ကျွန်ုပ်နှင့် ယူနီကုတ်ခရီးစဉ်

ကျွန်တော်အတွက် ၂၈ – ၁၂ – ၂၀၁၀ ဟာ အထူးခြားဆုံး နေ့တစ်နေ့လို့ ဆိုရမယ့် နေ့တစ်နေ့ပါပဲ။ ၂၇ ရက်နေ့က ကိုငွေထွန်း ကျွန်တော့ကို ခေါ်ပြောပါတယ်။ Unicode နဲ့ ပတ်သက်ပြီး မေးချင်တာတွေ မေးလို့ရမယ့် အစီအစဉ် တစ်ခုရှိတယ်တဲ့။ Unicode နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ပြင်းထန်တဲ့ ကိုမောင်မောင်ဆန်းက Unicode အကြောင်း ဗီဒီယိုမှတ်တမ်းလေး ရိုက်ချင်ပါတယ်တဲ့။ ကျွန်တော့ အတွက်လည်း အရမ်းကို စိတ်ဝင်စားစရာ Topic တစ်ဖြစ်တာနဲ့အညီ Unicode Documentary ခရီးစဉ်ကို လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဇာတ်ကွက်ရဲ့အစ

၂၈ – ၁၂ – ၂၀၁၀။ ကျွန်တော် ကိုငွေထွန်းရဲ့ရုံးခန်းကိုသွားပြီး Mac Mini Server ကို သွားရည်ကျ။ နောက်တော့ ကိုမောင်မောင်ဆန်းနဲ့ ကိုဟန်ဇော် (PC Magazine) တို့ရောက်လာ ကြပါတယ်။ ကိုမောင်မောင်ဆန်းကို တွေ့တော့ ကျွန်တော် ဖတ်ထားတာ မကြာသေးတဲ့ PC Magazine က အင်တာဗျူးတစ်ခုကို သတိရမိပါတယ်။

‘‘သီဟိုဠ်မှဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎန ဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဌာန်လျက် ဂဃနဏ ဖတ်ခဲ့သည်’’ ဆိုတဲ့ မြန်မာ ပန်ဂရမ်ကို ဖန်တီးခဲ့သူ အဖြစ် သတိရမိပါတယ်။

ကိုဟန်ဇော်ကတော့ အဲဒီ ပန်ဂရမ်ကို စင်္ကာပူမှ ဉာဏ်ကြီးရှင်သည် ဗာဒံပင်ပေါ် ထိုင်လျှက် ဗာဒံသီးများကို ထုခွဲစားသောက်ရာ … ဆိုလား နောက်နေပါသည်။ ကျွန်တော်လည်း The quick brown fox jumps over the lazy dog. ဆိုတဲ့ English-language pangram တစ်ခုအတွက် မြန်မာတွေအတွက် ရှိလာတာပါလားဆိုပြီး မှတ်သားမိပါတယ်။ ကွန်ပျူတာသုံး မြန်မာစာ စနစ်အတွက် အဓိကကျတဲ့ မှတ်တိုင်တစ်ခု အဖြစ် မှတ်တမ်း ဝင်သွားခဲ့သလို ဖန်တီးသူရဲ့ တီထွင်နိုင်မှု စွမ်းရည်ကိုလည်း လေးစားမိပါတယ်။

ကျွန်တော်တို့ ပထမဦးဆုံး ရိုက်ဖြစ်ခဲ့တဲ့ နေရာကတော့ လမ်းဘေးပလက်ဖောင်းက လက်ဖက်ရည်ဆိုင် တစ်နေရာ။ ကိုဟန်ဇော်ကို လက်ဖက်ရည်ဆိုင် ထိုင်နေတယ်၊ ကျွန်တော်က ကိုဟန်ဇော်ကို တွေ့တော့ ဝင်လာပြီးနှုတ်ဆက်တယ်။ ပလက်ဖောင်းဘေးမှာတော့ ခိုတွေ အစားတွေစုစားလို့ ကျွန်တော်တို့ရဲ့ရိုက်ကွင်းကလည်း ဆလိုက်မရှိ၊ လူမသိ လုံးဝကို သဘာဝကျ နေခဲ့ပါတယ်။

ဘာတွေပြောရမလဲဆိုတာ ကြိုတင် ဇာတ်မတိုက်ခင် ကိုဟန်ဇော်ကို ကြည့်လိုက်တော့ အင်္ကျီက အမည်းရောင်၊ ကျွန်တော်က အင်္ကျီက အဖြူရောင်၊ ဒီတော့ ကျွန်တော်လည်း ကျွန်တော်တို့နှစ်ယောက်ကို ဖြူမည်း ညီနောင်ရယ်လို့ နာမည်ပေးဖြစ်ပါတယ်။ တစ်ယောက်က ဝဝ၊ တစ်​ယောက် ပိန်ပန်၊ ဒီတော့ ဖြူမည်း ညီနောင်ဆိုတဲ့ တရုပ်သိုင်းကားထဲက ညီနောင်နှစ်ဦးကို သတိရမိပြီး ပေးလိုက်တာပါ။

‘‘ကိုဟန်ဇော်ရေ .. ရောက်တာကြာပြီလားဗျာ၊ ကျွန်တော် နည်းနည်းနောက်ကျသွားတယ်။ ကျွန်တော် ယူနီကုတ် အကြောင်း သေသေချာချာ သိချင်တယ်ဗျာ။ အဲဒါ ကိုဟန်ဇော်များ ရှင်းပြနိုင်မလား’’

‘‘ကျွန်တော်ကတော့ သေသေချာချာ အကုန်မရှင်းပြနိုင်ပါဘူးဗျာ။ ဒါပေမယ့် ရှင်းပြနိုင်မယ့် သူတွေကိုတော့ သိတယ်ဗျ၊ ကျွန်တော်နဲ့ ကိုသီဟ သွားမေးလိုက် ကြရာအောင်လား’’

‘‘ကောင်းတာပေါ့ဗျာ၊ သွားလိုက်ကြရအောင်’’

