လူငယ်နင့် ပညာရေး ခရီးစဉ်
ဒီကာလ အတောအတွင်းမှာ လူငယ် တော်တော်များများနဲ့ တွေ့ခွင့်ရပါတယ်။ လူငယ်ဆိုတာ ကျွန်တော့်ထက် ငယ်တဲ့သူပေါ့။ ၂၅ အောက်တွေနဲ့ ၁၉၊ ၁၈၊ ၁၇၊ ၁၆ နဲ့ ၁၅ နစ်ရှိတဲ့ လူငယ်တွေလဲ ပါပါတယ်။ အဲ တော်တော်များများကို တော်တော်လေး စိတ်မကောင်းစရာ လမ်းမှားနေတာကို မြင်ရပါတယ်။ အဲ ကျွန်တော်ကိုယ်တိုင်လဲ လမ်းမှန် ရောက်အောင် လုပ်နေဆဲပါ။ ကိုယ့်ထက် ပိုဆိုးတဲ့ သူတွေပေါ့။ ပညာရေးနဲ့ ပတ်သက်ပြီး ဆိုလိုတာပါ။

အဲ အသိ ကလေးတွေပေါ့ဗျာ တော်တော်လေးကို ရင်းနီးပါတယ်။ တယောက်ဆို တော်တော်ခင်ပါတယ်။ ဆယ်တန်းကျတာ နှစ်နှစ်ရှိပြီ ဆိုတော့ အိမ်ခေါ် ထမင်းကျွေးပြီး စာတောင် သင်ပေးဖူးပါတယ်။ အဲဒီကလေးတွေ အကြောင်း ပြောပြချင်တယ်ဗျ။ လူဆယ်ယောက် ရှိတယ် ဆိုပါတော့ အဲဒီထဲက ငါးယောက်က ၁၀တန်းတောင် မအောင်ဘူးဗျ။ သုံးယောက်က First year, second year မှာ ၂နစ်က နဲ့ ၃နစ်တစ် နေတယ်။ တစ်ယောက်က ကျောင်းထွက် လိုက်ပြီ၊ အဲတစ်ယောက် ကတော့ ထူးထူးခြားခြား ကျောင်းပြီး တော့မယ်။ သူတို့ မိဘတွေကလဲ ချောင်လည် ကြပါတယ်။ စားနိုင်သောက်နိုင် ကျောင်းထား နိုင်ကြပါတယ်။
အဲ ဆယ်တန်းမအောင်တဲ့ ကလေးတွေကို မေးကြည့်တယ် မင်းတို့ဘာလို့ အောင်အောင် မလုပ်တာလဲလို့။ အဖြေကတော့ မျိုးစုံ ရပါတယ်။ ဒါပေမယ့် နိဂုံးချုပ် ကြည့်တော့ အဖြေက အောင်ရင် ဘာလုပ်မှာလဲတဲ့။ မိဘတွေကလဲ မအားတာ အလုပ်ရှုပ် နေတာလဲ ပါမှာပေါ့။ အမှန်က ဆယ်တန်း ဆိုတာမျိုးက အခြေခံလေးရှိရင် ၅လလောက် စာဖတ်ရင် ကောင်းကောင်းကို အောင်နိုင် လောက်ပါတယ်။ အရေးကြီးတဲ့ အချက်က အောင်ချင်စိတ် မရှိတာဗျာ့။ ပတ်ဝန်းကျင်ကလဲ အောင်တာနဲ့ မအောင်တာနဲ့ ဘာမှ မထူးသလိုပဲဗျ။ ဘေးအိမ်က ပွဲစား ၉တန်း မအောင်ဘူး ချောင်လည်တယ်။ ဟိုဆရာဝန် မွဲတယ် အဲဒါမျိုး ပါပါသေးတယ်။

ဆရာဝန် တစ်ယောက်က လခ (average) ၁၀ဝ,ဝ၀ဝကျပ် ရတယ် ဆိုပါတော့။ Taxi မောင်းတဲ့ သူတစ်ယောက်က ၃၀ဝ,ဝ၀ဝ လောက် ရနိုင်တယ်ဗျ။ ၁၀တန်:အောင်မှ ဘွဲ့ရမှ Taxi မောင်းရမယ် ဆိုတဲ့ ကန့်သက်ချက် မရှိဘူးဗျ။ ကဲ taxi သမားက များပါတယ်။ ဆိုက်ကားသမား တစ်နေ့ ၄၀ဝ၀နဲ့ တစ်လ ၁၂၀,ဝ၀ဝ လောက်ရတယ်။ ၄တန်:အောင်ရင် ရပြီဗျာ။ မူလတန်း ဆိုရင် တောင်ဖြစ်သေးတယ်။ ဆရာဝန်တစ်ယောက်၊ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ မိဘက အနည်းဆုံး သိန်း ၂၀နဲ့ အထက် ကုန်ပါတယ်။ အဲဒီပိုက်ဆံကို ဆိုက်ကားဝယ် (လိုရင်နဲနဲချေးပေါ့ဗျာ) ဒါမှမဟုတ် စပေါ်တင်ပြီး taxi မောင်းမယ်ဆို ရတာပေါ့ဗျာ။ မိဘကလဲ အကုန်အကျသက်သာ၊ ကလေးလဲဝင်ငွေရ။ အဲဒီတော့ စာမသင်ပါဘူးကွာ ရှုပ်ပါတယ်။ ဆိုက်ကားပဲ နင်းစားမယ်, taxi မောင်းစား မယ်ဆိုရင် ကောဗျာ။ ကောင်းတယ် မကောင်းဘူး မပြောလို သေးပါဘူး၊ ဆိုက်ကား သမားထဲမှာ တက္ကသိုသ် ကျောင်းသားလဲ ပါပါတယ်။ taxi မောင်းတဲ့ သူထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာက အစ တက္ကသိုသ်ကျောင်း ဆရာဟောင်း တောင်ပါသေး။
အဲလိုမျိုး အလုပ်တွေက မကောင်းဘူး နိမ့်ကျတယ် မဆိုလိုပါဘူး။ ဒါပေမယ့် လူငယ်တွေမှာ အသိအမှားတွေ ကူးစက်လာလို့ ရေးလိုက်တာပါ။
အရမ်းကောင်းတယ် မပြောပါဘူး။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က argument approach ကို သိပ်အားမပေးပါဘူး။ ရှေးရိုးဆွဲ ငါဒါသင်မယ် ဒါမှန်တယ် မင်:တို့လဲ ဒီလိုပဲလုပ်ရမယ်။ အဲလိုမျိုး များပါတယ်။ အဲ အဲဒီလိုဆိုတော့ ကလေးတွေက critical thinking, problem solving နဲ့ creativity အပြင် ခြုံငုံသုံးသက်မူ (common sense) အရမ်း ကျသွားပါတယ်။ ဒါပေမယ့် အဲဒါမို့လို့ ကျောင်းတောင် မတက်ပါဘူးကွာ ဆိုရင် မိတ်ဆွေ အရမ်း မှားသွားပါပြီ။ လူဆိုတာ တစ်ယောက်ထဲနေလို့ မရဘူးဗျ။ ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်းနဲ့ နေရတာဗျာ့။ ဝမ်းရေးအတွက် taxi မောင်းရတယ်ပဲ ထားဦး ပညာမတက်တဲ့ taxi သမားနဲ့ ဆရာဝန် taxi သမား အပြက်အသတ် ကွာပါတယ်။ ဥပမာ taxi မောင်းတယ်ဆိုတာ လူပေါင်းစုံနဲ့ တွေ့မှာပဲ ဗျ။ လူကြီးလူကောင်း ကနေစပြီး ကလေကချေ ဂျပိုးသူခိုး ကအစပေါ့။ လောင်းကစား ကလဲပါတယ်။ ဆေးလိပ် အရက်အစုံပါပဲဗျာ။ အခုခေတ်ကြီးမှာ လူတွေက ပညာသင်ကြားခြင်းကို အရေးမပါဘူး ထင်လာကြနေပါတယ်။ ပညာသင်နေတဲ့ သူတွေတောင် ရောင်ဝါးဝါး ဖြစ်လာနေကြတယ်။
အချို့ကိစ္စတွေမှာ စာသင်နေတဲဲ့့သူတွေကိုတောင် လောင်ပြောင်တာမျိုး ဖြစ်လာကြနေပြီ။
ပညာမတက်တဲ့ သူတွေ များလာရင် ဘာဖြစ်နိုင်မလဲ။ စိတ်ပညာမှာလဲ ရှိတယ် လူတစ်ဦးက ကိုယ်ကိုတိုင် သေချာမသိတာများလာတဲ့ အခါမျိုးမှာ မိမိရဲ့ မသိခြင်းကို ကာကွယ်ဖို့ တက်သိကျွမ်းတဲ့သူကို ခံငြင်းတာပေါ့ဗျာ။ ငါ့စကား နွားရပေါ့။ အဲလိုလူမျိုးတွေ မသိနားမလည်တဲ့ သူတွေ နားယောင်မိရင် ဒုက္ခရောက် နိုင်တယ်ဗျ။

လူချင်း တူပေမယ့် စာကောင်းကောင်း သင်ထားတဲ့ သူတစ်ယောက်က ကိုယ့်ရဲ့ဘေးကို ရှောင်ရမယ် ဆိုတာ နားလည်တယ်ဗျ။ ကိုယ်ပိုက်ဆံ မတရားသုံးရင် ဒုက္ခရောက်မယ်။ အကာအကွယ် မရှိရင် AIDS လို ရောဂါမျိုးကူးနိုင်တယ် ဆိုတာတွေ သိတယ်ဗျ။ ကပ်သက် ပြောရင်တော့ ရတာပေါ့ဗျာ ဆရာဝန် အရက်ဂျိုး ဆိုတာမျိုး၊ အင်ဂျင်နီယာ လောင်းကစားသမား ပေါ့ဗျာ။ ဒါပေမယ့် percentage ကို သေချာ မေးကြည့် ပါဦး အပြက်အသတ် နည်းပါတယ်။

