Google ခေတ် ကုန်တော့မည်လော (၁)
Mountain View မှာ ရှိတဲ့ Googleplex (Google ရဲ့ ရုံးချုပ်) ဖက်ကို စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြမယ် ဆိုပါစို့။ သိပ်စိတ်ဝင်စား စရာမကောင်းတဲ့ မြင်ကွင်းတွေကနေ Googleplex ကို နီးလာတာနဲ့အမျှ သင်မျက်လုံးထဲမှာ အရောင်တွေ တောက်ပလာတယ်လို့ ခံစားလာရပါလိမ့်မယ်။ ကျောက်တုံးတွေနဲ့ စီထားတဲ့ လမ်းအတိုင်း ဆက်လျှောက်သွားမယ် ဆိုရင်တော့ Googleplex ပင်မဆောင်ကို ရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ကျောက်စီလမ်းလေး အတိုင်း လျှောက်သွားရင် တကယ့်ကို ကြီးကျယ်ခန်းနားလှတဲ့ ကုမ္ပဏီကြီး တစ်ခုထဲ သင်ဝင်သွားနေတယ်လို့ မခံစားရပဲ အပန်းဖြေစခန်းတစ်ခုကို ရောက်နေတယ်လို့ သင်ထင်လာ ပါလိမ့်မယ်။ နေရောင်အောက်မှာ ထီးရောင်စုံလေး တွေနဲ့၊ လူတွေက အခမဲ့ သုံးဆောင်လို့ရတဲ့ အစားအစာတွေ စားလို့၊ စကားစမြည်တွေ ပြောလို့။ သေသေချာချာ အနားကပ် နားထောင် ကြည့်ရင်တော့ သူတို့ပြောနေတာ နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ စကားလုံးတွေ ဖြစ်နေဖို့ များပါတယ်။ လှို့ဝှက်အပ်တဲ့ နောင်တစ်ချိန်မှာ ကမ႓ာကို ကိုင်လှုပ်မယ့် နည်းပညာတွေ အကြောင်း ဖြစ်နေဖို့ များပါတယ်။ သေချာပါတယ်။ သင်အခု တွေ့နေရတဲ့ သူတွေကတော့ ကမ႓ာအပေါ်မှာ စမတ်အကျဆုံး၊ အလန်းဆုံး နည်းပညာဆိုင်ရာ ပညာရှင်တွေပါပဲ။ လူငယ်တိုင်း တစ်နေ့မှာ Google က ဝန်ထမ်း ဖြစ်ရမယ်ဆိုတဲ့ သည်းခြေကြိုက် အိပ်မက်တွေကို ပုံဖော်ပေးနေတဲ့ နေရာကြီးကို သင်ရောက်နေပါပြီ။ Silicon Valley လို့ခေါ်တဲ့ နည်းပညာ ဘီလူးတွေ စုနေတဲ့နေရာမှာ ဘီလူးမင်းလို့ ဆိုရမယ့် နည်းပညာ ဘီလူးကြီး စံမြန်းတဲ့ နန်းတော်ကြီးဆီကို သင်ရောက်နေပါပြီ။
ဒီနေရာကို သေသေချာချာ လေ့လာကြည့်တော့ တကယ့် လူကုံထံတွေမှ တက်နိုင်တဲ့ ကောလိပ်မှာ အားလပ်ချိန် ပေးထားတဲ့ ပုံစံပေါက်နေပါတယ်။ အင်း .. ဒီနေရာရဲ့ ဖြစ်ပေါ်လာပုံ အစကို ပြန်သွားမယ် ဆိုရင်တော့ Stanford က ဘွဲ့ရတွေ ဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ နှစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ သူတို့နှစ်ယောက်ကနေ စတင်ခဲ့ပြီး အင်တာနက်ရှိတဲ့ ဘယ်နေရာမှာမဆို Browser ကို ဖွင့်လိုက်တာနဲ့ Google ဆိုတဲ့ ယဉ်ကျေးမှုတစ်ခုကို မွေးဖွားပေးခဲ့သလို၊ google ကို verb တစ်ခုလို အသုံးဝင်သွားအောင်အထိ တွင်ကျယ်နိုင်ခဲ့တာ ဘာလိုလိုနဲ့ ၁၂ နှစ် နှစ်တောင် ရှိပြီကော။
