To achieve in interview
Software Team တွေမှာ အလုပ်ရဖို ့က သိပ်မလွယ်လှပါဘူး။ ကျွန်တော် ဖတ်မိတဲ့စာအုပ်ထဲမှာတော့ Team အတွက် လူရွေးရင် ဘယ်လိုရွေးမလဲ ဆိုတဲ့အကြောင်း လေးရေးထားပါတယ်။ အဲ့အချက်တွေ ကိုက်ညီအောင် ကြိုးစားထားမယ်ဆိုရင် ကိုယ်အလုပ်မရမှာ ပူစရာမလိုတော့ပါဘူးလို့ ဆိုပါတယ်။
Platform Experience
ဒါကတော့ platform အတွေ ့အကြုံပါ ဥပမာ windows ပေါ့ အဲ့လို platform တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖူးတဲ့ သူကို လိုချင်ပါတယ်တဲ့ အကယ်၍ သူတို ့ရဲ ့ Team မှာ low-level programming တွေကို အသုံးပြုပြီး ရေးသားရတော့မယ်ဆိုရင် windows ပေါ်က အလွယ်တကူ run နိုင်တဲ့ batch programming လိုမျိုးတွေ ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တဲ့ သူရှိနေရင် အဆင်ပြေနိုင်တယ်။ ဒါပေမယ့် low-level programming သုံးဖို ့က တစ်ခါတစ်လေမှ ဖြစ်တတ်တဲ့အတွက် မရှိမဖြစ်ရှိရမယ့် အရည်အချင်း တစ်ခုတော့မဟုတ်ပါဘူး။
Programming Language Experience
နောက်တစ်ချက်ကတော့ programming experience ပါ programmer တစ်ယောက်အဖြစ်ခန် ့အပ်ဖို ့အတွက် language တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်ရုံ နဲ ့မရနိုင်ပါဘူး။ ဥပမာအားဖြင့် သင်က Java Programming ကို ကျွမ်းကျွမ်းကျင်ကျင် တတ်တယ်ဆိုပါစို ့ သင်ဝင်ရောက် လုပ်ကိုင်မယ့် Development Team က PHP Programming ကိုအသုံးပြုရမယ်ဆိုရင် အဆင်သင့်ဖြစ်နိုင်ပါ့မလား။ ဒီတော့ Short Duration ပေါ့ ရက်တိုအတွင်းမှာ langauage တစ်ခုခုကို လေ့လာနိုင်တဲ့ အရည်အချင်း ရှိရပါမယ်။
Communication Ability
ဒါကတော့ အရေးကြီးပါတယ် လူမှုဆက်ဆံရေးပါ သင့်အနေနဲ ့အလုပ်ဝင်တော့မယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရင်ဆုံး ဆက်ဆံရပါမယ် Department တစ်ခုနဲ ့တစ်ခု project တင်တဲ့အခါ တစ်ခြားလူတွေနဲ့ ဆက်ဆံရပါမယ် နောက်တစ်ခုကအဖွဲ ့နဲ့ လုပ်ကိုင်တဲ့အခါမှာ ဆက်ဆံရေးမကောင်းတဲ့သူ ကိုဘယ်သူကမှတွဲအလုပ်လုပ်ချင်မှာမဟုတ်ပါဘူး Software Development သည် အဖွဲ ့အစည်းနဲ ့ မလုပ်လျှင် မရပါ ဒီတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ တတ်နိုင်သလောက် သည်းခံတတ်ရပါမယ် ဆက်ဆံရေးကောင်းသလို ကိုယ့်ရာထူးသည်လည်း project manager အထိရသွားနိုင်ပါတယ်
Adaptability
သင့်မှာ အထက်လူကြီးတွေ လက်ခံနိုင်လောက်တဲ့ ကြိုးစားမှု အတွေ ့အကြံု ကျွမ်းကျင်မှု လေ့လာလိုမှု စတဲ့ လူတော်တစ်ယောက်အဖြစ် အသိအမှတ်ပြုနိင်တဲ့ အရည်အချင်းတစ်ခုနှစ်ခုလောက် ရှိရပါမယ် သင့် စကားကို မနာခံတဲ့ လက်အောက်ငယ်သားမျိုးနဲ့ သင် အလုပ်လုပ်ချင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ သင် လက်အောက်ငယ်သားအဖြစ်သွားအရွေးခံတဲ့အခါ အထက်လူကြီးရဲ ့ ကျေနပ်မှု ကိုရယူနိင်ရပါမယ်။
Attitude
သင့်အနေနဲ့ သင်အလုပ်လျှောက်မယ့် team အပေါ် အကောင်းမြင်ဝါဒီရှိရပါမယ် ဒီအလုပ်က ငါ့မရလည်း နောက်တစ်ခုလျှောက်မယ် ဆိုတာမျိုးတော့ မဖြစ်ပါစေနဲ့ လုပ်သမျှ အလုပ်က င့ါအတွက် အတွေ ့အကြံု ရနိုင်တယ် ဘယ်လိုကျွမ်းကျင်သွားနိုင်တယ် မရရမဖြစ်ဘူးဆိုတဲ့ စိတ်ဓာတ်လေး ရှိရပါမယ် အလုပ်ကိုချစ်တဲ့ အလုပ်သမားကိုပဲ အလုပ်ရှင်တွေ အလိုရှိတာပါ အားနေလို့ ခဏလာလုပ်မယ့် လူထက်စာရင် တစ်လျှောက်လုံး အလုပ် ကြိုးစားသွားမယ့် အလုပ်သမားကိုပဲ အလိုရှိတာကို သင်သတိထားရပါလိမ့်မယ်။
Facebook comments:




Thanks for author.
Very good plot for me