ယွန်းချိုဖောင့် ရေးသူ စိုင်းဇင်ဒီဒီဇုံ
ယွန်းချိုလို့ အမည်ပေးထားပြီး ယူနီကုတ် စံနှုန်းအတိုင်း အတိအကျလိုက်နာထားတဲ့ ဖောင့်ရေးသားခဲ့သူ စိုင်းဇင်ဒီဒီဇုံနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ယူနီကုတ် စံနှုန်းအတိုင်း အတိအကျလိုက်နာထားတဲ့ ဖောင့်ရေးဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အချက်များထဲမှ စိုင်းဇင်ဒီဒီဇုံ ရဲ့ ဖြေကြားချက်များကို တင်ပြလိုက်ပါတယ်။
မိခင်ဘာသာစကားနဲ့ ကွန်ပျူတာသုံးချင်တယ်
ယူနီကုတ်ဖောင့်အနေနဲ့ Myanmar1 ထွက်လာတဲ့အချိန်မှာ ရှမ်းဘာသာစကားနဲ့ ကွန်ပျူတာကို အသုံးပြုချင်တဲ့ ခံစားချက်ရှိလာတယ်။ ကွန်ပျူတာတက္ကသိုလ်မှာ သုတေသနစာတမ်းလုပ်ခဲ့တုန်းကလည်း ကွန်ပျူတာအသုံးပြု ရှမ်းဘာသာစကားနဲ့ ပတ်သက်ပြီးတော့ စာတမ်းတင်သွင်းခဲ့တယ်။ တင်သွင်းခဲ့တဲ့ စာတမ်းမှာလည်း ရှမ်းစာလုံးတွေကိုပဲ အဓိကလုပ်ခဲ့တယ်။ မြန်မာစာနဲ့ပတ်သက်ပြီး မလုပ်ဖြစ်ခဲ့ဘူး။ ကျောင်းလည်း အဲဒီစာတမ်းနဲ့ပဲ ဆင်းခဲ့တယ်။ ယူနီကုတ်အတွက် Myanmar NLP ဝဘ်ဆိုဒ်ကို အဓိကထားပြီး လေ့လာခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ရှမ်းစာလုံးအ တွက် လိုအပ်တဲ့အပိုင်းတွေကို NLP ကို စာရေးပြီး ပြောခဲ့တယ်။
ယွန်းချိုဖောင့်
၂၀၀၉ ခုနှစ်မှာ ကိုငွေထွန်းနဲ့ တွေ့တယ်။ ကိုငွေထွန်းက လိုအပ်တဲ့အချက်တွေကို ထောက်ပြပေးတယ်။ အဲဒီမှာ အဆင်ပြေခဲ့တယ်။ ယွန်းချိုဖောင့်ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ စပြီးထုတ်ဖြစ်ခဲ့တယ်။ မြန်မာနဲ့သက်ဆိုင်တဲ့အပိုင်း တွေအတွက် ကိုငွေထွန်းပေးတဲ့ Source Code တွေကိုပဲ သုံးခဲ့တယ်။ ရှမ်းနဲ့ဆိုင်တဲ့ အပိုင်းတွေကိုပဲ ထပ်ဖြည့်ပြီး ရေးလိုက်တယ်။ ဖောင့်အနေနဲ့ နှစ်ခုထုတ်ဖြစ်ခဲ့တယ်။ ပထမဖောင့်က ပရပိုက်ကို မူတည်ပြီး ရှမ်းစာလုံးတွေကို ဖြည့်ထည့်ထားတယ်။ ဒုတိယဖောင့်က ရှမ်းမှာ လူသုံးအများဆုံးဖောင့်ကို မြန်မာအတွက်ဖြည့်ထည့်ပြီး ထုတ်ခဲ့ပါတယ်။
ISO ကို အတိအကျလိုက်နာတယ်
ကျွန်တော်ထုတ်ထားတဲ့ ဖောင့်တွေ အားလုံးအတွက် ISO ကို အတိအကျလိုက်နာ ထားပြီးတော့ လုပ်ပါတယ်။ ISO ကပေးထားတဲ့အတိုင်းပဲ ထုတ်တယ်။ ယွန်းချို မလုပ်ခင်မှာ ရှမ်းယူနီကုတ်ဆိုပြီး ပေါ်သေးတယ်။ သူတို့က ဇော်ဂျီပုံစံအတိုင်း ဖောင့်ကိုလုပ်ထားတယ်။ မြန်မာ ကကြီး နေရာမှာ ရှမ်းကကြီးကို ကောက်ထည့် ပြီးတော့ လုပ်သွားတယ်။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေဟာ ဘာသာစကားနှစ်ခု ကို ပြောနေတဲ့သူတွေ ဖြစ်တယ်။ ဘာသာစကားနှစ်ခုစလုံးကို သုံးဖို့လည်း လိုအပ်တယ်။ သူတို့လုပ်ထားတဲ့ ရှမ်းဖောင့်ကိုပဲ သုံးမယ်ဆိုရင် မြန်မာလို ပြောလိုမရဘူး။ မြန်မာလို စာရေးလို့မရဘူး။ မြန်မာလိုသုံးလို့ရတာကို သုံးမယ်ဆိုရင်လည်း ရှမ်းစာ နဲ့စာရေးလို့ မရပြန်ဘူး။ မြန်မာလိုကော် သက်ဆိုင်ရာ ဘာသာစကားနဲ့ပါ နှစ်မျိုး စလုံးကို အသုံးပြုနိုင်ဖို့က စံသတ်မှတ်ချက်အတိုင်းကို အတိအကျ လိုက်နာပြီး လုပ်မှပဲ ရနိုင်မယ်။
