PHP vs ASP.Net
Web Developer ဖြစ်ဖို့ဘယ် programming language ကို လေ့လာရင်ကောင်းမလဲ ဝေခွဲမရဖြစ်နေတယ်။ PHP developer ကိုသွားမေးတော့ PHP ကောင်းတယ် အဲဒါလေ့လာတဲ့ ASP သမားမေးပြန်တော့ ASP က အကောင်းဆုံးတဲ့။ ဒီတော့ PHP သမားကော ASP သမားကော မဟုတ်တဲ့သူကိုမေးပြန်တော့လဲ အဖြေမထွက်ခဲ့ဘူး။ ဒါနဲ့ မဟုတ်သေးပါဘူး သေချာအောင် research လုပ်မှာပဲဆိုပြီ net ပေါ်ရောက်လာခဲ့တယ်။
Microsoft ရဲ့ ပထမဆုံး server-side script-engine ကို dynamic web page တွေ ရေးဖို့ အတွက် ဖန်တီးခဲ့တယ်လို့သိရတယ်။ Active Server Pages (ASP) version 1.0 ကို IIS 3.0 နဲ့ တွဲ ပြီး ၁၉၉၆ ခုနှစ် နှစ်ကုန်ခါနီးလောက်မှ release လုပ်ခဲ့တယ်။ Internet Information Services (IIS) ကို Microsoft က web server အဖြစ် သုံးဖို့ Windows NT 3.51 မှာ free add on အဖြစ် IIS 1.0 ကို ၁၉၉၅ ခုနှစ် လောက်က ထည့်သွင်းပေးခဲ့တယ်လို့ပြောရမှာပါ။ ယနေ့ web server တွေထဲမှာ ဒုတိယ နေရာမှာပဲ ရပ်တည်နေတဲ့ IIS ဟာ Apache HTTP Server လောက်လူသုံး မများသေးတာကို netcraft မှာတွေ့ခဲ့ ရပါတယ်။
Apache HTTP Server ကို တော်တော်များများကတော့ Apache လို့ပဲ ခေါ်ကြတယ်။ Release လုပ်ပြီး တစ်နှစ် အကြား ၁၉၉၆ ခုနှစ်လောက်ကစပြီ နာမည်ကြီးလာတယ်လို့ပြောကြတယ်။ OS တော်တော်များများမှာ သုံးလို့ရတာရယ် open source platform ဖြစ်တာရယ် ကြောင့် အသုံများလာခဲ့ရာ ၂၀၁၀ မှာတော့ အသုံးအများဆုံး web server အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ သူတစ်ခုတည်း ကောင်းမှုကြောင့်တော့မဟုတ်ဘူး PHP ကြောင့်လဲ ရောက်လာခဲ့တယ်ဆိုရင်လဲ တစိတ်တပိုင်း မှန်ပါတယ်။ Open source platform တွေ တော်တော်များများဟာ တစ်ခုပေါ်တစ်ခု မှီခိုနေကြရပါတယ်။ ဒါကိုက အားဖြစ်စေခဲ့တာ အကောင်းဆုံးဆိုတဲ့ အရာတွေကို မျှဝေ ခံစားနိုင်ခဲ့ကြတာပါ။
PHP: Hypertext Preprocessor ဟာ လူသုံးအများဆုံး ဖြစ်လာခဲ့ရတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ ASP ကို window-based မှာသုံးလို့ရနေသေးတဲ့အချိန်မှာ PHP ကို windows, solaris, unix and linux တွေမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ ခုနောက်ပိုင်းမှာလဲ ASP ကပါ Linux Platform တွေမှာ ASP-Apache program ကို server ပေါ် install လုပ်ပြီ အသုံးပြုနိုင်နေပါပြီ။