သူတို့နှစ်ယောက် ခုချိန်မှာ ဘယ်လို ခံစားနေရမလဲ။ အောင်မြင်မှုတွေအပေါ်မှာ မိန့်မိန့်ကြီး ပြုံးပြီး ခံစားနေမလား။ အဲဒီလို ထင်ရင်တော့ လွဲသွားပါလိမ့်မယ်။ ခုချိန်မှာတော့ သူတို့နှစ်ယောက် (အဲ … သူတို့နှစ်ယောက်ဆိုတော့ Google နဲ့ အတူတူပေါ့) မှာ ပြဿနာတွေ ဒုနဲ့ဒေးလို့ ဆိုရလောက်အောင် ဝန်းရံနေပါတယ်။ Google ရဲ့ ပင်မ စီးပွားရေး ဖြစ်တဲ့ ရှာဖွေရေး အင်ဂျင်လုပ်ငန်းဟာ အရှိန်နှေးလာနေပါတယ်။ အဲဒီလို အရှိန်နှေးလာနေတာ Google ရဲ့ အောင်မြင်မှု အရှိန်အဝါကို အနည်းနဲ့ အများ ထိခိုက်လာနေပါတယ်။ ပိုက်စိုက်တိုက် လွှမ်းမိုးထားတဲ့ စျေးကွက်မှာ ပုံမှန်တိုးတက်မှု နှုန်းကို အနှစ်နှစ်အလလ ထိန်းလာရာကနေ ထိန်းဖို့ ခက်လာတဲ့ အခြေအနေ ရောက်လာနေပါတယ်။ ဒါပေမယ့် အမေရိကရဲ့ ရှာဖွေရေးအင်ဂျင် စျေးကွက်မှာ Google က ၆၄% ပိုင်ဆိုင်ထားဆဲပါပဲ။ စျေးကွက်ဝေစုကို ကြည့်မယ်ဆိုရင်တော့ မက်လောက်စရာ လို့ ဆိုရမှာ ဖြစ်ပေမယ့် တကယ့်အတွင်းကျကျ အပိုင်းတွေမှာတော့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ Google က ကြိယာတစ်ခု ဖြစ်လာတဲ့နောက်ပိုင်း (ဟိုဟာဆိုလည်း googling, ဒီဟာဆိုလည်း googling လို့ ပြောနေကြတဲ့ အချိန်၊ ဘာပဲလိုလို Google မှာ ရှာလိုက်လို့ ပြောနေကြတဲ့ အချိန် နောက်ပိုင်း) အပြောင်းအလဲတွေ ဖြစ်ပေါ်လာနေပါတယ်။ ဟိုး အရင် Google လို့ စဖြစ်လာကတည်းက ယှဉ်ပြိုင်ဖက်တွေ ဖြစ်လာခဲ့တဲ့ Microsoft ရဲ့ Search တွေကို ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုပေမယ့် ခုနောက်ပိုင်းမှာ ပြိုင်ဖက်ဟောင်းကြီး ပွဲထုတ်လာတဲ့ Bing ကိုတော့ လန့်လာရတဲ့ အနေအထား ရောက်လာပါတယ်။ Google နဲ့ မတူ တစ်မူထူးခြားတဲ့ မူကွဲတွေနဲ့ အသုံးပြုသူတွေကို ပုံဖော်ဆွဲဆောင် လာမှုနဲ့အတူ ကြော်ငြာရှင်တွေ ထည့်သွင်းစဉ်းစားဖို့ လိုကို လိုတဲ့ အခြေအနေ တစ်ခုကို တစ်ဆင့်ခြင်း လှမ်းတက် လာနေပါတယ်။ Google မှာ ကြော်ငြာမယ် ဆိုရင် တစ်ခြားမှာ ကြော်ငြာဖို့ မလိုတော့ဘူးဆိုတဲ့ အမြင်တွေ တစ်စတစ်စ အငွေ့ပျံလာနေပါတယ်။ Google မှာ ကြော်ငြာမယ်၊ ဒါပေမယ့် Bing မှာလည်း ကြော်ငြာမှာ ဖြစ်မယ်ဆိုတဲ့ Paradigm အရွေ့တွေ ဖြစ်လာနေပါတယ်။ အဲဒီအပြင် နည်းလမ်းမျိုးစုံ ချဉ်းကပ်နည်း မျိုးစုံနဲ့ ချဉ်းကပ် လာနေကြတဲ့ အခြား Business တွေကလည်း Google ကို စိန်ခေါ်နေပါတယ်။
