ဘိဇနက်နှင့် ဘဝသံသရာ
ဒီဆောင်းပါးက နိုင်ငံတကာမှာ စီးပွားရေး လုပ်ငန်းကြီးတွေ ဘယ်ကနေ ဘယ်လိုစပြီး လက်ရှိအခြေအနေ ရောက်လာကြလဲ ဆိုတာကို ကျွန်တော် လေ့လာထားသမျှ knowledge တွေကို ကျွန်တော် နားလည်သလို ပြန်ရေးထားတာပါ။ မှားတယ်ထင်ရင် ထောက်ပြပြီး ၀င်ရောက် ဆွေးနွေး နိုင်ပါတယ်။ သဘောတရားတွေကို အတုံးလိုက်ကြီးတွေ ဘာသာပြန်သလို မရေးချင်လို့ ကိုယ်ပိုင် ဇာတ်လမ်း တစ်ခုဆင်ပြီး ရေးသွားပါမယ်။ စာက နည်းနည်းတော့ ရှည်လိမ့်မယ် ထင်တယ်။ ကော်ဖီလေး ဘာလေး သွားဖျော် ထားလိုက်ပါဦး။ ဖတ်ရင်းနဲ့ သောက်ရင်း တွေးလို့ ကောင်းအောင်။ အိုကေ။ စလိုက်ရအောင်ဗျာ။
ကျွန်တော်ခုချိန်ထိလုပ်ချင်ပြီး မလုပ်နိုင်သေးတဲ့ကိစ္စတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ကိုမြင့်ကျော်သူ တို့လို ကိုယ်ပိုင် game studio ထောင်ပြီး ကိုယ်ပိုင် ဂိမ်းတွေ ရေးချင်တာ။ မိဘအိမ်မှာ အလကား နေနေရတုန်းက ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒီ အချိန်ကတော့ အရင်းအနှီးရော နည်းပညာရော အားနည်းသေးတယ်။ အခုကိုယ်တိုင် ပိုက်ဆံရှာတဲ့အရွယ် ရောက်လာတော့လည်း ခုချိန်ထိ ဖြစ်အောင် မလုပ်နိုင်သေးဘူး။ နည်းပညာပိုင်း မှာတော့ လေ့လာနေခဲ့တဲ့ ၆နှစ်ကျော် သက်တမ်းနဲ့ ယှဉ်ရင် တိုးတက် လာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အရင်းအနှီးပိုင်း ကတော့ မထူးသေးဘူး။ မလုပ်နိုင်သေးပေမယ့် ခုနောက်ပိုင်းတော့ စီးပွားရေးပိုင်းတွေကို ဦးစားပေးပြီး ဆက်လေ့လာနေတယ်။ အဲဒီတော့ ဘာဖြစ်လို့ မလုပ်နိုင်သေးတာလဲ ဆိုတာကို စဉ်းစားကြည့်ရင်…
(၁) အချက် – initial capital မရှိတာ၊ ကိုယ်တစ်ယောက်တည်း ရေသောက် ဗိုက်မှောက်ပြီး ရေးနေလို့ ရပေမယ့် ဂိမ်းဆိုတာမျိုးက တစ်ယောက်တည်း လုပ်လို့မရ၊ အနည်းဆုံးတော့ ကိုယ်နဲ့အတူ လိုက်အနစ်နာခံမယ့် artist တစ်ယောက်တော့ ရှိဦးမှ။ ဒါပေမယ့် ကိုယ့်လောက် serious မဖြစ်ရင် ဘယ်သူမှ ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ artist အတွက် စပေးရတော့မယ်။ ကိုယ့်အတွက်ကို ဘာမှ ထည့်မတွက်ရင် တောင်မှ ကိုယ့်ကို မှီခိုနေတဲ့လူတွေ အနည်းနဲ့အများ ရှိနိုင်တယ်။ အဲတော့ သူတို့တွေအတွက် စဉ်းစားရင် ကိုယ့်ကိုယ်ကိုလည်း လစတစ်ခုတော့ ပေးမှရမယ်။
အင်း… ဒါဆိုရင်တော့ လခစား၂ယောက်နဲ့ ကုမ္ပဏီ တစ်ခုတော့ဖြစ်ပြီ။ ပထမဆုံး project တစ်ခုကို ၃လကြာမယ်ဆိုရင် ဒီ၃လအတွက် ဒီနှစ်ယောက်စာ ပေးနိုင်ဖို့ အရင်းအနှီး စလိုပြီ။ ဒါတောင် တစ်ခြား overhead cost တွေလို ရုံးခန်းတွေ ကွန်ပြူတာဖိုးတွေ မပြောသေးဘူး။ ကိုယ့်စက်နဲ့ ကိုယ့်ဟာကိုယ်ရေး ကော်ဖီဆိုင်မှာ မီတင်ထိုင်ပြီး ဆွေးနွေးရမယ့် အလုပ်စတိုင်။ (ဒီနေရာမှာ ကုမ္ပဏီ ထောင်တယ်လို့ပဲ အကြမ်း ရေးလိုက်တယ်။ ကုမ္ပဏီအမျိုးအစားတွေနဲ့ စင်္ကာပူက process တွေကိုတော့ နောက်အချိန်ရမှ သက်သက်ပို့စ်တစ်ခု ရေးပါမယ်။ Topic လွဲသွားမှာ စိုးတာရယ် ကိုယ်တွေ့မဟုတ်သေးတာရယ် ကြောင့်ပါ။)
(၂) အချက် – cash flow၊ ကဲ… စုထားတာ လေးတွေထုတ် ကိုယ့်ရှိတာတွေ ရောင်းချပြီး ဒီ၂ယောက်အတွက် ၃လစာ ပေးနိုင်ပြီ ဆိုပါတော့။ ဒီ၃လ အတွင်းမှာပဲ ကိုယ်တွေ လုပ်နေတဲ့ ဂိမ်းကြီးလဲ ပြီးသွားပြီ ဆိုပါတော့။ အင်း… ဆိုပါတော့တွေ သိပ်များနေပြီ။ ထားပါတော့။ ကိုယ့်ရှိသမျှ အရင်းလဲ ကုန်သွားပြီ။ ဂိမ်းကြီးကတော့ လက်ထဲမှာ ရှိနေပြီ။ ဘာ ဆက်လုပ်ကြမလဲ။ ဂိမ်းကြီး ပြီးသွားတာက ဇာတ်လမ်းရဲ့ တစ်ဝက်ပဲ ရောက်သေးတယ်လို့ ပြောလို့ရပါတယ်။ တစ်ကယ့် ကောင်းခန်းက အခုမှစတာလို့ ပြောလို့ရတယ်။ ဒီဂိမ်း ဘယ်လို ရောင်းမလဲ။ ဂိမ်းကနေ ပိုက်ဆံ ပြန်ရအောင် ဘယ်လို လုပ်မလဲ။ Marketing တွေလုပ်ရမယ်။ ကြော်ညာတွေ လုပ်ရမယ်။ ဒါတွေက ကိုယ်တစ်ကယ် ကျွမ်းကျွမ်း ကျင်ကျင် လေ့လာထားတဲ့ အပိုင်းတွေ မဟုတ်တော့ တတ်သိနားလည်တဲ့လူ ခေါ်ရမယ်။ ခက်တာက ကိုယ့်မှာက ပိုက်ဆံမရှိတော့ဘူး။
