Interview with Ko Min Thu
ဒီတစ်ပတ် အင်တာဗျူးဖို့ ရွေးချယ်ထားသူကတော့ ကိုမင်းသူပဲ ဖြစ်ပါတယ်။ ကိုမင်းသူကို Myanmar Tutorials ပရိသတ်နဲ့ မိတ်ဆက်ပေးရမယ် ဆိုရင် Myanmar Tutorials ရဲ့ Sidebar မှာရှိတဲ့ Free Download, HTML CSS, Templates ဆိုတဲ့ စာသားပါဝင်တဲ့ ပုံတစ်ခုကို တွေ့ရပါလိမ့်မယ် အဆိုပါ ပုံကို ကလစ်ခေါက်လိုက်တယ် ဆိုရင် www.templatemo.com ဆိုတဲ့ Website တစ်ခုကို ရောက်သွားပါလိမ့်မယ်။ အဲဒီအပြင် ကျွန်တော်တို့တွေ အနေနဲ့ သီချင်းတွေ အွန်လိုင်းမှာ တိုက်ရိုက်ဖွင့်ပြီး နားထောင်ချင်တဲ့ အခါမျိုးတွေမှာ www.flashband.net ဆိုတဲ့ Website ကို ရောက်ဖူးပါလိမ့်မယ်။ ကိုမင်းသူကတော့ အဲဒီ ဆိုက်တွေရဲ့ အရှင်သခင်ပဲ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ Free CSS Template ဆိုတဲ့ Search Word တစ်ခုနဲ့ Google မှာ ရှာကြည့်တဲ့အခါ အဆင့် (၃) နေရာမှာ Templatemo ကို တွေ့ရပါတယ်။ အဲဒီလောက်အထိကို Search Engine Optimization ဖြစ်တဲ့ အတွက်လည်း အံ့သြမိပါတယ်။ တကယ်တန်း နိုင်ငံတကာ သဘောဆောင်တဲ့ Search Word တွေမှာ ထိပ်တန်းရောက်ဖို့ အင်မတန် ခက်တယ်ဆိုတာ သိကြပါလိမ့်မယ်။ အဲဒီလို Search Word တွေမှာ ထိပ်တန်း ရောက်လာတာနဲ့အမျှ ဘယ်လို အခွင့်အလမ်းတွေ ရလာနိုင်သလဲ။ အမြဲတမ်း Free ပေးနေတဲ့ ဝန်ဆောင်မှု တစ်နည်းအားဖြင့် Win-Win Business လို့ခေါ်ရမယ့် ပုံစံတွေ အနေနဲ့ ဘယ်လို လည်ပတ်နေကြတယ်။ ဘာကြောင့် လည်ပတ်နေကြတယ် ဆိုတာလည်း ကျွန်တော် သိချင် လာပါတယ်။
အဲဒီအပြင် Template တစ်ခုနဲ့ တစ်ခု မထပ်ရအောင် မတူရအောင် ဖန်တီးနေတဲ့ သူတစ်ယောက်အနေနဲ့ အိုင်ဒီယာတွေကို ဘယ်လို ဖန်တီးသလဲ၊ ဘယ်လို ရယူသလဲဆိုတဲ့ အပိုင်းတွေကိုလည်း သိချင်လာပါတယ်။ ဒီလိုနဲ့ ကိုမင်းသူကို ခွင့်တောင်းပြီး အင်တာဗျူးဖြစ်ပါတယ်။
ထုံးစံအတိုင်း Myanmar Tutorials ပရိသတ်နဲ့ မိတ်ဆက်ပေးပါဦးခင်ဗျ။
My name is Min Thu. I have a strong passion about web design especially when it comes to interactive experiences and user interfaces. I am very amazed and inspired when I see high quality websites that features beautiful user interfaces with great user experiences. I work in web design field as my hobby and I am currently living in Thailand. I have got a Bachelor degree in IT and now I am continuing a master degree in IT.
- Web Design ပိုင်းကို စိတ်ဝင်စားပါတယ်။ အထူးသဖြင့် interactive experiences တွေ user interfaces တွေ တည်ဆောက်တဲ့ အပိုင်းမှာ အရမ်းဝါသနာပါပါတယ်။
- အခု လက်ရှိ ကျွန်တော် ဝါသနာပါတဲ့ Web Design နယ်ပယ်မှာ ကျင်လည်နေပါတယ်။ နေတာကတော့ ယိုးဒယားမှာပါ။ IT နဲ့ ဘွဲ့တစ်ခု ရထားပြီး Master ဆက်တက်နေပါတယ်။
ကျွန်တော့် အနေနဲ့ Flashband.NET ကို သိနေခဲ့တာကြာပါပြီ၊ သီချင်းနားထောင်ဖို့အတွက် အမြဲရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီ ဆိုက်ကို စတင်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။
My first website was flashband.net started in 2003 which is an entertainment website for Myanmar community. At first, it was started by providing Myanmar cartoons, photos and web links. Later, more sections such as Flash MTV animations, music videos, digital videos, songs were added from time to time. Lately, it is not always up-to-date as I focus on my other websites. However, it receives a stable web traffic above 70,000 visitors monthly.
