တံခါးတွေ ဖွင့်ပေးပါ

ကျွန်တော် မနေ့က Eleven Media Group နှစ်ပတ်လည် အစီအစဉ်မှာ စီအီးအို ပြောသွားတဲ့ စကားတစ်ခွန်းကို အမှတ်ရပါတယ်။ တရုပ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ရဲ့ စကားကို ပြန်ညွှန်းသွားပါတယ်။ တံခါးတွေကို ဖွင့်လိုက်မယ်ဆိုရင် လေကောင်းလေသန့်တွေနဲ့အတူ ဖုန်မှုန့် တွေလဲ ဝင်လာတာကို သတိထားရမယ်လို့ ဆိုမိန့်ခဲ့ပါတယ်။ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်က တံခါးတွေကို ဖွင့်လိုက် ပိတ်လိုက် လုပ်မယ်ဆိုရင် ဖုန်မှုန့်တွေပဲ​ ဝင်လာမှာ ဖြစ်ကြောင်း၊​ နောက်ပြီး နည်းနည်းလေးပဲ​ ဖွင့်မယ်ဆိုရင်လဲ လေကောင်းလေသန့်တွေ ဝင်ဖို့ရာ အကြောင်း မရှိကြောင်း ထောက်ပြသွားပါတယ်။

ကျွန်တော် တစ်နေ့က CSS Tricks က Screencast တစ်ခုကို ကြည့်ဖြစ်ပါတယ်။ အဲဒီ Screencast မှာ တင်ဆက်သူက သူပြောနေတဲ့ သင်ခန်းစာကို Hosting နဲ့ တိုက်ရိုက်ချိတ်ပြီး ပြောနေပါတယ်။ အဲဒီလို ပြောနေရင်း ခဏတစ်ဖြုတ် ရပ်သွားတဲ့အခါ သူ့မှာ စိတ်မရှည်နိုင် ဖြစ်ပြီး ၏Hosting Provider ကို ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပါတယ်။ ကျွန်တော်လဲ သူ့ကို ထိုင်ကြည့်ပြီး အော် သူတို့တွေများ ဒီလောက်လေးနဲ့ စိတ်တိုတတ်ရန်ကောလို့ စိတ်ထဲမှာ တွေးမိပါတယ်။ ကျွန်တော်တို့မှာ သူတို့ Screencast ကို ကြည့်နိုင်ဖို့ အရေး သုံးရက်လောက် အချိန်ယူပြီး ဒေါင်းရပါတယ်။ ဒါတောင် တော်တော်လေးကို စိတ်ရှည် သည်းခံပြီး ဒေါင်းရပါတယ်။

နောက်တော့ ကျွန်တော်သူညွှန်းတဲ့ Website တစ်ခုကို ဝင်ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော် တစ်ခုအံ့ဩသွားတာက အဲဒီ Website က Access Denied ဆိုပါလား။ အဲဒါနဲ့ မဟုတ်သေးပါဘူးဆိုပြီး မရရအောင် သွားကြည့်တော့ ပိတ်လောက်စရာ ဘာအကြောင်းမှ မရှိတာ တွေ့ရပါတယ်။ အဲဒါကို ဘာဖြစ်လို့များ ပိတ်ထားရသလဲ။ ကျွန်တော် မတွေးတတ်အောင်ပါပဲ။ ကျွန်တော် သိသလောက် List တွေ ထုတ်ပြရမယ်ဆိုရင်

1st Web Designer – http://www.1stwebdesigner.com/
Mac App Storm – http://mac.appstorm.net/
Desizntech – http://www.desizntech.info/
Web Designer Help – http://www.webdesignerhelp.co.uk/
WP Beginner – http://www.wpbeginner.com/