အဲတော့ ဒါတွေအတွက် အကုန်မခံတော့ပဲ ကိုယ့် ဝက်ဘ်ဆိုက်လေးမှာ တင်ရောင်း။ တစ်နေ့တစ်ခု ရောင်းရရင် ကံကောင်းပဲ။ ရင်းထားတာက တစ်ယောက်ကို လစာဒေါ်လာ၂၀၀၀နဲ့ပဲတွက်၊ ၃လစာ ၂ယောက် အတွက်က ၁၂၀၀၀ တောင်။ ဒီခေါတ်ကြီးထဲမှာ လူ၂ယောက် ၃လနဲ့ရေးခဲ့တဲ့ quality ဂိမ်းတစ်ခု ဒေါ်လာ၂၀နဲ့ ပြန်ရောင်းရရင်တောင် ကံကောင်း။ အရင်းပြန်ကျေ ဖို့တောင် အခု ၆၀၀ ရောင်းရမယ်။ အခု ၆၀၀ တော့ ရောင်းရနိုင်တယ်။ ဒါပေမယ့် ပြဿနာက နေ့ချင်း ညချင်း ရောင်းရမှာ မဟုတ်ပြန်ဘူး။ တစ်ရွေ့ရွေ့နဲ့ တစ်နေ့ နည်းနည်းချင်းစီ ရောင်းရမှာ။ ခက်တာက ကိုယ့်မှာက နောက်လအတွက် survive လုပ်ဖို့ မရှိတော့ဘူး။ ၀င်ငွေက ကုမ္ပဏီဆက် run နေဖို့ မကာမိတော့ဘူး။ သွားပြီ။ ကုမ္ပဏီဖျက်ပြီး လုပ်ထားတဲ့ ဂိမ်းလေး portfolio ထဲထည့် industry မှာ အလုပ်ထပ်ရှာ ရတော့မှာလား။
ဒီလိုတွေးကြည့်တော့ ဒီအထိစဉ်းစားမိပြီး မစမိတာပဲ ကံကောင်းသလိုလို။ Research တွေအရလဲ ၉၀ရာခိုင်နှုန်းသော start up တွေ entrepreneur တွေဆိုတာ ပြုတ်ကျတယ် ဆိုပဲ။ ဒါပေမယ့် ဒီက မဖြစ်ဖြစ်အောင် စချင်နေတဲ့လူ ကျန်တဲ့ အောင်မြင်တဲ့ ၁၀%ထဲ ပါချင်နေတဲ့လူကိုး။ အဲတော့ ဘာတွေ လုပ်လို့ရမလဲ ရှာရတော့မှာပေါ့။ နံပါတ် ၂ အချက်ကနေ စကြည့်ရအောင်။ Initial capital မရှိရှိတာနဲ့ စဖို့ထက် စပြီးရင် မပြုတ်သွားအောင် ထိန်းထားနိုင်ဖို့က ပိုခက်တယ်လို့ ကျွန်တော် ထင်တာကိုး။
Government Grants
စင်္ကာပူမှာတော့ ဒီလိုမျိုး project တွေအတွက်ဆို အစိုးရဆီက grant တွေ ရှိတတ်ပါတယ်။ ကိုယ့် business idea ချပြပြီး သူနဲ့သက်ဆိုင်တဲ့ grant လျှောက်လို့ ရပါတယ်။ ဒီ Grant တွေရဲ့သဘောက များသောအားဖြင့် approve ဖြစ်တယ်ဆိုရင် milestone base နဲ့ ပြန်ပေးတာပါ။ သဘောက ကိုယ့် project က ငါးသောင်း ကျမယ် ဆိုပါတော့။ ပထမ milestone အဆင့် အပြီးမှာ ကိုယ်ကဒီအဆင့်ထိ ရောက်အောင်တော့ ဘယ်လောက် သုံးလိုက်ပြီးပြီ ဆိုတာကို အထောက်အထားနဲ့ claim ပြန်တင်။ အစိုးရဘက်က ဒီ project ကို တာဝန် ယူထားတဲ့လူက လာစစ်။ စစ်ပြီးပြီ ဆိုရင် စောစောက ကိုယ့်ဘက်က တင်လိုက်တဲ့ amount ထဲက ဘယ်လောက် ကတော့ ပြန်ပေးဖို့ eligible ဖြစ်တယ် ဆိုပြီး ပြန်ထုတ်ပေးတဲ့ သဘောပါ။
တစ်ချို့ grant တွေကတော့ grant ရကတည်းက ပိုက်ဆံ စထုတ် ပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ အဲတော့ စင်္ကာပူမှာတော့ ကျွန်တော် သိသမျှ ကုမ္ပဏီ အသေးလေးတွေ (SME – Small & Medium Enterprises) ဟာ ဒီ အစိုးရ grant နဲ့ အသက်ဆက် နေရတာ များပါတယ်။ Grant ရအောင်လိုက်၊ ရတော့မှ project ကိုလုပ်။ ဒီ grant နဲ့လုပ်နေတဲ့ project အပြင် ကြားထဲမှာလည်း ပိုက်ဆံရနိုင်သမျှ project တွေ အကုန်လိုက်။ အစိုးရ project တွေ ရသမျှလိုက်။ ရသမျှ project အကုန်လုပ်။ grant အတွက် milestone deadline နီးလာတော့မှ အသည်း အသန် OT တွေ ဆင်းခိုင်းပြီး grant project ကို ပြီးအောင်လုပ်။ ဒီတော့ စလုံးရောက် ရွှေမြန်မာ ပရိုဂရမ်မာတွေ အိမ်ပြန်ချင်တယ် အော်ပြီး ငြီးနေကြတာ ဆန်းမလားဗျာ။ MNC (Multi National Company) တွေမှာမဟုတ်ပဲ local SME လေးတွေမှာ လုပ်နေရတဲ့လူတွေကတော့ မယုံရင် သွားသာမေးကြည့်။ ကိုယ်တွေ့ပဲ။ ဒီလို process ကြီးကို