ဆယ်တန်းတောင် မအောင်တဲ့ သူတစ်ယောက်က ကားပြင်တက်တယ် ထားပါတော့။ သူကားပြင်တက်ဖို့ ၂နစ်လောက် သင်ရပါတယ်။ အင်ဂျီနီယာ တစ်ယောက်က ကားတောင် ပြင်တက်မယ် မဟုတ်ဘူး ထားပါတော့။ သူကို ဝတ်ရှော့ကို ပို့လိုက်ရင် အများဆုံး ၂လဆိုတဲ့ အချိန်က လုံလောက်ပါတယ်။ ဆယ်တန်:မအောင်တဲ့ ကလေးက computer control circuit တွေပါတဲ့ ကားတစ်ခုကို ပြင်တက်မှာ မဟုတ်ပါဘူး။ အနည်းဆုံး အင်္ဂလိပ်စာတော့ မဖတ်တတ်ဘူး ။ လေ့လာတယ် သင်တယ်ဗျာ အသုံးပြုတဲ့ စကားလုံးတွေနဲ့ အကျွမ်းတဝင်မရှိဘူး။ အင်ဂျင်နီယာ တစ်ယောက်အတွက် ဖြစ်နိုင်ပါတယ်။ ဝပ်ရှော့ဆရာလေး မလုပ်နိုင်ပါဘူး။
ကဲ ကမ္ဘာသမိုင်းကို ပြန်လှန်ရအောင်ဗျာ။ ရောမ၊ ဂရိ၊ အင်္ဂလိပ်၊ ဂျပန်၊ ဂျာမနီ၊ အမေရိကန်၊ ဆိုဗီယက် ပြည်ထောင်စု။ သူတို့ တိုင်းပြည်တွေမှာ အတွေးအခေါ်နဲ့ R&D လို့ခေါ်လို့ခေါ်တဲ့ Research and Development အရမ်း ကောင်းပါတယ်။ ဂရိနဲ့ ရောမဆို ပလေတိုတို့ ဆိုကရေးတီးတို့ အများကြီးပါ။ ဂရိ myth တွေဆို နာမည်ကြီးတွေပါ ။ ဟိုတလောကပဲ ပြသွားတဲ့ “Clash of the Titan” နဲ့ “Lighting Theif” လိုမျိုးပေါ့။ ပြောချင်တာက အဲဒီ တိုင်းပြည်တွေမှာ အတွေးအခေါ်အရမ်းကို ထွန်းကားပါတယ်။ တီထွင်မှု အားကောင်းပါတယ်။ တီထွင်မှု အားကောင်းဖို့ ပညာရှင်တွေ အများကြီး လိုပါတယ်။



အဲအယ်ဒီဆင်က အတန်းပညာ မတက်ဘူး။ ဘီဂိတ်နဲ့ စတိက ကျောင်းမပြီးဘူး ကပ်သက် မပြောပါနဲ့။ ဘီက SAT ၁၆၀ဝ မှာ ၁၅၅၀ ရတဲ့သူဗျ။ (the whole Burma တွေတောင် ၁၅၀ဝတောင် အနိုင်နိုင်) စတိက Standford က ဗျ။ အပုံကြီး ကွာတယ်။ ငယ်ငယ်ထဲက special train လာတဲ့ သူတွေဗျ။ ပြီးတော့ သူတို့နောက်မှာ ဆရာတွေ အများကြီးရှိတယ်။ တက်ကျွမ်းတဲ့ ပညာရှင်တွေ ရှိတယ်။ ပညာရှင် PhD Doctor တွေ အများကြီး ရှိတယ်။
နောက်ပြီး ဆိုက်ကားသမားက ဆိုက်ကားသမားတွေနဲ့ အလုပ်လုပ်တယ်။ ဆိုက်ကားကို ဘယ်လို နင်းဖို့ တွေ:တယ်၊ taxi သမားက taxi သမားတွေနဲ့ အလုပ်လုပ်တယ် ကားပြင်ဖို့နဲ့ passenger များများရဖို့ တွေးတယ်။ ကျောင်းက ထွက်လိုက်တဲ့ ကလေးတစ်ယောက်က ဘယ်သူတွေနဲ့ ပေါင်းမလဲ၊ ဘာတွေစဉ်းစားမလဲ၊ ဘာတွေများ ဆက်ဖြစ်မလဲ။ သေချာတာတော့ ကိုယ့်လို လူတွေနဲ့ ပိုပေါင်းဖြစ်မှာ သေချာတယ်၊ အလုပ်လုပ်ရင်ကော သေချာတယ်။ လူဆိုတာ တစ်ယောက်ထဲ နေလို့ရတဲ့သူ မဟုတ်ဘူးဗျ။ ဥပမာ စီးပွားရေးသမား ကုန်သည် ဆိုပါတော့ ကုန်သည်တွေနဲ့ ပေါင်းရပါတယ်။ ငွေကြေး ကိစ္စတွေပြောဖို့ စီးပွားရေး ပေါင်းလုပ်ဖို့ပေါ့။ ငွေကြေးက အရေးကြီးပါတယ်။ အဲဒါထက်ပိုပြီး ကောင်းမွန်တဲ့ မိတ်ဆွေ ကောင်းတွေက ပိုအရေးကြီးတယ်။

အဲကျောင်းကို ပြီးအောင် မတက်ပဲ အလုပ်လုပ်နေတဲ့ သူတွေရှိပါတယ်။ အဲသူတို.တွေက မဟာတန်းနဲ့ Doctorate တန်းတွေ အတွက်ပါ thesis တွေ ရေးပေး နေရတယ်။ ဟင်ဘယ့်နဲ့ ဒီလိုသူတွေထက် ပိုသာနေပါလား၊ ပြောစရာရှိပါတယ်။ သူတို့တွေ ရေးနိုင်နေတာ programming တစ်ခုတည်းပါ။ database တွေ networking တွေ ရတယ် ဆိုပါတော့ဗျာ။ တကယ့်ဘဝက တကယ် အလုပ်လုပ်ပြီဆို programming တစ်ခုတည်းနဲ့ မရပါဘူး ၊ လုပ်ငန်းရဲ့သဘောသဘာဝကို လေ့လာရပါတယ်။ project ကိုဆွဲရပါတယ် ကိုယ် နားမလယ်တာတွေကို ဖတ်ရပါတယ်။ အဲဒါတွေနားလည်ဖို့ Problem solving skill အရမ်းလိုပါတယ်။ ဆရာကောင်းတွေရဲ့ ညွန်ကြား ဆုံးမမူ အရမ်းလိုပါတယ်။ ဥပမာ Company တစ်ခုအတွက် system တစ်ခု ရေးမယ်ဆိုရင် programming skills တင်မက အဲဒီအဖွဲ့အစည်းရဲ့ အတွင်းသဘော၊ ဖွဲ့စည်းပုံပါ နားလည်ရပါမယ်။

လူတစ်ဦး အသိပညာ တိုးတက်ဖို့ သုတကော ၊ ရသကော ဘက်ညီညီ လေ့လာဖို့ လိုအပ်ပါတယ်။ အောင်မြင်တဲ့သူ ဖြစ်ဖို့ ဗဟုသုတအပြင် ပေါင်းသင်း ဆက်ဆံရေးကလဲ အရေးကြီးပါတယ်။ ပေါင်းသင်း ဆက်ဆံရေး ကောင်းတဲ့ project manager A ဟာ ပေါင်းသင်း ဆက်ဆံရေး သိပ်မကောင်းတဲ့ project manager B ထက် ပိုပြီး project ပိုရမှာ သေချာတယ်။ ကျောင်းဆိုတာလဲ တကယ်တန်:တော့ ပေါင်းသင်း ဆက်ဆံရေးပညာ သင်ပေးတဲ့ နေရာတစ်ခုပါပဲ။ အဲ ကိုယ်နဲ့တူတူ တက်လာတဲ့ သူတွေက တချိန်ချိန်ကျရင် လုပ်ငန်:ရှင်တွေ၊ အကြီးအကဲတွေ ဖြစ်လာကြမှာကိုး။
ဒီမှာက သိပ်ပြီး မသိသာပေမယ့် ဖွံ့ဖြို:တိုးတက်တဲ့ နိုင်ငံတွေမှာ ဥပမာ programmer တစ်ယောက် ဆိုပါတော့။ ရေးနေရုံနဲ့ မပြီးဘူးဗျ။ တစ်ဆင့် level ထပ်တက်ဖို့ အလုပ်အကိုင် ကောင်းတာထက် ကောင်းတာရဖို့ seminar တွေ၊ conference တွေ အများကြီး တက်ရပါမယ်။ မိတ်ဆွေ ဖွဲ့ရပါတယ်။ အဲ သူများခိုင်းတာရေး သူများပေးတဲ့ scope အတိုင်းပဲ လိုက်လုပ်ဆို ပြီးတာပဲလို့ သက်မှတ်ထားရင်တော့ မပြောတက်ဘူး။ အဲအဲဒီ နေရာတွေတိုင်းကို သေချာတာတော့ လူတချို့ပဲတက်လို့ရမှာပါ။

ဘဝမှာ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ အပေါင်းအသင်းက တကယ်တန်:တော့ အရေးကြီးဆုံးပါ။ အပြင်ကို ရောက်သွားတဲ့ ကလေးတစ်ယောက်က အပြင်ကသူတွေနဲ့ပဲ ပေါင်းဖြစ်မှာပဲဗျ။ လူကောင်း သူကောင်းတွေ နဲ့တွေ့နိုင်ပါတယ် ဒါပေမယ့် ကျောင်းမှာပို အခွင့်အရေး များပါတယ်။ ကလေးဘဝတုန်းက မိဘတွေရဲ့ အတုကို ခိုးတယ် ၊ ပြီးတော့ အပေါင်းအသင်းတွေရဲ့ ဟန်ပန် အပြောအဆိုတွေကို မသိမသာ influence ကိုယ့်အပေါ်မှာ ဖြစ်နေတာ သတိထားမိပါ။ (ဥပမာ ကိုယ့်သူငယ်ချင်းက ဒီစကားလေးပြောရင် သဘောကျလို့ လိုက်ပြောမိတာမျိုးပေါ့)
အပြင်လောကမှာက ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မဟုတ်တာလုပ်တာကို မကြိုက်ကြပေးမယ့် သိပ်ပြီးတော့ တားမြစ်မူမရှိဘူး။ ကျောင်းမှာတော့ ပိတ်ပင်ထားတယ်ဗျ။ ဒဂုံရောက်မှ ဖဲရိုက်တက်တယ်၊ GTC ရောက်မှ အရက် သောက်တက်တယ်၊ ကောင်မလေး ရည်းစာနဲ့ ခိုးရာ လိုက်သွားတယ်။ ကပ်သက် ပြောနေရင်တော့ မသိဘူး။ ဘယ်နေရာမှာ မဆိုမိမိကိုယ်တိုင် ထိမ်းသိမ်းဖို့ လိုသေးတယ်။ ဘုရား သာသနာမှာတောင် ရဟန်းတချို့ မဟုတ်တာ လုပ်သေးတာပဲ။ ဘာပဲပြောပြော တားမြစ်တဲ့ attempt တွေတော့ ရှိပါသေးတယ်။

