Minimalist Web Design အခြေခံ (၃)

Minimalist Web Design အခြေခံ အပိုင်း(၁) နဲ့ အပိုင်း(၂) ကို ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအပိုင်းကတော့ အပိုင်း (၃) ပါ။ နောက်ဆုံး အပိုင်းဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Minimalist Design မှာ အဓိက အကျဆုံး အစိတ်အပိုင်းတွေမှာ ပါဝင်တဲ့ အရောင်တွေ အကြောင်းပါ။ အရောင်တွေနဲ့ ပတ်သက်ပြီး Minimalist Design သမားတွေ ဘယ်လိုမျိုးမြင်ကြတယ်။ ဘယ်လိုမျိုးသုံးကြတယ် ဆိုတာ လေ့လာကြည့်ရအောင်။

Minimalist Design လို့ ဆိုလိုက်တာနဲ့ ဖြူမဲနှစ်ရောင်ပဲ သုံးရမယ်၊ ဘာမှ မပါတဲ့ စိတ်ဝင်စားစရာ မကောင်းတဲ့ Website လို့ ထင်ရင် မှားသွား ပါလိမ့်မယ်။ Minimalist Design တွေမှာ အရောင်ကို ရွေးချယ်တဲ့အခါ မလိုတဲ့ အရောင်ဆို တစ်ရောင်မှ မသုံးပါဘူး။ ရိုးရှင်းရမယ်၊ သေသပ်ရမယ်၊ အပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး အကောင်းဆုံး အလိုက်ဖက်ဆုံး အရောင်အတွဲအစပ်ကို ရွေးချယ်ရပါမယ်။

ဒါပေမယ့် အရောင်တွေဆိုတာ တစ်ခါတစ်လေမှာ Inspiration လို့ခေါ်တဲ့ ဉာဏ်ကွန့်မြူးမှုတွေကနေ ပေါက်ဖွားလာတတ်တယ် ဆိုတာ သတိထားဖို့ လိုပါတယ်။ အရောင်တွေကို Technique တွေ သုံးပြီး ရွေးတယ်ဆိုပေမယ့် တကယ့် စိတ်ကူးစိတ်သန်း ကောင်းကောင်းတွေက ထွက်လာတဲ့ အရောင် အတွဲအစပ်တွေကို မမှီတတ်ပါဘူး။ အနုပညာ ဆန်တယ်ပေါ့။ ဒါပေမယ့် Website တွေမှာတော့ အနုပညာဆန်တာတွေလည်း ရှိသလို Technique ဆန်တာတွေလဲ ရှိပါတယ်။

1. 960.gs

960.gs ကတော့ Web Design သမားတိုင်း မသိမဖြစ်တဲ့ ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ အချိုးအစားညီညီ နေရာချထားမှုနဲ့အတူ အရောင်ရွေးချယ်မှု အပိုင်းမှာလည်း ရိုးရှင်းလွန်းပါတယ်။ 960 GRID SYSTEM ဆိုတဲ့ အဓိက အကျဆုံး Trade Mark ကို ပေါ်လွင်ထင်ရှားအောင် ဖန်တီးထားပြီး ဝင်လာတဲ့ သူအနေနဲ့ တန်းကနဲ သိသွားစေပါတယ်။ သုံးထာတဲ့ Color အတွဲ အစပ်ကို လေ့လာကြည့်မယ်ဆိုရင်

သုံးရောင်ပဲ ပါတာတွေ့ရပါလိမ့်မယ်။ နောက်ခံ အပြာရင့်အပေါ်မှာ ပေါ်လွင် ထင်ရှားစေနိုင်တဲ့ အရောင် နောက်ထပ် နှစ်ရောင်ကို သုံးထားပါတယ်။ စာနဲ့ Links တွေရဲ့ အရောင်းကို ကွဲပြားခြားနားအောင် ခွဲထားတာလည်း တွေ့ရပါလိမ့်မယ်။

2. Jassonreeedwebdesign

အရောင် တွေ ညီညွတ်မှုရှိတဲ့ နေရာမှာလည်း ပြောစရာ မရှိလောက်အောင် ညီညွတ်တယ်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ခုက One-page Site အဖြစ် တည်ဆောက်ထားတဲ့ Site အပြင်အဆင်ပါ။ Information Overload မဖြစ်အောင် စီစဉ်ထားတဲ့ ပုံစံက တကယ့်ကို ကောင်းမွန်လွန်း ပါတယ်။ Accordion Slider ထဲမှာ ရိုးရိုး Slider ကို ထပ်ပေါင်းထည့်ပြီး Content တွေကို စီသွားတာ အရမ်းကို အံ့သြချီးမွန်းစရာ ကောင်းတဲ့ စီစဉ်မှုပါပဲ။ သူက လာလည်သူတွေကို နောက် Page တွေ ခေါ်သွားတာမျိုး မလုပ်ချင်ပါဘူး။ တစ်နေရာတည်းမှာ အကုန်လုံး ပေးချင်တဲ့ သဘောရှိပါတယ်။ အဲဒီလို ပေးနိုင်အောင်လည်း Content တွေ အသေသပ်ဆုံး စီထားပါတယ်။ သုံးသွားတဲ့ Color တွေကို လေ့လာကြည့်ရအောင်

