ကောင်းမွန် ပြည့်စုံသော Portfolio

Portfolio ဆိုတာ အနာဂတ်ကို တောက်ပစေသော၊ ပျော်ရွှင်စေနိုင်သော Passport တစ်ခု (သို့မဟုတ်) ကောင်းမွန်သော အလုပ်အကိုင် ရှာဖွေရန်၊ ရရှိစေရန် ကူညီပေးသော One-way ticket တစ်ခုလည်း ဖြစ််သည်။

Portfolio

Portfolio တစ်ခု တည်ဆောက်ခြင်းသည် Designer တစ်ယောက်အတွက် မရှိမဖြစ် အရေးပါသော အရာဖြစ်သည်။ မိမိ၏ talent, Performance များကို တစ်နေရာ တည်းတွင် တစ်စုတစ်စည်းတည်း ပြသနိုင်သော အခွင့်အရေးလည်း ဖြစ်သည်။ Portfolio ဖန်တီးရာတွင် Printed နှင့် web နှစ်မျိုး ဖန်တီးထားရန် လိုအပ်ပါသည်။

ငယ်ရွယ်သော Designer များသည် ဘဝတွင် နှစ်သက်ရာ Design များ ဖန်းတီးခြင်းဖြင့် နေထိုင်နိုင်မည်ဟု ထင်ထားကြသည်။ ဖန်တီး နိုင်မည်လို့လည်း ယုံကြည် ကြသည်။ သို့သော် အပြိုင်အဆိုင် များလှသော ယနေ့ ကမ္ဘာကြီးတွင် ဆက်လက် လေ့လာနေနိုင်မှသာ တော်ကာ ကြပေလိမ့်မည်။ ထိုသို့ ဖန်တီးထားသော Design များကို စုစည်းထားရန် Portfolio တစ်ခု လိုအပ်သည်။

အလုပ် ရှာဖွေရန်အတွက် မိမိ၏ အရည်အချင်းများကို ပြသရန်အတွက် Portfolio ကောင်းတစ်ခုသည် မရှိမဖြစ် အရေးပါလှပေသည်။ Creative Director များ၊ အလုပ်ရှင်များသည် Designer တစ်ယောက်အား အလုပ်ခန့်ရန် သူ၏ Portfolio ကို ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်တတ်ကြသည်။

ကမ္ဘာပေါ်ရှိ ၈၀ ရာခိုင်နှုန်းသော Designer များသည် မိမိ၏ အိမ်တွင်သာ အလုပ်လုပ်ကြသည်။ ထိုသို့ပြုလုပ်ရန် Portfolio ကောင်း တစ်ခုသည် ကြော်ငြာတစ်ခု၊ Showcase တစ်ခု အဖြစ်လည်း အရေးပါလှသည်။

အများဆုံးပြုလုပ်ကြသော အမှားကတော့ Portfolio ကို အလွန်အမင်း Design ဆင်ကြခြင်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ဘယ်လောက် ဖန်တီး တတ်ကြောင်း ပြချင်လို့ပါပဲ။ ဒါဟာ ကောင်းပါတယ်။ ဒါပေမယ့် Portfolio တစ်ခုဟာ သင်နှင့် သင်လုပ်ခဲ့သော အလုပ်များကိုသာ ဖေါ်ပြရန် ဖြစ်ပါသည်။ ရိုးရိုးရှင်းရှင်းဖြင့် စွဲဆောင်မှု ကောင်းအောင်သာ ပြုလုပ်ရန် လိုအပ်ပါသည်။ Web portfolio တစ်ခုတွင်လည်း ထိုနည်း လည်းကောင်းပါပဲ။ Browser အားလုံးတွင် ကြည့်ရှု၍ ရနိုင်အောင် ပြုလုပ်ပါ ။ clean, simple, easy to navigate ဖြစ်ပါစေ။