- ပထမဦးဆုံး Website က FlashBand.net ပါ။ ၂၀၀၃ ခုနှစ်မှာ စပါတယ်။ မြန်မာတွေအတွက် ဖျော်ဖြေရေး Website အနေနဲ့ တင်ဆက်ဖို့ ရည်ရွယ်ပါတယ်။
- ပထမပိုင်းမှာတော့ မြန်မာကာတွန်းတွေ၊ ဓာတ်ပုံတွေ၊ Web Links တွေကို တင်ခဲ့ပါတယ်။
- နောက်ပိုင်းမှာ ကဏ္ဍတွေကို တိုးပြီး Flash MTV animations တွေ Music Videos တွေ Digital Video တွေနဲ့ သီချင်းတွေ အချိန်နှင့်အမျှ တင်ဖြစ်ပါတယ်။
- ခုတော့ အရမ်းကြီး up-to-date ဖြစ်တဲ့ ဆိုက်တစ်ခု မဟုတ်တော့ပါဘူး။
- ကျွန်တော့် အနေနဲ့ အခြား Website တွေကို အာရုံစိုက်နေရတာကြောင့်လည်း ပါပါတယ်။ ဒါပေမယ့် FlashBand.NET အနေနဲ့ တစ်လကို လာလည်တဲ့သူပေါင်း 70,000 လောက် ရှိနေဆဲ ဖြစ်ပါတယ်။
ခုလက်ရှိ ကိုမင်းသူ Run နေတဲ့ Website တွေကို ပြောပြပေးပါ။
I run and manage a couple of websites particularly in web template industry.
flashmo.com is sharing free flash source files to anyone at all skill levels (no matter whether you are a beginner or an advanced in using Adobe Flash). Older files were created in Flash 8 (ActionScript 2.0) format and newer files were created in Flash CS3 (ActionScript 3.0).
- flashmo.com ကတော့ flash နဲ့ ပတ်သက်တဲ့ Source ဖိုင်တွေ ပေးတာပါ။ ဘယ်လို Skill Levels မဆို သုံးနိုင်အောင် စီစဉ်ထားပါတယ်။ Beginner ပဲ ဖြစ်ဖြစ Advanced Level ပဲ ဖြစ်ဖြစ် အလွယ်တကူ သုံးနိုင်အောင် စီစဉ်ထားပါတယ်။ အရင်တုန်း ဖိုင်အဟောင်းတွေကိုတော့ Flash 8 (Action Script 2.0) format ရေးသားခဲ့ပြီး ခုနောက်ပိုင်း အသစ်တွေကိုတော့ Flash CS3 (Action Script 3.0) နဲ့ သုံးပြီး ရေးပါတယ်။
templatemo.com is sharing standards-compliant HTML/CSS website templates to anyone and all templates are absolutely free to use for any kind of purpose. Newer templates are integrated with Flash or JavaScript based image sliders.
- templatemo.com ကတော့ စံသတ်မှတ်ချက်တွေ ကိုက်ညီတဲ့ HTML/CSS Website Templates တွေကို မျှဝေပေးတဲ့ Website ဖြစ်ပါတယ်။ Template တွေအားလုံးကို လုံးဝ (လုံးဝ) အခမဲ့ပေးပါတယ်။ ခုနောက်ပိုင်း Template အသစ်တွေကိုတော့ Flash ဒါမှမဟုတ် Javascript image sliders တွေ ထည့်ပြီး ဖြန့်ဝေပါတယ်။
koflash.com is a collection of beautiful and attractive Flash websites for your inspirations and ideas.
- koflash.com ကတော့ လှပတဲ့ စွဲဆောင်မှု အားကောင်းတဲ့ Flash Websites တွေကို ဖြန့်ဝေပေးပါတယ်။ အဓိကကတော့ ကိုယ်ပိုင် စိတ်ကူးတွေ အိုင်ဒီယာတွေ ကွန့်မြူးနိုင်စေဇို့ပါ။
webdesignmo.com is sharing useful tips about web design and some Flash tutorials for flashmo users but contents are updated or added occasionally.
- webdesignmo.com ကတော့ web design နဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ အချက်လေးတွေ ဝေမျှဖို့ ရည်ရွယ်ပါတယ်။ အဲဒီအပြင် flashmo အသုံးပြုတဲ့ Users တွေအတွက် Tutorials လေးတွေ တင်ဖြစ်ပါတယ်။ ဒါပေမယ့် Content တွေကို အလျှင်းသင့်သလိုပဲ တင်ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ အနေနဲ့ Win-Win Business ပုံစံဖြစ်တဲ့ templatemo.com တို့လို Online Business ပုံစံတွေကို မရင်းနှီးသေးပါဘူး။ အဲဒီလို Business Model အကြောင်းကို နည်းနည်းရှင်းပြပေးပါ။
Business model of templatemo.com is really simple. templatemo.com offers free templates and generates revenues by accepting advertisements from companies which sell premium templates or web design related services. templatemo.com is trying to be at the first position in Google Search result ranking when anyone search for web templates by entering “CSS Templates” or “Free CSS Templates” keywords. It appears at second or third or forth positions varying at this moment.
- templatemo ရဲ့ စီးပွားရေးပုံစံကတော့ အင်မတန် ရိုးရှင်းပါတယ်။ templatemo.com အနေနဲ့ အခမဲ့ Templates တွေပေးမယ်၊ အခြား Premium Template တွေရောင်းတဲ့ ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေ၊ Web Design နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေက ကြော်ငြာတွေ ရယူပြီး ဝင်ငွေရှာပါတယ်။
- templatemo.com ကို Google Search ရဲ့ ပထမဦးဆုံးနေရာကို ရယူနိုင်အောင် ကြိုးစားနေပါတယ်။ Google မှာ CSS Templates ဒါမှမဟုတ် Free CSS Templates လို့ ရိုက်ထည့်ပြီး ရှာလိုက်တဲ့အခါမှာ ထိပ်ဆုံးက ပြနိုင်အောင် ကြိုးစားနေတဲ့ သဘောပါ။ ခုတော့ ဒုတိယ၊ တစ်ခါတစ်လေမှ တတိယ၊ တစ်ခါတစ်လေမှ စတုထ္ထ အဆင့်နဲ့ မငြိမ်သေးပါဘူး။
There is a wide range of web designers and developers involved in various aspects of developing web templates including HTML/CSS, Flash, WordPress, Joomla, Magento, osCommerce, etc. This also leads to different levels of quality and service offering in web template industry such as free templates websites (like templatemo.com), premium templates (like templatemonster.com) and marketplaces (like themeforest.net). There are also platform-specific template or theme sellers in this industry.
