ဒီနေ့လေ့လာမိသမျှ (၁)
ကျွန်တော်က တစ်နေ့ကို အနည်းဆုံး အင်္ဂလိပ်သတင်း တစ်ပုဒ် ဖတ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဆောင်းပါးပေါ့။ အဲဒီလို ဖတ်ဖြစ်တဲ့ အင်္ဂလိပ်စာတွေကို ပြန်လည် ဝေမျှသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးဝေမျှ ချင်တာက Web Site တစ်ခုပါ။ သတင်းသမားတွေအတွက် အင်မတန် အသုံးဝင်ပါတယ်။ အခမဲ့လည်း ရသလို လေ့လာဖို့အတွက်လည်း လွယ်ကူအောင် စီစဉ်ပေးထားတာ တွေ့ရပါတယ်။ ကျွန်တော် ကြိုက်တဲ့အချက်လေးတွေ ပြောရမယ်ဆိုရင် …
- MP3 အနေနဲ့ Original Native Speaker ရဲ့ အသံကို နားထောင်နိုင်ပါတယ်။
- PDF အနေနဲ့လည်း Download ချလို့ရပါတယ်။
- Group Discussion လုပ်ဖို့အတွက် Topics လေးတွေလည်း စီစဉ်ပေးထားပါတယ်။
- ကောင်းကွက်/ဆိုးကွက် စသည်ဖြင့် တွေးတောတတ်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း။
- true/false၊ synonym match၊ phrase matck၊ gap fill စသည်ဖြင့် အသေးစိတ် စီစဉ်ပေးထားပါတယ်။
ကျွန်တော် ဒီလောက်ညွှန်းနေတယ်ဆိုတော့ နည်းနည်းတော့ သွားကြည့်ချင်လာမှာပါ။ ချက်ချင်း မလေ့လာနိုင်သေးရင်တောင် နောင်တစ်ချိန်မှာ လေ့လာမယ်လို့ မှတ်သားမိတယ်ဆိုရင် ကျွန်တော် ညွှန်းရကျိုးနပ်ပါတယ်။ အော် ပြောဖို့ မေ့နေတယ်။ လိပ်စာက Breaking News English Lessons ပါ။ သွားကြည့် ဖြစ်အောင် သွားကြည့်လိုက်ဦး။
Facebook comments:



thank u very much :0
very respect your’s goodwill.
Many thanks.This link is also good http://www.elllo.org/ .
Thanks! It’s really nice.
thx for sharing