Interview with Aung Sithu Kyaw Part I

ဒီကနေ့ လူငယ်တွေကို ကြည့်မယ်ဆိုရင် Life နှစ်ခု ဖြစ်နေတယ်လို့ ပြောလို့ရအောင် တစ်ဖက်က Game Life တစ်ဖက်က Real Life ဆိုပြီး ရှိနေတတ် ကြပါတယ်။ ဒီလို Game နဲ့ ပတ်သက်ရင် လူကြီး လူငယ် အယူအဆတွေ ကလည်း အရမ်း ကွဲပြားခြားနား နေပါတယ်။ လူကြီးတွေ အနေနဲ့ ဂိမ်းဆော့တာ မကောင်းဘူး။ လူငယ်တွေ အနေနဲ့ကလည်း သူတို့ရဲ့ Second Life ထဲက ရုန်းမထွက်လို ကြဘူး။ တကယ်တော့ ဒီလို Addicted ဖြစ်တတ်တဲ့ သဘောတရားတွေမှာ နားလည်မှု လွဲတာတွေ၊ အလွန်အကျွံ ဖြစ်မှုတွေ စသည်ဖြင့် ရှိတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခြား တစ်ဖက်မှာလည်း ကောင်းတဲ့ သဘောတရားတွေ လူငယ်တွေ Game Addicted ဖြစ်နေတာတွေကို Value Added လုပ်နေတာတွေလည်း အများကြီးရှိ ပါတယ်။ Game တွေကို Education Program တွေမှာ တွဲစပ်ပြီး သင်ကြားတဲ့ ပုံစံတို့၊ ခုနောက်ပိုင်းမှာ တစ်ချိန်လုံး ကွန်ပျူတာရှေ့မှာ ထိုင်နေတာထက် ကိုယ်ကပါ လိုက်ပါလှုပ်ရှားရသော ကိုယ်လက်လှုပ်ရှားမှု အသားပေး ဂိမ်းတွေကလည်း ဂိမ်းအပေါ် အမြင်စောင်းနေတဲ့ မိဘတွေကို စိန်ခေါ်နေ ပါတယ်။

အသက်မွေး ဝမ်းကျောင်း အနေနဲ့ ကြည့်မယ် ဆိုရင်လည်း Game Industry ဆိုတာ ကွန်ပျူတာ လောကမှ အကြီးဆုံးလို့ ဆိုရလောက် ကြီးမား ကျယ်ပြန့် လွန်းပါတယ်။ တကယ်တော့ ဂိမ်းတွေကို ကျွန်တော်တို့က ဆော့ပဲ ဆော့ကြပါတယ်။ တီထွင် ထုတ်လုပ်တဲ့ အပိုင်းကို သွားဖို့ကြတော့ မလွယ်ပါဘူး။ ဂိမ်းဆော့တာ မကောင်းဘူးဆိုတဲ့ အမြင်တွေ ကြားကနေ ရုန်းထွက်ပြီး Game Developer တစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချဖို့ဆိုတာ အင်မတန် မလွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုရွေးချယ်ဖို့ ခက်တဲ့ ရွေးချယ်လေ့ မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်တဲ့အတွက် ရွေးချယ်ထားတဲ့ အတိုင်းလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ ကိုအောင်စည်သူကျော်ကို သိခွင့်ရတော့ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း အင်တာဗျူးချင် စိတ်တွေ တစ်ဖွားဖွား ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ကိုအောင်စည်သူကျော်ကို ခွင့်တောင်းပြီး အင်တာဗျူး ဖြစ်ပါတော့တယ်။ အခုလို အင်တာဗျူးခွင့် ပေးတဲ့ ကိုအောင်စည်သူကျော်ကို ကျေးဇူးတင်ပါတယ်။

ကိုစည်သူ့အနေနဲ့ လက်ရှိရပြီးသား ဘွဲ့တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ ခု ကိုစည်သူ ဘယ်မှာ အလုပ်လုပ် နေပါသလဲ။ ဘယ်လို တာဝန်တွေ ထမ်းဆောင် နေပါသလဲ။

အခုနောက်ဆုံးအနေနဲ့ကတော့ Singapore NTU က M.Sc (Digital Media Technology) ကို နောက်ဆုံး semester ဖြေထားပြီး result စောင့်နေပါတယ်။ Degree ကတော့ KMD ကနေ BCIS ယူခဲ့ပါတယ်။ Winner နဲ့ လူ့စွမ်းအားက ပေးတဲ့ Dip.SE ရှိပါတယ်။ တစ်ခြား Professional Certificate တွေအနေနဲ့ကတော့ MCP တစ်ခုရှိတယ်။ အဲဒါက စလုံးလာခါနီး ဘာရယ်မဟုတ်ပဲ MS လက်မှတ်တစ်ခု ရအောင် ဖြေခဲ့တာ။ C\C++ နဲ့ပတ်သက်ပြီး BrainBench နဲ့ GameInstitute က ရထားတဲ့ Certificate ၂ ခုရှိပါတယ်။ Brainbench ကတော့ ဒီအတိုင်း test ဖြေလိုက်ပြီးပဲ ရတာပါ။ GameInstitute ကတော့ online learning programme ပါ။ Chapter အလိုက် test တွေရှိပါတယ်။ နောက်ဆုံး စာမေးပွဲ အောင်အောင် ဖြေပြီးမှ လက်မှတ်ရတာပါ။ နောက်ဆုံးအလုပ်ကို ပြောင်းတာ မကြာသေးပါဘူး။ NTU က research project တစ်ခုမှာ graphics programmer/ project officer အနေနဲ့ပါ။ လက်ရှိ project ကတော့ 3D animation ကို real-time tools တွေသုံးပြီး create လုပ်တဲ့ သဘောပါ။ ဒီ animation ကို ကြည့်တဲ့ လူတွေဆီကနေ feedback တွေကို camera ကနေ real-time ယူပြီး animation ကို real-time ပြန် tweak, refine လုပ်သွားတဲ့ idea ကို research သဘောမျိုး အနေနဲ့ လုပ်နေတာပါ။ Commercial game project တော့ မဟုတ်ပါဘူး။ ဒီ project မှာ ကျွန်တော့် အနေနဲ့ကတော့ graphics programming နဲ့ ပတ်သက်တဲ့ အပိုင်းတွေ၊ သုံးတဲ့ game engine မှာ မပါတဲ့ လိုအပ်တဲ့ feature တွေ ထပ်ပြင်ရေးတဲ့ အပိုင်းတွေနဲ့၊ စောစောကပြောတဲ့ audience ဆီကနေ feedback ပြန်ယူတဲ့ sensor program တွေ develop လုပ်တဲ့အပိုင်းတွေမှာ ပါပါတယ်။ Project officer အနေနဲ့ကတော့ တစ်ခြားကျောင်းက programmer တွေ staff တွေနဲ့ ဘယ်သူတွေ ဘာလုပ်ကြမယ် ဆိုတာမျိုး စကားတွေပြော meeting တွေလုပ် အဲဒါတွေလဲ ပါမယ်ပေါ့ဗျာ။

ဒီလို ဘဝကို မရွေးချယ်ဖြစ်ခဲ့တုန်းက ဘဝကို အတိုချုပ်လေး ပြောပြပေးပါ။ နောက်ဒီလို လမ်းကိုရွေးချယ်ဖြစ်ခဲ့ပုံလေး၊ ဘယ်လို အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရတယ်၊ ဘယ်လို လျှောက်လှမ်းခဲ့ရတယ် ဆိုတဲ့ ဘဝအတွေ့အကြုံလေးတွေ ပြောပြပေးပါ။