တော်တော်ရင်းနှီးနေကြတာ။ အဲဒီလို grant ရရင်တော့ စောစောကလို ဂိမ်းပြီးတဲ့အချိန်မှာ ဆက်လက် survive ဖြစ်ဖို့ အချိန်နည်းနည်းပိုရတာပေါ့။ ဒီ grant ကပြန်ရတဲ့ ပိုက်ဆံနဲ့ ဂိမ်းအသစ်တစ်ခုဆက်လုပ်ဖို့နဲ့ ပြီးသွားတဲ့ဂိမ်းကို marketing လုပ်ဖို့ အရင်းအနှီး ထပ်ရတာပေါ့။ ဒီ grant တွေက ပေါပေါလောလော လွယ်လွယ်ကူကူတွေ ပေးနေတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ team member ထဲမှာနိုင်ငံသား၊ PR စသဖြင့် ပါရမယ်။ Project ရဲ့ business opportunity ဘယ်လိုရှိတယ်။ အဲဒါတွေပေါ်မူတည်ပြီး ဖြစ်နိုင်ချေရှိတယ့် project တွေကိုပဲ ချပေးတာပါ။ အဲတော့ အိုကေ။ Option တစ်ခုအနေနဲ့ Government grant တွေ လျှောက်လို့ရတယ်။
Government grant တွေအပြင်ကော ကိုယ့် ကုမ္ပဏီအတွက် ငွေကြေး လိုအပ်ချက်ကို မြှင့်တင်ဖို့ တစ်ခြား ဘာတွေရှိဦးမလဲ ကြည့်ရအောင်။ ကျွန်တော် လေ့လာကြည့် သလောက်တော့ နံပါတ် ၁ အချက်ကို ပြေလည်ဖို့ ပြင်ပက အကူအညီ သိပ်မရှိပါဘူး။ အဖြစ်နိုင်ဆုံးကတော့ ကိုယ့်နဲ့ ဝါသနာတူ အတူတူတွဲပြီး develop လုပ်မယ့်သူ ပူးတွဲ အငတ်ခံပြီး ရှိသမျှ ပေါင်းထည့်မယ့် partner ဒါမှမဟုတ်ရင်တော့ …
F & F & F
နံပါတ် ၁ အတွက် ကိုယ့်မှာ လုံလုံ လောက်လောက် မရှိသေးရင် အားကိုးစရာ ကတော့ F & F & F ပါ။ လက်ဆုပ် လက်ကိုင်ပြစရာ သေသေချာချာ မရှိသေးတဲ့ start-up တစ်ခုမှာ ရင်းနှီးမြှုပ်နှံတာ F & F & F ပဲရှိတယ်လို့ ဆိုလေ့ ရှိကြပါတယ်။ F&F&F ဆိုတာ Friends, Families and Fools ကို ပြောတာပါ။ မိဘဆွေမျိုးတွေနဲ့ ဘော်ဘော်တွေ ဒါမှမဟုတ်ရင်တော့ ရူးနေတဲ့လူတွေပဲ ရင်းနှီးမြှုပ်နှံကြတယ်လို့ ဆိုလိုတာပါ။
ဒါပေါ့ဗျာ။ ရှုံးနိုင်ခြေ ၉၀% ရှိတဲ့ကိစ္စထဲ ပိုက်ဆံ ထည့်မှတော့ မရူးရင်တောင် အားနာပါးနာနဲ့ ထည့်လိုက်တာပဲ ဖြစ်နိုင်ပါတယ်။ အင်း… တစ်ကယ်တော့ ဒါလည်း option တစ်ခုပါပဲ။ Start-up တော်တော် များများအတွက် အဓိက initial capital source ကိုယ့်ရှိသမျှနဲ့ မလောက်ရင် ဒီလို ရင်းနှီးတဲ့ လူတွေဆီကပဲ ချေးရငှားရမှာပါ။ ကံကောင်းရင် အတိုးမပေး ရလောက်ပါဘူး။
ဆက်ပြီးတော့ ကိုယ့်ကုမ္ပဏီ ပေါက်စလေး အတွက် အရင်းအနှီး ရနိုင်တာ ဘယ်နေရာတွေ ရှိဦးမလဲ ကြည့်ကြည့်တော့…
အိုကေ၊ ဒီလိုနဲ့ နံပါတ် ၁ အတွက် စလို့ရပြီ ဆိုပြီး စကြမယ်။ ၃လလည်း ကြာကော ပိုက်ဆံတွေလည်း ကုန်ပြီ။ Product ကတော့ schedule အတိုင်း အတိအကျ ဘာပြဿနာမှ မရှိဘူး ဆိုရင်တော့ ပြီးလောက်ပြီ။ Schedule အတိုင်း complete အပြီးအစီး မဟုတ်ရင်တောင် တော်တော်လေးတော့ ရုပ်လုံး ပေါ်လာလောက်ပြီ။ ဒါပေမယ့် ရှေ့မှာလမ်းက အဝေးကြီး ကျန်သေးတယ်။ ပိုက်ပိုက်တွေလည်း အများကြီး လိုသေးတယ်။ ဘယ်က ဆက်ရှာကြမလဲ။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း F & F & F ဆီ နောက်တစ်ကျော့ ထပ်သွားလို့ ရနိုင်သေးတယ်။ ဒါပေမယ့် ဒီအဆင့်မှာ ကျွန်တော်တို့ အတွက် နောက်ထပ် option တစ်ခုရှိလာပြီ။ အဲဒါဘာလဲဆိုတော့…
Angels
Angel ဆိုလို့ ကောင်းကင်ဘုံက ရွှေတောင်ပံတွေနဲ့ နတ်သားလေးတွေ ပိုက်ဆံလာပေးဖို့ ဆုတောင်းခိုင်းမယ် ထင်နေဦးမယ်။ တစ်ကယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ နတ်ဘုရားတွေ ထက်တောင် ကျေးဇူးကြီး နိုင်လောက်တဲ့ အထက်အရပ်က ဘိုးတော်တွေလို့ ဆိုရင်လည်း မမှားပါဘူး။ စီးပွားရေး နယ်ပယ် အသီးသီးက အငြိမ်းစား လုပ်ငန်းရှင်ကြီးတွေ၊ CEO ကြီးတွေဟာ ပိုက်ဆံတွေ တစ်ပုံကြီးနဲ့ ဒီလိုမျိုး ကိုယ့် project နဲ့ပတ်သက်ပြီး ပြစရာလေးလဲ နည်းနည်းရှိ idea လေးလဲ ကောင်းတဲ့ start-up လေးတွေကို မစဖို့ စိတ်ဝင်စားတတ် ကြပါတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးတွေဆီကနေ အရင်းအနှီးရယူပြီး ကိုယ့်ကုမ္ပဏီအတွက် သုံးစွဲတာကို angel investing လို့ခေါ်ပါတယ်။
