တစ်ကိုယ်တည်း ကြိတ်တော့မယ် ဆိုရင်

ကျွန်တော်လဲ သင်တန်း ကိစ္စနဲ့ လုံးလည်လိုက်နေတာ ခုတော့ အသားကျလာပါပြီ။ အဲဒီတော့ ကျွန်တော် မရေးရင် မနေနိုင်ခဲ့တဲ့ စာတွေ ပြန်ရေးလို့ရလာပါပြီ။ အားလုံးပဲ မိတ်ဆွေများ Myanmar Tutorials ကို အသွင်သစ် အဆင်သစ်နဲ့ ပြန်မြင်ရမှာ ဖြစ်သလို ကျွန်တော့် စာတွေလဲ ပြန်ဖတ်ရတော့မှာ ဖြစ်ပါတယ်လို့ အသိပေးပါရစေခင်ဗျ။

ဖရီးလင့်(စ်)လို့ ခေါ်တဲ့ တစ်ကိုယ်တော် သမားပဲ ဖြစ်ဖြစ်၊​ အေဂျင်စီ အသေးလေးကို ထောင်ထားတဲ့ သူပဲ​ဖြစ်ဖြစ်၊​ ဒါမှမဟုတ် ဝက်(ဘ်)ဆိုက်တစ်ခု တည်ထောက်ထားတဲ့သူတွေ အနေနဲ့ အခုလို အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးလာရတဲ့ အချိန်မှာ တစ်ကိုယ်တည်းကြိတ်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ ဒစ်ဂျစ်တယ် နည်းပညာ တော်လှန်ပြောင်းလဲမှု အရ ဖြစ်လာတဲ့ မကောင်းတဲ့ အကျိုးဆက်တွေထဲမှာ အထီးကျန်ဆန်ခြင်း ဆိုတာလဲ ပါလာပါတယ်။  အင်တာနက်က အလုပ်လုပ်တယ်၊​ အင်တာနက်မှာ လေ့လာတယ် စသည်ဖြင့် လုပ်လာကြတော့ အရင်ကလို အဖွဲ့နဲ့မှ​ အစုနဲ့မှ ဆိုတဲ့ အ​လေ့အထတွေ ခေါင်းပါးလာပါတယ်။ ပထဝီအနေအထား အကန့် အသတ် ဘောင်တွေကနေ လွတ်ထွက်လာတဲ့အတွက် ကျွမ်းကျင်မှုသာ ရှိပါစေ အိမ်ကနေလုပ်နိုင်တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ အဲဒီလို အင်တာနက်ကနေ တစ်ဆင့် အလုပ်လုပ်တယ်၊​ အိုးမကွာ အိမ်မကွာ လုပ်နိုင်တယ်ဆိုတာ အကျိုးရလဒ်လို့ ထင်ရပေမယ့် လူတွေကို ပိုပြီး အထီးကျန် ဆန်လာစေပါတယ်။

အထီးကျန်ဆန်မှု၏ အန္တရယ်များ

တစ်ကိုယ်တည်းကြိတ်တာ အချိန်ကြာလာတာနဲ့အမျှ ( အလုပ်သဘောအရ ကိုယ်က အဖွဲ့တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်နေပါစေဦး)​ စိတ်ပိုင်းဆိုင်ရာ စီးပွားရေးအစ ဝက်(ဘ်)ဆိုက် အဆုံး ထိခိုက်လာနိုင်ပါတယ်။ ကိုယ်က ဦးစီးဦးဆောင်ပြုတဲ့သူ အခြားသူတွေက ကိုယ့် ပရောဂျက်ကို လုပ်ပေးတဲ့သူတွေ​ဖြစ်ပါစေဦး၊​ အင်တာနက်နဲ့ပဲ ထိတွေ့ဆက်ဆံ ဆောင်ရွက်မယ်ဆိုရင် အထီးကျန်ဆန်လာမှာ အသေအချာပဲလို့ ဆိုနိုင်ပါတယ်။