ငယ်ငယ်က Architect ဖြစ်ချင်ခဲ့တာ။ (၇)တန်း လောက်မှာ TTC မှာ ဖွင့်တဲ့ email/internet weekend ၂ ပတ် သင်တန်းလေး တက်ရာကနေ computer စသုံးဖြစ်ပါတယ်။ အဲ့ဒီကနေ ကျောင်းက စက်ခန်းထဲမှာ အဆင်ပြေရင် ပြေသလို ဝင်ပြီး လျှောက်လုပ် ကြည့်တယ်။ Programming တွေ ဘာတွေတော့ သေချာ မသိသေးဘူးပေ့ါ။ ဒါပေမယ့် ဂိမ်းတွေကတော့ ဆော့နေပြီပေါ့။ Playstation ဆိုင်တွေမှာ စပြီး သွားသွား ဆော့နေပြီ။ ၂၀၀၂ မှာ ဆယ်တန်း အောင်ပြီးတော့ ဗိုလ်တစ်ထောင်လူ့စွမ်းအားမှာ ဖွင့်တဲ့ Software Engineering တက်ဖြစ်တယ်။ အဲဒီအချိန်မှာပဲ ဂိမ်းတွေ အပေါ်မှာ စိတ်ဝင်စားတဲ့ ပုံစံက တစ်မျိုး ပြောင်းသွားတယ်။ ဆော့ဖို့ စိတ်ဝင်စားရာကနေ ဘယ်လို လုပ်ထားသလဲ ဒီအရုပ်တွေ screen ပေါ်မှာ ဘယ်လိုပေါ်အောင် လုပ်ထားသလဲ ဆိုတာတွေကို သိချင်လာတယ်။ အဲဒီအချိန်မှာ အင်တာနက်ဂျာနယ် ထဲမှာ ကြော်ငြာနေတဲ့ Media Smart က game programming သင်တန်း ဆိုတာတွေ့တယ်။ သင်တန်းက private သဘောမျိုးပဲ။ သင်မယ့် ကိုတင်ကျော်ဦး ဆိုတာကလဲ အပြင်မှာလဲ သိတော့ တက်ဖြစ်သွားတယ်။ တက်တဲ့လူက သိပ်တော့မရှိဘူး။ ဒါပေမယ့် အဲဒီမှာ DOS OS အတွက် ဂိမ်းတွေ ရေးတဲ့ programming language (DivX, Hammer: အခုမရှိတော့ဘူး ထင်ပါတယ်) နဲ့ 2D game အသေးလေးတွေ စရေးဖြစ်တယ်။ အောင်စာရင်း ထွက်တော့ အမှတ်မှီတာနဲ့ ရေကြောင်း တက္ကသိုလ် တက်ဖြစ်တယ်။ တက်ချင်တာတော့ ကွန်ပျူတာ တက္ကသိုလ်ပေါ့။ ဒါပေမယ့် ရေကြောင်းက BE ရမယ်။ Naval Architect လဲရှိတယ်။ လူကြီးတွေကလဲ ဒါပဲဖြစ်ချင်တယ်။ ကွန်ပျူတာက ကိုယ့်ဟာကိုယ် လုပ်လဲရတယ် ဆိုတော့ ဒါပဲ လုပ်ဖြစ်သွားတယ်။ ရေကြောင်း တက်ဖြစ်တော့ ပထမနှစ်မှာ အလုပ်တွေ စရှုပ်ပြီး SE ကို သေချာ မတက်ဖြစ်တော့ဘူး။ ဒါပေမယ့် ရရင်ရသလို သွားပြီး နောက်ဆုံး စာမေးပွဲ အောင်အောင်လုပ်ပြီး SE လက်မှတ် ရအောင်တော့ လုပ်ခဲ့တယ်။ ပြီးတော့ ရေကြောင်း ဒုတိယနှစ်မှာ Naval Architect (NA) major ယူခဲ့တယ်။ အဲဒီနှစ်မှာပဲ ကွန်ပျူတာအသင်းက လုပ်တဲ့ MCP နဲ့ JITEC ၀င်ဖြေဖြစ်တယ်။ JITEC တော့ မအောင်ပေမယ့် MCPA အောင်သွားတယ်။ အဲဒါနဲ့ KMD မှာ စုံစမ်းပြီး IAD တန်းတက်လို့ရတယ် ဆိုတာနဲ့ ဆက်တက်ဖြစ်ခဲ့တယ်။

ဂိမ်းကတော့ အဲဒီအချိန်ထိ လုပ်ချင်တာပဲ ရှိပြီး ကိုယ့်ဟာကိုယ်ပဲ လျှောက်လုပ်နေတာ။ 2D game လေးတွေရေး၊ ဟိုအင်ဂျင်စမ်း၊ ဒီအင်ဂျင်စမ်း၊ counter-strike လို ဂိမ်းမျိုးတွေကို ဟိုပြင်ဒီပြင်လုပ်၊ အဲဒါတွေပဲ လုပ်နေတာ။ ပိုက်ဆံ ဘယ်လိုရှာရမှန်းလဲ မသိသေးဘူး။ ဒါကြီးကို Career လမ်းကြောင်းကြီး တစ်ခုအနေနဲ့လဲ မသိသေးဘူး။ ၂၀၀၅ မှာတော့ Myanmar Cyber Game Expo ဆိုပြီး MICT မှာ 4AM က ကိုဦးတို့က ဦးစီးပြီး လုပ်ကြတယ်။ အဲဒီမှာ Counter-Strike Map Creation Tournament ဆိုပြီး ပြိုင်ပွဲ ၁ခုပါတယ်။ ဒါနဲ့ cs_mict map ဆိုတာ ဆွဲပြီး ၀င်ပြိုင် ဖြစ်ခဲ့တယ်။ Hostage rescue map ပေါ့။ အဲဒီမှာ Total Gameplay က ကိုမြင့်ကျော်သူနဲ့ စတွေ့တယ်။ သူ့ကိုတွေ့တော့ တော်တော်ကြီးကို လေးစားသွားတယ်ဗျာ။ ကိုယ်က သူများအင်ဂျင်တွေ tool တွေသုံးပြီး ဟိုလုပ်ဒီလုပ် လုပ်နေတဲ့ အချိန်မှာ သူက အဲဒီပွဲအတွက် သူတို့ လုပ်ထားတဲ့ ဂိမ်းကို show case လာပြတာ။ ပိုလေးစားသွားတာက သူတို့ ဂိမ်းအတွက် 3D engine ကော၊ scripting engine ကော အားလုံးကို C\C++ နဲ့ ကိုယ်တိုင် ရေးထားတာ။ (ကြံုတုန်းပြောရရင် မြန်မာပြည်က ဂိမ်းနဲ့ ပတ်သက်တဲ့လူဆိုရင် သူ့ကိုလဲ ဗျူးသင့်ပါတယ်။) သူ့ presentation တွေ အဲဒီ ငါးရက်မှာ နေ့တိုင်း သွားဖြစ်တယ်။ မှတ်မှတ်ရရ ဝင်နားထောင် တာဆိုလို့ ကျွန်တော် ၁ယောက်ပဲ ရှိတယ်။ ကျန်တဲ့လူတွေက ဂိမ်းပြိုင်ပွဲမှာ တိုးနေကြတယ်။ သူနဲ့ တွေ့ပြီးတော့ industry အကြောင်း နဲနဲပိုသိလာတယ်။ အဲဒီမှာ ဆုရပြီးတော့ အဲဒီတုန်းက Zealous ဆိုတဲ့ Company က gaming magazine ကို မြန်မာလို ထုတ်နေတာ issue ၂ခုလောက်ရှိပြီ။ သူတို့ magazine issue အသစ်မှာ article တွေရေး၊ interview တွေ လုပ်ဖို့အတွက် စီစဉ်ကြရင်း Zealous ကို တော်တော် ရောက်ဖြစ်လာတယ်။ Zealous က ကိုစိုင်းကလည်း ဂိမ်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတော့ နောက်ပိုင်း မြန်မာဂိမ်းတွေ ဘာတွေ လုပ်ကြမယ်ဆိုပြီး စီစဉ်ဖြစ်တယ်။ နောက်ကျတော့လဲ ကျွန်တော့် IAD project အနေနဲ့ရေးခဲ့တဲ့ Cybercafe management software ကိုဂိမ်းဆိုင်တွေအတွက် service ပေးမယ် ရောင်းမယ်ဆိုပြီး iMon netCaf ဆိုတဲ့ Cybercafe software စလုပ်ဖြစ်တယ်။ နောက်ပိုင်း online ကနေ Freelance လုပ်တာကို စိတ်ဝင်စားပြီး GetAFreelancer ကနေ project တွေရအောင် ယူရေးဖြစ်တယ်။ (ဒီအကြောင်းကို MITP မှာရေးဖူးပါတယ်။ စိတ်ဝင်စားရင် ဒီမှာ ဖတ်လို့ရတယ်။)

အဲဒီတော့ Database တွေ VB တွေ .Net တွေဘက် ပြန်ရောက် သွားပြန်တယ်။ ကိုမြင့်ကျော်သူနဲ့လဲ အဆက်ပြတ် သွားတယ်။ ရေကြောင်း ကလည်း ၂တန်းမှာ IAD တက်တာနဲ့ အပြင် project တွေရေးနေတာနဲ့ အလုပ်တွေရှုပ်ပြီး ကျတယ်။ ကျတာကို မကျေနပ်လို့ နောက်နှစ်ပြန်တက်ပြီး လုပ်တော့ roll တက်ပြီး ၃တန်း ရောက်လာတယ်။ တက်နေရင်းနဲ့ ၃တန်း နောက်ဆုံး စာမေးပွဲ ဖြေမယ့်နေ့မှာ စာတွေလဲ သေချာ မလုပ်ထားတော့ သွားမဖြေတော့ဘူး။ ဆက်လဲ မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီး Zealous မှာ full time programmer ၀င်လုပ်တယ်။ တစ်ဖက်က BCIS ဆက်တက်တယ်။ Zealous မှာ ၂ နှစ်ကျော်လုပ်ပြီး ၂၀၀၇မှာ ‘စ’လုံး ထွက်လာခဲ့တယ်။ ရောက်ရောက်ချင်းတော့ ASP တို့ VBA တို့ Access တို့နဲ့ Database Programming အလုပ်ပဲရတယ်။ အဲဒီ အတောအတွင်းမှာ အပေါ်မှာ ပြောတဲ့ GI နဲ့ BrainBench က Certificate တွေအတွက် ထပ် ဖြေခဲ့တယ်။ MyanmarITPro မှာ Game programming group လုပ်ဖြစ်ရင်း ကိုမြင့်ကျော်သူနဲ့လဲ ပြန်အဆက်အသွယ်ရတယ်။ Industry မှာအလုပ်ရဖို့ portfolio အရေးကြီးတဲ့အတွက် ပြလို့ရမယ့် ဂိမ်းအသေးလေးတွေပြန်လုပ်ဖြစ်တယ်။ အဲဒါနဲ့နောက်ဆုံးတော့ ဒီက Playware Studios မှာ Sr. Game Programmer အနေနဲ့ ပထမဆုံးအလုပ်ရခဲ့တာပါပဲ။ (အင်တာဗျူးအကြောင်းကို ဒီမှာ ရေးဖူးပါတယ်။)

