အခြေခံအကျဆုံး Programming ဆိုင်ရာ အတွေးများ (၂)
အရင် ပို့စ်မှာတုန်းကတော့ ကျွန်တော်က မောင်အောင်နဲ့ ကျွန်တော် ပုံစံမျိုးရေးခဲ့ပါတယ်။ အဲ ဒီတစ်ခါတော့ ကျွန်တော်က စာသင်ပေးတဲ့ ဆရာနေရာက နေတော့မယ်။ (ကိုယ့်စာထဲမှာဆိုတော့ ခပ်တည်တည် ဆရာပေါ့။) မောင်အောင်က ဆယ့်နှစ်နှစ် နှစ်အရွယ်ပဲ ရှိသေးတယ် ဆိုပါတော့။ သူကတော့ တွေးရတာ အင်မတန် ဝါဿနာ ပါတယ်ခင်ဗျ။ သူ့အိမ်မှာလည်း ကွန်ပျူတာ ရှိတော့ C++ ဆိုတာနဲ့ Program လေးတွေကို သူ့အကိုတွေ အကူအညီနဲ့ ရေးလေ့ရှိတယ်။ သူက သူ့သူငယ်ချင်းတွေကို သွားကြွားလာတယ်။ သူ Program တွေ ရေးနိုင်တဲ့ အကြောင်းပေါ့။ ဒီလိုနဲ့ သူ့ သူငယ်ချင်းတွေ ကျွန်တော့်ဆီ ခေါ်လာတယ်။ မောင်ပြုံး၊ မောင်လုံးနဲ့ မစု ဆိုပြီး ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ သူတို့လည်း Programming သင်ချင်တယ်တဲ့။ သူတို့တွေ အားလုံးက ရွယ်တူတွေပဲ။
ကဲ ဟုတ်ပြီဗျာ … မောင်အောင်က ရေးဖူးပြီးသားဆိုတော့ သူငယ်ချင်းတွေကို ပြန်ရှင်းပြလိုက်ဆိုတော့ မောင်အောင်က သူ့သူငယ်ချင်းတွေကို အာဘောင်အာရင်း သန်သန်နဲ့ ရှင်းပြပါတယ်။
“ကဲ ဆရာတို့ သဘောပေါက်ပြီးလား၊ ပေါက်ရင် မောင်ပြံုးက အစား အတွက်ရေး၊ မောင်လုံးက အနှုတ်အတွက်ရေးဗျာ၊ မစုကတော့ အမြှောက် အတွက် ရေးပေါ့။ မောင်အောင်ကို ဉာဏ်စမ်းရမယ်။ ဂဏ္ဍန်းသုံးလုံး ပေါင်းပြပေတော့၊ ရနိုင်မလား”
“ရတာပေါ့ဗျာ (ရှင်)” ဆိုပြီး အားတက်သရော ပြောကြလေရဲ့။
ကဲ ဒါကတော့ မောင်ပြံုး ရေးထားတဲ့ Program ပါ
Program Start
a, b and c are numbers
ask for a
ask for b
c <- a / b
print c
Program End
ဒီလိုနဲ့ အားလုံး အဆင်ပြေပြေ ရေးနိုင်ကြတာ တွေ့ရပါတယ်။
“ကဲ ဆရာတို့၊ ဆရာတို့ရေးနိုင်တယ် ဆိုတာ ပေါင်နှုတ်မြှောက်စားလေးတွေ ပြောင်းတာလေးတင် လုပ်ရတာ ဆိုတော့ ရေးနိုင်ကြတာပေါ့။ လွယ်တာကိုးဗျ။ ဒါပေမယ့် အဲဒီလို တွေးတတ်တာကို Alternative Thinking လို့ ခေါ်တယ် ဆရာတို့။ အော်ထာပေါ့။ ခုခေတ် အခေါ်အရဆို အော်ထာပေါ့ဗျာ။ ဒီနည်းနဲ့ ဆက်စပ်ပြီး တစ်ခြားနည်းကို တွေးတတ်တာပေါ့။ ဒါပေမယ့် ဆရာတို့က မောင်အောင် ရေးပြတာကို ကြည့်ပြီး ဆက်စပ် တွေးကြတာကိုး။ ဒီတော့ အဲဒီလို ဆက်စပ်ပြီး တွေးတတ်တာကို ဆက်စပ်တွေးနည်းလို့ ခေါ်တယ်၊ မှတ်ထားပါ ဆရာတို့”
ဒီတော့ မစုက “ဟာ … ဆရာကလည်း သမီးတို့ကို ဆရာ၊ ဆရာဆိုပြီး မခေါ်ပါနဲ့။ ငရဲကြီးပါ့မယ်။”
