Interview with Htoo Tay Zar

Myanmar Tutorials မှာ Interview ကဏ္ဍကို အီမိုလေး နဲ့ စဖွင်ဖြစ်ခဲ့ပါတယ်။ အင်တာဗျူးကဏ္ဍကို တစ်လတစ်ခါ ဖော်ပြပေးဖို့ စီစဉ် ထားပေးမယ့် အကြောင်း အမျိုးမျိုးကြောင့် မဆက်ဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့ တစ်နေ့ အီမိုလေးက ပြောလာပါတယ်။ ကိုထူးတေဇာရဲ့ Site က မိုက်တယ်ဗျာတဲ့။ ဒါနဲ့ အရင်ကတည်းက ရင်းနှီးပြီးသား ထူးတေဇာရဲ့ ဆိုက်ကို သွားကြည့် ဖြစ်ပါတယ်။ အစကတော့ သူ့အရင် ဘလော့ပဲ ဖြစ်မှာပဲဆိုပြီး ထင်ခဲ့ပေမယ့် တကယ်တန်း သွားကြည့်တော့ portfolio တစ်ခု ဖြစ်နေတာ တွေ့ရပါတယ်။ နောက် တစ်ခု Creation Power၊ ထူးတေဇာရဲ့ Creative Power ကို တွေ့သွားပါတယ်။ သူနဲ့အတူ ပြဇာတ်ဆန်တဲ့ လရောင် ဆမ်းတဲ့ ညကို ရောက်သွားပါတယ်။ အပြာရောင် အခမ်းအနားအဆင် အပြင်နဲ့ ဗီသိုဗင်ရဲ့ Moonlight Sonata ကို နားထောင်ရင် ကောင်းမလား။ ဒါမှမဟုတ် Coldplay ရဲ့ သီချင်းတွေကိုပဲ နားထောင်ရင် ကောင်းမလား။

Visit www.htootayzar.com

ဒီလိုနဲ့ ထူးတေဇာဆီ အင်တာဗျူးလုပ်ဖို့ ခွင့်တောင်းပြီး မေးခွန်းတွေ ပို့ပေးဖြစ်ပါတယ်။ စင်္ကာပူမှာ Front End Web Designer လုပ်နေတဲ့ လူငယ် တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို Myanmar Tutorials ပရိတ်သတ်အတွက် တင်ဆက် လိုက်ရပါတယ်။

ယခု လက်ရှိ ကိုယ်ပိုင် Website ရှိရင် အဲဒီ Website ရဲ့အကြောင်းလေး ပြောပြပါ။ နေုာက် ကိုထူးတေဇာရဲ့ Brief About Yourself  လေး။

ကျွန်တော့် နာမည် ထူးတေဇာ ပါ။ နာမည် အရင်းပါ အွန်လိုင်းမှာလဲ blog ရေးရင် နာမည် အရင်းပဲ သုံးပါတယ်။ ကွန်ပျူတာပညာ ကို ၁၀ တန်း ဖြေပြီးမှ စလေ့လာ ဖြစ်ပါတယ်။ ကွန်ပျူတာပညာ စိတ်ဝင်စားပေမယ့် တက္ကသိုလ် အနေနဲ့ကတော့ ရူပဗေဒနဲ့ ပြီးခဲ့ပါတယ်။ ကွန်ပျူတာ အနေနဲ့ကတော့ Networking Diploma တစ်ခု ရတာပဲရှိပါတယ်။ လက်ရှိ စင်ကာပူမှာ front-end web designer အနေနဲ့ အလုပ်လုပ် နေပါတယ်။

www.htootayzar.com ဆိုပြီးတော့ portfolio ဆိုဒ်တစ်ခု လုပ်ထားပါတယ်။ Blog လဲရေးပါတယ်။ Blog ကိုတော့ 2007 ထဲမှာ blogspot မှာ စရေးဖြစ်ခဲ့ပြီး ကိုယ်ပိုင် ဒိုမိန်းကိုတော့ 2008 ရောက်တော့မှ စဝယ်ဖြစ်ပါတယ်။ အများဆုံးကတော့ Technology တွေ အကြောင်းနောက် personal မျိုးသာ အများဆုံး ရေးဖြစ်ပါတယ်။ လက်ရှိ Portfolio ဆိုဒ်ကိုတော့ အလုပ်က သူဌေးက ကိုယ်ပိုင် Design နဲ့ Portfolio တစ်ခုလုပ်ဖို့ တိုက်တွန်း တာကြောင့် စလုပ်ဖြစ်ပါတယ်။ Design အိုင်ဒီယာ ကိုတော့ ColdPlay ရဲ့ Strawberry Swing ဆိုတဲ့ သီချင်း video ထဲမှာ တိမ်တွေ မြေဖြူနဲ့ ဆွဲထားတာ တွေ့မိရာကနေ လုပ်ဖြစ်ပါတယ်။ ပြဇာတ်ပုံစံ စိတ်ကူးရပြီး ကြိုးတွေ ထည့်ယူပါတယ်၊ နောက် ကာတွန်း ပုံစံမျိုး လိုချင်တာကြောင့် illustration တွေလုပ်ယူပါတယ်။