အခက်အခဲတွေကတော့ ဘာမှမရှိပါဘူး။ မီးမလာတာတွေ၊ ကွန်နက်ရှင်မကောင်းတာတွေ လျှောက်ပြောရင်တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် ဒါတွေက အခက်အခဲမဟုတ်ပါဘူး။ Challenge တွေပါ။ ဒါကို Survive လုပ်ပြီး ဖောက်မထွက် နိုင်တဲ့သူက ရှုံးတာပဲ။ ရန်ကုန်မှာနေရင် တစ်နေ့ကို ၂နာရီ ၃နာရီတော့ အနည်းဆုံး မီးရပါတယ်။ မီးမလာရင် အိပ်ပြီး ညဘက် မီးပြန်လာရင် ထဖတ်ပေါ့ဗျာ။ တိတ်တိတ် ဆိတ်ဆိတ်တောင် ရှိသေး (အမေက အိပ်ဖို့ အော်နေရင်တော့ တစ်မျိုးပေါ့ဗျာ :) ။ အင်တာနက် ဆိုင်တွေလည်း အခု အများကြီး ဖြစ်နေပါပြီ။ ၂၀၀၂-၂၀၀၃ လောက်ကဆို မြို့ထဲက iCorner တို့ SoftLink တို့မှာ သက်သက် သွားပြီး သုံးရတယ်။ youtube, facebook, blogger တွေ မရလည်း စာဖတ်လို့ရတဲ့ ဆိုက်တွေ အများကြီး ရှိပါသေးတယ်။ ပိုက်ဆံမရှိလို့ ကြာကြာ မသုံးနိုင်ရင် ရသလောက်ရှာ သိမ်းပြီး အိမ်ပြန်ရောက်မှ ပြန်ဖတ်တာပေါ့ဗျာ။ Learning CD တွေဝယ်မလား။ ငါးသောင်း ခြောက်သောင်းတန် resource တွေ သိန်းချီတန်တဲ့ software တွေ တစ်ထောင်ပဲ ပေးရတယ်။ မဝယ်နိုင်လည်း လက်ဖက်ရည်ဆိုင် ၂ရက်လောက် မထိုင်ပဲ စုရုံပေါ့ဗျာ။ အားလုံးဖြစ်အောင် လုပ်လို့ရပါတယ်။

မိဘတွေ ဖြစ်စေချင်တာနဲ့ ကိုယ်လုပ်ချင်တာ မတူတာမျိုးတော့ ရှိတယ်။ ကျွန်တော် ထင်တာကတော့ မိဘဆိုတာ ကျွန်မသားက ဆရာဝန် အင်ဂျင်နီယာ ဆိုပြီး ဂုဏ်ယူချင်တာ အနည်းနဲ့ အများကလွဲရင် ကိုယ့်သားသမီး အကောင်းဆုံး ဖြစ်ဖို့အတွက် တတ်နိုင်သလောက် အကြံပေးတဲ့ သဘောပါပဲ။ တစ်ကယ်ကတော့ ကိုယ့်ဘဝပါ။ သူများ ဖြစ်စေချင်တာကို ကိုယ်လုပ်လို့ တစ်သက်လုံး အဆင်မပြေရင် ကိုယ်ပဲခံရမှာပဲ။ သူတို့ ဖြစ်စေချင်တာနဲ့ ကိုယ်လုပ်ချင်တာ မတူရင် ကိုယ်ရွေးမယ့် လမ်းအတွက် ကိုယ်ဘယ်လောက် ယုံကြည်မှုရှိလဲ ဆိုတာပြန်မေးပြီး ကိုယ်ကိုယ်တိုင် ကလည်း ယောင်ဝါးဝါးပဲ ဆိုရင်တော့ သူတို့ ဖြစ်စေချင်တာသာ လုပ်လိုက်ပါ။ အနဲဆုံးတော့ အဆင်မပြေရင် စိတ်ဖြေလို့ ရပါသေးတယ်။ ကိုယ်ဖြစ်ချင် တာကို ကိုယ့်ဟာကိုယ် သေသေချာချာ သိရင်တော့ ဘယ်သူ ဘာပြောပြော ဆက်သာလုပ်သွားပါ။ အောင်မြင်လာရင် အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။

ကျွန်တော် ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်တော့ ကိုယ်လုပ်ချင်တာကို စောစောစီးစီး သိခဲ့တာတစ်ခု ကံကောင်းတယ်လို့ ပြောလို့ရမယ်။ Steve Job ရဲ့ Stanford က speech ကိုနဲနဲ quote လုပ်ချင်ပါတယ်။ “Your work is going to fill a large part of your life, and the only way to be truly satisfied is to do what you believe is great work. And the only way to do great work is to love what you do. If you haven’t found it yet, keep looking. Don’t settle.” ဆိုတာလေးပါ။ လုပ်ချင်တာကို သိတဲ့အတွက် တစ်ခြားဘာတွေကိုပဲ လက်ရှိမှာ လုပ်နေရရ ဒါကို စွဲစွဲမြဲမြဲ ဆက်လုပ် ဖြစ်နေတယ်။ အဲဒီတော့ အခွင့်အရေးရတဲ့ တစ်ချိန်မှာ ဒီလမ်းကြောင်းပေါ် ရောက်လာတာပါပဲ။

Game Developer ရဲ့ Life နဲ့ Gamer ရဲ့ Life ဘယ်လို ကွာခြားပါသလဲ။ Gamer တွေတိုင်း Game Developer ဖြစ်နိုင်ပါသလား၊ Game Developer တစ်ယောက် ဖြစ်ဖို့ ဘယ်တွေ လိုပါသလဲ။

Gamer နဲ့ Game Developer က သပ်သပ်စီပါ။ Game တွေ ဆော့ရတာ ကြိုက်ရုံနဲ့ Game Developer မဖြစ်နိုင်ပါဘူး။ အဲဒီတော့ အတိုချုပ် ပြောရရင် Game Developer တိုင်းက Gamer ဖြစ်ပေမယ့် Gamer တိုင်းကတော့ Game Developer မဖြစ်နိုင်ပါဘူး။ Game ကစားတာကို စိတ်ဝင်စားတာနဲ့ Game Development ကို စိတ်ဝင်စားတာ တစ်ခြားစီပါ။ ကျွန်တော်ကိုယ်တိုင်လဲ (ကို pokefreak တို့နဲ့ ယှဉ်ရင် ) Hardcore Gamer ကြီးလို့ မခံယူပါဘူး။ Game Development ဟာ နာမည်သာ ကွဲပေမယ့် တစ်ခြား Software Development တွေလိုပါပဲ။ Publisher တွေ Investor တွေရှိသလို တစ်ခြား Technology Partner တွေ Content Creation Partner တွေလဲ ရှိနိုင်ပါတယ်။ အဲတော့ Game Project တစ်ခုမှာ Milestone တွေ Deadline တွေ Crunch တွေလည်း အများကြီး ရှိပါတယ်။ တစ်ခြား Software Developer တွေလိုပဲ နောက်ဆုံး နည်းပညာတွေကို အမြဲ ဖတ်နေရပါတယ်။ Skill နဲ့ Knowledge နဲ့ မျှအောင် တစ်ချိန်လုံး လေ့လာ နေရပါတယ်။ တစ်ခု ပိုတယ်လို့ ပြောလို့ ရတာက ကျွန်တော်တို့ အနေနဲ့ Hardware Technology တွေကို တီးမိခေါက်မိ ရှိဖို့လိုပါတယ်။ ဘယ် Graphic Card အသစ် ထွက်လာပြီ။ ဘာ New Feature တွေပါလာတယ် ဆိုတာမျိုးတွေပေါ့။ နောက်ပြီး Graphic Software တွေနဲ့လဲ နဲနဲ ရင်းနှီးဖို့ လိုပါတယ်။ Game Development လိုင်းထဲကို အနည်းနဲ့ အများဝင်လာတာနဲ့ Game တွေ ကစားတဲ့ အပေါ်လည်း အမြင် ပြောင်းသွားတယ်။ နည်းပညာဘက်က ကြည့်ကြည့် နေမိပြီးတော့ ဘာမှ မသိခင်တုန်းကလို Fun တစ်ခု တည်းအတွက် မဆော့ဖြစ်တော့ဘူး။ Hardcore Gamer တွေအနေနဲ့ ကတော့ Game Tester တွေအနေနဲ့ Industry မှာ Demand ရှိပါတယ်။ Game Tester တွေအနေနဲ့ Game တစ်ခုရဲ့ Game Play Experience ဘယ်လိုနေလဲ၊ Control လုပ်ရတာ လွယ်ကူရဲ့လား Combo တွေက အဆင်ပြေရဲ့လား ဘယ်နေရာမှ Logic or Visual Bug တွေရှိနေလဲ အစရှိသဖြင့် အဖြေရှာ ပေးရပါတယ်။

