကြလို့ ပြောမယ်၊ Content တွေ လုပ်ခိုင်းမယ်၊ ဒါပေမယ့် Unicode မဟုတ်တာကြီးဆိုရင် မကောင်းပါဘူး။
ကျွန်တော် တစ်ခု ဖြတ်မေးချင်ပါတယ်။ ဧရာမှာပေါ့နော်။ သူတို့ ပြောတာကတော့ Unicode Standard ကို လိုက်နာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စာတွေ ရိုက်ကြည့်တဲ့အခါ ဧရာနဲ့ ရိုက်ထားတာကို ပိတောက်နဲ့ ကြည့်တဲ့အခါ Myanmar3 နဲ့ ကြည့်တဲ့အခါ မမှန်ဘူး ဖြစ်နေပါတယ်။ အဲဒီအပေါ် ထင်မြင်ချက်လေး ပေးပါဦးခင်ဗျ။
ဧရာက Unicode Standard ကို မလိုက်နာပါဘူး။ အဲဒါ ကျွန်တော် ပြောချင်တာ။ အဲဒီလို လိုက်နာပါတယ်လို့ ပြောခဲ့အခါမျိုးမှာ ဒါဟာ ညာတာပဲဗျ။ မလိုက်နာဘူးဆိုတဲ့ ကိစ္စ မလိုက်နာဘူးပေါ့။ ကျွန်တော် မလိုက်နာဘူးဗျာ။ မလိုက်နာ နိုင်လို့ မလိုက်နာဘူးဆိုရင် အိုကေပါ။ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း လိုက်နာရမယ်လို့ ပြောမှ မပြောထားတာ။ ခင်ဗျားတို့တွေ အဲဒါ မလုပ်ရင် အကျဉ်းကျမယ်ဆိုတာလည်း မရှိဘူး။ ဥပဒေလည် မရှိဘူး။ လိုက်နာတယ်ဆိုလည်း လိုက်နာတယ်ပေါ့။ လိုက်နာတယ်ဆိုရင်လည်း ဘယ်လောက်အထိ လိုက်နာတယ်ဆိုတာမျိုးအစား လိုက်နာတယ် ၁၀၀%။ အဲဒါ ပိုကောင်းပါတယ်။ ဧရာလိုဟာမျိုး ဇော်ဂျီလိုဟာမျိုး နောက် ဇော်ဂျီ ၂၀၀၉ လိုဟာမျိုး သူတို့တွေက Unicode တွေရဲ့ စံနှုန်းကို လိုက်နာတာမှ မဟုတ်တာ။ ကိုယ့် စနစ်နဲ့ ကိုယ် သွားနေကြတာပါ။ အဖွဲ့အစည်းတစ်ခုခုက Backup လုပ်ထားတာမျိုးလည်း မဟုတ်ပါဘူး။ ဥပမာ – မြန်မာစာ အဖွဲ့ကနေ စံသတ်မှတ်ချက်တွေ သူတို့ကို ပေးပြီး လုပ်ထားတာလည်း မဟုတ်ပါဘူး။ သူတို့ စိတ်ကူးထဲမှာ ပေါက်တဲ့အတိုင်း ထည့်၊ တစ်ခါလိုရင် ထပ်ထည့်၊ တစ်ခါလိုရင် ထပ်ထည့်နဲ့ သွားနေကြတာပါ။
Software တစ်ခုက တစ်နှစ်တည်းမှာ ၁၂ ကြိမ်ထုပ်တယ်ဗျာ။ အဲဒီလို Software မျိုး ကျွန်တော်တို့ ဘယ်လိုသွားပြီး ယုံရမှာလဲ ဆိုသလိုပေါ့။ ဗားရှင်း ၁၂ ခုထွက်တယ်။ ဘယ် Software House မှာ မထွက်ပါဘူး။ ပင်တိုင်စမ်းတဲ့ သုံးလေးယောက်၊ အဲဒီ သုံးလေးယောက်ကလည်း အတွေ့အကြုံရှိတဲ့သူ တစ်ယောက်မှ မပါဘူး။ အဲဒီလိုဆိုရင် ဒီ Standard က ခိုင်မာပါတယ်လို့ သူတို့ကပြောရင် ကျွန်တော်တို့ ဘယ်လို ယုံရမှာလဲ။ နောက်တစ်ခုက ကျွန်တော်တို့တွေ နည်းပညာက အရမ်းကို ကောင်းတယ် ထားဦး၊ တစ်ဖက်က မြန်မာစာရဲ့ ရသ၊ မြန်မာစာရဲ့ Characteristic တွေ ဘာမှ မထည့်ပဲ ထားရင် ကျွန်တော်တို့ ဘယ်လို သွားလို့ရမှာလဲ။ တစ်ခါတစ်ရံမှာ Unicode လို့ ပြောလို့ ရှိရင် အဲဒီဟာ တကယ် Unicode ဟုတ်ရဲ့လားဆိုတာကို တစ်နည်းတည်းနဲ့ စစ်လိုက်လို့ရပါတယ်။ သူတို့တွေ့ရဲ့ ဖောင့်ကို ဖွင့်လိုက် သူတို့ အေဆိုတဲ့ နေရာမှာ Unicode က ပေးထားတဲ့ အတိုင်း ထားလား၊ ဘီ ဆိုရင်လည်း တူတူပဲ Unicode ပေးထားတဲ့ အတိုင်းထားလား၊ မဟုတ်ဘူးဆိုရင် Unicode မဟုတ်ပါဘူး။ မဟုတ်ဘူးလို့ တန်းအော်လိုက်တာ ကောင်းပါတယ်။ တစ်ခါတစ်လေမှာ မီးလေး သေးသေးလေးကို ထားထားလို့ ရှိရင် တစ်အိမ်လုံး ပြာကျသွားတာ အကိုလည်း မြင်ဘူးမှာပါ။ အဲဒီလို သေးသေးလေးကို ခွင့်ပြုလိုက်ရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါပေမယ့် တကယ်တန်းတော့ အဲဒါတွေက သွားပြောလည်း ပြင်မှာမဟုတ်ဘူး။ ဒီတော့ ဒီအတိုင်းထားလိုက်တာ ကောင်းပါတယ်။
နောက်တစ်ခုက Unicode အတွက် နေရာနဲ့ Storage ဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရပါတယ်။ တစ်ချိုးတွေက နေရာကိုတော့ လိုက်နာပြီး Storage ကိုတော့ မလိုက်နာဘူးလို့ သိရပါတယ်။ အဲဒီလိုမျိုးတွေ အတွက် ထင်မြင်ချက် ပေးပါဦး။