ဒီလိုဖြစ်လာနေတဲ့ အနေအထားတွေကို Google အနေနဲ့ မသိဘူးမဟုတ်ပါဘူး။ သေချာပေါက် သိပါတယ်။ ဒါပေမယ့် Google ရဲ့ ပင်မ စီးပွားရေးကြီး ဖြစ်တဲ့ သူတို့ကို အအောင်မြင်ဆုံးဆိုတဲ့ အနေအထားကို ဆွဲတင်ပေးခဲ့တဲ့ ရှာဖွေရေး အင်ဂျင်စီးပွားရေးကို ကျော်ပြီး ဘယ်လိုပုံဖော် ရှေ့ဆက်ရမယ်ဆိုတာကို မသေချာသေးတဲ့ အနေအထားကို ရောက်နေပါတယ်။ Google အနေနဲ့ အလောင်းအစား ကြီးကြီးမားမားတွေ အများကြီး ပြုခဲ့ပြီး ဖြစ်ပါတယ်။ အလားအလာရှိတဲ့ နည်းပညာ ကုမ္ပဏီတွေကို တစ်ခုပြီးတစ်ခု ဝယ်ယူခဲ့ပါတယ်။ YouTube ကို ၁.၆ ဘီလီယံ ဒေါ်လာနဲ့ ဝယ်ခဲ့တာကနေ စခဲ့တယ် ဆိုပါတော့။ နောက်တော့ ကြော်ငြာကွန်ယက် ဖြစ်တဲ့ Double Click ကို ၃.၁ ဘီလီယမ်နဲ့ ထပ်ဝယ်ပါတယ်။ မကြာသေးခင်ကတော့ မိုဘိုင်းကြော်ငြာ Platform ဖြစ်တဲ့ AdMob ကို ရ၅၀ မီလီယံနဲ့ ဝယ်ခဲ့ ပြန်ပါတယ်။ ဒါပေမယ့် အဲဒီလို ဝယ်ယူသိမ်းပိုက်ထားတဲ့ လုပ်ငန်းတွေက နှစ်စဉ် ၂၃ ဘီလီယံ ဝင်ငွေရှိနေတဲ့ ရှာဖွေရေးအင်ဂျင် စီးပွားရေးကို ထိရောက်တဲ့ ပံ့ပိုးမှုတွေ မပြုနိုင်သေးတာ တွေ့ရပါတယ်။ လမ်းကြောင်းတွေ ပြောင်းသွားအောင်လည်း မစွမ်းဆောင် နိုင်သေးပါဘူး။ ထုံးစံအတိုင်း လူတွေက Search box ကိုပို့၊ ကြော်ငြာရှင်တွေဆီက ကြော်ငြာခတွေ ယူ၊ ကြော်ငြာရှင်တွေကို သူတို့ အမြင့်ဆုံးပစ်မှတ်ထားတဲ့ ပရိတ်သတ်ဆီရောက်အောင် ပို့ဆိုတာထက် မပိုသေးတာ တွေ့ရပါတယ်။ သို့သော်လည်း Google ရဲ့ နောက်ထပ် အတိုင်းထက်အလွန် အောင်မြင်မှု ဖြစ်တဲ့ စမတ်ဖုန်းတွေ အတွက် Android Operating System ကတော့ အလုပ်ဖြစ်တယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ထိုက်သင့်တဲ့ ငွေကြေးတွေ Google ဆီ ပြန်ရောက် လာပါတယ်။ ဒါပေမယ့် ဒါလည်း Google ရဲ့ မွဲပြာပုဆိုး အဖြစ်ကနေ မရုန်းထွက်နိုင်သေးဘူးလို့ ဆိုရမှာပါပဲ။ Google က စမတ်ဖုန်းထုတ်သူတွေကို အခမဲ့လိုက်စင်တွေ ထုတ်ပေးတယ်။ စမတ်ဖုန်းသုံးသူတွေ အနေနဲ့ Google ရဲ့ စမတ်ဖုန်း Product ထဲမှာပါတဲ့ Search ကို သုံး ကြော်ငြာတွေကနေ ပိုက်ဆံရှာဆိုတဲ့ နည်းလမ်းဟောင်းကြီးပဲ ဖြစ်နေပါသေးတယ်။ Google ရဲ့ စမတ်အကျဆုံး ဝန်ထမ်းတွေ အနေနဲ့ Web အတွက် နောက်ဆုံးပေါ် နည်းပညာကဲ ထုပ်ကုန်တွေ ထုတ်ဖို့ စိတ်ကူးတွေ အဆက်မပြတ်ယဉ် နေတယ်၊ တီထွင်နေကြတယ် ဆိုပေမယ့် တကယ့် အခြေခံကျတဲ့ Search Engine Paradigm ကတော့ မပြောင်းနိုင်သေးပါဘူး။
Search Business မှာ ပန်းပန်လျှက်ပဲဆိုတဲ့ အခြေအနေက တစ်နှစ်ကို ၃၀% နဲ့ ၄၀% တိုးတက်နေဖို့ လိုသလို ဝင်ငွေကလည်း နှစ်ဆ နှစ်ဆ တိုးနေဖို့ လိုပါတယ်။ နှစ်စဉ်သဘောမဟုတ်ပဲ ရေရှည်သဘော မျှခြေမှာ ဆိုရင်တော့ ၁၅% နဲ့ ၁၇% အတွင်းမှာ ရှိနေဖို့ လိုပါတယ်။ အကဲဖြတ်သူတွေရဲ့ ခန့်မှန်းချက်အရ Google ဝင်ငွေရဲ့ ၉၁%က AdWords နဲ့ AdSense ကနေ လာတာလို့ ဆိုပါတယ်။ Page နဲ့ Brin တို့ တီထွင်ခဲ့တဲ့ Page Rank နည်းစနစ်ကနေပဲ ဝင်တယ်ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး။ ဒီထက် ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် အမြတ်ရဲ့ ၉၉% ကလည်း အဲဒီက လာတာပဲ ဖြစ်ပါတယ်။