Angel investor တွေဟာ ငွေကြေးတစ်ခုတည်း ထောက်ပံ့နိုင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ အသက်အရွယ် အတွေ့အကြုံတွေဟာ start-up တွေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အကြံဉာဏ်တွေပါ ပေးနိုင်ကြပါတယ်။ ဒီလိုမျိုး angel investor တစ်ယောက်ဟာ ဒေါ်လာ တစ်သိန်းခွဲကနေ တစ်သန်းကျော်ထိ သူတို့စိတ်ဝင်စားတဲ့ အလားအလာ ရှိတယ်လို့ ယုံကြည်တဲ့ start-up တွေအတွက် အရင်းအနှီး ထုတ်ပေးနိုင် ကြပါတယ်။
အဲ… ဒီလူကြီးတွေ ဘာလို့ ဒီလောက် သဘောကောင်း ကြပါလိမ့်လို့ တွေးနေလား။ ဒီလောက် ရှုံးဖို့ များပါတယ်ဆိုတဲ့ အလုပ်ထဲကို ဘာကိစ္စ ပိုက်ဆံ ထည့်ပေး ကြတာလဲ။ ရှင်းပါတယ်။ ရှုံးဖို့များတဲ့အတွက် သူတို့အတွက်လည်း အမြတ်များများ လိုချင်ပါတယ်။ High risk high growth return ပေါ့။ သဘောကတော့ သူတို့အနေနဲ့ start-up သုံးခုမှာ ပိုက်ဆံထည့်လို့ ၂ခုက ရှုံးရင်တောင် ကျန်တဲ့ ၁ ခုက မြတ်တဲ့ ပမာဏက အရှုံး၂ခုထက် သာအောင် တွက်ချက်ပြီး အဲဒီ amount return ကို သဘောတူမှ deal လုပ်မယ့် သဘောပါ။
Angel တွေဟာ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို သုံးပြီး ရင်းနှီး မြှုပ်နှံကြတာ များပေမယ့် အခုအချိန်မှာ ဆိုရင်တော့ angel တွေဟာ သူတို့ network တွေနဲ့အတူ အဖွဲ့လိုက်တွေလည်း ရှိကြပါတယ်။ ဒါဆိုရင်တော့ ဒီအဆင့်ရောက်ရင် local region မှာ ဘယ် angel တွေရှိလဲ သူတို့ ဘယ်သူတွေနဲ့ အဖွဲ့ဖွဲ့ထားလဲ ဘယ်လောက်ထိ အရင်းအနှီး ရနိုင်လဲ အဲဒါတွေ လိုက်လံ ရှာဖွေကြတာပေါ့။
Angel တွေအပြင် joint venture လို့ခေါ်တဲ့ လုပ်ငန်း တူအချင်းချင်း ပူးပေါင်းပြီး အရင်းအနှီး ရယူတာမျိုးလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် အရမ်း ရှည်သွားမှာ စိုးလို့ joint venture အကြောင်းတော့ အသေးစိတ် မရေးတော့ပါဘူး။
ဒီလိုနဲ့ F&F&F ရဲ့ အကူအညီတွေ အထက်က angel ဘိုးတော်တွေရဲ့မစမှုတွေနဲ့ ကိုယ့်ဂိမ်းကြီး တစ်ကယ်ပဲ ပြီးသွားပြီ။ စျေးကွက်ထဲမှာ စတင် ထိုးဖောက် ရောင်းချရမယ့် အဆင့် ရောက်လာပြီ ဆိုပါတော့။ ထုံးစံအတိုင်း ပိုက်ပိုက်က ထပ်လိုပြန်ပါပြီ။ ဒီလောက်ထိ ပြီးလာပြီ ဆိုရင်တော့ စောစောက Angel တွေဆီကပဲ investment နောက်တစ် round ထပ်ဆွဲလို့ ရလောက်ပါပြီ။
ဒီကထပ်ရတာနဲ့ product launch လုပ်၊ စျေးကွက်ထဲ စရောင်း၊ ကြော်ငြာ ကမ်ပိန်းတွေလုပ် ဒါတွေ ဆက်လုပ်သွားရင် တောက်လျှောက် အထွက်တွေ ချည်းပဲရှိနေတဲ့ ကျွန်တော့်ရဲ့ start-up studio လေး ၀င်ငွေတွေ စမြင်ရပြီလို့ ပြောလို့ ရပြီပေါ့ဗျာ။ ဒီလိုနဲ့ ဝင်ငွေတွေက တစ်ဖြည်းဖြည်းနဲ့ breakeven ဖြစ်လာမယ်။ အမြတ်လေးတွေ စဝင်လာမယ်။ စောစောက မသေချာ မရေရာနဲ့ မစခဲ့တဲ့ ဘိုးတော်တွေ လဲပျော်၊ ဆွေမျိုးမိဘ ဘော်ဒါတွေလည်း အကြွေး ပြန်ရမယ် ဆိုတော့ပျော်၊ အရူးတွေလည်း ထကပေါ့ဗျာ။ ပုံပြောသလို ပြောလာတာ။ တစ်ကယ်တမ်း ကျွန်တော့် studio သာ ဒီအဆင့်ထိ ရောက်လာမယ်ဆို ကျွန်တော်လည်း ရူးသွားမလား မသိ။ ရူးသွားရင်တော့ ပြီးပြီပေါ့ဗျာ။ နောက်လူ ဆက်လုပ်တော့ပေါ့။ မဟုတ်ရင်တော့ ကျွန်တော် ဆက်လုပ်လို့ ရတာတွေ ရှိသေးတယ်ဗျ။ ဆိုပါတော့ တစ်ခြား console platform တွေအတွက် port လုပ်မယ်။ တစ်ခြား international market တွေကို ဆက်ဖောက်မယ် technology license တွေ ၀ယ်မယ် စသဖြင့်ပေါ့ဗျာ။ ဒါတွေ အတွက်ကလည်း ငွေမပါ မပြီးပြန်တော့ ပိုက်ဆံ လိုပြန်ပါရောလေ။
Organic growth
ဒါကတော့ ကိုယ့်ကုမ္ပဏီကရတဲ့ အမြတ်တွေကိုပဲ ကိုယ့်ကုမ္ပဏီထဲမှာ ပြန်ပြီး ရင်းတာကို ခေါ်တာ။ ရတဲ့ အမြတ်လေးတွေ ပြန်ရင်းတာ ဆိုတော့ ကိုယ် လုပ်ချင်တာတွေ ၀ုန်းဒိုင်း ထချလို့ မရဘူးပေါ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေးပဲ သွားရမှာပေါ့။ ဒီလိုဆိုရင်တော့ သိပ်စိတ်မရှည်ဘူး။ ရှေ့မှာ လုပ်ချင်တာတွေက မြင်နေရပြီ။ လိုနေတာက ပိုက်ဆံ။ ဒီတစ်ခါ ကိုယ်လိုတဲ့ ပမာဏတွေက angel တွေလဲ မတတ်နိုင်တော့ဘူး။ ဘိုးတော်ထက် မြင့်တဲ့ ဆီကို ချဉ်းကပ် ရတော့မှာကိုး။
Venture Capitals
Angel investor တွေလိုပဲ ပိုက်ဆံတွေ အများကြီးရှိတဲ့ အရင်းရှင်ကြီးတွေ venture capitalist (VC) တွေကလည်း သူတို့ရှိတဲ့ ပိုက်ဆံတွေစုပြီး ရင်းနှီး မြှုပ်နှံမှုတွေ လုပ်တတ်ကြတယ်။ Angel တွေနဲ့ မတူတာက VC တွေက တစ်ယောက်ချင်းစီ သူတို့ ရှိတာလေးတွေ ရင်းကြတာထက် သူတို့လို အရင်းရှင်တွေ လူစု ရှိသမျှ ပိုက်ဆံတွေ စုပြီး VC fund ဆိုတာမျိုး လုပ်ကြတယ်။ ဒီ VC fund တွေမှာ ဒေါ်လာ၂၅သန်း ကနေ ဘီလီယံနဲ့ ချီပြီးတော့ ရှိနိုင်တယ်။ သူတို့တွေကလည်း angel တွေလိုပဲ high growth high risk start-up တွေမှာ ရင်းနှီးဖို့ စိတ်ဝင်စားကြတယ်။ Angel တွေအနေနဲ့ ကိုယ့်ကုမ္ပဏီထဲမှာ ပိုက်ဆံ ဒီလောက်ထည့်ပြီးရင် အမြတ်ရရင် ငါနဲ့ ဘယ်လောက် ဆိုင်တယ် ဆိုတာလောက်ပဲ စိတ်ဝင်စားပေမယ့် VC တွေကတော့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ business decision တွေမှာပါ ၀င်ရောက်ပါ၀င် ဆုံးဖြတ်ချင် တတ်ကြတယ်။
တစ်ချို့ VC တွေက angel တွေလိုပဲ early-stage start-up တွေမှာ ၀င်ရောက် ရင်းနှီး မြှုပ်နှံ တတ်ကြပေမယ့် များသော အားဖြင့်တော့ product ကောင်းကောင်း ရှိပြီးသား လုပ်ငန်း ချဲ့ထွင်ချင်တဲ့ expanding company တွေမှာသာ ရင်းနှီးမြှုပ်နှံ တတ်ကြတယ်။ အဲတော့ hit ဖြစ်သွားတဲ့ game title တစ်ခုရှိပြီ ဆိုရင်တော့ VC တွေ ရှာသင့်တဲ့ အချိန်ပေါ့ဗျာ။ တစ်လောက Zynga ရဲ့ investment round မှာ သန်း ၃၀၀ ကျော် ထပ်ရ လိုက်တယ်လို့ ဖတ်ရတယ်။ ဒါတွေဟာ ဒီလို VC fund တွေကနေ တစ်ဆင့်ရတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်မှာပေ့ါ။
ရင်းနှီးမြှုပ်နှံမှုတွေက ပိုက်ဆံတွေ အများကြီး ၀င်လာတော့ လုပ်ချင်တာတွေ ဆက်လုပ်။ ပြီးသွားတဲ့ စောစောက ဂိမ်းကိုလည်း တစ်ခြား market တွေမှာ ဆက်ဖောက်။ platform အသစ်တွေ အတွက်လုပ်။ ဂိမ်းအသစ်တွေလည်း ဆက်ရေး။ ကိုစည်သူလဲ မအားမလပ်လောက်အောင် အလုပ်တွေများ။ Myanmar Tuts က ကိုသီဟကလည်း လိုက်ပြီး အင်တာတွေဗျူး။ အင်တာဗျူး ပါလာတော့ Myanmar Tuts လဲ traffic တွေအရမ်းရနဲ့။ အားလုံး ပျော်နေကြတာ ပေါ့ဗျာ။ တစ်ဖြည်းဖြည်းနဲ့ အချိန်လေး နည်းနည်းလဲ ကြာလာကော စောစောက ပြီးထားတဲ့ ဂိမ်းကလဲ အရောင်းက တစ်ဖြည်းဖြည်းနဲ့ ကျလာပါရောလား။ ဂိမ်းအသစ်ကလည်း မထွက်နိုင် သေးဘူးလေ။ ခေါ်ခန့်ထားတဲ့ ၀န်ထမ်းတွေ ကလည်း တစ်အား များနေပြီ။ တစ်လ တစ်လ အသုံး စရိတ်တွေက ဒေါ်လာတွေ သန်းနဲ့ချီပြီး ကုန်နေပြီ။ ဒါပေမယ့် အားလုံးကတော့ အခုလုပ်နေတဲ့ ဂိမ်းအသစ်ကြီး ထပ်ပြီးသွားရင် ကိုစည်သူ့ ကုမ္ပဏီကြီး ဒီထက် အဆမတန် အောင်မြင်သွားမယ် ဆိုတာ ယုံကြည် နေကြတာ။ ခေါင်းစား နေတာက ကျွန်တော်။ ဒီစရိတ်ကြီးကို ဒီဝင်ငွေနဲ့ ဘယ်လို ဆက်သွားမလဲ။ ခေါင်းထဲက အိုင်ဒီယာ အသစ်တွေ လုပ်ငန်းအသစ်တွေ ဘယ်လို ဆက်ချဲ့မလဲ။ အင်း… ပိုက်ဆံ… ပိုက်ဆံ… ဘာထပ်လုပ်ရမလဲ?