ကျွှန်တော့်အကြောင်း နည်းနည်း ပြောပြချင်တယ်။ ကျွှန်တော်က ကိုယ်ထင်ရာ ကိုယ်ကြိုက်ရာ လုပ်တတ်ပါတယ်။ မိဘတွေက ဆရာဝန်တွေပါ။ ဒါပေမယ့် ကျွှန်တော် ဆေးကျောင်း မတက်ခဲ့ဘူး။ ဆယ်တန်:အောင်တော့ နိုင်ငံခြားဘာသာ တက္ကသိုသ် တက်တယ်။ အင်္ဂလိပ်ဘာသာ နေ့ပိုင်းပေါ့။ အဲဒီကာလမှာပဲ ပြိုင်တူ ရန်ကုန်တက္ကသိုသ်မှာ sat-sun , electronic နဲ့ IT တက်ခဲ့ပါတယ်။ ပြီးတော့ BSc Engineering နဲ့ BA English ကို ပြိုင်တူ တက်ခဲ့ပါတယ်။ ဘယ်လောက်တောင် လောဘကြီးလဲ ဆိုတော့ အားတဲ့ ညနေပိုင်းနဲ့ မနက်ပိုင်းတွေ SAT, GCE, TOEFL, IELTS တွေ တက်ပါသေးတယ်။ ပြောချင်တာ အဲဒါမဟုတ်ပါဘူး။ BSc Enginnering တွေကို ဒဂုံပို့လိုက်တဲ့ ကိစ္စက စပြောချင်တာပါ။
ကျွှန်တော်က အဲဒီအချိန်က Final Year ရောက်နေပါပြီ။ BSc Enginnering (Double Diploma) ပေါ့။ Fist year မတက်ရပါဘူး ဒီပလိုမာ နှစ်ခုရှိရင် တစ်နှစ်၊ တစ်ခုဆို semester တစ်ခု သက်သာခွင့် ရပါတယ်။ ကျွှန်တော်တို့မှာ အဲဒါတက်ရဖို့ Electronic Diploma နဲ့ IT Diploma ကို ၂နစ်နီးပါး တက်ရပါတယ်။ ဘွဲ့ကတော့ သုံးနစ်ပေါ့။ ဒဂုံရောက်တော့ သုံးနစ်က ကြောင်းကျိုးဆီလျော်မှု မရှိဘူးဆိုပြီး တစ်နှစ် တိုးလိုက်ပါတယ်။ အလိုလို နောက်ဆုံးနှစ် ကနေအလိုလို တတိယနစ် ရောက်သွားပါတယ်။ ကျွှန်တော် ရန်ကုန်တက္ကသိုသ်မှာ ငါးနစ်နီးပါး တက်ပြီးသားပါ။ ခြောက်နစ် အခု တက်ရပါတော့မယ်။ ဆရာဝန်တောင် ငါးနှစ်တက် ရပါတယ်။ ကျွှန်တော့်မှာ အလိုလို demote လုပ်ခံရတဲ့အပြင် အချိန်လဲ ပိုကြာသွားပါတယ်။
အမှန်အတိုင်း ပြောရင် တော်တော် ဘာမှ လုပ်ချင်စိတ်တောင် မရှိတော့ပါဘူး။ အကျိုးဆက် အနေနဲ့ ဒဂုံမှာ တက်ရင်း First Semester မှာ တစ်ဘာသာ ကျသွားပါတယ်။ အဲဒီအတွက် နောက်လာတဲ့ second semesterမှာ အောင်အောင ်ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် Second Semester မှာ အောင်ပေမယ့် First Semester မှာမအောင်ရင် အဲဒီအချိန်အရ အအောင် မပေးပါဘူးတဲ့။ နောက်ဆုံးနစ်ကနေ တတိယနစ်၊ အဲဒီကနေ နောက်တစ်နစ် စုစုပေါင်း ၇ နှစ် ဖြစ်သွားပါပြီ။ နောက်ပြီး စိတ်နာစရာ တစ်ခုက ကျွှန်တော့်ရဲ့ ခုံနံပါတ်က တစ်ပါ။ BSc IT နဲ့ EC ပေါင်း လူ ၇၀ဝလောက် ရှိပါတယ်။ အဲဒီထဲကလူ ၁၄ယောက်ပဲ BSc IT+EC(DD) ကို တက်ခွင့်ရတာပါ။ အဲဒီအထဲက ခုံနံပါတ်တစ်ပါ။ စဉ်းစာကြည့်ပါ ကျွန်တော် တော်တော် ရှက်မိပါတယ်။
ဘာပဲပြောပြော ကျွန်တော် ကံကောင်းပါတယ်။ ရန်ကုန် တက္ကသိုသ်က ဖွင့်တဲ့ online မဟာတန်:ကို UFL ကရလာတဲ့ ဘွဲ့လေးတွေ ရန်ကုန် တက္ကသိုသ်က ပေးတဲ့ Diploma နစ်ခုရယ်၊ Hardware Diploma တစ်ခုရယ် ပေါင်းပြီး တက်ခွင့် ရလိုက်ပါတယ်။ ကျောင်းသာ: ပေါင်း ၂၄၀ ကျော် ရှိပါတယ်။ အခု (june 2010) အထိ အောင်တဲ့သူ ၆ယောက်ပဲ ရှိပါသေးတယ်။ ပထမဆုံး အောင်မြင်တဲ့ ၄ယောက်မှာ ကျွန်တော် ပါခဲ့ပါတယ်။ အမြန်ဆုံး ပြီးတာပါ။ အချိန်၂နစ်ကျော် ယူခဲ့ရပါတယ်။ maths အတွက် အချိန်အများကြီး ယူခဲ့ရပါတယ်။ သူက ဘာကိုခက်သလဲ ဆိုတော့ maths problems တွေကို mathlab လိုမျိုးနဲ့ ဖြေရှင်းရတာပါ။ online ဖြစ်နေတာလဲ ပါမှာပေါ့ တော်တော် ဒုက္ခရောက်ပါတယ်။ အမှန်အတိုင်း ပြောရရင် ကျွှန်တော် မခံချင်တဲ့ စိတ်နဲ့သာ ကြိုးစာရတာ။ အယုံအကြည် သိပ်မရှိပါဘူး။ ဒါပေမယ့် ကျောင်းမှာ ကောင်းကောင်း စာလိုက်နိုင်ဖို့ အပြင်မှာ ထပ်ဆောင်းပြီး တက်ရပါတယ်။ လေ့လာဖို့ တွန်းအားတော့ ရသွားတယ်။ ဥပမာ ဒေါ့နက်၊ java၊ database ကို Gusto မှာ တက်ရတာတို့ maths ကို phd doctor ဆရာနဲ့ သင်ရတာမျိုးပေါ့။
ကိုယ့်ကိုကိုယ် တော်နေပြီ တတ်နေပြီ ပြောတာ မဟုတ်ပါဘူး။ ကျောင်းက ပေးရတဲ့ တွန်းအားအကြောင်း ပြောချင်တာပါ။ ကျွန်တော့်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် Ian Sommerville ရဲ့ Software Engineering နဲ့ CJ. Date ရဲ့ database ကို မပြီးပြီးအောင် ဖတ်မိပါတယ်။ အောင်ချင်တာ ကိုးဗျ။ မဟုတ်ရင် ကျွန်တော် BA English နဲ့ ဘဝဆုံးတော့မှာကိုး။ ကျွန်တော် အရမ်းယူချင်တဲ့ Yangon University Convocation ဘွဲ့နင်း သဘင်ပေါ့ဗျာ (နောက်တော့ နိုင်ငံခြားရောက် နေတာနဲ့ မတက်လိုက်ရပါဘူး)။
ဆယ်တန်:အောင် Hardware diploma တက်တုန်းက JK flip-flop , transistor ကြည့်တာ ၊ register value တွေကို ဖတ်တာ သင်ရပါတယ်။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်တွေတုန်းက အရမ်း စိတ်ညစ်ပါတယ်။ သူများတွေ Computer တွေ ပြင်နိုင်နေတဲ့ အချိန် ၊ အသစ်ထွက်တဲ့ hardware တွေ (အဲဒီတုန်းက p4)အကြောင်း သူများတွေက မြိုင်မြိုင်ဆိုင်ဆိုင် ဝေဝေစာစာပြောနေတဲ့ အချိန်မှာ ဘာမှမလုပ်နိုင် ခဲ့ပါဘူး။ L2 cache က ဘာမို့လို့ အပြင်ကနေ အထဲထည့်တာနဲ့၊ clock cycle တစ်ခုမှာ အလုပ်ကို ဘယ်လိုလုပ်လဲ Cycle တစ်ခုနဲ့ မပြီးရင် ဘယ်လို ဆက်လုပ်မလဲ သင်နေတုန်း။ 555 IC နဲ့ clock ကို မနည်း ထွက်အောင် လုပ်နေတုန်း အဲဒီကတည်းက သံသယ ရှိခဲ့ပါတယ်။ ဒါတွေနဲ့ ဘာလုပ်မှာ လဲပေါ့။
မဟာတန်း တက်နေတုန်းမှာ သူများတွေ program တွေ တစ်ခုပြီးတစ်ခု တဒိုင်းဒိုင်း ရေးနိုင်နေတဲ့ အချိန်မှာ ကျွန်တော် ဘာမှမလုပ် နိုင်ခဲ့ပါဘူး။ e-commerce ဘာညာ ပြောနေတဲ့ အချိန်မှာ ကျွန်တော့်မှာ ဒေါ့နက် data အသွင်:အထုတ် (insert, update, delete) program တစ်ခုတောင် ဖြစ်အောင် မရေးနိုင်သေးပါဘူး။

