ဝီကီလိ(က်)နှင့် အင်တာနက်လွတ်လပ်ခွင့်

ဟိုရက်ပိုင်းတွေက Wikileaks နဲ့ ပတ်သက်ပြီး တော်တော်လေးကို ဆူညံသွားပါတယ်။ ခုလည်း ဆူညံနေဆဲပါ။ ဒါပေမယ့် ကျွန်တော်ကတော့ WikiLeaks ကို တိုက်ရိုက် စိတ်ဝင်စားတာ မဟုတ်ပဲ WikiLeaks နဲ့ ထိစပ်နေတဲ့ နည်းပညာ အကြောင်းတွေ ကိုသာ စိတ်ဝင်စားပါတယ်။ နောက် WikiLeaks ရဲ့ Ideology ပိုင်းကိုလည်း စိတ်မဝင်စားပါဘူး။ အဲဒီအပြင် ဝီကီလိ(က်) တည်ထောင်သူ ဂျူလီယန်အဆန့်(ဂျ်)ရဲ့ အကြောင်းကိုလည်း စိတ်မဝင်စားပါဘူး။ အဲဒီအပြင် ဝီကီလိ(က်) အနေနဲ့ ထိပ်တန်း လှို့ဝှက်တွေနဲ့ ပတ်သက်ပြီး တင်သင့်၊ မတင်သင့် ဆိုတဲ့ အပိုင်းကိုလည်း စိတ်မဝင်စားပါဘူး။

ဝီကီလိ(က်) အမေရိကန် သံတမန်ရေးရာနဲ့ ပတ်သက်တဲ့ ကေဘယ် သတင်းအချက်အလက်ပေါင်း မြောက်များစွာကို ဖွင့်ချလိုက်တယ်၊ အဲဒီမှာ အမေရိကန် အစိုးရနဲ့ တစ်ခြား နိုင်ငံတွေ မျက်စိမျက်နှာတွေ ပျက်ကုန်ပါတယ်။ အဲဒီအပြင် ဝီကီလိ(က်)က ဘဏ်ကြီးနှစ်ခုနဲ့ ပတ်သက်တဲ့ ငွေစာရင်း အလွဲသုံးစားတွေကို ဖော်ထုတ်ဖွင့်ချမယ်လို့ စိန်ခေါ်လိုက်တော့ ဘဏ်တွေပျက်ပြီး စီးပွားရေး ပြုတ်ကျထားတဲ့ အနာမကျက်သေးတဲ့ အစိုးရနဲ့ တစ်ခြား စီးပွားရေး အဖွဲ့အစည်းတွေကပါ စိုးရိမ်မှုတွေ ပိုပြီး တိုးလာပါတော့တယ်။ ဒါတွေသာ ဖွင့်ချလိုက်ရင် နောက်ထပ် စီးပွားရေးနှေးကွေးမှု တစ်ကြိမ် ထပ်ဖြစ်မလားဆိုတဲ့ စိုးရိမ်သောကတွေ အပြင် သိသိနဲ့ မသိချင်ရောင်ဆောင်ပြီး မျက်စိပိတ် ရှေ့ဆက်နေရတဲ့ အိုဘားမား အစိုးရအတွက်လည်း တကယ့်ကို အကြပ်ရိုက်စရာ ဖြစ်လာမယ့် အနေအထားပါ။ တကယ်တော့ ဝီကီလိ(က်)ဖွင့်ချမယ့် ဘဏ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ အိုဘားမား အစိုးရ မသိ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်လည်း ဘယ်လိုမှု ပြန်သိမ်းလို့ရမှာ မဟုတ်တော့တဲ့ သံတမန်ရေးရာ အချက်အလက်တွေအတွက် စိုးရိမ်တာထက် နောက်ထပ် တက်လာမယ့် လိုင်းလုံးကို တွေးမိပြီး ဝီကီလိ(က်)ကို အသည်းအသန် လိုက် တိုက်ခိုက်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။

အဲဒီလို ပိတ်ဆို့ကြတဲ့ အထဲမှာ အစိုးရမင်းတွေ လုပ်ကြတဲ့ ကိစ္စအထိ ကျွန်တော် စိတ်ဝင်စားတဲ့ အထဲမှာ မပါသေးပါဘူး။ ဒါပေမယ့် နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Papal လို၊ Amazon နဲ့ အခြား Credit Card ကုမ္ပဏီတွေကပါ ပါဝင်ပတ်သက်ပြီး ပိတ်ကြဆို့ကြတာကတော့ ကျွန်တော် အမှန်တကယ်ကို စိတ်ဝင်စားမိပါတယ်။ အဲဒီလို ပိတ်ကြဆို့ကြတဲ့ ကုမ္ပဏီတွေရဲ့ ဝီကီလိ(က်)အပေါ် အရေးယူမှုဟာ ဖြစ်ကော ဖြစ်သင့်ရဲ့လား၊ ပါဝင်ပတ်သက်နေတဲ့ သူတွေ ထိခိုက်မှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝီကီလိ(က်)ကို ပိတ်တယ်ဆိုတာ မခိုင်လုံဘူးလို့ ကျွန်တော် လုံးဝယုံကြည်ပါတယ်။ အဲဒီလို ထိခိုက်မှာစိုတဲ့အတွက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုလာတဲ့အခါ ဝီကီလိ(က်)ကလည်း နာမည်တွေနဲ့ ပတ်သက်ပြီး တည်းဖြတ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မတရာဘူးဆိုတာ သူတို့လောက် Freedom of Press ဆိုပြီး အော်နေတဲ့ နိုင်ငံတွေက စီးပွားရေး လုပ်ငန်းကြီးတွေက ကိုယ်ကျိူးစီးပွားနဲ့ ပတ်သက်လာရင် Freedom of Press ကို လစ်လျူရှုတယ်ဆိုတာ အလွန်ကို အကြည့်ရဆိုးတဲ့ ကိစ္စပါ။ တကယ်တန်းတော့ Freedom of Press တစ်ခုတည်းကို ထိခိုက်တာ မဟုတ်ပါဘူး။ Internet Freedom ကိုပါ ထိခိုက်ပါတယ်။ ကျွန်တော်တို့က ဝီကီလိ(က်)တစ်ခုတည်းကို လုပ်တာပါဗျာ။ ကျန်တာတွေကို မလုပ်ပါဘူးလို့ မပြောပါနဲ့။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပါပဲ။ Freedom of Press ဆိုတာ ပုံနှိပ်စာလုံးတွေ ကိစ္စဆိုပြီး လစ်လျူရှုလို့ ရသေးတယ်ထားဦး၊ နက်တီဇင်လို့ခေါ်တဲ့ ဗွီကမ႓ာက နိုင်ငံသားတွေ အတွက်တော့ Internet Freedom ကို ထိခိုက်လာတာ လုံးဝလက်ပိုက်ကြည့် မနေသင့်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