Game Developer တစ်ယောက်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှင်းပြပေးပါ။ မြန်မာလူငယ်တွေအနေနဲ့ Game Developer ဖြစ်ဖို့ အိမ်မက် မက်ခွင့်ရှိသလား။ မက်ခွင့်ရှိတယ် ဆိုရင် ဘယ်လို အရည်အချင်းတွေ ပြည့်စုံအောင် လုပ်ဖို့ လိုပါသလဲ။

အလုပ်အကိုင် တွေကတော့ Role တွေ အများကြီး ခွဲလို့ရပါတယ်။ Generally ပြောရရင်တော့ Engineering ပိုင်းနဲ့ Game Play Programming အပိုင်းဆိုပြီး ပြောလို့ရမယ် ထင်ပါတယ်။ Math တွေ 3D တွေကို ၀ါသနာပါပြီး ပိုအားသန်တဲ့ လူမျိုးဆိုရင်တော့ Engineering ပိုင်းကို သွားလို့ ရပါတယ်။ ဒီအပိုင်းမှာ ဆိုရင် 3d Rendering, Artificial Intelligence (AI), Physics, Sound, Network စသဖြင့် လမ်းကြောင်းတွေ အများကြီး ထပ်ရှိ ပါသေးတယ်။ တစ်ဖြည်းဖြည်းနဲ့ Specialize တစ်လိုင်းကို ဆက်သွားနိုင်ပါတယ်။ ဒီ Engineering အပိုင်းဟာ ဘယ်ဂိမ်းမှာ ဖြစ်ဖြစ် သုံးလို့ရတဲ့ Code Base Framework ကို ရေးသားကြတာပါ။ အဲဒီ Framework နဲ့ Tool Set တွေကိုပဲ Game Engine လို့ခေါ်ပါတယ်။ (အသေးစိတ်ကို ဒီမှာ စိတ်ဝင်စားရင် ဖတ်နိုင်ပါတယ်) နောက်တစ်ပိုင်းက ဒီ Game Engine တွေကို သုံးပြီး တစ်ကယ့် Playable Game ကို Create လုပ်တဲ့ အပိုင်းပါ။ သူ့အနေနဲ့ Engineering ပိုင်းကို လုံးဝမသိလို့ မရပေမယ့် သုံးတဲ့ Engine ရဲ့ Feature တွေကို အသုံးပြုပြီး တစ်ကယ် ဆော့လို့ရတဲ့ ဂိမ်းတွေကို ဖန်တီးလို့ ရပါတယ်။ အခွင့်အလမ်း တွေကတော့ နိုင်ငံတစ်ကာမှာ ဆိုရင် Engineering ပိုင်းက Demand ပိုများပါတယ်။ Game Play Creation ပိုင်းကို လိုက်တဲ့ လူတွေက Independent Developer တွေ ဖြစ်တာ များပါတယ်။ စျေးကွက်ထဲမှာ ၀ယ်လို့ရတဲ့ ဒါမှမဟုတ် Open Source Engine တွေကိုသုံး Artist တစ်ယောက် နှစ်ယောက်လောက်နဲ့ အဖွဲ့ဖွဲ့ပြီး ကိုယ့်ဟာကို တစ်ပိုင်တစ်နိုင် ဂိမ်းလေးတွေ လုပ်ရောင်း ကြပါတယ်။ Industry ကတော့ သိတဲ့အတိုင်း U.S နဲ့ Europe ဘက်မှာကတော့ အကောင်းဆုံးပါပဲ။ Asia မှာဆိုရင်တော့ အခုဆိုရင် Shanghai မှာ Studio တွေ အများကြီး ဖြစ်နေပါပြီ။ “စ”လုံးမှာ ကတော့ ဖွံ့ဖြိုးဆဲပါ။ International Studio အများကြီး မရှိသေးပါဘူး။ Local Studio တွေကလည်း ဂိမ်းစစ်စစ်နဲ့ ပေါက်ပေါက် မြောက်မြောက် ဖြစ်ပြီး ရပ်တည်နိုင်တဲ့ ကုမ္ပဏီ သိပ်မရှိသေးပါဘူး။ ဒါပေမယ့် နောက် ၄-၅ နှစ် အတွင်းမှာတော့ တော်တော် ဖြစ်လာမယ်လို့ ထင်ပါတယ်။ Government ကလည်း Grant တွေ Funding တွေပေးပြီး Media Hub ဖြစ်လာအောင် လုပ်နေပါတယ်။ မြန်မာတွေ အနေနဲ့ Game Developer အိပ်မက် လုံးဝ မက်နိုင်ပါတယ်။ ဒီမှာတင် ကျွန်တော်နဲ့သိတာ (၂) ယောက် ရှိပါတယ်။ ကိုသက်နိုင်ဆွေ ဆိုတာ UK မှာ game development major နဲ့ computer degree ယူခဲ့ပြီး iPhone, DS game company မှာလုပ်ခဲ့တာပါ။ အခုစလုံးရောက်နေပါတယ်။ နောက်တစ်ယောက်က ကိုသီဟဦး၊ သူက ကျွန်တော်တို့ NTU DMT senior batch ကပါ။ Nintendo DS, Wii game company မှာ လုပ်နေပါတယ်။ မြန်မာပြည်တွင်းမှာ ဆိုရင်လည်း ကိုမြင့်ကျော်သူ ရှိပါတယ်။ အဲတော့ အိပ်မက်မက်လို့ ရပါတယ်။ အကြီးကြီးတောင် မက်သင့်ပါတယ်။ ဒါပေမယ့် အိပ်မက်တွေကို အကောင်အထည် ဖော်ရင်တော့ သေးသေးကပဲ စရပါလိမ့်မယ်။ စောစောက ပြောတဲ့ သူတွေဟာ C\C++ တွေနဲ့ Hardcore ရေးတဲ့ လူတွေပဲ ရှိပါသေးတယ်။ တစ်ခြား Flash တို့ Game Maker တို့လို Software တွေ သုံးပြီး ဂိမ်းအသေးလေးတွေ၊ Flash Game တွေ၊ Facebook Game တွေ ရေးနေတဲ့ လူတွေလဲ ပြည်တွင်းမှာရော နိုင်ငံခြားမှာရော အများကြီး ရှိနိုင်ပါသေးတယ်။ Game Development က Programming တစ်ခုတည်း မဟုတ်ပါဘူး။ 3D Graphic Artist တွေ Sound Designer/Composer တွေ အတွက်လည်း အခွင့်အလမ်းတွေ ရှိပါသေးတယ်။ Game Programming ကိ ုပြောရင်တော့ Programming Skill နဲ့ သချင်္ာ Skill ပေါင်းစပ် အသုံးချ ရပါတယ်။ အဲဒီတော့ Trigo နဲ့ Linear Algebra လို့ခေါ်တဲ့ Vectors တွေ Matrix တွေကို နားလည်ဖို့ လိုပါတယ်။ (မသိလည်း အဲဒါတွေမလိုတဲ့ ဂိမ်းမျိုးတွေ လုပ်လို့ ရပါသေးတယ်။) ဒါပေမယ့် တစ်ချိန်မဟုတ် တစ်ချိန်မှာ ပြန်လိုလာမှာပါပဲ။ Language ကတော့ C\C++ က Industry Standard ပါပဲ။ ဒါတွေ ဘာမှမသိပဲလဲ စောစောက ပြောတဲ့ Market ထဲမှာရှိတဲ့ Engine တွေ Game Building Software တွေသုံးပြီး ဂိမ်းတွေ လုပ်မယ်ဆိုလည်း ဖြစ်နိုင်ပါသေးတယ်။

