ဒါ ဖတ်ပြီးမှ Designer လုပ်ပါ

ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ လွယ်တယ်လို့ သင်ထင်ပါသလား။ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်မယ်၊ တစ်ချို့တွေကတော့ သင်တန်း မတက်ဘူး။ ကိုယ်တိုင် လေ့ကျင့်မယ်။ အဲဒီနောက်မှာတော့ ဒီဇိုင်နာ အလုပ်တစ်ခု ဝင်လျှောက်မယ်၊ အဲဒီလို မလျှောက်ချင်ဘူး ဆိုရင်တော့ Freelance Designer လုပ်မယ် ဆိုပါတော့။ အများသူငါတွေက ဒီဇိုင်းတွေ အပ်ကြမယ်။ ကိုယ်က သူတို့လိုချင်တဲ့ ပုံစံတွေကို ဖန်တီးပေးမယ်၊ ပိုက်ဆံ ရမယ်။ ဒီလို တွေးကြည့်ရင်တော့ ဒီဇိုင်နာ လုပ်ရတာ မခက်ပါဘူး။

Wyeth Hansen Design

ဒါပေမယ့် တကယ့်ကို တော်တဲ့ ကျွမ်းကျင်တဲ့ ဒီဇိုင်နာ၊ ဒေါင်ဒေါင်မြည် ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ဆိုရင် လေ့ကျင့်မှုတွေ အများကြီး လုပ်ဖို့ လိုပါတယ်။ အပြင်းအထန် ကြိုးစားဖို့ လိုပါတယ်။ မြှတ်နှံပြီး လုပ်ဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ခုမှ ဒီဇိုင်နာ ဖြစ်ဖို့ ကြံစည်နေတဲ့ သူတစ်ယောက် အနေနဲ့ ဆိုရင် ဒီဇိုင်နာအလုပ်ကို မေဂျာနေရာမှာ ထားရမလား၊ မိုင်နာ နေရာမှာ ထားရမလား စသည်ဖြင့် သိချင်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုသင့်မပြုသင့် စမ်းစစ်ကြည့်ချင် လာပါလိမ့်မယ်။ ဒီလို မြှတ်နှံပြီး လုပ်ရမယ့် နေရာတွေမှာ အချိန်ပေးပြီး လုပ်ရမယ့်နေရာတွေမှာ ခရီးတော်တော်ပေါက်မှ မဖြစ်နိုင်မှန်း သိတဲ့အခါ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် မစခင်ကတည်းက ဖြစ်နိုင် မဖြစ်နိုင် ကြိုတင် စမ်းစစ်တာ အကောင်းဆုံးပါပဲ။ ကဲ ကျွန်တော်တို့ ကိုယ်ကိုယ်ကို ဒီဇိုင်နာ မဖြစ်သင့်တဲ့ အချက်တွေ စမ်းစစ်ကြည့်ရအောင် …

၁။ သင့်မှာ အနုပညာ ဓာတ်ခံမရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့

ဒီလိုပြောလိုက်ရင် နည်းနည်းတော့ ခေါင်းခြောက် သွားပါလိမ့်မယ်။ တစ်ချို့တွေက ဒီဇိုင်နာနဲ့ အနုပညာဓာတ်ခံကို ခွဲခြားပြီး တွေးတတ်လို့ပါ။ လုံးဝမဆိုင်တဲ့ သီးခြား အုပ်စုတွေလို့ မြင်တတ်ကြပါတယ်။ တစ်ချို့တွေကတော့ အနည်းငယ် ဆက်စပ်မှု ရှိတယ်လို့ လက်ခံကြပါတယ်။

Scrarch Guitar Singer

တကယ့် သဘောမှာတော့ အဲဒီလို အမျိုး မတူဘူးလို့ တွေးတာ အနုပညာ ဓာတ်ခံမရှိပဲ ဒီဇိုင်နာ ဖြစ်နိုင်တယ် ဆိုတဲ့အတွေးဟာ မှားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်နာဆိုတာ အနုပညာသမားပါပဲ။ အနုပညာ ဓာတ်ခံရှိတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလို ဘာကြောင့် ဆိုနိုင်သလဲဆိုရင် ခုခေတ်မှာ တကယ့်အောင်မြင်တဲ့ ဒီဇိုင်းတွေ၊ ဖန်တီးချက်တွေ အားလုံးဟာ အနုပညာ ပစ္စည်းတွေ ဖြစ်လို့ပါပဲ။