ဆက်ပါဦးမယ် …
Facebook comments:








Read It Later ထဲမှာ ကောက်ထည့်ထားလိုက်တယ်ဗျာ.. အခုတော့ World Cup ကြည့်နေလို့
awesome writing … =) waiting… next part..
publisher ကိုကိုပေါ့… ကိုးရီးယားကား ရိုက်တာ…
Thanks
Singapore has two types of government grants, one is from organizations like Springs and others from MDA, IDA. For Springs grant, you have to invest with your own fund first then claim back all the expenses.
Angel Investors are rare and hard to find now a day, exactly for new start-ups without any track records. If you do not have any business or management experience, VCs are good. Most VCs are also interested in investing in early stage start-ups (such as Y-Combinator) but please be careful about VCs as most of them are capitalists and always looking forward to have high stakes in your business.
Technology start-ups are very difficult to receive loan from the bank or financial institutions so VCs and Angel Investors are the only choices. Remember to have a concret business plan and models before meeting potential investors. Do a market research for competitors and make sure your product or service stands out from them. Great idea are still a catch for VC but please have your monetization strategy ready as well.
Thanks. Really handy advices. Appreciate it. Thinking for YES! and Ideas Challenge from NTU. Hope I become PR before I turn 26.
ရန်ကုန်မှာကော နတ်သားကြီးတွေ နဲ့ ဗီစီ ဦးလေးကြီးတွေ ရှိနိုင်ဘူးလား။
အရမ်းကောင်းတယ်ဗျို့။ ဇာတ်လမ်းသွားလေးနဲ့ ဖတ်ရတော့ မပျင်းဘူးဗျာ။ တော်တော်ဖတ်လို့ကောင်းတယ် ၊ ပေးချင်တဲ့ Message လည်း တန်းကနည်း ခေါင်းထဲရောက်ရော။
နောက်တစ်ပိုင်း မျှော်နေပါတယ်။
Thanks
I have proposed the idea of having a development fund for Burmese developers and start-ups to a group of Burmese developers/entrepreneurs/professionals based in Singapore. If the plan materializes, Burmese developers will be able to apply funds for their development or projects.
That’s the great idea …
Burmese Developers in Singapore? or in Myanmar?
We will start one by one (with developers that we know first), it will be sort of a VC fund, but the profit will go back to the fund itself instead of people who put in the initial capital.
the profit will go back to the fund itself instead of people who put in the initial capital is also great idea.
Nice move. Really proud of you for always thinking about fellow Burmese. Cheers!
Si Thu doh ka tot lote cha lite pyan p.. Mite tal….
အိုင်ဒီယာတွေဖွင့်ချတာ သဘောကျအလွန်ကျပါတယ်။
သဘောထားကွဲလွဲတဲ့ အပိုင်းလေးတွေလဲရှိပါတယ်။ ၁ အချက်ရှိသင့်တဲ့အရာ ဟာ ပိုက်ဆံထက် Business Plan ဖြစ်သင့်တယ် ထင်ပါတယ်။ စာထဲမှာ တိုက်ရိုက်ထည့်မရေးပေမယ့် အချက် ၂ မှာ Business Plan ကို စဉ်းစားထားတာကိုတွေ့ရပါတယ်။
Game တစ်ခုကို သုံးလလောက် ရေးပြီးမှ၊ ဘယ်မှာရောင်းရမလဲ ဘယ်သူဝယ်မှာလဲ စဉ်းစားတာထက်၊
မရေးခင်ကတည်းက ဒါမျိုးစဉ်းစားသင့်ပါတယ်။ Market analysis ပေါ့။ ဒါမှမဟုတ် ရေးနေဆဲမှာကို Market ကိုလေ့လာပြီး လိုအပ်သလို ပုံသွင်းရင် Market မှာ demand ရှိတဲ့ product ကိုရမှ ရောင်းနိုင်မှာပါ။
ကိုယ့်မှာ unique ဖြစ်တဲ့ idea သို့မဟုတ် technology မရှိရင် Trend နောက်ကိုလိုက်သင့်ပါတယ်။
ဒါမျိုးက ပိုက်ဆံမြန်မြန်ဖြစ်တယ်လေ။ တစ်ခါတစ်လေလည်း လုပ်ငန်းအောင်မြင်မှုဟာ ပိုက်ဆံရတာမျိုးမဟုတ်ပါဘူး။
လူသုံးများ၊ လူသိများလာလည်း အောင်မြင်မှုပါ။
နောက်ပြီး Investor တွေရှာရာမှာလည်း Business Plan နဲ့ ကိုယ့်လက်ရှိ အခြေအနေ (progress) ကိုပြနိုင်မှလည်း
သူတို့က စိတ်ဝင်စားမှာပါ။ ဆိုလိုတာက… ကဲငါဒီလို plan လုပ်တယ်၊ ခုဒီအခြေအနေရောက်နေပြီ၊ plan အတိုင်းဖြစ်တယ်
ကဲ ခုပိုက်ဆံလိုတယ်။ နောက်ဘယ်လောက်မြတ်မယ်။ စသည်ဖြင့် ယုံကြည်လောက်အောင် ပြစရာရှိဖို့လည်းလိုပါတယ်။
Investor တွေကြည့်တဲ့ အချက်ထဲမှာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ အပြင်၊ ကိုယ့်လုပ်ရည်ကိုင်ရည်ကိုလည်း
အကဲဖြတ်ကြတယ်ဆိုတာ လည်းနည်းနည်းဖြည့်ပြောချင်ပါတယ်။
ဆက်ရေးပါဗျာ။ ကျွန်တော်တို့လည်း တွေးစရာလေးတွေရတယ်ဗျ။
nice comment also. Thanks.
အင်း.. ဟုတ်တယ်ဗျ.. agree with you… ဒီဆောင်းပါးရေးတာက ဒီ angel တို့ VC တို့ stock တို့ အဲဒါတွေကို ရှင်းချင်လို့ စခဲ့တာ… အဲဒါကို angel ဆိုတာ ဒါဖြစ်ပါတယ်ဆိုပြီး တိုက်ရိုက်ကြီးရေးတာထက် ပျင်းစရာမကောင်းအောင် case တစ်ခုလုပ်ပြီးရေးလိုက်တာ… အဲတော့ ဒီအဓိကဇာတ်လိုက်တွေကို နေရာပေးဖို့ဆိုတော့ ဇာတ်လမ်းမှာအလွဲလေးတွေ ပါသွားတာပေါ့ဗျာ… ကိုသာသာ ကွန်းမန့်ကလည်း တွေးစရာလေးတွေ ထပ်ပေးတဲ့အတွက် ကျေးဇူးပါ…
လာရောက်လည်ပတ်သွားပါတယ်ခင်ဗျ…………
အားပေးပါတယ်…..ဒီလိုဘဲတွေ့လို့ဝင်ကြည့်တာရေးသားချက်လေးတွေကောင်းပါတယ်..