ဒီနှစ် Google ရဲ့ ရေရှည်သဘောဆောင်တဲ့ ဝင်ငွေတိုးတက်မှု ညွှန်ကိန်းမှာ ၁၈% ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွက် သာမာန်အထက်ပိုတဲ့ တတိယမြောက်စံချိန်လည်း ဖြစ်ပါတယ်။ တစ်ခြား ကုမ္ပဏီတွေ အနေနဲ့ ဒီလောက် တိုးတက်မှုနှုန်းဟာ ပစ်လဲသွားလောက်တဲ့ အခြေအနေပါ။ ဒါပေမယ့် Google လို နည်းပညာ ကုမ္ပဏီအတွက်တော့ သိပ်မထူးဆန်းသလို သိပ်ပြီးတော့ ခံတွင်းတွေ့စရာ အခြေအနေ မဟုတ်ပါဘူး။ တစ်ခါတစ်ခါမှာ တိုးတက်မှု နှုန်းတွေဆိုတာ အထူးသဖြင့် တိုးတက်မှုနှုန်း မြန်လွန်းတဲ့ နေရာတွေမှာ မျဉ်လေး နည်းနည်း ကွေးကျလာတယ် ဆိုတာနဲ့ ထိခိုက်မှုတွေ အများကြီး ရှိလာတတ်ပါတယ်။ ပုံမှန် သမာရိုးကျ အမြင်အနေနဲ့တော့ တိုးတက်နေတာပဲကွာ ဘာများစိုးရိမ်စရာ ရှိလို့လဲလို့ မေးစရာရှိတယ်။ တကယ်တန်း စျေးကွက် သဘောမှာတော့ တိုးတက်မှု မျဉ်း အပေါ်ကို ကော့တက်နေသမျှ ကာလပတ်လုံး တစ်ရိတ်ရိတ်လိုက် တက်လာတတ်တဲ့ စတော့ ရှယ်ရာလိုမျိုးတွေမှာ တန်ဖိုးအမှန်တွေထက် အဆမတန် မြင့်တတ်လာတတ်ပေမယ့် တိုးတက်မှုမျဉ်လေး နည်းနည်းလေး အောက်ကို ပြန်ဆင်းတာနဲ့ စတော့ ရှယ်ရာ တန်ဖိုးတွေလည်း ကျလာတတ်လို့ပါပဲ။ ဒီတော့့ ကုမ္ပဏီတွေအနေနဲ့ ဒီနှုန်းအတိုင်း တိုးရုံမှတစ်ပါး အခြားမရှိနိုင်ဆိုတဲ့ အခြေအနေ ရောက်လာရပါတယ်။ Google လည်း ထိုနည်းလည်းကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ Google ရဲ့ အဆင့်ကလည်း တစ်ခုပြီး တစ်ခုကို ကျော်တက်လာလိုက်တာ ခုဆိုရင် IBM, eBay, Cisco, Microsoft နဲ့ Oracle စတဲ့ နည်းပညာ ဘီလူးကြီးတွေရဲ့ အပေါ်ရောက်နေပါရောလား။ ဒီတော့ ပိုဆိုးပြီ ဆိုပါတော့။ ငွေပုံကြီး တစ်ဖြည်းဖြည်း ဖြစ်လာတဲ့အညီ တိုးတက်မှုပုံစံလည်း နည်းပညာတိုးတက်မှု ပုံစံမှာထက် အမြတ်ငွေတွေ အများကြီး ရနိုင်တဲ့ ပွပေါက်တိုးနိုင်တဲ့ ကုမ္ပဏီ အဖြစ်ကို ရောက်လာပါတော့တယ်။ အဲဒီမှာ တိုးတက်မှု မျဉ်းလေး ရွှေစိတ်တော်ညိုပြီး နည်းနည်းကွေးတာနဲ့ စတော့ ရှယ်ရာတွေ ကျပါတော့တယ်။ ဇန်နဝါရီ ၄ ရက်နောက်ပိုင်း Google ရဲ့ စတော့ရှယ်ရာ စျေးကွက် ၂၁% လောက်ကျသွားရခြင်း အဓိက အကြောင်းအရင်းကလည်း ဒါကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒီလို တိုးတက်မှု မျဉ်လေး ရွှေစိတ်တော် ညိုလာတာတဲ့အခါ ထိပ်ဆုံးက သောကပွားရတဲ့ သူတွေကတော့ ရင်းနှီးမြှတ်နှံသူတွေပဲ ဖြစ်ပါတယ်။ ရင်းနှီးမြုတ်နှံသူတွေ အစုရှယ်ရာရှင်တွေအနေနဲ့ Google အနေနဲ့ ရေရှည်မှာ ခုလို တိုးတက်မှု နှုန်းကို ထိန်းထားနိုင်ပါ့မလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ပွားလာပါတော့တယ်။ အပြေးလေ့ကျင်ဖို့ အတွက် ရူးဖိနပ် တစ်ရံ ဝယ်ချင်တယ် ဆိုပါစို့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဆိုရင် Googled it! ပဲ။ Google မှာ ရိုက်ထည့်လိုက် ထိပ်ဆုံးမှာ တက်လာတဲ့အထဲကနေ ကိုယ့်စိတ်ကြိုက် ရွေးချယ်၊ စပွန်ဆာပေးထားတဲ့ လင့်တွေကလည်း အပုံအပင်၊ လွယ်လွယ်လေး ဝယ်လိုက်ရုံသာ။ ခုအချိန်မှာတော့ ဒီနည်းတွေကို သင်သုံးနေဦးမှာပါပဲ။ ဒါပေမယ့် ဒီထက်ပိုနေပြီ ဆိုတာ သင်သတိထားမိပါလိမ့်မယ်။ Facebook မှာသွားပြီ “ငါ အပြေးလေ့ကျင့်ဖို့ ဖိနပ် ဝယ်ချင်တယ်၊ ဘာအမျိုးအစား ဝယ်ရင်ကောင်းမလဲ” စသည်ဖြင့် သွားမေးပါလိမ့်မယ်။ Twitter မှာသွားပြီး “အပြေးလေ့ကျင့်ဖို့ ဖိနပ်ဝယ်မယ်၊ ဆိုင်ကောင်းကောင်း ဘယ်သူသိလဲ” ဆိုပြီး သွားမေးပါလိမ့်မယ်။ အဲဒီလို မေးလိုက်တာနဲ့ တစ်ပြိုင်နက် နေရာစုံကနေ အဖြေစုံ ထွက်လာတော့မှာ ဖြစ်ပါတယ်။ ကိုယ့်မှာ အရင်လို Google တစ်မျိုးတည်း ရွေးချယ်စရာ မဟုတ်တော့ဘူးပေါ့။ ရွေးချယ်စရာတွေ များလာပြီပေါ့။ အဲဒီလို ရွေးချယ်စရာတွေ များလာတယ်ဆိုတာ Google ရဲ့ ရင်းနှီးမြှတ်နှံသူတွေအတွက် ခံတွင်းတွေ့စရာ ကောင်းတဲ့အချက် မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ပြိုင်ဖက်တွေ များလာပြီ၊ လူတွေကို အချိန်ပြည့် Google ရဲ့ Search Box မှာ တင်ထားလို့ မရတော့ဘူးဆိုတာ လက်ခံလာရတဲ့ အနေအထားပါပဲ။
အဖြစ်အပျက်တစ်ခုကို ပြောပြပါ့မယ်။ အမေရိကန်က ဘွဲ့ရကျောင်းသား တစ်ယောက် ဖြစ်တဲ့ James Buck ဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်းပါ။ ကိုင်ရိုမှာ ဆန္ဒပြပွဲတစ်ခုကို ဓာတ်ပုံရိုက်မိတဲ့အတွက် အီဂျစ်ရဲတွေက သူ့ကို ဖမ်းတယ်။ သူက ဖမ်းလိုက်တာနဲ့ တစ်ပြိုင်တည်း Twitter ကိုသုံးပြီး သူ့ရဲ့ ဆဲလ်ဖုန်းနဲ့ စကားလုံးတစ်လုံးတည်း တင်လိုက်တယ်။ အင်္ဂလိပ်လို ဆိုရင်တော့ arrested ပေါ့။ အဖမ်းခံရတယ်ပေါ့။ ဘတ်(က်)နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ယက်က (သူ့ရဲ့ သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းတွေက) တာဝန်ရှိသူတွေကို တစ်ခါတည်း အကြောင်းကြားတယ်။ ချက်ချင်းပဲ အမေရိကန် နိုင်ငံခြားရေးဌာနတွေရော ရှေ့နေတွေကပါ အကျိုးဆောင် ပေးလိုက်တာ ၂၄ နာရီအတွင်း ပြန်လွတ်လာတယ်။ အဲဒီလို အခြေအနေမျိုးအတွက် Keyword နဲ့ Search ကြည့်ပါ။ arrested ဆိုပြီး ရှာဖွေရေး အင်ဂျင်မှာ ရိုက်ထည့်ကြည့်ပါ။ ဒီလို အကျိုးရလဒ်မျိုး ဘယ်လိုမှ ထွက်ပေါ် မလာနိုင်ပါဘူး။