ဒါက ပြောရမယ့် ဒိုင်ယာလော့ တကယ်လည်း ရိုက်ရော၊ ဒါရိုက်တာ ကိုရွှေမောင်မောင်ဆန်းက ရှုထောင့်သုံးခုက ရိုက်မယ်တဲ့ အဲဒါနဲ့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးနှစ်ယောက် ဖြစ်တဲ့ ဖြူမဲညီနောင်လည်း ဇာတ်ဆရာအလိုကျ လိုက်ကရပါတယ်။ တစ်ခါပြောရင် ဒိုင်ယာလော့က တစ်မျိုး၊ နောက်တစ်ခါဆို နောက်တစ်မျိုးနဲ့ ဟုတ်တော့ ဟုတ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ် လောကကြီးရေ၊ ဒီနေ့က ကိုမောင်မောင်ဆန်း မွေးနေ့ကွ၊ သူပြုသမျှ ခဏလောက်နုလိုက်တာနဲ့ မွေးနေ့မှာ ဝါးတီး အလွတ်ဆွဲရမှာဆိုတော့ အောင့်ထား အောင့်ထား၊ ဒီလိုနဲ့ ကားပေါ်တက် ကျွန်တော်တို့ ခရီးစဉ်တစ်ကဒ်အစမှာ လှပခဲ့ပါတယ်ဗျာ (မလှပလို့လည်း မရဘူးလေ၊ မွေးနေ့ရှင်မျက်နှာ ဒါရိုက်တာမျက်နှာကလည်း ရှိနေတာကိုးခင်ဗျ)။

ယူနီကုတ် စတင်ရာ နေရာသို့

ဒီလိုနဲ့ပထမဦးဆုံး ရောက်ဖြစ်ခဲ့တာက Myanmar NLP Lab ကိုပါ။ အဲဒီကိုရောက်တော့ ကားရပ်တာလေး ရိုက်ချင်တယ်၊ ဆင်းလာတာလေး ရိုက်ချင်တယ် ဆိုတာနဲ့ ကိုမောင်မောင်ဆန်းက အရင်ဆင်း၊ ကျွန်တော်က နောက်ကဆင်းပေါ့၊ ကားသမားကိုလည်း တောင်းပန်လိုက်ရတယ်၊ ဗီဒီယို ရိုက်ချင်လို့ပါပေါ့။ ကားသမားကတော့ မျက်နှာက မသာမယာ၊ ဒီ အညာဆီကုန်သည် နှစ်ယောက်ကို ဘာများထူးခြားလို့လဲလို့ တွေးနေမယ် ထင်ပါတယ်။

Myanmar NLP Lab ကိုရောက်တော့ ကျွန်တော်တို့ သိချင်တာတွေ အရမ်းများနေပါတယ်။ သူတို့ဖက်ကလည်း ပြောစရာတွေများ၊ ကျွန်တော်တို့ ကလည်း ပြောစရာတွေများ၊ ဘယ်လောက်တောင် မေးလိုက် ပြောလိုက်ကြသလဲဆိုရင် နှစ်နာရီလောက် ကြာသွားပါတယ်။ ကိုမောင်မောင်ဆန်း ကတော့ ကင်မရာသုံးလုံးနဲ့ ရှုပ်နေပေမယ့် သူရိုက်နေတယ်ဆိုတာတောင် ကျွန်တော်တို့ သတိမထားမိတော့ပါဘူ။ အဓိက ပြောဖြစ် မေးမြန်းဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ Machine Translation (မြန်မာ ဘာသာပြန်စနစ်)၊ OCR (Optical Character Reader) ပုံတွေမှာ ရှိနေတဲ့ စာ​တွေကို စာအတိုင်း ပြန်ကောက်တဲ့ စနစ်၊ Translation Memory (ဘာသာပြန်ပြီးတာတွေကို မှတ်တမ်းတင် သိမ်းဆည်းထားပြီး နောက်တစ်ခါ ပြန်သုံးနိုင်အောင် စီစဉ်တဲ့ စနစ်)၊ Language Resources (ဘာသာစကားဆိုင်ရာ အရင်းအမြစ်ကိစ္စ)၊ စသည်ဖြင့် အများကြီး မေးမြန်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ တကယ်တော့ လက်တန်းမေးရ ပြောရတာ ဖြစ်တဲ့အတွက် အရမ်းပြည့်စုံအောင် မေးမြန်း ဆွေးနွေးချင်ပေမယ့် ရသလောက်မှာ သိချင်သလောက် အကုန်လုံး မေးမြန်း ဆွေးနွေးဖြစ်ခဲ့သလို အတော်လေးကို ပြည့်စုံတဲ့ ဆွေးနွေးပွဲ တစ်ခု ဖြစ်ခဲ့ပါတယ်။ (အဲဒီမှာ သိလိုက်ရတာတွေ များလွန်းတော့ နောက်ထပ် စာတစ်ပုဒ်ရေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နောက်စာ တစ်ပုဒ်မှာ ဒီထက်ပြည့်စုံအောင် ကျွန်တော် ရေးပေးမှာ ဖြစ်ပါတယ်)။

တကယ်တော့ မြန်မာတွေမှာ အထူးသဖြင့် လူငယ်တွေမှာ နည်းပညာ လေ့လာရာမှာပဲ ဖြစ်ဖြစ်၊ အခြား ဘယ်ကိုပဲ လေ့လာလေ့လာ English စာကို ကျော်သွားလို့ မရပါဘူး။ English စာဆိုတဲ့ တံတိုင်းကို မဖြစ်အောင် ကျော်ဖြတ်နိုင်မှသာ လေ့လာလို့ရမယ့် အနေအထားပါ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဆိုရင် အင်္ဂလိပ်စာကို တတ်ကို တတ်ဖို့ လိုအပ်သော်လည်း တစ်ချို့နေရာတွေမှာ အထူးသဖြင့် လေ့လာခါစ အချိန်တွေမှာ မြန်မာလို တိုက်ရိုက်လေ့လာ နိုင်မယ်ဆိုရင် ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်။ Myanmar Tutorials ကိုယ်တိုင်လည်း အဲဒီလို အဆင့်အတွက် အဓိကထားပြီး Content တွေကို မြန်မာလို အတတ်နိုင်ဆုံး ရေးသားပြီး တင်နေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ Machine Translation ဆိုတာလဲ အဲဒီလို ရည်ရွယ်ချက်တွေကို ပြည့်စုံစေမှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်ဝင်စားမိပါတယ်။ Myanmar Tutorials အနေနဲ့ ဘယ်လိုမျိုး အထောက်အပံ့ပေးနိုင်မလဲဆိုတာ လေ့လာ မေးမြန်းကြည့်တော့ Language Resources အပိုင်းမှာ ပူပေါင်းလို့ ရနိုင်တယ်ဆိုတာ တွေ့လာပါတယ်။