ကိုယ်က C++ ကို ကျွမ်းကျင်ရင် PHP လေ့လာရတာဟာ ASP လေ့လာရတာထက် ပိုပြီးအဆင်ပြေပါတယ်။ PHP ဟာ C/C++ အခြေခံ ထားတဲ့အတွက် syntax တွေ တော်တော် တူတယ်ပြောရမယ်။ ASP ကတော့ Virtual Basic Programming ကိုအခြေခံ ထားတဲ့အတွက် VB syntax တွေနဲ့ တော်တော်ဆင်ပါတယ်။ တချို့ syntax တွေ keyword တွေလောက်ပဲလွဲပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ပြန်မေးရမှာပါ သင်ဘာကို ကျွမ်းကျင်လဲ C++ လား VB လားပေါ့။
ASP ကို အသုံးပြုဖို့အတွက် Windows နဲ့ IIS တို့ကို server ပေါ်မှာ install လုပ်ရပါတယ်။ ဒီတော့ free မပေးတဲ့အတွက် သင်ဝယ်သုံးရမှာဖြစ်ပါတယ်။ PHP ဘက်က ကြည့်ပြန်တော့ Linux server ပေါ်မှာ တင်သုံးနိုင်တဲ့အတွက် ကုန်ကျစရိတ် ရှိမှာမဟုတ်ပါဘူး။ Open source ဖြစ်တဲ့ PHP ဟာ Tools တွေ ထပ်ထည့်ချင်တယ်ဆိုရင် free tools တွေအများကြီးပါ။ ဒါပေမဲ့လဲ free ရတဲ့ tools တွေ ကတော့ အကောင်းဆုံးတော့ မဟုတ်ပါဘူး။ ASP ကတော့ Tools တိုင်းလိုလိုကို ၀ယ်သုံးရတာ များပါတယ််။ Supporting အပိုင်းမှာတော့ ပိုက်ဆံပေးရတဲ့ ဟာက ပိုကောင်းတယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာ တမျိုးဖြစ်နေတာတွေ တွေ့ရပါတယ်။
ASP ပဲဖြစ်ဖြစ် PHP ပဲ dynamic Page တွေ ရေးရင် database တွေကိုသုံးကြရပါတယ်။ များသောအားဖြင့် PHP က mysql ကိုသုံးတယ်။ mysql က open soruce ဆိုတော့ ၀ယ်ဖို့မလိုဘူး။ ASP အတွက် mssql ကိုသုံးကြတယ် ဒီတော့ mssql က commercial software ဆိုတော့ ထပ်ဝယ်ရပြန်ကော။ ဒါကြောင့် လူတွေရဲ့ သဘောအရ free ဆိုလို့ကတော့ ပါဆယ်ပါ ယူချင်တဲ့သဘောပေါ့။ မှန်ပါတယ် ကျွန်တော်တို့ အနေနဲ့ cost ကို ထည့်တွက်ဖို့လိုပါတယ်။ ဒါကြောင့် သာမန်အတွေးနဲ့တင် ပိုက်ဆံမပေးရတာကို ရွေးလိုက်ကြတာ များပါတယ်။ ASP ကို လဲ mysql နဲ့ ODBC ကိုသုံးပြီ အသုံးပြုနိုင်ပါတယ်။ သို့သော်လဲ open source software နဲ့ commercial software တွေက အသုံးပြုတဲ့အခါမှာ သိပ် flexible မဖြစ်တာတွေ တွေ့ရတယ်။
နှစ်ခုလုံးမှာ အားသာချက် အားနည်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ကိုယ်က ဘယ်လို site မျိုးကို ဖန်တီးချင်တာလဲ ဆိုတဲ့ပေါ်မူတည်ပြီ သင့်တော်ရာ language ကိုရွေးမှာပါ။ ကုန်ကျစရိတ်အတွက် အခက်အခဲရှိလား။ ကိုယ်ကျွမ်းကျင်တဲ့ programming language နဲ့ အလွယ်တကူ လေ့လာလို့ဖြစ်ရနိုင်မလား။ မသိတာ ရှိရင် မေးဖို့ လူကော ကိုယ့်အနားမှာရှိရဲ့လား။ မိမိပါတ်ဝန်းကျင်က သူတွေ ကကော ဘာတွေကိုသုံးနေတာလဲ။ စသည်ဖြင့် ချိန်စရမှာပါ။
