အနက်ရောင် အခန်းဆက် ကကြိုး (၄)

အခုမှ စဖတ်မယ့် သူတွေအတွက် ကျွန်တော့် အရင်ပို့စ်တွေ ပြန်ညွှန်းလိုက်ပါတယ်။

ကျွန်တော့် အနေနဲ့ အပိုင်း(၃) ကျွန်တော်ကြည့်ရတဲ့ Presentation ထဲကအတိုင်း ရေးထည့်လိုက်တာ ဆိုတော့ iPhone Application Developer တွေအတွက် တစ်ဖက်စောင်းနင်း ဖြစ်သွားစေပါတယ်။ ဒါပေမယ့် အဲဒီလို Failed Story ဆိုတာတွေကလည်း တကယ့်ကို ရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ Bright Side လည်း ရှိသလို Dark Side လည်း ရှိပါတယ်။ နှစ်ဖက်မျှအောင် ကြည့်ဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့် အနေနဲ့ Dark Side ကို ကြည့်ပြီးပြီ ဆိုတော့ Bright Side ကို ပြန်လှည့်ကြရအောင်။

iPhone Application Developer လုပ်သင့်/မသင့်

ဒါကတော့ တတ်နိုင်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ကိုယ်တိုင်က Mac ကိုင်နိုင်တယ်၊ လေ့လာဖို့ အခွင့်အလမ်းတွေ ရှိတယ် ဆိုရင်တော့ လေ့လာသင့်တယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်တိုင် ဝင်ကျဲဖို့ ဆိုတာကတော့ တကယ့်ကို စွန့်စား လွန်းရာကြတဲ့ အနေအထား ဖြစ်ပါတယ်။ (ဒီနေရာမှာ ဆိုလိုတာက ပြည်တွင်းက လူတွေအတွက် ဖြစ်ပါတယ်၊ နိုင်ငံခြားကလူတွေ အတွက်ကတော့ ဒီလောက်ငွေကြေးက စွန့်စားလို့ ဖြစ်တဲ့ အနေအထားမှာ ရှိပါတယ်) နည်းပညာ တစ်ခုအနေနဲ့ ကိုယ်က တတ်နိုင်လို့ လေ့လာထားမယ် ဆိုရင်တော့ လုံးဝ မမှားဘူးလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ iPhone, iPad ဆိုတဲ့ စျေးကွက်ကြီးက အကြီးကြီးပါ။ အဲဒီလိုပဲ iPhone, iPad Application ရဲ့ နယ်ပယ်တွေကလည်း အစုံပါပဲ။ iPad ဆိုတဲ့ Perspective အပြောင်းရယ် ဒါ့အပြင် ဘယ်အရာမဆို Mobile ဖြစ်လာနေတဲ့ ခုလို ခေတ်ကြီးမှာ Mobile Era မှာ အခွင့်အလမ်း တွေလည်း တစ်ပုံကြီး ထွက်ပေါ်လာ နေပါတယ်။

နာမည်ကြီး သတင်းဆိုက်တွေ၊ မဂ္ဂဇင်းဆိုက်တွေ အနေနဲ့ iPhone, iPad တွေရဲ့ မျက်နှာပြင်တွေထဲကို သူတို့ရဲ့ Website တွေကိ ဆွဲသွင်းဖို့ လိုလာ နေပါတယ်။ Kindle 2 တုန်းက မစွမ်းဆောင်နိုင်ခဲ့တဲ့ ဟယ်ရီပေါ်တာထဲကလို စာအုပ်မျိုးတွေ ဖြစ်လာဖို့ အကြောင်းတွေ ဖန်လာနေပါတယ်။ Active Reading ပေါ့၊ Multimedia Reading ပေါ့။