အကောင်းဆုံးဆိုတဲ့ ဒီဇိုင်းလိုဂိုတွေ၊ Website ဒီဇိုင်းတွေ အများစုဟာ စာရွက်ပေါ်မှာ ရေးခြစ်ပုံဖော်ပြီး ဒီဇိုင်းအဆင့်ကို စခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါက Website တွေမို့ ထားပါဦး။ ကွန်ပျူတာပေါ်မှာ ဒီဇိုင်းတွေ ဆွဲနိုင်ဖို့ အထောက်အပံ့ ပေးနေတဲ့ Photoshop လို Illustrator လို Software တွေမှာလည်း အနုပညာမြောက် ပစ္စည်းတွေ အပြင်မှာလို ဖန်တီးနိုင်အောင် စီစဉ်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနုပညာ ဓာတ်ခံ မရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့။

၂။ ဒီဇိုင်းတွေကို မချစ်တတ်ရင် ဖန်တီးဖို့ အရူးအအမူးမဖြစ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

တကယ့်ကို ဒေါင်ဒေါင်မြည် ဒီဇိုင်နာတွေဆိုတာ ဒီဇိုင်းတွေကို ချစ်တတ်ကြသလို ဖန်တီးဖို့လည်း  အရူးအမူး စိတ်အား ထက်သန်ကြပါတယ်။ ဒီဇိုင်းဖန်တီးနေတဲ့ အချိန်မှာ ထမင်းမေ့ဟင်းမေ့ လုပ်တတ်ကြပါတယ်။ ရူးသွပ်တယ် ဆိုတာ ကြိုက်တယ်၊ နှစ်သက်တယ် ဆိုတာထက် အများကြီး ပိုပါတယ်။ အဲဒီနေရာမှာ ရူးသွပ်မှု အဆင့်ကို ဘယ်လို တိုင်းတာမလဲ။ အဓိကက ဒီဇိုင်းသမားဟာ ဒီဇိုင်းဆွဲဖို့သာ အာရုံကျနေဖို့ပါ။ ဒီ ဒီဇိုင်းက ပိုက်ဆံ ဘယ်လောက် ရမှာလဲ၊ ဘယ်လောက် အထိလုပ်ရမှာလဲ၊ စသည်ဖြင့် တွေးမနေတတ်ပဲ ဒီဇိုင်းက ဒီဇိုင်းအတွက်၊ Art for Art Sake ဆိုသလို တွေးတော ဖန်တီးနေတာမျိုးပါ။ အဲဒီလို အရူးအမူး ဖြစ်နေမှသာ အသစ်တွေကို ဖန်တီးနိုင်သလို အသစ်တွေကို ဆာလောင်တတ်လာမှာ ဖြစ်ပါတယ်။

Art for art sake

အဲဒီအပြင် ကိုယ့်အနေနဲ့ ဒီဇိုင်နာ  တစ်ယောက် အရူးအမူးကို ဖြစ်ချင်နေဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဒီဇိုင်နာကောင်း တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

