ရန်ကုန်တက္ကသိုလ် အွန်လိုင်း ဒီပလိုမာတန်းနဲ့ မဟာတန်းအတွက် လမ်းညွန်

အားလုံးပဲ မင်္ဂလာပါ။

ကျွှန်တော်က ဝေလင်းထွန်းပါ (Nick က Wayne ဖြစ်ပါတယ်၊ ဝိန်းပါ)။ ကျွှန်တော် ရန်ကုန်တက္ကသိုလ်က အွန်လိုင်း မဟာတန်းနဲ့ ဘွဲ့ရထား ပါတယ်။ အခုဆိုရင် ဘွဲ့ရတဲ့သူ ၆ ယောက် လောက်တော့ရှိပါပြီ။ ကျွှန်တော် ကြုံခဲ့တာလေးနဲ့ အကြံညဏ်ပေး ချင်ပါတယ်။

ပထမဆုံး မဟာတန်းက စပြောရအောင် မဟာတန်:မှာ module ၁၆ ခုရှိပါတယ်။one semester ကို module ၄ခုနဲ့ စုစုပေါင်း semester ၄ ခု တက်ရမှာပါ။ လေ့လာရမယ့် ဘာသာတွေကတော့

  1. Programming,
  2. Computer Science,
  3. Software Engineering ,
  4. Network,
  5. Database နဲ့
  6. Computational Mathematics ပါ။

Semester တစ်ခုကို တစ်ဘာသာ အနည်းဆုံးကနေ လေးဘာသာ အထိယူလို့ရပါတယ်။ ပထမဆုံး ဘာသာရပ်တွေက 611 ကနေ 614 ပါ။ အလယ်က (တစ်) က ကိုယ်ရောက်နေတဲ့ semester ကို ကိုယ်စားပြုပါတယ်။ ဥပမာ semester 3 ဆိုရင် 631 ကနေ 634 ပါ ။ပထမ semester မှာ ဒါတွေသင်ရမှာပါ။

  • COMP 611 – Computer System I
  • COMP 612 – Software Engineering I
  • COMP 613 – Computational Mathematics I
  • COMP 614 – Database Management System I

COMP 611 – Computer System I


Comp 611 မှာ Turbo C++ နဲ့ Computer Science ကို သင်ရမှာပါ။ Turbo C++ ကို မပြောတော့ပါဘူး။ B.Sc. မှာသင်ပြီးသားလို့ ယူဆပါမယ်။ Computer System မှာ Operation တွေကို လုပ်ရမှာပါ။ Arithematic Shift, Logical Shit, Binary-to- decimal/hex စသည်ဖြင့်ပေါ့။ Programmer ကောင်းကောင်းဆို Turbo C++ က အေးဆေး ဖြစ်မှာပါ။ Computer System ကလဲ တွက်တာများရင် ရပါတယ်။ စာမေးပွဲကျဖို့ အလွယ်ဆုံး ဘာသာပါ။

COMP 612- Software Engineering I


COMP 612(နောက် 622,632,642အထိ) အတွက် Ivan Summerville ရဲ့ Software Engineering 7, 8 ကို လေ့လာရပါမယ်။ စာအုပ်က အပြင်မှာ ဝယ်ရင် ၈၀၀၀ ကျပ်နဲ့ ၁၀၀၀၀ကျပ် ကြားရှိပါတယ်။ ကျွန်တော် အကြိုက်ဆုံး ဘာသာရပ်ပါ။ လက်တွေ့မှာ အရမ်း အသုံးဝင်ပါ လိမ့်မယ်။ အရမ်း ကောင်းပါတယ်။ Professor ရဲ့ ဘာသာလဲ ဖြစ်ပါတယ်။ ၁/၄ ကို စာအုပ်ထဲ က မေးပါတယ်။ ၃/၄က အပြင်ကပါ။ Google ကို အားကိုးပါ။ တစ်ချို့ အဖြေတွေက Google မှာ မေးခွန်း ရိုက်ရှာရင် တမ်းရပါတယ်။ တစ်ကယ်တက်ချင်ရင် မကူးပါနဲ့။ ကိုယ်တိုင် လုပ်ပါ။