အဲဒီလိုတွေ အပြင် တစ်ခြား Education ပိုင်းမှာ ဆိုရင်လည်း Mobile Education ပိုင်းကို ပုံဖော် ချဉ်းကပ်နေတဲ့ ဒီလို အချိန်မှာ iPhone, iPod Touch, iPad တို့ဟာ ထိပ်ဆုံးက ပါဝင်ပတ်သက်ကြမှာ မလွဲပါဘူး။  နောက် iPad အနေနဲ့ကလည်း တကယ့်ကို Perspective တွေကို ပြောင်းလဲ နိုင်စွမ်း ရှိလာပါတယ်။ ပုံမှန် iPhone Application တွေ အပြင် Mac တွေရဲ့ စွမ်းဆောင်ရည် တွေကိုလည်း ပေါင်းထည့် နိုင်လာပါတယ်။ အဲဒီနေရာတွေကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပေါ်လာနိုင်ပါတယ်။ အဲဒီလို အလုပ်အကိုင် အခွင့်အလမ်းဆိုတဲ့ iPhone အသုံးများတဲ့ နိုင်ငံတိုင်းမှာလည်း ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ဒီဖြစ်စဉ်တွေ အားလုံးကိုတော့ iPhone, iPod Touch နဲ့ iPad တို့ကသာ အဓိက ခေါင်းဆောင် မင်းသမီးတွေ အဖြစ် ပါဝင်ကြမှာ မဟုတ်တော့ပဲ အဓိကကျတဲ့ ဇာတ်ဆောင်တွေ နေရာကဟာ ပါဝင်ကြဖို့ များပါတယ်။ ဒီတော့ iPhone Application Developer လုပ်သင့်လား ဆိုတဲ့ မေးခွန်းကို ဖြေရရင် တတ်နိုင်ရင် လုပ်ပါလို့သာ ဖြေရမှာဖြစ်ပါတယ်။

Apple ၏ ပြိုင်ဖက်များ (သို့) အခြား ဇာတ်စင်ကြီးများ

Apple ရဲ့ အနက်ရောင် မင်းသမီးလေးတွေ ကပြအသုံးတော်ခံတဲ့ iTunes ဆိုတဲ့ ဇာတ်စင်ကြီးက ထွက်လာတော့ Mobile Application Development Sphere က တကယ့်ကို ပွဲစျေးတန်းကြီးနဲ့ တူတယ်လို့ ခံစားလာရပါတယ်။ သူထက်ငါ အပြိုင်အဆိုင် ဒါမျိုးကြီးတွေ ရမယ်နော်။ ငါတို့က မူလလက်ဟောင်း၊ ဝင်ထား ဝင်ထား။ ဝယ်ထား ဝယ်ထား။ ရပ်ကြည့်လို့ အမြတ်မရှိဘူးနော်၊ ဝင်ကြည့်မှ အကျိုးရှိမှာ စသည်ဖြင့် စီစီညံအောင် ဆူညံနေတဲ့ ပွဲစျေးတန်းကြီး တစ်ခုလို ခံစားလာရပါတယ်။ ကလေးကစားစရာတွေ ရမယ်နော်၊ ဂိမ်းကစား သွားပါဦးလား။ အမြည်း ရမယ်နော် အမြည်း။ ဒါမျိုးကြီးတွေ အလကားပေးနေပြီ။ တစ်ခုမှ တစ်ကျပ်၊ တစ်ခုမှ တစ်ကျပ် စုံနေတာပါပဲ။ ဒီတော့ ကျွန်တော်နဲ့ အတူ ပွဲစျေးတန်းကြီးကို လျောက်ကြည့် ရအောင်ဗျာ။

Apple ရဲ့ Native Mobile Application Development နဲ့ အပြိုင် တစ်ခြား မျက်နှာစာတွေမှာလည်း သူတို့အပိုင်းနဲ့ သူတို့ အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခု ပြင်ဆင် နေကြပါတယ်။ ပြောင်းလဲလာတဲ့ Information Ecosystem နဲ့အတူ အရင်လို Industrial Matter သက်သက် ထားလို့ မရတော့တဲ့ အတွက် SDK တွေချပြပြီး Level Plain Field လုပ်သင့်တန် လုပ်ကြရပါတယ်။ 2009 ခုနှစ် Quarter 2 မှ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ Smart Phone တွေရဲ့ ရောင်းအားကို နှိုင်းယှဉ်ပြထားတဲ့ Graph ပါ။