“လက်ကုန်သွားတယ်” ဆိုတဲ့ ပြဿနာဟာ ဒီဇိုင်နာတွေအတွက် အဓိက အတားအဆီး ဖြစ်ပါတယ်။ အဲဒီလို လက်ကုန်သွားတဲ့ အချိန်မှာ စာရေးတာပဲ ဖြစ်ဖြစ် ဒီဇိုင်းဆွဲတာပဲ ဖြစ်ဖြစ် ဘာမှ ရှေ့ဆက်လို့ မရ ဖြစ်သွားတတ်ပါတယ်။ အဲဒီလို လက်ကုန်သွားတဲ့ အချိန်မှာ လက်ပြန်တက်လာဖို့ အသစ်တွေကို ဆက်လက်ဖန်တီးဖို့ စောင့်ရတဲ့အချိန်ကို အတိအကျ ပြောလို့ မရတော့ပါဘူး။ အဲဒီလိုစောင့်ရင်း စောင့်ရင်း ပုံစံတူ ပရောဂျက် တစ်ခုများ ရောက်လာမလားလို့ တွေးရင် အချိန်တွေ ကုန်သွားတဲ့သူတွေ မနည်းပါဘူး။ အဲဒီလို လက်ကုန်ရခြင်း အကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အကြောင်းအရင်းတွေက အများကြီး ဖြစ်လာပါလိမ့်မယ်။ အနုပညာ လွပ်လပ်ခွင့်မရတာ၊ ကြေးစားဒီဇိုင်နာ ဆန်လာတာ၊ အသစ်တွေကို တွေးတောဖို့ အချိန်မရတာ၊ ဉာဏ်မကွန့်မြူးနိုင်တာ၊ ကျင်လည်နိုင်တဲ့ နယ်ပယ် ကုန်သွားတာ စသည်ဖြင့် အများကြီး ရှိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် ကိုယ့်ကို ပြန်လည် လက်တက်နိုင်ဖို့ အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးနိုင်ဖိို့ တစ်ခုတည်းသော နည်းကတော့ ရူးသွပ်မှု ပါပဲ။ အဲဒီအချိန်မှာ ရူးသွပ်တဲ့စိတ် ကို ပြန်လည်မွေးမြူဖို့ လိုပါတယ်။ အဲဒီလို မွေးလိုက်မှ ဘေးကနေ သက်ရောက်နေတဲ့ အတားအဆီးတွေကို ဖယ်ရှား နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဇိုင်းတွေကို မချစ်ရင် ဒီဇိုင်းတွေကို ဖန်တီးဖို့ မရူးသွပ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

၃။ လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူဆိုရင် ဒီဇိုင်နာ မလုပ်ပါနဲ့

ဒီဇိုင်နာတွေ အနေနဲ့ အာရုံစူးစိုက်မှု ရှိဖို့ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ တစ်ခုတည်း အပေါ်မှာ အာရုံစူးစိုက်မှု ရှိရှိ စျန်ဝင်စားပြီး လုပ်မှသာ ဒီဇိုင်းကောင်းတွေ ထွက်လာနိုင်ပါတယ်။ အဲဒီလို အာရုံစိုက်ပြီး ဒီဇိုင််းတွေကို ရေးဆွဲတဲ့အခါမှာလည်း တစ်ခါတစ်လေမှာ ၁၅ မိနစ်၊ နာရီ ဝက်နဲ့ ပြီးပြည့်စုံတဲ့ ဒီဇိုင်းတစ်ခု ထွက်လာနိုင်သလို တစ်ခါတစ်လေမှာ တစ်နှစ်၊ နှစ်ရက်၊ သုံးလေးရက် စသည်ဖြင့် အချိန်တွေ ကြာပြီး ဒီဇိုင်း ဖြစ်မလာတာလည်း ရှိတတ်ပါတယ်။ အဲဒီလို အချိန်မှာ လွယ်လွယ်နဲ့ လက်လျော့တဲ့သူ၊ အာရုံမစိုက်နိုင်တဲ့သူ အချိန်မပေးနိုင်တဲ့သူတွေ အနေနဲ့ ဘယ််လိုမှ ဒီဇိုင်းအလုပ် မလုပ်နိုင်ဘူးဆိုတာ အသိသာကြီး ဖြစ်ပါတယ်။

Give up

ကိုယ့်အနေနဲ့ ကြော်ငြာလုပ်ငန်းအတွက် ဒီဇိုင်နာလုပ်မယ်လို့ စိတ်ကူးထားသလား။ ဒါဆိုရင်တော့ အရောင်တွေချိန်းတာ၊ စွန်းထင်းနေတာတွေ ဖယ်ရှားတာ၊ တကယ့် အစစ်အမှန်အတိုင်း ဖြစ်အောင် ဖန်တီးတာ၊ ဖောင့်တွေမျိုးစုံသုံးတာ အရောင်းတွေ ကစားတာ စသည်ဖြင့် ပျင်းလောက်အောင် ထိုင်ပြီး လုပ်ရပါတော့မယ်။ တစ်ခါတစ်လေ ဒီဇိုင်းတစ်ခုကို တစ်ပတ်နဲ့တောင် မအပ်နိုင်တာမျိုးတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် အလုပ်မှာတော့ အချိန်ကန့်သတ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူ ဒီဇိုင်းနာလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

