Interview with Ko Chit (MyanmarITPro) Part II

ခုမှ စဖတ်မယ့် သူတွေအတွက် ပထမပိုင်းကို ပြန်ညွှန်းလိုက်ပါတယ်။

ကိုချစ်က နည်းပညာ လောကမှာ ရှေ့မှီနောက်မှီလို့ ပြောလို့ရတဲ့ သူတစ်ယောက်ပါ။ ကိုချစ်ရဲ့ နည်းပညာသမား ဘဝအကြောင်းကို အကျဉ်း အားဖြင့် သိချင်ပါတယ်လို့ Myanmar Tutorials ပရိသတ် တစ်ဦးက မေးခိုင်းပါတယ်။


ဟုတ်ကဲ့ ကျွန်တော် တော်တော် စောပါတယ်။ ၁၉၈၉က ကျွန်တော် စင်္ကပူထွက်သွားပြီး ကျောင်းတက်၊ အဲဒီကတောက်လျှောက် ၉၃၊ ၉၄ ကွန်ပျူတာ လုပ်ငန်းစလုပ်၊ ကွန်ပျူတာ ပရိုဂရမ်မာ၊ ကွန်ပျူတာ Technician၊ နောက် ၉၆၊ ၉၇ ဗမာပြည်မှာ ကုမ္ပဏီ ပြန်လာထောင် ပြီးတော့ စီးပွားရေး လုပ်ပေါ့လေ၊ ၂၀၀၁ ထိပေါ့၊ ၂၀၀၁ မှာ ကျွန်တော် ဒီမြန်မာ Inforithm လီမိတက်ပေါ့လေ၊ ကျွန်တော်အဲဒီ multimedia software တွေရေးတဲ့ကုမ္ပဏီမှာ CEO အနေနဲ့ co-founder အနေနဲ့ ကျွန်တော် လုပ်ဖြစ်ပါတယ်။ ၂၀၀၁ မှာ ကျွန်တော်အမေရိကား ရောက်လာပြီးတော့ ဒီမှာ ကျောင်းတက်၊ နောက်ဒီမှာ နိုင်ငံတစ်ကာမှာ လုပ်နေတဲ့ Technology နဲ့ Management Consulting ပေါ့၊ တလွိုက် Consulting မှာ အကြံပေးအနေနဲ့ အခုဆိုရင် ကျွန်တော် ငါးနှစ်ရှိပါပြီ၊ ကျွန်တော် ဆက်လုပ် ဖြစ်ပါတယ်၊ နောက် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအနေနဲ့ Start up တွေ၊ နောက် Outsourcing နဲ့ပတ်သတ်တဲ့ ကုမ္ပဏီတွေတို့ နောက် Product Development ကုမ္ပဏီတွေကို အကြံပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေပါတယ်။

Startup ဆိုတဲ့ အခန်းကဏ္ဍကို ကိုချစ် အခုနေနေတဲ့ အမေရိကန်လို နိုင်ငံမှာ အကြီးအကျယ် အားပေးမြှင့်တင် ပေးလေ့ရှိတာ တွေ့ရပါတယ်။ ဘယ်လိုပုံစံမျိုးတွေနဲ့ အထောက်အပံ့ပေးပါသလဲ။ အစိုးရပိုင်း၊ အဖွဲ့အစည်းပိုင်း၊ အကြံပေး စသည်ဖြင့် ဘယ်လိုပံ့ပိုးမှုတွေ ပြုလုပ်ပေးလေ့ ရှိပါသလဲ။