ဒါပေမယ့် အဲဒါတွေက နောင် ဘယ်လိုအချိန်မှာ အကျိုးပေးလဲ ဆိုတော့ လက်တွေ့နဲ့ ပေါင်းစပ်တဲ့ နေရာမှာပါ။ ဥပမာ memory ချောင်း တစ်ခုကို မြင်ရင် အထဲမှာ ဘယ်လိုတွေ တည်ဆောက် ထားတယ်။ ပျက်တာ ဘာလို့လဲဆိုတာ transistor တွေ ဘယ်လိုပုံစံ ရှိနေနိုင်တယ် ဆိုတာ မြင်ယောင် လာပါတယ်။ ခွဲခြမ်း စိတ်ဖြာနိုင်တဲ့ ဉာဏ်ရှိ သွားတယ်ပေါ့ဗျာ။ အကြောင်း အရာတစ်ခုကို အစကနေ လေ့လာရင် ပိုပြီး မြန်လာတယ် ပေါ့ဗျာ။ problem တစ်ခုကို ဖြေရှင်းတယ် ဆိုပါတော့ သူနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်နိုင်တဲ့ နောက်စပ်တွဲတွေပါ မြင်လာတယ်ဗျ။ ကိုယ်မသိရင် ဘယ်နေရာမှာ လေ့လာ ရမလဲဆိုတာ သိလာတယ်။ ဘယ်သူကို အကြံညဏ်တောင်းရမယ် ဆိုတာ သိလာပါတယ်။ (ဆရာတွေပေါ့ ကျောင်းနဲ့ ဆက်စပ်ပြီး သိခဲ့တဲ့ သူတွေပေါ့)။
ကျွှန်တော် ကိုယ့်ကိုယ်ကို တော်နေပြီ တက်နေပြီ မဆိုလိုပါဘူး။ အတွေ့အကြုံနည်း ပါသေးတယ် လက်တွေ့နဲ့ ပေါင်းစပ်ပြီး လေ့လာနေတုန်းပါ။ Enterprise Application တွေ မရေးနိုင် သေးပါဘူး။ ဒါပေမယ့် e-commerce သဘောတရား နဲ့ cms တွေတော့ ကောင်းကောင်း သုံးတတ် နေပါပြီ။ ကျောင်းက ပေးလိုက်တဲ့ problem solving tasks တွေ brainstorming လုပ်လိုက်တဲ့ ပြဿနာတွေက အကျိုး ကောင်းကောင်း ပေးတော့တာပါပဲ။

ဥပမာ IELTS မှာ သင်လိုက်တဲ့ Essay ရေးရင် သုံးတဲ့ clustering technique က software development မှာ သုံးလို့ ရတယ်ဆိုတာ နားလည် သွားပါတယ်။ advantages, disadvantages ခွဲခြားရတဲ့ နည်းက ကိုယ့်ရဲ့ project မှာ အသစ်ထည့် လိုက်တဲ့ feature အတွက် ကောင်းကောင်း သုံးလို့ ရတယ်ဆိုတာ မြင်သွားပါတယ်။ ဘယ်ဟာနဲ့ ဘယ်လို ပေါင်းရင် ဘယ်လိုမျိုး အသစ်ရနိုင်တယ် ဆိုတာမျိုး ကောင်းကောင်း နားလည် သွားပါတယ်။ အခုမှ တဖြေည်းဖြည်း တဖွဖွ ကျေးဇူးတင် လာမိပါတယ်။ စာသင်ရတဲ့ အတွက်ပေါ့။ နောင်တလဲ ရမိပါတယ်။ ငါဒီထက် ကြိုးစား ခဲ့ရင် ဆိုတာမျို:ပေါ့။
ကြုံဘူးလား မသိဘူး။ စစ်တုရင် ကစားပွဲတွေမှာ တစ်ခါတလေ ကစာ:နေတဲ့သူ နှစ်ယောက်ထက် စာရင်ဘေးက ကြည့်နေတဲ့ သူက ပိုပြီး မြင်နေတာ မျိုးပေါ့။ သူက ဒီအလုပ် တစ်ခုကို ဒီပုံစံနဲ့ မှန်တယ် ထင်ပြီး လုပ်နေတယ် ဒါပေမယ့် ကိုယ်က ဘေးက ကြည့်လိုက်ရင် အမှားကို တွေ့လိုက်တယ် ဆိုတာမျိုး ကြုံဘူးကျမှာပေါ့။ အဲဒါက ဘယ်ဟာနဲ့ တူသလဲဆိုတော့ ကျောင်းမှာ project တွေကို group လိုက် ဖြေရှင်းတာ မျိုးပေါ့။

company တစ်ခုမှာ ဝင်လုပ်တယ် ဆရာကောင်းနဲ့ တွေ့တယ်။ သေသေချာချာ သင်ပေးတယ် ထားပါတော့။ အများဆုံး ဘယ်နှစ်ဦးနဲ့ တွေ့မလဲ ၃ယောက် ပေါ့ဗျာ။ ကျောင်းတက်တဲ့ သူကော။ အများကြီးပါနော်။ ဆိုတာ တကယ်တန်:တော့ ဆရာကောင်းတွေကို စုပေးတဲ့နေရာပါ။ မကောင်းဘူးပဲ ထားပါဦး။ chance အများကြီး ပိုရှိပါတယ်။ ပုံမှန်အားဖြင့် ဆရာတစ်ယောက်က တပည့်တစ်ဦးကို အများဆုံး ကိုယ်တတ်တာရဲ့ သုံးပုံ နစ်ပုံပဲ သင်ပေး နိုင်ပါတယ်။ ပညာသင်ကြားတယ် ဆိုတာ ငယ်တဲ့ အချိန်မှာ အကောင်းဆုံးပါ။ ကြီးလာရင် သင်ဖို.အခွင့်အလမ်းတွေ နည်း သွားပါတယ်။ လောလောဆယ်မှာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်က ကျောင်းတက်နေတဲ့ သူတွေကို ကောင်းကောင်း လှောင်လို့ ရပါတယ်။ “မင်းကွာ ဒါကြီးတက်နေပြီး ဒါလေးတောင် မှန်အောင် မရေးတက်ဘူး အလကား အာပလာ” ။ ဒါပေမယ့် တကယ်တန်: complex ဖြစ်တဲ့ project တွေ ရောက်လာရင် ဟိုကသူက ဖတ်ပြီးနားလည်တဲ့ အချိန်မှာ ကိုယ်က ခေါင်းကုတ် နေရပါလိမ့်မယ်။

သေချာတာတစ်ခု ရဲရဲကြီး ပြောနိုင်တာကတော့ အလုပ်တစ်ခုကို ညီတူ တတ်ကျွမ်းတဲ့ သူနစ်ဦးမှာ ကျောင်းမှာ ကောင်းကောင်း သင်ထားတဲ့သူက အသစ်တစ်ခုကို လေ့လာရာမှာ ပိုပြီး မြန်ဆန်တယ်ဗျ။ ဥပမာ PHP တက်တဲ့ ပရိုဂရမ်းမာ နစ်ယောက်ဆိုပါတော့။ တစ်ယောက်က ကျောင်းမတကဖူးဘူး။ တစ်ယောက်က တက်ဘူးတယ်။ သူတို့နစ်ဦးမှာ တူညီတဲ့ skill ရှိတယ် ဆိုပါတော့ဗျာ။ JAVA ဆိုတဲ့ ပရိုဂရမ်းမင်း language ကီု လေ့လာတယ် ဆိုပါတော့။ တူညီတဲ့ ကြိုးစာမှုရှိရင် ကျောင်းတက်တဲ့ သူကပိုပြီး မြန်မြန်ဆန်ဆန် ပြီးလိမ့် မယ်ဗျ။ ဘာလို့လဲဆိုတော့ common sense လိုခေါ်တဲ့ ခြုံငုံ သုံးသပ် တတ်မူ အားကောင်းတယ်ဗျ။

ဘာလို.လဲဆိုတော့ ကျောင်းမှာက အဲဒါမျိုး အသစ်သစ်တွေ သင်သင်နေရတာကိုး။ ဦးနှောက်ဆိုတာ ဒါးနဲ့တူတယ် သွေးလေးထက်လေပါပဲ။