၄။ ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့

ဒါကတော့ ကိုယ့်အဖွဲ့ကလူတွေနဲ့ အဆင်ပြေရဲ့လား ဆိုတဲ့အပေါ် မူတည်ပါတယ်။ အဖွဲ့လိုက် လုပ်ကိုင်ဆောက်ရွက် တတ်ရဲ့လား။ ဒီမေးခွန်း ကတော့ လူတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ အလုပ်လုပ်ဖူးတယ် ဆိုရင်ပေါ့။ အဲဒီလိုပါပဲ ဒီဇိုင်နာ အလုပ်တွေမှာလည်း လူအများနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ လိုပါတယ်။ ဒါကတော့ ဒီဇိုင်နာ တော်တော်များများ ဘဝင်မကျနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီဇိုင်းဆွဲမယ်ဆိုရင် တစ်ယောက်တည်း ထိုင်ပြီးဆွဲချင် ကြပါတယ်။ ဒါပေမယ့် တကယ့် အလုပ်လောကမှာ အဲဒီလို လုပ်လို့ မရပါဘူး။ အပိုင်းလိုက် အကန့်လိုက် တာဝန်ယူကြရပါတယ်။ သူက Heading Design ကိုယ်က Body Design စသည်ဖြင့် တာဝန်ယူ  ရေးဆွဲကြရပါတယ်။ အဲဒီအခါမှာ ပူးပေါင်းဆောင်ရွက်မှု မရှိရင် တကယ်တန်း Product အဖြစ် ပြန်ပေါင်းတဲ့အခါ ဘယ်လိုမှပေါင်းလို့ ကိုက်မှာ မဟုတ်တော့ပါဘူး။ သူက Color Scheme တစ်မျိုး၊ ကိုယ်က Color Scheme တစ်မျိုးဆိုရင် ဘယ်လိုမှာ ပေါင်းလို့ရမှာ မဟုတ်ပါ။

Collaboration

ဒါပေမယ့် ဒီဇိုင်း အလုပ်တွေမှာ တစ်ခါတစ်လေ တစ်ဦးတည်း ကြိတ်ရတာတွေလည်း ရှိပါတယ်။ အဲဒီလို တစ်ဦးတည်း ကြိတ်ရတာလည်း ရှိသလို ပူးပေါင်းဆောင်ရွက် ရတာလည်း ရှိပါတယ်။ အဲဒီအတွက် ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ ပူးပေါင်းဆောင်ရွက် တတ်ဖို့ လိုလာတာ ဖြစ်ပါတယ်။

ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ ဆိုတဲ့နေရာမှာ ကိုယ့်ကို အလုပ်အပ်တဲ့သူတွေနဲ့ အဆင်ပြေတာ၊ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတာ စတဲ့အချက်တွေတင် ပြောတာ မဟုတ်ပါဘူး။ တကယ်တော့ ဒီဇိုင်းဆိုတာကလည်း အချင်းချင်း အပြန်အလှန် ဆက်သွယ်တဲ့ ကြားခံ ဖန်တီးမှု တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ပစ္စည်းတစ်ခုပဲလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းရင် ပေါင်းသင်းဆက်ဆံရေး သဘောတရားတွေကို နားလည်ရင် ဒီဇိုင်းကောင်းကောင်း ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့

၅။ ဝေဖန်မှုတွေ မခံနိုင်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့

လူတစ်ယောက်က ကိုယ့်အိမ်ထဲ ဝင်လာပြီး မင်း အခန်းကို ဒီလိုပြင်ပါလား၊ ဟိုလိုပြင်ပါလားနဲ့ ပြောရင် ဝေဖန်ရင်၊ ချက်ချင်း စိတ်တိုလာမှာ သေချာပါတယ်။ မခင်တဲ့သူဆို မျက်နှာကို လက်သီးနဲ့ ပိတ်ထိုး ပစ်ချင်စိတ် ပေါက်လာမှာ သေချာပါတယ်။ ဒါပေမယ့် ဝေဖန်ရေးဆိုတာ ဒီဇိုင်နာတွေ အတွက် မရှိမဖြစ် အရေးပါတဲ့ အရည်အသွေးထိန်းသိမ်းရေး၊ တိုးတက်ရေး အခန်းကဏ္ဍ ဖြစ်ပါတယ်။ အဲဒီလို ဝေဖန်တာကို ခံနိုင်မှလဲ တကယ့်ကို ကောင်းမွန်တဲ့ ဒီဇိုင်းတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