3. madebysofa

ဒါဆိုက်ကတော့ ဘာမေးစရာ ရှိသေးလဲလို့ မေးစရာကို မလိုအောင် လိုရင်းပဲ ပြောထားပါတယ်။ အရောင် ကတော့ Grey ကိုပဲ သုံးသွားပါတယ်။

ကျွန်တော်တို့ အခု လေ့လာခဲ့တာ အားလုံးက အပါးဖက်ကို ပိုရောက်ပါတယ်။ တကယ်တော့ Minimalist Design တွေမှာ အထူဖက်တွေလည်း ရှိပါသေးတယ်။ Bold ဒီဇိုင်းတွေပေါ့။ ဆက်လေ့လာ ကြည့်ရအောင်ဗျာ …

4. fellswoop

အဓိကကျတဲ့ အစိတ်အပိုင်းကို Bold တင်ထားတဲ့ ဒီဇိုင်းမှာ အရောင်ကတော့ နှစ်ရောင် သုံးရောင်ပဲ သုံးပါတယ်။

5. getfinch

Bold Design လည်း ဖြစ်သလို Minimalist Design တစ်ခုလည်း ဖြစ်ပါတယ်။ အရောင်ကတော့ နှစ်ရောင်ပဲ သုံးထားပါတယ်။

အရောင်အတွဲအစပ်တွေက ရွေးချယ်စရာတွေ များလွန်းလှပါတယ်။ အရင်က ကိုဝေဖြိုးကလည်း Minimalist Design မိတ်ဆက် ဆိုပြီး အင်ဂျင်နီယာဖက်က အမြင်နဲ့ တင်ပြသွားပါတယ်။ အရောင်နဲ့ ပတ်သက်လို့တော့ ကိုဝေဖြိုး ရေးထားတဲ့ ပို့စ်တွေနဲ့ တင်တော်တော့်ကို လုံလောက်ပါတယ်။

ကျွန်တော်ကတော့ အရောင်အတွဲအစပ်တွေ ရွေးတဲ့အခါ ColorSchemer ကို သုံးပါတယ်။ Color Browser ဆိုတဲ့ Feature တစ်ခုက အသင့် တွဲစပ်ပြီးသား Color Scheme တွေကို ပြပေးနိုင်ပါတယ်။

Minimalist Design တွေနဲ့ ပတ်သက်ပြီး ရေးလာတာ ဒီလောက်ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။ မူရင်းကတော့ wedesigntuts ကပါ။ ဒါပေမယ့် ကျွန်တော် ဖတ်ပြီး ကိုယ်ခံစားမိသလို ပြန်ရေးထားတာ ဖြစ်ပါတယ်။ အကြံပြုဆွေးနွေးချက်များလည်း ပေးကြပါလို့ တိုက်တွန်းပါတယ်။ တစ်ခု ပြောစရာ ကျန်နေတာက Minimalist Design ဆိုတာ နေရာတိုင်းနဲ့ မကိုက်ပါဘူး။ တစ်ချို့ Website တွေမှာ Minimalist ဆိုပြီး အကုန် ဖယ်ထုတ်နေရင် Information တွေ ဘာမှ ပေးလို့ရမှာ မဟုတ်ပါဘူး။ Minimalist Design တွေဆိုတာ ရည်ရွယ်ချက်တစ်ခု၊ ဦးတည်ချက် တစ်ခုကို တန်းကနဲ ပေးတဲ့နေရာမှာ အင်မတန် အသုံးဝင်လှတယ်ဆိုတာတော့ မေ့ထားလို့ မရပါဘူး။ ရွှင်လန်း ချမ်းမြေ့ပါစေခင်ဗျာ။

Facebook comments:

5 Responses

  1. Luyo says:

    ကျေးဇူးတင်ပါတယ်ကိုသီဟ

  2. Nya Chan says:

    ကိုသီဟ
    (၁)ကတည်းကကြိုက်လွန်းလို့ (၃) အထိစောင့်ဖတ်ပါတယ်
    အဲ့လိုမျိုးလေးတွေထပ်ရေးပါဦး

    • Anonymous says:

      ခုလို အားပေးမယ့်သူ ရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျို့ … ရေးမယ်ဗျ၊ ခု ကျွန်တော် အဲဒါတွေပဲ ဓာတ်ကျနေတာ

  3. stringlive says:

    ကို သီဟရေ …
    အစ်ကို ရေးတဲ့ Post တွေ ကောင်းသည်ထက် ပိုကောင်းလာတယ် ဗျာ ..
    Web Developers များလည်း Design ပိုင်းကိုပါ ကိုင်တွယ်ရန် လိုအပ်တဲ့အတွက် အစ်ကို့ Posts များ အတွက် အထူးကျေးဇူးတင်ပါတယ် ဗျာ …

  4. Frozencity says:

    ကိုသီဟ ရေးထားတဲ့ ပိုစ့် တွေကို ebook ဖြစ်ဖြစ် အပြင်မှာပဲ စာအုပ်ဖြစ်ဖြစ် ထုတ်ပါလား။ ဖတ်ရတာ အရမ်းကောင်းလို့ပါ။ တစ်စုထဲ ဖြစ်သွားစေချင်တာလဲပါတယ်။

Leave a comment


*