- Web Designer တွေ Web Developer တွေ အနေနဲ့ HTML/CSS, Flash, WordPress, Joomla, Magento, osCommrece စတဲ့ နယ်ပယ်စုံမှာ ပါဝင်ပတ်သက် နေကြပါတယ်။
- အဲဒီလိုပဲ ဝန်ဆောင်မှုနဲ့ ပတ်သက်ရင်လည်း ပုံစံမျိုးစုံ ရှိပါတယ်။ အရည်အသွေး အမျိုးမျိုး ပုံစံအမျိုးမျိုးဆိုပါတော့။ Free Template Website လိုမျိုးဆိုရင် templatemo.com ပေါ့။ Premium Templates တွေဆိုရင် templatemonster.com လို marketplaces (ကိုယ်ဆွဲထားတဲ့ template တွေကို သွားရောင်းလို့ရပြီး သူများတွေ ဆွဲထားတဲ့ template တွေကိုလဲ ဝယ်ပြီး သုံးလို့ရတဲ့ လူအများအပြား ရောင်းဝယ်နေကြတဲ့ စျေးကြီးပါ) မှာဆိုရင် themeforest.net လို စသည်ဖြင့် ရှိကြပါတယ်။
- အခြား WordPress, Joomla စသည်ဖြည့် Platform ကို ဦးစားပေးပြီးရောင်းတဲ့ template (သို့) theme ရောင်းတဲ့သူတွေလည်း ရှိပါသေးတယ်။
Examples:
- woothemes.com for WordPress
- rockettheme.com for Joomla, Drupal, phpBB, WordPress
- flashmoto.com for Flash CMS
အဲဒီလို Business Model တစ်ခု အလုပ် ဖြစ်လာအောင် အချိန််ဘယ်လောက်ယူဖို့ လိုပါသလဲ။ သိထားသင့်တဲ့ အချက်တွေ ပြောပြပေးပါ။
Normally, it takes about 2 years to be successful enough in running a website in my opinion. However, it can be faster and a website can be successful in terms of market penetration and financial benefit within 6 to 12 months if [1] the contents are high quality and useful for majority of users AND [2] you have already gained good experiences in both technical and business aspects.
- ကျွန်တော့်အမြင်အရ ပုံမှန်အားဖြင့် Website တစ်ခုကို နှစ်နှစ်လောက် ကောင်းကောင်း လည်ပတ်လိုက်တယ် ဆိုတာနဲ့ အောင်မြင်ဖို့ လုံလောက်ပါတယ်။
- သို့သော်လည်း Website တွေ အနေနဲ့ အောက်က အချက်နှစ်ချက်နဲ့ ပြည့်စုံတယ်ဆိုရင် စျေးကွက် ထိုးဖောက်မှုမှာရော ငွေရေးကြေးရေး မှာပါ ၆ လ ၁ နှစ်အတွင်း အောင်မြင်နိုင်ပါတယ်။
- (၁) Content တွေက အရမ်းကောင်းမယ်၊ အသုံးပြုသူတွေအတွက်လည်း အရမ်းအသုံးဝင်မယ်ဆိုရင်
- (၂) ကိုယ့်အနေနဲ့ နည်းပညာပိုင်းမှာရော စီးပွားရေးပိုင်းမှာပါ အတွေ့အကြုံရှိပြီးသား ဆိုရင်
Examples:
- webdesignerdepot.com is a web design related blog which quickly gains a popularity and generate revenues from ads within 6 to 12 months.
- webdesignerdepot.com ဆိုတာ web design နဲ့ ပတ်သက်တဲ့ Blog တစ်ခုပါ။ အဲဒီဆိုက်က ၆ လ ၁ နှစ်အတွင်း မြန်မြန် ဆန်ဆန် တိုးတက်လာပြီး ပေါ်ပြူလာလည်း ဖြစ်လာသလို ပိုက်ဆံလည်း ရှာနိုင်လာပါတယ်။
- webdesignerdepot.com ဆိုတာ web design နဲ့ ပတ်သက်တဲ့ Blog တစ်ခုပါ။ အဲဒီဆိုက်က ၆ လ ၁ နှစ်အတွင်း မြန်မြန် ဆန်ဆန် တိုးတက်လာပြီး ပေါ်ပြူလာလည်း ဖြစ်လာသလို ပိုက်ဆံလည်း ရှာနိုင်လာပါတယ်။

- themeforest.net is a marketplace for selling or buying themes or web templates which quickly becomes one of the best template sellers within 6 to 12 months as it is a part of Envato network which already become famous and got a lot of attentions in web design industry.
