Do-It-Yourself (or) နောက်ထပ်လှိုင်းတစ်ခု

Google ကတော့ လုပ်ချလိုက်ပြန်ပြီ။ လူတိုင်းအတွက် Android Software Development ဆိုပဲ။ သာမန် General User တစ်ယောက် အနေနဲ့ Mobile Application တွေ ရေးနိုင်တော့မယ်တဲ့။

Google အနေနဲ့ Software Tool တစ်ခုကို ချပြတော့မယ် ဆိုပါတယ်။ အဲဒီ Software Tool က Android Smartphones တွေအတွက် Applications တွေ ရေးတဲ့နေရာမှာ လူတွေ ရေးရလွယ်အောင် ကူညီပေးမယ်လို့ ဆိုပါတယ်။

Google App Inventor for Andriod လို့ အမည်ရတဲ့ Free Software (အခမဲ့ အသုံးပြုနိုင်တဲ့ Software) တီထွင် စမ်းသပ် ထုတ်လုပ်နေခဲ့တာ တစ်နှစ်လောက် ရှိပြီလို့ သိရပါတယ်။ User Testing (အသုံးပြုမယ့် သူတွေကို လက်တွေ့သုံးခိုင်းပြီး စမ်းသပ်ခြင်း) လုပ်ပြီးပြီ။ အဲဒီလို User Testing မှာ 6 Grades ကျောင်းသား/သူတွေ အထက်တန်း ကျောင်းသူတွေ၊ သူနာပြု သင်တန်းသားတွေ တက္ကသိုလ်တက်ဆဲ ကျောင်းသား/ သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့တွေ အားလုံးက Computer Science မေဂျာတွေ မဟုတ်ပါဘူးတဲ့။ Computer General User တွေလို့ သိရပါတယ်။

Google ရဲ့ ခြေလှမ်းကျဲကျဲတွေရဲ့ နောက်ကွယ်ကို အတွေးတွေက ဘာတွေလဲ။ ဆဲလ်ဖုန်းဆိုတာ ခုချိန်မှာ ကွန်ပျူတာ တစ်လုံးလိုမျိုး နေရာတကာမှာ မှီခိုအားထားပြီး သုံးလာကြပြီလေ၊ ဒီတော့ Applications တွေကို သူတို့ဘာသာ လုပ်ချင်လာကြမှာပေါ့လို့ Google က ဆိုပါတယ်။

“ကျွန်တော်တို့ ပန်းတိုင်ကို ပြောရမယ်ဆိုရင်တော့ လူတွေကို ဖန်တီးသူတွေ ဖြစ်လာစေချင်တာပါပဲ၊ သုံးစွဲသူ သက်သက် အနေနဲ့ ပါဝင်နေရတာမျိုး မဟုတ်တော့ပဲ ကိုယ်တိုင် ဖန်တီးသူအဖြစ် မိုဘိုင်းလောကကြီးထဲမှာ ဝင်ကလို့ရအောင် ဆိုပါတော့” ဟု MIT မှ ကွန်ပျူတာသိပ္ပံ ပညာရှင် တစ်ဦး ဖြစ်သူ ဟာရိုး အယ်ဘယ်ဆန်က ဆိုပါတယ်။ သူက အဲဒီ Google ရဲ့ ပရောဂျက်မှာ ဦးဆောင်သူ တစ်ဦးအဖြစ် တာဝန်ယူထားသူပါ။

Google ရဲ့ အခု ပရောဂျက်ကတော့ Mobile Application ဆိုရင် တကယ့် Developer တွေမှ ရေးလို့ရတယ်ဆိုတဲ့ ပါရာဒိုင်းကို ဖြိုချပြီး လောင်းကြေး ထပ်လိုက်တာပါပဲ။ တကယ့်ကို Open Strategy (ဖွင့်ထားတဲ့ နည်းဗျူဟာ) လို့ ဆိုရမှာပါ။ Smartphone Software Market ကို သက်ရောက်မှု ကြီးကြီးမားမားတွေ ရှိလာမယ်လို့ ယူဆရပါတယ်။ သူနဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ Apple က iPhone နဲ့ ပတ်သက်ရင် ဟိုဟာတွေ ကန့်သန့် ဒီဟာတွေ ကန့်သန့်နဲ့ နေရာတာက ပိတ်နေသလောက် Google ရဲ့ Android ကတော့ ဖွင့်သထက်ဖွင့် နေတာတွေ့ရပါတယ်။