ဟုတ်ကဲ့ Start up ကတော့ ကျွန်တော်တို့ ဒီဘက်မှာ အရမ်း အရေးကြီးတဲ့ ကဏ္ဍပါ။ စီးပွားရေး တိုးတက်မှုအတွက် အဓိက ကျပါတယ်၊ ကုမ္ပဏီ အသစ်တွေ၊ Innovation လို့ခေါ်တဲ့ တီထွင်မှုတွေနဲ့ပဲ စီးပွားရေး ယန္တရားကို ဆက်လက် မြင့်တက်အောင်လုပ်ရတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒီမှာ ကျွန်တော် တွေ့တာကတော့ အဓိကကျတဲ့ အပိုင်းက Human Resource(လူသားအရင်းအမြစ်)၊ ဒီနိုင်ငံမှာက တက္ကသိုလ်၊ ကောလိပ် ကျောင်းကောင်းတွေမှာ ကုမ္ပဏီတွေက အဲဒီမှာ သွားပြီးတော့ recruit လုပ်ပါတယ်၊ အလုပ်လုပ်ဖို့ ခေါ်ကြပါတယ်၊ အဲလိုခေါ်တဲ့ အချိန်မှာကတည်းက တစ်ချို့ကျောင်း တော်တော်များများ ဥပမာ Stanford တို့ Barclay ဒီဘက်က ကျောင်းကြီးကြီး တစ်ကယ်ကောင်းတဲ့ ကျောင်းတွေဆိုရင် တစ်ချို့ ကျောင်းသားတွေ ကျောင်းတက် နေစဉ်မှာပဲ အလုပ်အကိုင် အခွင့်အလမ်းနဲ့ မဟုတ်ပဲနဲ့ Start Up လုပ်ဖို့ဆိုပြီးတော့ venture capital farm တွေ Investment တွေက ကျောင်းမှာ လုပ်ထားတဲ့ ပရိုဂရမ်တွေ ရှိပါတယ်၊ အဲဒီပရိုဂရမ်တွေက ကျောင်းတက်နေတဲ့ ကျောင်းသားတွေကို ခုနကပြောသလို အခမဲ့ Training ပေါ့နော်၊ နည်းပညာနဲ့ ပတ်သတ်တဲ့ Training မျိုးတွေပေးတယ်၊ နောက်သူတို့ကို competition၊ သူတို့ရဲ့ အိုင်ဒီယာတွေ Brainstorm လုပ်ခိုင်းပြီးတော့ ပြိုင်ခိုင်းတယ်၊ အဲဒီအကောင်းဆုံး အိုင်ဒီယာတွေကို အခုနပြောတဲ့ Investors တွေ၊ အဖွဲ့အစည်းတွေကနေပြီးတော့ ဆုအနေနဲ့ ပေးပြီးတော့ ဥပမာ ဒေါ်လာတစ်သောင်းပေးမယ် ပြီးတော့ အဲဒီ အိုင်ဒီယာကို တစ်ကယ့် Product ဖြစ်အောင် prototype ပေါ့နော်၊ Develop လုပ်ခိုင်းတယ်၊ ဆိုတော့ အဲဒီလိုမျိုးဟာတွေက ကျောင်းတွေရဲ့ အသိုင်းအဝိုင်းမှာ အလုပ်အကိုင်တင် မကဘူး entrepreneur စီးပွားရေးနဲ့ Start up တွေရဲ့ Culture ကို တစ်ခါတည်း ထည့်ထားတာ တွေ့ရပါတယ်၊ အဲဒါက အာရှနိုင်ငံ ကျောင်းတွေမှာ အခုနောက်ပိုင်းတော့ လိုက်ပြီးတော့ လုပ်လာပေမယ့် အများကြီး မတွေ့ရပါဘူး။ ဒီနိုင်ငံတွေမှာတော့ အလွန်ပဲ ခေတ်စားပါတယ်။ ဆိုတော့ တော်တော်များများ အခုကျောင်းမှာ ကျွန်တော်တို့ ကုမ္ပဏီမှာ လူလိုလို့ recruit လုပ်တဲ့အခါမှာ ကျောင်း တော်တော်များများက သူတို့ resume တွေ ကြည့်လိုက်လို့ရှိရင် Start up တွေက run ထားပြီးသား၊ အနည်းဆုံး သူတို့က co-founder for start up company ABC စသည်ဖြင့် အဲလိုမျိုးဟာတွေ အများကြီး တွေ့ရပါတယ်၊ ဒါအလွန်ကောင်းတဲ့ practice ပါ။ အလွန်ကောင်းတဲ့ အလေ့အထပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီကျောင်းတွေမှာကတည်းက ကျောင်းတက်နေတဲ့အချိန်ကတည်းက စီးပွားရေးနဲ့ အကြံဉာဏ်နဲ့ ဘယ်လို အဲဒီအကြံဉာဏ်ကို ဘယ်လို Market ရအောင် လုပ်မလဲပေါ့၊ အဲလိုကျောင်းကနေ Human Resource ကိုလုပ်ပေးတဲ့အပြင် ဒီဖက်မှာလည်း တစ်ကယ့် ကုမ္ပဏီကြီးတွေ ကနေပြီးတော့ Venture Firm တွေ Angel Firm တွေအမျိုးမျိုးနဲ့ ငွေရေးကြေးရေးပိုင်း ဆိုင်ရာတွေမှာလည်း သူတို့အဖွဲ့အစည်းအနေနဲ့ အစိုးရအနေနဲ့တောင် မလိုအပ်ပါဘူး၊ ကုမ္ပဏီတွေ အနေနဲ့ကလည်း တောင့်တောင့် တင်းတင်းကြီးကို လုပ်ပေးနိုင်တဲ့ အနေအထား တွေ့ရပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ Legal နဲ့ Infrastructure ပေါ့။ Legal ဆိုတော့ ရှေ့နေအဖွဲ့အစည်းတွေက တီထွင်တဲ့ patent လုပ်တဲ့ ဒီအကြံဉာတွေကို ဘယ်လို protect လုပ်မလဲ၊ ဒီလူသူ့အတွက်ကို အပြည့်အဝ အကျိုးကျေးဇူး ခံစားခွင့်ရှိအောင်၊ အဲတော့ အဲလို Legal infrastructure တွေကလည်း support တွေ အများကြီး ပေးထားပါတယ်။ နောက်ဆုံး တစ်ခုအနေနဲ့က အခုန ပြောသလိုပေါ့နော်၊ ဒီ start up တစ်ခု Idea တစ်ခု အောင်မြင်ဖို့ဆိုတာ လူရှိမယ်၊ အကြံဉာဏ်ရှိမယ်၊ ငွေရှိရုံနဲ့တင် မပြီးပါဘူး၊ သူတို့ကဆက်ပြီး Market ပေါ်မှာ တစ်ကယ် ဝင်ဆံ့ပြီး လုပ်နိုင်ဖို့ပေါ့နော်၊ ဆိုတော့ အဲဒီအတွက် အကြံပေးတဲ့ အဖွဲ့အစည်းတွေ အခုန ပြောသလို profit အတွက်မဟုတ်ပဲနဲ့ လုပ်တဲ့ ကုမ္ပဏီတွေရှိသလို့ profit အတွက် လုပ်တဲ့ Consulting ကုမ္ပဏီတွေ ရှိတယ်၊ ဆိုတော့ ဒီလိုကုမ္ပဏီတွေ အားလုံးကလည်း ဒီ Start up တွေအောင်မြင်အောင် ဝိုင်းပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ သူတို့ရဲ့ expertise တွေနဲ့ Start up တွေမှာ ဝင်ပြီးတော့ လုပ်တာ တွေ့ရပါတယ်၊