ကိုယ့်အနေနဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်မရှိဘူး၊​ အိုင်ဒီယာတွေ အချင်းချင်း ဝေမျှနိုင်မယ့် အဖော်မရှိဘူး၊ စီးပွားရေး အကြောင်းတွေ၊​ ပရောဂျက် အကြောင်းတွေ ဆွေးနွေးငြင်းခုံရမယ့်သူ မရှိဘူးဆိုရင် ကိုယ့်ဘဝတက်လမ်းမှာ အန္တရယ် အခက်အခဲ အတားအဆီး ဖြစ်လာနိုင်မယ့် အချက်တွေ ရင်ဆိုင်လာရနိုင်ပါတယ်။ အဲဒါတွေကတော့

တီထွင်ဖန်တီးနိုင်စွမ်းတွေ ခြောက်ခမ်းလာမယ်

တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ အပြန်အလှန် ဆက်စပ်ပူးပေါင်းမှုတွေကနေ မွေးဖွားလာတာလို့ ဆိုနိုင်ပါတယ်။ ဒီတော့ တစ်ကိုယ်တည်းကြိတ်ပြီး တီထွင်ဖန်တီးနေဖို့ ဆိုတာ အင်မတန်ခက်ခဲပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ အိုင်ဒီယာတွေဆိုတာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အပေါင်းအဖော်အချင်းချင်း ဦးနှောက်မုန်တိုင်းဆင်ပြီး ရလာတတ်တာမျိုးပါ။ အဲဒီလို အိုင်ဒီယာကောင်းတွေက တစ်ဆင့် ဒီဖက်ပိုကောင်းတဲ့ အိုင်ဒီယာတွေဆီကို အဆင့်ဆင့် ချဉ်းကပ်သွားနိုင်ပါတယ်။ အဲဒီတော့ ကိုယ့်ဘေးနားမှာ ကိုယ့်ရဲ့ အိုင်ဒီယာတွေထွက်လာတဲ့အခါ ပြန်လည်တုန့်ပြန်ပေးနိုင်မယ့်သူ မရှိဘူးဆိုရင် တီထွင် ဖန်တီးနိုင်စွမ်းတွေလဲ တဖြည်းဖြည်း ခမ်းခြောက် လာတဲ့ အန္တရယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ယုံကြည်မှုမဲ့လာမယ်

အလုပ်လုပ်တာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် ကိုယ့်ရဲ့ စီးပွားရေးအပေါ် ယုံကြည်မှုတွေ​ နည်းလာတတ်ပါတယ်။ အဲဒီလို နည်းလာတယ် မဲ့လာတယ်ဆိုတာမျိုးတွေကို အမှားတွေ လုပ်မိတဲ့အခါ တစ်ခုခု အမှားအယွင်းတွေ ဖြစ်သွားတဲ့အခါ ပိုပြီး သိသာစေပါတယ်။ တစ်စုံတစ်ယောက်ကသာ အားပေးမှု ဖေးမမှု၊​တည့်မတ်ပေးမှု မရှိဘူးဆိုရင် ဆုံးဖြတ်ချက်တွေ​ မပြတ်သားနိုင်တော့ပဲ လမ်းကြောင်းပြောင်း ရွေးချယ်မှုတွေ​ ဖြစ်လာနိုင်ပါတယ်။

လိုတာထက်ပိုပြီး ယုံကြည်မှုတွေ လွန်ကဲလာမယ်

ဒါကတော့ အပေါ်က အချက်ရဲ့ ပြောင်းပြန်လို့ ဆိုနိုင်ပါတယ်။ နွားခြေရာခွက်ထဲက ဖားသူငယ်လိုပေါ့။ ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်လာပြီး ဘဝင်လေဟပ်လာတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ လူတွေက အနားမှာ မရှိလို့ ကိုယ်လုပ်တာတွေကို မဝေဖန်ကြတာကို ကိုယ့်လုပ်သမျှ အကောင်းမို့ မပြောတာ ထင်ပြီး ယုံကြည်မှုတွေ​ လွန်ကဲလာတတ်ပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်ကသာ ထပြီး ဝေဖန်ကြည့် ကြိမ်းသေ ပြဿနာတက်မှာ သေချာနေပါတယ်။ အဲဒီလိုဆို ကိုယ့် စီးပွားရေး ကိစ္စတွေမှာလဲ ထိခိုက်မှု ရှိလာနိုင်ပါတယ်။