စိတ်ကသိကအောက်
စံသတ်မှတ်ချက်ကို အတိအကျမလိုက်နာထားတဲ့ ဖောင့်တစ်ခုက မြန်မာ့အိုင်တီလောကကို အထောက်အကူပြုခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ရေးချင်တဲ့စာကို ရေးလို့မရတဲ့အချိန်မှာ နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်တယ်။
ဘာသာစကားအတွက် အထောက်အကူ
ဟို့အရင်တုန်းက Shan AA ဆိုတဲ့ ဖောင့်တစ်ခုထွက်ခဲ့တဲ့အတွက် ရှမ်းဘာသာစကားအတွက် အထောက်အကူတစ်ခုဖြစ်ခဲ့တယ်။ Shan AA မရှိတဲ့အချိန်တုန်းက စာအုပ်ထုတ်ဝေရေးအတွက် ခဲစာလုံးနဲ့ စာစီခဲ့ရတယ်။ ၁၉၉၃-၉၄ ခုနှစ်လောက်က ရှမ်းဘာသာစကားအတွက် ခဲစာလုံးကိုပဲ သုံးခဲ့ကြရတယ်။ ၁၉၉၅-၉၆ ခုနှစ်မှာ ကွန်ပျူတာဖောင့်တွေ ထွက်လာတော့ စာအုပ်တွေ ထုတ်ဝေရတာ လွယ်လာတယ်။ တိုးတက်မှုလည်း အများကြီး ရှိခဲ့တယ်။
ဘာသာစကားကြောင့် အခက်မတွေ့စေချင်
ကျွန်တော်အနေနဲ့ ကွန်ပျူတာကို အင်္ဂလိပ်ဘာသာစကားနဲ့ အသုံးပြုနေတဲ့ အလေ့အကျင့်က ရပြီးသာဖြစ်နေလို့ အဆင်ပြေနေတယ်။ ဒါပေမယ့် အင်္ဂလိပ်စာကို တတ်တဲ့သူက နည်းတယ်။ ကွန်ပျူတာတတ်ချင်တဲ့ လူအားလုံးကို အင်္ဂလိပ်စာတတ်အောင် အရင်သင်မလား။ ဒါဆိုအချိန် ဘယ်လောက်ကြာမလဲ။ လူနည်း နည်းလေးက အဲဒီသူတွေ(အင်္ဂလိပ်စာမတတ်သူ)အတွက် အဆင်ပြေအောင် လုပ် ပေးလိုက်ရင်ကော် အချိန်ဘယ်လောက် ကြာမလဲ။ ဘယ်လောက်အထိ ထိရောက် မှုရှိသွားနိုင်မလဲဆိုတာကိုပဲ မြင်မိတယ်။
အကျိုးကျေးဇူး
မိခင်ဘာသာစကားနဲ့ ကွန်ပျူတာအသုံးပြုနိုင်မယ်ဆိုရင် လူတစ်ယောက်အနေနဲ့ အိုင်စီတီပစ္စည်းတွေကို ချက်ခြင်းလက်ငင်းအသုံးပြုသွားနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်သွားမယ်။ အသုံးပြုတွေအတွက် လွယ်ကူသွားမယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ်။
ဟန်ဇော်
Facebook comments:



ယူနီကုဒ် မရှိတဲ့ စက်မှာ ယူနီကုဒ် ဖောင့်တွေ ကောင်းကောင်းပေါ် အောင်ဘယ်လိုလုပ်လဲ သိချင်. သိရင် ကျွန်တော်လည်း ယူနီကုဒ် သုံးချင်လို့ပါ.
install unicode font . you can read unicode guide in here
Yunghkio is my favourite MM-Unicode fonts until now. ^^
Oh Ko Han Zaw is now sharing here.So great.Nice to hear that.
Thanyawzinmin