“ဟာ ငရဲမကြီးပါဘူးဗျာ။ ဆရာတို့လို့ ခေါ်တာ အကြောင်းရှိတယ် မစုရဲ့။ နည်းပညာသမားတွေဆိုတာ နောက်ပေါက်တွေက ရှေ့ကလူတွေထက် ပိုပို တော်လာတတ်တယ်။ နည်းပညာ သမားနဲ့ မြွေ ငယ်တယ်ဆိုပြီး အထင်မသေးရာ တဲ့။ မစုရဲ့ မြွေကို ငယ်တယ်ဆိုပြီး သွားကိုင်ရင် အဆိပ်ရှိတဲ့ မြွေဆို ပေါက်မှာပဲ။ မစုတို့ကို ငယ်တယ် Computer မှာ မတော်ဘူးလို့ အထင်သေးလို့ မရဘူးကွယ့်။”
တစ်ချိန်လုံး စကားမပြောပဲ ပါးစပ် အဟောင်းသားနဲ့ နားထောင်နေတဲ့ မောင်လုံးက
“ဒါဆို ကျွန်တော်တို့က နောင်ဆို ဆရာထက် တော်လာမှာပေါ့”
“သေချာတာပေါ့ ဆရာတို့ရယ်။ ကဲပါ စကားများနေတာနဲ့ မောင်အောင် ရေးထားတာ မကြည့်ရသေးဘူး။ မောင်အောင်ရေ … ရေးလို့ ရလားဟေ့။ ရေးလို့ရရင် ဘယ်လို စဉ်းစားလဲ ရှင်းပြပါဦးဟ”
“ဒါများ လွယ်လွယ်လေး။ ဂဏ္ဍန်းက သုံးလုံးဆိုတော့ နောက်ထပ် ဂဏ္ဍန်း တစ်လုံးတိုးလာတယ်လေ။ ဒီမှာ ကျွန်တော် ရေးထားတဲ့ Program”
Program Start
a, b, c and d are numbers
ask for a
ask for b
ask for c
d <- a + b + c
print d
Program End
မောင်အောင်က သူရေးတတ်တာကို သူ့သူငယ်ချင်းတွေ သိသွားပြီ ဆိုတော့ မိန့်မိန့်ကြီး ပြံုလို့ပေါ့။
“ကဲ ဒီတစ်ခါတော့ ဂဏ္ဍန်း နှစ်လုံးကို ပေါင်းမယ်၊ ပြီးရင် ဂဏ္ဍန်း တစ်လုံးကို နှုတ်မယ်ဗျား၊ ကဲ လေးယောက် ရေးပေတော့။”
ဒီတော့ မစုက “အင် … သမီးတို့ လေးယောက်စုပြီး မရေးချင်ပါဘူး။ တစ်ယောက်ချင်းစီ ရေးမယ်လေ။ တစ်ယောက်ချင်းစီလည်း ဒီလောက်တော့ စပျော့ပါ။”
“အောင် မစု၊ ဆရာမလေးရယ် အဲဒီလို လေးယောက် စုရေးခိုင်းတယ်ဆိုတာ အကြောင်းရှိတယ်။ အဲဒီလို Program တွေကို တကယ်ရေးတော့မယ် ဆိုရင် တစ်ယောက်တည်း ရေးလို့မရဘူး။ အများကြီး သူ့အပိုင်းအလိုက် စုရေးကြရတယ်။ အဲဒီလို စုရေးတတ်ဖို့ ဆိုတာ ပူးပေါင်းဆောင်ရွက် တတ်ဖို့ လိုတယ်။ ဒါကြောင့် စုရေးခိုင်းတာပါ ဆရာတို့ရယ်။”
“အဲဒါကြောင့် ငါပြောပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်လို့။ မောင်အောင်တို့ ခြံထဲက သရက်သီး တက်ခိုးတုန်းက နုင့်တို့မကူလို့ ငါအရိုက် ခံရတာ။” လို့ မောင်ပြံုးကပြောတော့ အားလုံးက တစ်သံတည်းထွက်လာပါတယ်။
“ငါတို့ လူမိုက်နဲ့ မပူးပေါင်းဘူး။” တဲ့။ ဒီတော့ မောင်ပြံုးက