နောက်လည်းများများရေးနိုင်ပါစေခင်ဗျ………………
ကျွန်တော်လည်း တွေးစရာတွေ အများကြီးရတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ အရင်ပြောချင်ပါတယ်။
ကျွန်တော်ကတော့ ပြည်တွင်းအမြင်ပါ။ တကယ်တန်း ကျွန်တော်တို့အနေနဲ့ Government Grant တွေ ရှိလာမယ် ဆိုရင် အဲဒီတစ်ခုတည်းနဲ့ တက်နိုင်တဲ့ Startups လည်းမက Corporation လည်း မကျသေးတဲ့ Business တွေ အများကြီးပါပဲ။ ဒါပေမယ့် တော်တော်များများက ဒါဏ်မခံနိုင်လို့ ပြုတ်ကုန်ကြတာ များပါတယ်။ Angels တို့ VC တို့ ရှာဖို့ဆိုတာ တော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ ဒီတော့ 3F ထဲမှာ လည်နေကြပါတယ်။ VC တွေအနေဲ့လည်း Startups တွေမှာ မြှတ်နှံတာထက် တကယ့် Run နေတဲ့သူတွေ အောင်မြင်နေတဲ့ သူတွေကိုသာ ပံ့ပိုးလိုကြပါတယ်။
ဒါပေမယ့် ဒီဆောင်းပါးကို ဖတ်ပြီး ဒါမျိုးတွေလည်း ရှိပါသေးလားဆိုတဲ့ အမြင်တွေ Startups တွေမှာ ရှိလာတယ်ဆိုရင် ကျွန်တော်တို့အတွက် အင်မတန် အားရှိရပါတယ်။ ကျွန်တော်တို့တွေ အနေနဲ့ Practical ဖြစ်ဖို့ထက် Educate ဖြစ်ဖို့ တောင်အများကြီး လိုနေသေးတယ်လို့ မြင်ပါတယ်။ အခုလို Educate လုပ်ပေးတဲ့အတွက် ကိုအောင်စည်သူကျော်ကို Myanmar Tutorials ကနေ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ဗျာ… ကျွန်တော်လည်း ကိုယ်ပိုင်ဘလော့မှာ ရေးတာထက် ဒီလိုမျိုးဆိုက်လေးတွေမှာ ရေးရတာ ပိုသဘောကျတယ်… ရည်ရွယ်ချက်က လူများများဖတ်နိုင်ဖို့ပဲ မဟုတ်လား… နောက်ပြီး ကိုယ်ပိုင်ဆိုက်မှာ ကိုယ်တင်ချင်တာတင်လို့ရပေမယ့် အရွေးခံပြီး publish လုပ်ခံရတယ်ဆိုတာလေးကို ခံစားချင်လို့လဲ ပါတာပေါ့ဗျာ။ ဂိမ်းတစ်ခု publish လုပ်တဲ့ feeling ကရှားတာကိုး…
Thank you as well
မင်း အဲဒီ့ စိတ်က ခုထိရှိတုံးပဲကို ဝါသနာ ပေါ်မူတည်ပြီ စီးပွားရှာရတာသိပ်တော့မလွယ်ဘူးကွ။ ငါလဲ စိတ်ပဲရှိတယ် တကယ်ဖြစ်မလာသေးတော့။ မင်းပြောထားတာ ငါမှတ်မိသေးတယ် ဘဏ်က ငွေ ဆွဲပို့ကိစ်စ။ ငါ ဆွဲကြည့်သေးတယ်။ အတိုးက မသက်သာဘူး။ မင်းမှာ စိတ်အရမ်းသန်တဲ့ IDEA တွေရှိရင် Proposal ပေး ရန်ကုန်မှာ ငါ အသိ ဘောစီတစ်ယောက်တော့ရှိတယ်။ ငါတို့ ကြိုးစားကြည့်တာပေါ့။
@zms – ဖြစ်နိုင်ရင်တော့ မြန်မာပြည်က အရင်းရှင်တွေနဲ့ မလုပ်ချင်ဘူး… အဓိကကတော့ စာအုပ်ကြီးအတိုင်း လုပ်လို့မရပဲ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းတွေအများကြီး ပါလာလို့… ဒီမှာတွေက သိချင်တာရှိ အွန်လိုင်းတက်ကြည့်… ဘာလုပ်ဘာလုပ် ပြောထားတဲ့အတိုင်း လုပ်ယုံပဲဆိုတော့ ပိုလွယ်တာပေါ့…
ပိုက်ပိုက်က အရေးအကြီးဆုံး။ ပိုက်ပိုက်မရှိရင် ဘာမှလုပ်လို့ မရဘူး။ Without investor or government grant, it is too difficult to survive for start-up or small company. If you don’t have enough money for company expenses about 1 year, better do not start.
Do not try to do IT business especially software development in Singapore. Better try to do trading, export/import in Singapore. Finally, the purpose of doing business is to earn money. It does not matter you do IT biz or Trading biz.
Cheers!
Do not try to do IT business especially software development in Singapore? Why this discouragement? Does Google started to earn money? How about Facebook? Many successful start-ups did not even have solid business plan or monetization strategy when they started off, they all began with passion and interest to provide solutions to existing problems.
Ko Aung ရေ… ပိုက်ဆံရှာဖို့အတွက်ကတော့ ဟုတ်ပါတယ်ဗျာ… ဒါပေမယ့် ကျွန်တော်တို့က ပိုက်ဆံအပြင် လုပ်ချင်တာလုပ်ရဖို့အတွက်ကိုလည်း အားသန်နေတာ… ကိုယ်တွေ့တွေအရ ဒီလိုအကြံပေးတယ်လို့ လက်ခံပါတယ်… အောင်မြင်ဖို့မလွယ်ပေမယ့် လွယ်တဲ့အလုပ်ကလဲ ဘာရှိလို့လဲဗျာ… အကုန်လုံးကတော့ အခက်အခဲတွေနဲ့ ချည်းပါပဲ… အဲတော့ လုပ်ချင်တာလေးလုပ်ရင် ကြိုးစားဖို့ပိုအားသန်တာပေါ့ဗျာ… တစ်ခေါက်နဲ့ မနိုင်တော့လဲ သင်ခန်းစာယူပြီး ပြန်စတာပေါ့… Cheers!
yes,…. တစ်ခေါက်နဲ့ မနိုင်တော့လဲ သင်ခန်းစာယူပြီး ပြန်စတာပေါ့…
Cheer!!!! we have a same dream
Agreed with Ko ASTK. Money is not important! Well, it’s important up to a point that you get feed regularly. But after that point, what’s more important is you enjoy what you are doing. I like the Steve Jobs’s quote. You gotta do what you enjoy to do even if it is not successful in the end. At least you get enjoyment from it.