ဒီနေရာမှာ အားလုံးသိအောင် အနည်းငယ် ရှင်းပြလိုပါတယ်။ Machine Translation ဆိုတာဘာလဲ။ တကယ်တော့ အဲဒီလို ဘာသာပြန် စနစ်နဲ့ ပတ်သက်ရင် အခြားဘာသာစကားတွေမှာ ရှိနေပြီးသားပါ။ ဥပမာဆိုရင် ထိုင်းဘာသာ အင်္ဂလိပ်စာကနေ ထိုင်းဘာသာစကားကို Google Translate နဲ့ အလွယ်တကူ ​​ပြောင်းယူလို့ရပါတယ်။ ဒါပေမယ့် ဗမာစာအတွက်ရော အခြားတိုင်းရင်းသား ဘာသာစကားတွေ အတွက်ရော မရှိသေးပါဘူး။ မြန်မာလို ဘာသာပြန်စနစ် တစ်ခုသာ ရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုတဲ့ အတွေးမျိုး စာဖတ်သူတွေ စိတ်ကူးမိ ကြပါလိမ့်မယ်။ Machine Translation ဆိုတာ အဲဒီအတွက်ပါပဲ။ ဒီတော့ Machine Translation ပိုင်းမှာ ဘာတွေ လိုမလဲ၊ နည်းပညာနဲ့ ကျွန်တော် ခုနက ပြောခဲ့တဲ့ Language Resources ဆိုတာတွေ လိုပါတယ်။

အဲဒီလိုပြောတော့ နည်းပညာမှာ ငါတို့က အမြဲနောက်ကျ နေတာပါကွာလို့ ထင်စရာရှိပါတယ်။ တကယ်တော့ နည်းပညာက ဘာမှမလိုလောက်အောင် ခုချိန်မှာ ပြည့်စုံနေပါပြီ။ Open Source နည်းပညာ တစ်ခုကို သုံးပြီး အလွယ်တကူ ဖန်တီးလို့ ရ​နေပါပြီ။ Open Source ကို သုံးထားတဲ့အတွက် အားသာချက်တစ်ခု အနေနဲ့ ထွက်လာတဲ့ Product ကိုလည်း Open Source အဖြစ်သာ ဆက်လက်ဖြန့်ဝေမှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်သူမဆို သုံးနိုင်ပြီပေါ့။ ဟုတ်ပါတယ်။ ဘယ်သူမဆို သုံးနိုင်ပါတယ်။ ခုလက်ရှိလည်း www.myanmarnlp.org.mm စမ်းသပ် သုံးစွဲနိုင်နေပါပြီ။ ဒါပေမယ့် အဓိက လိုအပ်နေတဲ့ အပိုင်းက Language Resources ပါ။ ဒီထက် နားလည်အောင် ရှင်းပြရမယ်ဆိုရင် တစ်ဖက်က အင်္ဂလိပ်လို ရေးထားတဲ့ စာသားတွေကို မြန်မာလို ယှဉ်ပြီးဘာသာ ပြန်ထားတဲ့ စာကြောင်းတွေ အများကြီးလိုနေပါတယ်။ အဲဒီလို စာကြောင်းတွေ အမျာကြီးထည့်သွင်း လိုက်နိုင်တာနဲ့အမျှ Translator (ဘာသာ ပြန်စနစ်) ဟာလည်း ပြည့်စုံသထက် ပြည့်စုံလာမှာ ဖြစ်ပါတယ်။

အဲဒီလို ပြည့်စုံဖို့ဆိုတဲ့ နေရာမှာလဲ ကဏ္ဍတွေ အများကြီးရှိနေပါတယ်။ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နည်းပညာ ကဏ္ဍ၊ သတင်းကဏ္ဍ စသည်ဖြင့် အများကြီးရှိနေပါတယ်။ ဒီလို ကဏ္ဍအားလုံး ပြည့်စုံဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ myanmars.net က Win Innwa Font ကို တည်ထွင်သူလည်း ဖြစ်တဲ့ ကိုဇော်ထွဋ် ပြောတဲ့ နှစ်ပြား တန်ဆောင်းဆိုတာကို ပြန်ညွှန်းရမှာ ဖြစ်ပါတယ်။ တစ်ကယ့်ကို တစ်ယောက် နှစ်ပြားစီစုပြီး တန်ဆောင်းကြီး ဖြစ်လာအောင် တည်ဆောက်ကြဖို့ လိုနေတာတွေ့ရပါတယ်။ တကယ်တော့ ဒီကိစ္စဟာ အားလုံးနဲ့ ဆိုင်ပါတယ်။ လူတိုင်းကသာ ကျွမ်းကျင်တဲ့ နယ်ပယ်အလိုက် ပူးပေါင်းဆောင် ရွက်မှုတွေ ပြုလိုက်မယ်ဆိုရင် ခဏလေးနဲ့ပြီးသွားနိုင်သလို၊ ပူးပေါင်းမှု မရှိရင်လည်း အချိန်တွေ အများကြီးကြာသွားနိုင်တဲ့ သဘောရှိပါတယ်။

ဒီတော့ ကျွန်တော်သတိရမိတာ တစ်ခုရှိပါတယ်။ MysteryZillion လို့ အမည်ရတဲ့ ကိုစေတန်ရဲ့ ဖိုရမ်မှာတုန်းက Dictionary အတွက် လူငယ်တွေ စုပြီး စာလုံးတွေရိုက်ခဲ့ကြတာ မှတ်မိပါသေးတယ်။ အဲဒီလို ရိုက်ခဲ့ကြတဲ့ အကျိုးဆက်အရ Google Dictionary Bot တွေ၊ တစ်ခြား ကိုစိုးမင်းရဲ့ wpyDict လို Dictionary တွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအပြင် ကိုစေတန်ရဲ့ Ornagai ဟာလည်း အဲဒီကနေ မြစ်ဖျားခံလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီလို Collaborative Platform (ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နေရာတွေ) အွန်လိုင်းမှာ ရှိနေတယ်ဆိုတာ ကျွန်တော် သတိရမိပါတယ်။

Myanmar Tutorials အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပေးမယ်၊ ကိုယ်တတ်နိုင်တဲ့ ဒိုမိန်းတစ်ခုအဖြစ် နည်းပညာပိုင်းကို ဘာသာပြန် စနစ်အတွက် ကူညီမယ်ဆိုတော့ အဲဒီမှာ စပြီးပြဿနာ တက်ပါတော့တယ်။ ကျွန်တော်တို့ သုံးနေတာ Non-unicode၊ သူတို့လိုတာ Unicode၊ တကယ်တန်းပြောရရင် Converter တွေ ရှိတယ်ဆိုပေမယ့် အမှားအယွင်းတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ဘယ်လိုမှ ထောက်ပံ့ပေးလို့ အဆင်မပြေတဲ့ အနေအထားပါ။ ကျွန်တော်လည်း အဲဒီတော့ စဉ်းစားမိတာက ယူနီကုတ်ကို ဘာကြောင့်လိုက်ပြီး ကုတ်သင့်တာလဲဆိုတဲ့ အပိုင်းပါ။ တကယ်တန်း ပြောရရင်တော့ ယူနီကုတ်ကို ပြောင်းဖို့ ပြင်ဆင်နေခဲ့တာ ကြာပါပြီ။ Just for show only ပဲ ဆိုပြီး မေ့ထားခဲ့သမျှ Machine Translation နဲ့ကျမှ ဒုက္ခနဲ့ လှလှ တွေ့ပါတော့တယ်။

