OPEN ANDRIOID- for Better and for Worse
အခုတလော မိုဘိုင်း ပစစည်းလေးတွေ ထုတ်လုပ်တဲ့သူ နဲ့ developer တွေအကြားမှာ ရေပန်းစားလာတဲ့ ချစ်စဖွယ်အသွင်၊ အစိမ်းရောင်် စက်ရုပ်ပုံလေးရဲ့လှည့်စားမှုတွေနဲ့ Android ရဲ့ နောက်ကွယ်က စကားလုံးတစ်လုံးကတော့ openness ပါ။ မှန်ပါတယ် Android ရဲ့ပေါ်ပင်ဖြစ်မှုအဓိကသော့ချက်က developer တွေကို customization လုပ်ခွင့်ပေးတာပါဘဲ။ iPads,iPhones နဲ့ iPods တွေကိုစိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ Apple အနားတောင်မသီနိုင်တဲ့့ developer တွေအတွက် platform code တွေကို အပြည့်အဝ စိတ်ကြိုက် customize လုပ်ခွင့်ကိုပါ Android လိုင်စင်က ခွင့်ပြုထားပါတယ်။ ဒါကြောင့်မို့ hardware ထုပ်လုပ်သူတွေအနေနဲ့ Android ရဲ့ open nature ကိုကြိုက်နှစ်သက်လာကြပါတယ်။
အဲ့ဒီလို openness ဖြစ်တဲ့အခွင့်အရေးဟာ သုံးစွဲသူ(customer) နဲ့ developer တွေကြားမှာတော့ ပြသနာတချို့ကိုဦးတည်စေပါတယ်။ Designer တွေအနေနဲ့လဲသူတို့ ရဲ့ product တွေကို တခြား Android marker တွေရဲ့ product နဲ့သွင်မတူအောင် Android ကိုစိတ်ကြိုက်ပြုပြင် ဖန်တီးပြီး market ရအောင်ဆွယ်ချင်ကြပါတယ်။ ဘယ်လိုပြောလို့ရမလဲ ဆိုရင် network setting ချိန်တာကိုဘဲ Samsung တို့ Archos တို့ကထုတ်တဲ့ tablet တွေနဲ့မတူအောင် procedure ခွဲချင်နေကြပါသေးတယ်။ HTC ကော်ပိုရေးရှင်း ကပေးတဲ့ menu တွေက Motorola counterparts ကပေးတဲ့ menu တွေနဲ့မတူပါဘူး။ ဒါကြောင့် tablet တစ်ခုကနေ တစ်ခုပြောင်းသုံးမယ်ဆိုရင် နည်းနည်းတော့ စိမ်းနေသယောင်ဖြစ်ပါလိမ့်မယ်။
အမှန်တကယ်တော့ အဲ့ဒါက ပြသာနာကြီးကြီးမားမားမဟုတ်ပါဘူး။ Android ရဲ့အဓိက စီးပွားရေး စပွန်ဆာ မိခင်ကြီး Google က Android အတွက် application ပေါင်း ၅ ထောင် လောက်ကိုမက်လုံးပေးထားလေတော့ smartphone စျေးကွက်မှာ Apple ထက်ကို Android ကပိုရောင်းအားသွက်ပါတယ်။ အလားတူဘဲ tablet လည်းရောင်းအားပိုလာမှာပါ။ Apple ကတော့ iOS devices တွေမှာအသုံးပြုနိုင်ဖို့ AppStore နဲ့ ချုပ်ကို်င်ထားပြီး Android ကတော့ developer တွေကို စိတ်ကြိုက် develop လုပ်နိုင်တဲ့ free environment ကိုပေးထားပါတယ်။ အဲ့ဒီလိုမျိုး free environment က အကောင်းဆုံးကိုပေးနိုင်သလို အဆိုးကိုလဲပေးနိုင်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ Android မှာ dangerous ဖြစ်စေတဲ့ application တွေထွက်လာရင် ပြင်ဆင်နိုင်မယ့် ကွန်မြူနီတီ(community) ရှိတာကြောင့် အဲ့ဒီလို dangerous application တွေကရေရှည်တော့ တည်မြဲမှာမဟုတ်လောက်ပါဘူး။ iOS နဲ့ မတူတာက Android က tablet ထုတ်လုပ်တဲ့သူတွေကို processor တွေအမျိုးမျိုးနဲ့ ဘယ် tablet ဝယ်ရမှန်းမသိလောက်အောင် hardware fle×ibility ပေးပါတယ်။ မှန်ပါတယ် ဒီလိုရွေးချယ်စရာတွေများလာလေလေ ဘယ်ပစစည်းသင့်တော်မလဲဆုံးဖြတ်ရတာက မိမိတာဝန်သာဖြစ်လာပါတယ်။ အောက်မှာပေးထားတာကတော့ Android tablet အကြောင်းစဥ်းစားတော့မယ်ဆိုရင် ကြည့်ရမယ့် အရာတွေပါ။
The Version
Android ကနောက်ဆုံး release လုပ်တဲ့ version က Honeycomb ဆိုတဲ့နာမည်နဲ့ Android 3.0 ပါ။ Android 3.0 ကို Motorola Xoom ကနေ နောက်ထုတ်မယ့် tablet တိုင်းမှာထည့်သွင်းသွားမှာပါ။ ၂ဝ၁၁ အလယ်လောက်ထိ တော့ Ice Cream Sandwich Android devices တွေကို စောင့်ကြည့်နေရဦးမယ့် အနေထားပါ။ Android 3.0 ကတော့ tablet တွေအတွက် ရည်ရွယ်တဲ့ ပထမဆုံး version ပါ။
Application store
ခုဏကပြောခဲ့တဲ့ စပွန်ဆာကြီး Google နဲ့ နောက်ကွယ်က Android developer အင်အားစုတွေက Android Market မှာ application ကောင်းလေးတွေတင်ပြီး ကောင်းမွန်တဲ့ app store ကိုဖန်တီးသွားကြမှာပါ။ Hardware ထုပ်လုပ်တဲ့ vendor တွေကလည်း Android app တွေကို user တွေလွယ်လွယ်ကူကူ down နိုင်အောင်၊ ဒီ Market ပုံစံကိုဘဲသုံးကြမှာပါ။ Tablet တခုခုဝယ်တော့ မယ်ဆိုရင် ဒီ device အတွက် apps တွေဘယ်လောက်များရှိလို့လဲဆိုတာမျိုးတွေရှာလာမယ် ဆိုတဲ့အချက်တွေပါထည့်သွင်းစဥ်းစားလာမှာပါ။ အခုတော့ tablet အတွက်သုံးနိုင်တဲ့ Android apps တွေအရေအတွက်က နည်းပါသေးတယ်။
Tablet Table
Apple က iPad မှာအောင်မြင်ခဲ့သလို Samsung ကလည်း Gala×y Tab မှာအောင်မြင်ခဲ့တဲ့အတွက် နောက်ပိုင်း tablet အသစ်တွေဟာ စျေးနှုုန်း၊ စွမ်းရည်၊ ပမာဏတို့မှာ အားပြိုင်ပြီးဆက်လက်ထွက်ပေါ်လာဖို့ရှိပါတယ်။ ဧပြီလအစောပိုင်းမှာ စိမ့်ထွက်လာတဲ့ သတင်းများအရ ဒီလိုမျိုး device တွေကြားထဲက တူညီတဲ့အချက်တွေက
၁. ပစစည်းတွေရဲ့စျေးနှုန်းဟာ US ဒေါ်လာ ၆၁၃ ဒေါ်လာလောက်ရှိမယ်
၂. Screen size အနေနဲ့ ၉.၇ လက်မရှိပြီး ဒေါင့်ဖြတ်တို်င်းရင် ၂၅ စင်တီမီတာ ရှိမယ်
၃. သိမ်းဆည်းနိုင်တဲ့ စွမ်းရည်ပမာဏအနေနဲ့ 32 Gigabytes
