Interview with Ko Ko Ye
ကျွန်တော့်အနေနဲ့ Ubuntu ဆိုရင် ကိုကိုရဲရဲ့ ဆောင်းပါးတွေနဲ့ အဓိကလေ့လာနေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း Ubuntu နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးလေ့ရှိပြီး ရေးတိုင်းလည်း ကျွန်တော့်အတွက် အသုံး ဝင်လှပါတယ်။ Windows က Adobe PageMaker ကို Ubuntu ကို သုံးချင်တာကို ကိုကိုရဲရဲ့ ဆောင်းပါး ဖတ်ပြီးမှသာ သုံးနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ တစ်ခြား Ubuntu နဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ Tips and Tricks တွေ လည်း အများကြီး ရေးသားနေတာ တွေ့ရပါတယ်။ Ubuntu နဲ့ ကိုကိုရဲ၊ ကိုကိုရဲနဲ့ Ubuntu ခွဲခြားလို့ မရတော့အောင် မြင်နေမိပါတော့တယ်။ တစ်ခါက သူပြောဘူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ T-Model ဆိုတာ၊ သူကိုယ်တိုင်လည်း သူပြောတဲ့အတိုင်း T-Model လို လေ့လာ ဆည်းပူးနေတယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကျွန်တော် သူ့ကို အင်တာဗျူးချင်နေခဲ့တာ ကြာပါပြီ။
ကိုကိုရဲရေ မင်္ဂလာပါခင်ဗျာ။ ခုလို အင်တာဗျူးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ အင်တာဗျူးလေး စလိုက်ရအောင်ဗျာ။
ကိုကိုရဲရေ … ကျွန်တော်တို့ Myanmar Tutorials ပရိတ်သတ်ကို ကိုကိုရဲအကြောင်း အကျဉ်းချုပ်ပြောပေးပါ။ နောက် Online မှာ ဘာတွေ လှုပ်ရှားနေလဲ ဘယ်ဆိုက်တွေ Run နေတယ်ဆိုတာလေး ပြောပြပေးပါခင်ဗျ။
ကျွန်တော် ကိုကိုရဲ ဆိုတဲ့ အမည်နဲ့ပဲ Knowledge Bridge Magazine မှာ IT ပိုင်းဆိုင်ရာ အယ်ဒီတာ အနေနဲ့ တာဝန် ယူထားပြီး Linux ပိုင်းဆိုင်ရာ လက်တွေ့ လုပ်ဆောင်ချက်တွေ အဓိကထားပြီး ရေးသားနေပါတယ်။ Online အနေနဲ့ကတော့ လောလောဆယ် http://www.ubuntu4mm.org ဆိုတဲ့ ဆိုက်လေးကို သက်တမ်းတိုးပြီး အချက်အလက်တွေ ထပ်ဖြည့်သွားဖို့ လုပ်နေပါတယ်။ အရင်ကတော့ ကိုရဲမာန် လုပ်ထားတာ လေးပါ။ ကျွန်တော်က Ubuntu ဆိုက်ကို မြန်မာလို လုပ်ချင်တဲ့ ဆန္ဒရှိတာ ကြာပါပြီ။ ဒါပေမယ့် တကွဲတပြား ဖြစ်နေမှာဆိုးလို့ တစုတစည်းတည်း ဖြစ်သွားအောင် ကြိုးစား ခဲ့တာပါ။
www.ubuntu4mm.org
Network & Server Services တွေလည်း ဆောင်ရွက် နေပါတယ်။ အင်တာနက်ဆိုင်တွေ ရုံးခန်းတွေကို Server အဖြစ် Linux နဲ့ပဲ Squid ကို Proxy (Bypass,Banded) အနေနဲ့ကော Cache အနေနဲ့ကောသုံးပါတယ်။ လိုင်း ၂ လိုင်းပေါင်းပြီးသုံးဖို့အတွက် Load balance Server/ Wireless ကို Uername Password နဲ့ အချိန်, ပမာဏ, Download,Upload Limited နဲ့ အသုံးပြုနိုင်ဖို့ အတွက် Wifi-Hotspot စသဖြင့် Services ပြုလုပ်ပေးပါတယ်။ အခြားဆိုက်တွေကတော့
Ubuntu ရဲ့ သမိုင်းကြောင်းလေးကို ပြောပြပေးပါလားခင်ဗျ။ Ubuntu က Desktop နဲ့ Server လောကကို ဘယ်လောက်ထိ သက်ရောက်မှု ရှိပါသလဲ။
Ubuntu ကတော့ 2004 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Linux Kernel သုံး Ubuntu Distro ပါ။ Ubuntu ဟာ Debian Distro သမား တစ်ယောက်က Debian ပေါ်မှာ ကိုယ်ပိုင် စိတ်ကူးတွေ ထုတ်သုံးထားတဲ့ Open Source OS ဖြစ်ရုံသာမက အခမဲ့ OS လည်းဖြစ်ပါတယ်။ ကျွန်တော် စသုံးဖြစ်ခဲ့တာက ၂၀၀၆ ခုနှစ်ထုတ် Dapper Drake ပါ။ Ubuntu ရဲ့ အမည်ကို အာဖရိက ဘာသာစကားနဲ့ ပေးထားတာပါ။ မြန်မာလို ပြောမယ်ဆို လူသားခြင်း စာနာ ထောက်ထားခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ လွတ်လွတ်လပ်လပ် သုံးလို့ရတဲ့ OS တစ်ခု ဖြစ်တဲ့အပြင် မှာယူမယ်ဆိုရင် အခမဲ့ ပို့ပေးပါတယ်။ ဒီမှာ စာတိုက်မှာ သွားရွေးရုံပါပဲ။ ကိုယ်တိုင် Online ကနေ Download လုပ်မယ်ဆိုရင် cdimage.ubuntu.com ကနေ ၂၀၀၄ ခုနှစ်ထုတ် Ubuntu Kubuntu, Xubuntu Ubuntu-Netbook-Remix(UNR) ကနေ အခုလက်ရှိ 10.04 အပြင် ၁၀ လပိုင်းမှာ ထုတ်မယ့် 10.10 ကိုပါ စိတ်ကြိုက် Download ရယူနိုင်ပါတယ်။
