လက်တွဲညီညာ အွန်လိုင်းမှာ
ဒီတစ်ခါ ဆွေးနွေးလိုတာက Online Collaboration လို့ခေါ်တဲ့ အွန်လိုင်းပေါ်မှာ Team တစ်ခုအနေနဲ့ အလုပ်လုပ်ကြတဲ့ အကြောင်းပါ။ Remote Team Collaboration ဆိုပါတော့။
ကမ႓ာကြီးက ရွာကြီးတစ်ရွာလို ဖြစ်လာပြီဆိုတဲ့ စကားကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ အဲဒီလို ရွာကြီး ဖြစ်လာတယ်လို့ ဘာဖြစ်လို့ တင်စားကြတာလဲ။ အဓိကကတော့ ကမ္ဘာကြီး တစ်ဖက်ကပို့လိုက်တဲ့ စာဟာ ပုံမှန် စာပို့စနစ်နဲ့ဆို အချိန်တွေ အများကြီးကြာမှာ ဖြစ်ပေမယ့် အီးမေးလ်နဲ့သာ ပို့မယ်ဆိုရင် စက္ကန့်ပိုင်းသာ ကြာပါတော့တယ်။ ဒီလိုပါပဲ ကမ႓ာကြီးတစ်ဖက်ခြမ်းက သတင်းကို ကမ႓ာ့တစ်ဖက်ခြမ်းက ချက်ချင်း သိနိုင်ပါတယ်။ Instant Coffee တွေ သောက်ပြီး Instant News တွေဖတ် Instant Noodle လေးစား ဆိုပါတော့။ ဒီတော့ ရွာကြီး တစ်ရွာမှာလို ရွာမြောက်ပိုင်းက သတင်းကို ရွာတောင်ပိုင်းက ချက်ချင်း သိနိုင်သလို Communication Technology က ကမ႓ာကြီး တစ်ဖက်ခြမ်းနဲ့ တစ်ဖက်ခြမ်းကို ချိတ်ဆက်ပေး လိုက်ပါတယ်။ အရင်က ကိုယ့်ပြည်တွင်းမှာ နေ့စဉ်တွေ့ဖို့ မပြောနဲ့ လစဉ်တွေ့ဖို့တောင် ခက်နေကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေဟာ နိုင်ငံခြားကို ရောက်သွားမှ ကွန်ပျူတာဖွင့်လိုက်တာနဲ့ အလွယ်တကူ ဆက်သွယ်လို့ ရနေတာ တွေ့ရပါမယ်။ ဒါတွေဟာ Communication Technology ရဲ့ အံ့ခမန်း စွမ်းဆောင်မှုတွေပါပဲ။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ Communication Technology ဟာ အချိန်၊ နေရာ စတဲ့ အတားအဆီးတွေကို တော်လှန်ပြောင်းလဲ ပစ်လိုက်တယ်ဆိုပါတော့။
ဒီလို Information and Communication Technology (ICT) က တော်လှန်ပြောင်းလဲလိုက်တဲ့ အသီးအပွင့်တွေကို အွန်လိုင်းကို အကျွမ်းတဝင် ရှိတဲ့ သူတိုင်း သိရှိခံစားနေရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Working Together Online ဆိုတဲ့ Online Team Collaboration အပိုင်းမှာတော့ အားနည်း နေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာတွေရဲ့ (ဒီနေရာမှာ လူကြီးကော လူငယ်တွေပါ ပါပါတယ်) အရိုးဆွဲနေတဲ့ အကျင့်ကလည်း ရှိပါသေးတယ်။ နှစ်ယောက်ပေါင်းလုပ် သုံးဖွဲ့ကွဲတယ် ဆိုတာမျိုးပါ။ Offline မှာတော့ အများအားဖြင့် အဲဒီအတိုင်းပါပဲ။ စိတ်ဓာတ်တက်ကြွတဲ့ လူငယ်တွေပေါင်းပြီး တစ်ခုခုလုပ် နောက်ဆုံး အကွဲအပြဲဇာတ်လမ်းနဲ့ အဆုံးသတ်တတ်တာ ထုံးစံလို ဖြစ်နေပါပြီ။ အဲဒီလို ဘာကြောင့် ကွဲရတာလည်းဆိုတာ လေ့လာကြည့်ဖူးပါတယ်။ မအောင်မြင်ကြလို့လား။ အောင်မြင်လည်း ကွဲတာပါပဲ။ Management ကောင်းကောင်းမရှိတာ၊ Team Work Spirit ပိုင်းအားနည်းတာ၊ Financial Management ပိုင်းကို အသုံးမချတတ်တာ၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အထနည်းတာ၊ တာဝန်ခွဲဝေမှု အပိုင်းမှာ မကျွမ်းကျင်တာ စသည်ဖြင့် အစုံပါပဲ။ စီးပွားရေး လုပ်ရခက်တာလည်း တစ်ပိုင်း ပါပါတယ်။ အဆိုးဆုံးတစ်ခုကတော့ တီထွင်စမ်းသစ်မှု မရှိတာပါပဲ။ သူများတွေ ဒါတွေလုပ်တယ်ဆိုရင် အားလုံးလိုက်လုပ်တတ်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။
Offline Team တွေ အလုပ်မဖြစ်တာ ထားလိုက်ပါဦး။ အခုဆွေးနွေးချင်တဲ့ အကြောင်းအရာက Online Collaboration အပိုင်းပါ။ Offline မှာ အဆင်မပြေတဲ့ Team Building ကို Online မှာ ဘယ်လိုတည်ဆောက်ကြမလဲ။ ဒီလိုသာ Online မှာ Team Collaboration လုပ်နိုင်ရင် ပူးပေါင်းဆောင်ရွက် နိုင်ကြရင် နိုင်ငံတကာမှာ ပြန့်ကျဲနေတဲ့ တစ်ကောင်းတည်း ဒါပေမယ့် ခြင်္သေ့ဆိုတဲ့ ရွှေမြန်မာ ပညာရှင်တွေကို ပေါင်းမိနိုင်စရာ ရှိမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် တစ်ကောင်တည်း ကျဲနေကြတတ်ကြတဲ့ ရွှေ့မြန်မာတွေအတွက် Online Collaboration ဆိုတာလည်း အကောင်အထည်ပေါ်လာဖို့ မလွယ်တာ အမှန်ပါပဲ။ အထူးသဖြင့် အွန်လိုင်း Collaboration လုပ်မယ်ဆိုရင် ပြည်တွင်းကလူတွေသာ စုမိစရာ အကြောင်းရှိနေလို့ပါပဲ။ နိုင်ငံခြားမှာရောက်နေတဲ့ ရွှေတွေက Team Collaboration အတွက် အချိန်မပေးနိုင်ကြတာ များပါတယ်။ အကျိုးအမြတ် မသေချာတာနဲ့ စရမှာဆိုတော့ ပိုဆိုးတာပေါ့။
ကျွန်တော်ဖတ်မိတဲ့ Success Story လို့ ဆိုရမယ့် Design Instruct ဆိုတဲ့ Web Magazine ရဲ့ Team Collaboration ရဲ့ အောင်မြင်တဲ့ စွမ်းဆောင်မှုတွေကို ပြန်ဖောက်သည် ချချင်ပါတယ်။ ဘာသာပြန်လိုက်ရင် ရပေမယ့် သူတို့သဘောနဲ့ ကိုယ့်သဘော စပ်ဟပ်မိစရာ မရှိတဲ့အတွက် ကိုယ်နားလည် သလို ပြန်ရေးလိုက်ပါတယ်။
သူတို့အနေနဲ့ Design Instruct ကို ရေခြားမြေခြားက လူတွေနဲ့ စုပေါင်းတည်ထောင်ထားတယ် လို့သိရပါတယ်။ တကယ့်ကို ဝေးကွာတဲ့ နေရာတွေမှာ နေကြတဲ့သူတွေ ပေါင်းမိကြပြီး တကယ့်ကို ကောင်းတဲ့ Result တွေ ရနေတာ တွေ့ရပါတယ်။ သူတို့အတွက် အဲဒီလို Team Collaboration လုပ်တဲ့ အတွေ့အကြုံဟာ ပထမဦးဆုံး အတွေ့အကြံုလို့လည်း သိရပါတယ်။ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင် ရတယ်လို့လည်း ဆိုထားပါတယ်။ သူတို့ ရင်ဆိုင်ခဲ့ရတာတွေကို ကဏ္ဍလေးတွေ ခွဲပြီး တင်ပြထားပါတယ်။
