Singapore 3

အခု ဒီ Post ကို မဖတ်ခင် ကျွန်တော် Singapore 2 ကို ပြန်ညွှန်းလိုပါတယ်။

Singapore မှာ အလုပ်လျှောက်မယ့် သူတွေ အတွက် တော့ Personal Mail ကို အတိုဆုံးနဲ့ ဆက်သွယ်ရ လွယ်ကူစေမယ့် အမည်တစ်ခုနဲ့ ဖွင့်ထားဖို့ ကြိုတင်အသိပေး လိုပါတယ်။ ဥပမာ အနေနဲ့ pyaephyomaungmaung@gmail.com ဆိုတဲ့ Account ကို ဖွင့်မယ့်အစား သူတို့ ဆက်သွယ်ရ လွယ်စေမယ့် ace.ppmm@gmail.com စတာမျိုး ကို ရွေးချယ် စေချင်ပါတယ်။ အလုပ်လျှောက်သူများ အနေနဲ့ ရှည်လျှား လွန်းတဲ့ Email ကို အသုံးပြုခဲ့မယ် ဆိုရင် အလုပ်ရှင်တွေ ဘက်က ပြန်ဆက်သွယ်ရတဲ့ အခါ မျိုးမှာ အခက်ခဲ ရှိနိုင်တဲ့ အတွက် သူတို့ မှတ်သားရ လွယ်စေမယ့် Mail Account ကိုသာ  အသုံးပြုသင့်ပါတယ်။

ကျွန်တော်တို့ အလုပ်လျှောက်တဲ့ အခါ အလုပ်တွေများလာတာနဲ့အမျှ ကိုယ်လျှောက်တဲ့ Position, Company စတာတွေကို မေ့လာ တတ်ပါတယ်။ ဒါက အရေးကြီးဆုံး တစ်ချက်ဖြစ်ပြီး ဘယ်လို စီမံ သင့်တယ် ဆိုတဲ့ နည်းလမ်းကို အခု ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းက အလုပ်လျှောက်သူတွေ အတွက်သာမက Gmail User အားလုံးအတွက် အဆင်ပြေစေမယ့် နည်းလမ်း ဖြစ်ပါတယ်။

Inbox ထဲကို ၀င်လာသမျှ Mail တွေထဲမှာ ကိုယ့်အတွက် အရေးတကြီး လိုအပ်တဲ့ Mail တွေကို သိမ်းထားနိုင်မယ့် နည်းလမ်း တစ်ခု ၊ ကိုယ်ပို့လိုက်တဲ့ Mail ထဲမှာမှ အရေးတကြီး သိမ်းထားသင့်တဲ့ Mail စတာတွေ အတွက် Gmail စပေါ်လာတည်းက ပါ၀င်လာတာတဲ့ အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ကို ပြန်လည် မျှဝေလိုက်ပါတယ် ။

ပုံမှန် အသုံးပြုနေကျ Gmail User

Labels များ စိတ်ကြိုက် Create လုပ်ထားသော Gmail User

အပေါ်က နှစ်မျိုးကို နှိုုင်းယှဉ်ကြည့်ရုံနဲ့ ကျွန်တော်တို့ အတွက် ဒုတိယ တစ်မျိုးဟာ ပို အသုံးဝင်နေတယ် ဆိုတာ သိနိုင် ပါတယ် ။

အခု ကျွန်တော် အဲဒီ Labels တွေ Create လုပ်နည်း အဆင့်ဆင့်ကို ဆက်လက်ဖေါ်ပြပေးမှာ ဖြစ်ပါတယ် ။

1 . ပုံမှာ ပြထားတဲ့ အတိုင်း Labels ထဲကနေ Manage Labels ကို ရွေးပါမယ် ။

2 . ပေါ်လာတဲ့ Settings ရဲ့ အောက်ဘက်နားက Labels ဆိုတဲ့ Box အလွတ်လေးထဲမှာ Essential ဆိုတဲ့ စာသားကို ရိုက်ပါမယ် ။ ပြီးရင် Create ကို နှိပ်ပါမယ် ။ ( Essential နေရာမှာ စိတ်ကြိုက် Labels အမည်များ ကို ပေးနိုင်ပါတယ် )

3 . ခုဆိုရင် Gmail ရဲ့ ဘယ်ဘက်အခြမ်းမှာ Essential ဆိုတဲ့ စာသားပါတဲ့ Label တစ်ခု ရောက်လာပြီ ဖြစ်ပါတယ် ။

4 . ရွှေ့ချင်တဲ့ Mail ကို အမှန်ခြစ်ပါ ။ ပြီးရင် Move to ထဲကနေ Essential ဆိုတာကို ရွေးပေးပါ ။

5 . ခုဆိုရင် Essential ဆိုတဲ့ Label ထဲကို ကျွန်တော် ရွှေ့လိုက်တဲ့ Mail တစ်ခု ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ။

ကျွန်တော် အလုပ်လျှောက်တုန်းက Gmail မှာ ခွဲထားခဲ့တဲ့ Labels သုံးမျိုးကတော့ Apply Jobs ၊ Reply Jobs ၊ Interviews စသည်တို့ပဲ ဖြစ်ပါတယ် ။  ကျွန်တော် လျှောက်သမျှ အလုပ်တွေကို Apply Jobs ထဲကို ပို့ခဲ့တယ် ။ သူတို့ သဘောကျလို့ စာပြန်တဲ့ Mails တွေကို Reply Jobs ထဲပို့ခဲ့ပြီး နောက်ဆုံး Interview ခေါ်တဲ့ Mails မှန်သမျှ ကိုတော့ Interviews ဆိုတဲ့ Labels ထဲကို ပို့ခဲ့ပါတယ် ။ ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် Singapore မှာ အလုပ်လျှောက်ကြမယ့် ညီငယ် ၊ ညီမငယ်များရော တခြား Gmail အသုံးပြုသူများပါ အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းရင်း ဒီ Post ကို အဆုံးသတ်လိုက်ပါတယ် ။

Facebook comments:

2 Responses

  1. [...] Singapore 1 Singapore 2 Singapore 3 [...]

  2. အရမ်းကိုကျေးဇူးတင်ပါတယ်…
    တကယ့်ကိုအကျိုးရှိတဲ့ နည်းလမ်းတွေကို ပြောပြပေးတဲ့အကို့ကို စင်္ကာပူရောက်ရင်
    လာရှာပြီး ဘီယာတိုက်ခိုင်းမယ်..(အဲ..လေ…မှားလို့ ဘီယာလာတိုက်မယ်)

Leave a comment


*