Developer တော်တော်များများက OOP ကို ပို သဘောကျကြပါတယ်။ ဒါကြောင့် VB ကျော်ကြားနေတဲ့အချိန်မှာ Java ကမိုးပေါ်ထောင်တက်ခဲ့ပါတယ်။ ဒီတော့ DOT.Net Framework ကို Microsoft က ၂၀၀၂ ခုနှစ်မှ စပြီးမိတ်ဆက်ပေးခဲပါတယ်။ C++ ကို မှ ရေးချင်တဲ့သူတွေ အတွက် C#၊ Java ကို စာလောင်နေတဲ့သူတွေ အတွက် J# နဲ့ vb ကို OOP ပုံစံမျိုး သုံချင်တဲ့သူတွေ အတွက်တော့ VB.net ရယ်ဆိုပြီ အားလုံးကို တစ်နေရာထဲမှာ စုပေးလိုက်ပါတယ်။ .Net framework ကတော့ အဆိုပါ language တွေ နဲ့ရေးထားတဲ့ code တွေကို နားလည်နိုင်အောင်လုပ်ထားတဲ့ Common Langauge infrastructure ဖြစ်ပါတယ်။ ပြောချင်တာ ဒီအပိုင်းပါ။ .Net framework 1.0 နဲ့ တခါတည်း အစစ်ထည့်ပေးလိုက်တာက ASP.net ပါ။ PHP ကို OOP ဖြစ်လို့ C++ ကိုကြိုက်လို့သုံးနေတဲ့ သူတွေကို ရွေးချယ်စရာတစ်ခု ပေးလိုက်သလိုပါပဲ။ C#, J#, VB.net နှစ်သက်ရာ language ကို သုံးပြီး ASP.net ကိုသုံးလို့ရလာအောင် ဖန်တီးပေးခဲ့ပါတယ်။ ASP.net စပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ASP ရဲ့ သုံးလို့ပိုကောင်းလာခဲ့ပါတယ် Visual Studio ကို IDE အဖြစ် အသုံးပြုနိုင်ပြီး free download လုပ်နိုင်ပါတယ်။ PHP အတွက်လဲ IDE တွေ အများကြီးရှိပါတယ် တစ်ချို့ကလဲ Free တစ်ချို့ကလဲ ၀ယ်ရပါတယ်။ တော်တော်များများ ကတော့ Eclipse PHP IDE ကိုသုံး ကြတယ်။ OS independent လဲဖြစ်တယ်လေ။ ရှိပါသေးတယ် အများကြီး Komodo, PHP Designer, PhpED, PHPEdit, Zend Studio ဆိုတာတွေ။
PHP အတွက် build in AJAX မပါလို့ add-ons အနေနဲ့ထည့်ရပါတယ်။ ASP.net မှာ AJAX ကိုတော့ .Net Framework 3.5 မှာ build in အဖြစ်ပါလာပါတယ်။
PHP ဟာ ASP.Net ထက် Loading speed ပိုမြန်တယ်လို့ပြောကြတယ်။ ဒါပေမဲ့ ဒီမှာသွားကြည့်ကြည့်တော့ ASP.net ကပိုမြန်နေတာကို တွေ့ရတယ်။ misfitgeek, wrensoft
Business အရအသုံးပြုတဲ့ site တော်တော်များများမှာ ASP နဲ့ ASP.Net တွေကို အသုံးပြုတာများကြပါတယ်။ လခ ရတာခြင်းယှဉ်ပြန်တော့ လဲ ASP သမားက ပိုရတာတွေ့တယ်။ PHP ကိုအသုံးများတယ်ဆိုတာကလဲ Personal blog တွေနဲ့ community site တွေမှာ PHP ကိုအသုံးပြုတာများတာဖြစ်ပါတယ်။ Monster.com တို့ jobsdb.com တို့မှာ ရှာကြည့်ပါကလဲ ASP Developer တွေကို PHP Developer ထက်ခေါ်ယူမှု့များတာ ကိုတွေ့ရမှာဖြစ်သလို လစာများများပေး ခေါ်ကြတာကိုတွေ့နိုင်ပါတယ်။
ကျွန်တော်အထက်မှာရှာတွေ့ သမျှကို ခြုံကြည့်တော့ PHP ကော ASP ကော နှစ်ခုစလုံးက powerful ဖြစ်တာတွေ့ရပါတယ်။ ဒီတော့ မိမိဘာသာ ရွေးချယ်ရမှာ ဖြစ်တယ်ဆိုတာ သဘောပေါက်လျှက်။
ပြီးပါပြီ။