ကိုယ့်သိတဲ့ ဘောင်မှာ ပိတ်မိနေမယ်

ကျွန်တော်တို့တွေဟာ နေရာတိုင်းမှာ ကျွမ်းကျင်တဲ့ ဆရာကြီးတွေ မဟုတ်ကြပါဘူး။ ဝက်(ဘ်)ဆိုက်တစ်ခုကို တည်ထောင်တာပဲ ဖြစ်ဖြစ် စီးပွားရေးတစ်ခုကို တည်ထောင်တာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အရည်အချင်းနဲ့ စွမ်းဆောင်နိုင်စွမ်းတွေ အများကြီး လိုအပ်ပါတယ်။ တကိုယ်တည်း ကြိတ်သမားတွေ အနေနဲ့ မိမိသိတဲ့ ဘောင်ထဲမှာ ပိတ်မိနေပြီး တစ်ချို့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမရှိ​တော့ပါဘူး။ ကျွမ်းကျင်ရာ လိမ္မာဆိုပေမယ့် မကျွမ်းကျင်တဲ့ နေရာတွေအတွက် အစုအဖွဲ့မရှိတဲ့အခါ ဘယ်လိုမှ ဖြေရှင်းလို့ မရနိုင်တဲ့၊ ချဉ်းကပ်လို့ မရနိုင်တဲ့ အခြေအနေတွေ ကြုံလာနိုင်ပါတယ်။

အမြင်ကျဉ်းလာမယ်

တကိုယ်တည်းကြိတ်တဲ့ သူတွေမှာ နောက်တစ်မျိုး တွေ့ရတတ်တာကတော့ အမြင်တစ်မျိုးပဲ​ရှိတဲ့အတွက် တစ်ခြားဖက်က အမြင်တွေကို မြင်နိုင်စွမ်းမဲ့လာတာပါပဲ။ ပြဿနာတစ်ခုကို အခြားသူတွေနဲ့ ပူးပေါင်းပြီး ဘက်ပေါင်းစုံ၊​ ရှုထောင့် ပေါင်းစုံက ချဉ်းကပ် ရှုမြင်လိုမယ်ဆိုရင် ပိုပြီးပြည့်စုံတဲ့ အမြင်တွေ၊​ ချဉ်းကပ်နည်းတွေ ရလာနိုင်ပါတယ်။ ကိုယ့်မမြင်နိုင်တဲ့ ရှုထောင့်တွေကိုလဲ သိလာရပါလိမ့်မယ်။

ဝန်ပိလာမယ်

စီးပွားရေးတစ်ခုကို လုပ်တာပဲ ဖြစ်ဖြစ် စီးပွားရေးအလို့ငှာ ဝက်(ဘ်)ဆိုက်တွေကို တည်ဆောက်တာပဲ​ ဖြစ်ဖြစ် တစ်ကိုယ်တည်း ကြိတ်နေမယ်ဆိုရင် ဝန်ထုတ်ဝန်ပိုးတစ်ခုကို ထမ်းထားရသလို ဝန်ပိလာနိုင်ပါတယ်။ ကိုယ့်အနေနဲ့ တစ်ခါတစ်လေမှာ တကယ့်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ်၊​ တစ်ခုခုကို ငှားရတော့မယ်၊​သုံးရတော့မယ့် ဆိုတာမျိုးတွေ ကြုံလာတဲ့အခါ တစ်ကိုယ်တည်းကြိတ်ပြီး ဆုံးဖြတ်မယ် တကယ့်ကို တာဝန်ကြီးလွန်းပြီး ထိတ်လန့်စရာ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ယောက်ယောက်နဲ့သာ ရင်ဖွင့်တိုင်ပင်ပြီး လုပ်မယ်ဆိုရင် တကယ့်ကို ကွဲပြားခြားနားပြီး ဝန်လည်းပေါ့သွားမှာ ဖြစ်ပါတယ်။