ဘာသာရပ် တစ်ခုနဲ့ ပတ်သက်ပြီး ပြောရအောင်။ ဥပမာ software development နဲ့ ပတ်သက်တဲ့ HR Management ဆိုတာမျိုးပေါ့။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားတဲ့ စိတ်၊ တုံပြန်မူ ရှိကြတယ်ဗျ။ ဥပမာ
မောင်ဘက issue A, B, C, D ကို sensitive ဖြစ်တယ်ဆိုရင်၊
မောင်လှက case issues E, F, G, H ကို sensitive ဖြစ်နိုင်တယ်ဗျ။
သူက ဘယ်ဟာကို ကြိုက်သလဲ မကြိုက်ဘူးလဲ ဆိုတာကို ပြောပြမှာမဟုတ်ဘူးဗျ သူတို.နဲ့ စကားပြောနေရင်း သိသွားတာမျိုးပေါ့။ ဒီဟာက ဘာနဲ့ တူသလဲဆိုတော့ ကိုယ်မသိသေးတဲ့ ပြဿနာတစ်ခုကို theory တစ်ခုပြီးတစ်ခု သုံးပြီး တွက်ချက်ကြည်.တာမျိုးပေါ့။
ဒီမှာက ပိစိကွေးလေးတွေနဲ့ဆိုတော့လဲ သိပ်မပေါ်ဘူးပေါ့ဗျာ။ နောက်တခုက lecture တွေ assignment တွေဆိုတာ real life အတွက် simulated လုပ်ထားတာ တွေဗျ။ ဖြေရှင်းရတာ ပေါင်းစုံ။ ကဲဗျာ မောင်ဘက အလုပ်လုပ်တယ် သူက အလုပ်နဲ့ ဆိုင်တဲ့ problem A, B, C, D ပဲ ဖြေရှင်းရတာဗျာ့။ E, F, G နောက်ပိုင်း လာရင်ခက်ပြီ။ assignment တွေဆိုတာ A to Z အထိ ပါတယ်ဗျ။ အနီးကပ် spot ရိုက်တယ်ပဲထားဦး။ စာသင်တာ မကောင်းဘူးပဲ ထားဦး။ course စာအုပ်တွေတော့ နဲနဲဖက်ဖြစ်တယ်ဗျ။
ကျောင်းကပေးတဲ့ အကျိုး ကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဥပမာ ကျွှန်တော့် ဆရာကိုရာဗီ သူနဲ့က scholar ဖြေဖို့လုပ်တုန်း တွေ့တာပါ။ နောက်ပိုင်း ဆရာ ကိုဝင်းထိန်ဝင်း သူနဲ့က မဟာတန်းအတွက်လိုတဲ့ ဒေါ့နက်အတွက် တက်ရင်းတွေ့တာ၊ (အဲဒါက ကိုရာဗီက လမ်းညွန်ပေးတာ) ဒေါ့နက်တက်တဲ့ အတွက် ဆက်စပ်ပြီး java တက်ဖြစ်တယ်။ သူငယ်ချင်း ကောင်းတွေလဲ ရခဲ့ပါတယ်။ ရန်လင်းအောင်နဲ့ မင်းဇော်လွင် သူတို့နဲ့ ဆက်စပ်ပြီ: MITP ရောက်လာခဲ့ တာပါ။ အဲဒီက တစ်ဆင့် ကိုနီရို၊ ကိုအာကာ၊ ကိုစိုးသီ၊ ကိုငွေထွန်း၊ မောင်ပြုံး၊ ကိုမိုးကြီး၊ ကိုရှောင်၊ ကိုထွန်:း အများကြီးပါ။ ကိုမြင့်ကျော်သူနဲ့လဲ တွေ့ သူနဲ့ ဆက်စပ်မိပြီး ကိုနေအောင်လတ်နဲ့တွေ့ အဲဒီကနေMMGamers ကို စလုပ်ဖြစ်တာပါ။ MITP က ကို Alex ကိုအောင် အဲဒီကတဆင့် Microsoft မှာ seminar တက်ပြီး မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်။ ဘယ်ဟာမဆိုသူနဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ chain reaction တွေ ရှိပါတယ်။ ကိုငွေထွန်းနဲ့ ဆက်စပ်ပြီး ပြင်သစ်ကပေးတဲ့ training တက်ဖြစ်တယ်။ အဲဒီက ဆက်စပ်ပြီ ကိုဇော်ဇော်၊ မထိုက်ထိုက် သူတို့နဲ့ ဆက်စပ်ပြီး barcamp မှာ translatorလုပ် ဖြစ်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီ Mike Amy, Robert , John အများကြီးပါ မိတ်ဆွေကောင်းတွေ အများကြီး ရခဲ့ပါတယ်။ ပြောချင်တာက တစ်ခုတည်း မကြည့်ပါနဲ့ နောက်ကွယ်မှာ အကျိုးပြုတာတွေ အများကြီး ရှိပါတယ်။ ဥပမာ ကိုရာဗီဆိုရင် ကျွှန်တော့်ကို IIS, WordPress ,PHP, Joomla အများကြီး သင်ပေး ခဲ့ပေးတာပါ။ အရမ်းကို အကျိုးရှိပါတယ်။
ကိုမြင့်ကျော်သူ ပြောတာ ကျွှန်တော် မှတ်မိပါတယ်။ Programming အတွက် လိုအပ်တဲ့ if, for, while စတဲ့ ဟာတွေကို ရေးချ လိုက်ရင် A4 နှစ်မျက်နာ မကျော်ပါဘူး။ တကယ်လဲ ဟုတ်ပါတယ်။ အလွတ်ကျက်လိုက်ရင် အများဆုံး တစ်ပတ် ဆိုရပါပြီ။ ဒါပေမယ့် ဘယ်ဟာက ဘယ်နေရာမှာ၊ ဘယ်လို ဘယ်ပုံစံနဲ့ သုံးမယ်ဆိုတာက တကယ့် ပညာပါ။ မြန်မာ စကားပုံတောင် ရှိသေး “အရိပ်ပြ အကောင်မြင်ဆိုတာ”။ ကွန်ဖြူးရှပ်က စားပွဲတလုံးရဲ့ ခြေထောက် တစ်ဖတ်ဟာ အခြားသုံးခုနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာမျိုးပေါ့။
Self-study ပဲလုပ်မယ်ကွာ၊ ဘယ်လောက် လုပ်ဖြစ်မှာလဲ။ Aအရေအတွက် လုပ်ဖြစ်တယ် ထားပါတော့ ကျောင်းတက်တဲ့ သူက 10A လောက် လုပ်ဖြစ်မယ်ဗျ။ မဖြစ်မနေကိုး၊ programmer တစ်ယောက်က programming ရေးတတ်ရင် ဖြစ်တယ်။ သူထပ်သာချင်ရင် software engineering concept တွေကို ထပ်လောင်း နားလယ်ရမယ်။ ပိုပြီးသာချင်ရင် HR Management , agile အစရှိတာတွေ သဘောပေါက်ရမယ်။
အမေကျော် ဒွေးတော် လွမ်းတာလဲ မဟုတ်ပါဘူး။ အင်္ဂလိပ်ခေတ် အုပ်ချုပ်ပုံက အရမ်း ကောင်းပါတယ်။ ကျောင်းပြီးတဲ့ သူတစ်ယောက်ကို သူ့ရဲ့ စာတက်မြောက်မှု အပေါ်မူတည်ပြီး ရာထူးအဆင့်ဆင့် ပေးသွားတာပါ။ ပညာတက်တွေကို ကောင်းကောင်း အသုံးချတက်တယ်။ စနစ်ကောင်းလို့လဲ နေမဝင် အင်ပါယာကြီးကို နစ်ပေါင်းများစွာ ထိန်းသိမ်း နိုင်ခဲ့တာပေါ့။ ကမ္ဘာမှာ အကြီးဆုံးရေတပ်ကို တည်ထောင် နိုင်ခဲ့တယ်။ သံကို ကောင်းကောင်း အသုံးချနိုင်ခဲ့တာကိုး။ မြန်မာလူမျိုးတွေ သွေးမကြောင်ပါဘူး။ ဒါပေမယ့် လက်နက်ခြင်းမှ မညီတာကိုး။ သူတစ်ပါး လက်အောက်မှာ နစ်ပေါင်း ၁၀ဝကျော် နေတော့တာပေါ့။

လက်သမား/ပန်:ရန်တစ်ဦးက မြောင်း လုပ်တက်မှာပေါ့။ မြို့ပြအင်ဂျင်နီယာ တစ်ဦးက အုတ်တောင် ကောင်းကောင်း စီနိုင်တာရှားပါတယ်။ ဒါပေမယ့် လက်သမား/ပန်:ရန် တစ်ဦးအတွက် မြောင်းလုပ်ပြီးရင် ပြီးပီဗျ။ ရေက မြင့်ရာက နှိမ့်ရာကို စီးဆင်းတယ် ဆိုတာ သိရင် ပြီးပါပြီ။ ဘယ်ကို ဘယ်လိုစီးရမယ်။ ဘယ်မြောင်းကို ဘယ်လိုဘယ်နေရာမှာ ဖောက်ရင် ရေးစီးကြောင်းက ဘယ်လို ပြောင်းသွားမယ်။ ဒီမှာ အသစ်တူး လိုက်တဲ့ အတွက် တစ်ခြားနေရာမှာ ဘယ်လို ဖြစ်သွားနိုင်တယ် ဆိုတာ နာ:လည်စရာ မလိုပါဘူး။ အဲဒါမျိုးက မြို့ပြ အင်ဂျင်နီယာကသာ လုပ်ရမှာကိုး။ မြောင်းတွေကို ဘယ်နေရာမှာ ရေးစီးကောင်းအောင် လုပ်ရမယ်။ ဘယ်နေရာမှာ ကြီးကြီးတူးရမယ်။ ဘယ်နေရာမှာ တိန်ရမယ် ၊ ဘယ်နေရာမှာ နက်ရမယ် အစရှိသ၍ပေါ့။ ပညာရှင်တွေ လိုအပ်ပါတယ်။ အကျိုးဆက်ကတော့ အခု ရန်ကုန်မှာ ခြင်၊ ယင်ပေါတာနဲ့ မိုးနည်းနည်း ရွာတဲ့နေ့ ရေကြီးတာ မျိုးပေါ့။

အားလုံးကို အရိုးသားဆုံး ဝန်ခံပါရစေ။ ကျွန်တော် ရေးတာတွေဟာ မှားကောင်း မှားနိုင်ပါတယ်။ လူတစ်ဦးရဲ့ အတွေ့အကြုံ နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်မူ လွှမ်းမိုးမူ ကွာခြားနိုင်ပါတယ်။ ကျွှန်တော်က အတတ်နိုင်ဆုံးနဲ့ သူများဖက်က စဉ်:စားပြီး ရေးပေမယ့် လွဲကောင်း လွဲနိုင်ပါတယ်။ ဆက်စပ်ပြီး စာဖတ်တဲ့ ကိစ္စကို ဆက်ပြီး ပြောပြချင် ပါတယ်။ စာဖတ်တာ အရမ်း ကောင်းပါတယ်။ စာဖတ်တဲ့ အလေ့အကျင့် ရသွားရင် အသိပညာ ဗဟုသုတ အရမ်း ရပါတယ်။ ဒါကတော့ လူတိုင်း လက်ခံတဲ့ principal ဖြစ်မှာပါ။ စာဖတ်တာတော့ ဟုတ်ပါပြီ။ စာရေးသူတိုင်း စာအုပ် ကောင်းမယ် ထင်ပါသလာ:? သုတရသ ပြည့်စုံတဲ့ စာပေမျိုးရှိသလို အဆိပ်အတောက်ဖြစ်တဲ့ စာပေမျိုးလဲရှိမှာ မလွဲပါဘူး။ အကောင်းအဆိုး ခွဲခြားနိုင်ဖို့ စာကောင်း ပေကောင်းရှာဖတ်တာမျိုး အရမ်းအရေးကြီးပါတယ်။ စာကောင်းတစ်ခုဟာ လူတစ်ယောက်ကို အကောင်းဖက် အများကြီး ပြောင်းလဲ နိုင်သလို စာဆိုး စာညစ်ကလဲ လူတွေ အများကြီးကို ဒုက္ခရောက် စေနိုင်ပါတယ်။