Craticism

လူတစ်ယောက်ရဲ့ အိုင်ဒီယာကို မကောင်းဘူးလို့ သွားပြောတာ တကယ်တော့ ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဝေဖန်မှုတိုင်းတော့ အလုပ်ဖြစ်မယ် တပ်အပ် မပြောနိုင်ပါဘူး။ ဝေဖန်မှုကို ကောင်းကောင်းမွန်မွန် တုန့်ပြန်တတ်ဖို့ လိုသလို ကိုယ်က ပြင်ဖို့ လိုနေရင်လည်း ပြုပြင်တတ်ဖို့ လိုပါတယ်။ ဒီလိုဆိုတော့လည်း ဝေဖန်လာတိုင်း လည်ပင်းကြောထောင်အောင် ပြန်ငြင်းခိုင်းတာ မဟုတ်ပါဘူး။ အကောင်းဆုံး ဒီဇိုင်းတစ်ခု ထွက်ပေါ်လာရေး  ဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး အလုပ်သဘော ဝေဖန်ဆွေနွေးကြတာကို ဆိုလိုပါတယ်။

အဲဒီလို ဝေဖန်မှုဆိုတာ ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်းတင် မဟုတ်ပါဘူး။ ကိုယ့်ကို အလုပ်အပ်သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာပါ အရေးပါ ပါတယ်။ ကိုယ်ကို လာအပ်တဲ့ Customer အနေနဲ့ ဒီဇိုင်း အလုပ်နဲ့ မရင်းနှီးနိုင်တာ အများကြီးပါမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ အလုပ်အပ်တာ ဆိုရင် ကိုယ့်က အကောင်းဆုံး ဆွဲထားပေမယ့် Customer အနေနဲ့ ဝေဖန်မှာ သေချာပါတယ်။ ဟိုဟာ ပြင်ခိုင်း ဒီဟာ ပြင်ခိုင်းတွေ ရှိလာပါလိမ့်မယ်။ အဲဒါအခါမှာ ကိုယ့်အနေနဲ့ ဝေဖန်မှုဒါဏ်ကို ခံနိုင်ရည်ရှိပြီး Customer နဲ့ ညှိနှိုင်းတတ်ဖို့ လိုပါတယ်။ အဲဒီလိုမှ မညှိနှိုင်းပဲ၊ နားလည်တာလဲ မဟုတ်ပဲနဲ့ လာဝေဖန်နေတယ်လို့ မြင်ရင်တော့ မျက်နှာကို လက်သီးနဲ့ ပိတ်ထိုး ပစ်ချင်စိတ်တွေ တစ်ဖွားဖွား ဖြစ်လာမှာ သေချာပါတယ်။

ကိုယ်က Customer နဲ့ တိုက်ရိုက် ထိတွေ့ရတာ မဟုတ်ပဲ၊ အထက်မှာ ဘော့စ်နဲ့ သွားရတာမျိုးဆိုရင်လည်း ဝေဖန်မှုက လွတ်မှာ မဟုတ်ပါဘူး။ ကိုယ်က အကောင်းဆုံး ဖြစ်အောင် တစ်နေ့လုံး တစ်ညလုံးဆွဲထားတဲ့ ဒီဇိုင်းကို ဘော့စ်က အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ အဲဒီအခါမှာ ဟိုဟာ မလုပ်နဲ့ ဒီဟာလုပ် စတဲ့ ညွှန်ကြားချက်တွေ ရလာနိုင်ပါတယ်။ အဲဒီအခါ ဝေဖန်မှုကို ခံနိုင်ရည် မရှိရင် မလွယ်ပါဘူး။ ဒီတော့ ဝေဖန်မှုဆိုတဲ့ အပူဒါဏ်ကို ခံနိုင်ရဲ့လား၊ မခံနိုင်ရင်တော့ ဒီဇိုင်နာ မလုပ်ပါနဲ့

ဆက်ပါဦးမယ် …

reference: 10 reasons you shouldn’t be  a designer

Facebook comments:

10 Responses

  1. SYKO says:

    Original ကို ဖတ်မိပြီးကတည်းက Designer လုပ်ချင်တဲ့ ညီမကို ပေးဖတ်သေးတယ်။
    English လိုကြီးမို့လို့ မဖတ်ချင်ဘူးဆိုလို့ ၊ အတင်းဖတ်ခိုင်းပေမယ့်လည်း မထိရောက်ပါဘူး။
    ကိုယ်တိုင်ဘာသာပြန်ပေးဖို့ကျတော့လည်း ၊ ကို သီဟ တို့လောက် အရေးအသားမကောင်းဘူး။
    အခု ဘာသာပြန်ထားတော့ ကျေးဇူးပါဗျာ….
    ပေးဖတ်လိုက်ပါဦးမယ်။

    • Thiha says:

      မတွေ့တာကြာပြီနော် စာမေးပွဲဖြေနိုင်လားဗျ

      • SYKO says:

        ဟုတ်ကဲ့။ ဒီဘက် မရောက်ဖြစ်လို့ပါ… FB မှာတော့ ရှိနေတတ်တယ်။ :D
        စာမေးပွဲက ဖြေရသေးဘူးဗျ.
        လာမယ့် ၁၆ ရက်နေ့ ဖြေရမှာ… (စာလည်းခုထိ ဟုတ်တိပတ်တိ ရသေးပါဘူးဗျာ။)
        ဒီဘက် လောကကို မျက်ကွယ်မပြုနိုင်ဘူး ဖြစ်နေတယ်… :D

  2. fokhwar says:

    ဒီဇိုင်နာလုပ်ဖို့ တော်တော်ခက်မယ်ဆိုတာ အစောကြီးကတည်းက ရိပ်မိပါတယ် Programming ကပေးတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ရင်ပြီးတယ်လေ ဒီဇိုင်းကျတော့ စဉ်းစားပြီးလုပ်ရတာမှမဟုတ်တာ ကိုယ့်အမြင် သူ့အမြင် တွေ အနုပညာအမြင်တွေ လို်တယ် ဒီပို့စ်တွေကို Photoshop နဲ့ပုံပြင် တတ်ရင် ဒီဇိုင်နာဖြစ်ပီလို့ မှတ်ထားတဲ့လူတွေ ဖတ်သင့်ပါတယ်။

  3. wayne says:

    @saturn
    keyboard လေးပေါ်ရိုက်တက်ဖို. ၁ဝ နှစ် ၁ဝ နှစ်
    :P

  4. thettun says:

    ကျွန်တော့်အတွက်တော့ ဒီပို့စ်လေးဖတ်ရတာ အများကြီးအကျိုးရှိစေလို့ ကျေးဇူးအများကြီးတင်ပါတယ် ကို Thiha ခင်ဗျာ

  5. Wai Yan says:

    မြန်မာပြည်က ကျွန်တော့် အသိတွေ လာမေးကြတယ်။
    ဒီဇိုင်နာလုပ်ချင်တယ်တဲ့။ ဘာတွေလုပ်ရမလဲတဲ့။ php ဆိုတာလဲ တက်နေတယ်တဲ့။ ပြောဖို့တော့ နည်းနည်း ခက်တယ်။

    ဘယ်ဒီဇိုင်နာလိုင်းကို လုပ်ချင်တာလဲ။ ကျွန်တော်မှန်းလို့ ရသလောက် အများစုကတော့ web designer ကိုပြောကြတာဖြစ်မယ်။ အဲဒီတော့ web design အတွက်ဆိုရင် PHP တို့ဘာတို့ကို အရင်လေ့လာစရာမလိုဘူး။ အဲဒါကနောက်ပိုင်း။ အရေးကြီးတာက ခုခေတ် web design တွေဘယ်လိုရှိသလဲ၊ Photoshop ကိုဘယ်လောက် ကျွမ်းကျင်အောင် သုံးနိုင်သလဲ၊ HTML & CSS အခြေခံလောက်သိသလား၊ အဲဒါတွေထက်အရေးကြီးတာ article ထဲမှာပြောထားသလို creative idea ကောင်းကောင်းရှိထားဖို့ လိုတယ်။

    နောက်တစ်ခု အရေးကြီးတာက English လိုရေးထားတဲ့ article တွေကိုလည်း တတ်နိုင်သလောက် ဖတ်ဖို့ပေါ့။

  6. [...] ဒါဖတ်ပြီးမှ ဒီဇိုင်နာလုပ်ပါ ဆိုတဲ့ ပထမပိုင်းကို [...]

Leave a comment


*