လူစွမ်းကောင်းများရဲ့ တိုင်းပြည် (သို့)​ တစ်ကိုယ်တော်များ

ဒီနေ့ ကျွန်တော် 3 idiots ဆိုတဲ့ ရုပ်ရှင်ကို ပြန်ကြည့်ဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တကယ့်ကို တော်လှန် ပြောင်းလဲနိုင်စွမ်းရှိတဲ့ အတွေးအခေါ်တွေ ပါတဲ့ကားလို့ ဆိုနိုင်ပါတယ်။ ကျွန်တော် ရေးလက်စ တန်းလန်း တစ်ကိုယ်တည်း ကြိတ်ဆိုတဲ့ ဆောင်းပါးကလဲ ရှိနေတော့ အဲဒါနဲ့ ဆက်စပ်ပြီး တွေးဖြစ်ပါတယ်။ ဘာဖြစ်လို့ ပျောက်နေတဲ့ လူတစ်ယောက်ကို လေယာဉ်ပေါ်က ပြန်ဆင်းပြီး သွားတွေ့ရလောက်အောင် ဖြစ်ရတာလဲ။ အဲဒီလိုမျိုးက အပြင်မှာကော ရှိပါ့မလား။ နောက်ပြီး လူတစ်ယောက် ဇွဲကြိုးချ သေရလောက်အောင်၊​ လူတစ်ယောက် ပြတင်းပေါက်က ခုန်ချရလောက်အောင် ပြင်းထန်တဲ့ ပညာရေး မျှော်လင့်ချက်မျိုးက တကယ်ကော အပြင်မှာ ရှိလို့လား စသည်ဖြင့် တွေးမိပါတယ်။

အဲဒါနဲ့ မထူးပါဘူး ဆိုပြီး အွန်လိုင်းပေါ်တက် စာတွေ ဖတ်ဖြစ်တော့။ အားပါး မနည်းပါလားဗျာ။ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတွေ။ အဲဒီတော့ အဲဒီကားက တကယ့် ယုတ္တိရှိတယ်လို့ သိလာရပါတယ်။ ဒါဆိုရင် အဲဒီလို သူငယ်ချင်းတွေ​ အပေါင်းအသင်း​​မျိုးတွေ တကယ်ရှိလို့ ရိုက်ထားတာပေါ့လို့ စိတ်ထဲမှာ တွေးမိပါတယ်။ အဲဒီတော့ ကျွန်တော့်မှာကော ရှိသလား။ ဟိုးအရင် တက္ကသိုလ်ကျောင်းသား ဘဝက ရှိခဲ့တဲ့ သူငယ်ချင်းတွေ ခုချိန်မှာ အဆက်အသွယ် ပြတ်နေတာတောင် အတော်ကြာနေပါပြီ။ ကဲဖို့ သက်သက် တွဲခဲ့ကြတယ်လို့ ဆိုရမယ် ထင်ပါတယ်။ ကဲတာ ကုန်သွားတော့၊​ ကဲလို့ မရကြတော့ မတွေ့ဖြစ်ကြတော့ပါဘူး။

တစ်ကိုယ်တည်းကြိတ်သမား တစ်ယောက်ရဲ့ ဘဝအစ

ကျွန်တော် ပြောချင်တာက Partner လို့ခေါ်တဲ့ စီးပွားရေးလုပ်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊​ တစ်ခုခုကို တီထွင် ဖန်တီးတဲ့ နေရာမှာပဲ ဖြစ်ဖြစ် အပေါင်းအဖော်ကောင်း မိတ်ဆွေကောင်း ဆိုတာလိုပါတယ်။ အဲဒီလို မိတ်ဆွေတွေက ဘယ်နေရာတွေက ရလာနိုင်သလဲ။ အဲဒီအဖြေကို ရှာကြည့်တော့ လွယ်ပါတယ်။ တက္ကသိုလ်တွေကလို့ ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်တို့ခေတ်မှာ တက္ကသိုလ်မှာ စုမိကြတာ ဖြစ်သလို၊​ နိုင်ငံခြားက တက္ကသိုလ်တွေမှာလဲ အဲဒီလိုပါပဲ။ တကယ့်ကို တီထွင်ဖန်တီးနိုင်စွမ်းတဲ့ တကယ့်ကို စီးပွားရေး ပေါင်းလုပ်လို့ရတဲ့ Partner တွေဟာ တက္ကသိုလ်တွေက ဖြစ်လာတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။