Graphic Design နဲ့ Web Design ကို ဘယ်အချိန်က စတင် ထိတွေ့ခဲ့ပါသလဲ။ ဘယ်လို လေ့လာခဲ့ပါသလဲ။ Coding ပိုင်းမှာဆိုရင် ဘယ် Language ကို နှစ်သက်ပါသလဲ။ (ဥပမာ – HTML, CSS, PHP)

Web Design (HTML, CSS, Javascript) တွေကို 2007 မှာ blog လုပ်တော့ အခက်အခဲ တွေ့ရတာတွေမှာ အွန်လိုင်းမှာ စာလိုက်ဖတ်ရင်း တဖြည်းဖြည်း ရင်းနှီးပါတယ်။ နောက်တော့ ebook နဲ့ tutorial videos တွေနဲ့ လေ့လာပါတယ်။ 2008 နှစ်စမှာ Info-Tech ထဲက web studio တစ်ခုမှာ အခြေခံ Essential သင်တန်း တက်ဖြစ်ခဲ့ပါတယ်။ Graphic ပိုင်းကတော့ သင်တန်း မတက်ဖူးပါဘူး ကွန်ပျူတာ အိမ်မှာ ၀ယ်ဖြစ် သွားတော့ Photoshop မှာ ကိုယ်ကြိုက်တဲ့ သီချင်း album art တွေ လိုက်ပြီး ပြန် create လုပ်ကြည့်ရင်း Online Tutorial တွေ ဖတ်ရင်း ရင်းနှီးပါတယ်။

Language မှာတော့ Programming language ထက် Mark Up language ကိုပိုကြိုက်ပါတယ်။ HTML, CSS ပေါ့ နောက် scripting language Javascript ကို လေ့လာဖြစ်ပါတယ်။ အကြိုက်ဆုံးကတော့ web design လုပ်ပြီး ရလာတဲ့ပုံကို HTML နဲ့ CSS tricks မျိုးတွေ layout တွေ လုပ်ရတာ အကြိုက်ဆုံးပါ။ Puzzle ဆော့ရသလိုပါပဲ။

Graphic Design ကိုပဲ ဖြစ်ဖြစ် Web Design ကိုပဲ ဖြစ်ဖြစ် ဒီဇိုင်း အိုင်ဒီယာတွေ ဘယ်လို မွေးယူပါသလဲ။ ဘယ်လို ကိုယ်ပိုင် ဒီဇိုင်တွေ ရလာအောင် လုပ်ခဲ့ပါသလဲ။

Design အတွက်ကတော့ အရင်က Online Tutorials တွေ save လုပ် Thumbdrive မှာထည့်ပြီး အိမ်မှာညရောက်ရင် step တွေလိုက်လုပ်ရင်းနဲ့  ဘယ်လို ပုံစံထွက်ချင်ရင် ဘယ် filter သုံး ဘယ်လိုလုပ် ဆိုတာတွေ မှတ်ပါတယ်။ နောက် မြို့ထဲက ဆိုင်တွေမှာ ၀ယ်လို့ရတဲ့ Video Tutorials ခွေတွေ လေ့လာဖြစ်ပါတယ်။ Technical ပိုင်း အများစုကို အဲဒီလိုပဲ လေ့လာ ဖြစ်ပါတယ်။ Idea, Inspiration ကတော့ ပတ်ဝန်းကျင်ကပဲ ရပါတယ်.. Animation Movies တွေကရတယ်၊ TV Commercial, Photos, Billboard တွေကနေလဲ ရပါတယ် နောက် သီချင်းတွေ နားထောင်ရင်းနဲ့ စာသားတွေ၊ Music Videos တွေကနေလဲ ရပါတယ်။ အစုံပါပဲ။ Design လှတာ အရောင် တွဲထားတာ လှတာတွေ့ရင် စိတ်ထဲမှာ မှတ်ထား လိုက်တာပါပဲ။

