Hot Websites and Their Hot Features (2)

အရင်တစ်ခါတော့ Facebook နဲ့ Twitter အကြောင်းကို ရေးဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါတော့ တစ်ခြား မရှိမဖြစ် Features တွေအကြောင်း ဆက်ပါ့မယ်။ အဲဒီလို ဆက်တဲ့နေရာမှာ Web Developer တွေဖက်က လေ့လာသုံးသပ်တာလည်း ရှိသလို အသုံးပြုသူ တွေဖက်က လေ့လာတာလည်း ရှိမှာ ဖြစ်ပါတယ်။

RSS Availability

ဒါကတော့ Website တိုင်း မပါမဖြစ်ပါပဲ။ RSS Feed လို့ လူသိများပါတယ်။ အဲဒီလို RSS ကလည်း Hot Websites တွေရဲ့ မရှိမဖြစ် Features တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို RSS ကို ထည့်သွင်းတဲ့အခါမှာ အများအားဖြင့်တော့ Complete RSS ကိုပဲ အသုံးပြုကြတာ များပါတယ်။ ကိုယ့်ရဲ့ RSS ကို သုံးလိုက်မယ်ဆိုတာနဲ့ ရှိသမျှ ပို့စ်အားလုံးအတွက် ရည်ရွယ်တဲ့ RSS ကိုပဲ သုံးတာမျိုးပါ။ အဲဒီအခါမှာ ကဏ္ဍတွေများတဲ့ Websites တွေ အတွက် အသုံးပြုသူတွေအတွက် အဆင်မပြေတော့ပါဘူး။ သူက ဒီကဏ္ဍကိုပဲ သီးသန့် စောင့်ဖတ်ချင်တယ်။ တစ်ခြားဟာတွေ မလိုချင်ဘူး ဆိုရင် ကဏ္ဍတစ်ခုခြင်း စီအလိုက် ဖတ်လို့ရအောင် ဒါမှမဟုတ် သူကြိုက်တဲ့ ကဏ္ဍတွေ သီးသန့်ရွေးချယ်ပြီး ဖတ်လို့ရအောင် စီစဉ်ပေးဖို့လိုပါတယ်။ NYTimes လို သတင်းဆိုက်ဆိုရင် ဆောင်းပါးရှင် တစ်ဦးချင်းစီကိုပါ RSS Feed ခွဲထုတ်ပေးထားပါတယ်။ ဒီလို ရွေးချယ်ခွင့် ပေးထားတဲ့အတွက် ပရိတ်သတ် မျိုးစုံကို စိတ်ဝင်စားမှု လျော့ကျမသွားအောင် ထိန်းထားပြီးသား ဖြစ်သွားစေပါတယ်။ ဒီတော့ RSS ကို Completed RSS တစ်ခုတည်း မပေးပဲ Selected RSS ပုံစံကိုလည်း စီစဉ်ဖို့ လိုပါလိမ့်မယ်။

နောက်တစ်ခုက မြန်မာလို RSS ပေးကြတဲ့အခါ သတိထားဖို့ အချက်တွေလည်း ရှိပါတယ်။ တကယ်တန်းတော့ မြန်မာလို RSS ပေးမယ်ဆိုရင် Excerpt လို့ခေါ်တဲ့ အတိုချုပ်တွေကို ပေးတာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာလို RSS ကို အရှည်ကြီးပေးမယ် ဆိုရင် ဖတ်ရတာ ပုံစံမကျတော့ပါဘူး။ အများအားဖြင့်က RSS ကို Ready-made Features တွေအတိုင်း ပေးလိုက်ကြတော့ တကယ့် စာစောင့်ဖတ်သူ တွေအနေနဲ့ ဖတ်ရတာ အင်မတန် အဆင်မပြေ ဖြစ်ရပါတယ်။ RSS ထဲမှာ ပို့စ်တစ်ခုတည်းကို အရှည်ကြီး ဖြစ်နေတတ်တော့ စာဖတ်သူကို ဘယ်လိုမှ စွဲဆောင်မှု မရှိတော့ပါဘူး။