အဲဒီတော့ Start-ups ဆိုတဲ့ အခန်းကဏ္ဍအတွက် တစ်ကယ့် အရေအသွေးရှိတဲ့ လူသားအရင်းအမြစ်၊ကောင်းတဲ့ ဒီ Legal နဲ့ Financial support system၊ နောက်ပြီးတော့ Legal infrastructure (တီထွင်မှုတွေကို ကာကွယ်ပေးတဲ့ အဖွဲ့ပေါ့နော်)၊ နောက်ပြီး ဖြစ်လာတဲ့ Product ကို market မှာ ဝင်ဆံအောင် ဝိုင်းပြီးတော့ အကြံပေးနေတဲ့ အဖွဲ့တွေ၊ နောက် အခုနပြောသလို တစ်ကယ့် start up culture လို့ပြောလို့ရတဲ့ ကျောင်းကနေ တစ်ဆင့် ကုမ္ပဏီ CEO ဖြစ်ပြီးတော့ ကုမ္ပဏီ တည်ထောင်ပြီးတော့ ကုမ္ပဏီ ကြီးထွားသွားတဲ့အဆင့်ထိကို အဲဒီ layer တိုင်း layer တိုင်းကို support လုပ်ပေးနေတဲ့ စနစ်ရှိလို့ start up အနေနဲ့က အောင်မြင်ခြင်း ဖြစ်ပါတယ်။ အဲတော့ တစ်ကယ် start up ကို အောင်မြင်ချင်တယ် ဆိုရင်တော့ ကဏ္ဍတစ်ခု အဖွဲ့အစည်း တစ်ခုအနေနဲ့ လုပ်လို့မရပါဘူး၊ entrepreneur၊၊ ကျောင်း(academic)၊ အစိုးရနဲ့ Legal infrastructure နဲ့ အားလုံး ပူးပေါင်းပြီးတော့ လုပ်မှာ start up တွေရဲ့ လုပ်ငန်းတွေက အောင်မြင်မယ်လို့ ကျွန်တော်မြင်ပါတယ်။