Amazon က သူ့ရဲ့ Amazon Web Service လို့ခေါ်တဲ့ Hosting Service ကနေ ဝီကီလိ(က်)ကို ထုတ်ပစ်ခဲ့ပါတယ်။ သူတို့အကြောင်းပြချက်က သူတို့ရဲ့ Terms and Conditions ကို မလိုက်နာလို့ပါတဲ့။ တကယ်တန်း ပြောကြကြေးဆိုရင် ဟိုးအရင် အာဖကန်ကိစ္စတွေ ဖွင့်ချတုန်းက ဘာကြောင့် ပြဿနာ မလုပ်ပါသလဲ၊ တကယ်တန်း Terms and Conditions ကို ထိခိုက်တယ်ထားဦး။ ဘယ်နေရာတွေတော့ ထိခိုက်နေပါတယ် ဆိုပြီး အကြောင်းကြား ပြုပြင်ရုံနဲ့ မလုံလောက်ဘူးလား။ ကျွန်တော်ကတော့ အဲဒီလောက်နဲ့ လုံလောက်တယ်လို့ ယုံကြည်ပါတယ်။ ခုတော့ ဘာမပြော ညာမပြော ပိတ်ပစ်ပါတယ်။ နောက် Credit Card Company တွေနဲ့ Paypal ကလည်း ဒီအတိုင်းပါပဲ၊ သူတို့ အပြောအရတော့ Terms and Conditions ဆိုတာပါပဲ၊ တကယ်တန်း Terms and Conditions ဆိုတာ ရောင်းသူနဲ့ ဝယ်သူ အဆင်ပြေအောင် စနစ်တကျ လည်ပတ်နိုင်အောင် စီစဉ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါ၊ ရောင်းသူဖက်က ပိတ်ချင်တိုင်းပိတ်လို့ ရအောင် အာဏာသုံးလို့ရအောင် စီစဉ်ထားတာတွေ မဟုတ်ပါဘူး။ (ဒါပေမယ့် Hosting Company တွေရဲ့ Terms and Conditions တွေက အသုံးပြုသူတွေအတွက် ထောင်ချောက်တွေ ဖြစ်နေတတ်တာ တွေ့တွေ့နေရပါတယ်) အဲဒီလို နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို လုပ်ချင်တာလုပ်ဖို့ အသုံးချတယ်ဆိုတာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ ငါတို့ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အပေါက်ချိုးတာပါပဲ။

အဲဒီနေရာမှာ အိုဘားမားအစိုးရဆိုတာ အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ရှေ့ကအစိုးရတွေထက် အသံအကျယ်ဆုံး ပြောတဲ့ အစိုးရဖြစ်ပါတယ်။ အိုဘားမားကိုယ်တိုင် အင်တာနက်ရဲ့ Web 2.0 ကို စပါယ်ရှယ် အသုံးချပြီး မဲဆွယ်စည်းရုံးရေး တွေလုပ်ခဲ့၊ အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် မိုးမွှန်အောင် ပြောလာတဲ့သူ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် ဆိုတာလည်း ထိုနည်း လည်းကောင်း၊ သူမကတော့ အင်တာနက် လွတ်လပ်ခွင့်ဆိုတာထက် လွတ်လပ်စွာ ချိတ်ဆက်ခွင့်ဆိုတဲ့ အပိုင်းကို အဓိကထား ပြောဖူးပါတယ်။ လွတ်လပ်စွာ ချိတ်ဆက်ခွင့်ဆိုတာ ငါးခုမြောက် လွတ်လပ်မှုဆိုပြီး ဟိုးအရင်က ဘိုးတော်ကြီး သမ္မတရုစဗဲ့ကို ပြောခဲ့တဲ့ လွတ်လပ်မှု လေးခုဆိုတာကို သံယောင်လိုက်ပြီး ပြောခဲ့ဘူးသူပါ။ အဲဒီအပြင် ဟီလာရီကလင်တန်က ကော်ပိုရိတ်တွေနဲ့ ပတ်သက်ပြီး အင်တာနက်မှာ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ပိတ်ဆို့တာမျိုး မလုပ်ဖို့ အမြဲတမ်း တိုက်တွန်းနေခဲ့သူ ဖြစ်ပါတယ်။ ခုကိစ္စလိုမျိုး အင်တာနက် လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး နည်းပညာကုမ္ပဏီကြီးတွေ လုပ်ချင်တာ လုပ်နေတာကြတော့ နှုတ်ဆိတ်ပြီး လေသံလေးတောင် မဟကြတာ တွေ့နေရပါတယ်။ ဒါပေမယ့် ကျွန်တော့်အထင် သူတို့ကိုယ်တိုင်က ဖိအားပေးတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ သမိုင်းမှာ အစိုးရက ဖိအားပေးတိုင်း လိုက်လုပ်တယ်ဆိုတာ လူကြားကောင်းအောင် အသံကောင်းဟစ်တာပဲ ဖြစ်နိုင်ပါတယ်။ တကယ်တန်း ဘယ်ကုမ္ပဏီမှ သူတို့ရဲ့ အကျိုးစီးပွားကို အထိခိုက်ခံပြီး အစိုးရစကား နားထောင်လေ့ မရှိပါဘူး။

ဒါပေမယ့် တစ်ဖက်မှာလည်း Twitter လို Facebook လို နည်းပညာ ကုမ္ပဏီကြီးတွေက အစိုးရရဲ့ ဖိအားကို ဆန့်ကျင်ပြီး ဝီကီလိ(က်)ကို ဆက်လက် အထောက်အပံ့ပေးထားဆဲ ရှိပါတယ်။ သူတို့အနေနဲ့ ပိတ်စရာ အကြောင်း မရှိဘူးလို့လည်း ထုတ်ပြန်ကြေညာ ထားပါတယ်။ အဲဒီလိုတွေ ရှိတယ်ဆိုတော့လည်း နက်တီဇင်တွေအတွက် နတ်လူသာဓုခေါ်စရာ အကြောင်းလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အထင်တော့ သူတို့ အကျိုးစီးပွားကို သက်ရောက်မှု ကြီးကြီးမားမား မရှိတာကြောင့်ပဲလို့ ယူဆပါတယ်။ တကယ်လို့သာ ထိခိုက်လာမယ်ဆိုရင် တစ်ခြား နည်းပညာကုမ္ပဏီတွေရဲ့ ပုံစံကို ချိုးဦးမှာ သေချာပါတယ်။

အဲဒီတော့ နည်းပညာကုမ္ပဏီတွေ အနေနဲ့ ဝီကီလိ(က်)ကို ပိတ်တယ်ဆိုတာ တကယ်တန်း သေသေချာချာ သုံးသပ်ရင် သူတို့အကျိုးစီးပွားကို ထိခိုက်လာမှာ စိုးရိမ်တဲ့အတွက်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ ဘယ်လိုထိခိုက်မှာလဲ၊ ကျွန်တော့်အထင် နောက်ဆုံး ဝီကီလိ(က်)အနေနဲ့ ဖွင့်ချမယ်ဆိုတဲ့ ဘဏ်ဆိုင်ရာ ငွေစာရင်း အလွဲသုံးစားမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေမယ်လို့ ကျွန်တော် ယူဆပါတယ်။ တကယ်တန်း ပိတ်ကြဆို့ကြတဲ့အထဲမှာ ထိပ်ဆုံးက ပါနေတာတွေက Paypal နဲ့ Credit Card ကုမ္ပဏီတွေ ဖြစ်နေတာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ Amazon ကတော့ ဘယ်လိုနည်းနဲ့ ပဲကြီးလှော်ထဲ ဆားညပ်သွားတယ် မသိပါ။ သူကိုယ်တိုင်လည်း အဲဒီလို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု ရှိလို့လား၊ တစ်ခြား ဖိအားတွေ ကြောင့်လား၊ ဒါကတော့ သူတို့ပဲ သိပါလိမ့်မယ်။