စိတ်ကြိုက် ပြန်လည် ပြောင်းလဲပြီး ကိုယ်ပိုင် iso လေး ထုတ်ထားရင် Windows လို OS တင် ပြီးရင် Driver တင် ပြီးမှ Software တွေတင် စတဲ့ ဒုက္ခတွေ မကြုံရတော့ပါဘူး။ အခွေ တစ်ချပ်ထည်းမှာ အကုန် ထည့်ထားပြီး install လုပ်တာနဲ့ တစ်ခါတည်း ပါသွားမှာပါ။ install မလုပ်ချင်ရင်လဲ Live Function ပါတာကြောင့် CD လေး စက်ထဲထည့်ပြီး သုံးနေလဲ ရတယ်။ USB Stick ကနေ သုံးမယ်ဆိုလဲ ရတယ်။ အခြား Distro တွေနဲ့ မတူတာက Windows User တွေကို အဓိကထားပြီး အသုံးပြုရ လွယ်ကူအောင် စီစဉ်ထားတယ်။ ဒါပေမယ့်လည်း pclinux လိုမျိုး linxp လိုမျိုး Windows ကို ပုံတူ ကူးထားတာလည်း မဟုတ်ဘူး။ Design ကိုတော့ Windows နဲ့ Mac ရဲ့ကောင်းကွက်လေးတွေ ယူသုံးတဲ့ Debian Base Linux ပါပဲ။ YLMF လိုမျိုး Windows XP style Ubuntu ကိုရနိုင်သလို ကိုယ်တိုင်လဲ Mac Style, Windows 7 style ပြန်ပြောင်း ရယူနိုင်ပါတယ်။
Ubuntu က Desktop မှာတင်မက Server မှာပါ အဆင်ပြေပါတယ်။ Desktop နဲ့ သာမန် ဆာဗာတွေမှာ အမြန်နှုန်း သိပ်မသိသာပေမယ့် 64 bit စက်တွေမှာတော့ Ubuntu Server က သိသိသာသာကြီးကို Windows ထက် မြန်ပါတယ်။ ဒါပေမယ့် Server ပိုင်းမှာ တကယ့် Linux သမားတွေ အတွက် RedHat, Fedora, CentOS တွေ ရှိနေတာပါပဲ။ သူတို့ကပိုပြီး လုံခြုံရေးပိုင်း ပိုတင်းကျပ်တာပဲ ဘာလို့ Ubuntu ကို သုံးကြသေးလဲလို့ မေးစရာ ရှိပါတယ်။ Ubuntu မှာ သာမန် ဆော့ဝဲတွေကို Download ဆွဲဖို့ရှာရတာတွေ Source တွေကို Download ဆွဲပြီးမှ Compile လုပ်ရတာတွေကို ကျော်လွှား နိုင်ပါတယ်။ အခြားဆော့ဝဲတွေကို ဖြတ်ကျော် သွားတာကတော့ Debian ကနေ သယ်ဆောင်လာတဲ့ apt (Advanced Packaging Tool) ဆိုတဲ့ Software Management System ပါပဲ။ Debian နဲ့ Ubuntu မှာ apt, dpkg, aptitude တွေရှိသလို RedHat နဲ့ Feroda မှာ yum, RPM တွေ ရှိနေတာပါပဲ။ apt-get install ဆိုတဲ့ နောက်မှာ ကိုယ် အသုံးပြုလိုတဲ့ Software နာမည်လေး ရိုက်ရုံနဲ့ လိုအပ်တဲ့ ဆော့ဝဲတွေ သွင်းပေး သွားမှာလေ။ ပိုမို ပြည့်စုံတဲ့ Ubuntu ရဲ့ apt ကြောင့် ပိုမို ကြိုက်နှစ်သက် ခဲ့ကြတာပါ။
သူက ၆ လတစ်ကြိမ် Upgrade ထပ်ထုတ်ပါတယ်။ update ကတော့ နေ့စဉ်ကို လုပ်ယူနိုင်ပါတယ်။ OS တစ်ခုထုတ်ရင် Code Name နဲ့ ခေါ်တာထက် Version နဲ့ ခေါ်တာ များပါတယ်။ Code Name ကို သတ္တဝါလေးတွေ အမည်နဲ့ ချစ်စဖွယ် ပေးထားလေ့ ရှိပါတယ်။ Version ကတော့ ၂၀၀၄ ခုနှစ် ၄ လပိုင်း(ဧပြီလ) ထုတ်တဲ့ Ubuntu ကို 4.04 လို့ပေးပြီး ၁၀ လပိုင်းထုတ်ကို 4.10 လို့ Version သတ်မှတ်ပါတယ်။ အခုလက်ရှိ 10.04 ထွက်ရှိထားပြီး ၁၀ လပိုင်းမှာတော့ 10.10 ကိုရယူအသုံးပြုနိုင်တော့မှာပါ။
4.10 Warty Warthog 2004-10-20
5.04 Hoary Hedgehog 2005-04-08
5.10 Breezy Badger 2005-10-13
6.06 LTS Dapper Drake 2006-06-01
6.10 Edgy Eft 2006-10-26
7.04 Feisty Fawn 2007-04-19
7.10 Gusty Gibbon 2007-10-18
8.04 LTS Hardy Heron 2008-04-24
8.10 Intrepid Ibex 2008-10-30
9.04 Jaunty Jackalope 2009-04-23
9.10 Karmic Koala 2009-10-29
10.04 LTS Lucid Lynx 2010-04-29
10.10 Maverick Meerkat 2010-10-10
Ubuntu သုံးသင့်တဲ့ အချက် (၁၀)ချက်လောက် ပြောပြပေးပါခင်ဗျ။
1. Without Partitioning (With Wubi)
Ubuntu တင်ဖို့အတွက် သီးသန့် Partition မလိုပါဘူး။ Windows ထဲမှာ 4GB လောက် နေရာလွတ်ရှိရင် Google Talk ကို အင်စတော လုပ်သလိုပဲ လွယ်လွယ်ကူကူ ထည့်သွင်း အသုံးပြု နိုင်ပါတယ်။ မကြိုက်ရင်လဲ ပြန်ဖြုတ်ပစ်ဖို့ Windows ထဲမှာ Ubuntu Uninstaller ကို ထည့်သွင်း ပေးသွား ပါလိမ့်မယ်။ Ubuntu ကို Wubi နဲ့ သွင်းရင် Restart မချခင် ၅ မိနစ်လောက် အပါအဝင် ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြားမှာပဲ အသုံးပြုဖို့ အဆင်သင့် ဖြစ်နေ ပါလိမ့်မယ်။ Partition နဲ့တင်ချင်တာ မရှိတော့လို့ ဆိုပြီးလဲ စိတ်မပျက်ပါနဲ့ လက်ရှိ Partition တွေထဲက လွတ်နေတဲ့ နေရာတွေစုပြီး Partition အသစ် ဖန်တီးဖို့အတွက် Drag and Drop ပါပဲ။ လက်ရှိ Data တွေကိုလဲ မထိခိုက် စေပါဘူး။ Ubuntu မှာ လက်ရှိ သုံးနေတဲ့ Partition ကို Size ပြောင်းလဲနိုင်တဲ့ Disk Utility ပါပါတယ်။ မိမိစက်ရဲ့ HDD ကို အသေးစိတ် ကြည့်နိုင်ပါတယ်။ ပြုပြင် ပြောင်းလဲ နိုင်ပါတယ်။ Windows ရဲ့ Disk Management ထက် အများကြီး သာပါတယ်။