အဲဒီအချက်တွေ အပေါ်မှာ အခြေခံပြီး ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ပါ။ တစ်ခုမှ မကိုက်ဘူးဆိုရင် ယုံကြည့်မှု လွန်ကဲ နေသလား ဆိုတာ စစ်ကြည့်ပါဘူး။ အဲဒီလိုမှ မဟုတ်ပဲ​တစ်ခုမှ မကိုက်ဘူးဆိုရင်တော့ သင်ကိုယ်တိုင်က တစ်ကိုယ်တည်း ကြိတ်သမား မဟုတ်လို့ပဲလို့ ဆိုနိုင်ပါတယ်။ အဲဒီတော့ ရှေ့ဆက်ပြီး တစ်ကိုယ်တည်း မကြိတ်ချင်းကြောင့် ရလာနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာကြည့်ရအောင် ….

ဆက်ပါဦးမယ် …

Facebook comments:

10 Responses

  1. ရေးထားတာကို သဘောကြတယ်။ ဝန်ပိလာတာတော့ အမှန်ပဲ။ ဘာမဆို ကိုယ်ကိုယ်တိုင်လုပ်မှ အားရတဲ့သူတွေမှာဆို ပိုဆိုးတယ်။ နောက်တစ်ခုက ကိုယ်နှစ်သက်ပါတယ်ဆိုတဲ့ အလုပ်ကို လုပ်ချင်စိတ်မရှိအောင် စိတ်ပျက်လာတာလဲရှိတယ်။ နောက်ပိုင်းကို စောင့်မျှော်နေပါတယ်။

    ကျွန်တော့်စိတ်ထဲမှာ ခေါင်းစဉ်က နည်းနည်း ဘန်းစကားဆန်နေသလိုပဲ။ ဒါမှမဟုတ် ရည်ရွယ်ချက်နဲ့ ရေးထားတာလား။

    • Thiha says:

      ခေါင်းစဉ်က တမင်ပေးဖြစ်တာခင်ဗျ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောတဲ့ စကားမှာ ငါကတော့ တစ်ကိုယ်တည်း ကြိတ်တာ ကြိုက်တယ် ဆိုပဲ

  2. sHa92 says:

    တစ်ကိုယ်ထဲကြိတ်ပါတယ်ဆိုမှ ဒီကြားထဲ ကွန်နက်ရှင်ကျရင် ပိုဆိုး.. စိတ်ဓာတ်တွေပါကျလာကော.

  3. Thiha says:

    တကိုယ်တည်း ကြိတ်ပါတယ်ဆိုမှ
    မီးက မလာ ..

    မီးလာရင် အားကုန်ကစ်မယ်လို့
    စိတ်ကူးကာ စက်(ကွန်ပျူတာ)ကို ဖွင့်ပြန်တော့
    ကွန်နက်ရှင်က ချာ …

    ကွန်နက်ရှင်ကောင်းပြန်တော့
    တကိုယ်တည်းကျန် လမိုက်ညပေမို့
    အားစိုက်ကာ နက်ပေါ်တက်ပြန်တော့
    ဟောဗျ ​သောက်ခွေး
    (မီးပျက်သွားလို့ ခလုတ်တိုက်တာ… )

    အမည်မသိတသိ ရှေးစာဆို

  4. HAN says:

    ကြိုက်သွားပြီဗျာ.. ကဗျာရော.. စာကိုရော… အရမ်းမိုက်တယ်….

  5. Zawmin says:

    တစ်​ကိုယ်တည်း​ကြိတ်​တာ​က ကျန်းမာ​ရေး​လည်း​ထိ​ခိုက်​သ​ဗျ…
    အညောင်း​အရမ်း​မိ​တယ်…။ :D

  6. K says:

    ဟောဗျ .. သောက်ခွေးတဲ့။

    အရင်က အားအားရှိ လမိုက်ညမှာ ခွေးကိုပဲ ခလုတ်တိုက်နေတယ်ထင်ပါ့။ :P

    • THIHA says:

      အဲဒီလိုပြောမှ သတိရတယ်၊​ ဘိုဖြူကြီးကို သတိရလိုက်တာ …

  7. ShanPyaeBo says:

    Agree with sHa92′s 2nd comment.

Leave a comment


*