Web development ရဲ့ အနာဂတ်

Web Development ဆိုတာ အချိန်နဲ့အမျှ အပြောင်းအလဲ အင်မတန် မြန်ဆန်တဲ့ သတင်းအချက်အလက် နည်းပညာ ဖြစ်စဉ်ထဲက တစ်ခုပါ။ ဒီလို ပြောင်းလဲမှု တွေကို တစ်နေ့ပြီး တစ်နေ့ နှိုင်းယှဉ် ကြည့်ရင်တော့ မသိသာပေမယ့် တစ်လပြီး တစ်လ နှိုင်းယှဉ် ကြည့်မယ် ဆိုရင်တော့ တော်တော် လေးကို ပြောင်းလဲ သွားတာ သတိထားမိ ကြပါလိမ့်မယ်။

ဒီလို ပြောင်းလဲနေတယ် ဆိုတာ နည်းပညာ သမားတွေအတွက် သိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နည်းပညာသမား မှန်ရင် မြန်မြန်ဆန်ဆန် လိုက်ပါပြောင်းလဲ နိုင်ရမယ်ဆိုတာ လူတိုင်း လက်ခံပြီးသား ဖြစ်ပါတယ်။ အဲဒီလို သိတာတော့ ဟုတ်ပါပြီ။ ဘာတွေ လိုက်ပါပြောင်းလဲ ရမယ်၊ ဘယ်လို ပြောင်းလဲ ရမယ်၊ ဘာကြောင့် ပြောင်းလဲ ရမယ်ဆိုတဲ့ Wh- နဲ့ စတဲ့ Question တွေရဲ့ အဖြေကို မသိရင် ဘယ်လို အလိုက်သင့် ပြောင်းလဲ ရမလဲ ဆိုတဲ့ အဖြေကို မသိတာနဲ့ အတူတူပါပဲ။

ကိုယ်သွားနေတာ ဘယ်လဲဆိုတာ မသိရင်တော့ ရောက်ချင်ရာ ရောက် ပေါက်ချင်ရပေါက် ဖြစ်သွားနိုင်သလို၊ အင်မတန် မြန်ဆန်တဲ့ ရေစီးကြောင်းမှာ ရေမျောကမ်းတင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ Wh- Question ရဲ့ အဖြေတွေကို ဘယ်လိုရှာကြမလဲ။ အဲဒီရဲ့ အဖြေတွေက အခု ဘာလုပ်နေလဲ။ အခုလုပ်နေတဲ့ အလုပ်တွေက အနာဂတ်မှာ ဘယ်လိုတွေ ဖြစ်လာနိုင်လဲ ဆိုတဲ့ အချက်တွေအပေါ်မှာ အများကြီး မူတည် နေပါတယ်။ ကိုယ်အခု လုပ်နေတဲ့အလုပ်ကို နောကြေအောင် ကျွမ်းကျင်လေ အဖြေမှန် ရဖို့ နီးစပ်လေ၊ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အနာဂတ်ကို များများ မှန်းဆ နိုင်လေ အဖြေမှန် ရဖို့ နီးစပ်လေပဲ လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကတော့ Web Development ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးမှန်းဆချက်တွေပါ။

PSD က XHTML/CSS ပြောင်းတဲ့ ဝန်ဆောင်မှုတွေ ဝယ်လိုအားကျလာမယ်

ပုံမှန် သမာရိုးကျ PSD Template ဆောက် XHTML/CSS ပြောင်းပြီး ဆိုက်တင်ဆိုတဲ့ Web Development တွေ ဝယ်လိုအား ကျလာမယ်လို့ ခန့်မှန်းရပါတယ်။ ပုံမှန် Static Page တွေဆွဲပေးနေရတဲ့ Business တွေ နေရာမှာ အနည်းဆုံး WordPress နဲ့ တွဲစပ်ပေးမှသာ အဆင်ပြေ တော့မယ့် အခြေအနေပါ။ PSD -> XHTML/CSS မှာတင် ရပ်မနေတော့ပဲ PSD -> XHTML/CSS -> WordPress (or) Server-sided Script (e.g PHP) အထိ သွားဖို့ လိုလာနေပါပြီ။ ပုံမှန် Statics Page တွေ တည်ဆောက် နေကြတာကနေ Open Source Software Customization ဖက်ကို အဓိက ရေစီးကြောင်း ပြောင်းလာတဲ့ သဘောပါ။

