Mobile Evolution

ကျွန်တော်တို့အနေနဲ့ 1G, 2G, 3G စသည်ဖြင့် ဖုန်းတွေကို ခေါ်နေကြတာ သိကြမှာပါ။ အဲဒီတော့ အဲဒီ 1G, 2G, 3G, 4G စတာတွေကို လေ့လာ ကြည့်ရအောင်။

Mobile Phone Evolution

ကမ႓ာ့ ပထမဦးဆုံး ရေဒီယို တယ်လီဖုန်းကို ၁၉၄၀ ပြည့်လွန်နှစ်များ နှောင်းပိုင်း ကာလလောက်က အမေရိကန်နိုင်ငံမှာ စတင် မိတ်ဆက် ပေးခဲ့ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုသူ အနေနဲ့ ပုံမှန် သမားရိုးကြ လိုင်းဖုန်းတွေကို ပထမဦးဆုံး ခေါ်ဆိုနိုင်ခဲ့တယ် ဆိုပါတော့။

၁၉၆၀ ပြည့်လွန်နှစ်များ မှာတော့ Bell Systems က စနစ်အသစ် တစ်ခုကို စတင်မိတ်ဆက် ပေးခဲ့ပါတယ်။ စနစ်ရဲ့ အမည်ကတော့ Improved Mobile Telephone Service (IMTS) ‘အဆင့်မြှင့် ထားသော မိုဘိုင်း တယ်လီဖုန်း ဝန်ဆောင်မှု” လို့ ဘာသာပြန်လို့ ရနိုင်မယ် ထင်ပါတယ်။ အဆင့်မြှင့်တင်ထားသော ဆိုတဲ့အတိုင်း တကယ့်ကို အဆင့်မြှင့်ထားတဲ့ အပိုင်းတွေ ပါလာခဲ့ပါတယ်။ အိတ်ချိန်းကနေ တစ်ဆင့်ခံ ခေါ်စရာ မလိုတော့ပဲ၊ ဖုန်းနံပါတ်ကို တိုက်ရိုက်နှိပ် ခေါ်ဆို နိုင်လာပါတယ်။ Bandwidth (တစ်ကြိမ်လျှင် တစ်ပြိုင်တည်း အချက်အလက် ပို့လွှတ်နိုင်သည့် ပမာဏ) လည်း မြင့်လာခဲ့ပါတယ်။

Improved Mobile Telephone Service

Improved Mobile Telephone Service

ကမ႓ာ့ ပထမဦးဆုံး Analog Cellular Systems (Analog ဆဲလ်ဖုန်း စနစ်) ကို IMTS အပေါ်မှာ အခြေခံပြီး တည်ဆောက်ခဲ့ပြီး ၁၉၆၀ ပြည့်လွန် နှစ်များ နှောင်းပိုင်း ကာလနဲ့ ၁၉၇၀ ပြည့်လွန်နှစ် အစပိုင်း ကာလတွေမှာ တီထွင်နိုင်ခဲ့ပါတယ်။ Cellular လို့ ခေါ်ဆိုရခြင်း အကြောင်းကတော့ ဆဲလ်ကွက်တွေလို နယ်ပယ်တွေကို ပိုင်းပြီး ကွန်ယက်ဖွဲ့ ချိတ်ဆက်ထားတာ ကြောင့်ပါ။ အဲဒီလို နယ်ပယ် အသေးလေးတွ ပိုင်းထားပြီး အဲဒီလို နယ်ပယ် တစ်ခုခြင်းစီကို Cells လို့ ခေါ်ပါတယ်။ အဲဒီ Cell တစ်ခုခြင်းစီမှာ ပါဝါ အစားသက်သာတဲ့ Transmitter (ပို့လွတ် စနစ်) နဲ့ Receiver (လက်ခံ စနစ်) နှစ်ခုစီ ပါဝင်ပါတယ်။

Cellular Network

Cellular Network

ပထမမျိုးဆက် (1G)