Mac နဲ့ ရိုးရိုး Dell တို့လို Laptop တွေ Design ပိုင်းမျာ ဘယ်ဟာ ပိုသုံးသင့်ပါသလဲ။ ဒီဇိုင်းသမား တော်တော်များများက Mac ကို ကိုင်ကြတာ များတာ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။

Mac နဲ့ PC နဲ့က ဒီနေ့လို အချိန်မှာ Design ပိုင်းအတွက် ဘာမှ ထူးထူးခြားခြားတော့ မကွာပါဘူး။ Photoshop ဆိုလဲ အကုန်တူတူပါပဲ Mac နဲ့လုပ်လို့ ရုပ်ထွက် ပိုကောင်းတယ်လို့ မရှိပါဘူး။ Mac က Graphic အတွက် နာမည်ကြီး ခဲ့တာက အရင်က Mac Font Rendering က အရမ်းလှပြီး PC တွေမှာ Clear Type လောက်ပဲ လုပ်လို့ရတဲ့ အချိန်ရှိခဲ့တာ မျိုးတွေ ကြောင့်ပါ။ နောက် Mac က သူ့ Hardware နဲ့ အတွဲလိုက်သာ ဝယ်လို့ ရတယ် သူ့ OS လဲဖြစ်တာကြောင့် Printing အတွက် Monitor မှာ မြင်ရတဲ့ အရောင် အတွက် Color Calibration ထွေထွေထူးထူး ညှိစရာမလိုပါဘူး။ Printer အတွက်လဲ Driver မျိုးက ဘယ်လောက် ဟောင်းနေပါစေ သိတယ် အလုပ်လုပ်နိုင်တယ်၊ Font Managment လုပ်လို့ အရမ်းလွယ်ပါတယ်။ Windows မှာ Font 1000 ကျော်ကျော်လောက် Font folder ထဲ ထည့်ထားမယ်ဆိုရင် Photoshop တစ်ခါဖွင့်ရင် Font Loading လုပ်ရင် 3 မိနစ်လောက် အသာလေး စောင့်ရပါတယ်။ Mac မှာ Font Management ပါတဲ့ အတွက် ကိုသုံးမယ့် ဖောင့်ကိုပဲ Test လုပ် Enable လုပ်ထားလို့ ရပါတယ်။

နောက် Color Managment Tool တွေ ပါတာရယ် Screen Brightness က အခြား Monitor တွေနဲ့ ယှဉ်ရင် ပိုတောက်ပြီး sharp ဖြစ်တာ ကြောင့်လည်း ပါမယ်ထင်တယ်။ .psd မျိုးကို Finder (explorer) ထဲမှာတင် space bar တစ်ချက်နှိပ်ပြီး preview ကြည့်လို့ရတယ် စတာတွေ ကြောင့်လို့ ထင်ပါတယ်။ တကယ်လို့ PC, Dell လိုမျိုးတွေကို 3rd party softwares တွေ ကူလိုက်မယ် ဆိုရင်တော့ ဘာမှ ကွာမယ်လို့ မထင်ပါဘူး။ OS, Softwares တွေဆိုတာက Design Output ထွက်ဖို့ အတွက် သုံးတဲ့ tools သက်သက်ပါပဲ။

Blogging ကို ခုံခုံမင်မင် လုပ်ခဲ့တာ တွေ့ရပါတယ်။ Blogging က Graphic Design မှာပဲ ဖြစ်ဖြစ် Web Design မှာ ဖြစ်ဖြစ် ဘယ်လို အထောက် အပံ့ ပေးပါသလဲ။

ကျွန်တော် အရင်က အင်တာနက် သုံးရင် သီချင်း Download ယူတယ် Forum မှာ ၀င်ရေးတယ် ဒီလောက်ပါပဲ။ 2007 ထဲရောက်တော့မှ Blog တစ်ခု Blogger.com မှာ စလုပ်ဖြစ်ပါတယ်။ Blog ရေးခြင်းအားဖြင့် ကိုယ်သိတာတွေ Share လုပ်ရင်းနဲ့ ကိုယ်လဲ တစ်ခေါက် ထပ်မှတ် မိပြီးသား ဖြစ်သလို ကိုယ်မမြင်တဲ့ အမှားတွေ ရှိနေရင် အခြား Perspective ကနေ မြင်တဲ့ စာဖတ်သူတွေ အမြင်ကိုလဲ ပြန်သင်ပြီးသား ဖြစ်ပါတယ်။ Blog ရေးခြင်းအားဖြင့် အခြား ကိုယ်မသိသေးတဲ့ ကိုယ်နဲ့ ၀ါသနာ တူတဲ့သူတွေနဲ့ မိတ်ဆွေဖြစ်ခွင့် ရပါတယ်၊ နောက် Industry ထဲကလူတွေနဲ့ တဖြည်းဖြည်း သိလာနိုင်ပါတယ်။ နောက် ရှေ့ဆက်လျောက် ရမယ့်ခရီး အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ကျွန်တော့် Freelance အလုပ်တွေ အတွက် 80% လောက်က Blog ဖတ် ရင်းနှီးသွားတဲ့ သူတွေဆီကပဲ ရပါတယ်။