ကျွန်တော်တို့ကော အဲဒီလို တက္ကသိုလ်က အပေါင်းအဖော်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊​ တီထွင်ဖန်တီး ဆန်းသစ်မှုတွေ​ မလုပ်နိုင်ဘူးလား။ ကျွန်တော်ကတော့ တစ်ခါမှ အဲဒီလို မတိုင်ပင်ခဲ့ဖူးဘူးလို့ ဝန်ခံရမှာ ဖြစ်ပါတယ်။ အရက်ဆိုင်သွားဖို့ တိုင်ပင်ဖူးတယ်။ ဖဲရိုက်ဖို့ စုဖူးတယ်။ ဒါပေမယ့် တစ်ခါမှာ တစ်ခုခုကို တီထွင်ဖန်တီးဖို့တို့ စီးပွားရေး တစ်ခုခုလုပ်ဖို့တို့ မစုဖူးပါဘူး။ အဲဒီတော့ ကျွန်တော် အတော်လေးကို အံ့အား သင့်မိပါတယ်။ ဘယ်လိုဖြစ်လို့လဲပေါ့။ တစ်ခါတစ်လေ တိုင်ပင်ကြည့်ပြန်တော့ အရက်သာ အတူတူ စုသောက်မယ်။ စီးပွားအတူတူ လုပ်ဖို့တော့ ဘယ်သူမှာ မယုံကြည်နိုင်ကြတာ သွားတွေ့ပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့တွေ တစ်ကိုယ်တည်းကြိတ်ဖို့ လမ်းစပြင်နေကြပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီလို တစ်ကိုယ်တည်း ကြိတ်သမားတွေကို တစ်ကိုယ်ကောင်း သမားလို့ ဆိုနိုင်မလား။ ကျွန်တော်လဲ မသိ။ အဲဒီလိုဆို ကျွန်တော်လဲ​ တစ်ကိုယ်ကောင်း သမားပဲ​ ဖြစ်မှာ သေချာပါတယ်။

လူစွမ်းကောင်းများ

ကျွန်တော်တို့ တရုပ်သိုင်းကားတွေ​ ကြည့်ဖူးကြပါလိမ့်မယ်။ မည်သို့ လုပ်လိုက်သည်မသိ။ ရန်သူတွေမှာ အတုံးအရုံးဆိုသလို တွေ့ဖူးကြပါလိမ့်မယ်။ အဲဒီလို တစ်ကိုယ်တည်း ကြိတ်သမားတွေဟာ ပါရမီပါတယ်ပဲ​ ဆိုမလား၊​ လူစွမ်းကောင်း ဓာတ်တွေ ပူးယှဉ်နေတာကြောင့်လို့ ဆိုမလား။ မည်သို့လုပ်လိုက်သည်မသိ။ နည်းပညာမှာ တတ်မြောင်ကျွမ်းကျင် လာကြပါတယ်။ သူတို့ ကိုယ်တိုင် မည်သို့ လုပ်လိုက်သည် မသိ တတ်လာတာဆိုတော့ ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မယ် ဆိုတဲ့အတိုင်း Average Person တွေကို Partner တွေကို ဆွဲတင်ဖို့ ဆိုတာ ပြန်ပြောပြဖို့ တော်တော်ခက်တဲ့ အနေအထားကို ရောက်သွားစေပါတယ်။

အဲဒီတော့ နည်းပညာလောကမှာ လူစွမ်းကောင်း ယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်လာပြီး တစ်ကိုယ်တည်း ကြိတ်ဖို့ရာ  အကြောင်း ဖန်လာပါတော့တယ်။ ကျွန်တော် တရုပ်သိုင်းကားတွေမှာ လူစွမ်းကောင်းတွေ​ မှန်သမျှ တစ်ယောက်တည်း ဖြစ်နေတတ်တာ သတိထားမိပြီး နှစ်ယောက်တွဲ လူစွမ်းကောင်းဆိုတာ အတော်ရှားပါတယ်။ အဲဒီလိုပါပဲ။ အပြင်လောကက နည်းပညာ လူစွမ်းကောင်းတွေဟာလဲ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ ဆိုပြီး၊​တစ်ဂူတည်း ခြင်္သေ့ နှစ်ကောင် မအောင်းတော့ပါဘူး။ ဒါပေမယ့် နည်းပညာ လောကဆိုတာ တစ်ကိုယ်တည်း ကြိတ်လို့ မရပါဘူး။ ကိုယ်က စဦးတီထွင်သူ ဖြစ်စေဦး။ အပြောင်းအလဲ မြန်လွန်းတဲ့ နည်းပညာ လောကမှ တစ်ကိုယ်တည်း ကြိတ်နေလို့ကတော့ တစ်ချက်တည်းနဲ့ ဂိမ်းသွားနိုင်တယ်ဆိုတာ အားလုံး သိကြပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာမှာ Sustainable လို့ ခေါ်တဲ့ အဆင့်အထိရောက်အောင် နည်းပညာ ဘီလူးကြီးတွေက အစ အတော်ဆုံး ဆိုတာတွေ စုပြီး ကြိုးစားနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဘာကြောင့် မစုနိုင်ကြတာလဲ