1G Analog System ကို အသုံးပြုထားတဲ့ မိုဘိုင်း ဆက်သွယ်ရေး ခေတ်ဆိုပါတော့။ ၁၉၇၀ ပြည့်လွန်နှစ်များ ကာလကပေါ့။ အဲဒီ 1G မှာ အဓိကကျတဲ့ တိုးတက် ဖြစ်ထွန်းမှု နှစ်ခု ရှိပါတယ်။ microprocessor ကို တီထွင်ဖန်းတီးမှု၊ နောက်တစ်ခုက မိုဘိုင်းဖုန်းနဲ့ ဆဲလ်တွေကြား ဆက်သွယ်တဲ့ အခါမှာ ဒစ်ဂျစ်တယ် စနစ်နဲ့ သုံးတဲ့ ထိန်းချုပ်မှုစနစ်ကို တီထွင်ဖန်တီးနိုင်မှု တို့ ဖြစ်ပါတယ်။ AMPS(Advance Mobile Phone System) “အဆင့်မြင့် မိုဘိုင်းဖုန်း စနစ်”  ကို အမေရိကန်နိုင်ငံမှာ စတင်မိတ်ဆက် ခဲ့ပါတယ်။ အဲဒီ စနစ်က 1G ပါပဲ။ အဲဒီ 1G မိုဘိုင်းဖုန်း တွေဟာ FDMA (Frequency Division Multiple Access) အပေါ်မှာ အကောင်းဆုံး တည်ဆောက်နိုင်ခဲ့သလို အသုံးပြုသူတွေ အနေနဲ့လည်း တစ်နိုင်ငံ လုံး အတိုင်းအတာအထိ ဖုန်းခေါ်ဆိုလို့ ရလာပါတယ်။

1G Phone

1G Phone

ဒုတိယမျိုးဆက် (2G)

2G Digital Cellular Systems (ဒုတိယမျိုးဆက် ဒစ်ဂျစ်တယ် စနစ်သုံး ဆယ်လူလာ စနစ်) ကို ၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်း ကာလတွေမှာ ပထမဦးဆုံး တီထွင် နိုင်ခဲ့ပါတယ်။ အရင်က ထိန်းချုပ်ဆက်သွယ်မှု မှာသာ ဒစ်ဂျစ်တယ် စနစ်သုံးနိုင်ခဲ့ပေမယ့် 2G မှာတော့ အသံပို့လွှတ်မှုမှာပါ ဒစ်ဂျစ်တယ် စနစ်ကို သုံးနိုင်လာပါတယ်။ စနစ်အသစ်ဟာ အရည်အသွေးကောင်းကောင်း၊ အချက်အလက် ပို့လွတ်နိုင်မှု များများနဲ့ စျေးနှုန်းကြတော့ သက်သက်သာသာ နဲ့ စားသုံးသူတွေကို အထောက်အပံ့ ပေးနိုင်ခဲ့ပါတယ်။ GSM(Global System for Mobile Communication) လို့ ခေါ်နေကြတဲ့ မိုဘိုင်းဖုန်းတွေ စီးပွားဖြစ် ပထမဦးဆုံး ထုတ်လုပ်ခဲ့ပါတယ်။ သူကတော့ Digital Cellular System (ဒစ်ဂျစ်တယ် တယ်လီဖုန်း စနစ်) ကို TDMA (Time Division Multiple Access) အပေါ်မှာ အခြေခံ တည်ဆောက်ထားတာပါ။

2G Mobile Phone

2G Mobile Phone

တတိယမျိုးဆက် (3G)

တတိယမျိုးဆက် စနစ် (3G Systems) တွေက ပိုမိုမြန်ဆန်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးနိုင်သလို တစ်ယောက်နဲ့ တစ်ယောက် ဖုန်းပြောနိုင်တာ အပါအဝင် fax, internet စတာတွေကို အချိန်မရွေး၊ နေရာမရွေး၊ အပိတ်အပင် အတားအဆီး မရှိ သုံးနိုင်လာပါတယ်။ ITU (International Telecommunication Union) ရဲ့ IMT-2000 ဆိုတဲ့ Global Standard အရ 3G မိုဘိုင်းဖုန်းတွေဟာ ရိုးရိုးသာမန် ဆက်သွယ်ရေး ကဏ္ဍအပြင် အခြား ကဏ္ဍများ ဖြစ်တဲ့ Multimedia Entertainment (မီဒီယာစုံသုံး ဖျော်ဖြေရေး)၊ Infotainment (သတင်း အချက်အလက် ဖျော်ဖြေရေးဆန်ဆန် ဖြန့်ဝေရေး)၊ Location-based Services (နေရာအခြေပြု ဝန်ဆောင်မှု) စတာတွေ ပါဝင်လာခဲ့ပါတယ်။ ကမ႓ာ့ ပထမဦးဆုံး 3G Network ကို ဂျပန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်က စတင်ခဲ့ပါတယ်။ အဲဒီအချိန်က 2.5G Network တွေ ဖြစ်တဲ့ GPRS (Global Packet Radio Service) ကတော့ ဥရောပရဲ့ အချို့နေရာတွေမှာ ရနိုင်နေပြီလို့ သိရပါတယ်။