နည်းပညာ နယ်ပယ်က ညီငယ်၊ ညီမငယ်တွေအတွက် လမ်းညွှန်းချက်လေးတွေ ပြောပြပေးပါဦးခင်ဗျ။

တိုတိုနဲ့ လိုရင်းပေါ့ဗျာ။ ကျွန်တော်မြင်တာကတော့ ဒီကနေ့ နည်းပညာလောကမှာ အောင်မြင်ချင်တယ်ဆိုရင် နံပါတ်တစ်ကတော့ မိမိကိုယ်ကို ပြည့်ဝစွာ ယုံကြည်မှုထားပါ။ ငါသည် အောင်မြင်အောင် လုပ်နိုင်တယ် ကြိုးစားနိုင်တယ် အောင်မြင်မယ်။ နံပါတ်နှစ်ကတော့ အိုင်တီနည်းပညာတွေက ကျယ်ပြန့်တဲ့အတွက် ဟိုစပ်စပ် ဒီစပ်စပ် လေ့လာမယ့်အစား မိမိရွေးချယ်ပြီးတော့ ကျွမ်းကျင်ရာ စိတ်ဝင်စားရာ တစ်ခုကို တစ်ကယ့် ထူးချွန် ကျွမ်းကျင်အောင် လေ့လာပါ။ နံပါတ်သုံးကတော့ တစ်ကယ့်လက်တွေ့ အလုပ်အကိုင်တွေမှာ ပရော့ဂျက်တွေ၊ ကုမ္ပဏီမဟုတ်တောင် ကုမ္ပဏီအလုပ်တွေ မဟုတ်တောင် open source project တွေတို့ တစ်ခြား freelance လုပ်တဲ့ အလုပ်တွေတို့ကနေ အတွေ့အကြုံ တစ်ကယ့်လက်တွေ့ အတွေ့အကြုံတွေ ရရှိအောင် ကြိုးစားပြီး ရှာကြပါ။ ဘာလို့ဆိုတော့ professional အလုပ်က reference တွေ referrals တွေက အကောင်းဆုံးပါပဲ၊ ဘွဲ့တွေ certification တွေက အသုံးမကျဘူးလို့ ကျွန်တော်မပြောပါဘူး။ အကျိုးရှိပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့ လုပ်နိုင်မှုနဲ့ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေက ဒီနေ့အလုပ်ထဲမှာ အများကြီး အရေးကြီးပါတယ်၊ အဲတော့ အဲဒါတွေကို မိမိတို့အချိန်ရှိတဲ့ အချိန်မှာ လက်တွေ့ open source project တွေမှာ ဝင်ရေးမယ် volunteer အဖြစ် website တွေလုပ်တဲ့သူဆို website တွေရေးပေးမယ်။ အခြားဟာတွေမှာ လက်တွေ့ အတွေ့အကြုံတွေ ရအောင် ရှာပြီးတော့ လုပ်ကြပါ၊ အဲလိုကနေပြီးတော့ တစ်ကယ် ကောင်းမွန်တဲ့ လုပ်ငန်းတွေကို ကောင်းမွန်နဲ့ career တစ်ခုကို တည်ဆောက်လို့ ရမယ်လို့ ကျွန်တော်မြင်ပါတယ်။

နောက်ထပ် မေးခွန်းတစ်ခု အနေနဲ့ Myanmar Unicode အပေါ် ကိုချစ်ရဲ့ အမြင်ကို သိချင်ပါတယ်။ ကျွန်တော်တွေ ပြောင်းလဲဖို့ အသင့် ဖြစ်ပြီလား။ အဲဒီလို ပြောင်းလဲဖို့ အဆင့်မြှင့်တင်ဖို့ လုပ်ကြတဲ့အခါမှာ အဓိက ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။ နောက်ပြီး တကယ့် ပင်မ အသုံးပြုနေကြတဲ့ OS တွေ (ဥပမာအားဖြင့် Windows, Mac OS) စတာတွေမှာ Native Language အနေနဲ့ ပါလာဖို့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။ ဘယ်လိုလုပ်ကြရင် ပါလာနိုင်မလဲ။