Tutorial site မှာ Interview တွေ ထည့်တဲ့ကိစ္စကို မကျေနပ်တဲ့ လူတွေ ကျေနပ်အောင် ကျွန်တော်ကြံုခဲ့တဲ့ Beginner တွေဖြစ်နိုင်တဲ့ အခက်အခဲတွေနဲ့ ဘယ်လို လုပ်သင့်တယ် ဆိုတာလေးကို ဆက်ပြော ကြည့်ရအောင်။ များသောအားဖြင့် ဂိမ်းလုပ်မယ်ဆိုရင် ပထမဆုံး စဉ်းစားမိတာ Half Life လို Warcraft လို C&C လိုမျိုး ဂိမ်းတွေ လုပ်ဖို့ စဉ်းစား မိတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသိတာက ဒီဂိမ်းတွေဟာ ရာချီတဲ့ လူတွေ ဒေါ်လာတွေ သန်းချီသုံးပြီး develop လုပ်ကြတယ်ဆိုတာပါ။ အဲတော့ စစချင်းမှာ ဒါမျိုးကို သွားစဉ်းစားရင် ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလောက်ကြီးတဲ့ ဂိမ်းမျိုးတွေ မဟုတ်ပဲ Casual Game လို့ခေါ်တဲ့ ဂိမ်းအသေးလေး တွေတောင် ပြီးဖို့ဆိုတာ အရမ်းခက်ပါတယ်။ ပထမဆုံး လေ့လာတဲ့ လူအနေနဲ့ ဘယ်လို ဂိမ်းမျိုး စလုပ်သင့်သလဲ ဆိုတာကို စာဖတ်ရင် ဒီလိုအစီအစဉ်နဲ့ အကြံပေးကြတာ တွေ့နိုင်ပါတယ်။ ပထမဆုံး အနေနဲ့ Pong လို ဂိမ်းလေး လုပ်သင့်ပါတယ်။ ဒီလို အသေးဆုံးလို့ ပြောလို့ရတဲ့ ဂိမ်းလေးမှာတောင် Real-time Programming, Input Processing, Basic Collision Detection အစရှိတဲ့ Game Programming Concept တွေ ပါပါတယ်။ ဒီ Game Play ကို ရေးနိုင်ပြီဆိုမှ နောက်တစ်ဆင့် အနေနဲ့ Game Menu Screen, Game Play Screen, Game Over Screen အဲဒါတွေ ထည့်ပြီး ပြီးပြည့်စုံတဲ့ Pong Game ဖြစ်အောင် ဆက်ရေး သင့်ပါတယ်။ ဒီအဆင့်လောက်ထိ လုပ်နိုင်ပြီဆိုရင် Tetrix လို ဂိမ်းမျိုး ရေးကြည့်ဖို့ အကြံပေးလိုပါတယ်။ ဒီမှာဆိုရင် ပိုပြီး Complex ဖြစ်တဲ့ Game Play Logic ကို စဉ်းစားပြီး ရေးကြည့် ရပါတော့မယ်။ ဒါကိုလည်း ရေးနိုင်ပြီ ဆိုရင် Pac Man လို ဂိမ်းမျိုး ရေးနိုင်အောင် ဆက်ကြိုးစား ကြည့်သင့်ပါတယ်။ Pac Man Game ဆိုတာ ပြောရရင် တော်တော် ရှုပ်လာပါပြီ။ Enemy တွေအတွက် AI တွေပါ ရေးရ ပါတော့မယ်။ ဒီသဘောတရားတွေ သဘော ပေါက်ပြီဆိုရင် BFG တို့ Reflexive တို့က ဂိမ်းတွေကို နမူနာယူ ဆော့ကြည့်ပြီး အဲဒီဂိမ်းတွေ အဆင့် (Game Play, Graphic, Sound Qualities) လောက် ရောက်အောင် ဆက်ရေးသင့်ပါတယ်။ ဒီအဆင့် ရောက်ပြီ ဆိုရင်တော့ ရောင်းတန်း ဝင်ပါပြီ။ ဒီ Portal တွေကို ဆက်သွယ်ပြီးပဲ ဖြစ်ဖြစ် ကိုယ်တိုင် Publish လုပ်ပြီးပဲ ဖြစ်ဖြစ် Release လုပ်ဖို့ ကြိုးစား သင့်ပါတယ်။ Release Game တစ်ခု ရှိတယ်ဆိုတာ ကိုယ့် Resume, Portfolio မှာပါရင် ဘယ်နေရာမှာ အလုပ် လျှောက်လျှောက် ရဖို့ အရမ်း Chance များပါတယ်။

နောက်တစ်ခုက စာဖတ်တာပါ။ ကိုယ်က အပေါ်မှာပြောတဲ့ အခြေခံတွေကို မသိပဲ RTS game programming လို စာအုပ်တွေ Multiplayer FPS Game programming လို စာအုပ်မျိုးတွေ သွားဖတ်ရင် အစပိုင်းတော့ ဟုတ်သလိုလိုရှိပြီး နောက်ပိုင်းကျရင် ဘာမှနားလည်တော့မှာ မဟုတ်ပါဘူး။ စာအုပ်တွေ ကလည်း ရောင်းရအောင် Programming နဲနဲသိရင် ရပြီဆိုပြီးပဲ ရေးကြပါတယ်။ အဲတော့ အဲလို စာအုပ်မျိုးတွေ သွားဖတ်ပြီး နားမလည်တော့ နောက်တစ်အုပ် ပြောင်းဖတ် Intro လောက်ပြီးတော့ ဆက်နားမလည် အဲဒါနဲ့ အချိန်တော်တော် ကုန်သွားနိုင်ပါတယ်။ အဲတော့ အစကတည်းက အခြေခံကျကျ စာအုပ်တွေက စဖတ်သင့်ပါတယ်။ ကျွန်တော်လည်း ဂိမ်းစာအုပ်တွေ ဖတ်တုန်းက အဲလိုဖြစ်ခဲ့လို့ပါ။ စာအုပ် လှန်ကြည့်လိုက်လို့ 2D game လေးတွေ ရေးတာလောက ်ပြထားရင် မဖတ်တော့ဘူး။ 3D game, နောက်ဆုံးကျတော့ အဲလိုစာအုပ်တွေကိုပဲ ပြန်ဖတ် ရပါတော့တယ်။

နောက်ဆုံး တစ်ခုကတော့ Engine တွေ Framework တွေ သုံးရမလား၊ ကိုယ့်အင်ဂျင်နဲ့ကိုယ် ရေးရမလားဆိုတဲ့ ပြဿနာပါ။ ကိုယ်က DirectX တွေ OpenGL တွေ Graphic တွေ Sound တွေကို မရေးချင်ဘူး၊ မလေ့လာချင်ဘူး။ ဂိမ်းပဲ လုပ်ချင်တာ ဆိုရင်တော့ ရှိပြီးသား Framework တစ်ခုခုသာ သုံးလိုက်ပါ။ Framework တွေကတော့ အများကြီး ရှိပါတယ်။ ကိုယ်ကဘာ Language ရတာလဲ ဘယ်လို ဂိမ်းမျိုး ရေးချင်တာလဲ ဆိုတာပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါ။ C\C++ နဲ့ ရေးချင်တဲ့ လူတွေဆိုရင် HGE, PopCap နဲ့ PlayFirst က Framework တွေရှိပါတယ်။ GUI editor တွေနဲ့ scripting ရေးချင်တဲ့ လူတွေဆိုရင်တော့ Torque တို့၊ Unity တို့လို Commercial Engine တွေရှိပါတယ်။ အရေးကြီးတာက တစ်ခု ရွေးပြီးပြီဆိုရင် အဲဒီတစ်ခုနဲ့ Project တစ်ခုလုံး ပြီးအောင် ရေးဖို့ပါ။ ဂိမ်းရေးလက်စနဲ့ တစ်ဝက်လောက် ရောက်မှ ကိုယ်လုပ်ချင်တာကို ဒီအင်ဂျင်ထဲမှာ လုပ်လို့မရလို့ နောက်အင်ဂျင် တစ်ခုကို ပြောင်းပြီး အစက ပြန်မလုပ်သင့်ပါဘူး။ ကျွန်တော်လဲ အဲဒီအင်ဂျင်တွေ ဟိုဟာစမ်း ဒီဟာစမ်း လုပ်နေတာနဲ့ ဂိမ်းတစ်ခုမှမပြီးပဲ အချိန် တော်တော် ကုန်သွားပါတယ်။ ကိုယ်လုပ်ချင်တဲ့ Game Feature တစ်ခုကို လုပ်မရဘူးဆိုရင် Game Design ကိုပဲ ပြန်ပြင် သင့်ပါတယ်။ Game တစ်ခုလုံး ပြီးသွားလို့ နောက်တစ်ခု စလုပ်မယ့် အချိန်မှာသာ ပြောင်းသုံးဖို့ ပြန်စဉ်းစား သင့်ပါတယ်။ ဒါပေမယ့် အသစ်ကို အစကနေ ပြန်လေ့လာရဦးမယ် ဆိုတာတော့ သတိထားသင့်ပါတယ်။

ဒါလေးတွေ နဲနဲ သတိထားလိုက်မယ်ဆိုရင် ပထမဆုံးဂိမ်းပြီးဖို့ အချိန်တွေအများကြီး သက်သာသွားပါလိမ့်မယ်။