အဓိက လက်ညိုးထိုးရမှာကတော့ Trust မရှိတာပါပဲ။ Trust ဆိုတာ IQ အပေါ်မှာ အခြေခံပြီး ဖြစ်လာတာ မဟုတ်ပါဘူး။ ဒီတစ်ယောက်က ရေလည် IQ မြင့်တယ်။ နည်းပညာအရာမှာ တစ်ဖက်ကမ်းခပ်ပဲ ဆိုပြီး ဘယ်လောက်တော်တာကို သိနေနေ Trust ဖြစ်လာဖို့ မလွယ်ပါဘူး။ အဓိက Trust ဖြစ်ရာ လမ်းကြောင်းက EQ လို့ ခေါ်တဲ့ အစိတ်အပိုင်းပါ။ အဲဒီလို EQ မြင့်လာဖို့ ဆိုတာ ရေစုန်မှာ အတူမျောပြီး မရနိုင်ပါဘူး။ ရေဆန်ကို အတူတက်ဖူးမှ ရနိုင်တာမျိုးပါ။ Easy Going အရက်အတူသောက်လိုက်၊​ ဖဲအတူရိုက်လိုက်နဲ့ မရနိုင်ပါဘူး။ တစ်ခုခုကို အောင်မြင်အောင် ကြိုးစားကြတာ၊​ တစ်ခုခုကို ပူးပေါင်း ဆောင်ရွက်ကြတာ၊​ အခက်အခဲကို ရင်ဆိုင် ဖြေရှင်းကြတာကနေ ရလာတာမျိုးပါ။ ကျွန်တော်တို့ ဘာကြောင့် မစုနိုင်ကြတာလဲ ဆိုတဲ့ ပထမဦးဆုံး အချက်က တကယ့်ကို မှန်ကန်တဲ့ EQ အပေါ်မှာ အခြေခံထားတဲ့ Trust မရှိလို့ပဲလို့ ဆိုနိုင်ပါတယ်။

EQ Playground များ ပျောက်ဆုံး နေခြင်း

တကယ်တန်း လက်တွေ့ဘဝဆိုတာ လေယဉ်မောင်း သင်တန်းက သင်တန်းသားတွေ လိုပါပဲ။ တကယ့် လေယဉ်နဲ့မှ မောင်းကျင့်မယ်ဆိုရင် အမှားအယွင်း အတိမ်းအစောင်း တစ်ခုဖြစ်တာနဲ့ ပေးဆပ်ရတဲ့ တန်ဖိုး ကြီးမားပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လဲ ငွေအရင်းအနှီးတွေ စိုက်ထုတ်ပြီး တကယ့် စီးပွားရေး တစ်ခုကို Partner တွေနဲ့ စပြီး စမ်းသပ်ရုံကလွဲလို့ တစ်ခြား အခွင့်အရေးမရှိပါဘူး။ တကယ်တန်း ပြန်ပေးဆပ်ရမယ် ဆိုရင်တန်ဖိုးက ကြီးမားလွန်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကော လေယဉ်မောင်းသမားတွေလို အဆောက်အဦးအတွင်းမှာပဲ ပျံသန်း စမ်းသပ်ခွင့် မရှိဘူးလား။ EQ တွေ မြင့်လာအောင် လေ့ကျင့်ရေးကွင်းတွေ မရှိဘူးလား။ ကျွန်တော်တို့အတွက် EQ Playground တွေ ပျောက်ဆုံးနေတယ်လို့ အတိအကျ ခံစားမိပါတယ်။

အမေရိကန် ကျောင်းသားကားတွေကို ကျွန်တော် ကြည့်ဖူးတာ ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ အမူအကျင့်တွေ ပါပေမယ့် တကယ်တန်း သူတို့ ရိုက်ပြနေတဲ့ အနှစ်သာရတွေက Team Work တွေ များပါတယ်။ တစ်ယောက်က အရမ်းထူးချွန်နေတယ်ဆိုတာမျိုး ရိုက်ပြတာ မတွေ့ဖူးပါဘူး။ (ကျွန်တော် မကြည့်ဖူးတာလဲ ဖြစ်နိုင်ပါတယ်) သူတို့ Focus လုပ်တာ အတော်များများက Team Work ပါပဲ။ သူတို့ကျောင်းတွေမှာ တီးဝိုင်ဝါသနာပါတဲ့သူက တီးဝိုင်း၊​ အားကစားပိုင်း ဝါသနာပါတဲ့သူက အားကစား တကယ့်ကို Activities တွေ အစုံထည့်သွင်းပေးထားတာ တွေ့ရပါလိမ့်မယ်။ အဲဒါ တကယ်တော့ EQ Playground တွေပါပဲ။

ကျွန်တော်တို့ကတော့ တက္ကသိုလ် ဘောလုံးအသင်းဆိုတာ စာအုပ်ထဲမှာသာ ကြားဖူးပြီး အပြင်မှာ ရှိမရှိတောင် မသိပါဘူး။ အဲဒီအပြင် တွေ့ကြတဲ့အခါမှာလဲ စီးပွားရေး တစ်ခုခုလုပ်မယ်၊​ တစ်ခုခုဖန်တီးကြမယ်ဆိုတာ ဘယ်တော့မှ မတိုင်ပင်ဖြစ်ပဲ၊​ ဘယ်အရက်ဆိုင်ကတော့ ကောင်းတယ်ဟေ့ လစ်ကြရအောင် ဟုသာ တိုင်ပင်ဖူးပါတယ်။

