အင်တာနက်မှာ အရောင်းမြှင့်တင်ပါ (၂)

၃။ သူ့ဆီလည်း ရေး၊ ကိုယ့်မှာလည်း ပြန်တင်

အခြား Joint Blog တွေမှာ ဝင်ရောက်ရေးသားခြင်းဟာလည်း အရေးပါတဲ့ ပရိုမိုးရှင်း တစ်ခုပါပဲ။ အဲဒီလို ဝင်ရောက်ရေးသားခြင်း အားဖြင့် သင့်နာမည်ကို လူသစ်တွေက သတိထားမိစေပါတယ်။ ကိုယ်ကလည်း သူများ ဘလော့မှာ သွားရေး သူများရေးမယ်ဆိုရင်လည်း ဖိတ်ခေါ်ဖို့ လိုပါတယ်။ နောက်ထပ်ကောင်းတဲ့ အလေ့အထ တစ်ခုကတော့ သူများရေးထားတဲ့ ကောင်းနိုးရာရာ အကြောင်းတွေကို ကိုယ့် ဘလော့မှာ ပြန်တင်ဖို့ ပါပဲ။ အချင်းချင်း အပြန်အလှန် ချိတ်ဆက်ထားဖို့လည်း လိုပါတယ်။ မှတ်ချက်လေးတွေလည်း သူတစ်ပါးကို ချီးမြှင့်ပေးမှ ကိုယ်ဆီလည်း သူတစ်ပါးက မှတ်ချက်လေး တွေ ချီးမြှင့်မယ် ဆိုတာ မမေ့ပါနဲ့။

မှတ်ချက်လေးတွေထက် ပိုပြီး ထက်မြက်တဲ့ နည်းလမ်းကတော့ Review တွေ ရေးပေးတာ၊ ရေးခိုင်းတာ ဖြစ်ပါတယ်။ ကိုယ်ရေးထားတာတွေကို Review တွေ ရေးပေးဖို့ အကူအညီတောင်းမယ်။ သူများရေးထားတာတွေကိုလည်း ကိုယ်က Review ရေးပေးပါ။

၄။ အချင်းချင်း အင်တာဗျူးပါ

သူများကိုလည်း အင်တာဗျူးပါ။ ကိုယ့်ကိုလည်း အင်တာပြန်ဗျူးခိုင်းပါ။ အဲဒီလို အင်တာဗျူးတဲ့ နေရာမှာ စာနဲ့ပဲ ဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲ ဖြစ်ဖြစ်၊ ဒီထက် တတ်နိုင်ရင် ဗီဒီယို အနေနဲ့ပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ အဲဒီလို အင်တာဗျူးတဲ့ နေရာမှာ ကိုယ့်က သူများကို ဗျူးမယ်ဆိုရင် သူ့ ဘလော့လိပ်စာနဲ့ သူ့အကြောင်း အကျဉ်းလောက် ကိုယ့်ဆိုက်မှာ တင်ပေးဖို့ မမေ့ပါစေနဲ့။ အဲဒီလိုပဲ ကိုယ့်ကို အင်တာဗျူးတဲ့ အခါမှာလည်း အပြန်အလှန်အားဖြင့် ကိုယ်အကြောင်း အကျဉ်း၊ ကိုယ့်ဆိုက် လိပ်စာ စသည်ဖြင့် ထည့်သွင်းပေးဖို့ တောင်းဆိုရပါမယ်။

၅။ List ပရိုမိုးရှင်း

Mailing List လို့ လူသိများပါတယ်။ ကိုယ့်ဆိုက်မှာ လာကြည့်တဲ့သူတွေကို အီးမေးလ်တွေ ထားခဲ့ခိုင်းပြီး ကိုယ့်ဆိုက်မှာ အပြောင်းအလဲ တစ်ခုခုရှိတာနဲ့ အကြောင်းကြားပေးတဲ့ စံနစ်မျိုးပါ။ ဒီလို Mailing List တွေ ကိုယ့်အကြောင်းအရာတွေကိုပဲ ပို့ပေးနေတာထက် linked blog တွေထဲက ကိုယ်နဲ့ ချိတ်ဆက်ထားတဲ့ ဘလော့တွေက ဟာတွေကိုပါ ပို့ပေးနိုင်ဖို့ လိုပါတယ်။ ကိုယ့် ဘလော့ရဲ့ Side Bar မှာလည်း သူတို့တွေ ဘာတွေ လုပ်နေတယ်။ ဘာတွေရေးနေတယ် ဆိုတာတွေ သိနိုင်အောင်လည်း ဆောင်ရွက်ပေးထားပါ။ RSS Feed လိုမျိုးတွေနဲ့ ချိတ်ဆက်ထားပါ။