အဲဒါမျိုးဆိုရင်လည်း ကွဲလွဲပါတယ်။ Storage Method က နှစ်မျိုး ရှိတာတော့ မဟုတ်ပါဘူး။ Unicode က သတ်မှတ်ထားတာ တစ်ခုရှိပါတယ်။ Logical Order အတိုင်းပဲ သိမ်းရမယ် ဆိုတဲ့ အချက်ပါ။ Logical Order ဆိုရင် ကျွန်တော်တို့တွေက အင်္ဂလိပ်စာမှာလည်း ရှိမှာပါ။ မြန်မာစာမှာဆိုရင်လည်း ဗျည်း၊ သရ အဲဒီလို အစီအစဉ်အတိုင်း တွဲရပါတယ်။ သရ၊ ဗျည်း မတွဲပါဘူး။ ဗျည်း – သရ သိမ်းရမယ့်ဟာကို သရ – ဗျည်းနဲ့ သွားသိမ်းရင် ဘာဖြစ်မလဲ ဆိုတော့ အကိုက ဗျည်း – သရနဲ့ သိမ်းတယ်။ ကျွန်တော်က သရ – ဗျည်းနဲ့ သိမ်းတယ်။ အဲဒီနှစ်ယောက် ရှာလို့ရှိရင် ဘယ်တွေ့တော့မှာလဲ။ အဲဒီအတွက် Logical အတိုင်းပဲ သိမ်းတယ်ဆိုတာ ထွက်လာပါတယ်။ ဒါပေမယ့် အဲဒါကို နားမလည်တဲ့သူက Logical ကို မသိပါဘူး။ တကယ်တော့ သူ့အနေနဲ့ မြန်မာစာကို နားမလည်တာပါ။ ကွန်ပျူတာ နည်းပညာကို နားမလည်တာမဟုတ်ဘူး။ မြန်မာစာမှာ ဗျည်း – သရပဲ သွားတယ်ဆိုတာ မသိတာပေါ့။ စာရေးတဲ့ အပေါ်မှာ ကြည့်လို့ မရပါဘူး။
အဓိကကတော့ မြန်မာလို လုပ်တာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ Myanmar Language Processing ကို မသိတာပါ။ Natural Language Processing ကို ထားပါဦး။ Myanmar Language Processing ကို မသိသေးတာပါ။ ကျွန်တော်တို့ မြန်မာစာဆိုတာ အမြင်အတိုင်း သိမ်းလို့ မရပါဘူး။ ပြန်စီရတာတွေ ရှိပါတယ်။ သူ့ Logical Order အတိုင်း ပြန်သိမ်းပေးဖို့ လိုပါတယ်။ ဥပမာ – သင်္ကေတ ဆိုပါစို့။ -င်္ ဆိုတာ လေးက သနဲ့ ဆိုင်ပါတယ်။ ကနဲ့ မဆိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ တကယ်တန်း မှတ်မယ်ဆိုရင် သ -င်္ က ေ တ ဆိုပြီး မှတ်ရပါလိမ့်မယ်။ သ ေ -င်္ က တ ဆိုပြီး သိမ်းလို့ မရပါဘူး။ အဲဒီလိုပဲ သ က -င်္ ေ ဆိုပြီးလည်း သိမ်းလို့ မရပါဘူး။ အဲဒီလို အခြေအနေတွေ အတွက် Unicode က Storage Order ကို သတ်မှတ် ပေးထားပါတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားတွေ သွားတဲ့အခါ ပြောဖြစ်ပါတယ်။ အဲဒီလို ပြောဖြစ်တဲ့အခါ သူတို့က မင်းတို့ Language က အဲဒီလောက်အထိ ရှုပ်လားလို့ မေးပါတယ်။ ဘာဖြစ်လို့ အဲဒီလောက် Jump တွေ ခုန်ရတာလဲလို့ မေးပါတယ်။ အဲဒီတော့ ကျွန်တော်က ငါတို့ Language က ကျောက်စာတွေမှာ တင်ဖို့အတွက် ချုံ့ရတယ်။ ကျောက်စာတွေ ရေးတဲ့အခါမှာ တင်လို့ လွယ်ကူဖို့အတွက် ချုံ့ထားတာလို ဖြေရပါတယ်။ ပါတ်ဆင့်ဆိုတာလည်း အဲဒီကနေ ပေါ်လာတာပါ။ ဒါပေမယ့် အဲဒီလို လုပ်ခဲ့တာလည်း ကောင်းပါတယ်။ မဟုတ်ရင် ငါတို့ စာတွေ အရှည်ကြီး ရေးရမှာ၊ Storage တွေ အများကြီး ပိုလာမယ်လို့ ဖြေဖြစ်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့မှာ Form ရှိပါတယ်။ နောက် ကင်းစီး ဘာကြောင့်ပေါ်လာလဲ။ တကယ်တော့ ကင်းစီးဆိုတာလဲ ပါဌ်ဆင့်ပဲ။ ကင်းစီးပေါ်လာတဲ့ Form ရှိတယ်။ ကင်းစီးပေါ်ဖို့အတွက် အောက်ခံ စကားလုံးက က၊ ခ၊ ဂ၊ ဃ၊ င ဖြစ်ရပါမယ်။ အဲဒီလိုတွေကို နားမလည်ပဲ Storage Order ကွာ အမြင်အတိုင်း သိမ်းလိုက်ပြီးတာပဲလို့ တွေးတတ်ကြတယ်။ ဘာကြောင့် Visual Order နဲ့ Logical Order ဆိုပြီး နှစ်မျိုး ဖြစ်နေရတာလဲ။ Visual Order ဆိုတာ ဇော်ဂျီလိုဟာမျိုး ဧရာလို ဟာမျိုး သုံးတာ၊ အဲဒီလို သိမ်းမယ်ဆိုရင် ကျွန်တော်ပြောတဲ့ ခုနက ပြဿနာတွေ တက်နိုင်ပါတယ်။ Logical Order မှာတော့ အဲဒီလို ပြဿနာမျိုး မဖြစ်နိုင်ပါဘူး။ သူဟာနဲ့သူ သက်ဆိုင်တာတွေကိုပဲ Storage Order အတိုင်း သိမ်းသွားပါလိမ့်မယ်။ အဲဒီတော့ဗျာ သုံးတဲ့အခါမှာ စနစ်တကျ သုံးနိုင်လေ ပိုကောင်းလေပေါ့ဗျာ။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ကိုယ် သုံးမယ့် Purpose က ဘာမှမဟုတ်ဘူး၊ အရေးကြီးတာလည်း မဟုတ်ဘူးဆိုရင် ကြိုက်တာသုံးပါ။ အရေးကြီးတဲ့ဟာတွေ ဘယ်လိုဟာမျိုးတွေလဲ ဆိုရင် Data တွေ Interchange လုပ်တဲ့အခါ၊ National Level Database ကြီး တစ်ခုလုပ်တဲ့အခါ၊ တစ်ချိန်ချိန်မှာ ပြန်ရှာဖို့ လိုအပ်တဲ့အခါ၊ နောက် Converting လုပ်ဖို့ လိုတဲ့အခါ၊ Data Interchange ဆိုတဲ့နေရာမှာလည်း ကိုယ်က စာတစ်ခုကို ပေးလိုက်တယ် ဟိုဖက်ကလူက ပြန်ရိုက်ရတာ မဟုတ်ပဲနဲ့ ရသင့်ပါတယ်။ Reusable ဖြစ်ရပါမယ်။ Reusable တင်မကပါဘူး။ Extensible လည်း ဖြစ်ရပါမယ်။ နောက် Decision Support တွေလည်း လုပ်နိုင်ရပါမယ်။ အဲဒီလို အရေးကြီးတဲ့ ကိစ္စတွေမှာတော့ စနစ်တကျ ဖြစ်နေဖို့ လိုပါတယ်၊ Data က မှန်နေဖို့ လိုပါတယ်။ Garbage in, Garbage Out ဆိုတဲ့ သဘောမှာ Garbage ထည့်ရင်တော့ Garbage ပဲ ထွက်လာမှာ သေချာပါတယ်။