2. Activation
Activation လုပ်စရာ မလိုပါဘူး။ Windows ကို Crack တော့ လုပ်ပေးမှ ကူးယူ သုံးစွဲနိုင်တာပါ။ ဝယ်သုံးလဲ Activation လုပ်ပေး ရပါမယ်။ Ubuntu ရဲ့ ဘယ်အမျိုးအစား ဘယ် Version မှာ Activate လုပ်စရာ မလိုပါဘူး။ အခမဲ့ မှာထားတဲ့ အခွေ ဒီရောက်လာလဲ ဒီတိုင်း သုံးနိုင်ပါတယ်။
3. Customization
Mac Style ကြိုက်လား Windows 7 ကြိုက်လား အဲတာတွေ သုံးချင်စိတ် မရှိလို့ ဆိုရင်လဲ ကိုယ်ပိုင် ဒီဇိုင်းတစ်ခု လုပ်နိုင်တာက Ubuntu ရဲ့ လူကြိုက် များတဲ့ တစ်ချက်ပါ။ Mac ရဲ့ Dock နဲ့ Windows 7 ရဲ့ Themes, Menu တွေသုံး ပြီးမှ Ubutnu icon နဲ့ထားတဲ့ OS တစ်ခုကို သာမန် User တစ်ယောက်က ဖန်တီး နိုင်တယ်။ ပြီးရင် ကိုယ်ပိုင် OS လို CD ထုတ်ထားပေါ့။ ဘယ်စက်မှာ မဆို ပြန်တင်ပြီး အဲဒီ ပုံစံအတိုင်း ရယူ နိုင်မယ်လေ။ YLMF လဲ Windows Xp ပုံစံအတိုင်း ရအောင် အဲလို လုပ်ထားတဲ့ Ubuntu OS ပါပဲ။
4. Virus
Virus မရှိဘူး ဆိုရင်တော့ လိမ်တာပဲ။ Linux မှာ Virus ရှိတယ်။ ဒါပေမယ့် Windows ရဲ့ Virus တွေက File System မတူတဲ့ Linux ကို မကိုက် နိုင်ဘူးလေ။ Linux အတွက် Virus သီးသန့် ရေးရတာဆိုတော့ စီးပွားလဲမဖြစ် လူလဲ အမြင် ကပ်နိုင်တာမို့ Linux အတွက် သိပ်မရေး ကြဘူး။ ၂၀၀၅ စစ်တမ်းအရ Windows Virus ၂၀၀၀၀ ဆိုရင် Linux Virus က ၁ တဲ့။ အော် Windows မှာ Virus တက်နေရင် Ubuntu CD နဲ့ Live တက်ပြီး Virus တွေကို ဖျက်နိုင် နှိမ်နှင်း နိုင်တယ်နော်။ Avast,  AVG,  Avira, Panda, BitDefender, NOD32 နဲ့ Cleam တွေက Ubuntu Live CD ဒါမှမဟုတ် USB Stick ထဲကို ထည့်သုံးရုံပဲလေ။
5. Live CD / Live USB
Ubuntu ကို Live အနေနဲ့ သုံးရတာ သိပ်လွယ်ပါတယ်။ Ubuntu OS ကို USB Stick ဒါမှမဟုတ် CD နဲ့ သုံးရင်လဲ Function အပြည့်အဝ သုံးနိုင်တာပါပဲ။ Windows မတက်တော့တဲ့ စက်က Data တွေကို Recovery လုပ်နိုင်ဖို့၊ Virus တက်နေတဲ့ Windows ကို ရှင်းလင်းပစ်ဖို့၊ လက်ရှိ သုံးနေတဲ့ Partition တွေကို ပြုပြင် ပြောင်းလဲနိုင်ဖို့ Ubuntu Live CD ကိုသုံးနိုင်ပါတယ်။ Live လုပ်ဖို့အတွက် ဘာမှ ထွေထွေထူးထူး မလိုပါဘူး။ သူ့ Original CD ကကို Live အနေနဲ့ သုံးနိုင်တယ်။ အဲဒီ OS ထဲမှာကို live USB လုပ်နိုင်မယ့် Application လဲ ပါပြီးသားဗျ။ System -> Administration -> USB Creator ဆိုပြီး ရှိနေပါတယ်။ Live ကနေ application တွေကို အသုံးပြုနေပြီး Document တွေ photo တွေကို ဖန်တီး ပြုပြင်နေရင်း မိမိစက်ထဲကို Installation လုပ်နိုင်တဲ့ OS တစ်ခုကို အကြောင်းသိတွေ ကြိုက်ကြပါတယ်။
6. Hardware support
Windows XP ကို 45 မိနစ်ကျော်ကြာ တင်ပြီးရင် အသံပိုင်းဆိုင်ရာ ရုပ်ထွက် ပိုင်းဆိုင်ရာ Audio, Graphic Driver တွေ ထပ်သွင်းပါ။ ပြီးမှ Software တွေသွင်းပေါ့။ Windows 7 မှာ အချိန် အဲလောက် ကြာကြာ Install မလုပ်ရပေမယ့် သူ့အတွက် Support မလုပ်လို့ Printer Driver ကို ခက်ခက်ခဲခဲ ရှာကြည့် ဖူးပါလိမ့်မယ်။ ရှာရခက်တဲ့ Windows Driver တွေကို Ubuntu မှာ တန်းသိ တာကတော့ သုံးစွဲသူတွေ အကြိုက် ဖြစ်စေမယ့် တစ်ချက်ပါပဲ။ Ubuntu မှာ Install လုပ်ပြီးတာနဲ့ Audio Driver ကိုသိပြီးသားပါ။ Graphic ကတော့ Intel နဲ့ nVidia တွေကို သိပါတယ်။ ATI အတွက်နဲ့ နောက်ဆုံးထုတ် nVidia တွေအတွက် လောက်ပဲ Driver ကို Download လုပ်စရာ လိုပါတယ်။ သာမန် Driver တွေအပြင် Windows 7 မသုံးနိုင်တဲ့ Printer တွေရဲ့ ၇၅% ကို Ubuntu မှာ ဘာမှ လုပ်ပေးစရာ မလိုပဲ လွယ်လွယ်ကူကူ သိနေပါတယ်။ USB headset, Printer, Fax, Blue-tooth စသဖြင့် Windows မှာ ထပ်ထည့်ပေးရတဲ့ Driver တွေကို Ubuntu မှာ ဒီအတိုင်းသိပါတယ်။ Mobile ဖုန်းတစ်လုံးကို Windows မှာ ဒီအတိုင်း ချိတ်လို့ရတယ် ဆိုရင် USB Storage အနေနဲ့ပဲ မြင်နိုင်ပါတယ်။ Ubuntu မှာတော့ Firmware ကိုပါ သိနိုင်တယ်။ Hardware လိုအပ်ချက်လဲ အရမ်း နည်းပါးပါတယ်။ Windows 7 အတွက်