အဲဒီတော့ Chop Shop တွေကနေ Chop Open Source Customization Shop တွေ ပြောင်းလဲဖို့ လိုလာပြီ ဆိုတဲ့ သဘောပါပဲ။ PSD -> XHTML/CSS လုပ်ရတဲ့ လုပ်ငန်းတွေက မရှိနိုင်တော့ ဘူးလားဆိုတော့ ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် မလုံလောက်တော့ဘူး။ Value Added တွေ လုပ်ဖို့ လိုလာပါပြီ။ အဲဒီလို Value Added မလုပ်ဖူး ဆိုရင်တော့ Web Development ရေစီးကြောင်းမှာ အလိုက်သင့် ပြောင်းလဲနိုင်ဖို့ မလွယ်တော့ဘူးလို့ ယူဆရပါတယ်။

HTML5၊ CSS3 စတဲ့ အပြောင်းအလဲတွေနဲ့အတူ Web Standard တွေ ပိုပြီး ကောင်းလာမယ်

အရင်တုန်းကတော့ Web Product တွေကို Web Standard နဲ့ ချိန်ကိုက်ပြီး လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။  Web Standard ကိုယ်တိုင်ကလည်း လိုအပ်ချက်ကို မဖြည့်စည်း ပေးနိုင်သလို၊ Web Standard Compliant တွေ Sematic Code တွေရဲ့ အရေးပါမှုထက် အလုပ်ဖြစ်ဖို့သာ အဓိကထားခဲ့ကြပါတယ်။ ခုချိန်မှာတော့ မိုဘိုင်းဖုန်းလို့ ကိရိယာတွေမှာရော Browser တွေမှာပါ Standards တွေက အရေးပါလာနေပါပြီ။ အဲဒီ Standards တွေကို မလိုက်နာရင် ဘယ်နေရာမှာ ဖြစ်ဖြစ် သုံးလို့ရတယ်၊ ဘယ်နေရာမှ ဖြစ်ဖြစ် အဆင်ပြေတယ် ဆိုတဲ့ အားသာချက်တွေ မရနိုင်တော့တဲ့ အခြေအနေမှာ ရှိလာပါတယ်။

Apple က Flash ကို ကန်ထုတ်တာ Web Browser တွေက web standards တွေလိုက်နာဖို့ အဓိကထား ထုပ်လုပ် လာတာတွေဟာ Web Developer တွေ အနေနဲ့ Web Standard ကို မလိုက်နာလို့ မဖြစ်တော့ဘူးဆိုတဲ့ အခြေအနေပါ။ တစ်ဦးတစ်ယောက်ပိုင် အဖွဲ့အစည်းပိုင် နည်းပညာတွေထက် Open Technologies တွေကို ဦးစားပေးလာတဲ့ သဘော ကြောင့်လည်း Web Standard တွေ နေရာရလာတာလို့ ပြောလို့ ရပါတယ်။

အပ်ထည်တွေရေးတာထက် ကိုယ်ပိုင်ရေးတွေ များလာမယ်

အပ်ထည်ရေးတယ် ဆိုတာ ရှင်းပါတယ်။ ကိုယ့်ကို ဘယ်လို Web Site မျိုး တည်ဆောက် ပေးပါဆိုပြီး လာအပ်တယ်၊ ကိုယ်က ရေးပေးတယ်။ အကျႌချုပ်သလိုပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ဆိုရင်တော့ အပ်ထည်တွေ ချုပ်တာ နည်းလာမယ်၊ ကိုယ်တိုင် ဒီဇိုင်းထွင် အသင့်ချုပ်ပြီး တင်ရောင်းတာ တွေ များလာမယ်လို့ ဆိုပါတယ်။ အဲဒီလို ဘာကြောင့် ဖြစ်ရတာလဲ ဆိုတဲ့ အချက်ကို လေ့လာကြည့်ရင် API တွေကြောင့်ပဲ လို့ ဆိုရမှာ ဖြစ်ပါတယ်။ Apple iPhone လို iPad လို ကိရိယာတွေရဲ့ APIs တွေက Web Developer တွေကို အပ်ထည်တွေ လုပ်ဖို့ထက် ကိုယ်တိုင်ဖန်တီးပြီး စျေးကွက် တင်ရောင်းတဲ့ဖက်ကို တွန်းပို့နေပါတယ်။ ဒီလိုပဲ Google ရဲ့ Android တွေကလည်း အဲဒီလမ်းကြောင်းကို လိုက်လာ နေပါတယ်။ ကိုယ်က အပ်သူကို ထိုင်စောင့်နေရမှာထက် ကိုယ့်ဘာသာရေး ပြီးရင် စျေးကွက်တင်ပြီး ရောင်းရတဲ့ စျေးကွက်က ပိုပြီး သွားရည်ကျ စရာဖြစ်နေပါတယ်။ အမြတ်ရာခိုင်နှုန်း (၃၀)ပေး ရတယ်ဆိုပေမယ့် Apple အတွက် Application တစ်ခုသာ ပေါက် တစ်ခါတည်း စင်ပေါ်ရောက်နိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒီတော့ Web Development Team တွေ အနေနဲ့ အပ်ထည်တွေ ထိုင်စောင့်နေတာထက် Apple iPhone လို ဟာတွေအတွက် Application တွေ ရေးတဲ့ဖက်ကို ခြေလှမ်း ပြင်ထားဖို့ လိုလာပါပြီ။ ဒီလို ခြေလှမ်းပြင်တဲ့ နေရာမှာလည်း နည်းပညာအသစ်တွေကို လေ့လာဖို့ Turning Point တစ်ခုကို သွားဖို့ လိုပါတယ်။ ကိုယ့် Client တွေအတွက် iPhone Application Services တွေ ပေးနိုင်ဖို့ ပြင်ဆင်ထားဖို့ လိုလာပါပြီ။