အဲဒီလို အခြေအနေတွေက Google ကို စိန်ခေါ်နေပါတယ်။ Page နဲ့ Brin တို့ စတင် မျိုးစေ့ချခဲ့တဲ့ Page Rank စနစ်တွေ ဆယ်ဆုနှစ် တစ်ခုစာ ကြာပြီးတဲ့နောက်မှာ Web ကို ကျွန်တော်တို့ အသုံးပြုပုံတွေ အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲလာပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ဘတ်(က်)ရဲ့ ဥပမာလိုပါပဲ၊ Web နဲ့ ပတ်သက်တဲ့ ထိတွေ့ပတ်သက်ရတဲ့ နယ်ပယ်တိုင်းမှာ အရမ်း မိုဘိုင်း ဖြစ်လာသလို၊ အရမ်းလည်း Social ဆန်လာပါတယ်။ နေရာတကာ မိုဘိုင်းဖုန်း တွေနဲ့ Web ချိတ်ဆက်ထားသလို၊ လူမှုကွန်ယက် လို့ခေါ်တဲ့ Social Network တွေရဲ့ အခန်းကဏ္ဍကလည်း ကြီးသထက် ကြီးလာနေပါတယ်။ ဘယ်နေရာ ဖြစ်ဖြစ် ယူသွားလို့ရသလို အချိန်ပြည့် ချိတ်ဆက် ထားနိုင်စွမ်းတွေလည်း ရှိလာနေပါတယ်။ ဒီလို အခြေအနေတွေကို ကြည့်ခြင်း အားဖြင့် Google အနေနဲ့ ယခုလက်ရှိတဲ့ ပိုတဲ့ အောင်မြင်မှုတွေကို ရှာဖွေဖို့လိုသလို Search Business တုန်းက တော်လှန် ပြောင်းလဲနိုင်စွမ်း ရှိခဲ့သလို နောက်ထပ် တော်လှန် ပြောင်းလဲနိုင်ဖို့ လိုလာနေတယ်ဆိုတာ သေချာပေါက် ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီလို တော်လှန်ပြောင်းလဲဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ဖန်တီးလို့ မရပါဘူး။ ဘီလီယံပေါင်းများစွာ ဖြစ်လာနို်င်တဲ့ စီးပွားရေး ပုံစံတွေကို ဖန်တီးဖို့ဆိုတာ အရမ်းခက်တယ် ဆိုပေမယ့် ပြန်ရလာမယ် ရလဒ်ကတော့ ရေလည်လန်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချိန်က Google ရဲ့ ရောင်းရင်းကြီး Apple ကိုကြည့်ပါ။ Music Player နဲ့ အွန်းလိုင်း သီချင်းလက်လီ အရောင်းလုပ်ငန်းဆိုတဲ့ တော်လှန်ပြောင်းလဲမှု တစ်ခုကို စနိုင်ခဲ့တဲ့အတွက် အရင်က Apple Computer တွေထက် အဆမတန် များပြားတဲ့ အမြတ်အစွန်းတွေ ရရှိစေခဲ့ပါတယ်။ အဲဒီကနေ အဆင့်ဆင် တက်လာလိုက်တာ အမြတ်ငွေတွေ အဆမတန် တိုးတက်လာလိုက်တာ စျေးကွက်မှာ ၂၃၆ ဘီလီယံနဲ့ Google ရဲ့ ၁၅၆ ဘီလီယမ်ကို ကျော်တက်သွားခဲ့ပါပြီ။
ခုချိန်ထိတော့ Google အနေနဲ့ ရှာဖွေရေးအင်ဂျင် စီးပွားရေးကို ကျော်ပြီး ဘာတွေလုပ်မယ်ဆိုတာ တစ်လုံးတစ်ပါဒမှ မဟသေးပါဘူး။ Google ရဲ့ Search မှာ ခေါင်းဆောင် ဖြစ်သူ မာရီစာ မေရာရဲ့ ပြောစကား အရတော့ ကုမ္ပဏီအနေနဲ့ ငွေကြေးဆိုင်ရာနဲ့ ပတ်သက်ရင် ရင်းနှီးမြှတ်နှံသူတွေကို အကြံဉာဏ်တွေ ပေးစရာကို မလိုပါဘူး။ Google အနေနဲ့ ဧရာမ ပြောင်းလဲမှုတွေ လုပ်ဖို့ မလိုဘူးလို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲမှု နည်းနည်းနဲ့တင် အဆင်ပြေပါတယ်တဲ့။ သူ ပြောတဲ့ပုံအရဆို Google ရဲ့ ဘယ်လို ထုတ်ကုန်အသစ်မှာ မဆို Search Business က ကလေးဆိုးကြီးတစ်ယောက် သူ့အမေနောက်လိုက်သလို တစ်ကောက်ကောက် လိုက်နေဦးမယ့် သဘောပါပဲ။ Page, Brin နဲ့ Google ရဲ့ CEO ဖြစ်သူ Eric Schmidt တို့အားလုံး Google ရဲ့ အနာဂတ် အမြင်တွေနဲ့ ပတ်သက်ပြီး အာပေါင်အာရင်း သန်သန်နဲ့ ပြောတာ မကြားရသေးပါဘူး။ အဲဒီလို ဖြစ်နေတာကိုက ရင်းနှီးမြှတ်နှံသူတွေအတွက် စိုးရိမ်ထိပ်လန့်မှုတွေ ဖန်တီးပေးနေသလိုပဲလို့ ဆန်ဖရန်စစ်စကိုမှာ ရှိတဲ့ JMP Securities ရဲ့ Senior Analyst ဖြစ်သူ Sameet Sinha က ဆိုပါတယ်။ Google အနေနဲ့ ရှေ့ဆက် ဘာတွေလုပ်မယ်၊ ဘာတွေလုပ်ချင်တယ် ဆိုတဲ့ လမ်းတွေကို ခုထက်ထိ ရှင်းရှင်းလင်းလင်း မချပြသေးပါဘူး လို့ သူက ဆက်ပြောပါတယ်။
ဆက်ပါဦးမယ် …
Facebook comments:






This article is very misleading, Google now can search your Twitter results in real-time. Pagerank has been updated very frequently to make search relevant. If you want to know how Google’s revolutionizing search, just go and take a look at Google Voice Search for Mobile.
When Google started Android efforts, investors and and so called analyst said, it would be a failure.
Thanks for your comment, bro. Android is my favorite too. It’s really awesome. I’m just trying to see the alternative point of view.
Future က Web မဟုတ်တော့ဘူး။ People ဖြစ်သွားပြီ။ Community ပေါ့။ Web ဆိုတဲ့ computer တွေချိတ်ဆက်တာထက် ပိုတဲ့ လူသားချင်းချိတ်ဆက်တာ ဖြစ်သွားပြီ။ Google အနေနဲ့ ဒါကိုသဘောမပေါက်ရင် Micro$oft နောက်လိုက်မှာဘဲ။ တချိန်က OS သာအဓိကလို့ ထင်ခဲ့တဲ့ Micro$oft ဦးဆောင်သူနေရာက ဆင်းပေးလိုက်ရတာ ကြည့်ပါ။ ဆောင်းပါးကို အပြည့်အဝ ထောက်ခံပါတယ်။
ကျေးဇူးပြုပြီးတေ့ c++ programming ရေးချင်လို့ပါ။ turbo c ကိုတင်ပေးပါလား။
ဒေါင်းလုတ် လုပ်ချင်လို့ပါ။ တကယ်လို့မဟုတ်ရင်လည်း ဒေါင်းလို့ရတဲ့လင့်လေးဖြစ်ဖြစ် ပေးပါလား။
အရမ်းရေးချင်တာ ဘယ်မှရှာလို့မရလို့ပါ။
ဒီနေရာတွေမှာ တစ်ချက် ကြည့်ကြည့်လိုက်ပါခင်ဗျ
http://www.codeblocks.org/
http://www.eclipse.org/cdt/
Google is still making huge profits, earned USD 1.84 billion in 2010 Q2 (April, May, June). Source: http://www.google.com/finance?q=NASDAQ:GOOG&fstype=ii
Thanks for your comments and supporting data.