- themeforest.net ကတော့ themes တွေ ရောင်းနိုင်၊ ဝယ်နိုင်တဲ့ အွန်လိုင်း စျေးကွက်နေရာပါ။
- သူလည်း အချိန်တိုတိုအတွင်း Template ရောင်းတဲ့ Website တွေထဲမှာ အကောင်းဆုံး Website တစ်ခု ဖြစ်လာပါတယ်။
- သူကတော့ အောင်မြင် ကျော်ကြားပြီးသား Evento ကွန်ယက်ရဲ့ အစိတ်အပိုင်း ဖြစ်နေတာကြောင့်လည်း ပါပါတယ်။
- Evento ကတော့ သိကြတဲ့အတိုင်း Web Design Industry မှာ စိတ်ဝင်စားမှု အခံရဆုံး ဖြစ်နေပြီးသားပါ။
Choosing a web business model, marketing and technical aspects are just easy things to learn these days as Google can help you for almost anything that you wanted to know. The tough thing is how to implement and maintain it for a long run when having a healthy relationship with different types of people – site visitors, advertisers, and business partners.
- Web နဲ့ ပတ်သက်ပြီး စီးပွားရေး ပုံစံ၊ စျေးကွက် နဲ့ နည်းပညာဆိုင်ရာ အမြင်တွေကို ရွေးချယ်ချင်တယ်ဆိုရင် ခုချိန်မှာ အင်မတန် လွယ်ကူတဲ့ အနေအထားမှာ ရှိပါတယ်။
- Google က ကိုယ်သိချင်တဲ့ အလုံးစုံကို သိအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။
- ဒါပေမယ့် အရမ်းခက်တဲ့ အပိုင်းက ရေရှည်မှာ Website တစ်ခုကို ဘယ်လို ထိန်းသိမ်း မောင်းနှင်သွားမလဲဆိုတဲ့ အပိုင်းပါပဲ။
- ဆိုက်ကိုရော ဆိုက်ကိုနဲ့ ဆက်စပ် ပတ်သက်လာမယ့် သူတွေဖြစ်တဲ့ လာလည်တဲ့သူတွေ၊ ကြော်ငြာရှင်တွေနဲ့ စီးပွားရေး ပါတနာတွေ အားလုံးနဲ့ ဆက်ဆံရေးတွေကို ဘယ်လို ထိန်းသိမ်းမလဲ ဆိုတဲ့ အပိုင်းတွေက အဓိက အခက်အခဲတွေပါပဲ။
The most important thing is to be honest to yourself and others when dealing with people for anything. Second important thing is to dare or brave enough to face “a failure” as people are usually afraid of failure in terms of investing both time and money which I think is the ultimate barrier not to be successful.
- ပထမအရေးအကြီးဆုံး အပိုင်းက လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ရိုးသားဖို့ပါပဲ။
- ဒုတိယ အရေးအကြီးဆုံးကတော့ ရှုံးနိမ့်မှုကို ရဲရဲ ရင်ဆိုင်နိုင်ဖို့ပါ။
- လူအအတော်များများက ရင်းနှီးမြှတ်နှံမှုတွေ ဆုံးရှုံးမှာ အချိန်တွေ ဆုံးရှုံးမှာ ကြောက်တတ်ကြပါတယ်။ အဲဒီလို ကြောက်တာက အောင်မြင်မှု အတွက် အဓိက အကျဆုံး အတားအဆီးပါပဲ။
Flash Website တွေကို Flashmo.com အနေနဲ့ လွင့်နေတဲ့သူ တစ်ယောက်အနေနဲ့ Flash ရဲ့ အနာဂတ်ကို ပြောပြ ပေးပါဦးခင်ဗျ။ Apple က Flash ကို ဖယ်လိုက်တဲ့အပေါ် အမြင်ကို သိချင်ပါတယ်။
Adobe Flash platform is getting so much better within last a couple of years when comparing itself 5 or 10 years ago. The performance is improved a lot after ActionScript 3.0 was introduced and more features are added from time to time.
In the past, Flash could run only on high power devices (desktops and laptops) and lighter version of Flash Player (known as FlashLite) run on some mobile devices. Now full Flash Player (v. 10.1) is being supported on lower power mobile devices (with Android 2.2 based) and the result is amazing. Android-based devices are quickly gaining popularity in the mobile market and number of devices is increasing at a very rapid rate.
Apple does not allow to run Flash Player on its iPhone and iPad devices as it can greatly affect their App store business. However, Adobe Flash CS5 iPhone packager can create applications for the iPhone and iPad devices.
Template တွေ တစ်ခုနဲ့ တစ်ခု မထပ်အောင် ရိုးမသွားအောင် စီစဉ်ဖန်တီး တင်ဆက်နေတာတွေ့ရပါတယ်။ အဲဒီလို ဖန်တီးတဲ့အခါမှာ အိုင်ဒီယာတွေကို ဘယ်လို ထုတ်ကြပါသလဲ။ အဖွဲ့လိုက်လုပ်ကြတယ် ဆိုရင်လည်း လုပ်ကိုင် ဆောင်ရွက်တဲ့ ပုံစံလေး သိချင်ပါတယ်။
Template Design Ideas come from everything we see on the web and the outside real world. I have a small team of designers for producing web templates. Basically, I set own rules in making templates. These rules are adapted from time to time by following the trend and learning users. I always give directions and requirements to my team and they produce templates accordingly.
Once templates are produced and submitted by my team, I do final editing and checking to all templates before I publish on templatemo.com website. In term of visual appearance, I carefully look into details and make necessary changes to layout graphics or images used. For the technical aspect, I check all HTML and CSS codes to see whether they are properly validated by W3C standards because we are producing standards-compliant templates.
အိုင်ဒီယာတွေ ထွက်လာအောင် ဘယ်လို အလေ့အကျင့်တွေ ပြုစု ပျိုးထောင်သင့်ပါသလဲ။
You can get a lot of great ideas by
- developing to have a very good observation at anything
- paying attention to every little detail no matter what you are doing
- looking into a lot of different websites
- thinking from different perspectives
I really appreciate for this interview. Good Luck everyone!