သင့်အကြောင်း detail ဖေါ်ပြရန်လည်း မဟုတ်ပါ။ လုပ်ခဲ့သော အလုပ်များ၊ ရရှိခဲ့သော ဆုများကို ဖေါ်ပြရန်မှာ CV form တွင်သာဖေါ်ပြပါ။

Less is more

Designer တိုင်းတွင် သူတို့ ဖန်တီးထားသော အရာများစွာ ရှိတတ်ကြပါသည်။ ထိုအထဲမှ ကိုယ့်အရည်အချင်းကို အကောင်းဆုံးဖေါ်ပြနိုင်သော Design 10 ခုကိုရွေးချယ်ပါ။

Be critical of yourself

ရိုးရိုးရှင်းရှင်းသာ တင်ပြပါ။ သင့်တွင် ဖေါ်ပြရန်နေရာ 10 ခုသာရှိသည်ဟု မှတ်ယူပါ။

It’s all about impact

သင်ရွေးချယ်ထားသော အကောင်းဆုံး 10 ခုမှ ပို၍ကောင်းမည်ထင်သော 3 ခု ကို ရွေးထုတ်ပါ။ ရှေ့ဆုံးတွင်ထားပါ။ အလည်မှာထားပါ။

Don’t give too many details

Design တစ်ခုအတွက် အမျိုးမျိုးသော version များကို မပြပါနှင့်။

ဥပမာ – သင်သည် customer တစ်ဦးကိုပြရန် Design ၃မျိုးဆွဲထားသည် ဆိုကြပါစို့။ ထိုအရာအားလုံးကို ပြသခြင်းဖြင့် ကြည့်ရှုသူအား အနှောက်အယှက် ဖြစ်တတ်သည်။ ထိုအထဲမှ အကောင်းဆုံးဆိုသော တစ်ခုကို ရွေးချယ်ပြသပါ။

Select of the job

သင်လျှောက်မည့် အလုပ်အကိုင်ကိုရွေးချယ်ပါ။ ဥပမာ ။ ။ photographer, illustrator, interactive designer ကိုယ့်လျှောက်မည့် အလုပ်နှင့် ဆိုင်သည့် အရာများကို ဦးစွာပြသပါ။ အခြား လုပ်ဆောင်ချက်များကို ပြသလိုပါက နောက်ထပ် Section တစ်ခုခွဲ၍ ပြသပါ။

Explain yourself

Design တစ်ခုချင်းစီအတွက် အကျိုးကျေးဇူး၊ စိန်ခေါ်မှု၊ ဖန်တီးမှု အဆင့်အတန်း၊ ဖန်တီးနေစဉ်တွင် ခံစားရသော သင့်ခံစားမှုများကို အနည်းငယ် ဖေါ်ပြပါ။

Focus on your work

ပြသချင်သောအရာကို ရှင်းရှင်းလင်းလင်း မြင်အောင်ပြသပါ။ ရှုပ်ထွေးသော color များ ၊ pattern များမသုံးပါနှင့်။

Portfolio variations

Standard issue (black) သုံးခြင်း၊ Oversize (widely) သုံးခြင်းတွေက အဆင်ပြေပါတယ်။ size တွေ  style တွေ ကြိုက်သလို အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် စည်းကမ်း အနည်းငယ် ပြောပြချင်ပါတယ်။ Portfolio တစ်ခုသည် ….. လွယ်ကူစွာ သယ်ဆောင်နိုင်ရမည်။ အရမ်း မကြီးရ။ ရိုးရှင်းရမည်။ ဖွင့်ရလွယ်ရမည်။ ဖတ်ရလွယ်ရမည်။ စာရွက်သားကောင်းရမည်။

Label, label, label

ဖန်တီးမှု တစ်ခုစီတိုင်းအတွက် ခေါင်းစဉ်များ တပ်ပေးရမည်။ Projects Title or Name of the client, the tools you use, Finished time နှင့် Description အနည်းငယ် ဖေါ်ပြပေးရမည်။ ဤအချက်များသည် သင့်ကို interview ရာတွင် အထောက်အကူ ပြုပေလိမ့်မည်။