EQ ဆိုတာ အချိန်ယူရတယ်

EQ မြင့်လာဖို့ ဆိုတာ တကယ့်ကို အချိန်ယူရတဲ့ ကိစ္စပါ။ ရေစုန်မှာ မျောပြီး EQ မြင့်လာဖို့ မဖြစ်နိုင်ပါဘူး။ ရေဆန်ကို အတူကူးကြမှ မြင့်လာတာမျိုးပါ။ ပြိုင်ပွဲတစ်ခုမှာ အောင်မြင်အောင် ယှဉ်ပြိုင်ကြတာကလဲ EQ မြင့်လာစေဖို့ တွန်းအားဖြစ်သလို၊​ ဝါသနာတူရာ စုဖွဲ့ပြီး တစ်ခုခုကို ပူးပေါင်းဖန်တီး၊​ အခက်အခဲကို ပူးပေါင်း ကျော်လွှားဖူးမှသာ ရနိုင်တာမျိုးပါ။ အဲဒီလို အချိန်ယူကြရတဲ့ ကိစ္စကြီးကို တကယ့်ကို လုပ်ငန်းခွင်ထဲ ရောက်မှ တကယ့်ကို စီးပွားရေး လုပ်ငန်းထဲ ဝင်မှ စရမယ်ဆိုတာ ကျွန်တော် အမြင်အရတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ EQ မမြင့်ရင် Trust မဖြစ်ဘူး။ Trust မဖြစ်ရင် မပူးပေါင်းနိုင်ဘူးဆိုမှတော့ ကျွန်တော်တို့တွေ တစ်ကိုယ်တည်း ကြိတ်နေကြတာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ ဘာတွေ​လုပ်သင့်လဲ

လူငယ်တွေ အနေနဲ့ အရက်ဆိုင်သွားဖို့ တစ်ခါတိုင်ပင်ရင် တစ်ခုခုကို တီထွင်ဖို့ တစ်ခါတိုင်ပင် သင့်ပါတယ်။ ဂိမ်းတစ်ပွဲဆော့ဖို့ တိုင်ပင်တဲ့အခါ တစ်ခုခုစမ်းသပ်ကြည့်ဖို့ တိုင်ပင်သင့်ပါတယ်။ အဲဒီလိုပါပဲ။ EQ Playground တွေကို အသက်ဝင်လာအောင် အမြန်ဆုံး ပြုပြင်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ဒီအတိုင်းရှေ့ဆက်သွား နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ လူစွမ်းကောင်းတွေရဲ့ တိုင်းပြည်ကြီး ဆက်ဖြစ်နေဦးမယ်လို့ ဆိုရတော့မှာပါပဲ။ ခက်တာက ကျွန်တော်က လူစွမ်း​ကောင်း မဟုတ်ပါဘူး။ Average Person လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်လဲ လူစွမ်းကောင်း ဖြစ်အောင်လုပ်ရမလား။ အော် နေပါစေလေ။ မနက်ဖြန် တပည့်တွေကို မည်သို့ လုပ်လိုက်သည် မသိ မဖြစ်အောင် ဂဃနဏ သိအောင် လုပ်ဦးမှပဲ။

(ကျွန်တော် တွေးမိသလောက် ရေးထားတဲ့ ဆောင်းပါး အမှားအယွင်း အတိမ်းအစောင်း ရှိရင် ထောက်ပြဆွေးနွေး​ ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ထပ်ဖြည့် ဆွေးနွေးမယ်ဆိုရင်လဲ ကြိုဆိုပါတယ်ခင်ဗျ)

Facebook comments:

22 Responses

  1. ZT. says:

    3idiots ကားကို လွန်ခဲ့တဲ့ ၂ လလောက်က ကြည့်ခဲ့ဖူးတယ်။ သဘောကျလို့ သိမ်းတောင်သိမ်းထား ဖြစ်တယ်။ Team Work ဖြစ်လာဖို့တော့ တော်တော်လေး အချိန်ယူရလိမ့်ဦးမယ် ထင်မိတယ်။ ဘာကြောင့်လည်း ဆိုတော့ လတ်တလော အခြေအနေမှာတောင် ဘာလာလာ အလွတ်ကျက် ပညာရေးစနစ်ကနေ ရုန်းမထွက်နိုင်ကြသေးဘူး။ ဘာလာလာ အလွတ်ကျက်ဆိုတာ အခုခေတ် ကလေးတွေမှာ ကြုံနေရတာ မဟုတ်ဘူး။ ကျွန်တော်တို့ သူငယ်တန်း တစ်တန်းတည်းကလည်း ဒီနည်းနဲ့ပဲ ဖြတ်သန်းလာကြတာ။ 3idiots ကားထဲက မင်းသားပြောခဲ့တဲ့ စကားတစ်ခွန်းခုထိတောင် မှတ်မိနေသေးတယ်။ This is a collage, not a pressure cooker. ဆိုတာ။ တကယ်တော့ ပညာရေး ရည်မှန်းချက် တစ်ခုအောင်မြင်ဖို့ ဆိုတာ သင်ထောက်ကူ ပစ္စည်းပြည့်စုံတယ် မပြည့်စုံဘူး ဆိုတာထက် ကျောင်းသားတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းကို အမှတ်ပေးတဲ့ ပညာရေးဖြစ်ဖို့ လိုမယ် ထင်မိတယ်။ နိုင်ငံတကာမှာလည်း ဒီနည်းကိုပဲ အခြေခံကြတယ်။ ဆိုလိုတာ ကျောင်းသားတစ်ယောက် သူစွမ်းအားရှိသမျှ နားလည် မှတ်သားမိသလောက် ရေးသားဖြေဆိုထားတာတွေကို အမှတ်ပေးစည်းမျဉ်းနဲ့ ညှိပြီး အမှတ်ပေးနိုင်တာမျိုးပေါ့။ ဒါကိုပဲ 3idiots ကားထဲမှာ Define a machine. ဆိုတဲ့ မေးခွန်းနဲ့ ကျောင်းသားနဲ့ ဆရာငြင်းခဲ့ကြသေးတယ်။ ပြောမယ့်သာ ပြောတာပါ။ ဒီလို ပညာရေးစနစ်ဖြစ်လာဖို့ ဆိုတာ သင်ကြားရေးပိုင်းရော ကြီးကြပ်မှု ပိုင်းမှာပါ ခံယူချက် မှန်ကန်ပြီး စေတနာအားကြီးကြီးနဲ့ တတ်မြောက်စေလိုစိတ် ပြင်းပြမယ့် ပညာရေးဝန်ထမ်းတွေ လုံလုံလောက်လောက် ရှိဖို့လိုသေးတယ်။ စားဝတ်နေရေးအတွက် နေ့စဉ်နဲ့ အမျှရုံးကန် လှုပ်ရှားနေရတဲ့ ပညာရေးလောကမှာ တတ်မြောက်လိုစိတ်နဲ့ စေတနာအားကြီးတဲ့ ဆရာတွေ ကျွန်တော် တွေ့ခဲ့ဖူးပေမယ့် မပြည့်စုံနိုင်သေးတဲ့ လူနေမှုဘဝကြောင့် သူတို့လည်း စွမ်းအားရှိသလောက် မပံ့ပိုးပေးနိုင်ြကသေးဘူး။ အားလုံးကတော့ ကျဉ်းထဲ ကျပ်ထဲပဲ။ ဒါပေမယ့် အဲတာတွေကြားထဲကနေပဲ ကျွန်တော်တို့ တိုးထွက်ကြရမှာ။ လက်ညှိးထိုးနေယုံနဲ့တော့ အဖြေထွက်မလာတာ အားလုံးလည်း သတိပြုမိလောက်ပါပြီ။ ဒါတွေကို မပြင်ဆင်နိုင်သေး သရွေ့တော့ ကျွန်တော်တို့တွေ pressure cooker ထဲမှာပဲ ကျင်လည်နေကြရဦးမှာပဲ။ နောက်ပြီး ကိုသီဟပြောသလို Team Work နဲ့လည်း ဝေးနေဉီးမှာပဲ။ လူစွမ်းကောင်းတွေကလည်း တစ်ကိုယ်တော် ဆက်ကျိတ်နေကြဦးမှာပါပဲ။

    ZT.

  2. K says:

    စနစ်တစ်ခုလုံးကို မပြောင်းလဲနိုင်သ၍ကတော့ ပြုပြင်လို့ရမယ်မထင်ဘူး။ ပြုပြင်မယ်ဆိုရင်တောင် အချိန်နှစ်ပေါင်းများစွာ စောင့်ရမယ်လို့ထင်တယ်။ ဆရာဆိုတာ စာသင်ရုံနဲ့မပြီးသေးဘူး။ တပည့်နဲ့နည်း အပြန်အလှန်အငြင်းအခုံလုပ်နိုင်မှ။ ဟိုးတုန်းကလို ငါရေးတာ ငါမှန်၊ ငါသင်တာ ငါမှန်၊ ငါတတ် ငါသိ လုပ်ရုံလောက် ပဲဆက်သွားနေမယ်ဆိုရင်တော့ တိုးတက်လာမှမဟုတ်ဘူး။

    Sharing ဆိုတဲ့ စကားလုံးကို လက်ကိုင်ထားပြီးသွားဖို့တော့လိုတာပေါ့။

    p.s. လေယဉ် ဆိုတဲ့ စာလုံးပေါင်းမှားနေတယ် ဆရာ
    ပြန်ပြင်လိုက်ပါအုံး။ Line 4 မှာ ^^