အဲဒီ အပြင် ၂၀၁၀ မှာ ကောက်ယူထားတဲ့ စစ်တမ်းအရ

  • Nokia – 21,429,680
  • RIM – 10,586,260
  • Apple – 8,752,180
  • HTC – 2,840,120
  • Motorola – 2,602,490
  • Others – 8,987,550

အဲဒီ အပေါ်မှာ ပြထားတဲ့ စစ်တမ်းအရ Nokia Symbiam တွေက ပန်းပန်ဆဲပါပဲ။ ကဲ ဒီတော့ Apple အပြင် အခြား Platform တွေကိုလည်း လေ့လာ ကြည့်ရအောင်။

Symbian OS

ကမ႓ာပေါ်မှာ အများဆုံး သုံးနေတဲ့ Nokia ဖုန်းတွေရဲ့ အရှင်သခင် OS ပါ။ Symbia Foundation ရဲ့ Nokia ဖုန်းတွေမှာ သုံးဖို့ တီထွင်ခဲ့တဲ့ OS ပါ။ Symbian Platform ဟာဆိုရင်လည်း Open Source Platform အဖြစ် ၂၀၁၀ ဖေဖော်ဝါရီမှာ စတင်ဖွင့်ပေး လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီလို ဖွင့်ပေးလိုက်တယ် ဆိုတာလည်း Apple ရဲ့ အပြောင်းအလဲတွေ အပြင် Mobile Application Ecosystem တွေကြောင့်လည်း ပါပါတယ်။

www.symbian.org

Symbiam Platform ကိုလေ့လာ ကြည့်မယ်ဆိုရင် Apple ကို ဖိုက်ဖို့ အသေးစိတ် ပြင်ဆင် နေတာတွေ တွေ့ရပါလိမ့်မယ်။ ခုမှ သက်တမ်းနုသေး တယ်ဆိုပေမယ့် တစ်ကမ႓ာလုံးမှာ အများဆုံး အသုံးပြုနေတဲ့ Nokia ရဲ့ OS ဖြစ်တာကြောင့် ကျိန်းသေပေါက် ကြီးထွားလာမှာ သေချာပါတယ်။ သူ့မှာလည်း Symbian Developer Community ဆိုတာ ရှိနေပါပြီ။

Symbian ကတော့ C++ ကို သုံးထားတာ တွေ့ရပြီး Sign It ဆိုတဲ့နေရာမှာတော့ နည်းနည်းရှုပ်တာ တွေ့ရပါတယ်။ Signing Option အနေနဲ့

  • Symbian Signed
    • Express Signed
    • Certified Signed
  • Developer Certified Signed
    • Open Signed Online
    • Open Signed Offline
  • Self-signing

အဲဒီ Signing Option တွေကို လေ့လာကြည့်တဲ့အခါမှာ တော်တော် ရှုပ်ထွေးတာ တွေ့ရပါတယ်။ Symbian Developer ဖြစ်ချင်တယ် ဆိုရင်တော့ အဲဒီ Signing Option တွေကို သေသေချာချာ လေ့လာဖို့ လိုပါတယ်။

Android OS

သူကတော့ ခုချိန်မှာ လူစိတ်ဝင်စားမှု အင်မတန်များလာနေပါတယ်။ Google ရဲ့ Mobile OS ဖြစ်တာကြောင့်ရယ်၊ Open Source ဖြစ်တာကြောင့် ရယ်၊ လွပ်လပ်မှု အရှိဆုံး ဖြစ်နေတာရယ်၊ အဲဒီအပြင် Android ကို Mobile သာမက အခြား ကိရိယာတွေမှာပါ သုံးလို့ ရနေတာဆိုတော့ Developer Community အနေနဲ့လည်း ကြီးသထက် ကြီးလာသလို Development လုပ်လိုသူတွေပါ တစ်ဖြည်းဖြည်း များလာနေပါတယ်။ Andriod, Apple နဲ့ အခြား Mobile Development တွေ အပေါ်မှာ စိတ်ဝင်စားမှုကို စစ်တမ်းကောက်ယူထားတာ တစ်ခုကို လေ့လာကြည့်ပါ။