ဒီ Post ဟာ ခုမှာ စလေ့လာမဲ့ သူတွေအတွက် ချိန်စနိုင်အောင် ရည်ရွယ်ရေးသာ ခြင်းဖြစ်ပါတယ်။ လိုအပ်တာများရှိရင် ဖြည့်ပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
Facebook comments:






ကျွန်တော်ကတော့ PHP ဖက်က
ကျွန်တော်ကတော့ နှစ်ခုလုံးကို ကြိုက်တယ်။ ဒါပေမဲ့ ASP.Net ကိုပိုသုံးဖြစ်တယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက ASP ကို စသုံးခဲ့တာဆိုတော့။ ASP က ထမင်းကျွေးခဲ့တွေ မေ့လို့တော့မရဘူးပေါ့ဗျာ။
ကျွန်တော်လည်း ကြုံရင် ကြုံသလို သုံးတာပါပဲဗျာ လောလောဆယ် PHP ဖက်ရောက်နေတယ်လေ
Where is a bit part of Java ? =( .. Spring Source , Play , Scooter .. blah blah blah
> commercial software တွေက အသုံးပြုတဲ့အခါမှာ သိပ် flexible မဖြစ်တာတွေ တွေ့ရတယ်။
I’m not sure about it .. but Stackoverflow is built with asp.net and the system , StackExchange is sold out for many sites. .. Perhaps, it’s an exception.
> AJAX ကိုတော့ .Net Framework 3.5 မှာ build in အဖြစ်ပါလာပါတယ်။
Also there’s JQuery built-in at VS 2010 and you can also call it from MS CDN ( http://stackoverflow.com/questions/1447184/microsoft-cdn-for-jquery-or-google-cdn )
> ရှိပါသေးတယ် အများကြီး Komodo, PHP Designer, PhpED, PHPEdit, Zend Studio ဆိုတာတွေ။
and why not NetBeans as php IDE .. there .. it’s still the best and powerful ide for C++ and php
> Java ကို စာလောင်နေတဲ့သူတွေ အတွက် J#
and I think J# won’t be no longer see on VS .. ( http://en.wikipedia.org/wiki/J_Sharp#Future_of_J.23 ) coz it sucks :/
anyway, great post ! Cheer .. let’s support MS ;P
လိုအပ်တာတွေ ထည့်ဖြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် mgpyone ရေ့။ (သို့သော်လဲ open source software နဲ့ commercial software တွေက အသုံးပြုတဲ့အခါမှာ သိပ် flexible မဖြစ်တာတွေ တွေ့ရတယ်။) ထဲက [သိပ်] ဆိုတာ အားလုံးကိုမပြောပဲ။ အဆင်ပြေတဲ့အပိုင်းတွေ ပြေတယ်။ မပြေတဲ့အပိုင်းတွေ မပြေဘူး လို့ဆိုလိုတာပါ။ ဥပမာ ကျွန်တော့်အတွေ့အကြုံရ mysql က .sql file ကို mssql ထဲ ODBC သုံးပြီ import လုပ်တာ အဆင်မပြေတာတွေ တွေ့ခဲ့ရပါတယ်။ JQuery ကိစ်စကိုတော့ PHP ကော ASP.Net ကောအတွက် ပြောဖို့ မေ့ခဲ့ပါတယ်။ thanks
တော်တော်ကောင်းတယ်ဗျာ..
php and asp.net နှစ်ခု ခွဲခြားသုံးသပ်ပြထားတာ…က…
ကျနော်က တော့ လောလောဆယ်.. .NET ကိုင်နေတာ..