ကျွန်တော်အမြင်ပေါ့နော်၊ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ကျွန်တော် ယူနီကုဒ်နဲ့ local language ပိုင်းမှာ ကျွမ်းကျင်တဲ့လူတော့ မဟုတ်ပါဘူး၊ သုံးတဲ့သူ အဆင့်ပါပဲ၊ general IT သမား တစ်ယောက်အနေနဲ ့ပြောရရင်တော့ ကျွန်တော်တို့က ပြောင်းသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော ဗမာစာကို ကွန်ပျူတာက မြင်ရဖို့ တစ်ခုတည်းထက် တစ်ကယ် နားလည်းပြီးတော့ process လုပ်နိုင်ဖို့၊ Meaningful ဖြစ်ဖို့ ယူနီကုဒ်က အဓိက ကျတယ်၊ အရေးကြီးတဲ့ ကဏ္ဍတစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ယူနီကုဒ်နဲ့ သိမ်းထားတဲ့ စာဆို ကျွန်တော်တို့ ရှာလို့ရမယ်၊ sorting လုပ်လို့ရမယ်၊ နောက်ပြီး process လုပ်လို့ရမယ်ပေါ့ဗျာ။ နောက် data တွေကို analyze လုပ်လို့ရမယ်ပေါ့လေ၊ အဲဒီ ဘဘောသဘာဝ အခြေခံတွေအရ ကျွန်တော်တို့က ယူနီကုဒ်နဲ့ သိမ်းသင့်တယ်။ ယူနီကုဒ်ကို ပြောင်းသင့်တယ်။ နံပါတ်နှစ်အချက်က ကျတော့ font အနေအထားအနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးမျိုး ကွဲပြားနေတယ်။ ယူနီကုဒ် font နဲ့ encoding နဲ့ သူ့ standard ကို အားလုံး သွားကြမယ် ဆိုရင် ကျွန်တော်တို့ရဲ့ standardization ပဲခေါ်ခေါ၊ ဗမာစာကို တစ်စုတည်း တစ်စည်းတည်း ညီညီညွတ်တဲ့ သဘောလည်း ဖြစ်သွားပါတယ်။ ဒါကို movement တစ်ခု အနေနဲ့လည်း အားလုံး ညီညီညွတ်ညွတ်နဲ့ standard တွေကို စပြီးတော့ တည်ဆောက်တဲ့ အဆင့်ဖြစ်တဲ့အတွက် industry အတွက်ရော professional တွေအတွက်ရော ကောင်းတဲ့ အလားအလာ ဖြစ်တဲ့အတွက် ကျွန်တော် ထောက်ခံပါတယ်။ သွားသင့်ပါတယ်။

အဲတော့ ဇော်ဂျီကလည်း လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့ပါပြီ။ နောက်ပြီးတော့ ဇော်ဂျီကြောင့် အများကြီးလဲ အကျိုးရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီခေတ်မှာပေါ့ web 2.0 နဲ့ semantics contents တွေချိတ်ဆက်ပြီးတော့ သွားနေတဲ့ အချိန်မှာ intelligent ဖြစ်ဖြစ် ဒီ website တွေ သွားနေတဲ့ အချိန်မှာ ကျွန်တော်တို့ မြန်မာစာသည်လည်း fully process လုပ်နိုင်တဲ့ အဆင့် လိုအပ်လာမယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကြောင့် တစ်ကယ်အရေးကြီးတဲ့ ကဏ္ဍတစ်ခုရောက်လာပြီလို့ ကျွန်တော်မြင်ပါတယ်။