ကျွန်တော် တစ်ခု ဆက်မေးချင်တာက ကျွန်တော်တို့ မြန်မာစာမှာ စပေ့ခြားတာတွေနဲ့ ပတ်သက်ပြီး Unicode မှာ ဘယ်လို စီစဉ်ထားပါသလဲ။ ဥပမာ – ကျွန်တော်သည် စပေ့ခြား၊ ကျောင်းသို့ စပေ့ခြား စတာတွေ အတွက်ပါ။
ဒါပေမယ့် အဲဒီအတွက် စံသတ်မှတ်ချက် ဆိုတာ မရှိသေးပါဘူး။ အဲဒါကိုလည်း ကျွန်တော်တို့ စမ်းလို့ ရနိုင်ပါတယ်။ Phrase ပေါ့။ ကျွန်တော်တို့ မြန်မာစာမှာ Rule တစ်ခုရှိပါတယ်။ စာတစ်ခုခုကို ဖြတ်ချင်တယ်၊ အဲဒီလို ဖြတ်မယ်ဆိုရင် တိကျတဲ့ အဓိပ္ပါယ်တစ်ခု အပေါင်း စကားဆက်တစ်ခုပေါ့၊ အဲဒါဆို ဖြတ်လို့ရပါတယ်။ ကျွန်တော်သည် ဖြတ်မယ်၊ ကျောင်းသို့ ဖြတ်မယ်၊ ကားဖြင့် ဖြတ်မယ်၊ သွားသည်ပေါ့။ အဲဒီလို ဖြတ်တဲ့နေရာမှာ အဓိပ္ပါယ်ရှိတဲ့ စကားလုံး တစ်လုံးပါရမယ်။ Stop word လေး တစ်ခုပါရမယ်။ အဲဒါဆိုရင် ဖြစ်ပါတယ်။ ခုလောလောဆယ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် ခုနက တစ်ယောက်နဲ့ ပြောဖြစ်တယ်။ သူ အဲဒီအပိုင်းတွေ ပြီးသွားပြီလို့ ပြောတယ်။ ဖြစ်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ ဒါပေမယ့် အားနည်းချက်တွေ ရှိနေပါတယ်။ တစ်ခါတစ်လေမှာ Name တွေကို ကိုင်တွယ်တဲ့ နေရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဥပမာ – ထန်းတစ်ပင်မြို့၊ ကျောက်မဲမြို့ စတာတွေ Dictionary Level ထဲမှာ မပါတော့ ကျွန်တော် ပြောခဲ့တဲ့ Meaningful word တွေ ဖြတ်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဒီထက်ရှင်းတဲ့ ဥပမာကို ပြောရမယ်ဆိုရင် မနီလာ မနီလာသို့ သွားသည် ဆိုတာမျိုးဆိုရင် မ နီလာ လား၊ မနီလာလား ဖြတ်ရခက် ဆုံးဖြတ်ရ ခက်နေပါလိမ့်မယ်။ အဲဒီလို အခြေအနေတွေကို စစ်ပြီး ၈၀% လောက် ကျွန်တော်တို့ ရရင် လုပ်လို့ ရနိုင်ပါတယ်။ သုံးလို့ရနိုင်ပါတယ်။ အဲဒီကိစ္စကို ကျွန်တော်လည်း ခဏခဏ ပြောဖူးပါတယ်။ Phrase Level ဖြတ်နိုင်ရင် အဆင်ပြေပြီလို့။ အဲဒီလိုဆိုရင် Processing အတွက် အဆင်ပြေလာနိုင်ပါတယ်။ အဲဒီအပြင် Translation ပိုင်း၊ အခြား Recognition တွေ အတွက်လည်း အဆင်ပြေ လာပါလိမ့်မယ်။
ကျွန်တော် ဖောင့်တွေအတွက် IME တွေ စမ်းကြည့်ပါတယ်။ Keyman, Keymagic, NHM Writer, အက္ခရာ စသည်ဖြင့်ပေါ့။ အဲဒီလို စမ်းကြည့်တဲ့အခါမှာ လက်ကွက် ပုံစံကို စိတ်ကြိုက် ရိုက်နိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက Smooth မဖြစ်တာပါ။ ရိုက်နေရင်း ရပ်သွားတာမျိုး၊ Pause ဖြစ်သွားတာမျိုး၊ အဲဒီလိုမျိုးတွေ ကြံုရပါတယ်။ ဒါပေမယ့် အက္ခရာကတော့ Smooth အဖြစ်ဆုံးပါပဲ။ အဲဒီလို Smooth ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဘာကြောင့်ပါလဲ။
Keyman ကတော့ Smooth ဖြစ်ပါတယ်။ NHM Writer က Smooth မဖြစ်ဘူး။ နောက် KeyMagic ဆိုရင်လည်း တစ်ချက် Pause ဖြစ်တာမျိုးတွေ ကြံုရတတ်ပါတယ်။ အက္ခရာက မဖြစ်ဘူးဆိုတဲ့ နေရာမှာ Keyman ရဲ့ Opensource လုပ်ထားတာကို ယူသုံးထားတဲ့အတွက် မဖြစ်တာပါ။ အဲဒီလို Keyboard တွေမှာ ဒီထက် ပိုကောင်းတာတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် အခေါ်တော့ ROI ပေါ့နော်။ Return of Investment ပေါ့။ ကျွန်တော် ပိုက်ဆံ ဒေါ်လာ ၁၀၀ ရင်းလိုက်တယ်၊ အဲဒီအတွက် Keyboard တစ်ခုရတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကြိုက် ပုံစံနဲ့ Keyboard တစ်ခုရေးမယ်ဆိုရင် ဒေါ်လာ တစ်ရာနဲ့ မရပါဘူး။ ဒေါ်လာ ထောင်ချီပြီး တောင်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့က စဉ်းစားရပါတယ်။ အဲဒီလို ရင်းလိုက်တဲ့အတွက် ဘယ်လောက် Return ပြန်ရမလဲ။ ကိုယ်လုပ်တဲ့ အလုပ်အတွက် ROI အမြင့်ဆုံးကိုပဲ စဉ်းစားပါတယ်။ အက္ခရာကတော့ Free and Opensource ပေါ့။ နောက်တော့ နည်းနည်းကျပါတယ်။ အဲဒီမတိုင်ခင်တုန်းက ကျွန်တော်တို့အတွက် ROI အဖြစ်ဆုံးကို လိုက်ရှာတဲ့အခါ Keyman က အကောင်းဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါကြောင့် Keyman ကိုပဲ ရွေးဖြစ်ခဲ့တာပါ။ တစ်ခြားဟာတွေလည်း ခုချိန်မှာ ရှိလာပါပြီ။ Key Magic တို့၊ NHM Writer ကလည်း ကောင်းပါတယ်။ ဒါပေမယ့် သူက Open Source မဟုတ်ပါဘူး။ သုံးရတာ ကသိကအောင့်တော့ နည်းနည်း ရှိပါတယ်။ ကျွန်တော် အခု အကြိုက်ဆုံးကတော့ Keyman ကြိုက်ပါတယ်။ အက္ခရာလည်း ကောင်းပါတယ်။