ဝီကီလိ(က်)နဲ့ အင်တာနက် လွတ်လပ်ခွင့်ကတော့ နက်တီဇင်တွေအတွက် သတိထားစရာ ကိစ္စကြီး ဖြစ်လာပါပြီ။ အဲဒီအပြင် ပြောတော့ Internet Freedom တကယ်ဖြစ်လာတော့ မသိချင်ရောင်ဆောင်နေတဲ့ အင်တာနက် လွတ်လပ်ခွင့် ခေါင်းဆောင် ကြီးတွေလည်း ရှိနေပါပြီ။ အင်တာနက် လွတ်လပ်ခွင့်ကို အသုံးချ စီးပွားရှာပြီး အကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့ အခါမှာ အလွယ်တကူ ချိုးဖောက်တတ်တဲ့ ကုမ္ပဏီကြီးတွေလည်း ရှိလာနေပါပြီ။ ဒီတော့ နည်းပညာလောကမှာ ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်းတွေ ရှိလာဦးမယ့် လက္ခဏာတွေ မြင်နေရပါတယ်။ ဘာတွေ ဖြစ်လာဦးမယ် စောင့်ကြည့်ကြတာပေါ့ဗျာ။

Comments Closed

36 Responses

  1. saturngod says:

    wikileak ပြဿနာက တတိယကမာ္ဘစစ်ကို ပြောင်းလဲ သွားနိုင်တယ်။ နိုင်ငံတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိနေတာပဲဗျ။ ဘဏ်တွေတိုင်းမှာလည်း ခြစားမှုတွေ ရှိမှာပဲ။ wikileak က ဘာနဲ့ တူသလဲဆိုတော့ ဆိုရှယ်လစ် စနစ်နဲ့ တူတယ်။ ကောင်းပေမယ့် အောင်မြင်ဖို့ ခက်လိမ့်မယ်။

    • Thiha says:

      ကျွန်တော်က ဝီကီလိ(က်)ရဲ့ အိုင်ဒီယာကို စိတ်မဝင်စားပါဘူးဗျာ … အဓိကက အင်တာနကလွတ်လပ်ခွင့်ပါ Terms and Conditions ဆိုတာကြီးနဲ့ ကိုင်ပေါက်ပြီး ပိတ်လားဆို့လားလုပ်တာကို အမြင်ကပ်တာပါ၊

      • saturngod says:

        အကျိုးစီးပွားကို ဘယ်အထိ ခိုက်ခံမလဲ.. amazone ကတော့ ထားလိုက်… DDos ကို amazone မှ မခံနိုင်ရင် ခံနိုင်တဲ့ server ဆိုလို့ google ပဲ ကျန်တော့မယ်..

        Paypal နဲ့ Master Card က ညစ်တာဗျ… သူတို့ က ဘဏ်တွေနဲ့ အလုပ်လုပ်နေရတော့ ဘဏ်ကိစ္စတွဲလာတော့ မဖော်နိုင်အောင်… ထပ်ပြီး မလှုပ်နိုင်အောင် ရိုက်ချိုးချင်တာ.. ငွေမဝင်ရင် ရပ်တည်ဖို့ ခက်တော့ အဲလို လ ုပ်တာထင်တယ်..

        • THIHA says:

          Amazon ရဲ့ DDoS ဆိုတာ သူတို့ဖက်က ဖြေရှင်းရမယ့် ကိစ္စပါဗျာ။ အဲဒီအကြောင်းပြချက်နဲ့ ဖြုတ်လို့ မရမှန်း သူတို့သိပါတယ်၊

          • saturngod says:

            DDoS ပြဿနာက Amazon က အခကြေးငွေယူပြီး ဖြေရှင်းပေးနိုင်ရမယ်.. သူတို့ချပြထားတဲ့ system design အရ ဘယ်လိုမှ တော်ရုံနဲ့ ဒေါင်းသွားစရာ မရှိဘူး.. လက်ရှိ wikileak ကလည်း amazon ရဲ့ hosting နဲ့သာ အသင့်တော်ဆုံးပဲ.. ဒါကို Amazon ကလည်း သိတယ်… ကြည့်ရတာ အစ ဆွဲထုတ်လိုက်ရင် အုံလိုက်ပါလာမှာ ကြောက်တယ်နဲ့တူတယ်..

            နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲတော့မသိ… :P paypal ကိုတော့ ရေလည် ပေါက်သွားတယ်.. paypal နဲ့ master က တမင်ညစ်သလို ပေါ်တင်ကြီး ချလိုက်တာ.. Amazon က ညစ်ပေမယ့် DDos ဆိုပြီး လွှဲချလိုက်လို့ရသေးတယ်.. :D

  2. ကိုသာသာ says:

    ဘိုလိုရေးပြီး တင်ဖို့ကောင်းတယ်။

  3. Minn Kyaw says:

    နိုင်ငံတိုင်းမှာ သံတမန်ရေးဆိုတာ လှို့ဝှက်ရပါတယ်။ အဲ့တာကို ဘယ်လိုဘဲယူယူ မသိအောင်ယူတာ ခိုးတာပါဘဲ။ မြန်မာနိုင်ငံလို့ သတင်းရရှိနိုင်မှု နည်းပါးတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေ အတွက် တစုံတရာ အထောက်အကူပြုနိုင်ပါတယ်။ သို့သော်လည်း … ရတဲ့ အခွင့်ရေးကို လက်တဆုံးယူသလို ဖြစ်နေမလားဘဲ။
    အီရတ်တို့ အဖကန်တို့မှာ အစိုးရတွေ လူအခွင့်အရေးချိုးဖောက်တာတွေ ဖော်ထုတ်တာကိုတော့ လက်သင့်ခံပေမယ့် …. ခုလို သံတမန်ရေး ကိစ္စတွေဖေါ်ထုတ်တာဟာ လွတ်လွပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို အလွဲသုံးစား လုပ်တာလို့ ထင်မိပါတယ်။

  4. kgKyaw says:

    the main point is that julian assange is australian and NOT american. He is causing a new drama in the whole community, stirring to make a new WAR.