“ကျွန်တော်တို့ ဒါမျိုး ပရောဂျက်တွေ အကောင်အထည် ဖော်လို့ရတယ်ဆိုတာ Google ရဲ့ Android ရဲ့ နည်းပညာတွေက အရမ်းပွင့်လင်း မြင်သာလို့ ပေါ့ဗျာ” မစ္စတာ အယ်ဘယ်ဆန်က ပြောပါတယ်။

မစ္စတာ အယ်ဘယ်ဆန် ဆိုတာကလည်း ပညာရပ်တွေနဲ့ သိပ္ပံဆိုင်ရာ အရင်းအမြစ်တွေ အားလုံးကို ပွင့်သထက်ပွင့်အောင် ဖွင့်တဲ့ဖက်မှာ အမြဲတမ်း ထောက်ခံအားပေး နေသူဆိုတော့ ရေကန်အသင့် ကြာအသင့် ဖြစ်သွားတာပေါ့။ သူကလည်း MIT ကဆိုတော့ ခေသူ မဟုတ်မှန်း ခန့်မှန်းမိကြမှာပါ။ Free Software Foundation ရဲ့ Public Knowledge and the Creative Common မှာ ဒါရိုက်တာအနေနဲ့ တာဝန်ထမ်းဆောင် နေသလို၊ M.I.T ရဲ့ OpenCourseWare အစီအစဉ် အစပြုရမှာလည်း ပြုစုပျိုးထောင်သူ အနေနဲ့ ကူညီခဲ့ဖူးပါတယ်။ MIT ရဲ့ OpenCourseWare ဆိုတာ အွန်လိုင်းကနေ အခမဲ့ တက္ကသိုလ်ပညာတွေ သင်နိုင်တဲ့ နေရာပါ။ တကယ့်ကို တက္ကသိုလ်တွေမှာ သင်နေတဲ့ Courses တွေ ရနိုင်တဲ့နေရာပေါ့။

Google ရဲ့ Andriod App Inventor ဆိုတဲ့ ပရောဂျက်ကို အသုံးပြုသူတွေကို ချပြမယ်၊ အထူးသဖြင့် လူငယ်တွေပေါ့။ သူတို့လေးတွေ အနေနဲ့ လွယ်ကူတဲ့ Tool တွေ အသုံးပြုပြီး Smartphone Software တွေကို ရေးနိုင်မယ်တဲ့၊ အစကတော့ ဒါတွေအားလုံးကို ကွန်ပျူတာတွေနဲ့ Expert Developer တွေနဲ့သာ အကောင်အထည် ဖော်နိုင်တာပေါ့။ နှစ်တွေကြာလာတာနဲ့ အမျှ Simplified Programming Tools တွေ ဖြစ်တဲ့ Basic တို့၊ Logo တို့၊ Scratch တို့ဟာ နယ်ပယ်စုံက တီထွင် ဖန်တီးမှု တံခါးပေါက်တွေကို တွန်းဖွင့်နေတယ်လို့ မစ္စတာ အယ်ဘယ်ဆန်က မှတ်ချက်ပြု ပါတယ်။

Google App Tool က Mobile Applications ဖန်တီးလိုသူတွေကို Code block တွေကို Drag and Drop လုပ်ပြီး ရေးနိုင်အောင် စီစဉ်ထားမယ် သိရပါတယ်။ အဲဒီလို Code Block တွေကိုလည်း မိုဘိုင်းဖုန်းက Application Icon တွေလို Graphical Presenation ဖြစ်အောင် ဖန်တီး ထားဦးမယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ကွန်ပျူတာ သုံးစရာ မလိုတော့ပဲ၊ ဖုန်းပေါ်မှာ တင်ရေးလို့ ရမယ်လို့ ဆိုပါတယ်။ ပြောရရင် ကလေးတွေ အတုံးလေးတွေ ဆက်ပြီး ပုံဖော်သလိုပေါ့။ ကိုယ်စိတ်ကြိုက် Application ကို ကိုယ်ဘာသာ အတုံးဆက်ပြီး ဖန်တီးပေတော့။

