Hosting ရွေးမယ်၊ ချစ်ဝဲလည်

Web Hosting နဲ့ ပတ်သက်လာရင် စိတ်လေဖို့ကောင်းပါတယ်။ ရွေးစရာတွေက တစ်ပုံတစ်ပင်၊ လိုချင်တာနဲ့ ကိုက်တာကို ရှာဖို့ စဉ်းစားစရာ အချက်တွေ အင်မတန်များပါတယ်။ ဒါပေမယ့် အခြား ကုန်ပစ္စည်း အရောင်းအဝယ်တွေလိုပါပဲ။ ဝယ်သူစိတ်တိုင်းကျ ရွေးချယ်စရာတွေက တစ်ပုံတစ်ပင် ရှိနေပါတယ်။

Shared Hosting တွေကတော့ ပေါချောင်ကောင်း ဆိုသလိုပါပဲ။ စျေးသက်သာမယ်၊ သုံးရလွယ်မယ်။ ဒါပေမယ့် Resources တွေ ကန့်သတ်ချက် များပါတယ်။

Dedicated Hosting တွေကတော့ စွမ်းဆောင်ရည် မြင့်မယ်။ မိမိစိတ်ကြိုက် ပြုပြင်ဖန်တီး နိုင်စွမ်းရှိမယ်။ ဒါပေမယ့် Hosting Company တွေက အထောက်အပံ့ပေးတဲ့အပေါ် မူတည်ပြီး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အတိုင်းအတာ တစ်ခုအထိ လိုမှာ ဖြစ်ပါတယ်။ ကိုယ်ဝယ်တဲ့ ကုမ္ပဏီက များများ အထောက်အပံ့ပေးရင် Dedicated Hosting ကို လွယ်လွယ်နဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပေမယ့် အထောက်အပံ့ နည်းရင်တော့ ကိုယ့်မှာ Server ထိုင်နိုင်လောက်တဲ့ အရည်အချင်း ရှိနေရမှာ ဖြစ်ပါတယ်။

ခုမှ Web Hosting ကို မိတ်ဆက်မယ့်သူတွေ အထူးသဖြင့် Blog ကို ကိုယ်ပိုင် Hosting နဲ့ ရေးလိုသူတွေအတွက် Shared Hosting တွေက စလို့ အကောင်းဆုံးပါပဲ။ စျေးလည်း အတိုင်းအတာ တစ်ခုအထိ သက်သာပါတယ်။ ဒါပေမယ့် ကိုယ်သုံးမယ့် ပမာဏက ကြီးလာမယ်။ Traffic ကလည်း များလာမယ် ဆိုရင်တော့ Shared Hosting နဲ့ မလုံလောက်တော့ပါဘူး။ Dedicated Server တွေ သုံးဖို့ ကျပြန်တော့လည်း စျေးက ကြီးနေ ပြန်ပါတယ်။ အဲဒီလောက်လည်း Resources တွေ မလိုသေးဘူး ဆိုပါတော့။

ဒီလိုလိုပြဿနာအတွက် အကောင်းဆုံး အဖြေကတော့ VPS Hosting တွေပါပဲ။

Vitural Private Server (VPS) Hosting တွေဟာ ပြောင်းလွယ် ပြင်လွယ်ရှိတယ်၊ အတိုးအလျှော့ လုပ်ရလွယ်တယ်၊ နောက်ပြီး စျေးအတန်အသင့် သက်သာပါတယ်။ အထူးခြားဆုံး အချက်ကတော့ ဘယ်လို Website မျိုးကိုမဆို Host လုပ်လို့ရတယ် ဆိုတာပါပဲ။ e-commerce site တွေအတွက် အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ ကိုယ်က Shared Hosting နဲ့လည်း မလောက် Dedicated Server တွေလည်း သုံးစရာမလိုသေးတဲ့ အနေအထားဆိုရင် VPS တွေကို ရွေးချယ်ဖို့ ညွှန်းလိုပါတယ်။

VPS တွေကို ရွေးချယ်တော့မယ်ဆိုရင် သတိထားရမယ့် အချက်ကတော့ VPS က အထောက်အပံ့ပေးနိုင်တဲ့ အနေအထားတွေဟာ Host တစ်ခုနဲ့ တစ်ခု မတူဘူးဆိုတာပါပဲ။ ဒီတော့ VPS Hosting ကို ရွေးချယ်တော့မယ်ဆိုရင် သူတို့ပေးထားတဲ့ Spec တွေကို သေသေချာချာ ဖတ်ပါ။ သေသေချာချာ မေးပါ ဆိုတာပါပဲ။ ကဲ VPS တွေအကြောင်း လေ့လာကြည့်ရအောင်။