၁။ ပြဿနာအမှတ် (၁) အမြဲတမ်းထိတွေ့နိုင်မှု (Staying in sync)
တစ်ယောက်နဲ့တစ်ယောက် Time Zone မတူကြတဲ့ သူတွေ ပူးပေါင်းဆောင်ရွက်မယ် ဆိုတော့ တစ်ယောက်က အိပ်နေတဲ့ အချိန်မှာ တစ်ယောက်က အလုပ်လုပ်နေပါတယ်။ တစ်ဖက်က နေ့၊ တစ်ဖက်က ညဆိုပါတော့။ ဒီတော့ အမြဲတမ်း ထိတွေ့ဆက်ဆံနိုင်ဖို့မှာ အခက်အခဲတွေ ရှိလာပါတယ်။ အချိန် သိပ်မရတဲ့ ကိစ္စတွေ Project တွေကို လုပ်ရတဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက် အချိတ်အဆက် မမိတော့ပဲ တိုင်ပတ်ပါတော့တယ်။
ပြဿနာ အမှတ် (၁) အတွက် အဖြေ
အဲဒီလို အချိန်ညှိမရတဲ့ ကိစ္စမှာ အကောင်ဆုံးနည်းလမ်းကတော့ အချိန်ဇယားပါပဲ။ Time Zone မညီကြသူခြင်း အဆင်ပြေနိုင်မယ့် အချိန်တစ်ခုကို သတ်မှတ်ထားဖို့ လိုပါမယ်။ အရေးကြီးတဲ့ အမြန်လိုတဲ့ ကိစ္စတွေမှာ Real Time Discussion လိုမှာ ဖြစ်ပေမယ့် ပုံမှန် ကိစ္စတွေအတွက်တော့ Different Time Zone အတွက် Different Time Frame တွေ ထားပေးရမှာ ဖြစ်ပါတယ်။ Project တစ်ခု စတော့မယ်ဆိုတာနဲ့ Brain Storming အတွက် အချိန်တစ်ခုပေးရပါမယ်။ အဲဒီအချိန်မှာ Different Time Zone မှာ ရှိတဲ့ Team Member တွေအနေနဲ့ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ အချိန်မှာ ဝင်ဆွေးနွေးရပါမယ်။ ကိုယ့် အိုင်ဒီယာတွေ ချပြရပါမယ်။ ဒီနေရာမှာ ပြောစရာရှိတာက Brain Storming လို့ ဦးနှောက် မုန်တိုင်းဆင်ခြင်း အလေ့အထကို ယဉ်ပါးနေဖို့ လိုပါတယ်။ တစ်ယောက်ရဲ့ အိုင်ဒီယာကို တစ်ယောက်က ဝေဖန်တာနဲ့ တစ်ယောက်က စိတ်ဆိုးသွားရင် အလုပ်မဖြစ်ပါဘူး။ Brain Storming ကောင်းကောင်းလုပ်နိုင်ဖို့ ဆိုရင် IQ မြင့်နေရုံနဲ့ မလုံလောက်ပါဘူး။ EQ ပါ မြင့်ဖို့ လိုလာပါတယ်။ အမြန်လိုတဲ့ ကိစ္စတွေအတွက်တော့ Real Time လိုလာပါမယ်။ ဒါကြောင့် အချိန်တစ်ခုသပ်မှတ်ထားပြီး အရေးကြံုတဲ့အခါ အားလုံး အကြောင်းကြားပြီး အားလုံးက အသင့် ဖြစ်နေဖို့ လိုပါတယ်။ ဒီနေရာမှာ Video Conference ကိုအသုံးချနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ အရေးကြီးတာက အလုပ်လုပ်နေကြတာ ဖြစ်တဲ့အတွက် အလုပ်အကြောင်းပဲ ဖြစ်ရပါမယ်။ တစ်ခြားအကြောင်းတွေ ပါလို့ မဖြစ်ပါဘူး။
၂။ လုပ်ငန်းဆောင်တာ စီမံခန့်ခွဲမှု (Task Management)