ဒါတွေကတော့ ကျွန်တော် သိသလောက် ထုတ်ပြတာ ဖြစ်ပါတယ်။ စာဖတ်သူများ အနေနဲ့ အဲဒီလို ဘာမှ မဆိုင်ပဲ ပိတ်ခံထားရတာတွေကို ဒီနေရာမှာ မှတ်ချက်ပေးပြီး ပြောပေးစေလိုပါတယ်။ အဲဒီလို ဘာမှမဆိုင်ပဲ အပိတ်ခံထားရတာတွေက ကျွန်တော်တို့အတွက် တကယ့်ကို အဓိကကျတဲ့ နည်းပညာဆိုင်ရာ Resources တွေ ဖြစ်နေပါတယ်။

တစ်ခါတစ်ရံမှာ ဖုန်မှုန့်တွေ ဝင်မှာစိုးတဲ့အတွက် တံခါကို ပိတ်ထားတဲ့အခါ လေကောင်းလေသန့်တွေရဲ့ အရသာကို ဘယ်လိုမှ မသိနိုင်တော့ပါဘူး။ အဲဒီထက်ဆိုးတာက နည်းနည်းလေး ဖွင့်ထားမယ် ဆိုရင် ပိုဆိုးပါတယ်။ လေကောင်းလေသန့်တွေဆိုတာ ဖုန်မှုန့်တွေကို ဖယ်ရှား သုတ်သင်နိုင်စွမ်းရှိပါတယ်။ အဲဒီလို အစွမ်းအစတွေက မပွင့်တပွင့်လေး ဖွင့်ထားရုံနဲ့ ရလာမှာ မဟုတ်ပါဘူး။ နောက် ဖုန်မှုန့်တွေဆိုတာ ချောင်ကြိုချောင်ကြားက ဝင်နိုင်စွမ်းရှိတဲ့အတွက် နည်းနည်းလေးဖွင့်ထားရုံနဲ့ အထဲမှာ ဖုန်တွေ ပြည့်လာပါလိမ့်မယ်။
နောက်တစ်ဖက်က ကျွန်တော် ခံစားချက်ကို ပြောရမယ်ဆိုရင် ကျွန်တော်အွန်လိုင်းမှာ တစ်ခုခု ဝယ်ချင်တဲ့အခါ (ဥပမာ – e-book) တစ်ခုမှ ၁၀ ဒေါ်လာလောက် ပေးရတဲ့ဟာကို ဘယ်လိုမှ ဝယ်လို့ မရပါဘူး။ ဝယ်လို့လဲ တန်ပါတယ်။ ဘယ်လိုမှ ဝယ်ခွင့်မရှိပါဘူး။ ဒါကတော့ တစ်ဖက်က တံခါးပိတ်ထားတဲ့အတွက်ပါ။ သူတို့ဖက်ကလဲ တံခါးပိတ်တယ်။ ကျွန်တော်တို့ဖက်ကလဲ တံခါးတွေကို မပွင့်တပွင့်လေး ပိတ်ထားတယ်။ ကျွန်တော်တို့က ကြားကနေ မြေဇာပင်ဖြစ်ပြီး အင်မတန် စိတ်ပျက်စရာ ကောင်းပါတယ်။

ဘာပဲလိုလို Google မှာရှာလို့ ရနေတဲ့ ခေတ်ကြီးမှာ ကွန်နက်ရှင်ကြောင့်၊​ တံခါးတွေကြောင့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေရပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ပေါ်လစီရေးရာတွေ အပေါ်မှာ ဘယ်လိုမှ မခံစားမိပေမယ့် ကျွန်တော်တို့တွေရဲ့ တိုးတက်လမ်းတွေ ဖြစ်တဲ့ အွန်လိုင်းပေါ်က သင်ယူစရာတွေ အတွက်တော့ အင်မတန်မှ မခံချိမခံသာ ဖြစ်ရပါတယ်။