3G iPhone

3G နည်းပညာဟာ ကားစီးရင်း ရထားစီးရင် သုံးမယ်ဆိုရင် 144 Kbps bandwidth ကို အထောက်အပံ့ ပေးပါတယ်။ တက္ကသိုလ်တွေ ကောလိပ်တွေ မှာဆိုရင် 384 Kbps နဲ့ မရွေ့လျားနိုင်တဲ့  နေရာတွေ (ဥပမာ – အဆောက်အဦးအတွင်း) မှာဆိုရင် 2Mbps အထောက်အပံ့ ပေးနိုင်ပါတယ်။

စတုတ္ထမျိုးဆက် (4G)

အခုအချိန်မှာ မိုဘိုင်းဖုန်းတွေအတွက် Download Speed က 9.6 kbit/sec ဆိုတဲ့ ကန့်သတ်ချက် ရှိနေပါတယ်။ ပုံမှန် ISDN (Integrated Services Digital Network) အသေတပ်ထားတဲ့ လိုင်းတွေရဲ့ မြန်နှုန်းရဲ့ ခြောက်ပုံ တစ်ပုံလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် မကြာသေးတဲ့ ကာလက 504i handsets တွေရဲ့ Download Data Rate ဟာ သုံးဆလောက် မြင့်တက်လာခဲ့ပြီး 28.8 kbps ရှိလာပါတယ်။ ဒါပေမယ့် တကယ့် အသုံးပြုတဲ့ အခါမှာတော့ (ဥပမာ – လူတွေထူတဲ့ နေရာ၊ လိုင်းကြပ်တဲ့ နေရာတွေမှာ) Download မြန်နှုန်း နှေးကွေးနေဆဲပဲ ဖြစ်ပါတယ်။ တတိယ မျိုးဆက်တွေမှာ 384 kbps (Download) ကို အမြင့်ဆုံးသတ်မှတ် ထားပြီး 200kbps သုံးနိုင်ပါတယ်။ 64 kbps ကတော့ Upload မြန်နှုန်း သတ်မှတ် ထားပါတယ်။ စတုတ္ထမျိုးဆက်တွေမှာတော့ 3G ထက် ပိုမြန်မယ်လာပါလိမ့်မယ်။ 4G တွေအတွက် ရာထားတဲ့ အမြန်နှုန်းကတော့ 20 Mbps ဖြစ်ပါတယ်။

4G Network

4G Network

4G ကို နားလည်ဖို့ ဆိုရင် 3G ဆိုတာ ဘာလဲ အရင်သိဖို့ လိုမှာ ဖြစ်ပါတယ်။ 3G တွေက တစ်ခြား 1G, 2G တွေနဲ့ မတူတဲ့ အချက်တွေ ရှိနေပါတယ်။ 1G, 2G တွေကိုတော့ တယ်လီဖုန်းလိုင်း ဝန်ဆောင်မှုတွေက သတ်မှတ်ခဲ့ကြပြီး 3G တွေကိုတော့ ဖုန်းထုတ်လုပ်သူတွေက သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ 3G ဆိုတဲ့ စကားလုံးကို Nippon Telephone & Telegraph (NTT) နဲ့ Ericsson က ၁၉၉၆ ခုနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ အမေရိကန်မှာ အခြေဆိုက်တဲ့ Telecommunications Industry Association (TIA) က CDMA နည်းပညာကို 3G အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ European Telecommunications Standards Institute (ETSI) ကလည်း TIA လိုပဲ သတ်မှတ် ခဲ့ပါတယ်။ အဲဒီ ၁၉၉၈ ခုနှစ်မှပဲ နောက်ဆုံး သတ်မှတ်ချက် အနေနဲ့ Wideband CDMA (W-CDMA) နဲ့ cdma2000 ကို Universal Mobile Telecommunication System (UMTS) အတွက် အဓိက 3G တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ W-CDMA နဲ့ CDMA 2000 တို့ဟာ 3G အတွက် အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ CDMA တွေဟာ သတင်းအချက်အလက် ပို့လွတ်ရာမှာ အခြား မိုဘိုင်းဖုန်းတွေထက် နှစ်ဆပိုမို မြန်ဆန်သလို Bandwidth လည်း ပိုမြင့်လာပါတယ်။