နောက်ဆက်ပြီးတော့ မေးခွန်းအရ barrier တွေကတော့ တွေ့မှာပဲ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့က ကြောက်လို့ ရှေ့ဆက် မတိုးဘူး ဆိုရင်လည်း မလုပ်ဖြစ်ဘူး ဖြစ်နေမှာပေါ့။ အခုတော့ အားလုံးပေါ့လေ ဒီ MyanmarLanguage.Org ကရော ကိုထွန်းတို့၊ ကိုငွေထွန်းတို့၊ နောက်ကိုရာဗီတို့ ဦးဆောင်ပြီးတော့ new year မှာ ကျွန်တော်တို့ လုပ်သင့်တယ်၊ သွားကြမယ်ဆိုတော့ အခက်အခဲတော့ တွေ့မှာပဲ။ လွယ်လွယ်ကူကူတော့ ဟုတ်ချင်မှ ဟုတ်မယ်။ အလုပ်တွေ အများကြီး လုပ်ရတဲ့ဟာတွေ ရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး ပျော်ပျော်ပါးပါးနဲ့ ဖြစ်လာတဲ့ အခက်အခဲတွေကို ရှေ့တိုးပြီးတော့ ဆက်လုပ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ မလုပ်လို့ မဖြစ်၊ မဖြစ်လို့ မလုပ်ဆိုတဲ့ အတိုင်း ဆက်ပြီးတော့ ဒီအတိုင်းပဲ font အဆင့်လေးနဲ့ သွားနေမယ့်အစား big width change ပေါ့နော်၊ ရိုးရိုး step by step တော့မဟုတ်ဘူး the big change တော့ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်သင့်ပါတယ်။

နောက်တစ်ခုကတော့ ကိုသီဟမေးတဲ့ထဲမှာက ယူနီကုဒ်လိုမျိုး Local Language Pack အနေနဲ့ Operation System ထဲမှာ ပါလာအောင် ဘယ်လို လုပ်မလဲပေါ့၊ အဲတော့ ကျွန်တော်တို့ အဓိကကတော့ ကျွန်တော်တို့ standard အနေနဲ့ ဖွဲ့ဖွဲ့စည်းစည်း ကလည်းရှိတယ်၊ user community ကလည်းရှိတယ်၊ ထောက်ခံတယ် ဆိုရင်တော့ ကုမ္ပဏီတွေမှာ ကျွန်တော်တို့ language ကို support လုပ်ဖို့ စကားပြောရပါမယ်။ Microsoft ဆို Microsoft ကိုပြောရမယ် Microsoft မှာရှီတဲ့ developer community တွေမှာပါ ကျွန်တော်တို့က ဝင်ပြီးတော့ ဆွေးနွေးရမယ်။ ကျွန်တော်တို့ Language ဟာ အခြားနိုင်ငံတွေရဲ့ language လို ထည့်ပေးပါ ဆိုတာကိုပေါ့နော်၊ ဒါကတော့ ကျွန်တော်တို့ပြောသလို လူဦးရေအရက အများကြီးရှိပေမယ့်၊ ကျွန်တော်တို့ ညီညီညွတ်ညွတ် မရှိတာရယ်၊ အခြားသော နိုင်ငံရေး ပြဿနာတွေ ရှိတာရယ်ကြောင့် ကျွန်တော်တို့က တိုက်ရိုက်ပြောဆို တောင်းဆိုနိုင်တဲ့ အဆင့်ကနေ ဝေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သာ ညီညီညွတ်ညွတ်ရှိမယ်၊ စေတနာလည်းမှန်မယ်၊ တိုးတက်အောင်လည်း တစ်ကယ် လုပ်ကြမယ်ဆိုရင်တော့ ကုမ္ပဏီတွေနဲ ့ပြောဆိုပြီးတော့ ကျွန်တော်တို့ ဘာသာစကားကို စနစ်တကျ OS level တွေထဲမှာ ပါလာအောင် ဒီကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ community တွေကနေ တစ်ဆင့်ပေါ့လေ သူတို့ corporations တွေကို ကျွန်တော်တို့ persuade လုပ်နိုင်မယ်၊ စည်းရုံးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဆိုတော့ ဒီ step တွေကတော့ business အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ user community မရလို့ရှိရင် business ကတော့ သူ့ အကျိုးစီးပွား ရှိတဲ့အတွက် ကျွန်တော်တို့ မထည့်ခိုင်းလဲ သူတို့ထည့်လာမှာပဲ။ business အရ အကျိုးစီးပွား မရှိဘူးဆိုရင်တော့ သူတို့ကလည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ အဲတော့ ကျွန်တော်တို့က အိုင်တီ အသုံးချမှုတွေ များပြားလာမယ်။ အင်တာနက် သုံးစွဲမှုတွေ များပြားလာမယ်၊ ကျွန်တော်တို့ နိုင်ငံလည်း တိုးတက် ပွင့်လင်းလာမယ်ဆိုရင် ဒီဟာတွေက အလိုလိုနေရင်းနဲ့ operating system ထဲမှာ ထည့်ဖို့ ပါဖို့ဆိုတာ အများကြီး ဖြစ်နိုင်ပါတယ်။ အဲတော့ နှစ်ဦးနှစ်ဖက် လုပ်ရမှာပါ၊ သုံးစွဲတဲ့သူ ဖက်ကရော နည်းပညာဖက်ကရော ရှိဖို့လိုအပ်သလို ကုမ္ပဏီတွေ ဖက်ကလည်း စိတ်ဝင်စားဖို့ လိုအပ်ပါတယ်။