  5. myintkt says:

    >> ခုလို သံတမန်ရေး ကိစ္စတွေဖေါ်ထုတ်တာဟာ လွတ်လွပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို
    >> အလွဲသုံးစား လုပ်တာလို့ ထင်မိပါတယ်။

    အထင်မှားနေတာပါ။ အက်ဆန်းအနေနဲ့ ခိုးတယ်လို့ ထင်ရင် အက်ဆန်းကို ဖမ်းပါ။ WikiLeak က information ဖော်ပြတဲ့ website သာဖြစ်ပါတယ်။ Information ဖော်ပြယုံနဲ့ ဒီလိုပိတ်ပင်ခံရရင် ဘာလို့ တခြား newspaper တွေ website တွေကိုလွှတ်ထားပါသလဲ။

    >> wikileak က ဘာနဲ့ တူသလဲဆိုတော့ ဆိုရှယ်လစ် စနစ်နဲ့ တူတယ်။
    >> ကောင်းပေမယ့် အောင်မြင်ဖို့ ခက်လိမ့်မယ်။

    wikileak က ဆိုရှယ်လစ် နဲ့မတူပါဘူး။ wikiLeak အစကတည်းက အောင်မြင်မှာ မဟုတ်သလို၊ အောင်မြင်ဖို့လဲ မလိုဘူး။ သူ့ရည်ရွယ်ချက်က ထိတ်တိုက်တွေ့ဖို့ မဟုတ်ဘဲ အမှန်တရား ဖွင့်ချပြဖို့ဘဲ။ wikiLeak နဲ့ အက်ဆန်းအပေါ် တိုက်ခိုက်သမျှဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမဆို လွှတ်လပ်မှုနဲ့ တရားမျှတမှု ဆိုတာ မရှိလို့ မီးမောင်းပြနေတာဘဲ ဖြစ်ပါတယ်။ ဒီ အမှန်တရား“စစ်ပွဲ”မှာ ဟိုဘက်က ဘာလုပ်လုပ် အက်ဆန်းတို့ဘက်က နိုင်ပြီးသား ဖြစ်နေပါပြီ။

  6. Myo Aung says:

    ကျနော့်အမြင်ပြောရရင် ဗျာ စစ်တော့မဖြစ်နိုင်ဘူးဗျ။ စစ်ဖြစ်ရင် နိုင်ငံခေါင်းဆောင်တွေ က ပုဇွန်တွေဖြစ်နေလို့ပဲ စစ်ဖြစ်နိုင်မယ်။ Julian Assange က ဘယ်နိုင်ငံသားပဲ ဖြစ်ပါလေ့စေ စစ်ပွဲဆိုတာကို ထူထောင်တာမျိုး မဟုတ်နိုင်ဘူးလို့မြင်ပါတယ် ပြီးတော့ Paypal တို Amazon တိုက သူတို့ကိုပါ ဆွဲထည့်မှာကိုတော့ အသေကြောက် ပါလိမ့်မယ်ဗျာ။ wikileak က Amazon နဲ့ သင့်တော်တယ်ဆိုပေမဲ့ Amazon က အိုဗားမား ရဲ့အသိုင်းဝိုင်းကို လန့်တာတွေ ပါမယ်ထင်တယ်ဗျ ပြီးတော့ အရှက်မရှိတာတော့ မှန်ပေမယ့် အသိုင်းဝိုင်းပါ သူတို့လဲ ပါနေမှာသေခြာလို့ မချစ်ခင် မုန်းလိုက်တာလား မသိဘူး

  7. Minn Kyaw says:

    ကိုယ့်မိသားစုအရေးကို အိမ်နီးနားချင်းက ဖေါ်ထုတ်တာကို information ဖော်ပြတာဆိုပြီး ငြိမ်နေမလားဗျာ….

    >>Information ဖော်ပြယုံနဲ့ ဒီလိုပိတ်ပင်ခံရရင် ဘာလို့ တခြား newspaper တွေ website တွေကိုလွှတ်ထားပါသလဲ။

    newspaper တွေ website တွေက ဘယ်သူ ဘယ်လိုပြောပါတယ်ဆိုပြီး သက်သေအချက်အလက် အထောက်အထားအပြည့်အစုံနဲ့ ရေးသားနေတာလေ။ ကောလဟာလတွေကို သတင်းလုပ်နေတာ မဟုတ်တဲ့ လွတ်လပ်ခွင့်ရနေတာလို့မြင်တယ်။

    • Thiha says:

      ကျွန်တော့်အမြင်အရတော့ WikiLeaks နဲ့ ပတ်သက်ရင် အမြင်နှစ်မျိုး ကြိမ်းသေ ကွဲနေမှာပဲ ကျွန်တော်ကတော့ လုံးဝ Neutral ကျပါတယ်။ ဒီဆောင်းပါးမှာလဲ အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးပဲ အဓိကထား ဆွေးနွေးထားတာပါ၊
      ဒါပေမယ့် WikiLeaks နဲ့ ပတ်သက်ရင်တော့ သူတို့ နိုင်ငံရဲ့ ဥပဒေတွေအရ သူတို့မှာ တင်ပိုင်ခွင့်ရှိကို ရှိတယ်ဗျ၊ အဲဒီလိုတင်ပိုင်ခွင့်ကို ရှိနေလို့ ဂျူလီယန်အဆန့်(ဂျ်)ကို အဲဒီကိစ္စနဲ့ ဖမ်းမရဖြစ်နေတာ၊ အဲဒီတော့ တစ်ခြားနဲ့ သုံးပြီး ဖမ်းဝရမ်းထုတ်ထားတာ၊
      ဒါပေမယ့်ဗျာ ဒီလိုတင်တာ တရားတယ် မတရာဘူးကတော့ အငြင်းပွားစရာတွေ ဖြစ်နေဦးမှာပါပဲ …

  8. ရတနာ says:

    သတင်း အချက်အလက်ဆိုတာကို အားလုံးရောချလိုက်လို့မရပါဘူး။
    သတင်းလွတ်လပ်ခွင့် ရှိသလို လှျို့ဝှက်ထားရမယ့် သတင်းတွေလည်းရှိပါတယ်။

    နိုင်ငံတော်တော်များများမှာ လျှို့ဝှက်သတင်းအချက်အလက်များကို (၅) နှစ်တန်သည် (၁၀) နှစ်တန်သည်ဖြင့် အချိန်အတိုင်းအတာနဲ့ ထိန်းသိမ်းထားကြပါတယ်။ သက်တမ်းကုန်ချိန်မှာတော့ လည်းကောင်းတို့ကို အများသိစေရန် ချပြလေ့ရှိပါတယ်။ လျှို့ဝှက်ချက် သတင်းများ သံတမန်ရေးရာများ၊ စစ်ရေးစစ်ရာများ၊ တစ်ချို့ဟာ ပုံမှန်လမ်းကြောင်းကသွားတာရှိသလို၊ sensitive ဖြစ်လွန်းတဲ့ အချက်အလက်တွေ ဆိုရင် သံတမန်လမ်းကြောင်းကတောင် မသွားပဲ back-channel ကနေ သွားလေ့ရှိတာကို နီးစပ်သူတွေ လုပ်နေတဲ့သူတွေ သိကြပါတယ်။

    အက်ဆန် ကတော့ အရှိန်လွန်သွားတာပါ၊ အချိန်မကျသေးတာတွေကို ဖွင့်ချလိုက်တာဟာ နိုင်ငံရေး၊ အမျိုးသားလုံခြုံရေး ရှုထောင့်ကကြည့်ရင်တော့ ပြစ်မှုအလွန်ကြီးမားပါတယ်၊ လက်ရှိအသက်ဝင်နေဆဲ တရားဥပဒေ လမ်းကြောင်း အရကြည့်ရင်တော့ untouchable ပါ။ ကိစ္စကမပြီးသေးပါဘူး၊ untouchable အက်ဆန်ကို touchable ဖြစ်လာအောင် ဥပဒေပြုပြီး ဘယ်လိုအကွက်ဆင်ကြမလဲ စောင့်ကြည့်ရမှာပါပဲ။

