လိုင်စင်များအကြောင်း – ၂

Software လိုင်စင်များအကြောင်း

code တွေကို copyright ပြုလုပ်ပြီးပြီဆိုရင် သင်ရေးတဲ့ code ကိုသင်ပိုင်ပါတယ်။  ဥပမာ print(‘hello World!’); ကိုပဲ ပုံစံမျိုးစုံနဲ့ လွတ်လပ်စွာရေးသားနိုင်ပြီး  မူလရေးသားသူ သတိမထားမိသော်လည်း copyright တပ်ပြီးသားဖြစ်နေပါတယ်။ သို့သော် အပေါ်ကလိုမျိုးဟာမျိုးကတော့ အဓိပ္ပါယ်မရှိပါဘူး။ သို့သော် နောက်ထပ် လိုင်းတွေထပ်ပါလာရင်တော့ code တွေဟာ တန်ဖိုးရှိလာပြီး လိုင်စင်တပ်ပြီးဖြန့်ချိဖို့လိုအပ်လာပါပြီ။

မူပိုင်ခွင့်လိုမျိုး အခြားသော အသိဉာဏ်ဆိုင်ရာမူပိုင်ခွင့် တွေဟာလည်း software တွေကို ကာကွယ်ထားပါတယ်။  software နဲ့သက်ဆိုင်တဲ့ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်တွေဟာ အမေရိကန်တွင်တော့ လတ်တလောမှာ ရေပန်းအစားဆုံး ငြင်းခုံမှုတွေကို ယူဆောင်ခဲ့ပါတယ်။ အခြားသောတိုင်းပြည်များ ဥပမာ UK နဲ့ နယူးဇီလန်လိုမျိုး နိုင်ငံတွေမှာတော့
software တွေကို မှတ်ပုံတင်ပိုင်ခွင့် (patent) မရှိပါဘူး။ Copyright ဟာသက်ရောက်နေတဲ့ အချိန်ကာလမှာ မှတ်ပုံတင်ပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။

software လိုင်စင်တွေကတော့ Programming code တွေအသုံးပြုခြင်းမှကာကွယ်ထားပါတယ်။ အကယ့်၍သင်ဟာ Open Source Project တစ်ခုခုကနေ  library ဒါမှမဟုတ် element တစ်ခုကိုအသုံးပြုသည့်တိုင်အောင် ထို Project ကိုသက်ရောက်နေတဲ့ လိုင်စင်ကိုလေးစားရမှာဖြစ်ပါတယ်။

Development လိုင်စင်တွေဟာယေဘူယျအားဖြင့် အောက်ပါအချက်များနဲ့ကာကွယ်ထားပါတယ်။

- မူရင်း work နှင့်၄င်းရဲ့ ပြင်ဆင်မှုများကို မည်သို့မည်ပုံဖြန်ချိမည့်နည်းလမ်း

- ဆင်းသက်လာသော work များမှာ Open source ဖြစ်ခြင်း ၊ မဖြစ်ခြင်း

- ပြန်လည်ဖြန့်ချိဖို့အတွက် လိုအပ်တဲ့ copyright နဲ့အခြားသောnotice

Software လိုင်စင်တွေဟာ ယေဘူယျအားဖြင့် permissive သို့မဟုတ် copyleft လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ပြန်လည်ဖြန့်ချိခြင်းနဲ့ပတ်သတ်၍ကန့်သတ်ထားမှုတွေကို ထုတ်ပါယ်ခဲ့ပါတယ်။
အောက်မှာဖော်ပြထားတာကတော့ လူသိအများဆုံးနဲ့လူအသုံးအများဆုံး software လိုင်စင်တွေဖြစ်ပါတယ်။

MIT လိုင်စင်

MIT လိုင်စင် ပွင်လင်းမှုအရှိဆုံးလို့ပြောစမှတ်ပြုကြပါတယ်။  သူရဲ့  permission မှာကိုက without restriction, including without limitation the rights to use, copy, modify, merge, publish, distribute, sub license, and/or sell copies of the Software. လိုအတိအလင်းပြောထားပါတယ်။  ဒါပေမယ့်  Copyright notice တော့ပါရပါမယ်။  MIT လိုင်စင်အောက် product တွေအားလုံးကိုစီးပွားရေးအရပါ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။