  • HDD 20 GB
  • RAM 1 GB
  • CPU 1 GHz
  • Graphic DirectX 9 graphics device with WDDM 1.0 or higher driver
အနည်းဆုံးလိုအပ်ပါတယ်။ Ubuntu အတွက်ကတော့
  • HDD 5 GB
  • RAM 512 MB
  • CPU 1 GHz
  • Graphic 1024×786 (Desktop Virtual Effect Enable for GPU)
အနည်းဆုံးလိုပါတယ်။ စက်အသစ် တစ်လုံး ဝယ်စရာမလိုပါဘူး။ လက်ရှိ စက်မှာတင် ဘာမှ ထပ်မံ တိုးမြှင့်စရာမလိုပဲ စမ်းသပ်လို့ ရရှိနိုင်တာမျိုးပါ။
7. Update and Upgrade
Ubuntu 9.04 ကနေ 9.10 ကို Upgrade လုပ်ချင်ရင် Alternative CD ရှိပါတယ်။ Alternative CD နဲ့ Upgrade လုပ်မယ်ဆိုရင် OS အဟောင်းပေါ်က ဖိုင်တွေ အသုံးချ ဆော့ဝဲတွေကို ဒီအတိုင်း OS အသစ်ပေါ်မှာ ပြန်မြင်ရမှာပါ။ Windows XP ကနေ 7 ကို Upgrade လုပ်မယ် ဆိုရင်တော့ အနည်းဆုံး ၄ နာရီလောက် ကနေ နာရီ ၂၀ ကြာနိုင်ပါတယ်တဲ့။ Page Maker လို ဆော့ဝဲတွေလည်း အဆင်ပြေပြေ ပါမလာနိုင်ပါဘူး။ ၆ လ တစ်ကြိမ်ထုတ်တဲ့ Ubuntu Version တိုင်းမှာ Alternative အနေနဲ့ ထုတ်ပေး ထားပါတယ်။ နောက်ပြီး Windows XP ကနေ 7 ကို Upgrade လုပ်မယ်ဆိုရင် USB Storage ဒါမှမဟုတ် အခြား ကွန်ပျူတာ တစ်ခုခုနဲ့ Network ချိတ်ဆက်ပြီး Backup လုပ်ဖို့ လိုပါလိမ့်မယ်။ Ubuntu ကတော့ မလိုပါဘူး။ တကယ်လို့ Ubuntu ကို OS အသစ် တစ်ခုအနေနဲ့ Upgrade မလုပ်ပဲ Kernel လို့ခေါ်တဲ့ Linux ရဲ့ အဓိက အပိုင်းပဲ Upgrade လုပ်မယ် ဆိုလဲရပါတယ်။ Software တွေပဲ Upgrade လုပ်ချင်လဲ ရပါတယ်။ Ubuntu Updater က အင်တာနက်နဲ့ချိတ်ဆက်တိုင်း Software တွေ Kernel တွေအသစ်ရှိမရှိ ကိုယ့်ကို အကြောင်းကြား နေမှာပါ။ ကိုယ်ကြိုက်တဲ့ အပိုင်းပဲ Upgrade လုပ်နိုင်ပါတယ်။ OS ကို Upgrade မလုပ်လဲ LTS လို့ခေါ်တဲ့ Ubuntu Long Term Support တွေဆိုရင် Desktop ကို ၃ နှစ် Server ကို ၅ နှစ် အထိ တရားဝင် Update တွေ ထုတ်ပေးနေမှာပါ။
8. Re-Install but Without Losing Your Data
Ubuntu ကို ဖိုင်တစ်ခုခု မှားဖျက်မိလို့ OS မတက်တော့တဲ့အထိ ကိုယ်တိုင် လုပ်ပစ်နိုင်သလား … ? ဟုတ်ကဲ့လို့ပဲ ဖြေရမှာပဲ Virus တွေ မကိုက်ပေမယ့် အရေးကြီးတဲ့ System File တွေကို root အနေနဲ့ သုံးပြီး ဖျက်ပစ်ရင် တကယ် ဖျက်မလားတောင် ပြန်မမေးပဲ ခွင့်ပြု ပေးလိမ့်မယ်။ Windows မှာတော့ Administrator အနေနဲ့တောင် ဖွင့်မကြည့်နိုင်တဲ့ ဖိုင်တွေ ရှိတယ်နော်။ Free and Open Source ဆိုတာ အဲတာကို ပြောတာပါ။ အခမဲ့ရတာကို ဆိုလိုတာ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ကို လုပ်ပိုင်ခွင့် ပေးထားတာကို ပြောတာပါ။ အဲဒီတော့ ဖျက်မိလို့ OS မတက်တော့ဘူး ဆိုပါဆို့။ Ubuntu ကိုပြန်တင်လိုက်ပါ။ နဂို / (root) မှာပဲ ပြန်ရွေးပါ။ Format ကို မရွေးချယ်ခဲ့ပါနဲ့။ အရင် Data တွေနဲ့ OS ကို ပြန်ရပါပြီဗျာ။
9. Access More than 4GB RAM
Windows XP ပဲဖြစ်ဖြစ် Windows 7 ပဲဖြစ်ဖြစ် 32 bit မှာ 4GB RAM တင်သုံးတဲ့ လူတွေတွေ့ဖူးမှာပါ။ 64 Bit မှာတော့ သူတို့သုံးထားတဲ့ RAM တွေဟာ ကောင်းကောင်း အလုပ်လုပ် မှာပေါ့ဗျာ။ အဲ 32 Bit Windows တွေမှာတော့ 3GB ထက်ပိုပြီး လက်မခံနိုင် မသိနိုင်ပါဘူး။ Ubuntu မှာ PAE Kernel ကို RAM 3GB ထက်ကျော်ရင် သုံးပါ။ Squid အတွက် အကောင်းဆုံး Cache Server ဖြစ်ဖို့ Memory 8GB ထည့်ပေးမယ် ဆိုလည်း ရပါပြီ။ 32 bit Windows တွေရဲ့ ပိုနေတဲ့ 1GB အတွက် ဘာမှ လုပ်မပေးနိုင်တာ နှမျှောစရာပဲ။
10. Ready Made OS