    လွတ်လပ်ခွင့်ကို စိတ်ကြိုက်အသုံးပြုခံစားခွင့် လူတိုင်းမှာရှိပါတယ်၊ သို့သော် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ထိခိုက်လာပြီဆိုရင်ဖြင့် မိမိကိုယ်မိမိ ပြန်စမ်းစစ်ဖို့လိုလာပါပြီ။ ဥပဒေတွေ၊ အမျိုးသားလုံခြူံရေးတွေ ခဏဘေးချိတ်ပြီး သဘာဝအတိုင်းပဲ စဉ်းစားကြည့်လိုက်ရအောင်၊ သင်တို့မှာ အများမသိစေလိုတဲ့ လူသိမခံတဲ့ လျှို့ဝှက်ချက်ကို တစ်စုံတစ်ယောက်ကများ ဖွင့်ချလိုက်ရင် ဘယ်လိုခံစားရမလဲ၊ ခွင့်လွှတ်သည်းခံပြီးပဲ တစ်ကယ်နားလည် ပေးလိုက်ကြမှာလား? :)

  9. အောင်မိုးဟိန်း says:

    Internet Freedom ဆိုပြီးကစ်နေလိုက်ကြတာ။ ကျွန်တော်တို့တိုင်းပြည်မှာ ဝီကီလိတောင်ကြည့်လို့မရတာပါလား။ ရတနာ ပြောတာကျွန်တာ်ထောက်ခံပါတယ်။ ခင်ဗျားတို့ ရဲ့ Home made(ကျွန်တော်ရိုင်းသွားရင် ခွင့်လွှတ်ပါ) သာနက်ပေါ်ရောက်ရင်၊ အဲ့ဒီဘလောဂါ သာမဖျက်ပေးရင် ခင်ဗျားတို့ကိုယ်တိုင်ရော ဒီတိုင်းကြည့်နေမလား။ ကျွန်တော့်ကွန်မန့်ကို ပြန်ကစ်ချင်ကစ် ခွင့်မပြုချင်မပြုနဲ့ဗျာ။ ဒီစာရေးတဲ့သူကိုပဲပြောချင်တာပါ။ ခင်ဗျားအကျိုးစီးပွါး ထိခိုက်လာရင်ရော…..။ ကျွန်တော်ထင်ပါတယ် ကျွန်တော့်ဒီကွန့်မန့်ကို ပဲ terms and conditions အရ ပိတ်မလား။ တင်ပြီးမှ ပြန်ဖျက်မလားမသိဘူး။

    • THIHA says:

      ကျွန်တော် အဓိက ဆွေးနွေးတဲ့ အကြောင်းအရာက Wikileaks ကို Amazon တို့ Paypal နဲ့ Credit Card ကုမ္ပဏီတွေက ပိတ်ပစ်တဲ့အကြောင်းပါ။ တကယ်တန်း ပိတ်ပစ်လောက်အောင် ခိုင်လုံတဲ့ အထောက်အထား သူတို့မှာ မရှိဘူးဗျ၊ မရှိပဲနဲ့ကို ပိတ်ပစ်တာပါ၊ အဲဒီလိုပါပဲ Internet Freedom ဆိုတဲ့ နေရာမှာ ကျွန်တော် Hosting တစ်ခုမှာ Hosting ဝယ်ထားတယ်ဗျာ၊ ပိုက်ဆံပေးထားရတယ် အဲဒါကို Terms and Condition အတိုင်း ဆောင်ရွက်တာမဟုတ်ပဲ ပြောရရင်ဗျာ ဘာတစ်ခုမှာ အကြောင်းကြားခြင်း မရှိပဲ ပိတ်ပစ်တာမျိုးဆို ကိုအောင်မိုးဟိန်းအနေနဲ့ လက်ခံနိုင်မလားဗျ၊ ကျွန်တော် ရေးထားတာကို သေသေချာချာ ဖတ်ကြည့်ပါ၊ ကျွန်တော်က AWS မှာ Hosting ဝယ်ထားတယ်ဗျာ၊ Terms and Conditions ဆိုတာတွေ အကုန်လုံးကိုလည်း လိုက်နာတယ်။ အဲဒါကို ပိတ်ပစ်တယ်၊ နောက်တစ်ခု အလှူငွေကိစ္စ သူတို့ စိတ်ထဲမှာ ရှိတဲ့အတိုင်းလှူတယ် Terms and Condition နဲ့ပတ်သက်ပြီး တစ်ခုမှာ မထိခိုက်ဘူး၊ ပိတ်ပစ်တယ်၊ အဲဒီလိုဆို ကိုအောင်မိုးဟိန်း လက်ခံနိုင်ပါသလား၊ ကျွန်တော် ဟိုးအပေါ်မှာကတည်းက ဆိုခဲ့ပြီး ဖြစ်ပါတယ်။ Wikileaks ရဲ့ Idealogy ကို စိတ်မဝင်စားဘူးလို့၊ အဲဒီအပြင် ဂျူလီယန် အဆန့်ကိုလည်း စိတ်မဝင်စားပါဘူး၊ တင်သင့် မတင်သင့်လည်း အငြင်းမပွားလိုဘူး လို့ ဆိုခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျ … ခုလို ဆွေးနွေးပေးးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

  10. အောင်မိုးဟိန်း says:

    ကျွန်တော်က ဝီကီလိ ကို တရားတယ် မတရားဘူး ဆိုတာ ဝင်ဆွေးနွေးတာမဟုတ်ဘူးနော်။ ကိုသီဟရေးထားတာ တရားလားမတရားလား ဆွေးနွေးတာပါ။

    • Thiha says:

      ကျွန်တော်ရေးထားတာ တရားတယ်၊ မတရားဘူးဆိုတာ ဘယ်အပိုင်းလဲခင်ဗျ .. ကျွန်တော့်ကို နည်းနည်းပြောပြ ပေးပါခင်ဗျ

  11. ရတနာ says:

    wikileaks အကြောင်းပြောကြပြီဆိုရင်တော့ wikileaks ဘာတွေလုပ်ခဲ့လဲဆိုတာပါ ထည့်ပြောမှကိုဖြစ်မှာပါ၊ ငြင်းတယ်လို့တော့ မထင်စေချင်ပါဘူး၊ စောစောပိုင်းက ပြောသလိုပေါ့၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတစ်ခုတည်း ကြည့်ပြီးပြောလို့မရတဲ့ အပိုင်းတွေ ဒီကိစ္စမှာ ပါလာပြီလေ၊ နိုင်ငံတစ်နိုင်ငံဟာ သူ့လုံခြုံရေးကို ထိခိုက်လာပြီ ဆိုရင်တော့ သူ့လက်တံရှည်ရင်ရှည်သလောက် ကာကွယ်မှာပါပဲ၊ အဓိကနဲ့ သာမည ဆိုတာက ဒီမှာစကားစပြောပါပြီ၊ hosting service တစ်ခုရဲ့ T&C နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ဘယ်ဟာကပိုပြီး အရေးကြီးလည်းဆိုတာကိုတော့ အားလုံး ခွဲခြားနိုင်ကြမှာပါ။ ဒီတော့ state government နဲ့ စောစောကပြောကြတဲ့ service companies တွေရဲ့ နောက်ကွယ်က ပတ်သက်မှုတွေ၊ deal တွေကိုပါထည့်ပြီး မစဉ်းစားရင် ဘယ်လိုမှကို ပြည့်စုံမှာ မဟုတ်ပါဘူး၊ ပြဿနာတစ်ခု ဖြစ်လာရင် ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းလေးကိုပဲ ပြောဆိုနေကြတာထက် ပြဿနာရဲ့ အစအဆုံးကို သေသေချာချာသိနားလည်မှ ပြဿနာကို ကိုင်တွယ်နိုင်မှာပါ။ နို့မို့ဆိုရင် ဘယ်တော့မှ အဖြေ ထွက်လာမှာ မဟုတ်ပါဘူး။