ခုလို ဖြေကြားပေးတဲ့အတွက် ကိုမင်းသူကို ကျေးဇူးအများကြီး တင်ပါတယ်။
(ဒီ အင်တာဗျူးကို ကျွန်တော် မြန်မာလိုပါ ဘာသာပြန်ပြီး တင်မလို့ပါ။ ဒါပေမယ့် ဒီရက်ပိုင်း ကျွန်တော် ဘယ်လိုမှ အချိန်မပေးနိုင်ဖြစ်နေတဲ့ အတွက် ဒီအတိုင်း တင်လိုက်ရပါတယ်ခင်ဗျ။ နောက်အချိန်ရတာနဲ့ အင်တာဗျူးကို မြန်မာလို ထပ်ပြီး ဖြည့်ပေးသွားပါ့မယ်ခင်ဗျာ။ ခုလို ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဖြစ်နေတာ အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။ မတင်သေးပဲ ထားရင်လည်း စာဖတ်သူတွေ မဖတ်ရမှာ စိုးတဲ့အတွက် တင်လိုက်ရတာပါ။ ရွှင်လန်းချမ်းမြေ့ပါစေ။)
Facebook comments:










ဖြေတဲ့လူက ဗမာစာမတတ်လို့ အင်္ဂလိပ်လို ဖြေထားတာလား ။
မဟုတ်ဘူးခင်ဗျ … မြန်မာစာရိုက်ဖို့ အခက်အခဲရှိလို့ပါ။ နောက် သူ့အနေနဲ့ အင်္ဂလိပ်လို ဖြေရတာ ပိုပြီး အဆင်ပြေတာကြောင့်ပါ …
မြန်မာလို ရေးဖို့ဆိုရင် စကားလုံး အသုံးအနှုန်းတော်တော်ကို စဉ်းစားရမယ်။
ကျွန်တော်လည်း ဘယ်လိုမှ ဘာသာပြန်လို့ မရတော့ဘူးဗျ၊ အရသာတွေ ပျက်သွာတယ်။ နောက် လှပတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းကို မြန်မာလို အစားမထိုးတတ်တော့ဘူးဗျ။ ဒီတော့ အင်္ဂလိပ်လိုပဲ ကျေးဇူးပြုပြီး ဖတ်ကြပါခင်ဗျ …
ဘာပဲဖြစ်ဖြစ်ဗျာ တင်ပေးတာကိုကျေးဇူးတင်တယ် ဖြေတဲ့သူရောမေးတဲ့သူရောကို
ကျေးဇူးအများကြီးတင်ပါတယ်
ခုလို လာလည်တဲ့အတွက်လည်း ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်ခင်ဗျာ
Great interview. I’ve been quite interested to know about these sites.
Cuz some valuation site shows that your sites worth over 200k.
Congrats man!
Thanks bro
Wow! I didn’t know that templatemo is made from a Myanmar. I’m so amazed. Thanks a lot.
ကျွန်တော် Myanmar Tutorials နဲ့ ရင်းနှီးခဲ့တာ ကြာပါပြီ – အမြဲတမ်း Comment မပေးဖြစ်ခဲ့ပေမယ့် Myanmar Tutorials မှာတင်တဲ့ အကြောင်းအရာ တော်တော်များများ ကို ဖတ်ဖြစ်ခဲ့ပါတယ်။ တစ်ချို့ အကြောင်းအရာတွေကို ကိုယ်တိုင်စိတ်ဝင်စားလို့ ဖတ်သလို – တစ်ချို့ အကြောင်းအရာတွေဆို စိတ်မဝင်စားပေမယ့် Contributors တွေရဲ့ စေတနာပါလှတဲ့ အရေးအသားတွေကို လေးစားလို့ ဖတ်ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖတ်ခဲ့ယုံတင် မဟုတ်ပဲ နယ်ပယ် အသီးသီးက ကိုယ့် အသိမိတ်ဆွေတွေကိုလည်း Myanmar Tutorials နဲ့ ရင်းနှီးလာစေဖို့ မိတ်ဆက်ပေးခဲ့သလို – ဖတ်ရှုကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ သူတို့တွေလည်း ကျွန်တော့်လိုပဲ Contributors တွေရဲ့ တန်ဖိုးဖြတ်မရတဲ့ စေတနာတွေကြောင့် Myanmar Tutorials ရဲ့ ထာဝရ ပရိတ်သတ်တွေ ဖြစ်လာခဲ့ကြတယ်။ ဒါပေမယ့် Myanmar Tutorials မှာ စာဖတ်ဖြစ်ခဲ့တဲ့ ကာလာတစ်လျှောက် စိတ်ထဲစနိုးစနောင့် ဖြစ်မိတာလေးတွေ ရှိခဲ့ပါတယ်။ အဲတာကတော့ တန်ဖိုးရှိတဲ့ အကြောင်းအရာ တွေ နဲ့ ဆွေးနွေး အဖြေရှာမှုတွေမှာ မြန်မာလူမျိုးတစ်ယောက် ဖြစ်နေလျက်နဲ့ အင်္ဂလိပ်လို အသားပေး ဖော်ပြမှုတွေပါ။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာလိုရေးနိုင် – ပြောနိုင် – ဖတ်နိုင် – နားလည်နိုင်တာကို ကျွန်တော် ဂုဏ်ယူပါတယ်။ လေးလည်း လေးစားပါတယ်။ ဒါပေမယ့် တစ်ခု အကြံပြုသိထားစေလိုတာ ကျွန်တော်တို့တွေက ပညာရပ်ကို ဝေမျှနေတာ ဖြစ်ပါတယ်။ ကိုယ်နားလည် သိရှိထားသလောက် ပညာရပ်ကို ဝေမျှတယ်ဆိုတာ အလယ်တန်း/အထက်တန်းလွှာ ပညာတတ် အသိုင်းအဝိုင်း တစ်ခုတည်းအတွက် အကျိုးဖြစ်ထွန်းနေတာထက် ဘာမှ မသိနားမလည်သေးတဲ့ အခြေခံလေ့လာသူ တစ်ယောက်ကို သိရှိနားလည်သွားစေ နိုင်တာမျိုး ဆို ပိုပြီး မသင့်တော်ပေဘူးလား ?? ကျွန်တော်တို့တွေ Website လုပ်တယ် Blog တွေရေးပြီး ဝေမျှနေကြတယ် ဆိုတာလည်း ကိုယ်တတ်သိနားလည်ထားတဲ့ ပညာကို တစ်ခြားသူ မည်သူ မည်ဝါမဆို လူတန်းစားအလွှာအသီးသီးက ကိုယ့် လူမျိုးတွေ နားလည်သိရှိ စေချင်လို့ အချိန်ကုန်ခံ လူပင်ပန်းခံပြီး ဝေမျှနေကြတာပဲ မဟုတ်ဘူးလား။ ဒီလို ခံယူချက်မျိုး Contributors တိုင်းရဲ့ စိတ်မှာ ရှိတာ သေချာပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ Interview မှာဆိုရင် Ko Min Thu အင်္ဂလိပ်လို ရေးသားဖြေကြားခဲ့တဲ့ အကြောင်းအရာဟာ သိပ်ပြီး ခက်ခဲနက်နဲတဲ့ အင်္ဂလိပ် အသုံးအနှုန်းတွေ ပါဝင်မနေတာမှန်ပေမယ့် သာမန် နည်းပညာနဲ့ အလှမ်းဝေးသေးတဲ့ သူတစ်ယောက်အတွက် အင်္ဂလိပ်လို ဖော်ပြချက် တစ်ခုဟာ ဖတ်ဖို့တွန့်ဆုတ်စေတဲ့ အပြင် နည်းပညာစကားလုံး တစ်ချို့နဲ့ ပေါင်းစပ်လိုက်တဲ့ အခါ နည်းပညာနယ်ပယ်နဲ့ အကျွမ်းတဝင် မရှိသေးတဲ့ လေ့လာဆဲ လူတစ်ယောက်အတွက် နားလည်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျစေပါတယ်။
အဲတာကြောင့် ကျွန်တော့် အနေနဲ့ အကြံပြုလိုတာ မြန်မာလူမျိုးချင်းချင်း ဝေမျှမှု တစ်ခုအတွက် ဖြစ်နိုင်မယ်ဆို မေးမြန်းသူရော – ဖြေကြားသူကပါ – မြန်မာလိုလေး ဖြေဆို ရေးသား ဖော်ပြပေးကြပါ – ခုလို ကိုသီဟက မြန်မာလိုမေး – ဖြေတဲ့သူက အင်္ဂလိပ်လို ဖြေဆိုတာကကျတော့ ကိုသီဟ အနေနဲ့လည်း ဒီအင်္ဂလိပ်လို ဖြေကြားချက်ကို နောက်တစ်ကြိမ် ဘာသာပြန်ပြီး ဖော်ပြပေးဖို့ ဆိုတာ အကြောင်းအရာတစ်ခုကို နှစ်ခါပြန် ဖော်ပြသလို ဖြစ်လို့ တော်တော်လေး အကျပ်ရိုက်စေသလို – ဒီအတိုင်း ဖော်ပြပြန်တော့လည်း တန်ဖိုးရှိတဲ့ အကြောင်းအရာ တစ်ခုက အားလုံး သတိမထားမိတော့ပဲ လူသိနည်းသွားစေပါတယ်။ အဲ့ထက်မှ ဖြစ်နိုင်ရင် မေးတဲ့သူက အင်္ဂလိပ်လို မေးရင်တောင် ဖြေတဲ့သူ အနေနဲ့ အများသူငါအတွက် အကျိုးရှိစေအောင် မြန်မာလိုလေးပဲ ဖြေပေးကြစေလိုပါတယ်။ ဒီကောင်က အင်္ဂလိပ် လိုပြောတာပဲ – ငါလည်း အင်္ဂလိပ်လိုပြောလိုက်မယ် ဆိုတာက မိမိကိုယ်ကိုယ် မြှင့်တင်ရာ ရောက်ပြီး တစ်ပါးသူအတွက် ပံ့ပိုးရာ မရောက်ပါဘူး – မိမိတန်ဖိုး မြှင့်တင်မှုနဲ့ တစ်ပါးသူအတွက် ဝေမျှမှုကို အချိုးညီစေချင်ပါတယ်။
Interview ကဏ္ဍမှာ ဖြေကြားပေးသူများ အားလုံး – ကိုသီဟနဲ့ Myanmar Tutorials မှ Contributors အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ –
ZT.