4G Samsung

4G Samsung

Mobile Communication Services တွေရဲ့ နယ်ပယ်မှာ 4G ဆိုတာ 3G ကို အဆင့်မြှင့်ထားတဲ့ ဝန်ဆောင်မှုတွေသာ ဖြစ်ပါတယ်။ 4G တွေနဲ့ 3G တွေ အဓိက ကွာခြားချက်ကတော့ အမြန်နှုန်းနဲ့ Bandwidth ပဲ ဖြစ်ဖို့ များပါတယ်။ ဒါကတော့ ဆက်သွယ်မှု အပိုင်းမှာပါ။ အမြန်နှုန်း မြင့်လာတာနဲ့ အမျှ Bandwidth မြင့်လာတာနဲ့ အမျှ အခြား ရုပ်သံထုတ်လွင့်မှုကဏ္ဍ အင်တာနက် ဝန်ဆောင်မှု ကဏ္ဍ စတာတွေက မိုဘိုင်းဖုန်းထဲ ရောက်လာဖို့ ရှိနေပါတယ်။ Broadband, Large Capacity, High Speed Data Transmission တွေ ရမှာ ဆိုတော့ အရည်အသွေးမြင့် ဗီဒီယိုတွေ၊ 3D Graphic Animation Game တွေ 5.1 Channels ရတဲ့ အသံဝန်ဆောင်မှုတွေ စသည်ဖြင့် သုံးနိုင်လာဖို့ ရှိနေပါတယ်။ 4G Mobile Communication Systems, Services နဲ့ Architecture တွေအတွက် သုတေသနပြုချက်တွေလည်း ရှိနှင့်ပြီး ဖြစ်ပါတယ်။ အဲဒီလိုပဲ 4G မှာသုံးမယ့် Terminal Protocol Technology Protocol ကိုလည်း တီထွင်ထားြ့ပီး ဖြစ်ပါတယ်။ အဲဒီတီထွင် ဖန်တီးမှုတွေဟာ တကယ့်ကို ကြီးမားတဲ့ အချက်အလက် ပမာဏတွေ ပို့လွတ််နိုင်မယ်၊ လူတိုင်း အသုံးပြုနိုင်တဲ့ Software Platform နည်းပညာတွေကနေ Application Program တွေကို Download ချနိုင်မယ်၊ အသုံးပြုနိုင်မယ်၊ ကိုယ်လိုသလို ရွေးချယ် နားဆင်နိုင်တဲ့ ရေဒီယို ဝန်ဆောင်မှုတွေ သုံးနိုင်မယ်၊ အရည်အသွေး ကောင်းမွန်တဲ့ media coding technology တွေ ရရှိတော့မှာ ဖြစ်ပါတယ်။

4G သုံးဖို့အတွက် အကြောင်းပြချက် ကောင်းကောင်းတွေက လည်း ရှိနေပြီ ဖြစ်ပါတယ်။ အဲဒါတွေကတော့

  1. အပြန်အလှန် သဘောဆောင်တဲ့ ဆက်သွယ်မှုတွေ ရလာမယ် (Interactive Multimedia Services): teleconferencing, wireless Internet, etc.
  2. ကျယ်ပြန်တဲ့ Bandwidths, မြန်ဆန်တဲ့ အမြန်နှုန်း
  3. တစ်ကမ႓ာလုံး ကွန်ယက်ဖြန့် ချိတ်ဆက်နိုင်မှု
  4. စျေးနှုန်းသက်သာမှု
  5. လိုသလို ချုံ့နိုင်ချဲ့နိုင်တဲ့ မိုဘိုင်းကွန်ယက် စတာတွေပဲ ဖြစ်ပါတယ်။

    Reference : Evolution of the Mobile Technology

    Facebook comments:

    6 Responses

    1. zms says:

      nice article!

    2. လေ့လာသွားပါတယ်။ အခုလို နည်းပညာအကြောင်းကို သေသေချာချာလေး ရေးထားလို ့ကျေးဇူးတင်ပါတယ် ကိုသက်ဦး။
      နောက်လည်း Share လုပ်ပါအုံး။

    3. ကိုသာသာ says:

      ပြည့်ပြည့်စုံစုံ ရေးထားတာ ဖတ်ရလို့ ဗဟုသုတရပါတယ်။ ကောင်းတယ်။

    4. စိတ်စလိ နေတာပဲ… ဒါပေမယ့် ကျွန်တော်တို့သုံးလို့မရနိုင်တဲ့ ကွန်ယက်တွေကို ဖတ်ရတာ စိတ်ဓါတ်ကျတယ်ဗျာ…

    5. lwintmyaw says:

      thanks

    Leave a comment


    *