Idea လား၊ Ideal လား

လွန်ခဲ့သည့် အပတ်က ကျွန်တော့် သမီးလေးနှင့် ကျွန်တော် စကားပြောဖြစ်သည်။ စကားပြောဖြစ်သည် ဆိုတာ ကျွန်တော်က နားထောင်ရုံ သက်သက်၊ စကားထောက်ပေးရုံ သက်သက်။ အစအဆုံး သူပဲ ပြောသွားတာ ဖြစ်သည်။ သမီးလေးနှင့် ကျွန်တော် ပြောဖြစ်သည့် အကြောင်းကို နည်းနည်း ပြန်ပြီး ဖောက်သည် ချချင်ပါသည်။

“မီးမီး အိမ်လေးတစ်လုံး လိုချင်တယ်၊ ဝယ်ပေးပါ။ မီးမီးအိမ်လေးကို အပြင်ဖက်မှာ ပန်းရောင်လေး ထားမယ်။ အိမ်ထဲမှာတော့ အဖြူရောင်လေး၊ နံရံလေးတွေမှာ Pooh ပုံလေးတွေ ကပ်မယ်၊ Piglet ပုံလေးတွေ ကပ်မယ်၊ စားပွဲလေးတစ်ခု ချထားမယ်၊ အဲဒီအပေါ်မှာ သမီး ထမင်းစားမယ်၊ ဖေဖေတို့ ခေါ်ရင် သမီး အဲဒီ အိမ်လေးထဲက ထွက်လာခဲ့မယ်။ ….”

Playing Child

သမီးလေးပြောတာ အစအဆုံး ရေးပြရရင် တော်တော်နဲ့ ပြီးမှာမဟုတ်ပါ။ နောက်ဆုံး သူ့အိမ်လေးအကြောင်း ပုံဖော်ရင်း စိတ်ကူးရင်း မောသွားပုံ ရသည်။ ဒီတော့မှ ကျွန်တော်က

“သမီးလေး အိမ်ကို မိုးရေတွေ စိုကုန်ရင် ပျက်ကုန်မှာပေါ့၊ အဲဒီတော့ ဘယ်လိုလုပ်မလဲ” ဆိုတော့ သမီးလေးက

“အမိုးအောက်မှာ ထားမှာပေါ့” ဟု ပြောသည်။ ကျွန်တော်က ရှေ့ဆက်ပြီး “အမိုးအောက်မှာ ထားတာတော့ ဟုတ်ပါပြီ။ လူခိုးသွားရင် ဘယ်လို လုပ်မလဲ” ဆိုတော့

“ဒါဆိုရင် မီးမီးက အိမ်လေးကို ခြံစည်းရိုးလေးကာမယ်၊ ပြီးရင် ညပိုင်းဆို သော့ခတ်ပြီး သိမ်းထားမှာပေါ့” ဟု ပြန်ဖြေပါသည်။

သမီးလေးနဲ့ စကားပြောဖြစ်ရင် ကျွန်တော် စဉ်းစားမိတာတွေ ရှိလာသည်။ အိုင်ဒီယာနှင့် ပတ်သက်ပြီး စဉ်းစားမိခြင်း ဖြစ်သည်။ သမီးလေးက သူ့ အိုင်ဒီယာကို စိတ်ကူးနှင့် ပုံဖော်ပြခြင်း ဖြစ်သည်။ ဒီလိုနှင့် ကျွန်တော့် သမီးလေးကို အားကျသဖြင့် Website ရေးဖို့အတွက် အိုင်ဒီယာ ချကြည့်သည်။