Windows XP မှာလဲ Internet Explorer ပါတာပဲဗျာ။ Windows နဲ့လဲ အင်တာနက်သုံးနိုင်တာပေါ့။ ဒါပေမယ့် Gtalk နဲ့ Yahoo Messenger ကိုတော့ထပ်သွင်းရမှာပါပဲ။ Ubuntu မှာတော့ Gtalk Yahoo စသဖြင့်သုံးနိုင်တဲ့ Empathy ဆိုတဲ့ Instant Messenger / Mozilla Firefox / Open Office (same Word/Excel/PowerPoint) / Disk Utility / Audio Player / Video Player / စသဖြင့် အကုန်ပါဝင်ပြီးသားဖြစ်ပြီး Internet အတွက်လဲ တကယ့် အဆင်သင့် OS တစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာ DVD တစ်ချပ် တစ်ထောင်လောက်နဲ့ ရနေတော့ Pirate, Free နဲ့ OpenSource တွေရဲ့ ကွာခြားချက်တွေကို ပြောပြပါဦးဗျ။ နောက် လူတွေအနေနဲ့ Open Source ဆိုရင် Open Source အလျှောက် တန်ဖိုးထားတတ်ဖို့ ဘာတွေ သိဖို့ လိုမလဲ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ နိုင်ငံတကာ Copyright Law တွေလိုက်နာဖို့ လိုလာနိုင်စရာ အကြောင်း ရှိပါတယ်။ အဲဒီအခါကြရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
မကြာခင်ကပဲ ဂျပန်နဲ့ ယိုးဒယားမှာ ခိုးကူး OS နဲ့ Software တွေ ရှောင်တခင် ဖမ်းတာ သောင်းဂဏန်း ကျော်သတဲ့ဗျာ။ ဒါက ကျွန်တော် Windows ခိုးသုံးသူတွေကို ချောက်လှန့်တာ မဟုတ်ပါဘူး။ ဂျပန်လို တိုးတက်နေတဲ့ နိုင်ငံမှာတောင် ခိုးကူးတွေ သုံးတယ် ဆိုတာ ပြောချင်တာပါ။ ဒီအတွက် နောက် ၄-၅-၁၀ နှစ်အထိ Windows ကိုခိုးသုံး စေဦးတော့ သုံးနေနိုင်တယ်လို့ ဆိုလိုချင်တာပါ။
ကျွန်တော် Windows ထက် Ubuntu ကို လိုက်ခဲ့တာ အခကြေးငွေကြောင့် မဟုတ်သေးပါဘူး။ လွတ်လွတ်လပ်လပ် သုံးစွဲရလို့ပါ။ Windows ထက် Customize လုပ်နိုင်တယ်၊ ကိုယ့်ဘာသာ စကားနဲ့ ပြုပြင် ပြောင်းလဲဖို့ လုပ်နိုင်မယ်၊ စိတ်ကြိုက် ပြုပြင်ပြီး ကိုယ့်လုပ်ငန်းနဲ့ ဆီလျှော်အောင် ပြုလုပ်နိုင်တယ်၊ မလိုအပ်တဲ့ Driver, Module, Software တွေ ဖြုတ်နိုင်ပြီး လိုအပ်တာတွေ ရွေးချယ် ထည့်သွင်းနိုင်တယ်၊ စသဖြင့် စွမ်းနိုင်ရင် စွမ်းနိုင်သလောက် ကိုယ်တိုင် ပြုပြင် ပြောင်းလဲနိုင်မယ်။ အခု မြန်မာမှာ Windows 7 ခွေကို 1000 တောင် ပေးမဝယ်ပဲနဲ့ သူငယ်ချင်းဆီက ငှားပြီး တင်လို့ ရနေသေးတာပဲ။
ဒါပေမယ့် တကယ်ပဲ မြန်မာပြည်ကို Copyright Law ရောက်ချိန်မှာ Windows ကမှ အသုံးဝင်တယ် ဆိုရင်တော့ ဆက်သုံးနိုင်ပါတယ်။ အခကြေးငွေ ပေးပြီးတော့ပဲ ဖြစ်ဖြစ် ခိုးပြီးသုံးတာပဲ ဖြစ်ဖြစ်ပေါ့။ သေချာတာကတော့ အိမ်သုံး ရုံးသုံး OS အတွက်ကတော့ Ubuntu ကို ဘာမှ မပြင်ဆင်ပဲနဲ့ တောင် သုံးနိုင်ပါတယ်။
Free and Open Source ကို လေ့လာကျွမ်းဝင်တဲ့ လူဟာ Richard Stallman ပြောတဲ့ Free is Free speech အပြင် Free is Free Beer ကိုပါ ခံစားရမှာပါပဲ။ အဲဒီမှာ Free and Open ကို အခမဲ့နဲ့ လွတ်လပ်ခြင်းလို့ ပြန်ဆိုကြပေမယ့် မူရင်းကတော့ ထိန်းချုပ်ထားမှုမရှိတဲ့ လွတ်လပ်မှုနဲ့ ပွင့်လင်းခြင်းကို ဆိုလိုပါတယ်။ ဒါပေမယ့် ၁၆ ရာစုက Cost of Free ရဲ့တွင်ကျယ်မှုကြောင့် Free ဆိုရင် အခကြေးငွေ မပေးဆောင်ရသော / အခမဲ့ ဆိုပြီး ထင်မှတ် မှားကြလို့ FLOSS လိုခေါ်ခဲ့ကြတာပါ။ FLOSS ဆိုတာ Free / Libre / OpenSourceSoftware ပါ။ F ကတော့ Free ကိုဆိုလိုပြီး L ကိုတော့ စပိန်နဲ့ ပြင်သစ်လို libre ပေါ်တူဂီလို livre အီတလီလို libero ဖွင့်ဆိုခဲ့ကြပြီး Free as Freedom ကိုတတ်နိုင်သမျှ အနက် ဖွင့်ခဲ့ ကြပါတယ်။
ဒါပေမယ့်လည်း အခုချိန်ထိ Free Linux Open Source Software ဆိုပြီး အခမဲ့ရနိုင်သော Linux ပွင့်လင်း ရင်းမြစ်များ အဖြစ် ထင်မြင်ခဲ့လို့ အခမဲ့ အလကား OS သုံးလို့ မကောင်းဘူး ထင်ခဲ့ကြတာပါ။ တကယ်တော့ Open Source တိုင်း အခမဲ့မဟုတ်သလို Free Software ဆိုတိုင်းလဲ စီးပွားမဖြစ်ဘူး မမြင်လိုက်ပါနဲ့။ ဥပမာ အင်တာနက် ဆိုင်တွေမှာ သုံးတဲ့ Squid ကို အခမဲ့ Download ရယူနိုင်ပါတယ်။ အဲတာကိုမှ Bypass / denied /cache အသင့် သုံးနိုင်အောင် MPT အတွက် Bagan အတွက်ဆိုပြီး သေချာလုပ်ထားတဲ့ Squid ကို အခမဲ့ လိုက်ဝေမယ် ထင်ပါသလား။ php ကိုကော အခမဲ့ရပေမယ့် php နဲ့ရေးထားတဲ့ Website တွေကို php သမားတွေက အခမဲ့ လုပ်ပေးရမယ်လို့ OSS ဥပဒေမှာ ပါလာသလားဆိုတာ စဉ်းစား ကြည့်ရပါမယ်။ OSS ရဲ့ ဆိုက်မှာ ရေရှည် ထောက်ပံ့မှု ပေးနိုင်ရန် ငွေကြေး အနည်းငယ်ကို တစ်ကြိမ် တောင်းယူနိုင်ဖို့ လိုင်စင်ကို ပြောင်းလဲ နိုင်ကြောင်း ပါဝင်ပါတယ်။