စစ်တမ်းကောက်ယူချက်အရ Android အပေါ်မှာ စိတ်ဝင်စားမှုကလည်း မသေးဘူးဆိုတာ သိနိုင်ပါတယ်။ Development Process အနေနဲ့လည်း ဘယ် Platform မှာမဆို development လုပ်နိုင်ပါတယ်။ Mobile Application Development ပိုင်းကို လေ့လာလိုသူတွေ အတွက် Symbian နဲ့ Andriod ကတော့ အကုန်အကျ အသက်သာဆုံးပဲလို့ ဆိုနိုင်ပေမယ့် Android ကတော့ Community ပိုပြီး ကြီးပါတယ်။

Android Market မှာ ကိုယ့် Application တွေ တင်ရောင်းချင်တယ် ဆိုရင် Registration Fee အနေနဲ့ 25$ ပေးရမှာ ဖြစ်ပါတယ်။ iOS နဲ့ ယှဉ်ရင် တော်တော်လေး သက်သာပါတယ်။ အဲဒီလို Registration လုပ်ပြီးပြီ ဆိုတာနဲ့ ကိုယ့် Application ကို Android Market မှာ Publish လုပ်လို့ရပါပြီ။ အချိုးကတော့ ရ၀/၃၀ ပါပဲ။ Andriod Market မှာလည်း Application တွေဟာ ကြောက်စရာ ကောင်းတဲ့ Rate နဲ့ တိုးပွား နေပါတယ်။ Android Developer တွေအနေနဲ့ Andriod Market မှာ တင်ချင်လည်း ရသလို မတင်ချင်ရင်လည်း ကိုယ့် စျေးကွက်နဲ့ကိုယ့် ကိုယ်ဘာသာ ကြိုက်သလို လုပ်ခွင့်ရှိပါတယ်။

အဲဒီအပြင် Application တွေကလည်း ကြောက်စရာကောင်းတဲ့ Rate နဲ့ တိုးတက်များပြားနေပါတယ်

  • 17 March 2009 – 2300
  • December 2009 – 20,000
  • June 2010 – 80,000

အထိရှိလာပါတယ်။ တစ်လကို တစ်သောင်းနှုန်းလောက် တိုးနေပါတယ်။

Andriod Mobile Development ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် မြင်တဲ့ အားသာချက်လေးတွေကို ပြောရမယ်ဆိုရင် Dictionary လိုမျိုး E-Reader လိုမျိုး စသည်ဖြင့်တွေ ပါဝင်တဲ့ Ready-made Devices တွေ ဖြန့်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ Application သီးသန့် ရောင်းဖို့ မဟုတ်ပဲ ကိုယ်ရေးထားတဲ့ Application နဲ့ Device ကို တွဲရောင်းတဲ့ ပုံစံမျိုးပါ။ အဲဒီလို စျေးကွက်မျိုးတွေ ပြည်တွင်းမှာလည်း အလုပ်အများကြီး ဖြစ်နိုင်ပါတယ်။ Andriod Development မိတ်ဆက်ကို ကျွန်တော်ရေးပြီးပြီဆိုတော့ ထပ်မရေးတော့ပါဘူး။ အောက်က စာညွှန်းတွေမှာ သွားဖတ်နိုင်ပါတယ်။

တစ်ခြား Mobile Application Development တွေ အကြောင်းတော့ ကျွန်တော် ဆက်ပြီး မရေးတော့ပါဘူး။ အားလုံးကို တစ်လမ်းတည်း လျှောက်နေကြတာ ဆိုတော့ တစ်ခုကို သေသေချာချာ သိရင် နောက်တစ်ခုကိုလည်း ဆက်စပ်ပြီး သိနိုင်တဲ့အတွက် မရေးတော့တာပါ။