BSD လိုင်စင်

BSD လိုင်စင် MIT လိုင်စင်နဲ့ဆင်ပါတယ်။ မူလ version ကိုတော့ ၁၉၉၀ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။  လေးပိုဒ်ပါ၀င်ပါတယ်။ နောက်ဆုံးအပိုဒ်ဖြစ်တဲ့ advertising clause မှာ မူရင်း work ကဆင်းသက်လာတဲ့အရာအားလုံးဟာ မူရင်း work ကိုတော့ refer ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ သို့သော် ၁၉၉၉ခုနှစ်မှာတော့ အဲဒီအချက်ကိုဖြုတ်ပစ်ခဲ့ပြီး “New BSD” ဝါ “Modified BSD “လို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။  ဒါအပြင် စာပိုဒ်အသစ်သုံးပိုဒ်ကိုတော့ MIT လိုင်စင်မှနေပြီး reference လုပ်ပါတယ်။  copyright ပိုင်ဆိုင်သူအနေနဲ့  သူရဲ့ဆင်းသက်လာတဲ့ work တွေကို ခွင့်ပြုချက်မရှိပဲနဲ့ အတည်ပြုခွင့်မရှိဟု၍အချက်ပါ၀င်ပါတယ်။ ဒီအချက်ဟာ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဖွဲ့အစည်းနာမည်ပဲဖြစ်ဖြစ် ထည့်သွင်းသင့်မသင့်အချက် ကိုကောင်းကောင်းရှင်းလင်းစေပါတယ်။ copyright နဲ့ trademark သီးခြားစီတည်ရှိတဲ့ ကိစ္စနှစ်ခုဖြစ်တာကြောင့် ဒီအချက်ဟာ အငြင်းပွားစရာအချက်တစ်ခုဖြစ်ပါတယ်။  MIT လိုင်စင်မှာ ဒီလိုမကြေညာပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ ခွင့်ပြုချက်ပေးတယ်လို့တော့ ယူဆလို့မရပါဘူး။ ဒါအပြင် FreeBSD ဝါ Simplified BSD ဆိုတဲ့လိုင်စင်လည်းရှိပါတယ်။ ကွဲပြားခြားနားတာကတော့ အထက်ကအငြင်းပွားဖွယ်ရာအချက် ကိုချန်လှပ်ထားပြီးတော့  copyright owner ကို ငြင်းဆန်ပိုင်ခွင့်ကိုထည့်သွင်းထားပါတယ်။ ဒီအချက်က အထက်က “New BSD” နဲ့နှိုင်းစာရင် လုံး၀ကိုပြောင်းပြန်ဖြစ်သွားပါတယ်။

Apache

BSD လိုင်စင်မှာပဲ လိုင်စင်ထဲကစကာလုံးတွေဟာ ဘယ်လောက်နားလည်ရခက်ခဲလဲဆိုတာ သိကြပါလိမ့်မယ်။ အဲဒီလိုင်စင်တွေထဲက စာပိုဒ်တွေ အငြင်းပွားစရာတွေအများကြီးရှိပြီး အခြားသက်ဆိုင်နဲ့ဥပဒေတွေနဲ့ ဆက်စပ်နားလည်ဖို့မဖြစ်နိုင်ပါဘူး။ တခြား free အမည်ခံ လိုင်စင်တွေဟာလည်း  ရည်ရွယ်ချက်ရှင်းလင်းဖို့ လိုလာပါတယ်။  Apache လိုင်စင်ကတော့  အခြားလိုင်စင်တွေရဲ့ ဆင်းသက်လာတာကိုကြည့်ဖိုးမလိုအပ်ပါဘူး။ ဆိုလိုတာကတော့ apache လိုင်စင်ဟာ (MIT နဲ့BSD ) တို့လို လိုင်စင်အောက်မှာရှိတဲ့ product ဟာ ၄င်းရဲ့မူလ product အခြား ဘယ် လိုင်စင်အောက်မှာရောက်နေနေ Open , free အသုံးပြုလို့ရပါတယ်။ သို့သော် Copyright attribution တွေ trademark notice တွေပါ၀င်ရမှာဖြစ်ပြီးတော့ ပါ၀င်မှုမရှိမှုကို ရှုတ်ချပါတယ်။  ဒါအပြင် ပြင်ဆင်ပြောင်းလဲမှုအတွက်ကို notice of change လို့ခေါ်တဲ့ ပြင်ဆင်မှုနဲ့သက်ဆိုင်တဲ့ စာရင်းအချက်အလက်လည်းပါ၀င်ရမှာဖြစ်ပါတယ်။  ဒါအပြင်အရင်အရင် ကပြောင်းလဲထားတဲ့ notice တွေလည်းပါ၀င်ရပါမယ်။ ဖျက်ပစ်လို့မရပါဘူး။  အဲဒီ notice တွေအကုန်လုံးဟာ text file အနေနဲ့ပါ၀င်ရမှာဖြစ်ပြီး source code ထဲမှာဖြစ်စေ documentation တွေထဲမှာဖြစ်စေပါ၀င်ရပါမယ်။

