Interview with Emoracket

Myanmar Tutorials ၏ တစ်လပြည့်သော နေ့အတွက် ထူးထူးခြားခြားလေး တင်ဆက် ချင်တဲ့အတွက် အင်တာဗျူးကဏ္ဍကို စတင်လိုက်ပါတယ်။ ပထမဦးဆုံး အင်တာဗျူးဖို့ ရွှေးချယ်တဲ့ သူကတော့ Emoracket ဆိုတဲ့ ချာတိတ်ပါ။ Emoracket ဟာ Myanmar Tutorials ရဲ့ လိုဂိုကို ဆွဲပေးထားသူ ဖြစ်ပါတယ်။ အခုမှ အသက် (၁၂)နှစ်ခန့်သာ ရှိသေးပြီး Grade – 6 ကို B.E.H.S (2) ဗိုလ်တစ်ထောင်မှာ တက်နေတဲ့ ချာတိတ် တစ်ယောက်ပါ။ သူနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်က သူနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်ရင် သူတို့ ချာတိတ်အရွယ်သာ ရှိသေးတယ် ဆိုတာကို မေ့မေ့သွားတာပါပဲ။ တကယ့်ကို နည်းပညာနဲ့ ယဉ်ပါးသူ တစ်ဦး ဖြစ်ပါတယ်။ နည်းပညာသမားနဲ့ မြွေကို သေးတယ်ဆိုပြီး အထင်မသေးရာ ဟု ဆိုရမလို။ အသက်အရွယ် ငယ်သော်လည်း သူလေ့လာနေတာတွေက တကယ့် အဆင့်မြင့်အပိုင်းတွေ ဖြစ်နေပါတယ်။ အဓိကကတော့ သင်ယူနိုင် စွမ်းနှင့် သင်ယူနိုင်ခွင့်ကို ဖန်တီးနိုင်သောကြောင့် အခုလို Technology Know-how ဖြစ်နေခြင်း ဖြစ်မည်ဟု ခန့်မှန်း မိပါသည်။ သူနှင့် စကားပြော ဖြစ်တော့ ဒီအရွယ်လေးနဲ့ ဒီလောက် သိတာ၊ တော်လိုက်တာ ဆိုတော့၊ ကျွန်တော်တို့ ယှဉ်ရမှာက နိုင်ငံတကာက လူတွေနဲ့လေ။ သူတို့နဲ့ ယှဉ်ရင် ကျွန်တော် အများကြီး လိုပါသေးတယ် ဟု ပြောတတ်သည်။ Global အမြင်ကို မြင်နိုင်သော ချာတိတ်။ သူ့လို ချာတိတ်တွေ များလာဖို့ လိုသည်ဟု မြင်သည်။ Myanmar Tutorials ၏ ပထမဦးဆုံး အင်တာဗျူးကို Emoracket နှင့် စတင်ဖွင့် လှစ်လိုက်ပါသည်။ မေးခွန်းများကို ဖြေကြားပေးသော Emoracket ကို ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။