မင်္ဂလာပါ ZT
ZT ရဲ့ခံစားချက်ကို နားလယ်တယ်။ ကိုယ်ချင်းလဲ စာတယ်။
ဒီအင်တာဗျူးအတွက် ကိုသီဟနဲ့ တိုင်ပင်ထားတာက အင်္ဂလိပ်လိုရော မြန်မာလိုရော တင်ဖို့ပါ။
ရည်ရွယ်ထားတာကတော့ နည်းပညာလေ့လာနေကြတဲ့ မြန်မာတွေ အားလုံးအတွက် နည်းပညာသာမက အင်္ဂလိပ်စာပါ တိုးတက်စေချင်တဲ့ စေတနာပါ။
နည်းပညာနယ်ပယ်မှာ အင်္ဂလိပ်လိုကောင်းကောင်းတတ်ထားမှ အလုပ်ဖြစ်မှာပါ။
ဒီအင်တာဗျူးကို ကိုသီဟ အမြန်ဆုံး ဘာသာပြန်နိုင်ရင် ကောင်းမှာပါ။
ဟုတ်တယ် ကို ZT ရေ ကျွန်တော်တို့ အစက အဲဒီလို ဗားရှင်းနှစ်ခုနဲ့ တင်ဖို့ပါ ခက်တာက ကျွန်တော့်မှာ ဘာသာပြန်ရင်း ဒုက္ခတွေ့လာတာပါ။ ဘယ်လို ဒုက္ခလဲဆိုတော့ လှပတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို ထိရောက်အောင် ပြန်ဆိုဖို့ မလွယ်တဲ့ ပြဿနာပါ။ ဒီတော့ ကိုမင်းသူပြောသမျှ အားလုံး မြန်မာလို ပြန်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူပြောသွားတဲ့ Point တွေကို ကျွန်တော် ဆွဲထုတ်ပြီး အဆင်ပြေအောင် ကျွန်တော် စီစဉ်ပေးပါ့မယ်
ကျေးဇူးတင်ပါတယ် ကိုမင်းသူနဲ့ ကိုသီဟရေ –
စစချင်းတော့ ဒါကို ပြောဖို့ ရည်ရွယ်ချက် မရှိပါဘူး – အပြောမတတ်တော့ ဆဲသလို ဖြစ်မှာလည်း စိုးရိမ်မိတယ် – အားလုံးက စေတနာနဲ့ လုပ်ဆောင်နေကြတာကို ကျွန်တော်လည်း နားလည်ပါတယ် – ကျွန်တော်ကလည်း အဲ့လို စေတနာရှေ့ထားပြီး ဆောင်ရွက်နေကြတာကို သိလို့ ဒီ့ထက်ဒီ့ထက်ပိုပြီး အခြေခံကနေ အဆင့်မြင့်ထိ လေ့လာသူတွေကို လက်တွဲခေါ်နိုင်အောင် အကြံပြုကြည့်တာပါ – နားလည်ပေးကြလို့ ပိုပြီး ဝမ်းသာမိပါတယ်။
ZT.
အိုင်တီနယ်ကတော့ မဟုတ်ပါဘူး.. ဒါပေမယ့် စိတ်ဝင်စားတယ်.. ဂုဏ်ယူပါတယ်.. အများသိအောင် ကြော်ငြာ ပေးထားတယ်။
Congrats ကိုမင်းသူ
ကိုမင်းသူဖြေထားတာလေးတွေကို သဘောကျပါတယ် ။
ကိုမင်းသူနဲ့ ကိုသီဟ ရည်ရွှယ်ချက်မှန်ပါတယ် ။ အင်္ဂလိပ်လို ဖတ်ရတာ ပိုပီး အဆင်ပြေတယ် ထင်တယ်။ ခါတိုင်းတောင် google မှာ ကိုယ်သိချင်တာလေးတွေ အင်္ဂလိပ်လို ဖတ်နေရသေးတာပဲ ။
ပီးတော့ ကိုမင်းသူပြောတဲ့ “ရည်ရွယ်ထားတာကတော့ နည်းပညာလေ့လာနေကြတဲ့ မြန်မာတွေ အားလုံးအတွက် နည်းပညာသာမက အင်္ဂလိပ်စာပါ တိုးတက်စေချင်တဲ့ စေတနာပါ။ ”
အရမ်းကောင်းပါတယ်။နောက်လည်း အဲလိုမျိုးလေးတွေ တင်စေချင်တယ်။
ကျေးဇူးပါ။
i love ZT’s comment
I agree with Ko Min Thu
ကျနော့်မမြင်ကတော့ English လိုဖြေတာနဲ့တင် အဆင်ပြေပါတယ်။ ဘာလို့ဆို လူငယ်တွေ အနေနဲ့ အင်္ဂလိပ်လို interview တွေကို ရင်နီးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။
နောက်ပိုင်း တိုးတက်ဖို့က နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ articles, blogs, interviews စတာတွေလိုက်ဖတ်မှ ဖြစ်တာပါ။
အခုလို ကိုသီဟက မြန်မာလို ပြန်ပေးထားတာလဲ တစ်မျိုးကောင်းပါတယ်။ ယှဉ်ပြီးလေ့လာလို့ရတာပေါ့။
ကျေးဇူးတင်ပါတယ် ကိုမင်းသူနဲ့ ကိုသီဟ
ကျမတစ်ခု အကြံပြုလိုတာကတော့ .Tutorials တွေမှာ Flash မပါသေးတဲ့အတွက် Flash Tutorials တွေကိုလဲ မြန်မာဘာသာပြန်ပြီး ဝေမျှစေလိုပါတယ်. အထူးသဖြင့် Action Script တွေနဲ့ ပတ်သတ်တဲ့ Tutorials ဒါမှမဟုတ် E-book တွေကိုလဲ ဝေမျှပေးစေလိုပါတယ်ရှင်.. Flash ကို စိတ်ဝင်စားတဲ့ ကျမတို့လို beginner တွေအတွက် ကိုမင်းသူတို့လို ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ သင်ပြမှုတွေ အထူးလိုအပ်တယ် လို့ထင်ပါတယ်ရှင်..
လေးစားပါတယ် ကိုမင်းသူ ..