Article က general ဆန်လွန်းသလိုုလိုုပဲ bro.. ဥပမာ Facebook, Twitter company တွေကိုု Google နဲ့နှိုင်းလိုုက်တာကတော့ category မတူတဲ့ product တွေကိုု box တစ်ခုုထဲထည့်ပြီး ခြုံကြည့်နေသလိုုပဲ.. Facebook မှာ search တဲ့ search နဲ့ Google မှာ search တဲ့ search တွေဟာ ရည်ရွယ်ချက်ချင်းက သိပ်တူမယ်မထင်ဘူးဗျ..
Bing ကတော့ shares တွေတက်လာတယ်လိုု့ပြောကြတာပါပဲ.. ဒါပေမယ့် တကယ် internet ပေါ်မှာ ရှာဖွေတတ်တဲ့ လူတွေဟာ Bing ထက် Google ကိုုပိုုနှစ်သက်ကြပါတယ်.. Bing က တခဏအတွင်းမှာ ဒီလောက်တယ်လာတယ်ဆိုုပေမယ့် Windows OS ကြောင့်လဲဆိုုင်တယ်ထင်တယ်.. IE လိုုမျိုး browser မှာ Bing က default ပါနေလေတော့ search နှုန်းထားတွေတက်လာတာ မအံ့အောမိပါဘူး.. သိတယ်မလား noobs တွေက ကိုဘာ search engine သုုံးလိုု့သုုံးမှန်းတောင်သိ search နေကြတာ.. ကျွန်တော်လည်း noob ပါဘဲ.. ဒါပေမယ့် ကိုုယ်ဘာ search engine ကိုုသုုံးနေတယ်ဆိုုတာတော့သိတယ်
http://www.youtube.com/watch?v=o4MwTvtyrUQ ဒီ video ကိုပဲကြည့်လိုုက်.. US လိုုနိုုင်ငံကလူတွေတောင်မှ browser ဆိုတာ ဘာမှန်းမသိတဲ့ လူတွေက ဒုနဲ့ဒေး။
ပြောလို့ပြောတာမဟုတ်ဘူး.. ကွှန်တော်က Microsoft product ဆိုုတော်တော်ကိုုမုန်းတတ်နေပြီ။ ကျောင်းလေးဖွင့်တော့မယ်.. Mac တစ်လုုံးဝယ်မိပါရဲ့.. Windows ဘဝနဲ့ဝေးပြီထင်နေတာ။ ဘာက ပြသာနာတက်ပြန်လဲသိလား? Microsoft ကြီးရဲ့ Flip4Mac က တောက်ပြသာနာတက်ပြန်တယ်.. အခါခါ uninstall လုပ်ပြီး install ပြန်လုုပ်ပေမယ့် windows media တွေကိုု သုုံးထားတဲ့ site တွေမှာ လုုံးလုုံးကိုု open လုို့မရဘူး.. တော်တော်ကိုုစိတ်ညစ်ဖိုု့ကောင်းတယ်..
bing လည်း kin လိုသင်္ဂြိုဟ်ခံရအုုံးမလားမသိဘူး.. comment တော်တော်ရှည်သွားပြီဗျာ..ကုိုယ်မြင်တာကိုုပြောကြည့်တာပါ.. အမှားပါရင်လည်း ခွေးလွတ်စေချင်ကြောင်း..
အခု ကျွန်တော်ရေးနေတာ Fortune Magazine က Is Google Over ဆိုတဲ့ ဆောင်းပါးပဲ ခင်ဗျ၊ ကျွန်တော် ဒုတိယပိုင်း ကျန်နေတဲ့အတွက် စာညွှန်းမရေးရသေးတာ။ ကျွန်တော် အနေနဲ့ ဒီဆောင်းပါးကို တိုက်ရိုက် ဘာသာပြန်တာမျိုးမဟုတ်ပဲ၊ သေသေချာချာ နားလည်အောင် ဖတ်ပြီး ပြန်ရေးထားတာ ခင်ဗျ။ အဓိက ရည်ရွယ်ချက်ကတော့ဗျာ Alternative Thinking အတွက်ရယ်၊ Google အနေနဲ့ ပိုက်ဆံ ဘယ်လို ရှာနေသလဲ ဆိုတာတွေ သိစေချင်တဲ့အတွက် ရေးလိုက်ရတာပဲဗျ။ ခုလို ကွန်မင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ …
Let’s see for Windows phone 7 ; )
Dear Ko Thi Ha,
i did not see how can i send pm to you.
so,i wrote this page.
if you read finished,you can delete this comment.
my name is zayarsan(zawmin) Technical Editor of NetGuide journal.
i wanna to ask one question.
Can you write some article at offline.?
regards
zay.
Nice Article, Nice Translation, Nice Comments
moveis planejados…
cozinhas planejadas…
games racing play…
Love has its good and the bad, its twists and turns. Love leaves you pain, helps you with until you learn and in many cases if love takes so very long, it always walks you to the place you belong….