SEO Ready

Search Engine Optimization လို့ ဆိုလိုက်ရင် နည်းပညာပိုင်း၊ ပို့စ်အရေးအသားပိုင်း၊ ပို့စ်စီမံခန့်ခွဲမှုအပိုင်း အားလုံးကို လေ့လာရတော့မှာ ဖြစ်ပါတယ်။ English လို အရေးအသား တွေအတွက် SEO ဘယ်လောက် ဖြစ်ဖြစ် ကိုယ့်ဆိုက်ကို ဝင်တဲ့သူမများရင် လင့်ချိတ်တဲ့သူ မများရင် Search Engine မှာ ထိပ်ပိုင်းကို တက်လာဖို့ အခြေအနေ မရှိပေမယ့် မြန်မာရေးထားတဲ့ ဆိုက်တွေအတွက်တော့ Search Engine ထိပ်ပိုင်းကို တက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်။ ကိုယ့်ရဲ့ Website က SEO ဘယ်လောက်ဖြစ်လဲ ဆိုတာ စမ်းချင်ရင် ပို့စ်တင်လိုက်ပြီးလို သိပ်မကြာသေးတဲ့ အချိန်မှာ ပို့စ်ခေါင်းစဉ်ကို ရိုက်ထည့်ပြီး Search Engine မှာ ရှာကြည့်ပါ။ အချိန် ဘယ်လောက် အကြာမှာ တွေ့ပါသလဲ။ ချက်ချင်း တွေ့ပါသလား။ ချက်ချင်းတွေ့တယ် ဆိုရင်တော့ SEO အရမ်းဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လူဝင်များလို့ ထိပ်ရောက်တာ မဟုတ်ပဲ SEO ကောင်းလို့ ထိပ်ရောက်တာပါ။ ကိုယ့်ဆိုက်ကို SEO ဘယ်လို ဖြစ်အောင် လုပ်မလဲဆိုတဲ့ အချက်ကိုတော့ အများကြီးရေးရမှာ ဖြစ်တဲ့အတွက် ဒီနေရာမှာ ခဏချန်ထားခဲ့ပါမယ်။

SEO နဲ့ ပတ်သက်ပြီး Hot Website တွေရဲ့ Hot Features အနေနဲ့ မပါမဖြစ်ပါပဲ။ Stackoverflow ဆိုရင် Computer Programming နဲ့ ပတ်သက်လို့ Search Engine မှာ ရှာရင် မပါမဖြစ် မပြမဖြစ်ဆိုတဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။ ဘယ်လောက် လူကြည့်နည်းတဲ့ မေးခွန်း ဖြစ်နေပါစေ SEO အရမ်း ကောင်းတဲ့အတွက် ထိပ်မှာ တက်လာတာပါပဲ။ အဲဒီလို Q&A တွေဟာ နောက်တစ်ချိန် “What you ask is what you get” ဆိုတဲ့ Search Engine အနာဂတ်တစ်ခုကို ပုံဖော်လာနိုင်နေပြီ ဖြစ်ပါတယ်။ အရင်က keyword based search ကနေ question based search ကို ပြောင်းလဲလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ stackoverflow, superuser, yahoo Q&A စတာတွေကပဲ များနေပါသေးတယ်။ နယ်ပယ် မစုံသေးပါဘူး။ ဒါပေမယ့် နောက်တစ်ချိန်မှာ သေချာပေါက် ဖြစ်လာတော့မှာပါ။ ဒီတော့ သင့် Website အနေနဲ့ Search Engine မှာ ထိပ်ရောက်ချင်တယ်ဆိုရင် SEO ဖြစ်အောင်လုပ်ပါလို့။

Commenting System

Premium Template တွေနဲ့ Free Template တွေမှာအဓိက ကွာခြားချက်တွေထဲမှာ Commenting System လည်း ပါတယ်လို့ ဖတ်ဖူး ပါတယ်။ ဒါပေမယ့် Free Template တွေကိုလည်း Commenting System အတွက် သေသေချာချာ ပြင်ဆင်လို့ရပါတယ်။ Commenting System ကလည်း Hot Websites တွေရဲ့ Hot Features တွေထဲမှာ မပါမဖြစ်ပါပဲ။ ဝင်ရောက်ရေးသားသူများရဲ့ မှတ်ချက်တွေ စုဆောင်းတယ် ဆိုတာ စာဖတ်သူနဲ့ စာရေးသူ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်တဲ့ နေရာ တစ်နေရာ ဖန်တီးပေးပြီးသား ဖြစ်သလို ရေးသားသူအတွက် အားဆေးလည်း ဖြစ်စေပါတယ်။ ဒီတော့ Commenting System ကို စနစ်တကျ တည်ဆောက် ထားသင့်ပါတယ်။

Good Commenting System တွေမှာ ပါလေ့ရှိတဲ့ Features တွေကို လေ့လာကြည့်မယ်ဆိုရင် Gravatar ကို အများအားဖြင့် သုံးကြပါတယ်။ နောက် တစ်ခုက သူနဲ့ သက်ဆိုင်တဲ့ Comment မှာ သွားပြီး Reply လုပ်လို့ရလေ့ရှိပါတယ်။ စာရေးသူအနေနဲ့လည်း လိုအပ်ရင် လိုအပ်သလို ဖြေကြားပေးလေ့ရှိပါတယ်။ ဒီတော့ စာဖတ်သူနဲ့ စာရေးသူကြားက ပေါင်းကူးလေး ဖြစ်တဲ့ Commenting System ကလည်း အင်မတန် အရေးပါလှပါတယ်။ ဒီတော့ သင့်ဆိုက်ကို Interactive ဖြစ်ချင်တယ်ဆိုရင် စာဖတ်သူနဲ့ ထိတွေ့ချင်တယ် ဆိုရင် Commenting System ထည့်ဖြစ်အောင် ထည့်ပါလို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။

Facebook comments:

2 Responses

  1. everlearner says:

    ကျွန်တော်ကတော့ Full RSS ကို သဘောကျတယ်ဗျာ … :)
    ဆိုလိုတာက “Excerpt လို့ခေါ်တဲ့ အတိုချုပ်တွေကို ပေးတာ” ထက် အပြည့်အစုံပေးလိုက်တာက စာဖတ်သူအတွက် ပိုကောင်းမယ်လို့ ယူဆတယ် Subscriber ဘက်က ပြန်ကြည့်တော့လည်း နေ့စဉ် ဖတ်နေကြ ဆိုက်တစ်ခုကနေ ဝင်လာမယ့် RSS Feed က Post တစ်ခု နှစ်ခု ထက်မပိုနိုင်တဲ့ အတွက် တစ်ထိုင်တည်းနဲ့ Post တစ်ခုလုံးကို ဖတ်လို့ ရတာပေါ့….
    ဒါပေမယ့် တစ်ပတ်စာလောက် Feed တွေကို တစ်ရက်ထဲ ဖတ်မယ်ဆိုရင်တော့ Excerpt တွေက ပိုအဆင်ပြေလိမ့်မယ် ထင်တယ် ….

    RSS Feed တွေရဲ့ Output တွေ (Feed Reader တွေမှာ ပေါ်စေချင်တဲ့ အခြေအနေတွေ) ကို Csutomize လုပ်လို့ရပါတယ် WordPress အတွက်ဆိုရင် http://codex.wordpress.org/Customizing_Feeds နဲ့ http://yoast.com/custom-rss-feeds-wordpress/ မှာ နမူနာ ကြည့်လို့ ရပါတယ်.. သိပြီးသားဆိုရင်တော့ ခွင့်လွှတ်ပါ… ကျွန်တော်က WordPress အကြောင်း သိပ်မသိလို့ဗျ :D

    နောက်ထပ်ကောင်းတာတစ်ခုကတော့ User တွေကို Full RSS Feed နဲ့ Excerpt RSS Feed နှစ်ခု ကြိုက်ရာ ကို ရွေးခိုင်းတာပဲ ဖြစ်မယ်ထင်တယ် … ကိုယ့်အကြိုက်နဲ့ အဆင်ပြေတာကို ရွေးနိုင်တာပေါ့ … Full Feed ကို Feedburner ကနေထုတ်ပေး… နောက်တစ်ခုကို WordPress Default feed setting ကနေ ထုတ်ပေးတာမျိုးပေါ့…

    • Thiha says:

      ဟုတ်တယ်ဗျ … နှစ်ခုလုံးရှိတာ ပိုပြီး သင့်တော်တယ်၊ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ Excerpt အတွက်လည်း တစ်ခု၊ Full RSS လည်း တစ်ခုထားတာ ပို အဆင်ပြေပါတယ်

Leave a comment


*