အားကျတဲ့ ဒီဇိုင်နာ တွေရှိရင် ပြောပြပေးပါ။ လူဖြစ်ဖြစ် Web Site ဖြစ်ဖြစ်။

အားကျတဲ့ designer တွေကတော့ အများကြီး ရှိပါတယ်။ အဲဒီထဲက တစ်ချို့ကို ပြောရရင် Nik Aniley (shinybinary.com), Fabio Sasso (fabiosasso.com), Nick La (ndesign-studio.com), Christ Coyier (chriscoyier.net), Veerle (veerle.duoh.com) တို့ကို အရမ်း အားကျပါတယ်။

အွန်လိုင်းမှာ Design နဲ့ ပတ်သက်ရင် အနှစ်သက်ဆုံး ဆိုက်တွေ ပြောပြပေးပါ။

Design Inspiration နဲ့ ပက်သက်ရင် နေ့တိုင်း မကြည့်ရ မနေနိုင်တဲ့ ဆိုဒ်တွေ ရှိပါတယ်။ အဲဒါတွေက Abduzeedo (abduzeedo.com), Behance (behance.net), DeviantArt (deviantart.com), DesignYouTrust (designyoutrust.com), Flickr (flickr.com), Vimeo (vimeo.com) တို့ကို နေ့တိုင်း ကြည့်ဖြစ်ပါတယ်။ Web Design အတွက်ကတော့ Smashing Magazine (smashingmagazine.com), Noupe (noupe.com), Tutorial9 (tutorial9.net) စတဲ့ ဆိုဒ်တွေကို RSS ယူပြီးဖတ်ပါတယ်။

Portfolio လည်း လုပ်ထားတာ တွေ့ရပါတယ်။ အဲဒီလို Portfolio တွေက ဘယ်လို အထောက်အပံ့တွေ ရနိုင်ပါလဲ။ ဥပမာ – လုပ်ငန်းတွေရတာမျိုး

Portfolio ကနေ ပြီးတော့ Freelance အလုပ်တွေ ရနိုင်ပါတယ်။ လုပ်ငန်းလုပ်တဲ့ သူတွေ အနေနဲ့လဲ ဆိုဒ်တစ်ခု အပ်မယ်ဆိုရင် တကယ် လုပ်နိုင်မလုပ်နိုင် ကြည့်ပြီးမှ အပ်ချင်ကြမှာပါပဲ။ တကယ်လို့ Freelance မလုပ်ပဲ Full time လုပ်ချင်ရင်တောင် Showcase သဘောမျိုးလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီဘက်မှာ Web Designer အလုပ် ကြော်ငြာတွေမှာ Online Portfolio ပြနိုင်မှ Interview ခေါ်မယ် ဆိုတာမျိုးတွေလဲ ရှိပါတယ်။

WordPress, CMS တွေအပေါ် အမြင်။ (အနည်းငယ်စီ)

CMS တွေကတော့ အများကြီးရှိပါတယ် အများစုသုံးကြတာကတော့ PHP based တွေ အသုံး များပါတယ်။ ကျွန်တော် ကြိုက်တာကတော့ WordPress ကို ကြိုက်ပါတယ်။ ဒါပေမယ့် အကောင်းဆုံး ရယ်လို့တော့ မရှိပါဘူး ကိုယ်နဲ့ သင့်တော်မယ့် CMS နောက် Client ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် CMS သုံးတာ အကောင်းဆုံးပါပဲ။  သူ့ဟာနဲ့ သူ အားသာချက်တွေ ရှိပါတယ်။ နောက် လိုက်အပ်ချက်နဲ့ ကိုက်တဲ့ Plug in, Modules တွေရှိမရှိ Community သုံးဖို့လား စတာတွေနဲ့ပဲ စဉ်းစားပါတယ်။ CMS အားလုံးက Template, Theme Design အတွက် တစ်ခုနဲ့ တစ်ခု ကွာတာမျိုးက နဲနဲပါပဲ။ Documentation ဖတ်ပြီး CMS Core Structure ကို နားလည်ရင် Design လုပ်လို့ ရပါတယ်။