တစ်ဖက်က တံခါးပိတ်ထားတာကို တစ်ဖက်ကလဲ တံခါးပိတ်ပြီး တုန့်ပြန်လို့ မရပါဘူး။ တံခါးကို ဖွင့် လေကောင်းလေသန့်တွေရဲ့ အားသာချက်တွေကို ရယူခံစားပြီး ရင့်ကျက်မှုကို ပြသရပါမယ်။ ကျွန်တော်တို့ ဘာမှ မတတ်နိုင်တဲ့ ကိစ္စတွေအတွက် ကံစီမံရာအတိုင်းဆိုပြီး သတ်မှတ်လို့ရပေမယ့် ကျွန်တော်တို့အတွက် မပိတ်သင့်တာတွေကို ပိတ်ထားတာကတော့ ခုလို အချိန်မှာ ဘယ်လိုမှ မဖြစ်သင့်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အတွက် တံခါးတွေကို ဖွင့်ပေးပါ။ ကျွန်တော်တို့ လေကောင်းလေသန့်တွေကို တစ်ဝကြီး ရှုရှိုက်ပါရစေ။

Facebook comments:

18 Responses

  1. rlay says:

    အာ တံခါးက ပျက်နေတာ ကြာပြီရယ် :D

  2. အဲလိုက ဖြစ်နေကျပါ။
    တစ်ခါတုန်းက မြန်မာနည်းပညာဆိုက်တစ်ခု အဲလိုပိတ်ခံထိထားလို့ ကျမလဲ မေးကြည့်ဖူးပါတယ်။ ဘာနဲ့ငြိလို့လဲဆိုတော့ ဘာနဲ့မှမငြိပါဘူး စီဘောက်စ်ပါလို့ပါတဲ့။
    စီဘောက်စ်မှာလဲ တခြားမဆိုင်တဲ့ ဘာကွန်းမန့်မှမမန့်ကြပါဘူး။
    ပြီးတော့လူ၀င်များလို့ပါတဲ့ရှင့်။ တော်တော်အံ့သြစရာကောင်းတဲ့အဖြေတွေပြန်ရခဲ့ပါတယ်။
    ဖုန်းကိုင်ပြီးလူတောင် တော်တော်ကြောင်သွားမိတယ်။

  3. hein zaw htet says:

    အင်း ။ သွားပြောနေရင် Myanmar Tutorials ပါ ပိတ်ခံနေရ ဦး မယ်။

  4. Thiha says:

    ကျွန်တော်ကတော့ လှောင်အိမ်ထဲက မျောက်အဖြစ်မခံနိုင်ဘူးဗျာ …ပြောစရာရှိ ​ပြောရမှာပဲ … ပိတ်ခါမှ ပိတ်ရော … ဟီးဟီး

    • Hein Zaw Htet says:

      အဲလိုစိတ် ဓာတ်ကိုႀကိဳက်တာ ။ ဘာပဲပြောပြော ကျွန်တော်တင်တဲ့ ဆိုက်ကျရင်တော့ အဲဒီလိုလုံး၀ လုပ်ရဲမာ ဟုတ်ဘူး။

    • Hein Zaw Htet says:

      အဲဒီလို စိတ်ဓာတ်ကို ႀကိဳက်တော့ႀကိဳက်တယ်။ ကျွန်တော့် ဆိုက်တင်ရင်တော့ အဲဒီလိုလုပ်ရဲမာ မဟုတ်ဘူး။

  5. ZARNI says:

    တံခါးတွေကိုဖွင့်ဖို့ဆိုတာ ပွင်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တွေရှိရပြီး မှန်ကန်တဲ့သဘောထားအမြင်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်လည်းရှိရမယ်။
    ကျွန်တော်ထင်ပါတယ် နည်းပညာဆိုင်ရာ website တွေကိုပိတ်တာကလည်း မမှန်ကန်တဲ့သဘောထားတွေရှိလို့ပါပဲ။