“ငါ ဆောက်ချင်တဲ့ Website မှာ ဟိုဆိုက်ကလို Slider လေးပါချင်တယ်၊ ဒါပေမယ့် Slider ကလည်း တစ်ခုတည်းနဲ့ မဖြစ်ဘူး။ နှစ်ခုလောက် ထားမှ ဖြစ်မယ်။ ဒါပေမယ့် ဒါမျိုးရေးမယ် ဆိုပြန်တော့ ဟိုဆိုက်မှာ ရေးထားသလို Magazine ပုံစံကလည်း လုပ်ချင်သေးတယ်။ ဒါပေမယ့် အစအဆုံးရေး နေရင် အဆင်ပြေပါ့မလား။ သူများရေးထားတာ တန်းသုံးလိုက်လည်း ဖြစ်တာပဲ။ ဒါမှာမဟုတ် သူများရေးထားတဲ့ ပုံစံကို ယူပြီး ကိုယ့် စိတ်ကြိုက် ပြန်ပြင်လိုက် ပြီးတာပဲကို။ ဒါပေမယ့် အဲဒီလို ရေးတာတော့ ဟုတ်ပါပြီ ခုလက်ရှိထက် ပိုပြီး ကောင်းလာမှာ သေချာလို့လား။ မဖြစ်သေးပါဘူး။ လေ့လာစရာတွေကလည်း အများကြီး ကျန်သေးတယ်” စသည်ဖြင့် တွေးမိပါသည်။ သမီးလေးကို တွေ့တော့ သမီးလေး အိမ်ဘယ်လိုလဲ ဆိုတော့ သူဆွဲထားတဲ့ ပုံလေးပြသည်။ အရောင်တွေပါ ချယ်ထားသည်။ အိမ်လေးရှေ့မှာ ပန်းပင်လေးတွေ စိုက်ဦးမှာ ဆိုပြီး ပန်းပင်ပုံလေးတွေ ဆွဲထားပြန်သည်။ ကျွန်တော်က အခုထက် အတွေးထဲမှာ ပုံမပေါ်သေး။ သမီးလေးက ပုံကြမ်းပင် ရနေပြီ။ ကျွန်တော် အကြံတော်တော် အိုက်သွားသည်။

ဒီလိုနှင့် မရောက်တာ ကြာပြီဖြစ်သော Scratch ကို ရောက်ဖြစ်သည်။ သူတို့ရေးထားသည့် Program များကို တစ်ခုပြီး တစ်ခု စမ်းသပ် ကြည့်မိသည်။ ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုမှ မခံစားရ၊ ဘာမှလည်း မထူးဆန်း၊ ကျွန်တော့် စံနှုန်းများအရ Perfect လည်း တစ်ခုမှ မဖြစ်။ ဒီလိုနဲ့ စိတ်ထဲမှာ ဘာမှမဟုတ်တာကြီးကို ဘာဖြစ်လို့ MIT က တင်ထားရတာလဲလို့ စိတ်ထဲမှာတောင် ထင်မိသည်။ နောက်မှ မဖြစ်သေးပါဘူးဟု စဉ်းစားကာ ပြန်ကြည့်မိသည်။ ဒီတစ်ခါတော့ သမီးလေးရဲ့ အိမ်ပုံပြင်ကို သတိရသွားသည်။ သူတို့တွေ ဘယ်လိုတွေးကြတာလဲ။ သမီးလေး တွေးသလိုများလားဟု စိတ်ထဲမှာ သိချင်လာသည်။

အဲဒီတော့မှာ ကျွန်တော် လန့်သွားသည်။ သူတို့တွေ လုပ်ထားတာ တစ်ခုပြီး တစ်ခုကြည့်ပြီး ကျွန်တော် ရှက်လာသလို ခံစားရသည်။ တစ်ချို့တွေက အိုင်ဒီယာတွေ ရိုးစင်းသည်။ သူတို့ ဖြစ်ချင်တာလေးတွေကို ပုံဖော်ထားသည်။ သူတို့ ကြိုက်နှစ်သက်သည့် ကာတွန်း ဇာတ်ကောင်လေးများကို ထည့်သွင်း ပုံဖော်ထားသည်။ တစ်ချို့တွေက ပုံလေးတစ်ပုံတင်ပြီး နောက်ခံ တီးလုံးလေးသာ ထည့်ထားသည်။ အဲဒီပုံလေးကို ယူပြီး ကိုယ့်စိတ်ကြိုက် အရောက်ချယ်ကြသည်။ အသံဖိုင် အစားထိုးကြသည်။ နောက်ခံပုံတွေ ပြောင်းကြသည်။ တစ်ချို့တွေက ဂိမ်းလေးတွေ ရေးကြသည်။