ကျွန်တော် မကြိုက်တဲ့ Input Method တွေတော့ ရှိပါတယ်။ နေကောင်းလားဆိုရင် nay kaung lar ဆိုပြီး ရိုက်ရတာမျိုး အဲဒါမျိုးတွေ မကြိုက်ပါဘူး။ ကျွန်တော်တို့ လက်ကို ပိတ်ထားတယ်လို့ ခံစားရပါတယ်။ သဝေထိုး နရေနေ ပြီးပြီ၊ အဲဒီလို နှစ်လုံးတည်း ရိုက်ရင် ပြီးတာကို သုံးလုံးရိုက်တာမျိုးတွေ မကြိုက်ပါဘူး။ ကျွန်တော်တို့အတွက် Keyboard အတွက် Possibility က လေးရာကျော်ရှိပါတယ်။ ကျွန်တော်တို့ ကီးက အဲဒီလောက် အများကြီး မရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ Myanmar3 လိုဆိုရင်ဗျာ Shift နဲ့ Un-shift ဆိုတာနဲ့ အားလုံး သုံးလို့ရပါတယ်။ ပုရပိုက်မှာဆိုရင်လည်း လေးခုစာ နေရာလုပ်ထားတယ်။ အဲဒီလောက်ဆို အဆင်ပြေပါပြီ။ ရနဲ့ လုံးကြီးတင်နဲ့ ရိုက်လိုက်ရင် အလိုလို ရကောက် ပြောင်းသွားတာတို့ အဲဒါမျိုးတွေ လုပ်ထားရင် ပိုပြီးတော့ အဆင်ပြေတာပေါ့။ အဲဒါမျိုးတွေအတွက် အကောင်းဆုံးကတော့ Keyman ပါပဲ။
အဲဒီတော့ ကျွန်တော်တို့တွေမှာ Keyman လို ဟာမျိုးတွေ မမှီခိုပဲ ကိုယ်ပိုင်ကော ဖြစ်လာနိုင်ပါသလား။
ရှိပါတယ်။ Key Magic က အဲဒီလိုမျိုးပါပဲ။ တစ်ခြားဟာတွေလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မှန်းတာတစ်ခုက Keyboard ကတော့ အကိုလည်း ရေးလို့ရပါတယ်။ အခုချိန်မှာ အရမ်း မခက်တော့ပါဘူး။ ဒါပေမယ့် တစ်ခုပဲ၊ Keyboard က ဘယ်လောက် စမတ်ဖြစ်မလဲပေါ့။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ရိုက်လိုက်တုန်းက သဝေထိုး ရကောက်၊ ဒါပေမယ့် သိမ်းတဲ့အခါမှာ ရကောက် သဝေထိုးချိန်းချင်တယ်၊ အဲဒါမျိုးတွေအတွက် Keyman က ကောင်းပါတယ်။
အကိုက အိုင်တီနဲ့ ဆက်စပ်တဲ့ စီးပွားရေးတွေ လုပ်နေတဲ့သူ ဖြစ်တဲ့အတွက် လူငယ်တွေအတွက် လမ်းညွှန်ချက်တွေလည်း ပေးနိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်း အိုင်တီနဲ့ ဆက်စပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပြောပြပေးပါခင်ဗျ။
ရှိပါတယ်။ ကျွန်တော်တို့ဆိုရင်လည်း လူငယ်တွေနဲ့ အမြဲထိတွေ့နေတော့ ရှိပါတယ်။ Mobile Dev လိုဟာမျိုးတွေမှာ တစ်ခြား ကဏ္ဍတွေမှာလည်း တွေ့ပါတယ်။ ဒါပေမယ့် တစ်ခုဗျာ။ ကျွန်တော်တို့တွေက Gap တစ်ခု ကြားထဲမှာ ရောက်နေတယ်လို့ ကျွန်တော်တော့ မြင်တယ်ဗျ။ ကျွန်တော်တို့ရဲ့ Infrastructure က မပြည့်စုံဘူး။ Set up လုပ်ဖို့ ကုန်ကျစရိတ်ကလည်း သူများထက် ပိုများတယ်။ အိုကေ ကိုယ်ကအဲဒီဟာကို ကုန်ကျစရိတ်ကို အကုန်ခံလိုက်လို့ ရင်းနှီးမြှတ်နှံလိုက်လို့ ရောင်းလို့ကော ရလားဆိုတော့ Copyright ကမရှိ ပြန်ဘူး။ ကိုယ်ရင်းနှီးမြှတ်နှံ သလောက် ပြန်ရဖို့ မလွယ်ပြန်ဘူး။ ROI သိပ်မကောင်းဘူးပေါ့။ အဲဒီလို ROI ဆိုတဲ့နေရာမှာ ကျွန်တော်တို့ရော လူငယ်တွေ အတွက်ပါ မကောင်းဘူးပေါ့။ ကျွန်တော်တို့က ငွေတွေ ရင်းရတယ်။ လူငယ်တွေက အချိန်တွေ ရင်းရတယ်။ အဲဒီတော့ လူငယ်တွေဖက်ကလည်း လစာတွေ နည်းတယ်ဆိုတဲ့ ပြဿနာတွေ ရှိလာပါတယ်။ ကျွန်တော်တို့ဖက် စီးပွားရေး လုပ်ငန်းရှင်တွေ ဖက်ကလည်း ရင်းနှီးမြှတ်နှံမှုအတွက် ချက်ချင်း Return ပြန်ရဖို့ မလွယ်တဲ့ ပြဿနာတွေ ရှိပါတယ်။ ကျွန်တော် iPhone နဲ့ Android ဝယ်မယ်လို့ စဉ်းစားတဲ့ အချိန်မှာ iPhone ဝယ်ပြီး Develop လုပ်ဖို့ ဆိုရင် Mac တစ်လုံး ထပ်ဝယ်ရဦးမယ် ဆိုတာမျိုး စဉ်းစားနေရတာတွေ ရှိပါတယ်။ အဲဒီတော့ဗျာ Opportunity တွေကော၊ Challenge တွေကော ရှိနေပါတယ်။ ဖြစ်နိုင်လို့ရှိရင် လူငယ်တွေ အနေနဲ့ ကိုယ်ဘယ်လောက် အထိ ကြိုးစားတယ်၊ ဘယ်လောက်အထိ တတ်တယ်ဆိုတာ တစ်ကုတ်ကုတ်နဲ့ လုပ်နေတာတင်မက ပြဖို့လဲ လိုပါတယ်။ ဒီအတိုင်းပဲ ငြိမ်နေမယ်၊ Static ဖြစ်နေမယ်ဆိုရင်တော့ Challenge တွေ ရှိနေမှာ မဟုတ်ဘူးပေါ့။
