Do and Don’t for Web designer

Web designer တယောက်အနေနဲ့ web site တခုရေးရတာအမြင်ပိုင်းအရတော့ လွယ်ကူရိုးရှင်းတယ်လို့ ထင်မြင်ယူဆနိုင်ပေမဲ့ ရှင်းလင်း၊စနစ်ကျပြီး cross-browser code တွေကိုရေးရတာမှာ ရှုပ်ထွေးမှုတွေရှိပါတယ်။ ဒါကြောင့် ဒီပိုစ်လေးမှာ အကီနိုက web designer တယောက်အနေနဲ့ ရှောင်ရန်နဲ့ဆောင်ရန်လေးတွေကို အတွေ့အကြုံပေါ်မူတည်ပြီး ပြန်လည်မျှဝေချင်ပါတယ်။

1.    Divide your pages/code

ကိုယ်ရေးတဲ့ site ဟာ PHP အခြေပြု  site တခု ဆိုရင်တော့ Header.php, Content.php, Footer.php လို့နာမည်လေးတွေပေးပြီးခွဲပြီးရေးသွားစေချင်ပါတယ်။ အကယ်၍များ HTML5 အခြေပြု site လေးဆိုရင်တော့

ခွဲပြီးရေးသားစေချင်ပါတယ်။ ဒါမှလည်း ပြန်လည်ပြုပြင်တဲ့အခါမှာ လွယ်ကူမှာပါ။ MVC framework တော်တော်များများမှာလည်း အခုလိုမျိုးအပိုင်းခွဲပြီးရေးသားထားလေ့ရှိပါတယ်။

2.    Use standard HTML structure

တခုသိထားရမှာက HTML ဟာ programming language မဟုတ်ပါဘူး hypertext market language ပါ။ ဒါကြောင့်မို့ HTML code တွေကို ရေးသားထားရာမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီ စနစ်တကျ ရေးသားစေလိုပါတယ်။ ဒီပိုစ်လေး Search Engine Friendly Code မှာ အကီနို အသေးစိတ် ရေးသားထားပါတယ်။

3.    Write your Database connection codes in Include folder.

ဒီလို ခွဲရေးထားတာကြောင့် DB နဲ့ပတ်သတ်မျှ ပြုပြင်ထပ်ထည့်လိုလျင် include folder အောက်က page တွေဆီကို အလွယ်တကူ သွားရောက် ပြုပြင်နိုင်ပါတယ်။

4.    Use Firefox add-ons

ဒီနေရာမှာတော့ အကီနိုက firefox browser ကို ရူးသွပ်နေသူဆိုတော့ firefox ရဲ့ add-ons တွေအကြောင်း ပြောမှာမို့ သင်ဟာ firefox user တယောက် မဟုတ်ရင်တော့ ဒီအချက်ကို ကျော်သွားနိုင်ပါတယ်။ အောက်ကပေးထားတဲ့ add-ons တွေဟာ သင့်ရဲ့ coding time ကို သက်သာ လွယ်ကူစေနိုင်ပါတယ်။

5.    Use HTML5 and CSS3

ဒီခေါင်းစဉ်ကတော့ ယနေ့နာမည်ကြီးနေတဲ့ sites တွေ blog တွေ သတင်းတွေ ebooks တွေမှာ အရေးများဆုံး အသုံးများခေါင်းစဉ်ပါပဲ။ ဘာကြောင့် HTML5  နဲ့ CSS3 ပြောင်းသုံးသင့်ကြောင်းကို Dive Into HTML5 နဲ့ Advanced CSS3 မှာ အသေးစိတ် ရေးထားပါတယ်။

6.    Put the share button or like button

ဒီအချက်ကတော့ အခုချိန်မှာ Search engine မှာ count တက်ဖို့ထက် facebook, twitter ကနေကိုယ့် site/blog link တက်ဖို့ရာ အခွင့်အလမ်းတွေ အများကြီးရနိုင်တဲ့အပြင် social network တွေရဲ့ ကြီးမားတဲ့ ဘုန်းတန်ခိုးနဲ့ကိုယ့် site ကို လူသိအောင်လုပ်နိုင်ပါတယ်။ ကိုယ့်ဟာကိုယ် ရေးမယ်ဆိုရင်တော့ code အချို့ကို နမူနာပေးထားပါတယ်။ CSS နဲ့ လိုသလိုပြုပြင်ပြီး အသုံးပြုနိုင်ပါတယ်။

Bookmark or Share This Post

Facebook

Twitter

7.    The final things are improve your quality everyday.

နေ့စဉ် အသစ်သစ်သော နည်းပညာများကို လေ့လာပါ။ အတွေ့အကြံုများကို မျှဝေပြီး ဗဟုသုတဖလှယ်ပါ။ Write documentation, make plan for your process, test your skill and take time for break အရေးကြီးဆုံး ချက်က အားလပ်ချိန်သတ်မှတ်ပြီး နားပါ။ အကီနိုတို့ဟာ ဦးနှောက်ကိုအသုံးပြုပြီး အလုပ်လုပ်နေရတဲ့သူတွေ ဖြစ်တဲ့အလျောက် ဦးနှောက်ကို အကြံဉာဏ်အသစ်၊ အတွေးအခေါ်သစ်တွေ ကွန့်မြူးနိုင်အောင် အားလပ်ချိန် ပေး၍ နားပါ။ အားလုံးပဲ programming မှာပျော်ရွှင်နိုင်ကြပါစေ။

Validator

Facebook comments:

One Response

1. Jia_Li (DragonVirus) says:

Thanks for the add-ons … they would be really helpful for me ..
Also the article is so great .. Thz ..

Leave a comment