Great post!!!
Super jood article! But it seems a little bit out of reach for \normal\ folks here in MM
But do keep it up! Hope to continue to read more!
ဆက်ရေးပါဗျာ…နောက်လာမယ့် အပိုင်းလေးတွေ ပေါင်းစပ်ပြီးမှ
ကော်မန့် ရှည်ရှည်ရေးမယ်ဗျာ…း)
ကျွန်တော်အတွေ့အကြုံလေးလဲ share ချင်ပါတယ်။ လူတွေက ကိုယ့်မှာ idea ကောင်းတခုရှိတယ်၊ ဝုန်းထိုင်းကျဲ ထလုပ်ချင်တယ်။ စိတ်မရှေချင်ဘူး။ တကယ်တော့ ပထမအဆင့် ကိုယ်က ကိုယ်လုပ်ချင်တဲ့ field ကိုလေ့လာရမယ်။ တခြား article မှာ ကိုအောင်စည်သူရေးထားတဲ့ Virtual Currency နဲ့ Forex မှာဆော့သလိုပေါ့။ ဒါလေ့လာတာ။ ရှုံးလဲ ကိစ္စသိပ်မရှိဘူး။ ခုထိ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာတဲ့ ကျောင်းသားဘဲ ရှိသေးတယ်။ တကယ် “ထ”မလုပ်သေးဘူး။ ဒါဒီ (game) industry ထဲမှာလုပ်စားနေတာ ၅ နှစ်နီးပါးရှိတော့မယ်။ ဒီကြားထဲမှာ မြတ်တာတွေလဲရှိတယ်၊ ရူံးတာတွေလဲ ရှိတယ်။ ဆုံးဖြတ်ချက် မှားတာတွေလဲရှိတယ်။ ရူံးတာမှ ဒေါ်လာ သောင်းကနန်းအထိ ရှုံးတယ်။ ဒါပေမဲ့ အမြတ်ထဲက ရှုံးတာ။ ကိုယ့်ပိုက်ဆံ တပြားမှ မကုန်သေးဘူး။ အမြတ်တွေ အကုန်ရှုံးသွားလဲ ကိစ္စမရှိဘူး။ Virtual Currency နဲ့ ဆော့သလိုပေါ့။ အနဲဆုံး ကိုယ့်မှာ exp တွေကျန်ခဲ့တယ်။ တကယ်တတ်သွားပြီ။ “ထ”လုပ်ပြီ။ အဲဒီအခါကျ၊ မေးခွန်းတွေ ပြန်မေးနေစရာ မလိုတော့ဘူး။ မေးခွန်းတွေ အတွက် ကိုယ့်မှာ အဖြေရှိနေပြီ။ ကျောင်းတုန်းက စာမေးပွဲဖြေရင် အရင် စာသင်ပြီးမှ ဖြေရတယ်။ ဘဝမှာ စာမသင်ဘဲ စာမေးပွဲဖြေချင်ကြသူတွေက များတယ်။
nice comment.
” ရူံးတာမှ ဒေါ်လာ သောင်းကနန်းအထိ ရှုံးတယ်။ ဒါပေမဲ့ အမြတ်ထဲက ရှုံးတာ။ ကိုယ့်ပိုက်ဆံ တပြားမှ မကုန်သေးဘူး။ အမြတ်တွေ အကုန်ရှုံးသွားလဲ ကိစ္စမရှိဘူး။ ”
Thank you.
>>ဘဝမှာ စာမသင်ဘဲ စာမေးပွဲဖြေချင်ကြသူတွေက များတယ်<<
nice comment. Thank you.
[...] ဘိဇနက်နှင့် ဘဝသံသရာ [...]
Bravo!
ကိုစည်သူ နောက်ရေးမယ့် game ကို အဲဒီ့ အကြောင်းကို game ပုံစံနဲ့ ကစားလို့ ရအောင်ရေးပါလား။
ခက်တာက ဘယ်သူတွေ ကစားမလဲ။ ကလေး တွေကတော့ ကစားမှာ မဟုတ်ဘူး။
Cheer!
Zack
cashflow ဆိုတဲ့ board game တစ်ခုရှိတယ်… ဆော့တော့မဆော့ဖူးဘူး…
အရာအားလုံးကတော့ money မဖြစ်သင့်ဘူးထင်တယ် (ဟိဟိ ငြင်းတာဟုတ်ဘူးနော်..
)…… risk and confidence ဆိုတာလေးရှိမယ်ဆိုရင် နေရာတခုမှာ ရသလေးတခုတော့ ရနိုင်မယ်…. ကိုယ် ့အခြေနေလေးတခုကိုလည်း ထင်ဟပ်လာနိုင်မယ်….ကျနော်ရဲ ့ ပိစိကွေးအတွေးလေးပါ…
Well, very good idea and fact that think about.
Thanks you very much.
Great post Ko Aung Sithu! I am looking forward to reading part 2 and 3 maybe …
We all have to do a lot of bootstrapping as early-stage entrepreneurs. But I suggest using “Sweat Funding” option. Why I called “Sweat Funding” is because it is your sweat (hard-earned) money working oversea mostly. If you can pull a few people who are interested in “Sweat Funding,” you can ask them to invest $100/month for let’s say 6 months. Then you will hire developers in MM and you will focus on developing a product or service as a producer or PM. Your goal should be timely delivery of final product. The concept is that a group of dreamers are working their day-jobs to keep their bills paid and put a fraction of money to this venture and try to leverage outsourced development opportunity to realize their dream. Risks are also diversified since a number of people are invested. Very similar to your FFF investors, but this one try to project those fools as smart ones
[...] ရေးထားတဲ့ ဘိဇနက်နှင့် ဘဝသံသရာ (၁) နဲ့ (၂) ကို [...]
[...] ဘိဇနက်နှင့် ဘဝသံသရာ (671 views) [...]