ခုချိန်မှာ ဆယ်တန်းအောင်ပြီး အိုင်တီလောကထဲကို မြေစမ်းခရမ်းပျိုးမယ့် သူတွေအတွက် ဘယ်လို လေ့လာသင့်တယ်ဆိုတဲ့ လမ်းကြောင်း လေးတွေကို ပြောပြပေးပါခင်ဗျ။
ကျွန်တော်က Consultant တစ်ပိုင်းလည်း ဖြစ်နေတာဆိုတော့ ခဏခဏ မြင်ရတာက ဆယ်တန်းအောင်ပြီးတဲ့ ကလေးတွေက သူတို့ ဘာလုပ်ရမယ်ဆိုတာ မသိဘူးဗျ။ အဲဒီအတွက် ကျွန်တော် အကြံပေးရရင် ကျွန်တော့်မှာ Chart လေး တစ်ခုရှိတယ်၊ အဲဒီ Chart လေးပေါ်မှာ အဆိုးဆိုတာ တစ်ပိုင်းရေးလိုက်တယ်။ ဒီဖက်ကတော့ အကောင်းပေါ့။ ပြီးသွားရင် ကျွန်တော် လုပ်ချင်တဲ့ သွားချင်တဲ့ လမ်းနဲ့ ပတ်သက်ပြီး သိတဲ့သူတွေကို လိုက်မေးကြည့်ပါတယ်။ အဆိုးတွေက ဘာတွေလဲ၊ အကောင်းတွေက ဘာတွေလဲပေါ့။ ပြီးသွားရင် အဲဒီ အဆိုးတွေထဲက ငါမခံနိုင်တာတွေက ဘာတွေလဲ။ ဥပမာဗျာ – အရပ်ပုတဲ့ သူတစ်ယောက်က ဘတ်စကက်ဘော ပုတ်မယ်ဆိုရင် မဖြစ်နိုင်ဘူးပေါ့။ အဲဒါဆို စဉ်းကို မစဉ်းစားသင့်ဘူးပေါ့။ အသံမပီတဲ့ သူတစ်ယောက်အတွက် အနောင်ဇာလုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးပေါ့။ စဉ်းကို မစဉ်းစားသင့်ဘူးပေါ့။ ငါက ရူးသွပ်တယ်၊ ခရေစီဖြစ်တယ်တို့ ဘာတို့ ပြောနေစရာ မလိုပါဘူး။ အဲဒီလို Chart လေးနဲ့ ရွေးချယ် စေချင်ပါတယ်။ ဆိုးတဲ့ဖက်ဆိုရင်လည်း အဲဒီအပေါ်မှာ ခံနိုင်ရည် ဘယ်လောက်ရှိနိုင်မလဲ။ ကောင်းတဲ့ဖက်တွေ ဆိုရင်လည်း ဘယ်လောက်အထိ ဝါသနာ ပါနိုင်မလဲပေါ့။ သေသေချာချာ စဉ်းစားပေါ့။
ကျွန်တော်က ကျွန်တော်မိဘတွေ Training လုပ်တဲ့ ပုံစံထဲကနေ ခုန်ထွက်လာတဲ့ သူပါ။ ကျွန်တော် ဒီဟာ လုပ်တဲ့အတွက် အရင်းအနှီးတွေ ဘာတွေလည်း ထုတ်မပေးနိုင်ပါဘူး။ ရော့ .. သား သိန်းတစ်ထောင် ဆိုတာမျိုးတွေလည်း မပေးနိုင်ပါဘူး။ ကျွန်တော်ဘာသာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး စလာခဲ့ရတာပါ။ အဲဒီလို လုပ်ဖို့ ဆိုရင် သေချာတာ တစ်ခုက ဇွဲရှိဖို့ လိုပါတယ်။ အချိန်အကြာကြီး မြှတ်နှံနိုင်စွမ်းရှိဖို့ လိုပါတယ်။ ဘယ်လို အခက်အခဲတွေ ဖြစ်ဖြစ်၊ ကြံုကြံု မရပ်ပဲ ရှေ့ဆက်သွားနိုင်ဖို့ လိုပါတယ်။ အဲဒီတော့ ဆယ်တန်းအောင်ပြီးသူ အနေနဲ့ နံပါတ် (၁) ဇွဲရှိဖို့ လိုပါတယ်။ နောက်တစ်ချက် နံပါတ် (၂)ကတော့ တစ်ခုခုအပေါ်မှာ အမြဲတမ်း Motivate ဖြစ်နေဖို့ လိုပါတယ်။ တစ်ချို့က တစ်ခုခု လုပ်လိုက်တယ် Failure ဖြစ်သွားတယ်။ အဲဒီအခါမှာ စိတ်ဓာတ်တွေ ကျသွားတတ်ပါတယ်။ ဒါပေမယ့် အပင်မှာ သီးတဲ့အသီးတိုင်း ခေါင်သီးတွေ ဆိုတာ ဖြစ်နေဖို့ မလွယ်ပါဘူး။ အဲဒီလိုပဲ ကိုယ့်အနေနဲ့ အဲဒီလို ခေါင်အသီးတွေ ဖြစ်လာအောင် ကိုယ့်ကိုယ်ကို အမြဲသွေးနေဖို့ လိုပါတယ်။ Motivate ဖြစ်နေဖို့ လိုပါတယ်။ ရှုံးနိမ့်တိုင်း စိတ်ဓာတ် ကျနေလို့ မဖြစ်ပါဘူး။ နောက်ဆုံး တစ်ချက် နံပါတ် (၃)ကတော့ အဆက်အသွယ်ပါ။ တစ်ချို့လူတွေက အဆက်အသွယ်ရဖို့ တစ်ခါမှ မရှာပဲ ထိပ်ဆုံး ရောက်ချင်နေပါတယ်။ အဲဒါဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဆက်အသွယ်မရှိပဲနဲ့ မရောက်နိုင်ပါဘူး။ ကျွန်တော့် ဆရာ တစ်ယောက် ပြောဖူးတာ ရှိပါတယ်။ ဂျင်ပေါ်မှာ အစက်ကလေး တစ်စက်ချလိုက် အနီးအနားမှာ ချတဲ့အစက်က အနီးအနားမှာ လည်နေမှာ ဖြစ်ပြီး အဝေးမှာချတဲ့ အစက်ကတော့ အဝေးမှာပဲ လည်နေမှာပေါ့တဲ့။ အောက်ဆုံးမှာ သွားချရင်လည်း အောက်ဆုံးမှာပဲ ပတ်နေမှာပဲတဲ့။ အဆက်အသွယ်ရဖို့ ဆိုတာ Center Point ကို ကပ်ဖို့လိုပါတယ်။ ရောက်လာဖို့ လိုပါတယ်။ MICT Park ဖွင့်တော့ MICT Park နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနားကို ကျွန်တော် ရောက်အောင် ကပ်တယ်။ ရတနာပုံ တယ်လီပေါ့ ဖွင့်တော့ အဲဒီက လုပ်ငန်းတွေနားကို ကျွန်တော်ကပ်တယ်။ အဲဒီလိုမျိုး Center Point တွေကို ကပ်ဖို့လိုပါတယ်။ အဲဒါမှ အဆက်အသွယ်ဆိုတာလည်း ဖြစ်လာမှာပါ။ ဒါပေမယ့် အဲဒီလို ကပ်တိုင်း ဖြစ်လားဆိုတော့ မဖြစ်သေးပါဘူး။ ကိုယ်တိုင်ကလည်း ကိုယ်အရည်းအချင်းကို