ကျွန်တော် Ubuntu နဲ့ Linux အကြောင်းလေးတွေ ရေးထားတာအချို့ကို
မှာ ဖတ်ရှုနိုင်ပါတယ်။
ကျွန်တော်တို့တွေ အဖိုးနှုန်းသက်သာတဲ့ Computer တွေမှာ Ubuntu တင်ပြီး Software တွေ ထည့်မယ်ဆိုရင် ဘာတွေ ထည့်မလဲ။
vlc
Best Player (mp3 တွေ mp4 တွေ 3gp တွေကောင်းကောင်းဖတ်တယ် အသံကျယ်တယ်။)
mp3, mp4, 3gp, Encoder
gnome-do
Launch – Dock other Dock ( http://www.makeuseof.com/tag/8-power-docks-for-your-linux-machine/)
windows+space လေးပုတ်ပြီး ကြိုက်တဲ့ ဆော့ဝဲနာမည် ရိုက်ခေါ်နိုင်သလို Mac ရဲ့ Dock လိုလဲ သုံးနိုင်တယ်။ Link မှာသွားကြည့်ရင် အခြား Dock တွေပါ တွေ့နိုင်ပါတယ်။
cheese
your webcam with Graphical Effect (ကိုယ့် Webcam နဲ့ ပုံလှလှလေးတွေ Video Effect လေးတွေ ထည့်နိုင်တယ်။)
Compiz Settings Manager (Desktop က Effect တွေကို Compiz မှာ Setting ပြင်ပေးရတယ်။ Compiz ကပါပြီးသား ဒါလေးသွင်းပြီး စိတ်ကြိုက် ပြောင်းလဲနိုင်ပြီ။)
audacity
A multi-track audio editor and recorder (ဒီအောက်က လေးခုက Image ပိုင်းဆိုင်ရာ ၂ ခု DTP အတွက် ၁ခုနဲ့ 3D တွေဖန်တီးနိုင်မယ့် တစ်ခုပါ။)
gimp
similar Photoshop
Inkscape
Draw Freely (similar CorelDraw)
Scribus
DTP (similar Page Maker)
Blender
3D graphics application
တကယ်လို့များ အင်တာနက် ချိတ်ဆက်ထားတဲ့ စက်မှာဆိုရင် ဒီလိုမျိုးလေး ရိုက်ပြီး Install လုပ်နိုင်ပါတယ်။
Aug-1-2010 မှာ BAK မှာ ပွဲရှိပါတယ်၊ အဲဒီကြရင် အဲဒီ Software တွေအပြင် အခြားဆော့ဝဲတွေလည်း ပေးဖို့ ရှိပါတယ်။
Ubuntu အနေနဲ့ Online ဖြစ်မှု လိုအပ်ချက်ကြီးလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ Update လုပ်မယ်ဆိုရင် အမြဲပဲ Online ရှိနေဖို့ လိုအပ်နေပါတယ်။ အဲဒီလို လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်မယ့် Offline ဖြည့်စည်းပေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးပါ။
အဲတာကို ဖြည့်စွမ်းနိုင်ဖို့ Offline Update ဆိုပြီး လုပ်ပေးနေပါတယ်။ မကြာခင် သြဂုတ်လ တရက်နေ့ BAK မှာ အခြား ဆွေးနွေးပွဲ တွေနဲ့အတူ အင်တာနက် ရှိစရာမလိုပဲ သွင်းယူနိုင်အောင် လုပ်ထားတဲ့ Software တွေ Update တွေကို အခမဲ့ ဖြန့်ဝေဦးမှာပါ။ အဲဒီလိုလုပ်ဖို့ Command တွေ သုံးစရာမလိုပဲ သာမန် အသုံးပြုသူတွေ လုပ်နိုင်အောင် Windows က BAT လို sh Script ရေးထားတာ ရှိပါတယ်။ မကြာခင်မှာ အဲဒီ Script နဲ့ အလုပ်လုပ်ပုံ ရှင်းလင်းချက်ကို http://www.scribd.com/kokoye2007 မှာ တင်ပေးပါ့မယ်။ အဲဒီ Script ရှိရင် Online သမားတွေရဲ့ Software တွေနဲ့ Update လုပ်ထားသမျှကို မျှဝေသုံးစွဲနိုင်ပါပြီ။
ခုချိန်မှာ Core i7 Laptop နှစ်လုံးရှိတယ် ဆိုပါစို့၊ တစ်လုံးမှာ Windows 7 ထည့်ထားမယ်။ တစ်လုံးမှာ Ubuntu ထည့်ထားမယ်။ တစ်လုံးပဲ ယူခွင့်ရှိမယ် ဆိုရင် ဘယ်အလုံးကိုယူမလဲ။ ဘာကြောင့်လဲ။
အင်တာဗျူးအတွက် MyanmarTutorials ကို ကျေးဇူးတင်ပါတယ်။
Facebook comments:
19 Responses
  1. Nano Nano says:
    တတယ့်တကယ်ကို မတရားအသုံးဝင်တဲ့ ဒီအင်တာဗျူးအတွက်
    Myanmartutorials အား Cheers!
  2. ကိုသီဟရေ ကျေးဇူးဗျာ myanmartutorial မှာ linux နဲ့ပတ်သက်လို့ ကျွန်တော်ဖတ်မိသလောက်တော့မတွေ့သေးဘူး ဒါပထမဦးဆုံးပဲထင်တယ်နော် နောက်ထပ် linux နဲ့ပတ်သက်တဲ့ Post လေးတွေကိုလည်းတင်စေချင်ပါတယ်
    • Thiha says:
      ဟုတ်တယ်ဗျ။ ကျွန်တော်ကတော့ Linux နဲ့ ပတ်သက်ရင် မသိတော့ ကိုကိုရဲကို အပူကပ်ရမယ် :D
      အားလုံးကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ
  3. zms says:
    Ubuntu iso လေး down ပြီး cd ရိုက်ထားတာ မသုံးဖြစ်ဘူးဗျာ ဒီနေ့တော့ စသုံးကြည့်လိုက်မယ်။ ကျေးဇူးပဲ ကိုကိုရဲ နဲ့ ကိုသီဟရေ့
  4. mgpyone says:
    why the show is at Aug 1 :( :(
    I wish I could come
  5. fokhwar says:
    MyanmarTutorials Interview are very useful. Thanks ko thiha.