COMP 613 – Computational Mathematics I


တက်တဲ့သူပေါင်း ၂၆၀ ကျော်မှာ ၆ယောက်ပဲ အောင်သေးတာ ဒီဘာသာကြောင့်ပါ။ Excel သို့မဟုတ် Matlab နဲ့ တွက်ရပါမယ်။ Excel ကို အားမပေးပါဘူး။ Mathlab နဲ့ တွက်တက်အောင် ကြိုးစား စေလိုပါတယ်။ MSc မှာပါတဲ့ maths က ရိုးရိုး math မဟုတ်ပါဘူး။ Maths နဲ့ Computer နဲ့ မွေထားတဲ့ ဟာမျိုးပါ။ ဥပမာ Newton-raphson law ကို excel သို့မဟုတ် mathlab နဲ့ ဖြေရှင်း ခိုင်းတာမျိုးပေါ့။ ဒါက ပထမအခန်းက တော်တော်လွယ်တဲ့ exercise ဖြစ်ပါတယ်။ programming ကို နားလည်တဲ့သူလဲ maths နဲ့ ရောရင် ရှုပ်ကုန်ကောဗျ။ BE လို လူမျိုးတော့ မသိဘူးဗျ။ နောက်ပြဿနာက အပြင်မှာ ဆရာရှာရင် maths ဆရာက programming မသိဘူးဗျ။ programming ဆရာက maths မသိဘူး။ အကောင်းဆုံးက ကျူရှင် ယူလိုက်ပါတယ်။ ရန်ကင်းမှာ ဒေါက်တာ (Maths Phd from Germany) ရှိပါတယ်။ ဒါမှမဟုတ်လဲ ဆရာကို ရန်ကုန် တက္ကသိုလ်မှာ ကိုယ်တိုင် သွားမေးပါ။

COMP 614 – Database Management System I

COMP 614 အတွက် CJ.Date ရဲ့ Introduction to Database System စာအုပ်က ကောင်းပါတယ်။ စာအုပ်က အပြင်မှာဝယ်ရင် ၈၅၀၀ကျပ် လောက် ရှိပါတယ်။

လူတော်တော် များများက စမ်းကြည်.တဲ့ အနေနဲ့ ဘာသာတွေကို တစ်ခု နစ်ခုလောက်ယူတတ် ကြပါတယ်။ တကယ်ဘွဲ့ကို မြန်မြန်လို ချင်တယ်ဆိုရင် အဲဒါ မှားပါတယ်။ လေးခုစလုံး ယူသင့်ပါတယ်။ ဘာလို့လဲဆိုတာ ကျွန်တော် ပြောပြပါမယ်။ Assignment တွေက ဘာသာ တစ်ရပ်စီမှာ ရခုကနေ ၁၀ခုရှိပါတယ်။ ဘွဲ့မှာ Thesis မရှိပါ။ Assignment တွေက mini thesis တွေပါပဲ။ တစ်ဘာသာ မှာ Assignment တွေ ဖြေနေတုန်း တစ်သွားတတ် ပါတယ်။ အချိန်ကုန်မခံပါနဲ့ နောက်တစ်ဘာသာ ပြောင်းပြီး လုပ်ပါ။ အဲလိုပဲ အဲဒီဘာသာမှာ တစ်နေရင် နောက်တစ်ဘာသာကူးပါ။ အဲဒါမို့လို့ အများဆုံး တစ်ပြိုင်တည်း ယူတဲ့သူက အမြန်ဆုံးပြီးမှာပါ။