ပြဖို့လိုသလို၊ ကိုယ့်မှာလည်း အရည်အချင်းရှိဖို့ လိုပါတယ်။ ဘာမှမလုပ်တတ်သူကို ဘယ်သူက တကယ့်နေရာတွေမှာ ခိုင်းပါ့မလဲ ဟုတ်တယ်မလားဗျာ။ အဲဒီတော့ ပြန်ချုပ်ရရင် (၁) ဇွဲရှိရမယ်၊ (၂) Motivate ဖြစ်ရမယ်၊ (၃) အဆက်အသွယ် ရှာရမယ်ပေါ့။ အဲ .. အဆက်အသွယ်ဆိုတာလဲ တစ်ခုခုကို ရင်းပြီးမှ ရတာမျိုး ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာ တစ်ခုခု ရင်းပြီး တစ်ခုခုပြန်ရဖို့ ဆိုတဲ့ အဆက်အသွယ်မျိုး ပြောတာ မဟုတ်ဘူးနော်။ ကိုယ်ကျွမ်းကျင်တဲ့ လုပ်ငန်းခွင် ကွန်ယက်ထဲကို Network ထဲကို ရောက်သွားဖို့ ပြောတာပါ။
E-Commerce လို့ခေါ်တဲ့ အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အလားအလားတွေ (အထူးသဖြင့် ပြည်တွင်း)နဲ့ ပတ်သက်ပြီး အကို့ရဲ့ အကဲဖြတ်ချက်ကို သိချင်ပါတယ်။
E-Commerce နဲ့ ပတ်သက်ပြီး ပြောရရင်၊ ကျွန်တော် ရိုးရိုးသားသား ပြောရရင် အဝေးကြီး လိုပါသေးတယ်။ E-Commerce ကို လုပ်ဖို့အတွက် Stake-holder လေးယောက်လောက် ရှိပါတယ်။ ကျွန်တော်တို့တွေက Developer ဆိုပါစို့၊ နောက်တစ်ယောက်က Client ပေါ့။ နောက်ဆုံး တစ်ယောက်က End User ပေါ့။ အဲဒီလို သုံးဦးစလုံးက အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် အရေးအကြီးဆုံး ဖြစ်တဲ့ နံပါတ်လေး infrastructure က အသင့် မဖြစ်သေးပါဘူး။ Online ဆိုတာကို စဖို့အတွက် Time Server ဆိုတာတောင် မရှိသေးပါဘူး။ ဆာဗာတစ်ခုမှာ Transition တစ်ခု ဖြတ်သွားတယ်။ ဘယ်အချိန်မှာ ဖြတ်သွားတယ် ဆိုတာ မသိနိုင်သေးဘူး။ တစ်ခုခု ခုံရုံးမှာ သွားပြီးတက်ကြတယ်။ ဘယ်အချိန်မှာ လုပ်သွားတယ်ဆိုတာ မသိနိုင်ဘူး။ အဲဒီအတွက် Time Server ဆိုတာ မရှိသေးပါဘူး။
အဲဒီလို Infrastructure ဆိုတဲ့နေရာမှာလည်း Legal Infrastructure တွေ၊ နောက်တစ်ခါ Technical Infrastructure တွေ အများကြီး လိုပါတယ်။ အဲဒီတော့ E-commerce ဆိုတာ လုပ်ဖို့အတွက် Infrastructure တွေ မရှိသေးတဲ့ အတွက် အဝေးကြီး လိုပါသေးတယ်လို့ပဲ ပြောချင်ပါတယ်။ ပြောရရင်ဗျာ သူများတွေက ဖက်နဲ့ ထုတ်ပြီး ရောင်းနေပြီ၊ ကျွန်တော်တို့က ခုမှ ဖက်နဲ့ထုတ်တာ ဘယ်လိုလဲဆိုတာ လေ့လာနေတုန်းဆိုတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။ အဲဒီလိုမျိုး ကိစ္စတွေကလည်း အများကြီး ရင်းရမယ့် ကိစ္စတွေ ဖြစ်နေပါတယ်။ အချိန်တွေ၊ လူတွေ၊ ငွေကြေးတွေ အခြားသော အခက်အခဲတွေကလည်း အများကြီး ရှိပါတယ်။ အွန်လိုင်းနဲ့ ပတ်သက်ရင် တစ်ခြားဟာတွေကတော့ ဖြစ်နိုင်ပါတယ်။ E-commerce ကတော့ မလွယ်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။
ဒီလိုပဲ Mobile Commerce ကရော ဖြစ်နိုင်ဖို့ မလွယ်သေးဘူးလား ခင်ဗျ။
အင်း … ပြောရတော့ နည်းနည်းခက်တယ်ဗျ။ တစ်ခါတစ်ခါကြရင် ကျွန်တော်တို့ နိုင်ငံက ဝုန်းဒိုင်းတက်ရင် တက်သွားတတ်ပါတယ်။ ပြောလို့တော့ ခက်ပါတယ်။ တစ်ချိန်ချိန်မှာ တံခါးလေး တစ်ချပ်ဖွင့်ပေးလိုက်ရုံနဲ့ ပွင့်သွားနိုင်တာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် အခုပြောနေတာ အခု အခြေအနေကို ပြောနေတာပါ။ မနက်ဖြန်မှာ အားလုံးက ကဲကွာ Time Sever တစ်လုံးထောင်၊ Banking တွေလည်း အကုန်လုံး ချကြလို့ ပြောရင် ဝုန်းကနဲ ထဖြစ်ရင် ဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ပြောနေတာ Recent Condition ပါ။ နောက် ကျွန်တော်တို့မှာ Technology မရှိရင် ဘေးနားက နိုင်ငံတွေမှာ ယူလိုက် ရတာပဲ။ ဘာမှ မခက်ခဲပါဘူး။ ဒါပေမယ့် လူတွေ အားလုံး Participation ဖြစ်ဖို့တော့ မလွယ်သေးဘူးပေါ့နော်။ ကျွန်တော် သိတဲ့လူ တော်တော်များများ မိုဘိုင်းဖုန်းက SMS ပို့တဲ့သူ တော်တော် ရှားပါတယ်။ အဲဒီတော့ မိုဘိုင်းဆိုတာလည်း Dream ပါ။ အဲဒီလောက််ကြီး မဖြစ်နိုင်သေးပါဘူး။ ကျွန်တော် ဒီနေ့ မောင်ပြံုးတို့ Mobile Dev ပွဲကို လာကြည့်တယ်။ Participation အရမ်း နည်းနေပါသေးတယ်။ ဒီတော့ ကျွန်တော့်အထင်ရ Mobile Commerce ဆိုတာလည်း Just Dream ပဲ။