ယူနီကုတ် ပြောင်းသင့်လား မပြောင်းသင့်ဘူးလား

ယူနီကုတ် ပြောင်းသင့်လား မပြောင်းသင့်ဘူးလား။ အဲဒီလိုပြောလိုက်တာနဲ့ ဖောင့်ကို ပြောင်းရမယ်၊ လက်ကွက်ရိုက်နည်းကို ပြောင်းရမယ်လို့ လူအတော်များများ ထင်တတ်ကြပါတယ်။ တကယ်တန်း ယူနီကုတ်ဆိုတာ ကိုငွေထွန်း အပြောနဲ့ ပြောရမယ်ဆိုရင် ဖောင့်မဟုတ်ပါဘူး၊ စံဖြစ်ပါတယ်။ ဘယ်လိုစံနှုန်းမျိုးလဲ။ ISO လို့ခေါ်တဲ့ International Standard Organization(နိုင်ငံတကာ စံနှုန်းသတ်မှတ်ရေး အဖွဲ့)က သတ်မှတ် အတည်ပြုထားတဲ့ စံတွေ ဖြစ်ပါတယ်။ ဒီလိုစံတွေကို ဘာကြောင့်သတ်မှတ် ရတာလဲ။ ဝင်းအင်းဝလို နဂိုကတည်းက ရှိတာကို သတ်မှတ်ပါလား ဆိုပြီး စဉ်းစားစရာ ရှိပါတယ်။

အဲဒီလိုဆိုရင် ဝင်းအင်းဝကို တီထွင်သူ ဖြစ်တဲ့ ကိုဇော်ထွဋ် အပြောကိုပဲ ပြန်ညွှန်းရပါမယ်။ ကျွန်တော်တို့ အစတုန်းက အင်္ဂလိပ်စာ ဖောင့်နေရာတွေကို ယူပြီး မြန်မာစာတွေကို ဖန်တီးခဲ့ကြပါတယ်။ တကယ်တန်း အဲဒီလို ဖန်တီးထားတဲ့ အခါမှာ သဝေထိုးဆိုတဲ့ နေရာမှာ a ဆိုပြီးဖြစ်နေပါတယ်။ ဒီတော့ အချက်အလက်တွေကို မှတ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိလာပါတယ်။ အဲဒီလိုပဲ တစ်ခြားဘာသာ စကားတွေမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ ဒါကြောင့် Unicode ဆိုပြီး နိုင်ငံတကာမှာ ရှိနေတဲ့ ဘာသာစကားတွေ အားလုံးအတွက် သီးသန့်နေရာတွေကို သတ်မှတ်ဖို့ လိုလာပြီဆိုပြီး နေရာတွေ သတ်သတ်မှတ်မှတ် ချထားပေးခဲ့ပါတယ်။ အဲဒါကို Unicode Standard လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အလွယ်ဆုံး အရှင်းဆုံး ပြောရရင်တော့ ‘က’ ကြီးအတွက် တစ်နေရာ ခခွေးအတွက် တစ်နေရာ စသည်ဖြင့်ပေါ့။

အဲဒီလို နေရာတွေ သတ်မှတ်ပေးတဲ့ နေရာမှာ 5.0, 5.1, 5.2, 6.0 စသည်ဖြင့် အဆင့်ဆင့်သတ်မှတ် မှုတွေ ပြုလုပ်ခဲ့ပြီး ဗမာစာအတွက်ကတော့ ၅.၂ ကနေစလို့ တည်ငြိမ်သွားပါပြီ။ နောက်ပိုင်း အပြောင်းအလဲတွေမှာ ဗမာစာလုံးပေါ် အခြေခံထားတဲ့ တိုင်းရင်းသား ဘာသာစကားတွေ ဖြစ်တဲ့ ရှမ်းတို့၊ မွန်တို့ကို ဆက်လက် ထည့်သွင်းသွားတာပဲ ဖြစ်ဖို့ ရှိပါတော့တယ်။ ဒါကနေရာအပိုင်းပါ။ ပြောရရင် ဗျည်းအပိုင်းပေါ့။ ရေးချ၊ နောက်ပစ်၊ ဟတ်ထိုး (ဗျဉ်းတွဲ)၊ တစ်ချောင်းငင် အစရှိတဲ့ သရတွေကလည်း ရှိနေပါသေးတယ်။ သူတို့အတွက်လည်း နေရာတွေ သတ်မှတ်ရပါတော့မယ်။ အဲဒီလို သတ်မှတ်ရမယ် ဆိုတော့ ပြဿနာတွေ ရှိလာပြန်ပါတယ်။

အပေါ်မှာ ပြထားတဲ့ ရရစ်တွေကို ကြည့်ပါ။ အမျိုးအစား အားလုံးပေါင်း ရှစ်မျိုးရှိပါတယ်။ အဲဒီအမျိုးအစား အားလုံးကို စာဖတ်သူ ဘယ်လို ထင်ပါသလဲ။ အဲဒါတွေ အားလုံး အဓိပ္ပါယ် အတူတူပဲလို့ ပြောမယ်ဆိုရင် စာဖတ်သူလည်း လက်ခံသဘောတူ ပါလိမ့်မယ်။ ဒီနေရာမှာ ချွင်းချက် အနေနဲ့ ဝဆွဲကို ခဏဖယ်ထားပါ့မယ်။ အဲဒီလို အမျိုးအစားတူနေတာကို တစ်နေရာစီထားမယ်ဆိုရင် ဖြစ်သင့်ပါသလား။ သဘောတရား တူပါတယ်ဆိုမှ ရှာတဲ့အခါ ပုံစံမျိုးစုံရှာနေရတာမျိုးဆိုရင် သင့်တော်ပါ့မလား။ ကျွန်တော်ကတော့ လုံးဝ မသင့်တော်ဘူးလို့ ယူဆပါတယ်။ တကယ်တန်းတော့ တစ်ခုတည်းသာ ဖြစ်သင့်ပါတယ်။ ဒီဥပမာ တစ်ခုတည်းနဲ့တင် တစ်ခြား အပိုင်းတွေလည်း အများကြီး ရှိလိမ့်ဦးမယ်လို့ စာဖတ်သူ သတိထားမိမှာပါ။