၄. အနည်းဆုံး Wi-Fi ဒါမှာမဟုတ် cellular connectivity ပါမယ်
၅. ဘတ်ထရီသက်တမ်းက ၁ဝ နာရီကြာမယ်
၆. ပှျမ်းမှျအလေးချိန်က ဝ.၆ ကီလိုဂရမ်လေးမယ်
၇. ကင်မရာ တစ်ခုအနည်းဆုံးပါ ပါမယ်
ဒီလိုအချက်တွေကတော့ အကြမ်းဖျဥ်းတူကြမှာဖြစ်ပြီး အဓိကမတူတာကတော့ operating system ပါ။ Apple devices တွေကတော့ iOS ဘဲသုံးမှာဖြစ်ပြီး တခြား tables တွေကတော့ Android ကိုသုံးလာပါမယ်။ HP ကနေ နောက်ထပ်ထုတ်မယ့် TouchPad တော့ webOS ကို support လုပ်ပါလိမ့်မယ်။ BlackBerry က သက်တမ်း ၂ဝ ရှိ Uni× operating system ကို mobile devices ဆီကိုပြောင်းလဲခြင်းအားဖြင့် QNX ကို support လုပ်ပါလိမ့်မယ်။ BlackBerry နဲ့ Palm devices တွေက ဘယ်လိုဘဲ QNX နဲ့ webOS ကို support လုပ်လုပ် အသစ်သစ်သော ထွက်ပေါ်လာမယ့် tablet တွေအတွက် developer အင်အားစုက smartphone apps တွေကို tablet မှာသုံးနိုင်ဖို့ ပြန်ရေးကြမလဲဆိုတာဘဲ စောင့်ကြည့်နေဖို့လိုပါတယ်။ အခုအချိန်မှာတော့ PlayBook ရော TouchPad ရော ကောလာဟာလ အခြေအနေမှာရှိနေသေးပေမယ့် ဒီနှစ် နွေဦးမှာတော့ RIM နဲ့ HP ကတော့ မမှေျာ်လင့်ထားလောက်တဲ့ devices အသစ်တွေ ထွက်ဖို့ရှိနေပါတယ်။
မတ်လတုန်းက iPad2 ထုတ်ခဲ့တာကို ကြည့်မယ်ဆိုရင် Apple ကတော့ စျေးတွေတရိတ်ရိတ်တက်လာမယ်၊ မန်မိုရီစွမ်းဆောင်ရည်တွေ cores double တွေဖြစ်လာမယ်၊ camera တွေတစ်လုံးမကလို့နှစ်လုံးဖြစ်လာမယ်၊ cellular networking တွေလည်း 3G ကနေ 4G အထိကို တရိပ်ရိပ်တက်လာနေအုံးမှာပါ။

Ref: open ANDROID—for Better and for Worse
Facebook comments:




ပို့စ် ကောင်းလေး တစ်ခုပါ။ အားပေးတယ်ဗျို့။ မုဆိုး စိုင်သင်၊ လှေစီးရင် လှေလှော်ရတာပဲ။ ဖတ်ရတာ နည်းနည်းတော့ ထောင့်တောင့်တောင့်နဲ့။ ကိုယ်ပိုင် အယူအဆလေးတွေ ပိုများရင် ပိုအဆင်ပြေမယ်ဗျာ။ မပြောကောင်း မဆိုကောင်း မြန်မာဆိုက်တွေက နောက်လူတွေ လက်ဆင့်ကမ်း ထားခဲ့နိုင်တာ ရှားတယ်။ မူရင်း ဆိုက်ပိုင်ရှင်၊ တည်ထောင်သူ သေရင် အဲဒီဆိုက်လဲ လိုက်သေသွားတာပဲ။ ဒီလို လူငယ်လေးတွေက လူကြီးတွေရှိတုံး အမှီလိုက်ထားနိုင်မှ ထာဝရတည်မယ် ထင်မိတာပဲ။ မဟုတ်လို့ကတော့ ဆရာစွမ်းမြောက်တဲ့ ဖန်တီးမှုတွေက ပျောက်ပျက်သွားမှာ သေချာတယ်။ မြန်မာစကားကိုက ခေတ်အဆက်ဆက်တဲ့။
<>
သို့ပေမဲ့ လူကြီးတွေကလည်း လူငယ်တွေကို ဆရာစားချန်ထားပြီး မသင်ပေးရင်လည်း အလကားပါဘဲ…။