ကျောင်းတက်တော့မယ် ဘာတွေပြင်ရမလဲ

ULB ကိုသွားပါ Canteen နားမှာပါ ။ Professor နဲ့တွေ့ပါ ။ သူ.ထံက ထောက်ခံချက်ယူပြီး ငွေသွင်းပါ ။ လေးဘာသာစလုံးယူသင့်ပါတယ် ။ ၂၁၀,၀၀၀လောက် ကြသင့်မှာပါ ။ နေ့လည် ၂နာရီ မတိုင်ခင်သွားပါ ။ ၂နာရီဆို ငွေသွင်းကောင်တာပိတ်ပါတယ် ။ ပြီးရင် ဌာနကို ငွေသွင်းကောင်တာကပေးလိုက်တဲ့ ချလံကို ပြန်ပေးပါ ။ ကျန်တာ ဌာနက ပြောတဲ့ အတိုင်းဆက်လုပ်လိုက်ပါ ။ Student Card လုပ်ဖို.လဲ လိုပါလှိမ့်မယ် ။

၄ရက် လောက်ကြာရင် account နဲ့ password ပေးပါလှိမ့်မယ် ။ http://www.wbts.com.mm မှာ စပြီ:login လုပ်ပြီး စလို.ရပါပြီ ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ဘာသာ လေးခုပွင့်နေတာ တွေ့ပါလိပ်မယ် ။ Online မှာ မဖတ်ပါနဲ့ ။ Download ဆွဲပါ ။ သင်ရိုး အားလုံးကို ဒေါင်းလုပ်လုပ်ပြီးရင် ပရင်တာနဲ့ ထုတ်ပြီးဖတ်ပါ။ ကပ်စီးမနဲပါနဲ့ ။ စာနဲ့ ဖတ်ရတာ ကွန်ပြူတာနဲ့ ဖတ်တာထက်ပိုကောင်းပြီး ပိုနားလည်လွယ်ပါတယ် ။ မေးခွန်းကို ဖြေရင် အရေးကြီးအချက်တွေကို လိုင်းတားပြီ စာအုပ်. အင်တာနက် ပေါင်းရှာရင် အရမ်းမြန်ပါတယ်.

အရေမကြီးဘူးထင်ပေမယ်. တကယ်အသုံးဝင်ပါတယ် .

ဆက်ရေးပါဦးမယ် …

Facebook comments:

15 Responses

  1. Thiha says:

    ကျေးဇူးတင်ပါတယ်ဗျို့ ဒါပေမယ့် ကျွန်တော် အခုထက်ထိ Software Engineering စာအုပ် ရှာမတွေ့သေးဘူးဗျ၊ အရင်က ရှိတယ်၊ ဘယ်ရောက်သွားမှန်း မသိလို့ ဝယ်မလို့ လိုက်ရှာတာ တွေ့ကို မတွေ့ဘူး ဖြစ်နေတယ်။

  2. yhmyo says:

    စိတ်ဝင်စားဖို့ ကောင်းပါတယ်
    http://www.yuonline-wbts.com/dcs/message.cfm
    မှာတော့ ကျောင်း ဝင်ခွင့်အတွက် လိုတာတွေ သွားဖတ်ပြီးပြီ
    အညွှန်းကောင်းရင် တက်ပစ်မယ် :)

  3. အောင်သူမိုး says:

    သိချင်တာလေးရှိလို့ပါ။ ဒီဘွဲ့က နိုင်ငံတကာက အသိအမှတ်ပြုပါသလား။ နိုင်ငံတကာမဟုတ်ရင်တောင် အနည်းဆုံးပြည်တွင်းမှာ ပေါ့။ ပြီးတော့ Ian Sommerville ရဲ့ Software engineering စာအုပ်ရှာနေတာပါ။ ဒီစာအုပ်ကို ဝယ်ရတယ်ဆို ဘယ်မှာ ဝယ်လို့ရပါသလဲ။ ကျွန်တော်က မန်း ကပါ။ ဒီ မှာ ကလုံးဝရှာမရပါဘူး။ ဒီ post လေးတင်ပေးလို့ ကျေးဇူူးတင်ပါတယ်။ အဲဒီ online teaching ကို စိတ်ဝင်စားပါတယ်။ အရင်က ဝင်လေ့လာကြည့်သေးတယ်။