တစ်ခုပြီး တစ်ခု လိုက်ကြည့်မိရင်း သူတို့ရဲ့ ဝန်းကျင်လေးကို မြင်လာမိသည်။ ပျော်စရာလည်း ကောင်းသလို ချစ်စရာလည်း ကောင်းသည်။ ကျွန်တော် ကိုယ်တိုင် ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားမိသည်။ သူတို့တွေ ပျော်နေကြတာ အပေါ်ယံ Program တွေမှာမှ မဟုတ်ပဲ အဲဒီလို Program လေးတွေကို ဖန်တီးတဲ့ အိုင်ဒီယာတွေ ဝေနေတဲ့ ပန်းစုံတောမှာ မျောနေကြတာပါလားလို့ ကျွန်တော် သိလာသည်။ ဒီလိုနဲ့ သူတို့ အတူ Scratch ကိုဖွင့် အရောင်ချယ် နေမိတော့သည်။

Scratch-ScreenShot

ကျွန်တော် Scratch ကို လေ့လာရင် စိတ်ထဲမှာ ဒိဟစိတ်တွေ များလာသည်။ အိုင်ဒီယာဆိုတာ ဘာလဲ။ အိုင်ဒီယာတိုင်း Perfect ဖြစ်ဖို့ လိုလား။ ငါကရော သူတို့လို ဘာဖြစ်လို့ မတွေးနိုင်ရတာလဲ။ သူတို့တွေ တွေးသလို ငါတို့ဆီက ကလေးတွေ တွေးရင် ကောင်းမှာပဲ။ အော် Perfect Idea တွေ ထွက်တာ ဒီဟာတွေ ကြောင့်ပါလား စသည်ဖြင့် အတွေးတွေနဲ့ လူးလှိမ့်နေပါတော့တယ်။

ဒီလိုနှင့် အားကျမခံ Website အတွက် အိုင်ဒီယာ ထုတ်မယ်ဟု စဉ်းစားပြန်တော့ ဟို Website၊ ဒီ Website၊ Perfect စသည်ဖြင့် နေရာတကာမှ ဝင်လာကြပြန်သည်။ ဘယ်လိုမှကို ကောင်းကောင်း ပုံဖော်လို့ မရ။ စာရွက်အကြမ်းချရေး ပြန်တော့လဲ စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက်သာ ကုန်သွားသည်။ တစ်ခုမှ စိတ်တိုင်းကျ မဖြစ်။ ကွန်ပျူတာပေါ် တိုက်ရိုက်ဆွဲမယ် ဆိုပြန်တော့လည်း အဆင်မပြေ။ ဒီလိုနှင့် အချိန်သာ ကုန်သွားသည် ဘာတစ်ခုမှ ဖြစ်မလာ။

ခေါင်းတွေ ပူလာသဖြင့် သမီးလေးနှင့် သွားစကား ပြောမည်ဟု စိတ်ကူးရသဖြင့် သမီးလေးနား သွားထိုင်သည်။ သမီးလေးကတော့ သူ့အိမ်လေးကို ပုံဖော် ကောင်းတုန်း၊ သူ့အိမ်လေး အကြောင်း အစအဆုံး တစ်ခေါက် ပြန်ပြောသည်။ ဒီတစ်ခါပြောတော့ ကျွန်တော် တစ်ခု သတိထားမိသည်။ အရင်ထက် ပိုပြီး ပြည့်စုံလာသည်။ မိုးရွာမည့် ကိစ္စ၊ လူခိုးခံရမည့် ကိစ္စ၊ အဲဒီအပြင် အိမ်လေးတွင် ထားမည့် ခုံလေးများ၏ အရောင်၊ သူ့ သူငယ်ချင်းများကို သူ့မွေးနေ့မှာ ဖိတ်ပြီး အိမ်လေးထဲမှာ မွေးနေ့ပွဲ လုပ်မည် ဆိုသည့်ကိစ္စ စသည်ဖြင့် အများကြီး ပိုလာသည်။ ကျွန်တော့်မှာတော့ ဘာမှ ဖြစ်မလာသေး။