  6. m0rRis says:

    wordpress theme ဆိုပြီး google မှာရှာလိုက်တာ ပထမဆုံးစာမျက်နာမှာတင်အဲဒီနှစ်ခုဘန်းထားပါတယ်။ ကျန်တာတွေကနောက်မှထပ်တင်ပေးဦးမယ်

    http://www.wordpressthemes.com/
    http://www.elegantthemes.com/

  7. InLayMinTher says:

    ကောင်းတယ်ဗျာ.. ခုလိုရေးလိုက်တာ
    ကျွန်တော်ဖက်ဖူးတဲ့ ဂျာနယ််ပေါ်ကဆောင်းပါးတစ်ပုဒ်နဲ့ကတော့ ဆန့်ကျင်ဖက်ပဲဗျာ… ကောင်းတယ်် အားပေးနေပါတယ် ဆက်ရေးပါဦးဒီလိုလေးတွေ Myanmar Tutorials အပိတ်ခံရလည်း ကျွန်တော်တို့ရအောင်ကျော်ခွပြီးလာဖတ်မယ် :D

  8. aung myo says:

    မင်္ဂလာပါ ကိုသီဟ
    ကျွန်တော်တို့တွေလည်း နည်းပညာရဲ့အသီးအပွင့်တွေကို လူတိုင်းတန်းတူပြည့်ပြည့်၀၀ခံစားရမယ့်နေ့ကို မျှော်လင့်နေကြတဲ့သူတွေပါပဲ (ကြီးကျယ်တာတော့မဟုတ်ပါ) နောင်အနာဂတ်မှာ ကျွန်တော်တို့တိုင်းပြည်နောက်ကျကျန်မနေခဲ့ရအောင် ခုကတည်းကနည်းပညာအရွေ့တစ်ခုကို လူတိုင်းလူတိုင်း ပြည့်၀စွာအသုံးချခွင့်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေဟာလေကောင်းလေသန့် ကိုအပြည့်အ၀ရှူလိုက်ရသလိုမျိုးပေါ့ပါးလန်းဆန်းလာမှာအမှန်ပါပဲ။ တိုင်းပြည်အတွက်လည်းတကယ့်ကိုအကျိုးရှိလာမှာအမှန်ပါပဲ။
    ကျေးဇူး
    မြန်မာကျူတိုရီရယ်

  9. reader says:

    Quote–”ကျွန်တော်ထင်ပါတယ် နည်းပညာဆိုင်ရာ website တွေကိုပိတ်တာကလည်း မမှန်ကန်တဲ့သဘောထားတွေရှိလို့ပါပဲ။”
    I think upper management of the ICT Operations does not really know much about technical things,no offence though. The unnecessary blockings to resources are planned and done by the technical level staffs. Let me vent off some steam about it. They claim themselves some sort of professionals,they are competent to certain degree of expertise,but the real problem,attitude and mindset of them indicates they do not want to see others to learn,use and acquire skills by accessing these resources. It is very narrow minded and unacceptable behaviour in any field or society.More disturbing fact may be they do have access to themselves while getting in the way of others who actually want to learn. Also as usual burmese mindset of jealousy and egoistical issues are playing catalysts. I do not have any personal beefs to them,as none applies to me. But I really sympathize for anyone who must put up with obstacles,imagining that how do I feel what if this occur to me?

  10. IT world says:

    Hi Ko Thiha,

    I got this experience . But I spoke with our boss and to open for myself. Because I am a developer and I need to get the resources from net. Then they opened all for myself.
    So, pls don’t worry and they will open for you. My org also very big corporate ltd in SG :D

    Best Wishes!

  11. frozencity says:

    http://en.saturngod.net ပိတ်တယ်ဗျာ
    http://www.htootayzar.com ပိတ်တယ်ဗျာ
    Wordpress ကို .org ရော .com ပါပိတ်တယ်ဗျာ။
    Blogger ပိတ်တယ်ဗျာ။
    ကုန်ကုန်ပြောမယ်ဗျာ.. ဘာမှမဆိုင်တဲ့ http://www.naruto-wallpaper.net/ ပိတ်တယ်ဗျာ။

    bbc ၊ voa ထားဦး၊ cnn ပိတ်တယ်ဗျာ။

  12. @reader

    သေချာပါတယ်။ ကျွန်တော်လည်းအဲဒီလိုထင်တာပါပဲ။ အထက်ကလူကြီးကတော့
    1stwebdesigner.com ကိုတော့ ပိတ်လိုက်ဟေ့ လို့တော့ပြောမှာမဟုတ်ပါဘူး။ ပြောလည်းပြောစရာမရှိပါဘူး။ အဲဒီဆိုဒ်မှာက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ content တွေလည်းရှိတာမဟုတ်ဘူးလေ။ အောက်ကလူတွေကသာ ဟိုဟာပိတ်လိုက် ဒီဟာပိတ်လိုက်လုပ်နေတာပါ။ ခက်တာက သူတို့လုပ်သမျှကိုအထက်ကလူတွေမသိပါဘူး။