    • Thiha says:

      နိုင်ငံတကာ အသိအမှတ် မပြုတာ ပြုတာတော့ မသိဘူး၊ စာတွေအားလုံးကတော့ နိုင်ငံတကာကထက်တောင် ခက်တယ် ထင်တာပဲ။ Assignment တင် ဆယ်ခုတင်ရတယ်။ တော်တော် မလွယ်ဘူးဗျ။ ဒါပေမယ့် တစ်ခုဆိုးတာက WBTS Online Website ကြီးက သိပ် Active မဖြစ်သလိုပဲ၊ ကျောင်းသား ၂၆ဝ လို့သာ ပြောတာ တစ်ယောက်မှကို မသိကြဘူး၊ Student Community လည်း ကောင်းကောင်း မရှိဘူး၊ အဲဒီတစ်ခုတော့ မမိုက်ဘူးဗျာ၊ စာတွေကတော့ တကယ်မိုက်တယ်၊ သင်ရိုးညွှန်းတမ်းက တကယ်တတ်ရင် တတ်သလောက် အကျိုးရှိမယ့် ဟာတွေပဲဗျ။

    • wayne says:

      You can download Ivan Summerville’s book from online.

      • Centaur says:

        Ian Sommerville ရဲ့ Software engineering စာအုပ်ကို ပန်းဆိုးတန်း(Passport ရုံးနား)က စာအုပ်ဆိုင်တွေမှာနဲ ့အင်းဝ စာအုပ်ဆိုင်မှာ တွေ ့ဖူးပါတယ်။ ရှာကြည် ့ပါ။ အကောင်းဆုံး အသေချာဆုံးနဲ ့အသက်သာဆုံးကတော့ ကွန်ပျူတာတက္ကသိုလ် တက်နေတဲ့ ကျောင်းသား အသိတွေရှိရင် သူတို ့ကို ကျောင်းမှာ ဝယ်ခိုင်းလိုက်ပါ။ ဝယ်လို ့ရပါတယ်။ ဈေးနှုန်းက အပြင်မှာထက် အများကြီးသက်သာပါတယ်။
        Version 7/8 ရချင်မှ ရမယ်။ ဒါပေမယ့် အထဲက စာက အတူတူပါပဲ။ လိုရင်လည်း နဲနဲပဲလိုမှာပါ။ စာရွက် 2/3 ရွက်လောက်ပါပဲ။

        နောက် CJ.Date ရဲ့ Introduction to Database System စာအုပ်လည်း ကွန်ပျူတာတက္ကသိုလ်မှာ ရနိုင်ပါတယ်။