Mobile Application Development များ၏ အနာဂတ်

Mobile Application Development တွေရဲ့ အနာဂတ်ကို မှန်းကြည့်ရရင်တော့ iOS နဲ့ Android က ဒီထက်ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာမယ်။ e-reading မှာ iPad က ဝင်နေရာယူလာပြီ ဆိုတော့ Kindle လို e-reader တွေအနေနဲ့လည်း ပိုပြီးပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင်လာဖို့ ရှိပါတယ်။ အဲဒီလိုပဲ Windows အနေနဲ့ကလည်း အလျော့ပေးမှာ မဟုတ်ပါဘူး။ Mobile Application Development ဆိုတဲ့ ပွဲစျေးတန်းကြီးမှာ လာပါ၊ ယူပါ တစ်စာစာ အော်သံတွေ ညံနေသလို ရွှေပွဲလာ ဧည့်ပရိတ်သတ် တွေကလည်း ကြိတ်ကြိတ်တိုး စည်ကားနေဦးမှာ ဖြစ်ကြောင်း ရေးသား လိုက်ရပါတယ်။

Mobile Application Development ဆိုင်ရာဖတ်စရာများ

E-Book အနေနဲ့ Download ချချင်တယ်ဆိုရင်

ကျွန်တော် ဒီပို့စ်တွေကို စရေးခါစကတည်က ပြောထားခဲ့တာ တစ်ခုရှိပါတယ်။ ကျွန်တော့်မှာ လက်တွေ့အမြင် မရှိပါဘူး။ စာဖတ်ထားတဲ့ အမြင်ပဲ ရှိပါတယ်။ အဲဒိလို စာဖတ်ပြီး ရေးထားတာတွေကို ပြည်တွင်းက လူတွေအနေနဲ့ Mobile Application Development အကြောင်း အနည်းငယ် သိသွားတယ် ဆိုရင်ပဲ ကျွန်တော်ရေးရကျိုးနပ်ပါပြီ။ ရွှင်လန်းချမ်းမြေ့ပါစေ။

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

16 Responses to “အနက်ရောင် အခန်းဆက် ကကြိုး (၄)”

  1. June 30, 2010 at 9:46 AM #

    Mobile Development Platform တွေ အကြောင်း၊ ဈေးကွက်တွေ အကြောင်း သိရတဲ့ အတွက် ကျေးဇူးပါ။ အခုမှ Mobile Market ထဲ ဝင်တိုးမယ့် လူတွေ အတွက်လဲ အများကြီး စဉ်းစားစရာတွေ ရသွားစေပါတယ်ဗျာ။ Great Article! :)

    • June 30, 2010 at 9:53 AM #

      ဟုတ် ကျေးဇူးတင်ပါတယ်

  2. June 30, 2010 at 10:01 AM #

    Signing Option က အဲလောက် မရှုပ်ပါဖူးဗျ.. သူ့ Official Documentation အတိုုင်းလုုပ်ရင်တော့ ခက်တာပေါ့.. ဒီနေရာမှာ IDE တွေက ဖလွတ်ဖလွတ်နဲ့ လုုပ်ပေးသွားတာ. လန်ထွက် XD

    နောက် Qt ရှိတယ် (http://qt.nokia.com/products/platform/symbian/ ) WRT ရှိတယ် ( http://developer.symbian.org/wiki/index.php/Web_Runtime_%28WRT%29_Quick_Start )

    Yo .. Android Development မိတ်ဆက် အဲသာက link မှားနေသဗျ.. =D

    ဟွန့်.. သူ့ iPhone ကျများကြီး ပြောသွားတယ်. Android, Bada နည်းနည်းပဲပါတယ် ;(

    • June 30, 2010 at 10:09 AM #

      iPhone Vs Andriod နဲ့ ပတ်သက်တဲ့ အရမ်းပြည့်စုံတဲ့ ဆောင်းပါး တစ်ခုဖတ်လိုက်ရတော့ ခုရေးလက်စတွေ အမြန် ရပ်လိုက်ရတာပဲဗျ .. ဆက်ရေးမယ် နောက်တစ်ခု ဒီဆောင်းပါးက ညောင်းလာပြီ