    • Hein Zaw Htet says:

      အကိုပြောတာ ဟုတ်တယ်ဗျ။ ၀ဘ်ဆိုက်တစ်ခုကို လွယ်လွယ်ကူကူ Ban နေတယ်။ မ Ban ခင် Site Creator ကို ဆက်သွယ်ၿပီး ဘာအချက်တွေနဲ႔ ညိနေတယ်လို႔ သတိပေးရင်တော်သေး။

  13. Jia_Li says:

    ပိတ်ထားတဲ့ ဆိုဒ်တွေ ပြောရင်ကုန်မှာတောင် မဟုတ်ဘူး .. သူတို့ပိတ်ထားလို့ကြည့် လို့မရဘူးတော့မဟုတ်ပါဘူး ဒါပေမယ့် connection ကမကောင်းတဲ့ကြားတည်း ကျော်ရခွရဆိုတော့အဆင်မပြေဘူးပေါ့ အချိန်လည်းပိုကုန်တာပေါ့ .. နည်းပညာဆိုဒ်တွေဘာလို့ပိတ်လည်းဆိုတာ စဉ်းစားလို့ကိုမရဘူး .. သိရက်သားနဲ့ပိတ်တာလား .. အပေါ်မှာတစ်ယောက်ပြောထားသလို အားလုံး သိမ်းကျုံးပြီးပိတ်လိုက်လို့ပါသွားတာလားတော့မပြောတတ်ဘူး ..

    “ဘာပဲလိုလို Google မှာရှာလို့ ရနေတဲ့ ခေတ်ကြီးမှာ ကွန်နက်ရှင်ကြောင့်၊​ တံခါးတွေကြောင့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေရပါတယ်။” ဆိုလို့ barcamp ပြီးသွားတော့ barcamp ကိုတက်ခဲ့တဲ့ Foreigner တစ်ယောက်သူ့blog မှာရေထားတာကို သွားသတိရမိတယ် ..
    သူရေးထားတာက “Google search was also fast, but none of the sites in the results seemed to open.” http://bit.ly/fxd7HI
    မှန်သလားမပြောနဲ့ .. တစ်ခုခုရှာလိုက်ပြီဆိုရင် တစ်ကယ်အသုံးဝင်တဲ့ link တွေကအများစုကဖွင့်လို့မရတာကများပါ့ ..

  14. ကလေး says:

    အဲတခုပြောမယ်
    အခု ပိတ်တယ်လို့ပြောနေ တဲ့ website တော်တော်များများက Myanmar Info Tech ထဲက MPT လိုင်းယူထားတဲ့ အခန်းတွေထဲမှာတော့ မပိတ်ဘူးဗျ ဘာမှမကျော်ဘဲဝင်ကြည့်လို့ရတယ်။ WordPress နဲ့ Blogger ကတော့ဒီမှာ လဲဖွင့်လို့မရဘူး။MPT ရုံးချုပ်တွေမှာကျတော့ ဘာပဲဖွင့်ဖွင့် ဖွင့်လို့ရနေတဲ့ပြင် Connection ကပါပေါ့ရွှတ်နေပြန်ရောဒါနဲ့ တခုပြီးတခု ပိတ်နေတယ်သာဆိုတယ် http://www.blinkhackergroup.net/ ကျတော့မပိတ်ပြန်ဘူးဗျာ။

  15. Yan Naing says:

    24, Aug 2011
    Mediafire လည်းပိတ်ထားပြန်ပြီဗျာ။

Leave a comment


*