XAMPP Installation in Ubuntu
Ubuntu မှာ XAMPP ကိုဘယ်လိုသွင်းမလဲ? .ExE file မှမပါတာ … Terminal နဲ့သုံးရမှာလား? ဟုတ်ပါတယ် xampp ကို Ubuntu ထဲသွင်းဖို့ Terminal ကိုအသုံးပြုရမှာပါ။ သွင်းပုံသွင်းနည်းအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးထားပါတယ်။
အရင်ဆုံး XAMPP for Linux ကို Download ချလိုက်ပါ။ xampp-linux-***.tar.gz ပါ။ ပြီးရင်တော့ Download လုပ်ထားတဲ့ File ကို Desktop ပေါ်မှာထားလိုက်ပါ။ ပြီးရင် Terminal ကိုဖွင့်ပါမယ်။ Desktop ပေါ်ကိုသွားပါမယ်။
cd Desktop
ပြီးရင် အဲ့ဒီ File ကို extract လုပ်ပါမယ်။
sudo tar xvfz xampp-linux-***.tar.gz -C /opt
XAMPP ကို Start လုပ်မယ်ဆိုရင် Terminal ကိုဖွင့်လိုက်ပါ .. ပြီးရင်အောက်ကအတိုင်းရိုက်လိုက်ပါ
sudo /opt/lampp/lampp start
Stop လုပ်မယ်ဆိုရင်တော့ -
sudo /opt/lampp/lampp stop
တခြား XAMPP နဲ့ပတ်သတ်တဲ့ Command တွေကို ကြည့်ချင်ရင်တော့-
sudo /opt/lampp/lampp
Ubuntu မှာတော့ Windows မှာလို XAMPP control panel မပါဘူးလား? ပါပါတယ်။ အောက်က ပုံလေးကတော့ Ubuntu မှာသုံးတဲ့ XAMPP ရဲ့ sweet gtk/python control panel လေးပဲဖြစ်ပါတယ်.
မိုက်တယ်မဟုတ်လား? အဲဒီ Applications လေးကိုလိုချင်ရင်တော့ Terminal ကိုဖွင့်လိုက်ပါ။
gedit ~/.local/share/applications/xampp-control-panel.desktop
gedit လေးပေါ်လာရင် အောက်က Code အားလုံးကို ကူးထည့်ပြီးတော့ Save လုပ်လိုက်ပါ။
[Desktop Entry]
Comment=Start/Stop XAMPP
Name=XAMPP Control Panel
Exec=gksudo "python /opt/lampp/share/xampp-control-panel/xampp-control-panel.py"
Icon[en_CA]=/usr/share/icons/Tango/scalable/devices/network-wired.svg
Encoding=UTF-8
Terminal=false
Name[en_CA]=XAMPP Control Panel
Comment[en_CA]=Start/Stop XAMPP
Type=Application
Icon=/usr/share/icons/Tango/scalable/devices/network-wired.svg
အဲ့ဒါဆိုရင်တော့ XAMPP control panel လေးဟာ Applications >> Internet အောက်မှာ သွားပေါ်နေပါမယ်။
( ကျွန်တော့် မှာတော့ Others ထဲမှာပေါ်နေပါတယ် … မပေါ်ရင် Preferences အောက်က Main Menu မှာ သွားရှာလို့ရပါတယ် )ပြီးရင်တော့ http://localhost/ ခေါ်ပြီးတော့ စမ်းသပ်လို့ရပါပြီဗျာ … အဆင်ပြေပါစေ။
Facebook comments:




i used ubuntu 10.04, also xampp.
but phpmyadmin can’t access.
Can you help me with that, thanks.
mail me plz!
1) To stop apache2 server. Just type in terminal: sudo /etc/init.d/apache2 stop
The web server apache2 will be stopped now.
2) To stop MySQL. Just type in terminal: sudo /etc/init.d/mysql stop
To start lampp, just type again: /opt/lampp/lampp start