  3. HtutMyat says:

    3 idiots အစွမ်းကတော့ဗျာ ….ကျွန်တော်တို.ကျောင်းသားတွေကို လှုပ်နှိုးလိုက်သလိုပါပဲ ။ ကျောင်းသားတိုင်း ကြည်.သင့်ပီး ……. ပြောင်းလည်းဖို. ကြိုးစားသင့်တဲ့ ဇာတ်ကားကောင်းပါ ။ စာမေးပွဲ အောင်ဖို. ဘွဲ.ရဖို. only ဆိုပီး …..ကြိတ်နေတဲ့ သူတွေကို အရင် ပြောင်းလည်းဖို. ကြိုးစားခို်းသင့်ပါတယ် ။ မှတ်မှတ် ရရ ရန်ကုန် ဘားကမ့် ကိုလာတော့ သူငယ်ချင်း အိမ်မှာ တည်းရင်း 3 idiots ရယ် Social Network ရယ်ကြည်.ကြတာ ။ စိတ်ဓာတ်တွေကို အရမ်းတက်ကြွလာစေခဲ့တာပါပဲ ။ အရမ်းကောင်းတဲ့ post ပါပဲ ဗျာ ။ ကျွန်တော်တို. လည်း လိုက်နာ ပြုပြင်နိုင်ဖို . ကြိုးစား ပါ့မယ် ။

  4. aungmyo says:

    aung myo

    အကျဉ်းဖျဉ်း is wrong word please change!! i think အကြမ်းဖျဉ်း

    thanks!!

  5. Tung Aung says:

    ဒါ​​တွေ​က ကျွန်တော်​တို့ နိုင်ငံသား​တွေ ကို​ချည်း​ပြော​လို့​မ​ရ​ဘူး​လို့​မြင်​တယ်။
    အဓိက က​အဓိက ပါဘဲ…

    • Thiha says:

      သေချာတာပေါ့ဗျာ အဓိကက အဓိကပါပဲ

    • K says:

      နိုင်ငံသားတွေချည်းပဲ အဓိက မဟုတ်ပေမယ့် .. လက်ခုပ်ဆိုတာ နှစ်ဖက်တည်းမှ မြည်တာမျိုးလေ။
      လက်ဖက်ထဲတီးမှတော့ လက်ဖျောက်လို့ပဲခေါ်တော့မှာပေါ့။
      :/

  6. Soe Min Win says:

    @K
    သိပ်ကောင်းတဲ့ စကားဗျာ။ ရေလည်ကြိုက်သွားပြီ။ ကျွန်တော့ အမြင် ကျွန်တော်တို့ဆီမှာ ကျန်တဲ့ လက်တဖက် စတီးမှာကို ထိုင်စောင့်နေကြတာများမယ် ထင်တယ်။

    ကျောင်းတွေနဲ့ ပတ်သတ်လို့ ကြုံဖူးတာ တစ်ခုက ကျွန်တော်တို့ Mechatronics မေဂျာမှာ Petroleum က ဆရာတယောက်ကို Robotic ဘာသာကို အထက်က လာသင်ပေးခိုင်းတာတော့ ကြုံဖူးတယ် အဲဒီ ဆရာက ငြင်းတာတောင် မရဘူးတဲ့။ အထက်က သင်မယ့်လူမရှိလို့ အတင်းသင်ခိုင်းတာတဲ့။ သူလည်း တော်တော် သနားဖို့ကောင်းတယ်။ သူ့ ခင်ဗျာ Robotic ကိုသင်ဖို့နေနေသာသာ Sensors တွေအကြောင်းတောင် သေချာမဖတ်ဖူးဘူး။ ဒီတော့ သင်ဖို့ မတတ်တော့ စာဖတ်ပြီး ကျွန်တော်တို့ကို ပြန်ဖတ်ပြရတော့တာပေါ့။ အဲဒီနှစ်ကတော့ တော်တော် စိတ်ကုန်ဖို့ ကောင်းခဲ့တယ်။ ဒီတော့ကျောင်းသားက ဘာတတ်တော့မှာလဲ။