  1. MMTuts: Computer မှာ Tutorials ကနေ သင်ယူတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။
    Emoracketဟုတ်… Tutorials တွေ ကိုယ်တိုင် ဖတ်ပြီးတော့ Self Study လုပ်တာ ကောင်းပါတယ်။ သင်တန်းတွေ ဆိုရင် နေ့တိုင်း သွားတက်ရတာတို့ အချိန်နဲ့ တက်ရတာတို့ သိပ်အဆင်မပြေဘူး။ ဒါက ဖတ်ချင်တဲ့ အချိန် Computer ဖွင့်ပြီးတော့ ဘယ်နားမှာ ဖြစ်ဖြစ် ဖတ်လို့ရတယ်။
  2. MMTuts: မြန်မာလို ရေးထားတဲ့ Tutorials တွေ ရှိသင့်လား။ မြန်မာလိုရေးတာနဲ့ အင်္ဂလိပ်လိုရေးတာ ဘယ်ဟာကို ပိုလေ့လာသင့်သလဲ။
    Emoracket: မြန်မာလိုရေးတဲ့ Tutorial တွေလည်း တဖြည်းဖြည်းနဲ့ ရှိလာပါပြီ။ ရှိလည်းရှိသင့်ပါတယ်။ နောက် မြန်မာလိုတွေ များလာလို့ မြန်မာလိုကြီး ပဲ မဖတ် သင့်ပါဘူး။ အင်္ဂလိပ်လို လေးလည်း ရောဖတ်သင့်တယ်လို့ထင်ပါတယ်။
  3. MMTuts: သင့်အကြိုက်ဆုံး Tutorials Site တစ်ခုကို ပြောပြပေးပါ။
    Emoracket: အကြိုက်ဆုံး Tut Site ကတော့ http://psd.tutplus.com ပါ။
  4. MMTuts: ကွန်ပျူတာကို ဘယ်လို စတင်ထိတွေ့ခဲ့ ပါသလဲ။
    Emoracket: ကွန်ပျူတာကိုတော့ ငယ်ငယ် ကတည်းက ဟိုကလိ ဒီကလိနဲ့ ပျက်အောင် ခဏခဏ လုပ်လို့ အဆူခံရပါတယ်။ ဒါပေမယ့် Web ကို သေသေချာချာ လေ့လာဖြစ်တာကတော့ ကိုစေတန်နဲ့ တွေ့မှပါ။
  5. MMTuts: အခု သင်လေ့လာ နေတာတွေက ဘာတွေလဲ။
    Emoracket: အခု ကျွန်တော် PHP ကိုသေသေချာချာ လေ့လာနေတယ်။ နောက် jQuery တို့ Css တို့လည်း Tricks လေးတွေ ဖတ်ဖြစ် တယ်။ Design ဆိုရင်တော့ Photoshop, Illustrastor တွေလုပ်ဖြစ်နေတယ်။
  6. MMTuts: အင်တာနက်ကနေ ပိုက်ဆံရှာလိုပါသလား။
    Emoracket: ပိုက်ဆံကတော့ လူတိုင်းလိုချင်တာပါပဲ။ ပိုက်ဆံမလိုချင်တဲ့ လူဆိုတာ ခက်ရှားရှားပါ။ Online ပေါ်ကနေတော့ မရှာဖြစ် သေးပါဘူး။ ခုလောလောဆယ် www.emoracket.com မှာ Blog လုပ်ထားပါတယ်။ အဲ့မှာ လူဝင်များလာတာ ကိုကြည့်နေတာပါ။ ဒီအတိုင်းသာ လူဝင်ရှိမယ်ဆိုရင်တော့ နောက်လ လောက် ကျရင် Paypal Account တစ်ခု ဖွင့်ပြီး Google Ads သုံးမယ်။
  7. MMTuts: အင်တာနက်က ပိုက်ဆံရှာဖို့ ဘာတွေ လိုမယ်လို့ ထင်ပါသလဲ။
    Emoracket: အင်တာနက်ကနေ ပိုက်ဆံရှာဖို့ အပေါ်ကပြောသလို Credit Card ရှိရမယ်။ နောက် အချိန် အရေးကြီးပါတယ်။ ပိုက်ဆံရှာတဲ့ နည်းတွေ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ Google Ads ကို ဥပမာ အနေနဲ့ ပြောပါ့မယ်။ Site ကို လူဝင်လူထွက် များအောင် Update ဖြစ်တဲ့ သတင်းတွေ၊ Article တွေရေးရမယ်…. နောက်ပြီးတော့ Site ကလည်း လူစိတ်ဝင်စားစရာဖြစ် မှ လူဝင်များမှာပါ။ အဲ့လို လူဝင်များမှ ပိုက်ဆံရမှာ ဆိုတော့ ဒါတွေလုပ်ဖို့ အချိန် နဲ့ Internet ဆိုတာတွေ ရင်းရပါတယ်။
  8. MMTuts: Myanmar Tutorials အပေါ် သင်ရဲ့ အမြင်။
    Emoracket: Myanmar Tutorial လိုမျိုး Site တွေ နောက်ထပ် ပေါ်လာဖို့ မျှော်လင့်ပါတယ်။ ဒါမှ ရိုးရိုး Internet သုံးတဲ့ လူတွေလည်း ဖတ်ဖြစ်ပြီး စိတ်ဝင်စားလာကြမှာပါ။
  9. MMTuts: သင့်ရဲ့ Computer Life အနည်းအကျဉ်း။
    Emoracket: ကွန်ပျူတာ Life ကတော့ ကြောင်တောင်တောင် နိုင်ပါတယ်။ ကျွန်တော် သူငယ်ချင်းတွေနဲ့ လည်း နည်းနည်း အဆက်အသွယ် ပျက်သွားပါတယ်။ အိမ်မှာ လည်း သိပ်ပြီး စကားမပြော ဖြစ်တော့ပဲ အားနေရင် အဲ့ Computer ရှေ့မှာပဲ ထိုင်နေမိပါတယ်။ တစ်နေ့ကို တစ်ချိန် မထိုင်ရ ရင် အိပ်မပျော်တဲ့ အထိပါပဲ…
  10. MMTuts: ကွန်ပျူတာ လေ့လာနေသူတွေအတွက် သင့်ရဲ့ အကြံပြုချက်။
    Emoracket: ဟုတ်…. Computer လေ့လာနေတဲ့ လူတွေကို ပြောချင်တာကတော့ ကိုယ့်အားကိုကိုး ဖို့ပါပဲ။ လုံးဝရှာ လို့မရလို့.. မသိလို့ နောက် နားမလည်တာ တို့ဆိုရင် တော့ Forum တွေ Technician တွေကိုမေးပေါ့။ ဒါပေမယ့် ကိုယ့်ဟာကို ရှာလို့ရတဲ့ ဟာမျိုးဆိုရင် Google မှာပဲ ရှာဖတ် စေချင်ပါတယ်။ အဓိက ကတော့ စာဖတ် မပျင်းပါနဲ့လို့ ပြောချင်ပါတယ်။ {ကျွန်တော် ဘယ်သူ့ကို မှ စောင်းပြောတာ မဟုတ်ပါဘူး။ မြန်မာလူမျိုး တော်တော်များများက စာဖတ်ပျင်းတာတွေ့ ရလို့ ပြောရတာပါ။ }