VPS ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် Hosting ကုမ္ပဏီတွေ ပေးနေတဲ့ VPS တွေ အားလုံးနဲ့ ကိုက်မယ့် အဖြေတစ်ခုကို ရွေးရပါမယ်။ Shared Hosting လို့ ဆိုလိုက်တာနဲ့ Server တစ်လုံးမှာ ကိုယ့် Site ကို Host ထားမယ်။ တစ်ခြား Site တွေလည်း အများကြီးရှိမယ်။ အဲဒီလို အများကြီး Host ထားတဲ့ Site တွေကနေ Resources တွေကို ဝေမျှပြီး သုံးမယ်။ RAM၊ Disk Space နဲ့ CPU တွေကို ဝေမျှ သုံးစွဲမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒါကြောင့် Shared Hosting တွေမှာ ဘယ်လောက် Bandwidth တွေပေးပေး၊ ဘယ်လောက် Space တွေပေးပေး၊ ဆိုက်တွေအများကြီး ခွဲဝေသုံးစွဲ ကြရတာခြင်းတော့ အတူတူဖြစ်ပါတယ်။ Shared Hosting တွေမှာ အထောက်အပံ့ ပေးထားတာကို သုံး၊ မပေးတာကို မသုံးနဲ့ဆိုတဲ့ အကန့်အသတ်လည်း ရှိပါတယ်။ Dedicated Server ဖက်လှည့်ရအောင်။ သူကတော့ ကိုယ့်ဆိုက်အတွက် Server တစ်လုံးတည်း သီးသန့် ရှိနေပါလိမ့်မယ်။ ကြိုတင် သဘောတူညီထားတဲ့ Resources တွေ အကုန် ရှိနေပါလိမ့်မယ်။ ဥပမာ – ကိုယ်ဝယ်ထားတဲ့ Dedicated Server မှာ Xeon Quad Core CPU၊ Memory 4G၊ HDD ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာတွေ အကုန်ရှိနေမှာ ဖြစ်ပါတယ်။ ဒီတော့ Dedicated Hosting ဆိုတာ ကြီးကြီး မာစတာတွေ အတွက်ပါပဲ။ Database ကလည်း အကြီးကြီး၊ Traffic ကလည်း အများကြီးတွေ အတွက်သာ သင့်တော်ပါတယ်။ Shared Hosting က ဘယ်လောက်ပဲ Unlimited ပြောပြော အဲဒါမျိုးတွေကိုတော့ ကန့်သတ်ထားပါတယ်။ Dedicated Hosting တွေ စျေးအင်မတန်ကြီးမယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ Shared Hosting အတွက် တစ်လ ၁၀ ဒေါ်လာလောက် ကျသင့်တဲ့ အချိန်မှာ Dedicated Server တွေအတွက် စျေးက တစ်လကို ၉၉ ဒေါ်လာလောက်ပေးရပါတယ်။ ဒါတောင် CPU က Celeron လောက်ပဲ ရှိပါတယ်။

VPS ဆိုတာ Shared Hosting နဲ့ Dedicated Server ကြားမှာ ရှိမယ်ဆိုပြီး ယူဆလို့ ရပါတယ်။ မှန်တယ်လို့ ဆိုနိုင်သလို မှားတယ်လို့လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ VPS တစ်ခုဟာ Shared Hosting ထက်မြင့်တယ်ဆိုတာ မှန်ပေမယ့် တစ်ခါတစ်လေ Dedicated Server တွေလို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စျေးနှုန်း၊ လုပ်ငန်းဆောင်ရွက်နိုင်မှုတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ Shared နဲ့ Dedicated ကြားမှာရှိပါတယ်။ Dedicated Server တွေလိုပဲ VPS အနေနဲ့ RAM တွေ Disk space တွေ သီးသန့်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Shared တွေလို CPU ကို ခွဲဝေ သုံးစွဲရမှာ ဖြစ်ပါတယ်။ Dedicated Server တွေထက် တစ်ဆင့်နိမ့်တယ်ဆိုတာ CPU တစ်ခုတည်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ Dedicated Server က ကိုယ့်အတွက် သီးသန့် CPU တစ်လုံးတည်း သုံးနိုင်ပေမယ့် VPS မှာတော့ CPU တစ်လုံးကို အခြား Host တွေနဲ့ ခွဲဝေသုံးစွဲရမှာ ဖြစ်ပါတယ်။ ဒီတော့ Site ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့နေရာမှာ RAM တို့ Disk Space တို့အတွက် ထည့်စဉ်းစားစရာ မလိုတော့ပေမယ့် CPU ကိုခွဲဝေသုံးစွဲအပေါ်မှာတော့ မူတည်နေပါလိမ့်မယ်။ ဒီနေရာမှာလည်း CPU ခွဲဝေသုံးစွဲမှုအပိုင်းမှာ Hosting Provider တွေအလိုက် ကွဲပြားခြားနားနိုင်ပါတယ်။ အောက်မှာ ပြထားတဲ့ ဇယားကတော့ Hosting Provider တွေအနေနဲ့ Shared၊ VPS နဲ့ Dedicated Server တို့ကို ခွဲခြားထားတဲ့ ပုံစံပါ။

