ဈေးရောင်းနည်း
Apple ကထုတ်တဲ့ iPod Touch တွေထဲမှာ ဈေးအနည်းဆုံးက ၂၂၉ ဒေါ်လာပါ။ ဒါပေမဲ့ ခင်ဗျားကို ၂၉၉ တန်ဝယ်ဖြစ်အောင် ဈေးခေါ်ထားတဲ့အကြောင်း ပြောချင်ပါတယ်။
၂၀၁၀ မတိုင်ခင်ကတော့ iPod Touch တစ်ခုကို ၁၉၉ ဒေါ်လာပေးရပါတယ်။ နောက် ဈေးပိုကြီးတဲ့တစ်မျိုးက ၂၉၉ ဒေါ်လာပါ။။ လူတော်တော်များများက ဈေးသင့်တဲ့ ၁၉၉ ဒေါ်လာတန်ပဲ ဝယ်ကြပါတယ်။ ဒါပေမယ့် Apple က ဝယ်စေချင်တာက ၂၉၉ ဒေါ်လာတန်ပါ။ ဒါကြောင့် အခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှာ စထုတ်တဲ့ iPod Touch ဈေးနှုန်းတွေကို decoy effect အသုံးပြုပြီး ဝယ်ယူသူ အိတ်ထဲက ပိုက်ဆံပိုထွက်လာဖို့ လျာထားပါတယ်။
Decoy Effect ဆိုတာကို ရှင်းရရင် သာမန် ရွေးချယ်ခွင့် ၁ ကို ပိုကောင်းပြီး လိုချင်တပ်မက်မှု ဖြစ်နိုင်တဲ့ ရွေးချယ်ခွင့် ၂ နဲ့ ပြထားတယ်။ ယှဉ်ကြည့်ရင် ရွေးချယ်ခွင့် ၂ ကို အသားပေး ကြော်ငြာထားတဲ့သဘော။ ဝယ်မယ့်သူတွေကို ပိုကောင်းတဲ့ (ဈေးလည်း ပိုများတဲ့) ရွေးချယ်ခွင့် ၂ ကို ရွေးဖို့ ဈေးခေါ်ထားတာပေါ့။
Apple ရောင်းတဲ့ပုံစံကလည်း ဈေးနည်းပြီး သိုလှောင်ပမာဏ (capacity) သိပ်မရှိတဲ့ ရွေးချယ်ခွင့် ၁ ( ၂၂၉ ဒေါ်လာတန် 8GB iPod Touch) ကို ရွေးချယ်ခွင့် ၂ (၂၉၉ ဒေါ်လာတန် 32 GB one) နဲ့ တွဲထားလိုက်တယ်။ ယှဉ်ကြည့်လိုက်ရင် ဒေါ်လာ ရ၀ ပိုသုံးလိုက်ရုံနဲ့ သိုလှောင်ပမာဏ လေးဆ ပိုများတဲ့ iPod ကို ရမှာကိုး။ လူတော်တော်များများက ဒီအကွက်ထဲဝင်သွားပြီး ဒေါ်လာ ၂၉၉ တန် ကို ရွေးကြပါတော့တယ်။ ဒါ့အပြင် 64GB iPod Touch ကျတော့ ဒေါ်လာ ၁၀၀ လည်း ပိုပေးရမယ်၊ သိုလှောင်ပမာဏကျတော့လည်း နှစ်ဆပဲ တိုးလာမယ်ဆိုတော့ ၂၉၉ ဒေါ်လာတန်ပဲ ရွေးဖို့ ဖြစ်နေတော့တာပေါ့။
ဒီလိုပြောလို့ Apple က လူလည်ကျပြီး ရောင်းတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ ၂၉၉ ဒေါ်လာတန် iPod Touch ဟာ ဝယ်ဖို့ အကောင်းဆုံးပါပဲ။ အဓိက ဆိုလိုရင်းက Apple ဟာ သူရောင်းချင်တာကို ထိထိရောက်ရောက် တွန်းအားပေးလိုက်တာပါပဲ။ Decoy effect ဆိုတာ ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာ အသုံးဝင်တဲ့ နည်းစနစ်တစ်ခုပါ။ ခင်ဗျားမှာ အရောင်းဆိုင်ဖြစ်ဖြစ်၊ freelance အလုပ်ဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် လူတွေကို ငွေများများ ပိုသုံး(ဖြုန်း)စေဖို့ ဆွယ်ရာမှာ အသုံးဝင်ပါတယ်။
နောက်ဥပမာတစ်ခု ပြရမယ်ဆိုရင် The Economist မဂ္ဂဇင်းကို ပထမ ရွေးချယ်ခွင့် အနေနဲ့ အင်တာနက်ကနေ ဖတ်ချင်ရင် တစ်နှစ်စာအတွက် ဝန်ဆောင်ခ ၅၉ ဒေါ်လာ ပေးရပါလိမ့်မယ်။ ရွေးချင်ခွင့် ၂ဖြစ်တဲ့ မဂ္ဂဇင်းစာအုပ်ကို မှာယူချင်တယ်ဆိုရင်တော့ ၁၂၅ ဒေါ်လာကျသင့်ပါတယ်။ နောက်ဆုံး ရွေးချယ်ခွင့်ဖြစ်တဲ့ အင်တာနက်ကနေရော၊ စာအုပ်ပါ လိုချင်ရင်တော့ ၁၂၅ ဒေါ်လာ ကျသင့်ပါတယ်။ ဟုတ်ပါတယ်။ ရွေးချယ်ခွင့် ၂ နဲ့ ၃ နဲ့ ဈေးနှုန်းတူတူပါပဲ။ ဒီနေရာမှာ ရွေးချယ်ခွင့် ၂က ရွေးချယ်ခွင့် ၃ကို ယူဖို့ တွန်းအားပေးတဲ့ decoy ဖြစ်ပါတယ်။ အဲဒီတော့ လူတော်တော်များများက ၂ မျိုးလုံးရတဲ့ ရွေးချယ်ခွင့် ၃ ဒါမှမဟုတ် ဈေးသက်သာတဲ့ ရွေးချယ်ခွင့် ၁ ကိုပဲ ရွေးကြပါတော့တယ်။
သင်လည်းပဲ လိုအပ်တာနဲ့ လိုချင်တာခွဲပြီး မှန်ကန်စွာ ရွေးတတ်ပါစေ။ ကုမ္ပဏီကြီးတွေရဲ့ ငါးစာကို မြင်စေလိုတဲ့ ဆန္ဒနဲ့ How Apple Is Getting You to Pay More for an iPod Touch ကို သင့်တော်သလို ဘာသာပြန်ပါတယ်။
Win Lwin
Link from this post:
- http://en.wikipedia.org/wiki/Decoy_effect
- http://www.economist.com/
- http://woorkup.com/2010/09/20/how-apple-is-getting-you-to-pay-more-for-an-ipod-touch/
Facebook comments:






ကောင်းကွာ
မှတ်ထားရမဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။
မျှဝေလိုက်မယ်နော် ။
8G Thiha $199.00
16G Thiha $299.00
32G Thiha $399.00
ကိုသီဟကြီး ရောင်းထွက်သွားပါတယ်ဗျာ
အသိတစ်ခုရလိုက် လို့ ကျေဇူးပါ။