နောက်တစ်ပိုင်းကတော့ ဗျည်း၊ သရ ကိစ္စပါ။ ဗျည်းက အရင်လာသင့်ပါလား၊ သရက အရင်လာသင့်ပါသလား။ Storage Order လို့ ခေါ်နိုင်မယ် ထင်ပါတယ်။ ကျွန်တော် စာတစ်လုံး ရေးပြပါ့မယ်။ စာဖတ်သူ လေ့လာကြည့်ပါ။

အဲဒီ စကားလုံး သုံးလုံးမှာ ဗျည်းနဲ့ သရဆိုပြီး ပါဝင်နေပါတယ်။ ကကြီးရယ်၊ ခခွေးရယ်၊ ပစောက်ရယ်၊ ငရယ် ပေါ့။ အဲဒီအပြင် ရရစ်၊ သဝေထိုး၊ ရပင်း၊ ရရစ်၊ အသတ် စသည်ဖြင့် ပါဝင်နေပါတယ်။ ကဲ ဒီတော့ စာဖတ်သူကို ကျွန်တော် တစ်ခုမေးချင်ပါတယ်။ ဗျဉ်းက အရေးကြီးလား၊ သရက အရေးကြီးလား။ ကျွန်တော်ထင်ပါတယ်။ အားလုံးက ဗျဉ်းအရေးကြီးတယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တန်း မှတ်တဲ့အခါမှာတော့ Visual Order အတိုင်းမှတ်မယ်ဆိုရင် သဝေထိုး၊ ရရစ်၊ ကကြီး၊ ရေးချ၊ င၊ အသတ်၊ ဝစ္စနှစ်လုံးပေါက် ဆိုပြီး မှတ်ရမှာ ဖြစ်ပါတယ်။ တကယ်တန်း မှတ်သင့်တာက ဗျဉ်းတွေကို ဦးစားပေးအဆင့် အနေနဲ့ မှတ်သင့်ပါတယ်။ အဲဒီလို မှတ်တာကို Logical Order လို့ ခေါ်နိုင်ပါတယ်။ ဒီတော့ Logical Order ရွေးမလား၊ Visual Order ရွေးမလားဆိုပြီး အငြင်းပွားစရာတွေက ဖြစ်လာပြန်ပါတယ်။

အရင်လာ အရင်ရိုက်လာတာပဲ၊ အရင်လာ အရင်မှတ်ကွာလို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဒီလိုဆိုရင် မိတ်ဆွေကို တစ်ခု ဆွေးနွေးလိုပါတယ်။ ကျွန်တော် အောက်မှာ ပြထားတဲ့ စာလုံးတွေကို လေ့လာကြည့်ပါ။

အဲဒီစာလုံးတွေကို စီမယ်ဆိုရင် ဘယ်လိုစီမလဲ ပုံမှန်ဆိုရင်တော့ ဗျည်းရဲ့ အစီအစဉ်အတိုင်း စီရမှာပါ။ ဗျည်းပြီးရင်း  ဗျည်းတွဲ သရအစဉ်ပေါ့။ တကယ်လည်း မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းလို နေရာတွေမှာ အဲဒီအတိုင်း စီထားပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ စီမယ်ဆိုရင်တော့ ရှေ့ကလာတဲ့ သဝေထိုးလို၊ ရရစ်လိုတွေကို အရင် စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲဒီလို နေရာတွေမှာ ဂေ၊ ခေ လို တစ်ခြားဗျည်းတွေ ပါလာရင် ပိုပြီး ရှုပ်သွားနိုင်ပါတယ်။ ကေ၊ ခေ၊ ဂေ ပြီးမှ ကြက ဆက်လာမယ် ဆိုတာမျိးတွေ ဖြစ်လာပါတော့မယ်။ ဒါများကွာ စစ်လိုက်ရတာပဲလို့ ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် စစ်လို့ရပါတယ်။ စစ်တယ်ဆိုကတည်းက Logical Order အတိုင်း ပြန်စီရမှာပါပဲ။ အဲဒီတော့ အစကတည်းက Logical Order အတိုင်းဆိုရင် ဘာပြဿနာမှာ ရှိတော့မှာ မဟုတ်ပါဘူး။ တကယ်တန်း non-unicode တွေမှာ အပေါ်မှာ ပြောခဲ့တဲ့ ရရစ်  ပြဿမျိုးတွေအတွက်လည်း ဖြေရှင်း စရာတွေ ရှိနေပါသေးတယ်။ အဲဒီအပြင် Machine Translation လို ကိစ္စတွေအတွက် မလိုအပ်ပဲ Process တွေ အများကြီး ပိုလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ISO က Logical Order ကိုသာ အသိအမှတ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ Visual Order ကို လုံးဝ အသိအမှတ်မပြုပါဘူး။

ကဲဒီတော့ ဟုတ်ပြီ။ Logical Order သွားကြမယ်ဆိုတော့ မြန်မာစာဆိုတာ အင်မတန် Complex (ရှုပ်ထွေးတယ်) ဖြစ်တယ်လို့ ကိုရာဗီက ပြောပါတယ်။ ဘယ်လို ရှုပ်ထွေးတာလဲဆိုတာကို ကိုငွေထွန်းက ရှင်းပြပါတယ်။ နိုင်ငံတကာ ဘာသာစကားတွေမှာ ဘာကနေ ညာကို သွားတာ ရှိသလို၊ ညာကနေ ဘယ်ကိုသွားတာတွေလည်း ရှိပါတယ်။ မြန်မာစာကတော့ ပုံမှန်းအတိုင်းကြည့်ရင် ဘယ်ကနေ ညာကို သွားတယ် ဆိုပေမယ့် Logical Order မှာ ဘယ်ကနေ ညာကို သွားလိုက်၊ ညာကနေ ဘယ်ကိုသွားလိုက်ဆိုတာတွေ ရှိနေပါတယ်တဲ့။ ကျွန်တော် အောက်မှာ ပြထားတဲ့ ဥပမာကို တစ်ချက်ကြည့်ကြည့်ပါ။