    • THIHA says:

      အဲဒီလိုဆိုတော့လည်းဗျာ .. လွယ်ပါတယ် အမျိုးသား အကျိုးစီးပွားကို ထိခိုက်လို့ ပိတ်ရပါတယ်လို့ ပေါ်တင်ဖွင့်ပြောပေါ့ဗျာ အဲဒီလိုတော့ မပြောပဲ၊ ဘာမဟုတ်တဲ့ဟာကို အကြောင်းပြတာက ကလိမ်ကျတာပဲဗျ၊ Freedom, Freedom နဲ့ တွင်တွင်ပြောနေပြီး ဒါမျိုးကျတော့ ဒီလိုအကြောင်းတွေကြောင့် ပိတ်လိုက်ရပါတယ်ဆိုပြီး မပြောရဲဘူးလေဗျာ၊ အဲဒီတော့ Terms and Conditions ဆိုတာနဲ့ ကိုင်ပေါက် ပါလေရော … ကျွန်တော် stage government နဲ့ service companies တွေနဲ့ နောက်ကွယ်က ပတ်သက်မှုတွေ deal တွေ ရှိနေတယ်ဆိုတာ သိပါတယ်။ ကျွန်တော် သိသလို အားလုံးလည်း သိကြမှာပါ၊ ဒါပေမယ့် အဲဒီလို ပတ်သက်မှုတွေကြောင့် ပိတ်ရပါတယ်ဆိုတာမျိုးကျ ဝင်မခံဘူးဗျ၊ နောင်ပြီး အဲဒီလို ပတ်သက်မှုတွေကြောင့် ပိတ်တယ် ဆိုတာမျိုးထက် သူတို့ရဲ့ ကုမ္ပဏီးအကျိုးစီးပွားအတွက်သာ ပိတ်တယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ၊ အဲဒီလို အစိုးရဖိအားနဲ့သာ ပိတ်ကြကြေးဆို Facebook က ပိတ်ပါလား၊ Twitter က ပိတ်ပါလား၊ အပြောမှာတော့ Freedom, Freedom နဲ့ ပြီးတော့ သူတို့အပြောနဲ့ သူတို့ တိုင်ပတ်နေတာ၊ အဲဒီလို တိုင်ပတ်ပြီး နောက်ဆုံးတော့ ဗျူယိုကရက်နည်းပဲ ပြန်သုံးတာ အဲဒါတွေကို ကျွန်တော်ထောက်ပြလိုရင်းပဲဗျ။

  12. THIHA says:

    အားလုံးပဲ ခင်မင်ရပါသော သူငယ်ချင်းများ

    ကျွန်တော့်ရဲ့ အဖွဆောင်းပါးလေးကို ခုလောက် စိတ်ဝင်တစားရှိကြတာနဲ့တင် ကျွန်တော်ရေးရကျိုးနပ်ပါပြီ၊ ခုလို ဝင်ပြီးမှတ်ချက်ပေးကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ Myanmar Tutorials ဆိုတဲ့ နည်းပညာ web site လေးမှာ ပျော်ပျော်ပါးပါး ဆက်ပြီး ဆွေးနွေးကြတာပေါ့ဗျာ … တကယ်တော့ ကျွန်တော် ကိုယ်တိုင် WikiLeaks နဲ့ ပတ်သက်ရင် Alternative မျိုးစုံကို စိတ်ဝင်တစား ချဉ်းကပ် လေ့လာနေမိတဲ့ အတွက် Alternative တစ်ခုကို ချပြလိုရင်း ဖြစ်ပါတယ်။ အားလုံးပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့ဗျာ၊ ဒါပေမယ့် တစ်ခုတော့ တောင်းပန်ချင်ပါတယ်၊ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုမျိုးပဲ ဖြစ်စေချင်ပါတယ်ခင်ဗျာ၊ ဒါမျိုးတွေ ဖြစ်သင့်လား မဖြစ်သင့်ဘူးလားဆိုတာကို ရှုထောင့်ပေါင်းစုံကို မြင်နိုင်အောင် ဆွေးနွေးပေးကြဖို့ မေတ္တာရပ်ခံပါတယ်၊ ဒီလောက်အထိ စိတ်ဝင်တစား ရှိကြတဲ့အတွက် ကျွန်တော် အိပ်လို့တောင် မရဖြစ်နေပါတယ် … :) အားလုံးကို ကျေးဇူးတင်ပါတယ်

  13. Kelvin says:

    ံ့ဲံ့Who said that US gov has followed the freedom of press although it is the first official amendment of constitution. Check the link http://en.wikipedia.org/wiki/Press_Freedom_Index (Press freedom Index 2010) by Reporters Without Borders. You can see USA is No.20 while Burma is No.174 after China and Syria. So you can imagine that how much freedom of press US has. Cable is a very classified documents of US’s Int affairs and the info leaked by Wikileaks are up-to-dated. So Fed gov is very concerned and even sent warning emails to all Fed employees that reading info from Wikileaks is a crime like reading classified gov documents. I’m sure US gov won’t stop to do something to Assange and we will see it more later.

  14. ရတနာ says:

    အဖွ ဆောင်းပါဆိုရင်တော့ စိတ်မကောင်းပါဘူးရှင်၊ ဖွတိုင်း ကျွန်မတို့ လိုက်ပြီး ပွပွပေးသလိုဖြစ်နေပြီ။ သာမန်ဆောင်းပါးတစ်ခု ဆိုရင်တော့ comment ပေး ဆွေးနွေးရကျိုး နပ်ပါတယ်။

    နောက်ပြီး နည်းပညာ website တစ်ခုမှာ ဝင်ပြီး comment ပေးရတာလည်း ပညာရှင်တွေ လိုင်းမတူတဲ့အခါမှာ အားနည်းတတ်တဲ့ သဘာဝလေးကို သိလို့ ထောက်ပြပေး လိုတဲ့စေတနာပါ။