၆။ Product အချင်းချင်းချိတ်ဆက်ထားပါ

ဒါကတော့ Product တစ်ခုကို ကြော်ငြာတော့မယ်ဆိုရင် အဲဒီ Product နဲ့ တူတဲ့အခြား Jointed Blog တွေက Product တွေနဲ့ ချိတ်ဆက်ထားဖို့ ပါ။ Product ဆိုတဲ့နေရာမှာ Audio တွေ၊ Video တွေ၊ e-book တွေလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက သူထုတ်ထားတဲ့ Product နဲ့ ကိုယ့် Product ပေါင်းစပ် အသုံးချတာ မျိုးပါ။ ဥပမာအနေနဲ့ သူက Wallpaper တစ်ခုပေးထားတယ် အဲဒါကို ကိုယ်က ကိုယ့် Web Site မှာ ယူသုံးတာမျိုးပါ။ အဲဒီလို ယူသုံးတဲ့အခါမှာလည်း သူ့ကို အသိအမှတ်ပြုဖို့ လိုပါမယ်။ ကိုယ့်ဆီက Product တွေကို ယူသုံးစေတဲ့ အခါမှာလည်း ကိုယ့်ကို အသိအမှတ်ပြုဖို့ လိုပါမယ်။ အချင်းချင်း Mutual Trust ရှိဖို့ပါ။

၇။ သူ့ဆီမှာလည်း ကိုယ့်လင့်ထည့် ကိုယ့်ဆီမှာလည်း သူ့ လင့်ထည့်

ဒါကတော့ လူတိုင်းသိပြီးသား နည်းစနစ်တစ်ခုပါ။ ကိုယ်ကလည်း Partner Blog တွေရဲ့ လင့်တွေကို ထည့်ထားပေးပါ။ သူတို့ကလည်း ကိုယ့်ဆိုက်ရဲ့ လင့်ကို ထည့်ပေးဖို့ တောင်းဆိုပါ။ ကိုယ့်ဆီမှာ လင့်တွေထည့်တဲ့အခါ ဖြစ်နိုင်သမျှ တူရာတူရာ စုထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှလည်း ကိုယ့်ဆိုက်ကို လာကြည့်သူတွေအတွက် လွယ်လွယ်ကူကူနဲ့ ရှာနိုင်မှာဖြစ်ပါတယ်။

၈။ အခြားသူတွေရဲ့ Projects တွေမှာ ပူးပေါင်းဆောင်ရွက်ပါ

ဒါကတော့ အမြင့်ဆုံး ပူးပေါင်းဆောင်ရွက်မှု လို့ဆိုရမှာ ဖြစ်ပါတယ်။ တစ်ခြားသူတွေရဲ့ Project တွေမှာလည်း ဝင်ကူညီ၊ ကိုယ့် Project မှာလည်း သူတစ်ပါးကို ကူညီဆောင်ရွက်ခွင့် ပေးခြင်းမျိုးကို ဆိုလိုပါတယ်။ ပိုက်ဆံရတဲ့ Project တွေမှာ ဆိုရင်တော့ အကျိုးအမြတ် ခွဲဝေတဲ့နေရာမှာ တိကျတဲ့ သတ်မှတ်ချက်တွေ ရှိဖို့ လိုပါမယ်။ စိတ်တူကိုယ်တူ လုပ်နိုင်ကြရင်တော့ အချိန်ကုန်လည် သက်သာ Project များများလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက တစ်ယောက်က လုပ်ထားလို့ အောင်မြင်သွားတဲ့အခါ အသိအမှတ်ပြုဖို့ပါ။ ဘယ်သူကတော့ဖြင့် ဘာလုပ်ထားပါတယ်။ သွားကြည့်ပါဆိုပြီး ညွှန်းပေးတာမျိုးတွေပါ။ သူတို့ကလည်း ကိုယ့်ကို ပြန်ညွှန်းပေး ပါလိမ့်မယ်။

ဒီအချက်တွေ အား။လုံးကတော့ ပူးပေါင်းဆောင်ရွက်မှုတွေပါပဲ။ ပူးပေါင်းဆောင်ရွက်မှုကောင်းလေ ပရိုမိုးရှင်းလည်း ကောင်းလေ ဖြစ်မှာပါ။

sixrevisions မှ 8 ways to promote your work through internet collaboration ကို နားလည်သလို ပြန်ရေးထားပါတယ်။

Facebook comments:

One Response

  1. NaiNai says:

    ကိုသီဟ အိုက်ဒီယာလေးတွေကောင်းတယ်ဗျာ အဲဒီလိုမျိုးလေတွေကို နောက်ထပ်ရေးပေးပါဦးလို့တောင်းဆိုပါတယ် ကျွန်တော့်ရဲ့ ဘာမဟုတ်တဲ့ ဘလော့လေးကိုလဲ အလည်ဖိတ်ခေါ်သွားပါတယ် http://www.royalcherry.blogspot.com ပါ အစ်ကိုကိုလည်း ဝင်ရောက်ရေးသားစေလိုပါတယ်ဗျာ ပြီးရင် လိုအပ်ချက်တွေကိုလည်း ပြောပေးခဲ့စေလိုပါတယ် ကျေးဇူးတင်လျှက်

Leave a comment


*