Logical Order က ဗျည်းက အရေးအကြီးဆုံး ဖြစ်တဲ့အတွက် ဗျည်းက အရင်းဆုံးလာပါတယ်။ ပြီးတော့ သဝေထိုးအတွက် ညာဖက်ကနေ ဘယ်ဖက်ကို ရွေ့ပါတယ်။ နောက်မှသာ ဘယ်ကနေ ညာကို ပြန်သွားပါတယ်။ ဒါကြောင့် ရှုပ်ထွေးတယ်လို့ ဆိုနိုင်တာပါ။ အဲဒီအပြင် တစ်ခြားထင်ရှားတဲ့ ဥပမာ ပေးရမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ရရစ်ပါ။ တကယ်တန်း ရှိသင့်တာ တစ်ခုတည်းလို့ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ပုံဖော်ဖို့ကျတော့ ဖြတ်သင့်တာ ဖြတ်ဖို့လိုလာပါပြီ၊ လုံးကြီးတင်အတွက် ဆိုရင် အလိုလို ဖြတ်ပေးရပါမယ်။ ဝဆွဲအတွက်လည်း အလိုလို ဖြတ်ပေး ရပါမယ်။ နေရာတွေလည်း ပြန်စီရတယ်၊ လိုအပ်သလိုလည်း တည်းဖြတ်ပေးရတယ် ဆိုတော့ Font Rendering လို့ခေါ်တဲ့ Font ကို လိုသလို ပြုပြင်ပေးတဲ့ စနစ် လိုလာပါပြီ။ အဲဒီလို Font Rendering အတွက် မြန်မာယူနီကုတ် ဖောင့်တွေမှာ အချိန်အတိုင်းအတာ တစ်ခုအထိ မတည်ငြိမ်ခဲ့ ကြပါဘူး။ အဲဒီအပြင်  Logical Order အတွက်လည်း အတိုင်းအတာတစ်ခုအထိ မတည်ငြိမ်ခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီလို အချိန်​တွေမှာ Logical Order ဖြစ်စရာ မလိုတဲ့ Rendering Engine မလိုတဲ့ ဖောင့်တွေ အသုံးများတွင်ကျယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို Logical Order မဟုတ်ဘူး။ Rendering Engine မပါဘူးဆိုကတည်းက Unicode Standard ကို အလိုလို ချိုးဖောက်ပြီးသား ဖြစ်သွားစေပါတယ်။

ဒါပေမယ့် ခုချိန်မှာ ယူနီကုတ်က အရမ်းကို တည်ငြိမ်သွားပါပြီ။ Logical Order (တကယ်တန်း နည်းပညာသမားတွေ နားလည်မှာက Logical Storage Order) အတွက်လည်း အဆင်ပြေသွားပါပြီ။ အဲဒီအပြင် Font Rendering အတွက်လည်း အဆင်ပြေနေပါပြီ။ အဲဒါတွေအပြင် အသုံးပြုသူတွေ စိုးရိမ်လေ့ရှိတဲ့ လက်ကွက်အသစ်သင်ယူရမယ့် ပြဿနာ၊ ခုချိန်မှာ ဇော်ဂျီလက်ကွက်နဲ့ ရိုက်မလား၊ ဝင်းလက်ကွက်နဲ့ ရိုက်မလား အလွယ်တကူ ရိုက်နိုင်နေပါပြီ။ ကဲဒီတော့ မပြောင်းသင့်ဘူးလား။ ကျွန်တော်ကတော့ ပြောင်းသင့်တဲ့အချိန်ကို လုံးဝ(လုံးဝ) ​ရောက်နေပြီလို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာစာတွေကို (ဒီနေရာမှာ တိုင်းရင်းသား ဘာသာစကားတွေ အတွက်လည်း ပါပါတယ်) ဒီထက် အဆင့်မြင့်တဲ့ Computable, Processing (ပြောရရင် Sorting, Machine Translation, Data Transferring)စတဲ့ နေရာတွေမှာ အမှန်တကယ် အသုံးဝင် စေချင်တယ်ဆိုရင် ပြောင်းကို ပြောင်းရပါတော့မယ်။

နောက်တစ်ခုက Data Exchange ပြဿနာပါ။ ကိုငွေထွန်းရဲ့ ပြောစကားကို ပြန်ညွှန်းရမယ်ဆိုရင် အင်္ဂလိပ်စာမှာ Time News Roman နဲ့ ပို့လိုက်တယ်၊ Arial နဲ့ ပို့လိုက်တယ် ဆိုတာမျိုး မရှိပါဘူး။ ဘာဖောင့်နဲ့ပို့ပို့ အဆင်ပြေပါတယ်။ ဒီမှာဆိုရင်တော့ Unicode နဲ့ပို့တဲ့အခါမှာ Myanmar3 ဖြစ်ဖြစ်၊ ပုရပိုက်ဖြစ်ဖြစ်၊ Masterpiece ဖြစ်ဖြစ် တစ်ပုံစံတည်းထွက်မှာ ရောက်မှာ ဖြစ်ပေမယ့် Non-unicode တွေမှာတော့ ဘယ်လိုမှ တစ်ပုံစံတည်း မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မြန်မာစာစနစ်မှာ စံသတ်မှတ်ချက် တစ်ခုတည်းသာ ရှိသင့်ပြီး အဲဒီစံသတ်မှတ်ချက်ကလည်း Unicode Standard, ISO Standard ဖြစ်တဲ့ စနစ်သာ ဖြစ်သင့်တယ်ဆိုတာ မိတ်ဆွေလည်း သတိထားမိမှာပါ။

နောက်တစ်ခုက ရိုက်နည်းအမှားပြဿနာတွေပါ။ အထင်ရှားဆုံး အမှားကတော့ ဉလေးသတ်ကို အက္ခရာ ဥနဲ့သတ်ကြတာပါ။ အဲဒီအပြင်း တစ်ခြားအမှားတွေလည်း ရှိပါသေးတယ်။ ရရစ် အပြတ်နဲ့ ရိုက်သင့်တဲ့ နေရာမှာ ရိုးရိုး ရရစ်နဲ့ ရိုက်တာ တစ်ချောင်းငင် အတိုနဲ့ ရိုက်တဲ့ နေရာမှာ အရှည်နဲ့ရိုက်တာ လုံးကြီးတင် တစ်ချောင်းငယ်၊ တစ်ချောင်းငယ် လုံးကြီးတင်၊ လုံးကြီးတင်အရင်လာတဲ့ ပြဿနာ၊ နောက်မှာလာတဲ့ ပြဿနာ စသည်ဖြင့် အများကြီးရှိနေပါတယ်။ အဲဒီပြဿနာတွေ အားလုံးကို ယူနီကုတ်မှာ အဆင်ပြေအောင် လွယ်ကူအောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။ အသုံးပြုသူ အနေနဲ့လည်း ရရစ်ဆိုရင်တစ်ခုတည်း မှတ်စရာလိုပြီး တစ်ခြားဟာတွေမှာလည်း အများကြီး အဆင်ပြေ လွယ်ကူ သွားစေတာ အမှားအယွင်းနည်းသွားစေတာ၊ ရိုက်ရ သက်သာသွားစေတာ သုံးဖူးသူတိုင်း သိကြပါလိမ့်မယ်။