နောက်ဆုံး ကြံရာမရသည့် အဆုံး သမီးလေးကို မေးဖြစ်သည်။ မီးမီးကတော့ အိမ်လေးကို ပုံဖော်တာ တော်တော်တောင် ပြည့်စုံနေပြီ ဖေဖေ့မှာတော့ ခုထက်ထိ Website ကို ဘယ်က စရမှန်း မသိသေးဘူးဆိုတော့ သမီလေးက ဖေဖေအတွက် Website ကို သမီးဆောက်ပေးမယ်တဲ့။ သမီးက Website ဆိုတာ သိလို့လား ဆိုတော့ သိတာပေါ့တဲ့။ မီးမီး အရုပ်မကို လက်သည်းနီဆိုးတယ်၊ နှုတ်ခမ်းနီဆိုးတယ်၊ ဂိမ်းဆော့နေကြဟု ပြောသည်။ ကဲ ဒါဆို မီးမီးပဲ ဖေဖေကို Website ရေးပေးတော့ ဟုပြောသောအခါ သမီးလေးက ကွန်ပျူတာ ရှေ့ခေါ်သွားပြီး ဒီနားလေးမှာ Pooh ပန်းချီကားလေးထည့် ဒီနားလေးမှာ အိမ်ပုံလေးထည့် ဒီနားလေးမှာတော့ မီးမီးဓာတ်ပုံထည့် စသည်ဖြည့် ဒိုးဒိုးဒေါက်ဒေါက် ပြောသွားသည်။

ခုမှ ကျွန်တော့် အခက်အခဲကို သတိထားမိတော့သည်။ အိုင်ဒီယာကို အရင်တာမလွတ်ပဲ၊ Ideal တွေ Perfect တွေ တစ်ခြားအမြင်တွေကို အရင်တာ လွတ်မိသည့်အတွက် အိုင်ဒီယာကတော့ ပြေးပင်မပြေးလိုက်ရပဲ ကျန်ကျန်ခဲ့ခြင်း ဖြစ်သည်။ သမီးလေးနှင့် Scratcher (Scratch သုံးသည့် ကလေးများကို ကျွန်တော့် ဘာသာ ပေးလိုက်သည့် နာမည် ဖြစ်သည်) လေးများက အိုင်ဒီယာကို အရင်တာလွတ်ပြီးမှ နောက်ကလိုက်ပြီး အခြားအရာများက မွမ်းမံသည်။ ပြည့်စုံအောင် လိုက်ဖြည့်စည်းသည်။ ကျွန်တော်နှင့် ပြောင်းပြန်ဖြစ်မှန်း မသိဖြစ်နေတော့သည်။ Idea တိုင်း Perfect ဖြစ်ရမည် ဆိုသော အမြင်ကလည်း တိတ်တိတ်ကလေး တွယ်ကပ်နေပြန်သည်။ အဲဒီအပြင် Ideal များကို လေ့လာရင်း Ideal အမြင်များက ကိုယ့်ကို ထိန်းချုပ် ထားပြန်သည်။ ဒီတော့ အိုင်ဒီယာက လွပ်လွပ်လပ်လပ် မကွန့်မြူးနိုင်တော့။