Facebook comments:

16 Responses

  1. exiter says:

    အီမိုလေးပြောတာ တောှတောှဟုတ်တယ် … (မြန်မာလူမျိုးတောှတောှများများဟာ စာဖတ်ပျင်းတယ် .. ) :P

  2. Wundwin says:

    ဟုတ်ပ…. ကျွန်တော်လည်း မြန်မာလူမျိုး စစ်စစ်ကြီးပါဗျာ: :D

  3. ah khun says:

    ဟုတ်ပါ့အေ.. ဒါလေးကို တောင် ဖတ်ရမှာ ပျင်းတာဟ.. :D ဖတ်ကြည့်ပါဦးမယ်လေဆိုပြီး စိတ်ကို တင်းလိုက်ရတာ :D

  4. kilo says:

    ပြင်းပြင်း နဲဘဲ ဖတ်လိုက်ဘီ

  5. Morris says:

    emo လေးပြောတဲ့အတိုင်းပဲ ဟေ့ :P

  6. Maverick says:

    Emo လေးပြောတာမှန်ပါတယ်။ “စာဖတ်မပြင်းဖို့ နဲ့ ကိုယ့်အားကိုယ်ကိုးဖို့ပါပဲ” ကျွန်တော်ဆိုလဲ အခု C++ ကို စလေ့လာနေပါပြီ။ ကိုယ်တိုင်လေ့လာရတဲ့ အတွက် စာများများ လိုက်ဖတ်ရတာ ကိုယ်တွေ့ပါ။

    (အခုလို interview လေးတွေ ခဏခဏ လုပ်စေချင်ပါသည်။ ဒါမှလဲ ကိုယ့်နိုင်ငံမှာ IT Pro တွေရှိတယ်ဆိုတာ သိလာရုံတင် မက ဒီအပိုင်းမှာလဲ motivation တွေရပြီး ပိုတိုးတက်လာနိုင်မယ်လို့ထင်ပါတယ်။)

  7. Thiha says:

    ခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အလျှင်းသင့်သလို အင်တာဗျူးတွေ လုပ်သွားပါ့မယ်။

  8. vampire says:

    အနော်လဲ စာဖတ်ပျင်းပျင်းနဲ့ ဖတ်လိုက်တာပါပဲ .
    ဒါပေမယ့် ဖတ်ရင်းနဲ့သိလာတာက ကလေးထက်တောင် စာဖတ်အားညံ့နေပါလားနော် .

  9. [...] မြန်မာပြည်က အသက်အငယ်ဆုံး ဘလော့ဂ်ဂါ Emoracket နဲ့ဗျူးထားတာလဲ ဖတ်လို့ရပါတယ်။ Have A Nice [...]

  10. poekwar says:

    စာဖတ်ပျင်းတာတော့အမှန်ပဲ..စာဖတ်မယ်ဆိုပြီး download ဆွဲသွား အိမ်ရောက်တော့ ပြန်မဖတ်ဖြစ်တော့ဝူး..

  11. rose says:

    Learning IT techonology with myanmar tutorial is good or not .

    “Good” is tutorial with Myanmar language prefer knowing tutorial with English language when learning IT.

    “Not Good” is that “I think that Reading with English skill will loose.”

    I ဒီလို comment ပေးတာတစ်မျိုးမထင်ပါနဲ ့နော်

  12. PH says:

    မြန်မာ=ငပျင်း

  13. [...] ဥပမာ  အီမိုလေး လို ကျွန်တော်ထက်ငယ်ပြီး [...]

  14. [...] ဥပမာ  အီမိုလေး လို ကျွန်တော်ထက်ငယ်ပြီး [...]

  15. ဟိုက်ရှားပါး….တကယ် 6 တန်းပါနော်။ ကိုယ့်ကိုကိုယ်တောင် ရှက်မိတယ်။တော်လိုက်တာဗျာ။ချီးကျူးပါတယ်။myanmar tutorials အနေနဲ့ ဒီလို လူငယ်လေးတွေကို ဆက်ပြီး အင်တာဗျူးပေးပါဦး..

Leave a comment


*