Game တွေမှာ အခုနောက်ပိုင်း Virtual Reality လို့ခေါ်တဲ့ အစစ်အမှန်ကမ႓ာနဲ့ တူအောင် ချဉ်းကပ်လာနေပါတယ်။ အဲဒီလို Virutal Reality နဲ့ ပတ်သက်ရင် Game တွေရဲ့ အနာဂတ် ဘယ်လို ရှိပါသလဲ။

ဂိမ်းတွေနဲ့ Real-time 3D Simulation Graphic တွေက Realistic Rendering နဲ့ နီးစပ်သထက် နီးစပ်အောင် ဆက်လုပ်နေပါတယ်။ နောက်ဆုံး အနေနဲ့ DX11 ရဲ့ Tessellation Feature ကို ကြည့်မယ်ဆိုရင် Low-poly 3D Mesh တွေကို Real-time High-poly Mesh တွေအထိအောင် ပြောင်းလဲ နိုင်ပါတယ်။ ဒီအတွက် ဒီဗီဒီယိုမှာ ပါတဲ့အတိုင်း ပိုပြီး detail ကျတဲ့ rendering တွေ ဖြစ်နိုင် လာပါတယ်။ နောက်တစ်ခု အနေနဲ့ nVidia ကနေ ထုတ်တဲ့ Driver အသစ်တွေနဲ့ 3D Vision Technology ဆိုတာတွေ ရှိလာပါတယ်။ လူ့မျက်လုံး နှစ်ဖက်ဟာ တစ်ဖက်နဲ့ တစ်ဖက် အမြင်ချင်း မတူပါဘူး။ ဘယ်ဘက် မျက်လုံးက မြင်တဲ့ ပုံရိပ်နဲ့ ညာဘက် မျက်လုံးက မြင်တဲ့ ပုံရိပ်ကို ဦးနှောက်က တစ်ဆင့် Process လုပ်ပြီး တော့မှ ပြတ်သားတဲ့ အမြင်တွေကို အမြင် အာရုံတွေဆီ ပို့ပေးပါတယ်။ ဒီသဘောတရားကို အသုံးချပြီး ရုပ်ရှင် ထုတ်လုပ်သူတွေက Camera ရိုက်ချက် တွေကို မျက်စိ နှစ်ဖက်အတွက် မတူတဲ့ ပုံရိပ်နှစ်ခုကို ထုတ်ပါတယ်။ Filter Glass တွေက တစ်ဆင့် ဒီပုံတွေကို ပြန်ပေါင်းပြီး ပိုပြီး Realistic ဖြစ်တဲ့ 3D Movie တွေ လုပ်ပါတယ်။ ဒီ 3D ရုပ်ရှင်တွေဟာ ရုပ်ရှင်လောကမှာ အရမ်းကို အောင်မြင် နေပါပြီ။ ဒီ 3D ရုပ်ရှင်သဘောကို nVidia က 3D Vision နဲ့ Gaming လောကထဲကို ယူလာတာပါ။ ဒါပေမယ့် Graphic Card ကောင်းကောင်းနဲ့ 120hz Support လုပ်တဲ့ Monitor၊ Filter Glass တွေရှိဖို့တော့ လိုမယ်ပေါ့။ လက်ရှိမှာ Batman: AA game ကို ဒီ 3D Vision နဲ့ ဆော့လို့ ရနေပါပြီ။ အဲတော့ နောက်ကျရင် DX11 engine သုံးပြီး detail ကျကျ rendering တွေနဲ့ 3D Vision glass နဲ့ တွဲဖက် ဆော့လို့ရတဲ့ ဂိမ်းတွေ ပိုများလာမယ် လို့ထင်ပါတယ်။

ဒုတိယပိုင်း ဆက်လက်ဖတ်ရှုပါရန် …

Facebook comments:

30 Responses

  1. mgpyone says:

    IHMO, this is the best post of MMTuts+ .. I vote Up
    Cheers. ;)

  2. astk says:

    Thanks.. just my IMHOs only..

  3. Aung Aung says:

    Good sharing !
    btw, i like all interviews here in mm tutorials. don’t care ppl who just blaming and blah blah.

  4. Wayne says:

    ကြိုက်တယ် လန်:တယ်ဗျို့
    :D

  5. Wayne says:

    Credit ပေးပြီး MMGamers မှာပြန်ပြချင်တယ်
    ဒီဆိုက်ကို လဲ redirect ပေးမှာပါ
    permission လေး
    :D

  6. pokefreaks says:

    >>>တကယ်တော့ ဒီလို Addicted ဖြစ်တတ်တဲ့ သဘောတရားတွေမှာ နားလည်မှု လွဲတာတွေ၊ အလွန်အကျွံ ဖြစ်မှုတွေ စသည်ဖြင့် ရှိတတ်ကြပါတယ်။<<<

    It's not an addiction, it's a choice, btw :D Most of us gamers don't like the "A" word, it's offensive.

    Nice Interview, I finished TTC in 2001 and never knew they got Internet/E-mail course at that time. :D I think I only got to touch the computer only one time back in school.

  7. Aung Aung says:

    mmgamers က အင်တာဗျူး ဘယ်တော့ စမှာတုန်း

  8. Wayne says:

    ဒီနေ.ပဲ xbox ဆိုင်ရှင်တွေနဲ့ ဂိမ်းဆိုင်ပိုင်ရှင် ၊ computer mart စပြီ
    လောလောဆယ် ကိုအောင်စီသူနဲ့ ကိုမြင့်ကျော်သူနဲ့ စမယ်
    ကိုသီဟ ကိုမြင့်ကျော်သူနဲ့ကောဗျူးဦးမလား
    မိတ်ဆက်ပေးမယ် ဟီးဟီး

    • Thiha says:

      သူ့ကိုလည်း အင်တာဗျူးချင်နေတာ ကြာပေါ့ဗျာ … မိတ်ဆက်ပေးပါဦးဗျ … သူရေးထားတဲ့ သားသားကြီးရင် Game Developer လုပ်မယ်ဆိုတာ ဖတ်ပြီးကတည်းက သူ့ကို အရမ်းဗျူးချင်နေတာ … :D

    • manawphyulay says:

      အကျိူးဆောင်ခ ရရင် မုန့်ဝယ်ကျွေးနော် :P

  9. astk says:

    :D lol
    interview တစ် session ဘယ်လောက်ဆိုပြီး ဆိုက်တွေကိုလိုက် marketing ဆင်းရင်ကောင်းမလား..
    ဒါမှမဟုတ် site တွေက interview ပေးမယ် တစ်ပို့စ်ဘယ်လောက်ဆိုပြီး ကြော်ညာရင်ကော…
    :D j/k

  10. yts says:

    မိုက်တယ်ဗျာ ဒီလို အင်တာဗျူးတွေတင်ထားတော့ ကျွန်တော်တို့လို လူတွေအတွက်တော့ တော်တော်ကောင်းပါတယ်

    ကျေးဇူးပါခင်ဗျာ

  11. ZT says:

    Game နဲ့ ပတ်သတ်ရင် ဆော့ရတာထက် Game တစ်ခုကို ဘယ်လို ဖန်တီးထားလဲ ဆိုတာ ကျွန်တော်လည်း နားလည်ချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ Game Developer ဘဝကို စိတ်ကူးယဉ်ကြည့်ချင်တာပေါ့ဗျာ – ဒါပေမယ့်လည်း ဆယ်စုနှစ်တစ်နှစ်လောက်က နောက်မှာ ကျန်ခဲ့ပြီဗျ – လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကျော်လောက်က ဒီလို စာမျိုး ဖတ်ဖြစ်ခဲ့ရရင်တော့ ကောင်းသား – ကိုယ်တွေလျှောက်နေတဲ့ လမ်းနဲ့ ဒီလမ်းနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားပေမယ့် ကိုယ့်သားသမီး ကိုယ့်မျိုးဆက် အလှည့်ပေါ့ဗျာ – ခုချိန်မှာတော့ ကိုယ်တွေက လေ့လာသူ သက်သက်ထက် မပိုတော့ပါဘူး –