သမီးလေးကတော့ သူ့အိမ်လေးကို သူ့အမေကို ပြောပြနေပြန်သည်။ သူ့အမေက အိမ်လေးမှာ ကြောင်လေးတွေ မထားဘူးလားဆိုတော့ ကြောင်းလေးတွေ အတွက် အိမ်သေးသေးလေး တစ်ခု သူ့အိမ်လေးထဲမှာ ဆောက်ပေးဦးမယ် ဟု ပြောသည်။ အသက်ကြီးလာတဲ့အခါ မီးမီး အိမ်လေးထဲ ဝင်လို့ မရတော့ရင် ဘယ်လိုလုပ်မလဲဆိုတော့ အဲဒီအခါကျရင် မီးမီးက မီးမီး ညီမလေး မွေးလာတဲ့အခါ ဆော့ဖို့ ပေးလိုက်မှာပေါ့တဲ့။

Brain

ကျွန်တော်ကတော့ Website ရေးဖို့ စလုံးရေ မစရသေးခင် သမီးလေးကတော့ သူ့အိမ်လေးကို သူ့ညီမလေး အတွက် ပေးနေပြီ ဖြစ်သည်။ အင်း အိုင်ဒီယာလား၊ အိုင်ဒီးလာ။ Perfect လား။ ဟိုဟာ ကောင်းမလား။ ဒီဟာ ကောင်းမလား။ အဆင်ပြေမှာ မဟုတ်ပါဘူး။ သူတို့ရေးထားတာကို မှီမှာ မဟုတ်ပါဘူး။ ဒီနားလေး Slider ထည့်ချင်တယ်။ ဟိုဆိုက်ကဟာလေးက ပိုကောင်းတယ်။ ဒါပေမယ့် ဟိုလိုမရဘူး။ ဒီလိုမရဘူး ……….

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

15 Responses to “Idea လား၊ Ideal လား”

  1. September 6, 2010 at 1:14 AM #

    that is awesome post … we already told about that thing… product first .. add on or upgrade will soon … first time , we need to show , what we want … Our first version may be really really stupid , but we can upgrade and we can build more awesome things…. I like this post and sometime I want to be child like that ( I also want my child for asking idea LOL!!!! )

    • September 6, 2010 at 1:17 AM #

      ( I also want my child for asking idea LOL!!!! ) မြန်မြန် ပြည့်ပါစေဗျာ … :P

  2. wayne
    September 6, 2010 at 1:31 AM #

    love it!

  3. September 6, 2010 at 2:40 AM #

    ကျေးဇူးတင်ပါတယ် ခင်ဗျ ..။ ကိုသီဟ ရေ အရမ်း ဗဟုသုတရပါတယ် ။
    ကျနော့်မှာလည်း ကိုစေတန်လို ဆုတောင်းရမလိုပါပဲ … တစ်ခုတော့ မီးလင်းသွားတယ် ဗျ.. ဘာမှမလုပ်ခင် ငါးမိနစ်လောက်တော့ ထိုင်စဉ်းစားလိုက်တာ ပိုကောင်းမလားလို့ .. လေ..

  4. ကိုသာသာ
    September 6, 2010 at 10:16 AM #

    အတွေးလေး သဘောကျတယ်။
    Idea ထွက်ချင်ရင် Ideal တွေကို မေ့ထားဖို့လိုမယ်။

  5. မိုးညိုညို
    September 6, 2010 at 11:01 AM #

    ငယ်တုန်းမှာတော့ ဒီလိုပဲ လွတ်လပ်စွာ . . တွေးခေါ်ပြီး . . မရှက်မကြောက် ချပြနိုင်ခဲ့ကြပေမယ့်
    အသက်တွေ အတွေ့အကြုံတွေများလာလေလေ ကိုယ့်အမြင်လေးတွေကိုချပြဖို့ ရှက်ကြောက်လာလေဖြစ်လာကြတာကိုး . .
    လွှမ်းမိုးလွန်းပါပေ့ Ideal များရေ . . ဒီပို့စ်လေးကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိသွားတယ် . .
    ကျေးဇူး ကိုသီဟတို့ သားအဖရေ . .