    အက်ဆန် ပြဿနာကို သေသေချာချာဖြန့်ပြီးကြည့်မယ်ဆိုရင် သူဟာ ဒီထက်မက ရင်ဆိုင်ရမှာတွေ အများကြီးရှိလာပါလိမ့်မယ်၊ ကျွန်မပြောတာ အမျိုးသားလုံခြုံရေးပါ၊ အမျိုးသားအကျိုးစီးပွားမဟုတ်ပါဘူး။ အမျိုးသားလုံခြုံရေးအချက်အလက်များဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဝိဉာဉ်ပါ။ စောစောပိုင်းကပြောသလိုပါပဲ၊ Freedom, Freedom ဆိုတာလူတိုင်းခံစားလို့ရပါတယ်၊ ဒါပေမယ့် စည်းကမ်းရှိဖို့တော့ လိုပါတယ်၊ အက်ဆန်လိုမျိုး အရှိန်လွန်သွားရင်တော့ သူ့အတိုင်းပဲ အခက်အခဲတွေ တွေ့လာရပါလိမ့်မယ်။ “မဝေးသောကာလမှာ wikileaks ဆိုတာတောင် လုံးဝပျောက်ချင်ပျောက်သွားနိုင်ပါတယ်”။

    service companies တွေရဲ့ wikileaks နဲ့ ပတ်သက်မှုကိုလေ့လာကြည့်ရင်လည်း facebook, twitter နဲ့ အခြား website တွေက ပတ်သက်ပုံက nature တစ်မျိုးပါ။ paypal တို့ amazon တို့နဲ့ ပတ်သက်ပုံက nature တစ်မျိုးဖြစ်နေတာကို အားလုံးမြင်မှာပါ။ ဒီတော့ ပိတ်သင့်တဲ့သူတွေကပိတ်ပြီး ပိတ်ဖို့အရေးတကြီး မလိုတဲ့သူတွေက မပိတ်ပဲရှိနေတာပါ။ ဘာကြောင့်ပိတ်ရလည်းဆိုတာကို သူတို့မဖြေရှင်းသေးတာလည်း ဒီကိစ္စဟာ သာမန်ကိစ္စလေးတစ်ခုမဟုတ်လို့ပါ။ အားလုံးဟာ လိုအပ်တဲ့အတိုင်း အရေးယူဆောင်ရွက်သွားကြတာပါပဲ၊ နို့မို့ဆိုရင် အက်ဆန်လည်း ဘယ်နေလိမ့်မလဲ၊ ဥပဒေစာအုပ်ကြီးကိုင်ပြီး တရားစွဲပြီပေါ့၊ သူကိုယ်တိုင် reaction မယူတာကိုက အဖြေတစ်ခုပါ။

    အက်ဆန်ကတော့ အများကြီး ရင်ဆိုင်ရဦးမှာပါ၊ us government မှမဟုတ်ပါဘူး၊ နိုင်ငံတော်တော်များများကို သူက စစ်ကြေငြာလိုက်သလိုဖြစ်သွားပါပြီ။ ကိုသီဟရဲ့ အမေးကိုဖြေရရင်တော့ နိုင်ငံတစ်နိုင်ရဲ့ အမျိုးသားလုံခြုံရေး ကိုထိပါလာရင်တော့ အက်ဆန်မှမဟုတ်ပါဘူး၊ မည်သူမဆို ကျူးလွန်ထားတဲ့ အကျိုးအပြစ်တွေအတွက် ရင်ဆိုင်ဖြေရှင်းကိုရှင်းရမှာပါပဲ။

    • Thiha says:

      ကျွန်တော်ဆိုလိုတဲ့ အဖွဆောင်းပါးဆိုတဲ့ နေရာမှာ အမြင်အားလုံးကို Extract လုပ်ချင်တဲ့ သဘောပဲ ရှိပါတယ်၊ အဲဒီလို အမြင်တွေကို Extract လုပ်လိုက်တယ်ဆိုတာ ဖွလိုက်တာပါပဲ၊ ခုဆို အမြင်စုံ၊ အတွေးစုံ Comment အစုံကို ဖတ်ခွင့်ရပါတယ်၊ အင်မတန် တန်ဖိုးရှိပါတယ်၊ ကျွန်တော် ပြောတဲ့ အဖွဆောင်းပါးဆိုတာ ဂျာနယ်တွေမှာလို ဖွတာမျိုးကို မဆိုလိုပါဘူး၊ အဓိက ရည်ရွယ်တကာ အမြင်တွေကို ဖွလိုက်တာပါ၊ ကျွန်တော်ကိုယ်တိုင်ကတော့ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ ဆိုတာထက် အမြင်အားလုံး ရှုထောင့်အားလုံးကို မြင်ကြည့်ချင်ပါတယ်။ ခုလို ထောက်ပြဆွေးနွေုးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ … တကယ့်ကို အဖိုးတန်တဲ့ မှတ်ချက်တွေပါ

  15. myintkt says:

    >> ကိုသီဟရဲ့ အမေးကိုဖြေရရင်တော့ နိုင်ငံတစ်နိုင်ရဲ့ အမျိုးသားလုံခြုံရေး
    >> ကိုထိပါလာရင်တော့ အက်ဆန်မှမဟုတ်ပါဘူး၊ မည်သူမဆို ကျူးလွန်ထားတဲ့
    >> အကျိုးအပြစ်တွေအတွက် ရင်ဆိုင်ဖြေရှင်းကိုရှင်းရမှာပါပဲ။

    အက်ဆန်းအပြစ်ကျူးလွန်ရင် အမေရိကန်က ဖမ်းပါလား? ဘာလို့မဖမ်းသေးတာလဲ? သိပ်တော်တဲ့ CIA တွေရှိတယ်နော်၊ Black Ops တွေရှိတယ်နော်၊ ကမ္ဘာပေါ်က ကြိုက်တဲ့နေရာကလူကို နာရီပိုင်းအတွင်း ရအောင်ရှာပြီး extraction လုပ်လို့ရတယ်။ ဘာလို့ မဖမ်းလဲ? ဖမ်းစရာ ဘာဥပဒေမှ မကြူးလွန်တာကိုး။ ဒီတော့ ဆွီဒင်ကို လက်တို့ပြီး “မဒိန်း”မှုနဲ့ ဖမ်းခိုင်းတယ်။ သောက်ရမ်းပေါပြီး၊ သောက်ရမ်းကလေးဆန်တဲ့ အလုပ်ပါ။ ဒီမှာတော့ ဘိန်းပြစ်ဖမ်းတယ်လို့ ခေါ်တယ်။

    တည်းဖြတ်ပြီး … (Myanmar Tutorials)

  16. m0rRis says:

    အချက်အလက်လုံခြုံရေးတွေကဘယ်လို ယိုစိမ့်သွားတယ်ဆိုတာ လည်း စိတ်ဝင်စားစရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် wikileak တစ်ခုပျောက်သွားရင် နောက်ထပ် wikileak တစ်ခုပေါ်လာပါလိမ့်မယ်။ သတင်းအချက်အလက်ခေတ်မှာ သတင်းအချက်အလက်တွေ ယိုစိမ့်မှုကိုမရပ်တန် ့နိုင်သရွေ ့တော့ခံရမှာပါပဲ။ နောက်တစ်ချက် wikileak ဘဏ်အချက်အလက်တွေ အကြောင်းဖွင့်ချလို ့ stock ဈေးတွေ ထိုးကျသွားတယ်ဆိုပေမယ့်လည်း တကယ်တမ်း ဘဏ်တွေအကြားမှာ မသမာမှုတွေအများကြီးရှိပါတယ်။ ရှိလို ့လည်း ဖွင့်ချလို ့ရနေတာပါ။ Wikileak ဟာကလေး
    စကားနဲ ့ပြောရရင် deathnote လိုပါပဲ။ အငြင်းပွားစရာတွေအများကြီးရှိတယ်။ Corporation တွေဘက်ကလည်း ခြစားတာတွေတပုံကြီးပါပဲ၊

  17. skynet says:

    နိုင်ငံတိုင်းမှာ နိုင်ငံတော် လုံခြုံရေးနဲ့ သံတမန်ရေးရာ လျှိုဝှက်ချက်ဆိုတာ ရှိရပါတယ်။ အင်တာနက် လွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်ဆိုတိုင်း လုပ်ချင်တာ လုပ်မယ်ဆိုရင် ဒါဟာ ရမ်းကားတာပါပဲ။ ဆက်နွယ်ထိခိုက်မှုတွေ ဖြစ်လာရင် အခုချိန်ဟာ နိုင်ငံတစ်ခုထဲ အခက်အခဲ ကြုံရတာမဟုတ်ပါဘူး။ နိုင်ငံတစ်ခု ထိခိုက်တာနဲ့ တခြားနိုင်ငံတွေပါ ထိခိုက်နိုင်တာပါပဲ။ ဒါဟာ မကြာခဏ ဖြစ်နေတဲ့ပြသနာကို အားလုံး သိမြင်ကြမှာပါ။ ကျွန်တော့်အမြင်ပြောရရင်တော့ လွတ်လပ်ခွင့်ဆိုတိုင်း wikileak ဟာ မလိုအပ်တာကို မရမ်းကားသင့်ပါဘူး။ wikileak နောက်ကွယ်မှာ ကျွန်တော်တို့ မသိထားတဲ့ အကြောင်းအရာတွေ အများကြီး ရှိဦးမှာပါ။

  18. ရတနာ says:

    အပြစ်ကျူးလွန်သည် မကျူးလွန်ဘူးဆိုတာကတော့ ဥပဒေကြောင်းအရပဲ ပြောရမှာပါ၊ အက်ဆန်ကို အပြစ်တစ်ခုအနေနဲ့ပြပြီး ဖမ်းဖို့အတွက် ဥပဒေကြောင်းအရ မလုံလောက်သေးပါဘူး။ ဒီတော့လည်း ရှင်းပါတယ်၊ မဖမ်းသေးဘူးပေါ့နော်။ ကျွန်မပေါ်မှာပြောထားပြီးသားပါ၊ သေသေချာချာမဖတ်မိလို့ဖြစ်ပါလိမ့်မယ်၊ copy ပြန်လုပ်ပေးပါမယ်။

    “အက်ဆန် ကတော့ အရှိန်လွန်သွားတာပါ၊ အချိန်မကျသေးတာတွေကို ဖွင့်ချလိုက်တာဟာ နိုင်ငံရေး၊ အမျိုးသားလုံခြုံရေး ရှုထောင့်ကကြည့်ရင်တော့ ပြစ်မှုအလွန်ကြီးမားပါတယ်၊ လက်ရှိအသက်ဝင်နေဆဲ တရားဥပဒေ လမ်းကြောင်း အရကြည့်ရင်တော့ untouchable ပါ။ ကိစ္စကမပြီးသေးပါဘူး၊ untouchable အက်ဆန်ကို touchable ဖြစ်လာအောင် ဥပဒေပြုပြီး ဘယ်လိုအကွက်ဆင်ကြမလဲ စောင့်ကြည့်ရမှာပါပဲ။”

    ဒီစာပိုဒ်လေးနားလည်ရင် ဖမ်းသည်မဖမ်းသည် လတ်တလောကိစ္စ ရှင်းသွားပါပြီ။ လူဆိုတာတော့ အမှားရှိစမြဲပဲလေ၊ လက်ရှိအခြေအနေမှာ အက်ဆန် နဲ့ သူရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ရာမှာ Sexual harassment case တစ်ခုကိုသွားတွေ့တဲ့အတွက် ဒါလေးကိုယူသုံးလိုက်တာပါ၊ နားလည်သူတွေ အတွက်တော့ သိပ်ပြီးတော့ အဆန်းတစ်ကျယ်ကြီးမဟုတ်ပါဘူး၊ ပြီးတော့ အက်ဆန်ဟာ အဖမ်းခံရတာမဟုတ်ပါဘူး၊ သူကိုယ်တိုင် ဖြေရှင်းဖို့အတွက် သွားရောက် အထိန်းသိမ်းခံလိုက်တာပါ။

    ဗဟုသုတပိုင်းအရတော့ ရတနာသည် တစ်ဖက်ကမ်းခတ် သိမြင်နေသော ပညာရှင်မဟုတ်ပါဘူး၊ အမေရိကန်ရဲ့ သူလျှိုဥပဒေ ဆိုတာလေးတော့ လေ့လာလိုပါတယ်ရှင်၊ ဘယ်ကများဖတ်ရမလည်း ညွှန်ကြားပးပါဦး။

    ကျေးဇူးတင်ပါတယ်။ :)

    ps: ကိုသီဟရဲ့ စိတ်ရှည်လက်ရှည် အပြုသဘော ပြန်ရှင်းပြတာကိုတော့ အထူးကျေးဇူးတင်ပါတယ်။

  19. myintkt says:

    Plz read First Amendment:
    “Congress shall make no law respecting …abridging the freedom of speech, or of the press; or… to petition the Government for a redress of grievances.”
    http://en.wikipedia.org/wiki/First_amendment

    “untouchable အက်ဆန်ကို touchable ဖြစ်လာအောင် ဥပဒေပြုပြီး ဘယ်လိုအကွက်ဆင်ကြမလဲ စောင့်ကြည့်ရမှာပါပဲ။”

    အကွက်ဆင်တယ်ဆိုတာ လူညစ်ပတ်တွေ အလုပ်ပါ။ အမေရိကန်ကလဲ ဆင်ကြံကြံပြီး အကွက်ဆင်နေပါတယ်။ သူတို့ လူညစ်ပတ်တွေ ဖြစ်ကြောင်း သက်သက်ပြလိုက်တာ ဖြစ်ပါတယ်။ ဥပဒေဆို အက်ဆန်းကျတမျိုး၊ တခြားသူကျတမျိူး လုပ်လို့ရရိုးလား? သူတို့ဘဲ ဥပဒေစိုးမိုးတယ်ဆို၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆို။

    တည်းဖြတ်ပြီး (Myanmar Tutorials)

  20. ရတနာ says:

    အခုပြောတာလည်း နိုင်ငံတော် လုံခြူံရေးအရလုပ်နေတာတွေကို ပြောမိတာပါရှင်၊ ဘယ်သူ့ကိုမှလည်း အားပေးအားမြှောက်လုပ်နေတာမဟုတ်ပါဘူး၊

    နားလည်ပါတယ်နော်။ :)

    တည်းဖြတ်ပြီး (Myanmar Tutorials)

  21. ရတနာ says:

    ပြီးတော့ ကျွန်မ ညွှန်ပြခိုင်းတာ ရှင်ပြောတဲ့ အမေရိကန်နိုင်ငံရဲ့ သူလျှိုဥပဒေ နော်၊

    ဘယ်မှာလည်းဆိုတာ ပြပါ။

    “Freedom of Speech” မဟုတ်ပါဘူး …

    ကျေးဇူးတင်ပါတယ်။
    :)

  22. myintkt says:

    http://www.law.cornell.edu/uscode/18/usc_sup_01_18_10_I_20_37.html

    Check it for yourself. The law doesn’t say the end person receiving the leaks shall be prosecuted by the law! But First Amendment is enough for this case.

  23. Aung Aung says:

    comments are more interest to read than main article… :)

  24. Aung Aung says:

    ကော်မန့်တွေနဲ့ တော်တော် ဖတ်လို့ကောင်းသွားတယ်ဗျ . . . :D

  25. HelloKitty says:

    http://wikileaks.ch/Video.html?jhgjj

    Hey check this out. This is so funny :D