Presentation order

Portfolio ကိုအစီအစဉ်ချခြင်းသည် နည်းလမ်း များစွာရှိသည်။ chronology အားဖြင့် လည်းကောင်း၊ category အားဖြင့် လည်းကောင်း၊ complexity အားဖြင့် လည်းကောင်း အသီးသီး ရှိကြသည်။

Chronology အားဖြင့် စီစဉ်လျှင် သင်နောက်ဆုံး လုပ်ထားသော အလုပ်အား ရှေ့ဆုံးတွင်ထားပါ။

Category အားဖြင့် စီစဉ်လျှင် digital illustration, vector art , web work, graphic design စသည့် ခေါင်းစဉ်များဖြင့် ခွဲထားပါ။ (သို့မဟုတ်) poster,  magazine cover, corporate identity စသည့် လုပ်ငန်းဆိုင်ရာ ခေါင်းစဉ်များဖြင့် ခွဲထားပါ။

Complexity အားဖြင့် စီစဉ်လျှင် work by, say, spot-color work, four-color work, package design စသည်ဖြင့် ခွဲထားနိုင်ပါသည်။

On choosing work …..

Portfolio တစ်ခုဖန်တီးရန် Online သည် အကောင်းဆုံးသော အကြံပေးတစ်ယောက်ဖြစ်သည်။ အမျိုးမျိုးသော Portfolio များကို တွေ့ရှိ နိုင်သည်။ ထိုအရာများကို နမူနာယူ၍ မိမိ ပြုလုပ်ထားသော Design များထဲမှ အကောင်းဆုံးဟု ထင်သော Poster များ၊ Logo များ၊ Web Site Design များကို ရွေးချယ်ပါ။ ကိုယ်ပိုင် idea ဖြင့် ဆွဲနိုင်ရန် ကြိုးစားပါ။

On presentation tips …..

Portfolio ဟာ သင့်၏ Personality ကိုပြသနိုင်ရပါမည်။ သင်၏ ပျော်စရာ မြင်ကွင်းများ၊ ကျွမ်းကျင်မှုများ၊ စိတ်ဆိုးစရာများ၊ ချစ်ခင်မှုများ အားလုံးကိုပြသပါ။

On portfolio mistakes …..

အဖွဲ့လိုက် လုပ်ဆောင်ထားသော Projects များ၊ ကျောင်း Projects များကို Portfolio တွင်ဖေါ်ပြခြင်းသည် အလွန် ပျင်းစရာ ကောင်းနေ ပေလိမ့်မည်။

On being impressed …..

မိမိ၏ information များကို လွယ်ကူစွာ ရှာဖွေနိုင်စေရန်သာ အာရုံစိုက်ပါ။ Simple is the best ကိုမမေ့ပါနှင့်။

Ref: Perfect Portfolio Article အား နားလည်သလို ဘာသာပြန်ထားပါသည်။

Facebook comments:

5 Responses

  1. မောင်မောင်ကျော် says:

    အရမ်းကောင်းပါတယ်ခင်ဗျား
    တကယ်ဖတ်သင့်တဲ့ စာတစ်ခုပါပဲ

  2. stringlive says:

    နောက်ကို ဒီလို Post မျိုးတွေ များများ ရေးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။

  3. kokoye2007 says:

    ကောင်းလိုက်တာဗျာ။ တကယ်ကောင်းတဲ့ Post.
    နောက်ထပ် ထပ်ရေးပါဦးဗျို့။

  4. creativefox21 says:

    အားပေးလိုု့ ကျေးဇူးပါဗျာ … :)

  5. Bransai says:

    လေ့လားသွားတယ်ဗျို့

Leave a comment


*