    • September 6, 2010 at 11:11 AM #

      ကျွန်တော့်ကို ကျေးဇူးမတင်နဲ့ဗျ သမီးလေးကို ကျေးဇူးတင်၊ ကျွန်တော်တောင် သူ့ဆီက ပြန်သင်နေရတယ် :D

      • thi ha
        September 7, 2010 at 1:06 PM #

        နာမည်တူမို့လို့လားမသိဘူး သမီးရှိတာတောင်တူနေတယ်။ :D
        nice writeup bro.

        • September 7, 2010 at 5:22 PM #

          သမီးလေးဆို တော်သေးတာပေါ့ဗျာ …. :P

  6. September 6, 2010 at 1:42 PM #

    ဒီ Post ကိုဒီ Video လေးနဲ့တွဲကြည့်ရင် ပိုပြည့်စုံသွားမယ်။
    http://www.facebook.com/video/?id=781724745#!/video/video.php?v=483830584745
    FB Login တော့ဝင်ဖို့လိုတာပေါ့

    • September 8, 2010 at 10:29 PM #

      ကျေးဇူး သူငယ်ချင်း …

      ကြည့်ရင်းနဲ့တောင် Idea တော်တော်ရသွားတယ် …

  7. September 6, 2010 at 6:01 PM #

    ကိုသီဟ ပြောမှ ကိုယ့်ကိုကိုယ် သတိထားမိတယ်ဗျာ။ ကျွန်တော်လည်းဘောင် တစ်ခုထဲပိတ်မိနေသလို ဖြစ်နေတာ။ တစ်ခုခု လုပ်ဖို့ တွေးလိုက်တိုင်း ငါ့ idea ကပြည့်စုံရဲ့လား။ ကောင်းမွန်ရဲ့လား။ ဘာတွေ လိုနေသလဲ။ သူများမြင်ရင်ကော ဘယ်လိုပြောမလဲ။ ဒါတွေလိုက်စဉ်းစားနေမိတယ်။ ကိုယ့် idea ရဲ့ ဟာကွက် ကိုမြင်ပြီး တခြားလူ အပြစ်ပြောမှာ အထင်အမြင်သေးမှာ ကြောက်ပြီး idea မထုတ်ခင် perfect ဖြစ်ဖို့လိုက်စဉ်းစားနေတာနဲ့ idea တွေသေသေကုန်ရော။ ကလေး ဘဝကို လွမ်းမိတယ်ဗျာ။ ကလေးဘဝ တုန်းကတော့ အတွေးတွေက လွတ်လပ်တယ်။ ခုများတော့ တစ်ခုခု စဉ်းစားပြီးရင် ဟိုလိုဆိုမဖြစ် ဒီလိုဆိုမဖြစ်နဲ့ မလုပ်ဖြစ်တာတွေ တော်တော်များလာတာ ခုမှတွေးမိတယ်။ ကျေးဇူးပဲ ကိုသီဟရေ။

  8. joker
    September 6, 2010 at 8:01 PM #

    ကိုသီဟ ကျေးဇူးပဲခင်ဗျာ…
    ကျွန်တော်တို့ သတိမထားမိတာလေးထွေ ပြောပြပေးတဲ့အတွက်

  9. thettun
    September 8, 2010 at 1:08 AM #

    ကိုသီဟကိုရော…. ကိုသီဟ သမီးလေးကိုရော… video ကိုညွှန်းပေးတဲ့ ကို ZaCk ကိုရော ကျေးဇူး အများကြီးတင်ပါတယ်

Trackbacks/Pingbacks

  1. Idea တွေ Ideal ဖြစ်ခြင်း | Saturngod - September 14, 2010

    [...] Tutorial မှာ Idea လား Ideal လား ဆိုတာလေးကို ဖတ်မိပြီး ဒီ [...]

Leave a Comment

*