      • June 30, 2010 at 2:42 PM #

        iPhone Vs android ကို ဖတ်ဖို့စောင့်နေပါတယ်။

        • July 1, 2010 at 10:09 AM #

          လေစိုုက်ပေးဖိုု့ စောင့်နေပါတယ် =P

  3. June 30, 2010 at 1:59 PM #

    အခုရေးသွားတာတွေက လက်တွေ့ မရှိပေမယ့် စာဖတ်ပြီး ဘာသာ ပြန်သင့်တဲ့ စာမျိူးတွေပါ..
    ဒါ့အပြင် စာရေးသူရဲ ့ ကိုယ်ပိုင် အမြင်လေးတွေနဲ့ ပဲ ..တွေးခေါ်ပေါင်းစပ်ရေးထားတဲ့ အတွက်
    အကျိုးရှိပါတယ်ဗျာ…ကျေးဇူးပါ…

    • June 30, 2010 at 2:24 PM #

      ကျေးဇူးတင်ပါတယ်ခင်ဗျာ :)

  4. sithu
    June 30, 2010 at 10:12 PM #

    ိကျေးဇူးတင်ပါ.. အများကြီးဗဟုုသုုတရပါတယ်
    နောင်လဲ ဒီလိုုမျိုး ဆက်ရေးနုိုင်ပါစေ..

  5. တုံတုံ
    July 11, 2010 at 3:46 AM #

    IT လောက ထဲကတော့ မဟုတ်ပါဘူး
    ဒါပေမယ့် စိတ်ဝင်စားပါတယ်…
    အားလပ်ချိန်မှာ ဒီလို ဆောင်းပါးကောင်းလေးတွေ ဖတ်ရတာ
    တကယ်ကျေနပ်မိပါတယ်…
    အားပေးနေပါတယ်…

  6. Tayzabala
    September 29, 2010 at 6:21 PM #

    ဒီလိုရေးသားထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Internet journal သို့ Net Guide Journal ထဲမှာ ထည့်သွင်းဖေါ်ပြသင့်ပါတယ်။ သတင်းထောက် ဂျာနယ်လစ်စ် တစ်ယောက်နဲ့ တွေ့ရင် ဒီဆောင်းပါးအကြောင်း ပြောပေးပါမယ်။ ကျေးဇူး……

  7. Tayzabala
    September 29, 2010 at 6:24 PM #

    နာမည်ကို အနက်ရောင် အခန်းဆက် ကကြိုး အစား Mobile Operation System များ`၏ ယှဉ်ပြိုင်မှုများ ဆိုရင် လူပိုစိတ်ဝင်စားမယ်ထင်ပါတယ်။

  8. Tayzabala
    September 30, 2010 at 2:10 PM #

    ဆောင်းပါးရေးသူ သို့
    အခုဆောင်းပါးအား Guide Magazine တွင်ထည့်သွင်း ဖေါ်ပြချင်ပါတယ်
    သဘောတူပါသလား????????

    • September 30, 2010 at 2:49 PM #

      ဟုတ်ကဲ့ထည့်ပါဗျာ ကလောင်နာမည်ကိုတော့ သီဟ (Myanmar Tutorials) လို့ ထည့်ပေးပါ။

    • September 30, 2010 at 2:52 PM #

      ဒါနဲ့ Guide မဂ္ဂဇင်းဆိုတာ ဘယ်မဂ္ဂဇင်းလဲဗျ

Trackbacks/Pingbacks

  1. အနက်ရောင် အခန်းဆက် ကကြိုး အပိုင်း (၃) | Myanmar Tutorials - January 8, 2011

    [...] အပိုင်း (၄) သို့ Articles « PREVIOUS – အနက်ရောင် အခန်းဆက် ကကြိုး အပိုင်း (၂) ဘိဇနက်နှင့် ဘဝသံသရာ – NEXT » [...]

Leave a Comment

*