Online Learning အကြောင်း (၂)
Online Learner တစ်ယောက်အနေနဲ့ ကျွန်တော် ပြောသွားတဲ့ အကြောင်းအရာအများစုက Self-learning အပိုင်းကို ပိုပြီး သက်ဆိုင်နေပါတယ်။ Online Learning လို့ ဆိုလိုက်ကတည်းက ဆရာ၊ ဆရာမတွေကို အပြင်မှာ အကောင်လိုက်ကြီး မြင်တွေ့ပြီး သင်ရတာ မဟုတ်တော့ပါဘူး။ Virtual Online Learning တွေမှာတောင် V-world ထဲမှာပဲ ဆရာတွေနဲ့ ထိတွေ့ခွင့်ရပါတယ်။
ဒါပေမယ့် Internet က မ႓ာကြီးကို ဆွဲချုံ့လိုက်တယ် ဆိုတဲ့အတိုင်း Online Learner တွေအနေနဲ့ အဲဒီအခွင့်အရေးတွေ အကုန် ရစေပါတယ်။ အခုမှ ကျွန်တော့်ရဲ့ Online Learning အကြောင်း အပိုင်း (၂) ကို ဆက်ပါ့မယ်။
Online Learning is Multimedia Learning
Online learning လို့ ဆိုလိုက်တာနဲ့ Multimedia ပုံစံကို ပြေးမြင်ပြီးသား ဖြစ်မည်ထင်သည်။ Multimedia လို့ ဆိုလိုက်တာနဲ့ Text, Audio, Video, Interactive Learning စသည်ဖြင့် အစုံရပြီး ဖြစ်တယ်လို့ သိပြီး ဖြစ်ပါလိမ့်မည်။ e-learning လို့ ဆိုလျှင် လူတိုင်းကြားဖူးပြီးသား ဖြစ်မည်ထင်သည်။ သို့သော်အကျွမ်းတစ်ဝင်ရှိမှုတွင် မတော့ အားနည်းချက်များ အများကြီး ရှိနေသေးသည်ဟု ကျွန်တော်မြင်သည်။ သူများနိုင်ငံတွင် e-learning ကို ကျော်ပြီး M-Learning ခေါ် Mobile Learning ကို ရောက်နေပြီ ဖြစ်သည်။ ကလေးက ငါးတန်းရောက်လျှင် iPhone ဝယ်ပေးဖို့ လိုလာပြီ။ ဖုန်းဆက်ဖို့ထက် အိမ်စာတင်ဖို့၊ အိမ်စာတွေ ဖတ်ဖို့ ဖြစ်သည်။ သင်ကြားရေးများ မိုဘိုင်း ဖြစ်သွားသည်မှာ ပန်းခြံထဲမှာလည်း စာဖြေနိုင်သလို ခရီးထွက်ရင်းလည်း အိမ်စာတင်နိုင်လာသည်။ Mobile Learning အကြောင်းကို ကျွန်တော် ဆောင်းပါး တစ်ပုဒ်ရေးဖူးသည်။ ပြန်တင်ဖို့ အစီအစဉ်လည်း ရှိသည်။ ဒါပေမယ့် အများကြီး တစ်ခါတည်း တင်လျှင် နောက်တင်စရာ မရှိသည့်အခါ အခက်တွေ့တော့မည်။
Text-based
Text-based ဆိုတော့ PDF တွေလည်း ပါသွားသည်။ ဒါပေမယ့် တကယ်တန်း e-book ကို Download ချ ပြန်ဖက်ဆိုသည်မှာ Online Learning နဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိလှ။ တစ်ချို့ Online Learning များသည် သူတို့ ကျောင်းသားများအတွက် PDF အနေနဲ့ဖြစ်ဖြစ် Doc အနေနဲ့ ဖြစ်ဖြစ် Download ချခွင့်ပေးတတ်သည်။ အဲဒီအတွက် နမူနာကောင်းကောင်း ပြပါဆိုလျှင် www.breakingnewsenglish.com ညွှန်းရမည်။ စာသားများကို Download ချပြီး လေ့ကျင့်ခန်းပါလုပ်နိုင်သည်။ အသံဖိုင်လည်း ရတော့ ပိုအဆင်ပြေသွားသည်။ Real Time Learning မလုပ်နိုင်သော လုပ်ဖို့ မလွယ်သော ကျွန်တော်တို့အတွက် Download ချခွင့်သည် အင်မတန် အရေးပါသည်။
Audio-based
အဲဒီလို Audio-based တွေကို ပြောမယ်ဆိုရင် iTunes က မပါမဖြစ်ဟု ဆိုရမည်။ iTunes ကို iPod, iPhone စတဲ့ Apple နဲ့ ပတ်သက်တာတွေ နဲ့ ချိတ်ဆက်မယ့် နေရာတွေမှာ အဓိကထား သုံးတယ်လို့ သိထားရင်တော့ မပြည့်စုံဘူးလို့ ဆိုရမှာပါ။ iTunes မှား အခြား သီချင်းတွေ ဝယ်လို့ ရတာတွေလည်း လူတိုင်းသိပါလိမ့်မည်။ ဒါတွေအပြင် အခြားအသုံးဝင်တာတွေ အများကြီး ရှိသေးသည်။ iPod ရှိစရာမလို၊ iPhone ရှိစရာ မလိုပါ။ Computer နှင့် အင်တာနက်သာ ရှိဖို့ လိုသည်။ iTunes မှာ Podcast ဆိုတော့ ကဏ္ဍတစ်ခုပါသည်။ ထို Podcast ဆိုသော ကဏ္ဍကို ဖွင့်ကြည့်လိုက်လျှင် သီချင်းများကို စီပြထားသလို Podcast များကိုလည်း အများကြီးတွေ့နိုင်သည်။ ကိုယ့်စိတ်ကြိုက်ရွေးပေတော့။ အင်္ဂလိပ်စာ သင်မလား။ ကွန်ပျူတာ သင်မလား။ Subscribe လုပ်ရုံသာ။ ဒါပေမယ့် ယခုနောက်ပိုင်း Podcast တွင် Video တွေပါ ပါလာပြီ ဖြစ်သည်။