ကျွန်တော် နောက်တစ်ခု မေးချင်တာက Myanmar Wikipedia အကြောင်းပါ။ အဲဒီ အပိုင်းလေးလည်း ပြောပြပေးပါဦး။
Wikipedia က ကျွန်တော် ၂၀၀၈/၂၀၀၉ လောက်ကတည်းက လုပ်ဖြစ်တာပေါ့။ ပါဝင်တယ်ဆိုတဲ့ အပိုင်းမှာ ကျွန်တော်က ရေးတဲ့သူတွေ မဟုတ်ပါဘူး။ ရေးနိုင်တဲ့ သူတွေနဲ့ ဖတ်မယ့် သူတွေအတွက် ဘယ်လို အဆင်ပြေအောင် လုပ်ပေးမလဲ ဆိုတဲ့ အပိုင်းမှာပါတယ်။ လူတွေ များများ သုံးလာအောင် လုပ်မယ် ဆိုတဲ့ အပိုင်းတွေမှာ ပါပါတယ်။ နောက် ကျွန်တော် Wiki နဲ့ ပတ်သက်လို့ လုပ်ဖြစ်တာ Offline Wikipedia ပါ။ အင်တာနက်မှာ အမြဲတမ်း Online မဖြစ်နိုင်သူတွေအတွက် ကျောင်းက ရုံးက ကွန်ပျူတာတွေမှာ Offline အသုံးပြုလို့ရအောင် ဆိုတဲ့ ကိစ္စတွေ လုပ်ဖြစ်ပါတယ်။
Wiki နဲ့ ပတ်သက်ရင်တော့ ကျွန်တော့် ဖီလင်နဲ့ ဆိုင်ပါတယ်။ ကျွန်တော်က Wiki ဖတ်ရတာ အင်မတန် သဘောကျပါတယ်။ အမြဲတမ်း ဖတ်ဖြစ်ပါတယ်။ ဒီတော့ မြန်မာလို Wikipedia တစ်ခုလည်း ရှိရင် ကောင်းမယ် ဆိုတဲ့ အတွေးဖြစ်လာပါတယ်။ အဲဒီလိုနဲ့ Wikipedia လုပ်တဲ့သူတွေ Wikipedia ရေးတဲ့သူတွေ၊ ဖတ်မဲ့သူတွေ အခက်အခဲ ရှိနေတဲ့သူတွေကို ကူညီပေးတဲ့ အနေနဲ့ လုပ်ဖြစ်ပါတယ်။ တစ်ချို့ Offline လိုချင်ရင် Offline ပေါ့။ နောက် Wiki နဲ့ ပတ်သက်တဲ့ Activities တွေ သွားတယ်။ Wiki နဲ့ ပတ်သက်ပြီး ရေးချင်တဲ့အခါ သင်တန်းတွေ ဘာတွေ ပေရးမယ်ဆိုရင် လုပ်ပေးပါတယ်။ Wiki ကတော့ ကျွန်တော် လုပ်တဲ့အထဲမှာ Feeling အဖြစ်ဆုံးပါ။ ပိုက်ဆံ ရလို့ လုပ်တာ မဟုတ်ပါဘူး။ Wiki ကို အမြဲ Update မြင်နေရတယ်၊ ဖတ်နေရတယ် ဆိုရင် ကျွန်တော် ကျေနပ်နေပါတယ်။ ကျွန်တော်က စာဖတ် ဝါသနာပါပါတယ်။ ကိုယ်သိချင်တဲ့ Resources တွေ အဲဒီက ရတယ်။ အဲဒီလို ကိုယ်ရသလိုပဲ သူများတွေလည်း ရစေချင်တယ်။ ဥပမာ – ဆိုင်တစ်ခုခုမှာ ကျွန်တော် သွားစားတယ်၊ အဲဒီ ဆိုင်က စားကောင်းတယ်ဆိုရင် ကြော်ငြာ ပေးသလိုမျိုး ပေါ့ဗျာ။
အဲဒီ Wiki က ဘယ် Wiki ကို ပြောတာလဲ မသိဘူးခင်ဗျ။
my.wikipedia.org ပါ။ wikimyanmar မှာလည်း စခါစတုန်းက ပါတယ်။ နောက်ပိုင်းမှာ အဲဒီဖက်က Activity က နည်းလာပါတယ်။ အဓိက ကျွန်တော် အခု လုပ်ဖြစ်နေတာက my.wikipedia.org ပါ။
အဲဒီ my.wikipedia.org က Offline ကော ရပါသလားခင်ဗျ။
အဲဒီကောင်လည်း Offline တစ်ခါ လုပ်ပေးဖူးပါတယ်။ အဲဒီအတွက် ကျွန်တော့်ကို Request လုပ်မယ်ဆိုရင် လုပ်ပေးပါ့မယ်။
ကျန်တဲ့ မေးခွန်းကတော့ Myanmar3 လို Padauk လို Unicode Font တွေအနေနဲ့ GTalk လို နေရာတွေမှာ သုံးလို့မရတာ ဘာကြောင့်ပါလဲခင်ဗျ။ တစ်ခြား သုံးလို့ရနိုင်မယ့် နည်းလမ်းတွေ ရှိရင်လည်း ပြေပြပေးပါခင်ဗျ။
Unicode က Logical Order အတိုင်း သိမ်းပါတယ်။ ဒါပေမယ့် GTalk ကတော့ သူရဲ့ Rendering Engine သီးသန့် သုံးပါတယ်။ ဒီတော့ Unicode ကို သုံးပြီး GTalk မှာ ရိုက်မယ်ဆိုရင် Conversation Box မှာ အမှန်အတိုင်း မြင်ရမှာ ဖြစ်ပေမယ့် Input Box မှာတော့ အဆင်မပြေပါဘူး။
ခုလို ဖြေကြားပေးတဲ့အတွက် Myanmar Tutorials ကရော၊ ကျွန်တော်ကပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ခုလို လူငယ်တွေနဲ့ ပတ်သက်တဲ့ အဖိုးတန် အကြံဉာဏ်တွေ၊ တစ်ခြား Unicode နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Facebook comments:



keymagic က opensource ပါ။ http://keymagic.googlecode.com/svn/trunk/ အောက်မှာ source တွေ အားလုံးရှိပါတယ်။ http://code.google.com/p/keymagic/ မှာ လေ့လာနိုင်ပါတယ်။ C++ နဲ့ ရေးထားပြီး GPL license ပါ။ Mac OSX အတွက်ပါ သုံးလို့ရပါတယ်။
Sure. Keymagic is open source. But NHM Writer is Free not open source. http://software.nhm.in/products/writer
Best
Ngwe Tun
no offense but just wondering why international standardised unicode font clashed with google’s rendering engine?