  6. အောင်သူမိုး says:
    ကိုကိုရဲ ရေ၊ ubuntu ကို အိမ်ကစက်မှာတင်သုံးကြည့်တယ်။ ဘာလို့လဲ မသိဘူး virtual effect တွေမရဘူး၊ သီချင်းတွေရော၊ video တွေပါဖွင့်မရဘူး။ အိမ်မှာက net မချိတ်ထားလို့ software download ဆွဲလို့လဲ မရဘူး။ install လုပ်တုန်းက တော့ error တက်သေးတယ်။ ဆိုင်က ဝယ်လာတဲ့အခွေက မကောင်းလို့လားမသိဘူး။ ဘယ်လိုလုပ်လို့ရလဲ။ ပြီးတော့ open source အကြောင်းလေးသိချင်လို့ပါ။ open source ကို လုပ်ကြတဲ့ programmer တွေအနေနဲ့ ဘယ်က ဝင်ငွေရတာလဲ။ သူတို့တွေက ရူးသွပ်မှ တစ်ခုတည်းနဲ့လုပ်နေကြတာလား။linux နဲ့ window နဲ့ရော network ချိတ်နိုင်လား။ ရှင်းပြပေးပါဦး။ ကျေးဇူးတင်ပါတယ်။ ဒီ post လေးတင်ပေးလို့။
    • mgpyone says:
      Hi , First of all, you should ask that kind of questions @ http://qna.myanmartutorials.com/ :)
      > virtual effect တွေမရဘူး၊
      You’ll require compizconfig-setting-manager as he stated above .. I think he’d distributed offline-update and repositores for gettings that kinda of ones.
      > သီချင်းတွေရော၊ video တွေပါဖွင့်မရဘူး။
      Yup. you’ll need ubuntu-restricted-extras .. I humbly want to advise to use VLC instead of default ones.
      > open source ကို လုပ်ကြတဲ့ programmer တွေအနေနဲ့ ဘယ်က ဝင်ငွေရတာလဲ။
      For example, developers from Mozilla got the salaries from the Mozilla Foundation, .. the foundation itself is supported by many organizations like Google , Yahoo and so forth. also I think u’ll notice that the search box @ Firefox beside of Address Bar.. . Google’ve to pay to Mozilla millions of money for that kind of space.
      > သူတို့တွေက ရူးသွပ်မှ တစ်ခုတည်းနဲ့လုပ်နေကြတာလား။l
      Perhaps, but they will need regularly earning , supports for long term developments.
      > linux နဲ့ window နဲ့ရော network ချိတ်နိုင်လား။
      Sure, you can make it easily ! Many articles around the Internet like : http://www.reallylinux.com/docs/sambaserver.shtml , feel free :)
      for that kind of testing, you definitely test with some VMs by using Virtual Box :)
      Have Fun !
    • kokoye2007 says:
      ဘာလို့လဲ မသိဘူး virtual effect တွေမရဘူး၊
      Graphic Card ကိုတချက်ကြည့်ပေးပါ။ Intel နဲ့ nVidia တွေမှာ တန်းရပါတယ်။ ATI လား ဒါမှမဟုတ် အမျိုးအစားကို သိရင်ဖြစ်ဖြစ် ကူညီနိုင်ပါလိမ့်မယ်
      သီချင်းတွေရော၊ video တွေပါဖွင့်မရဘူး။
      wav တွေ ogv တွေရပါတယ်။
      sudo apt-get install ubuntu-restricted-extras
      ဒါမှမဟုတ် sudo apt-get install vlc ကိုသွင်းလိုက်ပါ။ mp3,4 တွေ 3gp တွေပါဖတ်ပါတယ်။
      အိမ်မှာက net မချိတ်ထားလို့ software download ဆွဲလို့လဲ မရဘူး။ install လုပ်တုန်းက တော့ error တက်သေးတယ်။ ဆိုင်က ဝယ်လာတဲ့အခွေက မကောင်းလို့လားမသိဘူး။ ဘယ်လိုလုပ်လို့ရလဲ။
      Online သုံးထားတဲ့လူတွေဆီက မျှဝေယူတဲ့နည်း တင်ပေးပါ့မယ်။ လွယ်ကူပါတယ်။
      ပြီးတော့ open source အကြောင်းလေးသိချင်လို့ပါ။ open source ကို လုပ်ကြတဲ့ programmer တွေအနေနဲ့ ဘယ်က ဝင်ငွေရတာလဲ။ သူတို့တွေက ရူးသွပ်မှ တစ်ခုတည်းနဲ့လုပ်နေကြတာလား။
      ရူးသွပ်လို့လုပ်ကြတဲ့လူများပါတယ်။ အကုန်လုံးမဟုတ်ပေမယ့် ဝင်ငွေရနိုင်တဲ့ OSS တွေရှိသလို ဝင်ငွေမရနိုင်တဲ့ Ubuntu လိုမျိုး OSS တွေအတွက် အခြားရှုဒေါင့်တွေက ငွေရှာနည်းရှိပါတယ်။ ရံပုံငွေပစ္စည်း၊ သင်တန်း၊ သီးသန့် ဖန်တီးပေးမှု၊ အောင်လက်မှတ်အတွက် စာမေးပွဲဝင်ကြေး၊ စသဖြင့်ပေါ့။ ဒါမှမဟုတ် အခမဲ့ လုပ်ပေးနေတဲ့ လူတွေကို လစာကောင်းကောင်းနဲ့ အချိန်ပိုင်း တဖက်လှည့်အလုပ်ပေးထားတာမျိုးက ကြာရှည်ပြီဖြစ်တဲ့ နည်းလမ်းတွေပါ။
      linux နဲ့ window နဲ့ရော network ချိတ်နိုင်လား။ ရှင်းပြပေးပါဦး။
      ချိတ်နိုင်တာပေါ့ smb ဆိုတဲ့ SAMBA ကိုနည်းနည်းလေ့လာလိုက်ပါ။ အရမ်းလွယ်တယ်လို့မပြောပေမယ့် စိတ်ကြိုက် Permission ပေးနိုင် Manage လုပ်နိုင်တဲ့ smb ကိုကြိုက်မှာပါ
      ကျေးဇူးတင်ပါတယ်။ ဒီ post လေးတင်ပေးလို့။
      Myanmar Tutorials က မေးတာ ပညာသားပါလို့ ကောင်းတာပါ။ ကိုယ့်ဘာသာဆို ဘယ်ကစပြောရမှန်းမသိဘူး။ MT က ကိုသီဟကို ကျွန်တော်လဲ အထူးကျေးဇူးတင်ပါတယ်။
  7. Yamarmoto says:
    ကိုအောင်သူမိုးရေ
    Virtual Effect တွေ သုံးချင်တယ်ဆိုရင်ဖြင့် Graphic အတွက် Driver လိုနေလို. ဖြစ်ပါလိမ့်မယ်ခင်ဗျာ. . .
    သီချင်း . . ဗီဒီယို တွေကတော့ Install လုပ်ပြီးပြီးချင်း ဖွင့်လို.မရသေးပါဘူး။ vlc player ဖြစ်ဖြစ် . . . သူ.မှာပါတဲ့ Player အတွက် codec ထည်.ပေးလိုက်ရင် အဆင်ပြေပါလိမ့်မယ် . . . . .
    Driver, Codec, VLC Player အစရှိသည် တွေကို ၁ ရက်နေမှာ လုပ်မယ့်ပွဲကျရင် ကိုကိုရဲဆီက တောင်းယူနိုင်ပါတယ်ခင်ဗျာ.