ကဲကျွန်တော်ပြောတာနဲ့ ယူနီကုတ်အကြောင်းကို အတန်အသင့် သိသွားလိမ့်မယ်လို့ ယူဆပါတယ်။ တကယ်တန်းတော့ ဒီထက်မကတဲ့ အားသာ ချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် Myanmar Tutorials အနေနဲ့ Machine Translation စတဲ့ Langauge Processing တွေအတွက် ယူနီကုတ် စနစ်သုံး မြန်မာစာဖောင့်ကို ပြောင်းလဲ သုံးစွဲပါတော့မယ်။ အစစအရာရာ အားလုံး အဆင်ပြေစေဖို့ ယူနီကုတ် စနစ်သုံး မြန်မာစာ စနစ်ကို ပြောင်းလဲ သုံးစွဲပါတော့မယ်။ အဲဒီလို ပြောင်းလဲ သုံးစွဲမယ်ဆိုတော့ ဇော်ဂျီလို့ခေါ်တဲ့ ကျွန်တော် အခုသုံးနေတဲ့ စနစ်ကို စွန့်ခွာရပါတော့မယ်။ အဲဒီလိုဆိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်တော့ ဇော်ဂျီဟာလည်း ကျွန်တော်တို့လို မြန်မာ Web Site တွေကို တောင်ဝှေးနဲ့တို့ ပြီး မိုးပေါ်ကို ပို့ပေးခဲ့သူပါ။ ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဇော်ဂျီဖောင့်ကို တီထွင်ခဲ့သူတွေကိုရော အခမဲ့ သုံးစွဲခွင့် ပေးခဲ့သူတွေကိုရော ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

ဆက်ပါဦးမယ် …

Facebook comments:

36 Responses

  1. everlearner says:

    Good & Useful information about Unicode from end user, technical writer point of views, bro.

  2. kyawminlwin says:

    လေးစားပါတယ်ဗျာ….. ဒီလိုအရှေ့က ဦးဆောင်သူ ပညာရှင်တွေရှိမှပဲ မြန်မာနိုင်ငံကြီး တိုးတက်မှာပါ..

  3. Mohammed Aung says:

    Wonderful, you are very wise to embrace Unicode, in that way Burma and its people will regain the rightful place given by Unicode Consortium and , sure and out, Microsoft Corp. will respect US and integrate our standard font in their products.

    Your provision of insight into our standard fonts are admired too.

  4. myoaung says:

    ဘာေဖာင့္သုံးထားတာလဲဗ် ဘာမွဖက္မရဘူး

    • Thiha says:

      I’m now using the Myanmar Unicode Font. Would you please check the sidebar and download the Myanmar Font. Would you please install the fonts. You can read the post then. I wrote about WHY WE SHOULD CHANGE TO USE UNICODE FONT in this article, and I would like to recommend to read it. Sorry for inconvenience.

  5. luyo says:

    ကဲကျနော်လဲ unicode တင်လိုက်ပါပြီဗျာ

    • Thiha says:

      ကြိုဆိုပါတယ်ခင်ဗျာ၊ အခက်အခဲတွေရှိရင်လည်း ပြောပါ။ ကူညီပေးပါ့မယ်

  6. luyo says:

    ဟုတ်ကဲ့ပါ ကိုသီဟ ဇော်ဂျီနဲ့ရေးပြီးသား ဆိုဒ်တွေကို (ပို့စ်တွေကိုပေါ့နော်)unicode ဘယ်လိုပြောင်းတယ်ဆိုတာလေးသိချင်လို့ပါခင်ဗျ

    • Thiha says:

      ဟုတ်ကဲ့ဗျ Blogspot ဆိုရင် XML ဖိုင်ထုတ်လိုက်ပါခင်ဗျာ၊ Database ကတိုက်ရိုက် ဆိုရင်တော့ .sql ကို ထုတ်လိုက်ပါ ပြီးရင် http://www.myanmarnlp.org.mm က Converter နဲ့ ပြောင်းလို့ရနိုင်ပါတယ်။ အကယ်၍ အဆင်မပြေတာတွေ ရှိခဲ့ရင် myanmartutorials@gmail.com ကို ပို့ပေးပါ ကျွန်တော် ပြောင်းပေးပါ့မယ် ခင်ဗျ

  7. luyo says:

    ဟုတ်ကဲ့ပါ ကျနော်စမ်းကြည့်လိုက်ပါမယ်ခင်ဗျာ အဆင်မပြေခဲ့ရင် ထပ်ပြီးကူညီတောင်းပါမယ့်
    ကျနော်က အခုမှရေးတုန်း launch မလုပ်ရသေးလို့ပါ(ဆောရီး..)ရေးပြီးသားလေးတွေနှမြောလို့….
    ကျေးဇူးတင်ပါတယ်ခင်ဗျ

  8. trh says:

    This post sounds like a BBC documentary :P

    Ko Thi ha, please enclose your posts with span (font-family: Myanmar3 … ) like http://www.phoonuthit.com/, so that I can read your post in feed readers (google reader). Feed readers ignore CSS.

  9. kmt says:

    ကိုသီဟရေ myanmar tutorial ကို myanmar unicode ပြောင်းလိုက်တာ ကြိုဆိုပါတယ်ဗျာ။ ခက်တာက post အသစ်တွေဘဲ ဖတ်လို့ရပြီး post အဟောင်း တော်တော် များများ မှာ font တွေက ပေါက်တတ်ကရတွေ ဖြစ်နေတယ်။

    • Thiha says:

      ဟုတ်ပါတယ်ခင်ဗျာ ကျွန်တော် ပြောင်းလဲနေတုန်းမို့ပါခင်ဗျာ ကျွန်တော်က တစ်ခုခြင်းစီ တည်းဖြတ် အမှားတွေ ပြန်ပြင်ဆိုပြီး ပြောင်းနေတာ ဆိုတော့ ပို့စ် ၂ဝဝ ကျော်လောက် ကျန်နေပါသေးတယ်။ အဲဒါကြောင့်ပါခင်ဗျာ

  10. Soe Moe says:

    Excellent work done. Cheer!!! Happy New Year, mmtuts. March on……

  11. Lionslayer says:

    Facebook မှာ Photo တွေ ယူ​သုံး​လို့​ရအောင် တင်​ပေး​ထား​လိုက်​ပြီ။ :)

    • Thiha says:

      ဟုတ် တွေ့တယ်ဗျ

    • Aung Aung says:

      “unicode လူကြမ်းများနှင့် လူ့ဂွစာများ” ဇာတ်ကားရိုက်ကူးမှုမှတ်တမ်း ပုံတွေတော့ တွေ့တယ်ဗျ . . :P j/k