အခုလို အစ်ကို့ အင်တာဗျူးမှာ ဘာသာနှစ်မျိုးလုံးတင်ပေးတာ အရမ်း အဆင်ပြေပါတယ် ။
မြန်မာလို ဖတ်လိုတဲ့သူက ဖတ်လို့သလို English လို ဖတ်လိုသူတွေ အတွက်လည်း အဆင်ပြေပါတယ် ။ ဘာသာရပ် နှစ်မျိုးလုံး ပူးတွဲလေ့လာလိုသူတွေ အတွက်ဆို ပိုတောင် အဆင်ပြေပါလို့ ထင်ပါတယ် ။
ကျေးဇူးပဲ ကိုသီဟ နှင့် ကိုမင်းသူ ရေ ..
တစ်ခါတစ်လေ ဖါးတစ်ပိုင်း ငါးတစ်ပိုင်းရေးပြပေးတာက ပိုစိတ်ဝင်စားစရာ ကောင်းလို့ပါ ။
English လိုအရင်စဖတ် မသိတဲ့ မရင်းနှီး တဲ့ စာလုံးကိုကျတော့ ဘာသာပြန်ပေးထားတယ် .. မိုက်တယ်ဗျာ ..
Good Idea !!!
အခုလို comment တွေပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်။
တစ်ခုလောက် သိချင်ပါတယ်။ templatemo ထဲမှာ ရှိတဲ့ template တွေက ကိုမင်းသူ တစ်ယောက်တည်း ဖန်တီးထားတာလား ဆိုတာပါ။
တစ်မျိုးတော့ မထင်ပါနဲ့။ အားကျလို့ပါ။ နောက်ပြီး ကိုယ့်မြန်မာတစ်ယောက်က အခုလို အရမ်းတော်တာကို ဂုဏ်ယူမိလို့ပါ။
နောက်ပြီး ကိုမင်းသူရေ..
ကျွန်တော်ကတော့ မြန်မာလို ရေးတာကိုပဲ ပိုသဘောကျပါတယ်။ အင်္ဂလိပ်စာထက် အဓိကu တတ်သွားဖို့ပဲ မဟုတ်လား။ လုပ်တတ်သွားဖို့က ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ မြန်မာတွေရေးတာတွေက မြန်မာလို မဟုတ်တာကိုတော့ နည်းနည်း ရင်နာပါတယ်ဗျာ။
ဆိုပါစို့ ကမ္ဘာကသိအောင် လုပ်ရမဲ့အရာမျိုးဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ အခုတော့ ဟုတ်ကြသေးပါဘူးဗျာ။
ကိုမင်းသူက Tutorial တွေကို English လို ရေးထားတော့ ကျွန်တော်ထင်ပါတယ်။ ကိုမင်းသူပေးတာတွေကို အရင်တတ်သွားကြမှာတွေက မြန်မာမဟုတ်တဲ့သူတွေက ပိုများလိမ့်မယ် ထင်ပါတယ်။
ကျွန်တော် ဒါတွေ လှိမ့်ပြောနေတာက ဂျပန်နိုင်ငံကို ပြေးမြင်လို့ပါ။ ဂျပန်မှာ ဘယ်လို ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ မဟုတ်လား။
အားလုံးကို လေးစားလျှက်ပါ။
Ko Thurein,
Thanks for writing to me.
We have a team of Myanmar Web Designers who create templates for templatemo.com
Both technical and language skills are important if you want to be successful in web design industry. (For Example: Hands and Legs, we cannot say hands are more important than legs or vice versa since they have different purposes and functions. We need to have both.)
In this post, we give you 2 valuable things (information and language). It is your choice to take both OR either one.
ဒီ interview မှာပေးထားတာက တန်ဖိုးရှိတဲ့အရာ ၂ မျိုးပါ။ ကိုယ့်စိတ်ကြိုက် ၂ မျိုးလုံးယူချင်လဲရတယ်။ ၁ မျိုးပဲ ရွေးယူလဲရတယ်။ ကျွန်တော့်ဖက်ကတော့ ပေးချင်တဲ့ အရာတွေနဲ့ ပေးချင်တဲ့ရည်ရွယ်ချက်ကို မပြောင်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ အခုလိုဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။
အခုလိုသိရလို့ အားလုံးကိုလည်းကျေးဇူးတင်တယ်။ ကိုယ့်အတွက်လည်းအသိတိုးသလို
ကိုယ့်ကိုကိုယ့်ယုံကြည်စိတ်လည်းဝင်လာရတယ်။ ငါအလှည့်ကျရင်လည်း ဘယ်လိုအတွေးမျိုး၊ ဘယ်လိုစိတ်နေစိတ်ထားမျိုးဆိုတာကအစ ထားရကောင်းမှန်းနားလည်လာပါတယ်။ အားလုံးအတွက် ကျေးဇူးပါ။
Could I know how much Ko Min earn from templatemo.com for a month? I am not saying on money, just want to know as the knowledge. Please answer me.
Could I know how much Ko Min Thu earn from templatemo.com for a month? I am not saying on money, just want to know as the knowledge. Please answer me.
Baby IT,
We do not disclose the financial information. However, I give you an idea about how much revenue other (web design related) sites are making at this moment. You may check their ad rates on http://buysellads.com/buy and choose “web design” related categories.
Example: WebDesignerDepot.com ad rates are http://buysellads.com/buy/detail/1564
ကိုမင်းသူလို လူမျိုတော့ ရှားပါတယ်ဗျာ။ အားကျတယ်။ ကျွန်တော့်အတွက်စံပါဘဲ။ ဆက်ပြီးအောင်မြင်ပါစေကွာ။