နောက်ဆုံး မေးခွန်းအနေနဲ့ Myanmar Tutorails အပေါ် ကိုချစ်ရဲ့ အမြင်လေး သိချင်ပါတယ်၊ အကြံဉာဏ်တွေလည်း ပေးပါဦးခင်ဗျ။

ကိုသီဟရေ … ကျွန်တော် မြန်မာကျူတိုရီရယ်ကို အလွန် သဘောကျပါတယ်၊ ဘာကြောင့်ဆိုတော့ ဆိုက်က ရှင်းရှင်းလင်းလင်းလဲ ရှိတယ်။ နောက် အထဲက contents တွေကလည်း ဘယ်လိုခေါ်မလဲ၊ quality contents ပေါ့နော်။ ဖတ်လို့ကောင့်တဲ့ contents တွေ၊ နောက် ခင်ဗျားတို့ရဲ့ Slogan လေးလည်း သဘောကျပါတယ်၊ Let’s Collaborate အားလုံး ပူးပေါင်း ပါဝင် လုပ်ကိုင်ဖို့ဆိုတာ။ ဆိုတော့ ဒီလိုမျိုး သီးသီးသန့်သန့် quality တွေနဲ့ လုပ်ထားနိုင်တဲ့ ဆိုက်၊ ဆိုက်တွေကတော့ ဗမာပြည်က ဆိုက်တွေ အများကြီးပေါ့ အဲလိုထူးထူးခြားခြား quality တွေနဲ့ လုပ်ထားနိုင်တဲ့ ဆိုက်လေးကို ကျွန်တော် ချီးလည်း ချီးကျူးပါတယ်။ အဲဒါလည်း အရေးကြီးတဲ့ ကဏ္ဍပေါ့ quality လေးတွေကို စုံအောင် လုပ်ထားနိုင်တယ်၊ ကဏ္ဍတွေကိုလည်း စုံစုံလင်လင် တွေ့ရပါတယ်။

ကျွန်တော် အကြံပေးချင်တာတစ်ခုထက် နည်းနည်းလေး emphasize လုပ်စေချင်တာ ပြောချင်ပါတယ်။ ကျွန်တော်တွေ့တာတော့ start up လေးတွေ interview လေးတွေ ဆိုက်ပေါ်မှာ ဖတ်ရတယ်၊ ကျွန်တော် နည်းနည်းလေး … ကျွန်တော်တို့ဆီမှာ gap ဖြစ်နေတဲ့ လိုအပ်ချက်က beginners တွေအတွက်ကတော့ ထားပါတော့ သူတို့အတွက် ဖတ်စရာ contents တွေရှိမယ်။ professionals တွေအတွက် ဆိုရင်လည်း professional  ဖြစ်ပြီဆိုရင်ကတော့ သူ့ဘာသူ အင်္ဂလိပ်လိုပဲ ဖတ်တော့မှာပေါ့ဗျာ။ ကျွန်တော် တစ်ခုနည်းနည်းလေး ကိုသီဟတို့ကိုလည်း စထား မေးထားတာလေး ရှိတော့ ကျွန်တော်အဲဒီ technology entrepreneur ဦးစားပေးတဲ့ ဇောင်းပေးတဲ့ ကဏ္ဍလေးတွေလည်း ဖော်ထုတ် စေချင်တယ်။ ဥပမာဗျာ အခုကျောင်းတက်နေတဲ့ ကွန်ပျူတာတက္ကသိုလ်တို့ အင်ဂျင်နီယာတို့ အခြားပုဂ္ဂုလ်တွေ လူငယ်တွေ ဖြစ်ချင်ဖြစ်မယ်၊ အခု start up တွေအကြောင်း venture capital တွေ အကြောင်း ပြောလာတယ်ဆိုတော့ သူတို့တွေနဲ့ ပတ်သတ်ပြီး ပညာပေးနိုင်တဲ့ ဟာလေးတွေ ထည့်သွင်း ပေးစေချင်ပါတယ်။ တစ်ကယ်တမ်းကျတော့ consumer base သွားနေတဲ့ website တွေမှာ software as a service တို့ ကျွန်တော်တို့ နောက်ပိုင်း သွားနေတဲ့ cloud computing တို့ စတာတွေမှာ လူတွေက အိုင်ဒီယာလေးတွေရှိရင် ပေါပေါလေးနဲ့ပေါ့နော် investment တွေအများကြီးမလိုပဲနဲ့ လွယ်လွယ်လေးနဲ့ သူ့ရဲ့ အိုင်ဒီယာလေးတွေကို ဝဘ်တွေပေါ်မှာ web service တွေအနေနဲ့ software တွေအနေနဲ့ create လုပ်နိုင်တဲ့ innovate လုပ်နိုင်တဲ့ opportunities တွေအများကြီးရှိပါတယ်။