    နောက်တစ်ခုက အလွတ်ကျက်ဆိုတဲ့ ပြသနာဗျ။ ဒီမှာ နားလည်သလိုရေး အမှတ်ပေးမယ်ဆိုတာ မရှိသလို၊ True & False တို့ multiple choice တို့လို မေးခွန်းတွေ မမေးတာကလည်း အဲလိုမေးရင် ကျောင်းသားတော်တော်များများ ကျဖို့ ရှိနိုင်တယ်။ အဲလိုမေးခွန်းတွေက သင်ရိုးတစ်ခုလုံးကို cover ဖြစ်အောင် မေးလို့ရတဲ့ အတွက် ကျောင်းသားက စာတွေအကုန် အလွတ်ရ စရာမလိုပဲ သင်ရိုးတစ်ခုလုံးကို နားလည်ဖို့ လိုအပ်ပါတယ်။ ဒီမှာက သင်ရိုးတစ်ခုလုံး နားလည်အောင် သင်ပေးနိုင်တဲ့ ဆရာတော်တော် ရှားပါတယ်။ ဘာလို့ သင်မ​ပေးနိုင်လဲဆိုတော့ သူတို့ကိုယ်တိုင် သေချာ နားမလည်ပါဘူး။ ( ဆရာတွေကို စော်ကားခြင်း မဟုတ်ပါ။ အဖြစ်မှန်ကို ပြောတာပါ။ နောက် ကျွန်တော်ဆိုလိုတာ ကျွန်တော် တက်ခဲ့ ရတဲ့ TTU ပါ။ တခြားကျောင်းတွေ မသိပါ။ ) သူတို့ မသိတာက သူတိုပ အပြစ်ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကျောင်းတွေမှာ BE မရခင် B.Tech ပြီးတာနဲ့ ဆရာ၀င်လု်လို့ရပါပြီ ( ကျွန်တော်တို့ ခေတ်ကပါ။ ခုတော့ သေချာမသိပါ )။ ဘယ်လို ကြုံသေးလဲဆိုတော့ ကျွန်တော်တို့ ထက် တစ်တန်းငယ်တဲ့ အတန်းကို သင်တဲ့ ဆရာမ တယောက်က ကျွန်တော်တို့ ထက် တနှစ်ငယ်ပါတယ်။ နောက် ကျွန်တော်တို့က BE တန်းတက်နေပြီး သူက B.Tech ပဲပြီးထားတာပါ။ ဒါပေမယ့် ဆရာကန်တော့ ပွဲမှာ သူက ကန်တော့ခံဆရာမပါ။ 1st yr ကနေ BE လူတွေ အကုန်သူ့ကို ဆရာမ ဆိုပြီး ကန်တော့ပါတယ်။ နားကိုမလည်တော့ ပါဘူးဗျာ။ ကျွန်တော့အနေနဲ့တော့ ဘာ field အတွေ့အကြုံမှ မရှိတဲ့ လူတယောက်က စာသင်တယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့ မရပါဘူး။ လက်တွေ့ Field ဟာ Class Room တစ်ခုနဲ့ အများကြီး ကွာခြားပါတယ်။

    Sorry ပါ။ Post ခေါင်းစဉ်နဲ့ မဆိုင်တာ ပြောမိသွားတဲ့ အတွက်။ ပညာရေး အကြောင်းပါလာရင် ရင်ထဲမှာ ရှိနေတာက ထွက်ထွက်ကျလာတယ်ဗျာ။ ကျောင်းတက်ခဲ့ ရတဲ့ ၅ နှစ်ကတော့ ပြန်ပြောချင်စရာတွေက တထောင့်တည တောင်ကုန်မှာ မဟုတ်ဘူး။ :D

  7. m0rRis says:

    ဒီလိုပါပဲ။ ကျောင်းတိုင်းကျောင်းတိုင်း တက္ကသိုလ်တက်တဲ့သူတိုင်း သတိထားမိရင် ပညာရေးနဲ့ပတ်သတ်ပြီးရင်နာစရာအဖြစ်အပျက်တွေအများကြီးပါပဲ။ သို့သော်များလည်း အချိန်ကကုန်ခဲ့ပြီလေ။ ကျွန်တော်တို့ဖြစ်သလိုနောက်လူတွေမဖြစ်အောင်ပဲ တက်နိုင်သလောက်ဖေးမပေးရမယ်လို့ထင်ပါတယ်။ ဘယ်သူဘယ်ဝါကိုစောင့်နေမယ့်အစား ကိုယ်ပတ်၀န်းကျင်မှာအရင်ဆုံးတက်နိုင်သလောက်ပြောင်းလဲကြည့်ကြတာပေါ့ဗျာ။

  8. junemoe says:

    ဟုတ်တယ် – ကျွန်တော်တို့တွေက လွန်ခဲ့ပြီ – ခုမှ ပြန်ပြင်ချင်စိတ်ရှိပေမယ့်လည်း ပြင်လို့မရတာတွေက အများကြီးပဲ – အချိန်တွေလည်းကုန်ခဲ့ပြီ – အသက်က ၂၅ ကျော်ပေမယ့် လုပ်ချင်တာတွေက အများကြီး – ဒီပို့စ်ကိုဖတ်မိတော့ ကိုယ်လည်းပဲ လူစွမ်းကောင်းဖြစ်အောင်လုပ်မိနေလား မသိ – သေချာတာကတော့ EQ Background မရှိခဲ့တာပါ…. အရေးကြီးဆုံးက နောက်မျိုးဆက်တွေမှာ EQ Background ရှိတဲ့ကျောင်းတွေမှာ တက်နိုင်ရင် ကျောင်းတွေအားလုံးလည်း EQ Background ဖြစ်အောင် ပံ့ပိုးပေးတဲ့ကျောင်းတွေ ဖြစ်လာရင် အကောင်းဆုံးပါပဲ……..ကျွန်တော်တို့ကတော့………………..လွန်ခဲ့ပါပြီလေ……….