ဥပမာအားဖြင့် မိန်းကလေးတွေ အများကြီး ဖတ်ကြတဲ့ အချစ် စာအုပ်တွေပေါ့။ ဘယ်သူဘယ်ဝါ ရေးတယ် မပြောလိုပါဘူး။ ကျွှန်တော် ဖတ်ဘူးပါတယ်။ သိပ်ကို ရောင်းကောင်းတဲ့ ဘက်ဆဲလား တွေပေါ့ဗျာ။ ကောင်လေးက သူဌေးသားလေးဗျ။ ပြိုင်ကားလေးနဲ့ ကောင်မလေးကလဲ သူဌေးသမီးလေး မက်တူးဆိုလား ကားလေးနဲ့ပေါ့။ နေတာက တစ်ယောက်က အင်းယားမြိုင်၊ တစ်ယောက်က ရွှေတောင်ကြား၊ ဖတ်လို့တော့ ကောင်းသာ ကောင်လေ:က ကင်း ကောင်မလေးက ကွင်း။ အကုန် အလန်းတွေကြီးပဲ။ လွမ်းရင် အဆိပ်သောက်တယ်။ မိန်းကလေးက အရက် သောက်တယ် ရန်ညိုးတွေ ဖွဲ့ကြတယ်။ လက်စား ချေကြတယ်။ ချစ် ကွဲ ညား ကြိုက် လွှမ်း။ အိမ်ထောင်ကျ ကား အကောင်းစားတွေ သိန်းသောင်းချီ တန်တဲ့ အိမ်တွေ လက်ဖွဲ့ အဖြစ်ပေး။ တကယ့်ဘဝနဲ့ လားလားမှ မဆိုင်။ ကျွန်တော်နဲ့ တော်တော် အသားမကျတာ ဖြစ်ပါလိမ့်မယ်။ လူတိုင်းက အချစ်နဲ့ မကင်းတာ ထားပါတော့။ စာအုပ်တစ်အုပ်ကို ဖတ်တဲ့ နေရာမှာ ကိုယ်ကိုတိုင်က ဇာတ်လိုက် ဖြစ်သွားသလိုမျို:းခံစာ:ပြီး ဖတ်ကြတာ များမှာပါ။ ဖီးတွေတက် ဖတ်နေရင်းနဲ့ပြုံး။ စိတ်ကူးတွေယဉ်။ စာအုပ်တစ်အုပ် ဖတ်ရင်း ဇာတ်ကောင်ကို အားကျတယ်၊ အတုယူတယ်၊ သူတို.လုပ်သလို အပြင်မှာ လိုက်လုပ်ကြတယ်။ လိုက်တုတဲ့ နေရာမှာ ကိုယ့်မိဘက မတက်နိုင်ရင်ကော။ တစ်နေ့လုပ်မှ တစ်နေ့ အနိုင်နိုင် စားနေရတဲ့ မိသားစုမှာ ဖုန်းတွေ ကားတွေ ဝယ်နိုင်ပမလားဗျ။ နောက်ဆုံးတော့ ဖားတုလို့ ခရုခုန်ပြီး ဘဝပျက်သွားကြတဲ့ သူတွေ ဒုနဲ့ ဒေးပါပဲ။ Escape from Reality ဆိုတာ အတိုင်းအတာတစ်ခုပဲ ကောင်းပါတယ်။ လေ့လာကြည်.ပါတယ် ဇာတ်လိုက်က ဆင်းရဲတာ တော်တော်ရှားသား။ ဖတ်တဲ့သူကို ခွန်အား ပေးတာမျိုးလဲ မတွေ့ရဘူး။
မဖတ်ရဘူး မပြောပါဘူး ကြိုက်တက်ရင် ဖတ်ပါ။ စာဖတ်တယ်ဆိုပြီး အပျော်ဖတ်တွေပဲ များနေရင် အပျော်လွန်ပြီး ဒုက္ခရောက် သွားလိမ့်မယ်။ ဦးနှောက် ဆိုတာ သုတ၊ ရသ အားလုံး ကို ကျွေးပေးဖို့ လိုတယ်။ အချစ်စာအုပ်တွေ သရဲစာအုပ်တွေအပြင်၊ စွန့်စားခန်:တွေ၊ စုံထောက် ဇာတ်လမ်းတွေ၊ နည်းပညာ စာဆောင်တွေ၊ ဆေးပညာနဲ့ ပတ်သက်တာတွေ၊ science နဲ့ ပတ်သက်တာတွေပါ ဖတ်ပေးပါ။ ဘာသာရေး စာအုပ် ဖတ်မိတဲ့သူဟာ ဘာသာတရား ပိုပြီးသက်ဝင်ယုံ ကြည်လာသလိုပဲ။ ကိုယ်ဖတ်တဲ့ စာပေတွေက ကိုယ့်ကို တစ်နေ့အကျိုးပေးလာ ပါလိမ့်မယ်။ အနည်းဆုံးတော့ ကိုယ့်ကို လူလိမ်မခံရတော့ဘူးပေါ့။

စာဖတ်တာတော့ ဟုတ်ပါပြီ။ ကိုယ်ဖတ်တာက မှန်မမှန် ဆင်ခြင်သုံးသပ်ဖို့လဲ လိုသေးတယ်။ ဒီဟာက ဒါယူရမယ် ဟိုဟာကိုယ်ပယ်ရမယ် ဆိုတာလဲ အရေးကြီးသေးတယ်။ စာတစ်ခု ဖတ်ပြီးရင် ဆွေးနွေးတဲ့ အလေ့အကျင့်က အရမ်းကောင်းပါတယ်။ ဆွေးနွေးတာတော့ ဟုတ်ပါပြီ ဘယ်လိုတွေနဲ့ ဘယ်လိုလူတွေနဲ့ ဆွေးနွေးမှာလဲ။ အသိပညာမရှိတဲ့ သူနဲ့ ပြောနေရင် လေကုန်တာနဲ့ ပြီးသွားလိမ့်မယ် ဘာမှ ရမှာမဟုတ်ဘူး။ သူမတက်တာ မသိတာကို ဖုံးကွယ်ဖို.အတွက် ဘုကလန့် ခံညင်းတာနဲ့ပဲ အဆုံးသတ်လိမ့်မယ်။ ကျောင်းတက်ခြင်းရဲ့ အနစ်သာရထဲမှာ အဲဒါတွေလဲ ပါပါတယ်။ ကိုယ်နဲ့ စိတ်ဝင်စားမှု တူတဲ့သူနဲ့ ပေါင်းသင်းဆက်ဆံ ဆွေးနွေးခွင့် ပိုရှိသွားတယ်။

စာပေ အတုအယောင်တွေ ပြီးတော့ ဆရာ အတုအယောင်တွေကိုလဲ သတိထား စေချင်ပါတယ်။ ငါဒါသိတယ် အဲဒါက အမြဲမှန်တယ်၊ ငါ့ဟာက အကောင်းဆုံး ဆိုတာမျိုးပေါ့။ အကောင်းအဆိုးကို နားမလည်ပဲ ဖင်ပိတ်ငြင်းတက်တဲ့ သူတွေပေါ့။ လူကောင်း သူကောင်:ဆိုတာ ကိုယ်မှာ:တဲ့ အရာတစ်ခုအတွက် ဝန်မခံရင်တောင် မှာ:နေတာကို ဆက်မလုပ်ဖို.အရမ်းအရေးကြီးပါတယ်။ အဲလိုမျို:သူတွေကို ဆရာတင်မိလို.တော့ ဘဝဆုံးပြီသာမှတ်။ ကျွှန်တော် အထက်တန်:ကျောင်းမှာ တက်နေတုန်းက ကျောင်းအုပ်ဆရာကြီးက ပြောဘူးတာရှိပါတယ် ။
အစာထဲ အဆိပ်ခတ်တာထက် စာရင် နားထဲ၊ စာထဲ ၊ နုနယ်တဲ့ နလုံးသားထဲ အဆိပ်ခက်တာက လူပိုသေ ပါသတဲ့။
ရာဇဝင်မှာတောင် ရှိပါတယ်။ လက်ညိုးပေါင်း တစ်ထောင်ကို ဖြတ်တဲ့ လူမိုက်ကြီးလေ။ အလိမ်မခံရဖို့ စာများများ ဖတ်ပေးပါ။ စဉ်:စာ:နိုင်ဖို့ ဦးနှောက်က အမြဲသွေးထားပါ။ အခုခေတ် လူငယ်တွေကို ကြည့်ရတာလဲ အကြောင်း အမျိုးမျိုးကြောင့် ပညာရေး တို့လို့တန်းလန်း ဖြစ်သွားကြတာတွေ တွေ့ရပါတယ်။ မိဘရဲ့ စီပွားရေး ကြပ်တည်းလို့၊ ကိုယ်တိုင်က ဆက်လက်ပြီး မသင်ချင်တော့လို့၊ ကိုယ့်အောက်က မောင်နှမတွေ ကျောင်းတက်ရအောင် ကိုယ်က အနစ်နာ ခံလိုက်ရတာမျိုးပေါ့။ အဲဒီအတွက် အားငယ်နေစရာ မလိုပါဘူး။ ကြိုးစာရင် ဖြစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးပါ။
ဘွဲ့ရလို့ ကြီးပွား တိုးတက်ချမ်းသာတာ မဟုတ်ဘူးဗျ။ ကိုယ့်ရဲ့ကြိုးစားမှုကသာ တိုးတက်စေတာဗျာ့။
formal education give career life education make you rich
ဘွဲ့လက်မှတ်တစ်ခုက အလုပ်ရှာတဲ့ နေရာမှာသာ ကူညီတာပါ ကြီးပွားတိုးတက်တာက ကိုယ်လုပ်ယူမ ှရတာ။
မိဘက ချမ်းသာလို့ ကိုယ်က ချမ်းသာတာနဲ့ ကိုယ့်ဟာကိုယ် လုပ်ယူတာက အများကြီး သာပါတယ်။ အစောက ပြောသလိုပဲ အောင်မြင်မူဆိုတာ ကိုယ်ပိုင် ကြိုးစာမူက ပိုပြီး သေချာတာပေါ့။ အဲ ကြိုးစားတာတော့ ဟုတ်ပါပြီ။ နည်းမှန်လမ်းမှန် ဖြစ်ဖို့လဲ အရေးကြီးတယ်ဗျ။ ဥပမာ ရေမရှိတဲ့ ကုန်းတွင်းပိတ် တိုင်းပြည်မှာ လှေသွားရောင်း သလိုမျိုး။ ဟုတ်ပါပြီ လမ်းမှန်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတော့ လာမမေးပါနဲ့ ကျွှန်တော် မဖြေနိုင်ပါဘူး။ အရိုးသားဆုံး ဝန်ခံပါရစေ။ ကိုယ်ကိုတိုင်တောင် မှားတာတွေ ပြင်ဆဲပါ။ ပေးနိုင်မယ်ဆိုလဲ ကျွန်တော်က ကိုယ်နဲ့ တိုင်းတာပြီးပေးမှာပဲ စာဖတ်သူအတွက် အကျိုးသိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လမ်းညွန် နိုင်ပါတယ်။
အခုကာလကြီးမှာ ဖတ်စရာ လေ့လာစရာ စာအုပ်စာပေတွေ ရှားသွားတာ တော်တော် ဝမ်းနည်းစရာ ကောင်းပါတယ်။ တခြားအနေနဲ့ ဂျာနယ်ဖတ်လို့ ရပါသေးတယ်။ ဂျာနယ်အဟောင်းတွေကို ဝယ်မယ်ဆိုရင် သတင်းစာ အဟောင်းထက်တောင် ပေါပါသေးတယ်။ ပေါ်ပင်တွေကို ပြောတာ မဟုတ်ဘူးနော်။ သတင်းပေးတဲ့ စာဆောင်တွေပေါ့။ လောလောဆယ် ကျွန်တော် ကြိုက်တာလေး တွေရှိတယ်။ မော်ဒန်ဂျာနယ်က ဆရာ မောင်ချမ်းသာရဲ့ ဆောင်းပါ။ စီးပွားရေး အကြောင်းတွေ ကောင်းပါတယ်။ ပြီးတော့ elevenမှာပါတဲ့ မြန်မာ့သမိုင်း အကြောင်းလေးတွေ၊ ဒေါက်တာ ခင်မောင်ဝင်းရဲ့ ဆောင်းပါးလေးတွေ အရမ်းကောင်းပါတယ်။ ဒီပိုစ်ကို ဖတ်နေတဲ့အတွက် အင်တာနက်တော့ သုံးနိုင်နေပြီလို့ ခန့်မှန်းမိပါတယ်။ အင်တာနက် မှာ ကျွှန်တော် အရမ်းကြိုက်တဲ့ ဆိုက်လေးရှိပါတယ်။ http://www.myanmarebooks.net သွာ:ကြည်.ပါဖတ်ကြပါ။