To be honest, I won’t tell my mom to practise how to type MM again to use unicode font. You know what i mean, for hundreds of thousands of end-uses, there should be easier ways and more accessible.
If ISO 9002 whatever is one of the international standards, accessibility is one of them too.
If you are thirsty, you don’t test the water whether it’s pH 5 or 6 or 6. You just look and drink it.
@ Winlwin,
let me know which one is google’s rendering engine. I didn’t hear google release rendering engine.
second point, did you try MM unicode font deeply? I would like to know your points in accessibilities issues. I honestly said here in this interview. It would be difficult to do with standards. You can do whatever with Unicode fonts and keyboard as Zawgyi does.
Even If I’m thirsty, I will not drink the dirty water.
enjoys with unicode. have a fun.
Best
Ngwe Tun
@ko ngwe tun,
I used it few years ago
At that time, I didn’t understand about Unicode and standards, so I tested by myself and failed in first step; ease of use. May be I should try a few years later when my favourite blogs recommend me to.
As you said, I didn’t try deeply, may be that’s why I don’t understand the value of international standards.
What I meant about rendering engine is Gtalk’s one that you mentioned. Just my $0.2, since it’s international standardised unicode font and there’s no reason to clash google talk’s rendering engine.
You should watch Man Vs Wild, then you’ll know why you have to drink dirty water in some situations.
Keep it up bro, i promise i’ll surely use one day. But I don’t know when. Thx.
@ ko win lwin,
well, gtalk didn’t use M$ Rendering Engine (Uniscribe). So. google talks input box rendered burmese text as garbled. It is not only Gtalk, Unicode can’t use popular word prcessing software such as Adobe InDesign, WordPerfect and QuarkXPress. The software vendors didn’t use Windows native rendering engine in their software.
I’m sincerely answered reason of errors in GTalk. We can’t make any change in software. It doesn’t related either Interntional Standard or Unicode Font. That Unicode font was appeared in any of uniscribe rendering software such as Microsoft Office, Internet Explorer and pdf files.
Thanks for interesting on it and willing to see you with unicode very soon. Unicode is not way to go for burmese language processing.
Best
Ngwe Tun
Unicode is way to go for burmese language processing*
Great Q&As. Just that အားဖြည့် အစဉ် is the only word using little ဉ and the rest are all ဥ သတ်.
ပါဉ်စင့် should be fixed to ပါဌ်ဆင့် too.
ဉ နဲ့ သတ်တယ်ဆိုတာ ကိုငွေထွန်း ပြောမှ သိရတာပါ။ အစက တစ်လျှောက်လုံး ဒီအတိုင်းပဲ သုံးနေခဲ့တာ၊ အကျင့်ကို ပါနေပြီ။
ပါဌ်ဆင့် ဆိုတာကို ပြင်လိုက်ပါ့မယ်။ ခုလို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Thanks for interview, ko thiha. We really appreciate for this. Mm tutorials are the best website for learner. Keep going on.
ရန်တိုက်ပေးတဲ့ အင်တာဗျူးအမျိုးအစား မဟုတ်ပဲ၊ အပြုသဘောနဲ့ ဖြစ်သင့်တာတွေ… လိုအပ်တာတွေကို ဝေဖန်ထောက်ပြထားတဲ့အတွက် အလွန် အဖိုးတန်ပါတယ်…။ ဗဟုသုတလဲ ရပါတယ်…။ မေးတဲ့သူကော၊ ဖြေတဲ့သူကော၊ ဖော်ပြပေးတဲ့သူတွေကို ကျေးဇူးစပယ်ရှယ်ပါ…။
လေ့လာသွားပါတယ်။ ဗဟုသုတ အများကြီး ရလို့ ကျေးဇူးတင်ပါတယ်ဗျာ