Shared VPS Dedicated
RAM၊ Disk Space နဲ့ CPU ကို ခွဲဝေသုံးစွဲသည် RAM၊ Disk Space ကို သီးသန့်သုံးစွဲနိုင်သည်၊ CPU ကို ခွဲဝေသုံးစွဲသည် RAM၊ Disk Space နဲ့ CPU ကို သီးသန့်သုံးစွဲသည်
Sever Level ထိန်းချုပ်ခွင့်မရှိ Server Level ထိန်းချုပ်ခွင့်အပြည့်ရှိသည် Server Level ထိန်းချုပ်ခွင့် အပြည့်ရှိသည်
Server Level Software များကို ကြိုတင်ထည့်သွင်းထားသည် Server Level Software များထည့်သွင်းရာတွင် OS, cPanel, LAMP ဆိုတာတွေ အားလုံး ကြိုတင် ထည့်သွင်းရာတွင် Hosting Provider အလိုက် ကွာခြားမှုရှိသည်။ Server Level Software များထည့်သွင်းရာတွင် OS, cPanel, LAMP ဆိုတာတွေ အားလုံး ကြိုတင် ထည့်သွင်းရာတွင် Hosting Provider အလိုက် ကွာခြားမှုရှိသည်။
Customer Support အပြည့်ပေးသည်။ Customer Support ပိုင်းတွင် Hosting Provider အလိုက်ကွာခြားမှု ရှိသည်။ Customer Support ပိုင်းတွင် Hosting Provider အလိုက်ကွာခြားမှု ရှိသည်။
$ $$ $$$

Shared၊ VPS နဲ့ Dedicated ဆိုပြီး ကွဲပြားခြားနားသလို VPS Platforms တွေမှာလည်း Hosting Provider တွေရဲ့ အထောက်အပံ့တွေ အဆင့်တွေ မတူနိုင်ပါဘူး။ ဥပမာ – တစ်ချို့ ကုမ္ပဏီတွေက Server ကို ထိန်းချုပ်ကွပ်ကဲတဲ့နေရာမှာ တစ်ချို့တစ်ဝက်အနေနဲ့ အထောက်အပံ့ ပေးပေမယ့် တစ်ချို့တွေကတော့ လုံးဝမပေးပဲ ကိုယ့်ဘာသာ စီမံခန့်ခွဲဖို့ လွဲပေးမှာ ဖြစ်ပါတယ်။ တစ်ချို့တစ်ဝက် ထိန်းချုပ်ပေးထားတဲ့ Service တွေကတော့ ကိုယ့်အနေနဲ့ နည်းပညာလိုအပ်ချက်ပိုင်းမှာ အနည်းငယ် အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပေမယ့် လုံးဝ လွဲပြောင်းပေးတဲ့ ပုံစံမှာတော့ ကိုယ်က Server Technology ပိုင်း သေသေချာချာ သိထားဖို့ လိုပါလိမ့်မယ်။

ကိုယ့်အနေနဲ့ VPS ကို ဝယ်တဲ့အခါမှာ ကိုယ့်ရဲ့ Server Technology ပိုင်း ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီးလည်း ရွေးချယ်နိုင်ပါသေးတယ်။ ကိုယ်က Shared Hosting လောက်သာ ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တာမျိုးဆိုရင် Shared Hosting လိုမျိုး One-click Installation တွေ အထောက်အပံ့ပေးတဲ့ VPS (Fully Managed) တွေကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ ကိုယ်က Server Technology ပိုင်းမှာ ကောင်းကောင်း ကျွမ်းကျင်တယ် ဆိုရင်တော့ Un-managed VPS ဝယ်လို့ ဖြစ်ပါတယ်။ Fully Managed နဲ့ Un-managed စျေးနှုန်းကွာဟချက် ရှိနိုင်ပါတယ်။ ဒါကလည်း Site Developer တွေရဲ့ အိုင်ဒီယာနဲ့ အကြိုက်ပေါ် မူတည်ပါလိမ့်မယ်။ တစ်ချို့တွေက ကိုယ့်ဘာသာ အကုန်လုပ်ရမှ ကျေနပ်တာမျိုး ဆိုတော့ Un-managed VPS တွေနဲ့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