ဒီမှာတော့ php ကပို ကောင်းမယ်ထင်တယ်
ကျွှန်တော်က .net သမားပါ
ကျွန်တော်လဲ .net ပါပဲဗျာ
me too, .NET
အခုလောလောဆယ်တော့ .Net မှ .Net ပဲဗျာ
haha
I like .net but now I am php programmer depend on job.
ကျွန်တော်လည်း .net ကိုပိုကြိုက်ပါတယ်
Open source က သိပ်မသေချာဘူးထင်လို့ပါ ပြီးတော့ free ရတာတွေကို လိုက်ရှာသုံးနေရတာ ဆိုတော့ မလွယ်ဘူးထင်ပါတယ်။ Open source ကိုမကြိုက်ပါဘူး အာမခံချက်မရှိလို့ပါ။
အခုတော့ php ကိုပဲလေ့လာနေပါတယ် အလုပ်က php လုပ်ရတာမို့ပါ။
Enterprise Application နဲ့ တစ်နည်းတစ်ဖုံဆက်နွယ်တဲ့ဘက်ကို သွားချင်ရင် .NET သို့မဟုတ် Java ကိုရွေးပါ။ Web Technology သက်သက်ဘက်ကိုသွားချင်ရင်၊ သို့မဟုတ် Web နဲ့ပက်သက်တဲ့ နည်းပညာအသစ်တစ်ခု ဖန်တီးချင်ရင် PHP, Python, Ruby ဘက်ကိုသွားပါ။
Facebook, Yahoo, Wikipedia, WordPress တို့ PHP သုံးပါတယ်၊ Web သက်သက်ကို အခြေခံတဲ့ နည်းပညာလုပ်ငန်းတွေမို့ပါ။ Google, Blogger, YouTube တို့ Python သုံးပါတယ်၊ Web သက်သက်ကို အခြေခံတဲ့ နည်းပညာလုပ်ငန်းတွေမို့ပါ။ Twitter က Ruby သုံးပါတယ်၊ Web သက်သက်ကို အခြေခံတဲ့ နည်းပညာလုပ်ငန်းတွေမို့ပါ။ Dell က .NET သုံးပါတယ်၊ Enterprise မို့ပါ။ IBM က Java သုံးပါတယ်၊ Enterprise မို့ပါ။
အမျိုးအစားခွဲလေ့လာချင်ရင် ဒီနည်းက အလွယ်ဆုံးဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ၁၀၀% ပြည့်စုံတဲ့ ကောက်ချက်မဟုတ်ပါဘူး။ ပိုပြီးအရေးကြီးတာက Language နဲ့ Framework ဆိုတာ တစ်ကယ့် Application တစ်ခုလုံးရဲ့ ၁၀% လောက်ပဲ ရှိတာဆိုတာကို နားလည်ဖို့ ပိုအရေးကြီးပါတယ်။
Facebook က PHP သုံးထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်ကွယ်က Architecture ကို ရှင်းပြထားတဲ့ အမေးအဖြေကို Quora မှာ လေ့လာနိုင်ပါတယ်။
[ http://www.quora.com/What-is-Facebooks-architecture ]
ကျွန်တော်တို့ Language / Framework ဆိုတဲ့အဆင့်ကနေတက်ဖို့ လိုအပ်ပါတယ်။
Open Source က အာမခံချက်မရှိဘူးဆိုတဲ့တစ်ယောက်ကိုတော့ ဒီမှာလေ့လာစေချင်ပါတယ်။
[ http://fairwayweb.com/open-source-history-license-model ]
Open Source ကို ယုံကြည်အောင် Convince လုပ်နေတာမဟုတ်ပါဘူး။ နားလည်မှုလွဲလေ့ရှိတဲ့အတွက် သဘောတရားအမှန်ကို သိစေချင်တာပါ။ သဘောတရားအမှန်သိပြီးနောက်မှာ အာမခံချက်မရှိဘူး ဆုံးဖြတ်ချင်သေးတယ်ဆိုရင် ဆုံးဖြတ်လို့ ရပါတယ်။
Thank Ko Ei Maung