Internet Explorer က ဒီထက်ပိုကောင်းလာမယ်

IE ပိုကောင်းလာမယ် ဆိုတာကတော့ မကောင်းလို့လည်း မဖြစ်တော့ဘူးလေ။ သူများတွေ HTML5 တွေ CSS3 တွေ ရနေတဲ့အချိန်မှာ သူကမှ မရသေးတာ။ Microsoft က IE9 မှာ HTML5 နဲ့ CSS3 ကို အထောက်အပံ့ ပေးတော့မယ်လို့ သိရပါတယ်။ အဲဒီလို Version အသစ်ထွက်ဦးမှပဲ။ အဲဒီလိုမှ မဟုတ်ရင် ဘာရေးရေး IE6, IE7 Support အတွက် အမြဲတမ်း စဉ်းစားနေရတဲ့ ဒုက္ခက ကျွတ်မှာ မဟုတ်ဘူး။

အဲဒီလို Version အသစ်ထွက်မှလည်း လူေတွေ Upgrade လုပ်ကြမယ်။ အဲဒါမှလည်း Web Development လုပ်တဲ့နေရာမှာ IE6 အတွက် IE7 အတွက် ဆိုပြီး စဉ်းစားနေရတာတွေ သက်သာမှာ ဖြစ်ပါတယ်။

Language အသစ်တွေကို သင်ယူဖို့ လိုလာမယ်၊ နည်းပညာအသစ်တွေကို သင်ယူဖို့ လိုလာမယ်

ဒါကတော့ ထူးမခြားနားလို့ ဆိုရမှာပဲ။ အမြဲတမ်း အသစ်တွေထွက်နေတဲ့ ခေတ်ကြီးမှာ အသစ်တွေ သင်ရမယ်ဆိုတာ မထူးဆန်းပါဘူး။ ခက်တာက အရင်ကဆိုရင် Site တစ်ခုမှာ PHP နဲ့ ရေးရင် PHP ပဲ တစ်ခြားမလိုဘူး။ ခုတော့ အဲဒီလိုမဟုတ်တော့ပဲ API တွေကိုပါ သိဖို့ လိုလာနေပါပြီ။ ဒီတော့ Facebook API ကိုသုံးချင်တယ်ဆိုရင် Facebook API ကို လေ့လာ ရပါတော့မယ်။ Twitter API ကို သုံးချင်တယ် ဆိုရင် Twitter API ကို လေ့လာ ဖို့ လိုလာပါပြီ။ အဲဒီလိုပဲ iPhone Application အတွက်ဆိုရင် iPhone Application API ကို သိဖို့ လိုလာပါပြီ။

ဒီလို တစ်ခုနဲ့ တစ်ခု Physically ယှက်နွယ်နေတာသာမက Socially ပါ ယှက်နွယ်လာတဲ့ အခြေအနေမှာ Stand-alone ဆိုက်တွေသာ အဓိက ရေးနေမယ်ဆိုရင် မလွယ်တော့ပါဘူး။ Physically Connected နဲ့ တင် မလုံလောက်တော့ပဲ Socially Connected ဖြစ်လို့ လိုလာနေပါပြီ။ ဒီတော့ Web Developer တွေအနေနဲ့ Language အသစ်တွေ လေ့လာဖို့ လိုတယ်ဆိုတာ မဆန်းဘူး မဟုတ်လား။

Sixrevisions မှ Amber Weinberg ရေးသားသော What is the Future of Web Development ကို မှီငြမ်းရေးသားသည်။

Facebook comments:

10 Responses

  1. ahkeno says:

    nice article..keep learning..