ဆိုတော့ ကျွန်တော်တို့က အဲဒီလူငယ်လေးတွေကို အထူးသဖြင့် အဲဒီ technology လည်းသိလာမယ်၊ business အရ entrepreneur အရလည်း တစ်ခြား နိုင်ငံတွေနည်းတူ တီထွင်ကြံဆ လုပ်ချင်တဲ့လူတွေ ဖြစ်လာမယ် အဲဒီလို direction ကို မြှင့်တင်ပေးနိုင်မယ့် ကဏ္ဍမျိုးကို ကျွန်တော် မြှင့်တင်ပေး စေချင်ပါတယ်။ အဲတော့ ဒီ start up တွေ entrepreneur တွေ အတွက်ပေါ့။ အိုင်ဒီယာလေးတွေရှိမယ် အဲဒီ အိုင်ဒီယာလေးတွေကို ဘယ်လို realize ဖြစ်အောင်လုပ်နိုင်မလဲ၊ ဘယ်လို commercialize ဖြစ်အောင် လုပ်နိုင်မလဲ၊ ဘယ်လို market ကို ထိတွေ့အောင် လုပ်ပေးနိုင်မလဲ၊ တစ်ချိန်မှာ ကျွန်တော်တို့က ဗမာပြည် market တင်မကဘူးပါဘူး။ ASEAN regional ဖြစ်ကောင်းလည်း ဖြစ်မယ်၊ global market လည်း ဖြစ်ချင်ဖြစ်မယ်၊ ဘာကြောင့်ဆိုတော့ internet based service ဆိုတာ Geographical Limitation မှ မရှိတာ။ ဆိုတော့ အဲဒီလိုမျိုး ကဏ္ဍမျိုးလေး၊ start entrepreneur, entrepreneurship innovation, technology innovation အဲဒီသုံးမျိုးကို ဇောင်းပေးပြီးတော့ ကဏ္ဍ တိုးချဲ့နိုင်မယ်ဆိုရင် ဗမာပြည်အတွက် တစ်ခြား မီဒီယာတွေထက်စာရင် ပိုပြီးတော့ unique ဖြစ်ပြီးတော့ တစ်ကယ်လည်း အကျိုးရှိတဲ့ ကဏ္ဍဖြစ်လာမယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါလေးကတော့ ကျွန်တော်အကြံပြုတာပါ၊ အိုကေဗျာ၊ so, happy new year နော်၊ all the best for Myanmar Tutorials.

ခုလို ဖြေကြားပေးတဲ့ ကိုချစ်ကို အများကြီး ကျေးဇူးတင်ပါတယ်။ ကိုချစ်ပေးတဲ့ အကြံဉာဏ်တွေကို ရှေ့ဆက် အကောင်အထည်ဖော် သွားပါ့မယ်လို့လည်း ကျွန်တော်တို့ ကတိပြုပါတယ်။ ခုလို တန်ဖိုးရှိတဲ့ အင်တာဗျူးတစ်ခု ဖြစ်လာအောင် ကူညီပေးတဲ့ ကိုချစ်ကို Myanmar Tutorials ကရော၊ ကျွန်တော်ကပါ ကျေးဇူး အထူးတင်ရှိပါတယ်။ Myanmar Tutorails ပရိသတ်တွေလည်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျှက်

သီဟ (Myanmar Tutorials)

Facebook comments:

4 Responses

  1. astk says:

    Nice interview. Just a few typos: farm -> firm, carrier -> career.
    Cheers!

Leave a comment


*