ကိုယ်နဲ့ လေ့လာဖော် လေ့လာဖက်တွေကို ဘယ်လို အကြံဉာဏ်တွေ ပေးချင်လဲ။ ကိုယ်ညီလေးတွေ ညီမလေးတွေကိုရော ဘယ်လို အကြံဉာဏ်တွေ ပေးချင်လဲ။

အမှန်တော့ ကျွန်တော် ကိုယ်တိုင်လဲ လေ့လာဆဲပါပဲ။ သိသလောက်လေး အကြံဉာဏ် ပေးရရင်တော့ အပြင်က သင်တန်းတွေ ဆိုတာကို သိပ်အားမကိုးဖို့ အကြံပေးချင်ပါတယ် Self Study က အကောင်းဆုံးပါပဲ။  နည်းပညာ အသစ်တွေဆိုတာက နေ့တိုင်း ထွက်နေတာပါ အဲဒါတွေကို သင်တန်းဖွင့်မှ စတက်မယ်ဆိုရင် တော်တော် နောက်ကျ သွားပါလိမ့်မယ်။ ကိုယ့်ဖာသာ အကုန်အကျ သက်သာတဲ့ Online ကနေ Ebook တွေကနေ လေ့လာတာ ပိုကောင်းပါတယ်။ Certificate အတွက်လဲ စိတ်ပူစရာမရှိပါဘူး။ အခုခေတ်က နိုင်ငံခြား သွား အလုပ်လုပ်လဲ လက်မှတ် မကြည့်ပါဘူး တကယ် လုပ်နိုင်သလား ဆိုတာပဲ ကြည့်ပါတယ်။ တကယ် မလုပ်နိုင်ရင်တော့ လက်မှတ် တစ်ပုံကြီးရထားလဲ အသုံးမဝင်ပါဘူး။ အရေးကြီးတာ တစ်ခု ကျန်သွားတယ် အဲဒါက ကိုယ်ဘာကို ၀ါသနာ ပါလဲ သိဖို့က အရေးအကြီးဆုံးပါပဲ။ စာဖတ်သူများ အားလုံးကော Myanmar Tutorials ကိုရော ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ခုလို သေသေချာချာ ဖြေကြားပေးတဲ့ ကိုထူးတေဇာကိုလည်း Myanmar Tutorials က ကျေဇူးတင်ပါတယ်။ ရှေ့ဆက်ပြီး ကမ႓ာကျော် ဒီဇိုင်နာကြီး ဖြစ်ပါစေလို့၊ Portfolio မှာလည်း ပြစရာတွေ တစ်ခုပြီး တစ်ခု တိုးလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

6 Responses to “Interview with Htoo Tay Zar”

  1. May 10, 2010 at 8:01 AM #

    ခုလို အတွေ့အကြုံတွေ ဝေမျှပေးတာ ကိုထူးတေဇာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အားရှိသွားတယ်။ ကျွန်တော်လည်း Web Designer ဖြစ်ချင်နေတာ … ကျေးဇူးတင်ပါတယ်။

  2. creativefox21
    May 11, 2010 at 10:10 PM #

    site design က အလန်းကြီးပါလား … မိုုက်တယ်။ ကျနော်လဲ folio လေးလုုပ်အုုံးမယ်။:)

  3. ei
    May 15, 2010 at 2:27 PM #

    အရမ်းကောင်းပါတယ်၊ခုလို အတွေ့အကြုံတွေ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်

  4. June 16, 2010 at 2:52 PM #

    ခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်။ ပညာတွေ များကြီးရရှိပါတယ်။

  5. rlay
    February 24, 2011 at 5:43 PM #

    Web Essential သုံးခုက သင်တန်းေကြး ဘယ္ေလာကွ် ကုနွ်လဲမသိဘူး။

Trackbacks/Pingbacks

  1. Interview With Myanmar Tutorials « My Burmese Blog - May 13, 2010

    [...] ၄ ရက်လောက်က Myanmar Tutorials dot com က ကိုသီဟ က အင်တာဗျူးချင် ပါတယ်လို့ [...]

Leave a Comment

*