  8. ဒီမှာပဲမေးတော့မယ်ဗျာ… ကိုကိုရဲ ရဲ့ scribd မှာ မြန်မာလိုမမြင်ရဘူးဗျ.. ဒေါင်းလုပ်ဆွဲဖတ်မှရမှာလား… အဲဒါလေးသိချင်လို့ပါ…
  9. သိပ်ကောင်းတယ်ဗျာ ။ ကိုကိုရဲရော MT ရောအရမ်းကျေးဇူးတင်တယ်ဗျာ။
    Ubuntu ကိုကျယ်ကျယ်ပြန် ့ပြန် ့သုံးလာကြဖို ့မျှော်လင့်မိပါရဲ ့။
    Ubuntu ပွဲလေးတွေကိုလည်းမကြာမကြာလုပ်ပေးစေချင်တယ်ဗျာ ကိုရဲ ။
    ကျေးဇူးတင်လျှက် …
  10. kotharthar says:
    linux အတွေ့အကြုံတွေ နဲ့ opensource ဗဟုသုတတွေ အများကြီး ဖတ်ရတာ ဝမ်းသာပါတယ်။
    နောက်ဆုံးမှာ Windows 7 နဲ့ Ubuntu laptop မှာ Windows 7 ပဲယူသင့်တယ် ပြောလိုက်တာကို
    တော်တော် လေးစားသွားတယ်ဗျ။ တစ်ဖက်စွန်းရောက် Linux သမားမဟုတ်တာရယ်…
    အခြေအနေနဲ့ သုံးစွဲသူအတွက် အကျိုးပိုရှိတာကို ဖော်ပြနိုင်တာ ကိုက ကိုကိုရဲကို ပိုလေးစားသွားစေပါတယ်။
    ကိုကိုရဲ ပြောသလိုပဲ Ubuntu က အခမဲ့ ဘယ်အချိန်မဆို ဘယ်နေရာမဆို ရနေမှာ သုံးစွဲခွင့်ရှိနေမှာလေ။
  11. အောင်သူမိုး says:
    ကိုကိုရဲ ခင်ဗျား၊ Ubuntu ပေါ်မှာ driver ကိုဘယ်လို install လုပ်ပါသလဲ။ ကျွန်တော်က Dell inspiron 1464 သုံးပါတယ်။ wireless device က Dell Wireless 1397 WLAN-Mini-card ပါ။ wireless ကိုက အလုပ်မလုပ်တော့ online update လုပ်ဖို့ အခက်အခဲ ဖြစ်နေလို့ပါ။ ပြီးတော့ Ubuntu ပေါ်မှာ software, hardware driver ဘယ်လို install လုပ်ရတယ်ဆိုတာမသိလို့၊ ရှင်းပြပေးစေချင်ပါတယ်ခင်ဗျ။
    • kokoye2007 says:
      ကိုအောင်သူမိုးရေး အကို Comment ကိုအခုမှ မြင်တယ်ဗျာ။ ဆောရီး
      ကျွန်တော် Email နဲ့ Driver ပို့ပေးချင်သဗျ။ အဆင်ပြေရင်ပေါ့။
      http://www.broadcom.com/support/802.11/linux_sta.php ဒီကနေ Driver ဖိုင်ကို Download ရယူနိုင်ပါတယ်။ Install လုပ်ရတာတော့ Command တွေနဲ့ပေါ့ဗျာ။
      အဲ ဒါမှမဟုတ်ရင်တော့ WL-Install ဆိုတဲ့ Script ကို http://scribd.com/kokoye2007 မှာ ဒီညတင်ပေးမယ်ဗျာ။ အဲတာလေးကို Gedit နဲ့ သိမ်း WL-Install.sh ဖိုင်အနေနဲ့ပေါ့ဗျာ။ ပြီးရင် Right Click နဲ့ Winodows မှာ ပြောင်းသလိုပဲ Properties အောက်က Permission မှာ Allow executing file as program ကိုအမှန်ခြစ်ပေးပါ။ ပြီးရင် ဖြေထားတဲ့ Wireless Driver Folder ထဲကိုထည့်ပေးပါ။ ပြီးရင်တော့ WL-Install ကို Click ပေးပါ။ ဒါဆိုရင် ဘာမှထပ်လုပ်ပေးစရာမလိုပဲ Wifi ကို တန်းသိပါလိမ့်။ အဆင်မပြေရင်မေးပို့ပါခင်ဗျာ။
  12. HAN says:
    ကျနော်လည်း ubuntu ကို kokoye` တို့.. ကိုစေတန်တို့ အဆွယ်ကောင်းတာနဲ့ သုံးဖြစ်ခဲ့ပါတယ်… :D
    အဓိကကေတော့ အင်တာနက်ကို ဝင်းဒိုးစ်ထက် ဗိုင်းရစ် ကင်းသထက် ကင်းအောင်နဲ့ အပြင်က memory stick တွေ သုံးဖို့အတွက်ပါ… နောက်ပိုင်းမှပဲ တဖြည်းဖြည်း တခြားနယ်ပယ်တွေကို စိတ်ဝင်စားလာတယ်…
    စသုံးသူတွေအဖို့ ( အထူးသဖြင့် အင်တာနက်လိုင်းမချိတ်ထားသောသူများ ) App တွေကိုသွင်းရတာ အဆင်မပြေပါဘူး…
    Windows လို Step by Step GUI install မဟုတ်တော့ စသုံးသူတွေအဖို့တော့ စိမ်းတာပေါ့ဗျာ….
    အင်တာနက်ရှိရင်တော့ အဆင်ပြေပါတယ်…. တခါတလေ ဒေါင်းရင်တောင် error တွေပြပါတယ်…..
    ကောင်းတဲ့ အင်တာဗျူးလေးပါဗျာ….. :)
  13. m0rRis says:
    တော်တော်ကောင်းတဲ့ interview လေးပါဗျာ
    ဗျုးပေးတဲ့ mmtut ကျေးဇူး
  14. ကိုလင်း says:
    MMF က ညီအစ်ကိုတွေ ကျေးဇူးကြောင့် ရောက်လာတာပါ…. ပထမဆုံးအကြိမ် ဖြစ်ပေမယ့် ဖေးဘရိတ် ထဲမှာ အတ် လိုက်ပြီဗျာ…. နောက်ဆိုရင်မျက်စိ နောက်အောင်ကို
    ရောက်လာတော့မယ်… တန်ဖိုးရှိ တဲ့ ဗဟုသုတလေးတွေအတွက် ကိုကိုရဲ ကိုရော ကိုသီဟ
    ကိုပါ ကျေးဇူးပါနော်…… အခတ်အခဲရှိရင်လဲမေးမယ်နော်???…..
  15. comcraziez says:
    I can’t read this post.
    I already install myanmar3 fonts, But I can’t.
    please……….
Leave a comment
*