A, An and The

A, An and The

A or An is called the Indefinite Article, တိတိကျကျ ဖော်ပြလို့မရတဲ့ အရာတွေကို a/an ကို သုံးပါတယ်။

He met a boy in the park. ပန်းခြံမှာ ကောင်လေး တစ်ယောက်ကို သူတွေ့ခဲ့တယ်။ မောင်ဖြူ မောင်မဲ မသဲကွဲလို့ a ကို သုံးထားတာ။
It is an orange. လိမ္မော်သီးက ဘာမျိုးလည်း မသိဘူး။

The is called the Definite Article, တိကျတဲ့လူနဲ့ အရာဝတ္ထုတွေမှာ the ကိုသုံးတယ်။

This is the shirt that I bought yesterday. မနေ့က ကျွန်တော် ဝယ်ခဲ့တဲ့ရှပ်။ သူမှာ တစ်ခြား ရှပ်တွေ ရှိပေမယ့် သူပြောချင်တာက “မနေ့ကဝယ်ခဲ့တဲ့” ဆိုတဲ့ တိကျသေချာမှုကြောင့် the ကိုသုံးရသည်။

He is the doctor who treated my brother.

အောက်ပါ အခြေအနေများမှာ a ကို သုံးရပါတယ်…

  1. ဗျည်းသံစတဲ့စကားလုံးတွေရဲ့ရှေ့မှာ: a book, a player, a table.
  2. “သရ”ဖြစ်သော်လည်း ‘yu’: လို့ အသံထွက်ရင် a European, a useful thing, a utensil.
  3. “O” နှင့်စသော်လည်း ‘wa’: ဆိုတဲ့ အသံထွက်ရင် a one way traffic.

An‘ ကို

  1. သရသံနဲ့ စတဲ့အခါ an apple, an umbrella, an hour, an honest girl, an honourable person.
  2. သရသံနဲ့ စထားသော အတိုချုပ် စကားလုံးများ an M.A., an MLA

The‘ ကို

  1. တိတိကျကျ ညွှန်းဆိုချင်တဲ့ အခါတွေမှာ
    This is the shirt I bought yesterday.
    Call the boy sitting in the corner.
    The ads of Google are not generating enough money.
  2. အများကြီးထဲက အမျိုးအစားတစ်ခုကို ရွေးချယ် ဖော်ပြတဲ့ အခါမျိုးမှာ
    The elephant is a big animal
    The dog is a faithful animal.
  3. အကောင်းဆုံး၊ အညံ့ဆုံးဆိုတဲ့ နေရာတွေမှာ with superlative degree:
    This is the best book on this subject.
    He is the richest person of our colony.
  4. adverb နဲ့ တွဲထားတဲ့ ဝါကျမျိုးတွေမှာ
    The higher we climb the cooler it is.
  5. မြစ်တွေ၊ ကျွန်းတွေ၊ တောင်တွေ၊ ပင်လယ်ကွေ့တွေ၊ ပင်လယ်တွေ၊ ကန်းရိုးတန်း စတဲ့ အမည်တွေရဲ့ရှေ့မှာ
    The Nile, the Ganga, the Himalayas, the Andaman islands, the Indian Ocean, the Bay of Bengal, the Persian Gulf.
  6. အရပ်မျက်နှာ၊ နေ၊ လ၊ ဂြိုလ် စတာတွရဲ့ ရှေ့မှာ
    The east, the west, the sky, the sun, the moon
  7. လူသိများတဲ့ စာအုပ်တွေ၊ သတင်းစာ၊ အများပြည်သူ အဆောက်အအုံ၊ တက္ကသိုလ်၊ အသင်းအဖွဲ့ နာမည်တွေရဲ့ ရှေ့မှာ၊
    The Bible, the Ramayana, the New York Times, the Taj Mahal, the University of Delhi, the Effil Tower, the United Nations.
  8. နိုင်ငံသား၊ လူမျိုး၊ နှိုင်းယှဉ်ပြ adjectives စကားလုံးတွေရဲ့ရှေ့မှာ၊ အများဆိုင်နာမ်တွေရဲ့ ရှေ့မှာ
    The English, the Hindus, the Muslims, the Indians ,the Japanese, the rich, the poor, the needy
  9. ခန္ဒာကိုယ်အစိတ်အပိုင်းများ
    He was struck on the head.
  10. အများသိတဲ့ အမည်နာမနှင့် နှိုင်းယှဉ်၊ ချီးမွမ်း ကဲ့ရဲ့တဲ့ အခါမျိုးမှာ
    Kashmir is the Switzerland of India.
    He is the Mahatma Gandhi/Edison of our college.
  11. နိုင်ငံ၊ ပြည်နယ် အစုအဝေးတွေမှာ Countries/states named due to geographical divisions:
    the U.S.A., the U.K., the U.P.
  12. အခြားအသုံးများ
    This is the same book.
    All the boys went on picnic.
    He ate the whole meal.
    Have you read about the French Revolution?
    He met the prime minister of India yesterday.
    They want to join the military service.
    Who is the principal of your school?
    He was the first man to reach there.
    Has she joined the Congress?

Article တွေထပ်ခါထပ်ခါဖြစ်နေရင်

A. Compare the two sentences:

  • She had a red and white shirt.
  • She had a red and a white shirt.

ပထမဝါကျမှာ ရှပ်အကျီ တစ်ထည်ပဲ ရှိတယ်လို့ ပြောတာ။ ဒုတိယဝါကျကတော့ အနီတစ်ထည်၊ အနက်တစ်ထည် ရှိတာ။

  • The Principal and Manager was present there. Principal နှင့် manager က တစ်ယောက်တည်း၊
  • The Principal and the Manager were present there. နှစ်ယောက်

Facebook comments:

One Response

  1. Ye Zaw Min says:

    a, anတွေက indefinite article တွေလို့ ဘာလို့ ပြောရတာလဲဆိုတော့ သူတို့ ၂ ခုရဲ့ အဓိပ္ပါယ်တွေက any ကိုညွှန်းဆိုလို့ပါပဲ။ the ကတော့ ရေးသူရော ဖတ်သူပါ သိပြီးသားအရာကိုညွှန်းဆိုရင်သုံးလို့ definite article လို့ခေါ်တာပါ။ ဒီနေရာမှာ the အကြောင်းလေး နည်းနည်းပြောချင်သေးတယ်။
    the ကို very နဲ့တွဲပြီး သုံးပါတယ် တိကျတဲ့ညွှန်းဆိုမှုကို ထပ်ဆင့်လေးနက်အောင် သုံးတာပါ။

Leave a comment


*