အသစ်တွေကို ဖန်တီးတဲ့နေရာမှာ သိပ်ပြဿနာမရှိပေမယ့် Routine ဆန်တဲ့ ကိစ္စတွေ လုပ်ရတဲ့အခါ Motivation ကျလာတာတွေ ရှိလာပါတယ်။ စိတ်ဝင်စားမှုတွေ လျော့ကျ လာပါတော့တယ်။ အကယ်၍များ Team အနေနဲ့ Web Site တစ်ခုကို တာဝန်ယူပြီး Run ပေးနေရတဲ့အခါ ထောင်နဲ့ ချီနေတဲ့ အီးမေးလ်တွေကို စာပြန်ဖို့ လိုလာမယ်။ အဲဒီလို ပုံမှန်ဆန်တဲ့ သမာရိုးကျဆန်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရတဲ့အခါ ပျင်းဖို့ အလွန်ကောင်း လာပါတယ်။ Motivation လည်း ကျလာပါတယ်။ အဲဒီလို ကျလာတာနဲ့ အမျှ အလုပ်မှာလည်း ထိခိုက်လာပါတော့တယ်။
ပြဿနာ အမှတ် (၂) အတွက် အဖြေ
ပရောဂျက်တစ်ခု လုပ်တော့မယ်ဆိုရင် သေသေချာချာ စီစဉ်ပါ။ စနစ်တကျ စုစည်းပါ။ ပြောရရင် ဘယ်ဟာပဲ ဖြစ်ဖြစ် အလွယ်တကူရအောင် စီစဉ်ထားပါ။ ဖိုင်တစ်ခုက အစ လိုတဲ့အချိန်မှာ ရှာမရင် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒီတော့ အရာအားလုံး စနစ်တကျ စီစဉ်ထားဖို့ လိုပါတယ်။ နောက်ပြီး ကိုယ့် Team မှာ ပါတဲ့သူတို့အတွက် Resources တွေကို အလွယ်တကူ ယူလို့ရအောင် စီစဉ်ထားဖို့ လိုပါတယ်။ ဒီအတွက်လည်း အားလုံး သဘောတူမျှတဲ့ အားလုံးနားလည်တဲ့ Filing System တစ်ခု တည်ထောင်ထားဖို့ လိုပါတယ်။ Online Collaboration Software တွေကို သုံးသင့်ရင် သုံးရပါမယ်။ နောက်ပြီး File Sharing System တစ်ခုလည်း ကောင်းကောင်း ရှိဖို့ လိုပါမယ်။ စနစ်တကျ စီစဉ်ထားခြင်းအားဖြင့် ပရောဂျက်တစ်ခုနဲ့ တစ်ခု Resources ခြင်း ချိတ်ဆက် အသုံးချလို့ ရလာပါတယ်။ Routine Task တွေကို စနစ်တကျ စီစဉ်ထားခြင်း အားဖြင့် စိတ်ဖိစီးမှု ကိုလျော့ချနိုင်ပါတယ်။ Motivation ကိုလည်း မြင့်တင်ရာရောက်ပါတယ်။
နောက်တစ်ခုက ရလဒ်တွေကို ကြည့်ဖို့ပါ။ ပြောရရင် ဖန်ခွက်ထဲမှာ ရေတစ်ဝက်မရှိတာကို မကြည့်ပဲ ရေတစ်ဝက်ရှိတာကိုပဲ ကြည့်တဲ့သဘောပါ။ Positive Thinking ဆိုပါတော့။ ကိုယ်စာပြန်စရာတွေ အများကြီး ရှိသေးပါလားလို့ ကြည့်တာထက် ကိုယ်စာတွေ ဘယ်လောက် ပြန်ပြီးတဲ့အတွက် Inbox မှာ လျော့သွားတာ ကြည့်ဖို့ပါ။ လုပ်ငန်းဆောင်တာ တစ်ခုလုံးကို ခြံုပြီးမကြည့်ပဲ တစ်ပိုင်းခြင်းစီ ကြည့်ပါ။ ကြည့်တဲ့နေရာမှာလည်း ကိုယ်ဘာတွေ ပြီးသွားပြီဆိုတဲ့ဖက် ရလဒ်ဖက်၊ အောင်မြင်မှုဖက်ကို မျက်နှာမူထားပါ။ ဒီလိုမျက်နှာမူထားမှသာ စိတ်ချမ်းသာစေမှာ ဖြစ်ပါတယ်။ ပြဿနာတွေကိုလည်း ကိုယ်လက်ခံနိုင်သလောက် ကန့်သတ်ပြီး ယူပါ။ ဖြေရှင်းပါ။ နောက်အရေးကြီးတဲ့ တစ်ချက်က ဦးစားပေးအဆင့် စီထားပါ။ ဦးစားပေးအဆင့် အတိုင်းဆောင်ရွက်ပါ။
ဆက်ပါဦးမယ် …
Facebook comments:




good post fri!i want to take this post to my website!plx allow me fri!u may be happy!