  9. Nulled Byte says:

    လူတိုင်းက တော်နေရင် လူတိုင်းက bill gate ဖြစ်သွားလိမ့်မယ်
    နှေးနေတဲ့လူတွေကို လက်တွဲခေါ်နေရင်တော့ ကိုယ့်ပြေးလမ်းမှာပါ နောက်ကျသွားလိမ့်မယ်
    လူဆိုတာ ကိုယ့်အတွက်ကိုယ်လုပ်မှရမှာ တခြားဘယ်သူမှ လာလုပ်ပေးမှာမဟုတ်ဘူး
    team work ဆိုတာလည်း ဘက်ညီတဲ့လူတွေစုလုပ်မှအောင်မြင်တာ

  10. some1 says:

    @Nulled Byteခင်ဗျားပြောတာလဲဟုတ်တော့ဟုတ်တယ်။
    team work ဆိုတာလည်းဘက်ညီတဲ့လူတွေစုလုပ်မှအောင်မြင်တာ..
    ကို်ယ့်ပါတ်ဝန်းကျင်မှာအဲလိုလူမျိုးရှာမရတော့………… တစ်ကောင်ထဲကျုံးရတာပေ့ါဗျာ….

  11. koyenyunt says:

    This is Bahmar.
    We can’t use standard fonts. Unicode fonts (Myanmar 3 ) ( Thanlwin)( Yuncho ) (Ayar ) ( San Myanmar) and( Zawgyi) Many Many fonts but not completed. In Microsoft and allover the world Myanmar fonts can’t access.
    Sar twae rite yin holo pyit like delo pyit like ne a sent hmi hmi thone naine aung su poung ma lote they bu . Myangalish ko a khu hti thone ne ya thae de.
    Very difficult to use and change from Zawgyi and Myanmar fonts.
    Unity is strong. But in Myanmar one man show and hero alone is useful . All can not Hero.Unity is powerful strength and must be done.

  12. myintkt says:

    I agreed with Nulled Byte’s points. When there is no person to team up with, you become a lone wolf. I believe most lone wolf will welcome teamwork if they can find their peers to work together. It can’t be helped, I guess, when competent people are more hard to find than diamonds in Myanmar, Lone Wolves happen.

  13. masoyein says:

    ကောင်းလိုက်တဲ့ Post, ကောင်းလိုက်တဲ့ Commentsများ။ ဒီPost, ဒီCommentsထဲက လူငယ်များ(ငါနှင့်စာရင်​ေ​တာ့ လူငယ်များ)ရဲ့ တိုင်းပြည်အပေါ်၊ ပညာရေးအပေါ် ထားကြတဲ့ စိတ်ဓာတ်တွေကို မြင်လိုက်တော့ ဘိုးဘွားဘီဘင်ကတည်းက မှီခိုလုပ်ကိုင်စားသောက်လာတဲ့ တောင်တန်းကြီး တဖြည်းပြိုကြလာတာကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေရတဲ့အချိန်မျိုးမှာ ရွှေတုံး၊ ရွှေတောင်ကြီး ပေါ်လာသလိုပဲ။ ဒီနေ့ညတော့ ရွှေတုံးကြီးဖက် အိပ်လိုက်ဦးမယ်ဗျာ။ ဒီလိုလူမျိုးတွေ ဒီလိုစိတ်ဓာတ်တွေရှိနေသ၍ အဓိကကျတဲ့ အဓိကများပြောင်းလဲသွားတဲ့အခါ မြန်မာဆိုတာ ထိပ်ဆုံးပြန်ရောက်လာမှာပါ။

  14. [...] ကိုသီဟ ဒီမှာရေးထားသလို [...]

  15. Zero says:

    3 idiots အလွန်ကောင်းတဲ့ ကား .. ကျွန်တော်အလွန်ကြိုက်တယ် … မကြည့်ရသေးတဲ့ သူတွေ ကြည့်ရအော် share ပေးလိုက်ပါတယ် … http://w21.movshare.net/dl/df6d99830542c80c1bc802f1dbc04027/4e046c3c/th55da1kdfyxw.avi
    တစ်ကားလုံးမှာ ပေးထားတဲ့ Message တွေတော်တော်များတယ် .. ZT ပြောထားတဲ့ အထဲက Define a machine အကြောင်း ဆို … တော်တော်လေး ကောင်းပါတယ် .. နေရာတိုင်းအချိန်တိုင်းမှာ တွေးတတ် ရင် … သူများကို ပုတ်ခက်မယ့်အစား ကူညီမယ် … ကျိုးစားမယ့်သူတွေ များလာပါစေလို့ …. (အမှားပါသွားရင်ခွင့်လွှတ်ပါ)

  16. wanay says:

    @Zero upper link isn’t working well.Somebody need it download
    here http://moviesmobile.net/bollywood-mobile-movies/3idiots09/

  17. Swan pye zaw says:

    post ကိုအရမ်းကြိုက်တယ်။ နောက်လည်း အဲလို topic တွေများများရေးပါ။

Leave a comment


*