“အောင်မာ၊ ငါဟိုတစ်နေ့က ခိုးလို့ ရလာတုန်းကတော့ အကုန် ဝိုင်းစားကြပြီးတော့” အဲဒီလို ပြောတော့ အားလုံးက အသံပြိုင်တူ ထွက်လာပြန်ပါတယ်။
“စားတာကတော့ ပူးပေါင်းဆောင်ရွက်ကောင်းတယ်လေ၊ ဟုတ်တယ်မလားဆရာ”
“ကဲ ဟုတ်ပါပြီ ဆရာတို့ … စကားလည်းပြော အလုပ်လည်း လုပ်ကြဦး” ဆိုတော့ အားလုံး ခေါင်းချင်းဆိုင် ကုန်ကြပါတော့တယ်။ ခဏနေတော့ ကျွန်တော့်ကို သူတို့ရေးထားတဲ့ Program လာပြပါတယ်။ အဲဒီ Program ကတော့
Program Start
a, b, c, d and e are numbers
ask for a
ask for b
c <- a + b
ask for d
e <- c – d
print e
Program End
သူတို့ ရေးပြတဲ့ Program လေးကိုကြည့်ပြီး ကျွန်တော်က
“အရမ်းတော်ကြတာပဲဗျာ … ကဲ ဒီတစ်ခါတော့ အိမ်စာပေးလိုက်မယ်၊ ခု ရေးထားတဲ့ Program နဲ့ လုံးဝ မတူတဲ့ ပုံစံမျိုးနဲ့ ရေးလာခဲ့ပေးပါ။ သရက်သီးလည်း သွားခိုး မနေနဲ့ဦးနော်။ သရက်သီး သူခိုးကနေ အိုင်ဒီယာ သူခိုးကြီးတွေ ဖြစ်လာဦးမယ်။”
“အိုင်ဒီယာ သူခိုးဆိုတာ ဘယ်လို သူခိုးမျိုးလဲဗျ။ ကျွန်တော့်ကို ပြောပြပါဦး” လို့ မောင်ပြံုးက ပြောတော့
“အဲဒီ အကြောင်းတွေကို နောက်တစ်ပတ် Program တွေ ရေးတော့မှာ ပြောပြမယ်ဗျား၊ ခုတော့ ပြန်ကြတော့ ကျောင်းက စာတွေလုပ်ရဦးမယ် ဆိုတော့ Program ကို ကျောင်းစားတွေ မရှိတဲ့အချိန်မှ လုပ်ကြနော် ဆရာတို့”
“ဒီလောက်တော့ စပျော့ပါ” လို့ပြောပြီး အားလုံးထွက်သွားကြလေရဲ့ဗျာ …
Facebook comments:




ကိုသီဟရဲ့ အရေးအသားကလည်းကောင်းတယ် ရေးပုံကလည်း သေချာရှင်းပြလိုတယ်ဆိုတဲ့ စိတ်ရှည်တဲ့ စေတနာလည်း ပါတယ် ဆိုတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းတယ်ဗျ…… အရင်က ပို့စ်တွေပါ ပြန်လို်က်ဖတ်လိုက်ဦးမယ်ဗျာ……. ကျေးဇူး ကိုသီဟ
[...] အပိုင်း (၂) သို့ —> Share | Tags: Programming, Thinking [...]
[...] Thiha has written 111 posts. <– အပိုင်း (၂) သို့ [...]
programming နဲ့ ပတ်သက်ပြီး ကိုသီဟ လို ကိုယ်သိထားတဲ့ အတွေးခေါ်တွေကိုမျှဝေ ပေးနိုင်မယ့်သူတွေ များများပေါ်ပေါက်လာနိုင်ပါစေဗျာ။ ကျွန်တော်ကိုယ်တိုင်လဲ programming ကို လိုက်စားနေတဲ့ သူဖြစ်ပေမယ့် ကိုသီဟ လို စိတ်ကူးမျိုး ဖြစ်ပေါ်လာတတ်တဲ့သူကို လေးစားမိပါတယ်။
ကျေးဇူးတင်ပါတယ်။
[...] အပိုင်း (၂) သို့ —> Articles « PREVIOUS – အနက်ရောင် အခန်းဆက် ကကြိုး (၄) အခွခေံအကဆြုံး Programming ဆိုင်ရာ အတွေးများ (၂) – NEXT » [...]