ကိုယ်က Shared Hosting သုံးသင့်သလား၊ VPS သုံးသင့်သလား၊ ဒါမှမဟုတ် Dedicated Server သုံးသင့်သလား ဆိုတာကတော့ ကိုယ့် လိုအပ်ချက်အပေါ် မူတည်ပါလိမ့်မယ်။ Shared Hosting က စျေးသက်သာမယ်၊ Web ကို အစပြုခွင့် လွယ်လွယ်နဲ့ ရနိုင်တယ်။ ဒါပေမယ့် Traffic များလာမယ်၊ CPU အသုံးပြုမှု များလာမယ် ဆိုရင်တော့ သုံးလို့ မရတော့ပါဘူး။ တစ်ချို့ Hosting Provider တွေဆိုရင် CPU အသုံးပြုမှု ကန့်သတ်ချက် လွန်တာနဲ့ ဆက်လက် Host လုပ်ခွင့်ကို ပိတ်ပစ်တာမျိုးအထိ ရှိနိုင်ပါတယ်။ အဲဒီလိုမျိုး အခြေအနေဆိုရင်တော့ VPS ကို ရွေးပါ။ VPS မှ မနိုင်ရင်တော့ Dedicated Server သုံးရုံသာ ရှိပါတော့တယ်။ ဒါကတော့ Traffic ပိုင်းနဲ့ Usage ပိုင်းပါ။

တစ်ခါတစ်လေမှာတော့ Server Control ပိုင်းအထိ အသုံးချဖို့ လိုလာတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ – cakePHP ကို Shell ကနေ အသုံးပြုချင်တဲ့ အခါမျိုးမှာ Server Control ပိုင်းအထိ ဝင်ဖို့ လိုလာပါပြီ။ Shared Hosting မှာ ပေးနိုင်တဲ့ SSH ကလည်း အတိုင်းအတာ တစ်ခုအထိသာ စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲဒီလိုအခြေအနေဆိုရင် VPS ဒါမှမဟုတ် Dedicated Server လိုလာပါပြီ။ Server တစ်ခုလုံးကို ဖန်တီးထိန်းချုပ်ခွင့် လိုလာရင်တော့ မဖြစ်မနေ VPS နဲ့ Dedicated Server ဝယ်ရတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ VPS လား၊ Dedicated Server လားဆိုတာ ရွေးချယ်နိုင်ပါသေးတယ်။

နောက်ဆုံး တစ်ခုအနေနဲ့ Dedicated Server နဲ့ Dedicated IP Shared Hosting မတူတာလေးကို ပြောချင်ပါတယ်။ Dedicated Server ဆိုတာ အပေါ်မှာ ပြောခဲ့သလို အားလုံးသီးသန့် သုံးနိုင်ပါတယ်။ Shared Hosting တွေမှာ ဆိုရင် IP ကိုတောင် ခွဲသုံးကြရပါတယ်။ အဲဒီလို ခွဲ မသုံးလိုသူတွေအတွက် IP သီးသန့် ဝယ်သုံးနိုင်ပါတယ်။ အဲဒီလို သုံးလိုက်တာကို Dedicated IP Shared Hosting လို့ခေါ်ပါတယ်။ Dedicated Server နဲ့ မတူပါဘူ။ Shared Hosting က Shared Hosting ပါပဲ။ IP သီးသန့်သုံးတာပဲ ကွာပါတယ်။

Blue Derkin ရေးသားသော A Complete Guide to VPS Hosting ကို သင့်တော်သလို ဘာသာပြန်ရေးသားထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်

Facebook comments:

4 Responses

  1. akselite says:

    အကိုရေ vps ကို proxy server အနေနဲ့ linux မှာကော windows vps hosting မှာပါ configuration လုပ်ပုံလေးကို
    ရေးပေးပါလား အကို ကျွန်တော် vps ကို proxy service အနေနဲ့ သုံးချင်လို့ ပါ။ မြန်မာ ပြည်က သိတယ်မဟုတ်လားအကို
    ဆိုက်တွေ port တွေ အတွက်ပါ အင်တာနက်ကို အပြည့် အဝ အသုံးချ ချင်လို့ ပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  2. youngster says:

    အကိုရေ .. VPS မှာ Manage and Unmanage က ဘာကွာလဲဆိုတာ ရှင်းပြပါဦးအကို

  3. KyawThiThiSan says:

    Dear Ko Thiha,

    Could you give me your phone number please?I would like to ask you about server.Just only 20 minutes.:)

    Many thanks,
    Kyaw.

  4. [...] အကြောင်းတွေကို ကျွန်တော့်အနေနဲ့ Hosting ရွေးမယ်၊ ချစ်ဝဲလည် ဆိုပြီး ရေးခဲ့ပြီး ဖြစ်ပါတယ်။ [...]

Leave a comment


*