ဥပမာ အနေနဲ့ ကျောင်းသား တစ်ယောက်က သူဘယ်နားမှာ ရောက်နေတယ် ဆိုတာကို သူ့ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေကို စာတိုစနစ်နဲ့ ၁၅ မိနစ်ခြား တစ်ခါလောက် ပို့ပြီး အသိပေးချင်တယ် ဆိုပါစို့။ ဒါဆို Program အနေနဲ့ Coding Block သုံးခု ရေးဖို့ လိုပါ လိမ့်မယ်။ ပထမဦးဆုံး block က Phone’s Location Sensor (ဖုန်းတည်နေရာကို ဖော်ပြနိုင်တဲ့ စနစ်) အတွက် ဖြစ်မယ်၊ ဒုတိယ block ကတော့ နာရီ (၁၅ မိနစ်ခြား intervals နဲ့ပြထားတဲ့ နာရီ) အတွက်၊ နောက်ဆုံး block ကတော့ Website ထဲမှာ ရှိနေတဲ့ သူငယ်ချင်းတွေကို စာရင်း ပြုစုနိုင်မယ် ရိုးရိုး Database အတွက် ဖြစ်ပါလိမ့်မယ်။

ဆန်ဖရန်စစ္စကိုက ကျောင်းသား တစ်ယောက်ကတော့ text messages တွေကို အလိုအလျှောက် ပြန်ကြားပေးတဲ့ Program ကို ရေးကြည့်တယ်လို့ မစ္စတာ အယ်ဘယ်ဆန်က ဆိုပါတယ်။ သူကားမောင်းနေတယ် ဆိုရင် “ခု ကားမောင်းနေပါတယ်” “Text Message ကို နောက်မှပို့ပါ” စသည်ဖြင့် အလိုအလျှောက် ပြန်ကြားနိုင်တဲ့ Program ပါတဲ့။

အင်ဒီယာနာ တက္ကသိုလ်မှာ တက်နေတဲ့ သူနာပြု ကျောင်းသား တစ်ယောက်ရဲ့ Program ကတော့ တစ်မျိုး။ တစ်ယောက်ယောက် လဲကျသွားတဲ့ အခါ ဖုန်းကနေ အလိုအလျှောက် အရေးပေါ်ဌာနကို ဖုန်းခေါ်တာ ဖြစ်ဖြစ် Text Message ပို့တာ ဖြစ်ဖြစ် လုပ်ပေးတဲ့ Program ကို ရေးတယ်လို့ သိရပါတယ်။ ပြုတ်ကျသွားရင် သိနိုင်ဖို့ phone မှာပါတဲ့ accelerometer (တုန်ခါမှုကို တိုင်းတာနိုင်တဲ့ ကိရိယာ) ကို သုံးပါတယ်တဲ့။ လဲကျသွားတဲ့ လူအနေနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ မထနိုင်ရင် သော်လည်းကောင်း ဒါမှမဟုတ် အဲဒီ Program ရဲ့ Onscreen Button ကိုနှိပ်ခြင်းဖြင့် သော်လည်းကောင်း အလုပ်လုပ်ပေးမယ်လို့ သိရပါတယ်။ အရေးပေါ်ဌာနကိုပဲ ဖြစ်ဖြစ် ကိုယ်ခေါ်စေချင်တဲ့ နေရာကို ဖုန်းခေါ်တာ ဖြစ်ဖြစ် Text Message ပို့တာဖြစ်ဖြစ် လုပ်ပေးမယ်ပေါ့။

“အဲဒီ စမ်းသပ် Program တွေဟာ ခြောက်ပစ်ကင်း သဲလဲစင်တွေတော့လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် သာမန်လူတွေ (ကွန်ပျူတာ ပညာရှင် မဟုတ်တဲ့သူတွေ) အနေနဲ့ အလွယ်တကူ မိနစ်ပိုင်းအတွင်း ရေးနိုင်ပါတယ်လို့” မစ္စတာ အယ်ဘယ်ဆန်က ပြောပါတယ်။

Google ရဲ့ Tool က Android သုံးထာတဲ့ ဖုန်းတွေမှာသာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Google ရဲ့ Gmail အကောင့်တစ်ခုနဲ့ Sign Up လုပ်ဖို့ လိုပါမယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ App Inventor for Android မှာ သွားကြည့် နိုင်ပါကြောင်းခင်ဗျာ။

NYTimes မှ Google’s Do-It-Yourself App Creation Software ကို ဆီလျှော်သလို ဘာသာပြန်ဆို ဖော်ပြပါသည်။

Facebook comments:

14 Responses

  1. zms says:

    ကောင်းတယ်ဗျို့ ကျွန်တော်ကတော့ Android ဖုန်းလက်ထဲရောက်မဲ့နေ့ကို မျော်နေပါတယ်။ ကျေးဇူးပဲကိုသီဟရေ။