      • Thiha says:

        ကျွန်တော်က လူကြမ်းများအဖွဲ့ထဲမှာ မပါပါဘူးဗျာ … သိချင်သူ သက်သက်ပါ … ဟီးဟီး

        • Aung Aung says:

          အဲဒါဆို ကိုသီဟက လူ့ဂွစာပေါ့ . . . :D j/k
          အခုမှ မပါဘူးလုပ်လို့ ဘယ်ရမလဲဗျ . . . :)

  12. paragu7 says:

    ကျေးဇူး​ပါ​ကို​သီ​ဟ…. အခု​ချိန်​မှာ​အလွန်​လို​အပ်​နေ​တဲ့​ပို့စ် တစ်​ခု​ပါ..။
    မြန်မာ​ယူ​နီ​ကုတ်​၏ အင်ဖော်​မေး​ရှင်း တွေ​ဒီ​ထက်​ပို​ပြီး​လွယ်​လွယ်ကူ​ကူ​ရ​နိုင်​ရင်​ပို ကောင်း​ပါ​လိမ့်​မည်။
    Best Regards,

  13. Sai Sai says:

    How to change in WordPress zawgyi to unicode..
    Now in here i can’t type Zawgyi font with Zawgyi keyboard..
    So, where i search Unicode can type here..

    Thank you..

    • Thiha says:

      Hello, You can see the download area at Myanmar Tutorials Sidebar. Would you please download Myanmar Fonts and install it. You can also download NHM Writer. It’s the most suitable for Zawgyi User. You can type as zawgyi keyboard. Thanks

  14. Aung Aung says:

    Sidebar content တွေရယ်၊ About the author ရယ်၊ comment တွေက default font မပြောင်းရင် ဖတ်လို့ မရသေးဘူးဗျ . . .
    ကျွန်တော် NHM နဲ့ရိုက်ပြီး မြန်မာ၃ ဖောင့်ကို သုံးပါတယ်။

    • Thiha says:

      ဟုတ်ကဲ့ခင်ဗျ ကျွန်တော် ပြောင်းလိုက်ပါ့မယ်။ လောလောဆယ် ကျွန်တော်လည်း တစ်ပုဒ်ချင်းစီ ပြောင်းတဲ့အပိုင်း၊ စာပြန်စစ်တဲ့အပိုင်း၊ ပို့စ်အသစ်တင်တဲ့ အပိုင်း အလုပ်တွေ အရမ်းများနေတဲ့အတွက် အခက်အခဲတွေရှိရင် တောင်းပန်ပါတယ်ခင်ဗျာ

  15. Noname says:

    Zawgyi လောက် မလှဘူးနော်

    • Thiha says:

      ဟုတ် အစပိုင်းမှာ အခက်အခဲတွေ ရှိပါလိမ့်မယ်၊ NHM Writer ဆိုတာနဲ့ သုံးလိုက်မယ်ဆိုရင် ဇော်ဂျီလက်ကွက်အတိုင်း ရိုက်လို့ရပြီး တစ်ခဏအတွင်းမှာ အသားကျသွားပါလိမ့်မယ်ခင်ဗျ၊ ခုလို လာလည်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ

  16. luyo says:

    ဆိုဒ်မှာ ယူနီကုဒ်သုံးဖို့အတွက် ဘာတွေလုပ်ပေးဖို့လိုသလဲ
    ဇော်ဂျီသုံးတုန်းကလို css မှာပြင်ပေးဖို့လိုသလားဆိုတာလေး
    ကျနော်စက်မှာ myanmar3 and NHM သွင်းထားပြီးပါပြီ
    ကိုသီဟရဲ့ text area မှာလိုမျိုး NHM သုံးပြီးရေးလို့မရဘူးဗျ
    ဒါပေမယ့် firefox မှာ myanmar3 ကို ပြောင်းထားရင်တော့ရိုက်လို့ရတယ်မြင်လဲမြင်ရတယ် ရေးနေတုန်းလဲမြင်တယ် တင်လိုက်ရင်လဲမြင်တယ်
    But ဇော်ဂျီထားရင်တော့ရေးရင်လဲ တလွဲ တင်လိုက်ရင်လဲတလွဲဖြစ်နေတယ်ဗျ
    ကျနော်ဆိုလိုတာက(အခုfirefox မှာ ဇော်ဂျီထားပြီး ဒီဆိုဒ်မှာလိုရေး(with NHM)တုန်းလဲမြင်တင်လိုက်ရင်လဲမြင်အောင်ပေါ့)

    Please help me!

  17. THIHA says:

    CSS တွေမှာ လိုက်ပြီး ပြောင်းပေးဖို့ လိုပါတယ်ခင်ဗျ၊ font-family: Myanmar3 စသည်ဖြင့်ပေါ့၊ ပြောင်းပေးရင် အဆင်ပြေသွားပါလိမ့်မယ် … ကျေးဇူးတင်ပါတယ်ခင်ဗျ

  18. MyoAung says:

    စာဖက်လို့မရဘူးဗျာ ဒေါင်းလောဒ်လည်းဆွဲပြီးပါပြီ အင်စတောလည်းလုပ်ပြီး ပါပြီ။ ဒါပေမဲ့ မပေါ်သေးဘူးဗျ။ ဘယ်လို အင်စတောလုပ်သင့်တယ် မော်ဇိလာမှာ ဘယ်လိုအင်စတောလုပ်ရမယ် ဆိုတာ ပြောပါဥိးဗျာ ဘာမှဖက်မရဘူး တန်ဖိုးရှိတာတွေလွတ်ကုန်ပြီဗျ

  19. MyoAung says:

    အကိုရေ အခုလင့်မှပြထားတဲ့အတိုင်းလုပ်တာပဲဗျ ရဝူး ဘယ်လိုနည်းလမ်းရှိသေးလည်းဗျ။

  20. Reader of MMTuto says:

    ကောင်းပါတယ်ဗျာ။ တဖြေးဖြေးပြောင်းကြရမှာပါ။

  21. Thuta says:

    I really want to use unicode font but I still cannot find it for MAC version. Please let me know where i can find it. If you could give me a link to download, that would be grate.

    Thanks

  22. ယူနီကုတ်စိတ်ဝင်စားသူပေါ့ဗျာ says:

    myanmar ယူနီကုတ်က fonts ပုံစံတစ်ခုထဲ ဘာဖြစ်လို့ထုတ်ထားတာလဲမသိဘူးနော်။
    ပုံစံများများရရင်တော့ publishing ပိုင်းမှာ ပိုအဆင်ပြေမယ်ထင်တယ်ဗျာ

Leave a comment


*