iTunes ကတစ်ဆင့် သွားလို့ မရသည့် Audio Podcast မရှိလို့ ဆိုရလောက်အောင် အားလုံးက ချိတ်ပြီးသား ဖြစ်နေသည်။ အပြင်မှာ PodCast တွေ တိုက်ရိုက် လေ့လာချင်တယ်ဆိုရင် Twit.tv တို့ eslpod.com တို့ကို သွားကြည့်လိုက်ပါ။ တစ်ခြား ကဏ္ဍစုံ နယ်ပယ်စုံ Podcast တွေလည်း ရှိသေးသည်။ Offline Learning အတွက်လည်း အများကြီး အထောက်အကူ ပြုနိုင်သည်။ MP3 ဖိုင်လေးတွေ Download ချ MP3 Player တွေ ထဲထည့်ပြီး နားထောင်လို့ရနိုင်သည်။ iTunes မှာ နောက်ထပ် ထူးခြားသော ကဏ္ဍတစ်ခုလည်း ရှိသေးသည်။ iTunes U ဟု အမည်ရပြီး U ကတော့ University ဟု ဆိုသည်။ Open Course Ware ဟု အမည်ရသော MIT က OCW ပုံစံများကို အဓိက သင်ယူနိုင်သည်။ အခက်အခဲ တစ်ခုတော့ ရှိတာတွေ့ရသည်။ reference ဟု ဆိုလိုက်သည်နှင့် ဘယ်နားရှာရမှန်း မသိတော့သော ပြဿနာ ဖြစ်သည်။
Video-based
Video-based တွေမှာတော့ Video Clip လေးတွေနဲ့ သင်ယူရတဲ့ ပုံစံပါ။ ပုံစံနှစ်မျိုးရှိသည်။။ Download ချနိုင်တာနဲ့ Real Time ဆိုပြီး နှစ်ခု။ တစ်ချို့တွေက Download ချခွင့်ပေးပြီး တစ်ချို့ကတော့ Real Time ကြည့်ရသည်။ အကောင်းဆုံး နမူနာ နှစ်ခုကတော့ www.learnvisualstudio.net နဲ့ www.learndevnow.com တို့ ဖြစ်သည်။ နှစ်ခုလုံး ပိုက်ဆံပေးဖို့ လိုသည်။ ဒါပေမယ့် နှစ်ခုလုံး နမူနာများ ရှိသည့်အတွက် မြည်းစမ်းကြည့်နိုင်သည်။ Real time တွေဆိုလျှင် Connection အခက်အခဲရှိသည့်အတွက် ပြဿနာရှိသည်။ နောက် ဒီထက် ပိုပြည့်စုံပြီး အားလုံး အလကားရနိုင်သော နေရာတစ်ခုရှိ သေးသည်။ YouTube ဖြစ်သည်။ YouTube တွင် သင်ကြားရေး အထောက်အကူပြု Video Clip များ အများအပြားရှိသည်။ နည်းပညာ နယ်ပယ်အတွက်သာမက အခြား နယ်ပယ်စုံအတွက်ပါ စုံတကာ့ စုံနေအောင် ကြည့်လို့ရသည်။
Interactive
ဒီလိုမျိုး ပုံစံကို ဒီကလူတွေ မြည်းစမ်းဖို့ မလွယ်။ အမှန်အကန် Online Learning ဟု ဆိုရမည် ဖြစ်သည်။ State ကျောင်းတွေ၊ တက္ကသိုလ်တွေက ကျောင်းကို လာမတက်နိုင်သူတွေအတွက် အဓိကထား စီစဉ်ပေးထားသော ပုံစံဖြစ်သည်။ အချိန်တစ်ခုအတွက် ကိုယ့်အိမ်က ကွန်ပျူတာနှင့် ချိတ်ဆင်ပြီး ဆရာ၊ ဆရာမများကို တိုက်ရိုက် စာမေးနိုင်သည်။ Video Conferencing တို့ Audio Conferencing တို့တောင် ပါလိုက်သေးသည်။ တကယ်တော့ အဆိုပါ Online Learning သည်ပင် Mobile Learning အသွင်ဆောင်နေပြီ ဖြစ်သည်။ ကျောင်းသားများ အနေဖြင့် အိမ်က ကွန်ပျူတာမှာ ဖင်သေ ထိုင်နေစရာ မလိုတော့ iPhone နဲ့လည်း စသင်နိုင်သည်။ NetBook နဲ့လည်း စာသင်နိုင်သည်။ Laptop နဲ့လည်း စာသင်နိုင်သည်။ စင်္ကာပူမှာ ဆိုလျှင် Online Learning အတွက် National Project များ ရေးဆွဲ အကောင်အထည် ဖော်နေပြီဟု သတင်းတွေ ဖတ်ရသည်။ တကယ်တော့ Online Learning သည် နိုင်ငံတိုးတက်ရေးအတွက် မရှိမဖြစ်ဆိုတာ ငြင်းဖို့ ခက်နေသည့် အနေအထား ရောက်နေပြီ ဖြစ်ကြောင်း မောင်းထုလိုက်ရပေသည်။