    • mgpyone says:

      don’t wait for phone : better try with Emulator .. if you aren’t write games and camera related app, emulator is ok and you can try for various screen size =)

      • zms says:

        ကျေးဇူးပါ ကျွန်တော်လဲ pc ပေါ်မှာ eclipse သုံးပြီးရေးနေပါတယ်။ HTC Desire က ဒီနိုင်ငံမှာ မရောင်းသေးလို့ သူငယ်ချင်းနဲ့ စလုံးကနေဝယ်လာဖို့ မှာလိုက်တာကို မျှော်နေတာပါ။ :)

        • mgpyone says:

          Ooops…. are you interested in Android Development ? then join with us http://bit.ly/90v09w .. Cheer

          • zms says:

            ကျေးဇူးတင်ပါတယ်။ ကျွန်တော်က နိုင်ငံခြားမှာ အလုပ်လုပ်နေတာ ၃ နှစ်ရှိပါပြီ။ မြန်မာပြည်မှ အခြေချဖြစ်တဲ့ တစ်နေ့ အဲဒီ့ post ကို ဝင်လျှောက်ပါ့မယ်။ :( java နဲ့ programming ကို ၂၀၀၁ လောက်ကတည်းက စလေ့လာခဲ့သူပေမဲ့ java programmer တော့ဟုတ်ပါဘူး။

  2. mr.zero says:

    အရမ်းကောင်းပါတယ် ခင်ဗျ ကျနော်လည်း Demo လေးကို ကိုစေတန်ရဲ့ ဆိုဒ်က ကြည့်လိုက်ရကတည်း က စိတ်ဝင်စားနေတာဗျ ကျနော်တို့ အသုံးပြုလို့ လွယ်ကူမယ်ဆိုရင်တော့ ကျေးဇူးတင်ရမှာပဲဗျ.. ကိုသီဟရေ ကျေးဇူးနော်..

  3. အဲမွန် says:

    သတင်းထူးပါဘဲ ကို Thiha ရေ!

  4. zanhtet says:

    ဒီလိုမျိုးတွေ ပိုများလာပြီး ပိုကောင်းလာရင် ကျွန်တော်တို့လို Programmer တွေထမင်းငတ်မယ့်ကိန်းပဲ :)

    • saturngod says:

      “အဲဒီ စမ်းသပ် Program တွေဟာ ခြောက်ပစ်ကင်း သဲလဲစင်တွေတော့လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် သာမန်လူတွေ (ကွန်ပျူတာ ပညာရှင် မဟုတ်တဲ့သူတွေ) အနေနဲ့ အလွယ်တကူ မိနစ်ပိုင်းအတွင်း ရေးနိုင်ပါတယ်လို့” မစ္စတာ အယ်ဘယ်ဆန်က ပြောပါတယ်။

      still it can’t create game or some awesome feature. Don’t worry about that :P Another thing, we can’t sell android app from Android Market. Still singapore can’t sell and can’t buy android app. Google checkout have many restriction for payment. So, we can’t go to android market. We can go only in local.

      • mgpyone says:

        Sir .. let me tell me something ~
        - download Open Cart (or) Magento
        - customize yourself
        - upload to your hosting
        - sell your apk
        - connect with your PayPal or other payment system as you want.

        I mean “this is not APPLE”

        Google already lets you to set up your own market place and there are very famous market place like slideMe ( with their own market application )

        and very soon, developers from s’pore can sell and buy apps from Android Market Place .

        with regards,

      • mgpyone says:

        [off-topic] I remember ko ngwe tun’s comment with you =(

  5. Thiha says:

    ဟုတ်ပဗျာ :P

  6. [...] ပံ့ပိုးပေးမယ်လို့ စဉ်းစားမိပြီး Do it Yourself (or) နောက်ထပ် လှိုင်းတစ်ခု ကို တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ခုဟာက [...]

  7. Thet Ko says:

    အကို Thi ha ရေ.. ကျွန်တော် software ကို download ဆွဲပြီး install လုပ်ကြည့်တယ်…. ပြီးတော့ emulator.exe ကို run ကြည့်တာ အဆင်မပြေဘူး…. ကျွန်တော့ pc မှာ java မရှိလို့လား အစ်ကို… java ဘယ် versionတင်ရမလဲ အစ်ကို… ကျေးဇူးတင်ပါတယ်…ခင်ဗျ… ကျွန်တော်ဘယ်လိုဆက်လုပ်ရမလဲ အစ်ကို…

Leave a comment


*