  2. nayray says:

    ဟူး……………ဟူး ဟူး ဟူး…………. ဟူး ဟူး ခုမှ လေ့လာခါစဖြစ်လိုက်၊ Begineer ဖြစ်လိုက်နဲ့ ကျွန်တော်တို့လို အတွက်တော့……………….. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးး ပဲ အကိုရေ…. ဖြစ်ထွန်းနေတဲ့လူတွေကိုလည်း ပိုလေးစားပါတယ်၊ ပို အားကျပါတယ်ဗျာ….. ဘာပဲဖြစ်ဖြစ် တစ်နေ့ တလံပေါ့

    • Thiha says:

      ကျွန်တော်လည်း အဲဒီ ဆောင်းပါးဖတ်ပြီးတော့ စိတ်နည်းနည်း လေသွားတယ်ဗျ … ဒါပေမယ့် နည်ပညာသမား ဆိုတော့ သင်ရမှာပဲလေ … တတ်နိုင်ဘူး … :)

  3. everlearner says:

    Web Standards တွေ အကြောင်းက မဖြစ်မနေလေ့လာသင့်ပါတယ်…

    တကယ်တန်းကျတော့ Website တစ်ခုဟာ အွန်လိုင်းပေါ်တင်လိုက်ပြီဆိုတာနဲ့ ကမာ္ဘ့ဘယ်နေရာကမဆို ကြည့်လို့ရနေတာမို့ ကိုယ့်ဆိုက်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းချင်ရင်တော့ Web Standards တွေကို နားလည်အောင် လေ့လာထားသင့်တာ အမှန်ပါပဲ … CMS တွေကိုယ်တိုင်က Web Standard ကို လိုက်နာတာမို့ အဲဒါ တွေသုံးမယ်ဆိုရင်လည်း Web Standard တွေကို နားလည်ဖို့လိုပါတယ်…

    စံသတ်မှတ်ချက်တွေ မလိုက်နာဘဲရေးရင်တော့ ဝက်ဘ်ဆိုက်တော့ ဖြစ်လာမယ် ဒါပေမယ့် လူအများစုအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး…

    “အပ်ထည်” တွေကတော့ လိုအပ်နေဦးမှာပဲဗျ
    လူတွေရဲ့လိုအပ်ချက်တွေက ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု မတူကြဘူးလေ
    သာမန် နေ့စဉ်သုံး Application လေးတွေလောက်တော့ “အသင့်သုံး” လေးတွေနဲ့ အဆင်ပြေပါတယ်

    “အသင့်သုံး” နဲ့ “အပ်ထည်” ကွာခြားချက်ကို ဥပမာပေးရမယ်ဆိုရင် …
    “နေ့စဉ် ဝတ်တဲ့ အဝတ်အစား” တွေနဲ့ “မင်္ဂလာပွဲ အတွက် ဝတ်တဲ့ အဝတ်အစား” ကွာသလို ဖြစ်မယ်ထင်တယ် :D

    Developer တစ်ယောက်အတွက်တော့ အသင့်သုံးလေးတွေ ကြိုရေးထားပြီး၊ ရောက်လာတဲ့ Customer ရဲ့ လိုအပ်ချက်အတိုင်း အနည်းနဲ့အများ ပြင်ပေးတာ ပိုကောင်းပါလိမ့်မယ်

    • Thiha says:

      ဒီဆောင်းပါးရှင် ဆိုလိုတဲ့ အသင့်သုံး Application ဆိုတာ iPhone Application တို့ဟာတွေကို ပြောတာ ဖြစ်မယ် ထင်တယ်ဗျ …. :)

  4. Tsuna lade says:

    အားပါးပါး PHP သင်ရုံနဲ ့မပြီးဘူး api တွေကိုလေ့လာရဦးမှာလား တိန်
    အခုမှ PHP ဂဂဏဏ မလေ့လာရသေးဘူး :(

  5. Dorcus says:

    Api တွေလေ့လာဖို့ ဘယ်မှာ လေ့လာရမယ်ဆိုတာ ညွှန်းပေးနို်င်မလား ….ကူညီပေးပါအုံးရှင့်

    • Thiha says:

      API တွေကို လေ့လာမယ်ဆိုရင် သူတို့ သက်ဆိုင်တဲ့ Website တွေမှာ လေ့လာတာ အကောင်းဆုံးပါပဲ။ ကိုယ်က Facebook API ကို လေ့လာမယ်ဆိုရင် Facebook API နဲ့ပတ်သက်ပြီး FACEBOOK ကပေးထားတဲ့ Documentation မှာ လေ့လာနိုင်ပါတယ်။

  6. ငိုချင်တယ်။ တားကဘာမှမရသေးဘူး။ တတ်သေးဘူး။ ကိုသီဟဆီကိုတော့ သင်တန်းလာတက်မှကိုရတောမယ်။

Leave a comment


*