    Programming Language နဲ့ ပတ်သတ်ပြီးတော့တော့ ခုချိန်ထိ စိတ်ထဲမှာ မကျေလည် သေးတာတွေ ရှိသေးတယ်ဗျ – ကိုယ်တွေ အခြေခံ မကောင်းခဲ့တာလည်း ပါတာပေါ့လေ – ကိုယ်တွေ တက္ကသိုလ် တက်တုန်းက Fortran 77 ဆိုတာ သင်ခဲ့ရတယ်။ ကွန်ပြူတာခန်းရှိပေမယ့် လူအရေအတွက်နဲ့ အလုံးရေက မလောက်လို့ သင်ရတဲ့ Program တိုင်း စက်မှာ Run ရတယ်ဆိုတာ ( တစ်ခါမှ ) မရှိခဲ့ဖူးဘူး။ နောက်ပိုင်း ဘယ်လို ဖြစ်လာလဲ ဆိုတော့ ဆရာ/ ဆရာမက သူ့ဘာသာ Program တစ်ပုဒ်ရေးယူလာ – နောက် ကိုယ်တွေက အလွတ်ကျက် – Concept တော့ ရှင်းပြတာပေါ့လေ – ဒါပေမယ့်လည်း မှန်ရာပြောရရင်တော့ နားမလည်ဘူးဗျ။ Programming Language တစ်ခုကို ကောင်းကောင်းနားလည်တာ မလည်တာက ကျွန်တော် ရပ်တည်နေတဲ့ လုပ်ငန်းခွင် အပေါ်မှာတော့ သိပ်ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်း ကွန်ပြူတာအကြောင်း ပြောကြရင်ပဲ ဖြစ်ဖြစ် – ကွန်ပြူတာနဲ့ ပတ်သတ်ပြီး အကြောင်းအရာတစ်ခုကို လေ့လာရင်ပဲ ဖြစ်ဖြစ် – Programming Language တစ်ခုလောက်ကို မဖြစ်မနေ အသုံးချတတ်ဖို့ ( ဝါ ) တီးမိခေါက်မိ ရှိထားဖို့လိုမယ် ဆိုတာ ကျွန်တော် သတိထားမိလာတယ်။ အဲတော့ ကျွန်တော် စပြီး Programming Language ကိုလေ့လာဖို့အတွက် Programming Language ဘယ်နမျိုးလောက် ရှိမလဲဆိုတာ လေ့လာကြည့်မိတယ်။ ကျွန်တော်တွေ့တာတော့ တော်တော်များတယ်ဗျ။ Language တစ်ခုချင်းစီကလည်း တစ်ခုနဲ့ တစ်ခု အသုံးချတဲ့ နေရာချင်း မတူတာကို သတိထားမိတယ်။

    ကျွန်တော် သိချင်တာက Programming Language အမျိုးအစားကို လိုက်ပြီး ဘယ် Language ကို သိရင် ဘယ်နေရာမှာ အသုံးချလို့ ရမယ်။ ဘာတွေ ဖန်တီးလို့ ရမယ် ဆိုတာမျိုး – ဒါမျိုး ကျွန်တော် သိချင်မိတယ်။ ဒါမှလည်း ကိုယ်က ဘာကို ဝါသနာပါပြီး – ကိုယ်ဝါသနာပါတာကို ဖန်တီးချင်ဖို့ ဆိုရင် ဘယ် Programming Language ကို သိထားသင့်မယ် ဆိုတာမျိုး ကျွန်တော်တို့ အကြမ်းဖျဉ်း သုံးသပ်ကြည့်လို့ ရနိုင်မယ်မလား။ ကျွန်တော့် အနေနဲ့ဆို Web development ပိုင်းကို အားသန်တယ်။ ဒါပေမယ့် စစချင်း ကျွန်တော် ဘယ် Language နောက်ကို လိုက်ရမလဲ ဆိုတာ ကျွန်တော် မသိဘူး။ အဲလိုနဲ့ စာလိုက်ဖတ်ရင်း ( http://lifehacker.com/5401954/programmer-101-teach-yourself-how-to-code ) မှာ Web development ပိုင်း ဆိုင်ရာအတွက် ဘာကို လေ့လာသင့်မယ်ဆိုတာ ဖတ်ခဲ့ရတယ်။ အဲတာကြောင့် ခုနောက်ပိုင်းတော့ HTML နဲ့ CSS ကို ပိုပြီး အသားပေး ဖတ်မိတယ်။ HTML and CSS ဆိုတာ တကယ့် programming languages အစစ်တွေတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တွေက အခြေခံဆိုတော့ ဒီကပဲ စရမှာပေါ့။

    ကျွန်တော် တစ်ခုလောက် အကူအညီတောင်းချင်တာကတော့ အခြေအနေပေးလို့ အားလပ်ချိန်ရှိခဲ့မယ် ဆိုရင် Programming ပိုင်းဆိုင်ရာကို ကျွမ်းကျင်တဲ့ စာရေးသူတွေ အနေနဲ့ ဘယ် Language ကို လေ့လာရင်တော့ဖြင့် ဘယ်လို Applications မျိုးကို Develop လုပ်နိုင်မယ် ဆိုတာမျိုး ၊ အခြေခံကို ဘယ်ကနေ စပြီးလေ့လာရမယ် ဆိုတာမျိုး – စာဖတ်သူ တစ်ယောက် အနေနဲ့ ကျွန်တော် သိချင်မိတယ်။ သူများ Java ဆိုလို့ လိုက် Java – သူများ C ဆိုလို့ လိုက် C တာထက် စာရင် ခုလိုမျိုး သိထားခဲ့မယ်ဆိုတဲ့အခါ ကိုယ်လေ့လာတာနဲ့ ဖန်တီးချင်တာနဲ့က ၇ဝ % လောက်တော့ ထပ်တူ ကျနိုင်လောက်ပြီး တကယ်တမ်း သူ့နယ်ပယ်ထဲကို ထဲထဲဝင်ဝင် တိုးဝင်ကြတဲ့အခါ တွေ့ရှိရမယ့် Challenge တွေအတွက်လည်း ကြံ့ကြံ့ခံဖောက်ထွက်နိုင်ဖို့ ယုံကြည်ချက်ဆိုတဲ့ အားတစ်ခုလည်း ရနိုင်မယ်လို့ ကျွန်တော် တွေးနေမိတယ်။

    ZT.

    • Thiha says:

      ဟုတ်တယ်ဗျ … ဘယ် Programming Language က ဘယ်နေရာမှာ အားသန်တယ်၊ ဘယ်အတွက် ပိုလေ့လာသင့်တယ် ဆိုတာမျိုးတွေ ရှိထားသင့်တယ်။ ကျွန်တော်လည်း အဲဒီအတွက် သေသေချာချာ လေ့လာလိုက်ဦးမယ်ဗျ။ ပြီးရင် ပို့စ်တစ်ခု ရေးနိုင်အောင် ကြိုးစားမယ်ခင်ဗျ … ကိုစည်သူတို့လဲ အကြံဉာဏ်ပေးပါဦး

  12. astk says:

    ကိုစေတန်ဆွဲတဲ့ web technology အတွက် trend (http://www.saturngod.net/wp-content/uploads/Web.png) တွေကို တစ်ခြား technology တွေအတွက်ပါ ဆွဲနိုင်ရင်ကောင်းမယ်..

    • saturngod says:

      ကျွန်တော် Programming basic ကိုတော့ ဆွဲထားတယ်။ မတင်ရသေးတာ။ အခြား trend က ဆွဲရ ခက်တယ်။ Programming Trend ကို ဆွဲတဲ့အခါမှာ တော်တော်လေးကို ရှုပ်တာကို သတိထားမိတယ်။ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတယ်။ ကျွန်တော် အချောသတ်ဆွဲပြီးရင်တော့ Programming basic လေး တင်ပေးပါ့မယ်။ နောက်ပြီး Programming မှာက အခြေခံဖြစ်တဲ့အတွက် လမ်းကြောင်းတွေက အများကြီးပဲ ဖြစ်နေတယ်။ ကျွန်တော် ပြီးသလောက်တင်ပြီး အခြားလူတွေပါ ဝိုင်းဝန်းဖြည့်ပြီး အကြံပေးရင်တော့ ပုံကောင်းကောင်းလေး ထွက်လာမယ်ထင်တယ်။

  13. ZT says:

    ကျွန်တော်လည်း သိချင်လို့သာ မေးလိုက်တာ – တကယ်တမ်း ကျွန်တော် မေးမိတဲ့ အကြောင်းအရာကို ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်အောင် အကောင်အထည်ဖော်ဖို့ဆိုတာ တော်တော်မလွယ်ဘူး ဆိုတာတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ ကျွန်တော့်မေးခွန်းက ဘုံမေးခွန်း ဖြစ်နေတော့ နယ်ပယ်တစ်ခုချင်းစီအလိုက် ကျွမ်းကျင်သူတွေအတွက် အားလုံးကိုခြုံပြီး ဘယ်ကောင်က ဘယ်နေရာမှာ အသုံးဝင်တယ်ဆိုတာမျိုး ၊ ဘယ်နေရာကနေ ဘယ်လိုစလေ့လာသင့်တာမျိုး ပြောဖို့အတွက်ကျတော့ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဖြေဖို့ အတိုင်းအတာ တစ်ခုထိ ခက်ခဲနေမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကိုစေတန်ဆွဲတဲ့ web technology အတွက် trend လေးက အချောမသတ်ရသေးဘူးလို့ ဆိုပေမယ့် တော်တော်လေးတော့ သဘောကျမိတယ် – ကျွန်တော်လိုချင်တာ အဲလိုမျိုးလေး – ကျွန်တော် လတ်တလောတွေ့တာတော့ web technology အတွက်ပေါ့လေ – ဒါပေမယ့် ဖြစ်နိုင်ရင် ကိုစည်သူပြောသလို တစ်ခြား technology တွေအတွက်ပါ ဆွဲပေးနိုင်ကြရင် ကောင်းမယ်ဗျာ။ အကူအညီတောင်းတယ် ဆိုတာ တောင်းရတဲ့ သူအတွက်သာ လွယ်တာ – တောင်းတဲ့အကူအညီကို ဖြည့်ဆည်းပေးနိုင်ဖို့ အားထုတ်ရတဲ့ သူတွေက အကူအညီတောင်းသူတွေထက် အများကြီး ပိုပင်ပန်းတာ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ လူတစ်ယောက် ဘယ်လောက်သိသလဲ တတ်သလဲဆိုတာထက် သူသိသလောက် တတ်သလောက်ကို အခြားသူတစ်ယောက်အတွက် ဘယ်လောက်မျှဝေပေးနိုင်လဲ ဆိုတာကိုပဲ ကျွန်တော် တန်ဖိုးထားလေးစားပါတယ်။ နိုင်သလောက်လေးပေါ့ဗျာ – ကျေးဇူးတင်ပါတယ်။

    ZT.

