Generalist လား Specialist လား
MZ Third Anniversary တုန်းက Generalist လား၊ Specialist လားဆိုပြီး စပေးလိုက်တော့ ကိုရာဗီက “Jack of all trades or master of one” ဆိုလား ပြောသလို၊ ကိုကိုရဲက T-Model လို့ ပြောခဲ့ပါတယ်။
T-Model
T-Model ဆိုတာက T ကို ပြောင်းပြန်လှန်ထားတဲ့ ပုံစံမျိုးလို့ ဆိုပါတယ်။ အားလုံးကို သိရမယ်၊ Knowledge နဲ့ပတ်သက်ရင် အကုန် သိထားသင့် တယ်လို့ သဘောရပါတယ်။ ဒါပေမယ့် တစ်ခုမှာတော့ ထူးချွန်နေရမယ် ဆိုတဲ့ သဘောပါ။
ကျွန်တော် ပုံဖော်ကြည့်တဲ့ ပုံစံလေးပါ။ Knowledge အနေနဲ့ အားလုံးသိထားရမယ်။ ဒါပေမယ့် တစ်ခုမှာတော့ ထူးချွန်နေရမယ် ဆိုတဲ့ပုံစံပါ။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် မောင်ကကြီးက Networking၊ Server စသည်ဖြင့် အကုန်သိထားတယ်။ ဒါပေမယ့် သူထူးချွန်တာက တစ်ခုတည်း။ PHP နဲ့ Web Site တွေ ဆောက်တတ်တယ်။ PHP, MySQL, Apache အဲဒီသုံးခုနဲ့ ပတ်သက်ရင် ဘယ်လို Website မျိုးကိုမဆို တည်ဆောက်နိုင်ပါတယ်။ ကျန်တာတွေကို General Knowledge အနေနဲ့ အကုန်သိထားပြီး တစ်ခုတည်း ထူးချွန်နေတဲ့ ပုံစံပါ။ ဒီပုံစံဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက်ပဲ ဖြစ်ဖြစ်၊ Professional တစ်ယောက် ဖြစ်ရေးအတွက် အသေချာဆုံးလို့တော့ သတ်မှတ်လို့ ရနိုင်ပါတယ်။
T-Parallel Model
ဒီတစ်ခုကိုတော့ ကိုကိုရဲကို အားကျမခံ T-Parallel Model လို့ ကျွန်တော် နာမည်ပေးထားပါတယ်။ အပေါ်မှာ ပြောထားသလို T-Model မှာ ချွန်သွားတဲ့ သူတွေဟာ တစ်ခြားနယ်ပယ်တွေမှာလည်း အလွယ်တကူ ဝင်လို့ရသွားတယ်လို့ သဘောရပါတယ်။ နည်းပညာ နယ်ပယ်ကိုပဲ သိတဲ့အတွက် နည်းပညာနယ်ပယ်ကိုပဲ ညွှန်းလိုပါတယ်။
ဒီနေရာမှာ ဥပမာ တစ်ခုပေးရရင် အပေါ်က မောင်ကကြီးကိုပဲ ပြန်ညွှန်းရပါမယ်။ မောင်ကကြီးက PHP, MySQL, Apache ဆိုတဲ့အပိုင်းမှာ အားလုံး သိတယ်။ Website တစ်ခုလုံး အစအဆုံး ဆွဲနိုင်တယ်။ ဒီတော့ သူ့ဘော့စ်က .NET Project တစ်ခု လက်ခံလာတယ်။ ဒါကို သူ့ကို ချပြတယ်။ ပိုက်ဆံကလည်း ပိုရတယ်တဲ့။ ဒီတော့ မောင်ကကြီးက .NET ကို အချိန်အတိုင်းအတာ တစ်ခုအထိ လေ့လာလိုက်တယ်။ ပြီးတော့ Project ရေးတယ်။ အကောင်းဆုံး ရေးနိုင်ခဲ့တယ်။ အဆင်ပြေတယ် ဆိုပါတော့။
Triangle Model
ဒီပုံစံကတော့ Divergence Form နဲ့ ဆင်တူမယ်ထင်ပါတယ်။ အားလုံးကို လေ့လာတယ်။ တစ်ဖြည်းဖြည်းနဲ့ တစ်ခုတည်းထူးချွန်တဲ့ ဖက်ကို ချဉ်းကပ်သွားတယ် ဆိုပါတော့။
ဒီပုံစံကိုတော့ Triangle Model လို့ ကျွန်တော် အမည်တပ်ထားပါတယ်။ ဥပမာ – မောင်ကကြီးက အစကတည်းက အလုပ်တွေ အစုံလုပ်ရတယ်။ Sever လည်းထိုင်ရတယ်၊ Network လည်း ချိတ်ရတယ်။ Program ရေးဆိုတော့လည်း ရေးရတာပဲ။ ကုမ္ပဏီမှာ သူအကုန်မလုပ်ရတာ မရှိဘူး။ နောက်ဆုံးမှာတော့ တစ်ခုတည်း ထူးချွန်သွားတယ် ဆိုပါတော့။
ဒီပုံစံတွေအားလုံးကို စဉ်းစားစရာ Brain Storming လုပ်စရာအနေနဲ့ တင်လိုက်တာပါ။ စာဖတ်သူများရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။ မှတ်ချက်လေး တွေရေးသွားကြပါလို့။ ဘယ် Model ကို ကြိုက်သလဲ။ Model အသစ်တွေများ ရှိဦးမလား။ ဆွေးနွေးပေးကြပါ။
Facebook comments:



T-Model ပေါ့ဗျာ.. ကျနော်အကြိုက်ဆုံးဖြစ်သလို.. လက်ရှိ ကျနော့်ရဲ့ပုံစံလို့လဲ ပြောနိုင်ပါတယ်..။
T Parallel Model လေးမဆိုးဘူး ..
ကျွန်တော်လည်း T-Parallel ကို သဘောကျတယ်ဗျ
T Model ကိုပိုကြိုက်သလိုရှိပါတယ် Programmer တစ်ယောက်ဟာ programming ကျွမ်းကျင်ရမှာ တစ်ခုကိုပို်င်ပိုင်နိုင်နိုင် ကျွမ်းကျင်တာအပြင် နောက်တစ်ခုကိုလဲ short duration မှာလေ့လာနိုင်ရမယ် လို ့ဖတ်ဖူးတယ်ခင်ဗျ မြန်မာမှာတော့ တစ်ခုတည်း လုပ်တာထက် အကုန်လုံး အစုံလုပ်နေကြတယ်ထင်တာပဲ
Triangle model ဆိုတာထက် pyramid model ဆိုတာပိုကောင်းမလားဗျ
ပိရမစ်ပုံစံအုပ်ချုပ်ရေးကို အမြင်ကပ်လို့ တြိဂံလို့ ပေးထားတာဗျို့
T-Parallel Model is the best.
T-Parallel Model is more better for me