ဒီပို့စ်ကိုရေးနေတုန်း ပြောတာတွေရှိတယ်။ စနစ်ကိုက မကောင်းတာ ထမင်းတောင် မှန်အောင်မနည်း လုပ်နေတဲ့သူတွေက ဘယ်လိုလုပ်မလဲတဲ့။ ဟုတ်ပါတယ် သူတို့အနေနဲ့ ဖတ်ရင်တောင် နားမလည်နိုင်ဘူးဆိုတာလဲ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့တွေကို မကူညီနိုင်သေးခင်မှာ ကိုယ်နဲ့ လက်လှန်းမီရာ လေးပေါ့။ ဒီပိုစ်ကိုဖတ်ပြီး လူတစ်ယောက်လောက် idea လေး တစ်ခုရသွားရင် ကြေနပ်ပါပြီ။ ပြီးတော့ ဒီပိုစ်မှာ ကိုယ့်အကြောင်းလေး ထည့်ရေးပေးတာ သူများ ဘယ်လိုလုပ်ခဲ့တာထက် ကိုယ့်အကြောင်းကို ပိုသိလို့ပါ။
ဆက်ရေးပါဦးမယ်…..
အမှားရှိပါက အချက်အလက်ဖြင့်သာ ဝေဖန်ပေးကြပါရန်။
ကျေးဇူးပါ။
Facebook comments:



>>> ဘီက SAT ၁၆၀ဝ မှာ ၁၅၅ဝ ရတဲ့သူဗျ။ (the whole Burma တွေတောင် ၁၅၀ဝတောင် အနိုင်နိုင်)
နည်းနည်းတော့ လျော့လိုုက်.. ခုု SAT 2400 မှာ 2000 ကျော်တဲ့သူတွေ ရှိပါတယ်. =D
Flag Counter ကြီးက မထည့်သင့်ဖူး ;(
http://www.myanmarebooks.net/ အပြင် နောက် http://sagarwarmyae.net/ လည်း မဆိုုးပါဘူး
၂၀၀၀/၂၄၀ဝ ဆိုရင် ၁၅၀၀/၁၆၀ဝ ထက်နည်းတယ်
>>Flag Counter ကြီးက မထည့်သင့်ဖူး <<
၁။ ဘယ်လိုလူမျိုးတွေဖတ်သလဲ/ ဘယ်နိုင်ငံကလဲ
၂။ ဘယ်လို အကြောင်းအရာကို စိတ်ဝင်စားကြသလဲ
၃။ ဘယ်လောက်ကြည်.ကြသလဲ
၄။ ဘယ်လိုပြင်လိုက်ရင် ပိုပြီးထိရောက်နိုင်သလဲ
အဲဒါတွေကို မူတည်ပြီး စာအရေးအသားကို ပြုပြင် ပြင်ဆင်လို.ရအောင်ထဲ့တာဗျာ:
beginner တွေအတွက် ရည်ရွယ်လို. သူတို.မဖတ်ရင် အကျိုးသိပ်မရှိဘူး
အားနေလို. အလကားထဲ့ထားတာမဟုတ်ဘူးဗျ
ပြင်ဆင်လို.ရအောင် ထဲ့ထားတာ
but what I see is you are so freeeeeeeeeeeeeeeeeeeeee lolz
YES Bossss (WP Geek).. I was so stupid .. but what i see is you are so freeeeeee lolz
သူ့လို Mac Book Pro ကြီး တကားကားနဲ့ လူကတော့ ဟုတ်တာပေါ့ … သူများ စေတနာနဲ့ အပင်ပန်းခံပြီး ရေးထားတာကို အားနေတယ် ဆိုပဲ … ကျွန်တော်လဲ အားနေယားနေလို့ စာရေးနေတာဗျို့ …
Wyane ပြောသလိုပဲ ပညာရေးကို လစ်လျူရှုတဲ့သူတွေ နေရာတကာမှာ များလာနေပါပြီ .. လူမှန်နေရာမှန် မဖြစ်တဲ့ ဒီလိုအချိန်မှာ နေရာဆိုတာ ပညာပါတဲ့သူအတွက် မဟုတ်သေးတဲ့ အချိန်မှာ၊ ပညာတတ်ကို ကြောက်တဲ့ရောဂါတွေ ရှိနေသေးတဲ့ အချိန်မှာ ဖြစ်နေဦးမှာပဲလို့ ပြောရမှာပါပဲ။ ဒါပေမယ့် လောကကြီးမှာ စံတွေဆိုတာ ခဏပဲ လွဲတတ်ပါတယ်။ အဲဒီလို လွဲနေတဲ့ စံတွေအတိုင်း မသွားပဲ၊ မှန်ကန်တဲ့ စံနှုန်းအတိုင်း သွားနေဖို့က လူငယ်တွေရဲ့ တာဝန် ဖြစ်ပါတယ်။ လောကကြီးရဲ့ စံနှုန်းတွေကို ဖော်ထုတ်တဲ့ လုပ်ငန်းစဉ်ကို တစ်ဖက်တစ်လမ်းက ဖော်ထုတ်ပေးတဲ့ Wayne ကို ကျေးဇူးတင်ပါတယ်။
Most peeps lack passion and dedication on what they do these days. Or how they want to be in near future as long as present isn’t too harsh for them.
lol@condom pic
ကျေးဇူးပဲ ကို wayne ရေ အခုလို အပင်ပန်းခံပြီးရေးပေးထားတာ ကျေးဇူးတင်ပါတယ် ဘီလ်ဂိတ် ကျောင်းထွက်တာကို အားကျတဲ့ အထဲမှာ ကျွန်တော်လည်းပါတယ်ဗျ
လောလောဆယ်တော့ ဘွဲ့တက်ပြီး မာစတာ ဆက်မတက်ဖို့ စဉ်းစားနေတာ အပြင်ထွက်ပြီး အလုပ်လုပ်တာက ပိုအတွေ့အကြုံ ရမယ်ထင်လို့ဗျ ကျောင်းကသင်တဲ့ ဆရာတွေဆိုတာက စာပဲ သင်တတ်မယ်ထင်တယ် စော်ကားတာတော့ မဟုတ်ဘူး တကယ် လက်တွေ့ လုပ်ငန်းခွင်က လူတွေ သင်နေတာမဟုတ်တော့ လုပ်ငန်းခွင် အတွေ့အကြုံကို လုပ်ငန်းမှာ ယူတာက ပိုကောင်းမယ်ထင်ပါတယ်
ဟုတ်တယ်ဗျို့ ကျောင်းနဲ့အလုပ်နဲ့ (စာတွေ့နဲ့လက်တွေ့)
ပေါင်းစပ်နိုင်ရင် အကောင်းဆုံးပါပဲ
ဒီမှာတော့ ကျောင်းတွေက သင်ကြားမူအရမ်းနည်းတယ်
self-studyများများလုပ်မှ တော်ကာကျနိုင်တယ်
သိပ်ကောင်းပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
ဆက်လက်ပြီးတော့ ရေးသားပေးပါဦးလို့ တိုက်တွန်းပါတယ်။
စောင့်မျှော်ဖတ်ရှုနေပါတယ်။
အရမ်းကောင်းပါတယ်..
ပြီးတော့ စာလုံးပေါင်းများစွာ ရိုက်ပြီး အကြောင်းအရာ စုံစုံလေးကိုပြောသွားတာ တကယ်ကောင်းပါတယ်။
စေတနာကို ခံစားမိတယ်။
ကျွန်တော်လည်းကြိုးစားဆဲ လူတစ်ယောက်ပါပဲဗျာ။
ညီနောင် ရေးတဲ့စာဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်သေချာ လုပ်မိတာလေးတစ်ခုပြောချင်တယ်။
ကျွန်တော်သက်ပြင်း ချမိတယ်ဗျာ။
ကျွန်တော့် အမှားတွေအတွက် ခေါင်းမာ နေခဲ့တယ် ဒါပေမယ့်ကြိုးစားနေပါတယ်။
ဘာမှမလုပ်ပဲ ရပ်… ပြီးတော့မနေမိဘူး။
Best Regard:
synchro305`
Here is another ref:
http://www.news-eleven.com/index.php?option=com_content&view=article&id=4449&catid=42&Itemid=112
အဲ ပြဿနာတစ်ခုပေါ့လေ ၊ ဘာလို.ကျောင်းကို ပြီးအောင်တက်ခိုင်သလဲ ဆိုတာပေါ့လေ
ကိုယ်က အရမ်းတော်တယ် ၊ ပါရမီရှိတယ် ၊ မိမိကိုယ်ကို ထိန်းကြောင်းနိုင်တယ်ဆိုရင် လုပ်ပါ ။ ဘွဲ့ရရ မရရ အောင်မြင်ပါတယ် ။
အနည်းဆုံးတော့ စာဖတ်တာ မတက်ပဲနဲ့ self-study မလုပ်တက်ပါဘူး ။မိမိကိုယ်ကို ထိန်းကြောင်းနိုင်တယ်ဆိုရင် မတက်ပါနဲ့ အချိန်တောင်ကုန်ပါသေးတယ် ။ ပြဿနာက မိမိကိုယ်ကို စိတ်ထိန်းနိုင်ပါသလား ။ ပန်:တိုင်တွေချပြီ: အောင်မြင်အောင် မိမိရဲ့စိတ်ကို ထိန်းနိုင်ပါသလား ။
ဒါပေမယ့် အမြင်အရမ်းကျဉ်းသွားပါလိမ်မယ် ။ နိုင်ငံခြားထွက်ဘူးတဲ့သူဟာ ပိုပြီး သွားတက်လာတတ်ဆိုတာမျိုးပေါ့ ။
အတတ်ပညာတက်ရုံနဲ့ မအောင်မြင်ပါဘူး ။ MSc. Phd ဆိုပြီး project တွေ thesis တွေကို ပိုက်ဆံပေးရေးခိုင်:ရင် သေတောင်မတက်ပါဘူး ။
ဘွဲ့ရတဲ့သူနဲ့ ဘွဲ့မရသေးတဲ့သူနဲ့ အမြင်ခြင်း confident ခြင်းမတူပါဘူး ။ အလုပ်တွေမရှိဘူးဆိုတာ လုံးဝမဟုတ်ပါဘူး ။ ရှိပါတယ် ကိုယ်မလုပ်တက်လို.ပါ ။ ကိုယ်အဖြစ်ရှိအောင် မရှာသေးလို.ပါ ။ ဒီမှာတော့ ပိုခက်တာပေါ့လေ ။
အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာတော့ individual case ပါ ။ ဘွဲ့ရတဲ့သူနဲ့ ဘွဲ့မရသေးတဲ့သူ ကန့်သက်ချက်မရှိပါဘူး ။ မကြိုးစာ:ရင် ဘယ်သူမှ မအောင်မြင်ပါဘူး ။ နောက်ပြီးစီးပွားရေး အောင်မြင်တယ်ဆိုတဲ့ ပေတံနဲ့ အားလုံးကို တိုင်းတာလို.မရပါဘူး ။ မိမိရဲ့စိတ် ၊ ဘာသာရေး ၊ လောကီ ရေး အများကြီးပါ ။ ဘယ်မှာအောင်မြင်မှာလဲ အဲဒါက မေးခွန်းပေါ့ ။ တကယ့် ရဟန်:အစစ်တွေက မချမ်းသာပါဘူး ။ ကိလေသာကို ်ပျက်အောင်အားထုတ်နိုင်ရင် ဒါသူ.အတွက်အောင်မြင်တာပါပဲ ။
အလုပ်သမားဘဝနဲ့ မချမ်းသာနိုင်ပါဘူး ။ အလုပ်ရှင်ဖြစ်မှတာ တိုးတက်မှာပါ ။ ခေါင်းဆောင်လုပ်မယ့်သူဟာ ဘွဲ့လေးတစ်ခုတောင် အဖြစ်ရှိအောင်မလုပ်နိုင်ဘူးဆိုရင် သူ.ရဲ့အရည်အချင်းက မေးခွန်းထုတ်စရာဖြစ်လာပါလိမ်မယ်။
စာဖတ်တဲ့သူတွေနားလယ်မယ်ထင်ပါတယ် ။
>>>> ခေါင်းဆောင်လုပ်မယ့်သူဟာ ဘွဲ့လေးတစ်ခုတောင် အဖြစ်ရှိအောင်မလုပ်နိုင်ဘူးဆိုရင် သူ.ရဲ့အရည်အချင်းက မေးခွန်းထုတ်စရာဖြစ်လာပါလိမ်မယ်။
ံHow about General Aung San?
ပိုစ်ထဲကဟာကို ပြန်ဖော်ပြပါရစေ…..
>>အဲအယ်ဒီဆင်က အတန်းပညာ မတက်ဘူး။ ဘီဂိတ်နဲ့ စတိက ကျောင်းမပြီးဘူး ကပ်သက် မပြောပါနဲ့။ ဘီက SAT ၁၆၀ဝ မှာ ၁၅၅ဝ ရတဲ့သူဗျ။ (the whole Burma တွေတောင် ၁၅၀ဝတောင် အနိုင်နိုင်) စတိက Standford က ဗျ။ အပုံကြီး ကွာတယ်။ ငယ်ငယ်ထဲက special train လာတဲ့ သူတွေဗျ။ ပြီးတော့ သူတို့နောက်မှာ ဆရာတွေ အများကြီးရှိတယ်။ တက်ကျွမ်းတဲ့ ပညာရှင်တွေ ရှိတယ်။ <<
မေးခွန်းက သင်ဟာ General Aung Sann လား ဆိုတာပဲ ။အရင်တုန်းက တက္ကသိုလ်ဆိုတာ တော်တော် အရည်အချင်းရှိမှတက်လို.ရတာပါ ။ဒါပေမယ့် ကြိုးစာ:ရင် မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး ။ ကိုယ့်ကို ကိုယ်ထိန်းကြောင်းနိုင်တယ်ဆိုရင် လုပ်ပါ ။ ကျွှန်တော့်ရဲ့ ပိုစ်ဟာ ပုံမှန် လူတန်:စားအတွက်ရည်ရွယ်ပါတယ် ။ ဒီလူတွေဟာ အပြင်မှာ လွတ်လိုက်ရင် ပျက်စီးသွားနိုင်ပါတယ် ။
နိုင်ငံကိုတိုးတက်တည်ဆောက်ဖို.ဆိုရင် စစ်ပဲတိုက်တက်တဲ့သူ ၊ စီးပွားရေးပဲလုပ်တက်တဲ့သူတွေနဲ့ မလုံလောက်တာ အမှန်ပါပဲ ။ သေချာတာတော့ စာသေချာမတက်ပဲ nuclear scientist မဖြစ်နိုင်ပါဘူး ။ brain surgeon မဖြစ်နိုင်ပါဘူး ။
ဗိုလ်ချုပ်အောင်ဆန်:ဟာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် လုပ်နိုင်မယ် ။ ဒါပေမယ့် တိုင်းပြည်ကို ကြီးပွားတိုးတက်ဖို.က ဘီအိုင်အေ တစ်ခုတည်းနဲ့ မလုံလောက်တာ သေချာပါတယ် ။ ပါးနပ်တဲ့ သံတမန်တွေ လဲလိုမှာပါ ။
>> အရင်တုန်းက တက္ကသိုလ်ဆိုတာ တော်တော် အရည်အချင်းရှိမှတက်လို.ရတာပါ ။
ဒီ ခောတ် အကြောင်းသိတယ် ဆိုတော့ ထပ်မပြောတော့ပါဘူး။
>> တိုင်းပြည်ကို ကြီးပွားတိုးတက်ဖို.က ဘီအိုင်အေ တစ်ခုတည်းနဲ့ မလုံလောက်တာ သေချာပါတယ် ။
နေရာတိုင်းမှာ ဒါချည်း ဖြစ်နေလို့ မွဲနေတာလဲ သိနေသားပဲ။
စနစ်တကျ ဖျတ်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို အပြစ်လို့ပဲ ပြောရမလား။ တက်နိုင်တဲ့သူတွေ က နိုင်ငံခြားသွားပြီး ပညာသင်နေကြတယ်။ မတက်နိုင်တဲ့လူတွေ က မတက် ကြဘူး။ အဲဒါ ဘယ်သူအပြစ်လဲ။ ပညာသင်တယ် ဆိုတာ ပညာ တက်ဖို့ပဲ။ ကိုယ်ကို အတက်ပညာ အသိပညာ မပေးပဲ စာရွတ်ပဲပေးတဲ့ ကျောင်းမျိုးကို အချိန်ကုန်ခံပြီးတက်သင့်ပါသလား။
ပုံမှန်ကျောင်း တက်နိုင်တဲ့ လူတန်းစား ဆိုတာ လူနည်းစုကိုတော့ သိမယ်လို့ ထင်ပါတယ်။ တခြားလူတွေ ဘဝကို စဉ်းစားစေချင်ပါတယ်။ အဲ့လိုလူတွေလည်း ဒီစာကို လာမဖတ်နိုင်ပါဘူး။ အဲဒါကြောင့် အပြစ်တင်နေမယ့် အစား သူတို့ အတွက် လုပ်ပေးနိုင်တာ တစ်ခုခု ကို လုပ်ပေးတာ ပိုကောင်းပါတယ်။
@desefox
>>ပုံမှန်ကျောင်း တက်နိုင်တဲ့ လူတန်းစား ဆိုတာ လူနည်းစုကိုတော့ သိမယ်လို့ ထင်ပါတယ်။ တခြားလူတွေ ဘဝကို စဉ်းစားစေချင်ပါတယ်။ အဲ့လိုလူတွေလည်း ဒီစာကို လာမဖတ်နိုင်ပါဘူး။ အဲဒါကြောင့် အပြစ်တင်နေမယ့် အစား သူတို့ အတွက် လုပ်ပေးနိုင်တာ တစ်ခုခု ကို လုပ်ပေးတာ ပိုကောင်းပါတယ်။<>>ဒီပို့စ်ကိုရေးနေတုန်း ပြောတာတွေရှိတယ်။ စနစ်ကိုက မကောင်းတာ ထမင်းတောင် မှန်အောင်မနည်း လုပ်နေတဲ့သူတွေက ဘယ်လိုလုပ်မလဲတဲ့။ ဟုတ်ပါတယ် သူတို့အနေနဲ့ ဖတ်ရင်တောင် နားမလည်နိုင်ဘူးဆိုတာလဲ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့တွေကို မကူညီနိုင်သေးခင်မှာ ကိုယ်နဲ့ လက်လှန်းမီရာ လေးပေါ့။ ဒီပိုစ်ကိုဖတ်ပြီး လူတစ်ယောက်လောက် idea လေး တစ်ခုရသွားရင် ကြေနပ်ပါပြီ။<<<
http://news-eleven.com/index.php?option=com_content&view=article&id=4575&catid=42&Itemid=112
တိုင်းပြည်အခြေအနေကောင်းလို. သူတို.တွေပြန်လာကြရင်
ဘာမှ မတက်တဲ့သူတွေထက်စာရင် အကျိုးရှိမှာပါ ။
ကောင်းပါတယ်၊ သွားပါ လေ့လာပါ ၊ ကြိုးစာကြပါ
Another Ref:
http://www.news-eleven.com/index.php?option=com_content&view=article&id=4634:2010-09-02-10-12-40&catid=42:2009-11-10-07-36-59&Itemid=112