    • saturngod says:

      web က ပြီးပါပြီ။ အချောသတ်ပြီးသားပါ။ programming ကတော့ အချောမသတ်ရသေးဘူး။

  14. Maverick says:

    ဒီ interview လေးကတော်တော် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဝေခွဲမရတဲ့ စိတ်ကိုပိုပြီး ရှပ်ထွေးစေပါတယ်။ ရှပ်ထွေးစေတဲ့ပုံကဒီလိုပါ။

    “ကျွန်တော်အခုတက်နေတဲ့ IT ကျောင်းစရောက်တုံးကတော့ Game Development ယူဖို့ စိတ်ဝင်စားခဲ့တာ ဒါပေမယ့် အိမ်ကသဘောမတူတော့ ဒီအိမ်မက်ကို ခဏ ရှော့ထားလိုက်တယ်…..အဲလိုနေရင်းနဲ့ ကို Saturngod ရဲ့ site ကိုစတွေ့တော့ ကျွန်တော် post တွေလိုက်ဖတ်တယ်…ဒါနဲ့ ကျွန်တော်လဲ web ကို တော်တော်စိတ်ဝင်စားလာတယ်….Google I/O 2010 keynotes တွေဘာတွေဖတ်တော့ ပိုပြီး web ကို ရူးသွပ်လာတယ်….နောက်ပြီးတော့ခုလက်ရှိမှာ တွေးမိတာကတော့ ဒီကျွန်တော်တို့ရဲ့ technology ဟာ web ကိုပိုဦးတည်နေတယ်လို့ခံစားမိတယ်…….”

    ဒါပေမယ့် ဒီနေ့ ဒီ interview ကိုတွေ့တော့ ကျွန်တော့်ရဲ့ gamer developer ဖြစ်ချင်တဲ့ အိမ်မက်လေးတွေပြန်နိုးကြားလာသလိုခံစားမိတယ်ဗျာ……… တကယ်ပါ..တော်တော်ကောင်းတဲ့ interview ပါ…..game developer ဖြစ်ချင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ motivation + inspiration ပေါ့ဗျာ

    (ဖြစ်နိင်ရင်တော့ Game Developer ကော Web Developer ရော နှစ်ဘာသာစလုံးလေ့လာပြီး နှစ်ခုစလုံးဖြစ်ချင်တာ။) :D

    • astk says:

      hey… ပြန်ဖြစ်ချင်ရင် ပြန်လုပ်ဗျာ… မလွှတ်လိုက်နဲ့…
      web dev ပါသိတော့ နောက်ပိုင်းကိုယ့်ဂိမ်း ဘယ်လိုရောင်းမယ် ဂိမ်းဝက်ဘ်ဆိုက် ဘယ်လိုလုပ်မယ်ဆိုတာတွေပါ သိတာပေါ့… ကျွန်တော်တောင် web နည်းနည်း ပြန်လုပ်ရဦးမယ်…

      cheers

      • Maverick says:

        Web Dev ကို degree အတွက်ယူပြီး နောက်ပိုင်း mastering ကို game dev ယူရင်ကောင်းမယ်…ဟီးဟီး…..ပြန်ပြီးတော့ ကိုယ့်အိမ်မက်လေးတွေကို အသက်ပြန်သွင်းလိုက်ဦးမယ်….

        ကျွန်တော်က အချိန်ရှိပါသေးတယ်….ခုမှ Pre-U ပဲရှိသေးတာ….မြန်မာနိုင်ငံရဲ့ game dev တစ်ယောက်တော့ဖြစ်ရမယ်လို့ စိတ်ထဲရှိပြီးသားပါ……ခုလို motivated ဖြစ်အောင်လို့ reply ပြန်လုပ်တာ ကျေးဇူးအများကြီးတင်ပါသည်…..။

        interview လုပ်တဲ့ ကိုသီဟတို့ရဲ့ Myanmar Tutorials ကို လဲကျေးဇူးတင်ပါသည်…။

        “Keep up the good work! No matter what other people say! It is our own choice to make a difference!”

        Cheers! :D

  15. bitepuu says:

    ဒီ post ကိုဖတ်တာ ကျတော့်ရဲ ့အိမ်မက်တွေဟာ အကောင်ထည်ဖော်နိုင်ပြီလို ့သိရှိလိုက်ရပါတယ်ဗျာ။ အစက ကျတော် Hardware Network အပိုင်းနဲ ့အသက်မွေးဝမ်းကျောင်းလုပ်ဖို ့စဉ်းစားထားတာ စာသင်ခန်းထဲမှာ ညဘက် အိပ်ရေးမပျက်ပဲ ငိုက်ငိုက်နေတာဟာ ဒီအလုပ်ဟာငါ့ဝါသနာမဟုတ်ဘူး လို ့သိရှိလိုက်ပြီး သေချာစဉ်းစားပါတယ်။
    တစ်နေ ့အိမ်မှာ The God Father 2 ကိုဆော့နေတဲ့အချိန် အဖေက ” မင်းလဲဒီဂိမ်းနဲ ့ပဲသေမှာပဲ။ ဒါတွေလုပ်လို ့ထမင်းမစားရဘူး” လို ့ပြောလာပါတယ်။ အဲ့ဒီကတည်းက ကျတော့်ဘဝမှာ အလွှမ်းမိုးဆုံးဟာ ဂိမ်းတွေပဲဖြစ်နေတယ်လို ့သိရှိလိုက်ရပါတယ်။ ကိုယ်တိုင်လဲဂိမ်းတွေ ထွင်ချင်နေတာလဲ နှစ်အတော်ချို ့နေပါပြီ။ ဒါကြောင့် “ငါဘာဖြစ်လို ့ Game Developer မဖြစ်နိုင်ရမှာလဲ” တွေးပြီးအခုဆော့ဝဲလ်ပိုင်းကို စတင်လေ့လာဖို ့ပြင်ဆင်နေပါပြီ။ ကျတော်partnerကလဲ Graphic Design ကိုလေ့လာနေတာဆိုတော့ အဆင်ပြေတာပေါ့ဗျာ။ ဒါပေမယ့် အခုတော့သေချာ စိတ်ရောကိုယ်ပါ စိုက်ပြီးလုပ်ဖို ့အခွင့်ရေး မရှိသေးပါဘူးဗျာ။ ကျောင်းက E major Second yearပဲရှိသေးတော့ ကျောင်းဆက်တက်ရပါဦးမယ်။ သင်တန်းဈေးတွေကလဲ အရမ်းမြင့်ပြီး အိမ်ကိုလဲ Software ရေးနည်းသင်ဖို ့ဆိုပြီးပဲ ပိုက်ဆံတောင်းထားတာပါ။ “အဖေ သား ဂိမ်းတွေရေးဖို ့ဗျ သင်တန်းခတွေပေးဦး” ဆိုရင်တော့ နဘမ်ပဲအကျင်း ခံရမလားတောင်မသိပါဘူးခင်ဗျာ :D

    ကျတော် နောက်ဆုံးသိချင်တာက Game Program တွေရေးဖို ့ဘာ Sotfware language ဟာ suitable အဖြစ်ဆုံးလဲဆိုတာသိလိုပါတယ်ဗျာ။ အာသာချက် အားနည်းချက်တွေကိုပါ ကျတော်လိုယောင်အအလေးကို ဖြေကြားပေးပါလို ့ တောင်းဆိုချင်ပါတယ်

  16. [...] ဖတ်ချင်တယ် ဆိုရင် ဒီနေရာမှာ [...]

  17. [...] ဖော်ပြပါတော့မယ်။ အသေးစိတ်ဆက် Interview with Aung Sithu Kyaw Part I မှာ သွားဖတ် [...]

Leave a comment


*