  4. ကို Wayne ကျေးဇူးအရမ်းတင်ပါတယ် ။ တက်ဖို ့ပြင်နေတာ အကိုကို အင်တာဗျုးကေ့စ်ထဲက မေးမလို ့ ဆက်သွယ်ဖို ့ဘယ်လို ဆက်သွယ်ရမှန်းမသိတာနဲ ့။။ ကျနော်လဲ ကျောင်းကဆရာမတွေကိုတော့မေးဖြစ်တယ် ခက်တာက ဆရာမတွေအတွက် နဲ ကျောင်းသားတွေအတွက် ကွန်နက်ရှင်ပါ။ ဆရာမတွေက အမှတ်စစ်ရင်တောင် တယောက် ၅ မိနစ်စာကို ကွန်မကောင်းလို ့ နာရီဝက်ကျော်စစ်ရတာတွေ အခက်ခဲတွေရှိနေတာသိရတယ်။ အခြားအခက်ခဲတွေလည်းရှိနေတယ် ။ အခြားအခက်ခဲတွေလည်းရှိမှာပါ ။ တချို ့ကတော့အထင်သေးကျတယ် ဘာကိုကြည့်ပြီးတော့လည်းမသိဘူး ။။ကျနော်ကတော့ကိုယ်တန်ဖိုးထားလေ့လာရင်တန်ဖိုးရှိမယ် အရာကြီးလို့ထင်တယ်။ ဒေါ်လာ ရှစ်ရာတထောင်လောက်နဲ ့မာဟာဘွဲ ့တခု ကို အလုပ်လုပ်ရင်းလေ့လာနိုင်တယ်ဆိုတာ နဲ တဲ့အခွင့်ရေးမှမဟုတ်တာပဲဗျ။ တက်ချင်နေတာ အရမ်းပဲ ဖေဖေက ဒီနှစ်နဲနဲစောင့်ကြည့်အုံးဆိုလို ့ (ပကျိပကျိလေးတွေရှိလာမှာဆိုးလို ့:D) နောက်ပြီး သတင်းတခုကြားတာ က ဒီဘွဲ ့ကို Science & Technology ဝန်ကြီးဌာနအောက်ပြန်ရွေ ့မယ်လဲကြားနေရတယ် ဌာနတွင်းသတင်းတွေအရပါ.။ အခု ဌာနက ရန်ကုန်တက္ကသိုလ် လက်အောက်မှာပါ။ သတင်းကတော့အစုံပဲ ဖျက်မယ် ထားမယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်က ပေးတဲ့ ဘွဲ ့မို့ အာရှတွင်းနိုင်ငံတွေသာမက အခြားတက္ကသိုလ်တွေကလည်း ဒီဘွဲ ့ကိုလက်ခံကျပါကြောင်း။ VB တွေပြန်လေ့လာရမယ်ထင်တယ် ။ ကျနော်လည်း Maths ဆို ပိန်းပိန်းရယ် .. SE ရယ် Java ရယ်တော့အဆင်ပြေလောက်မယ်။ အခြားဘာသာရပ်တွေကတော့ သေခြာပြန်လုပ်ရမယ် :D ကို Wayne ရေ ကျနော်ကတော့ တက်ဖြစ်ရင် အပူလာကပ်မှာ မပြေးနဲ ့နော်ဗျ :D

  5. wayne says:

    ဟုတ်ကဲ့ အားလုံးပဲ မေးစရာရှိရင် အကူအညီလိုရင်
    waynetun1984@gmail.com ကို အီးမေးလ်ပို.လို.ရပါတယ် ။

  6. Thomas says:

    Hi..bro my name is thomas.I live in USA.Now I studying at a MILFORD high school.After finish my school I will join to computer.So now I want to know how to become a programmer n how to join myanmar programming onilne class.I hope so that.Plz reply to my email.Thx a lot.

  7. wayne says:

    Hi bro,
    Are a high school student?
    In order to attend online DCS(post graduate) or Master Course, you need a Bachelor Degree First.
    Thanks

  8. m0rRis says:

    UCSY မှာ hons မဝင်အဲဒါပဲတက်ရင်ကောင်းမယ် :P
    ကျောင်းလည်သွားတက်စရာမလိုဘူး ကောင်းလေစွ

  9. phyoe maung says:

    oh,finally! i fond one of the seven ppl (one of my fri say – seven students hav been passed MSc).
    very very glad to see u. Let me get help after saving money to register.
    thx for this post. pls continue writing abt WBTS.

  10. Ahkar says:

    အစ်ကိုပြောတဲ့အတိုင်းပဲ 613 Math မှာတစ်နေပြီး ဒါကြောင့်အစ်ကိုပြောတဲ့ ရန်ကင်းကဆရာရဲ့ လိပ်စာ ဖုန်းနံပတ်လေးသိရင် ကျူရှင်တက်ချင်လို့ပါ အားရင်ကူညီပါအုန်း အစ်ကိုရေ

Leave a comment


*