Apache လိုင်စင်ရဲ့ ပြင်ဆင်ပိုင်ခွင့် notice ဟာ MIT နဲ့ BSD တို့နဲ့နှိုင်းစာရင် ကွဲပြားပါတယ်။ ဥပဒေနဲ့သက်ဆိုင်တဲ့အချက်တွေ ၊ အခြေအနေတွေလည်းပိုများလာပြီး  copyright owner ရဲ့ပိုင်ဆိုင်မှုကိုလည်းလျော့ကျသွားပါတယ်။

Apache လိုင်စင် (version 2) ဟာ GPL ကိုလိုက်နာတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် Apache လိုင်စင်ကိုလိုက်နာတဲ့ project တစ်ခုဟာ GPL ver 3 အောက်မှာလည်း register လုပ်လို့ရပါတယ်။  တစ်ချို့သော software project တွေဟာ dual လိုင်စင်တွေဖြစ်ကြပါတယ်။

GNU General Public License

General Public License (GPL) လိုင်စင်ကို ၁၉၈၉ခုနှစ် မှာ Richard Stallman ရေးသားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ version 3 ထွက်ပေါ်ခဲ့ပါတယ်။ GPL ဟာ လွတ်လပ်စွာအသုံးပြုခွင့် ၊ ပြောင်းလဲခွင့် ၊ ဝေမျှခွင့် ၊ အခမဲ့ software အဖြစ်အသွင်ပြောင်းခွင့် အစရှိတဲ့ သဘောတရားကိုအခြေခံထားပါတယ်။  Software တွေကို ဘယ်လိုပဲ ဖြန့်ဝေခြင်းပြုပြု သူဟာ free ဆိုတဲ့အနေအထားမှာပဲ တည်ရှိနေမှာဖြစ်ပါတယ်။ အထက်ကထင်မြင်ယူဆချက်ကို copyleft လို့ခေါ်ပါတယ်။ GPL အနေနဲ့တခြား လိုင်စင်တွေနဲ့မတူညီတဲ့အချက်က GPL ကဆင်းသက်လာသော work မှန်သမျှသည်  GPL အဖြစ်သာအမြဲတမ်းသက်ရောက်နေမှာဖြစ်ပါတယ်။ GPL code တွေကိုရောင်းချခွင့်ရှိပါတယ် သို့သော် အခြားသော software ကတော့ထပ်ဆင့်ဆင်းသက်လာခွင့်မရှိပါဘူး။  ဒါကြောင့်သင့်အနေနဲ့ သင်ရဲ့ ဆင်းသက်လာတဲ့ workတွေကိုရောင်းချချင်တယ်ဆိုရင်တော့ source code တွေကို လိုင်စင်တစ်ခုတည်းမှာ ကျရောက်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ GPL အောက်မှာ ထွက်ပေါ်လာတဲ့ work ဟာ အခြားကန့်သတ်မှုများပြုလုပ်၍မရပဲ
GPL အနေနဲ့တည်ရှိနေမှာဖြစ်ပါတယ်။ GPL version 3 မှာတော့ GPL လိုင်စင်အောက်က code တွေကို ဒီဂျစ်တယ် ပစ္စည်းများမူပိုင်ခွင့် digital rights management (DRM) အနေနဲ့လည်းမှတ်ပုံတင်ခွင့်ရှိပါတယ်။ GPL code တွေကိုသုံးတာဟာ GPL လိုင်စင်ကိုချိုးဖောက်တာမဟုတ်ပေမယ့် အထက်က Digital law ကိုချိုးဖောက်ရင်တော့  တရားစွဲဆိုခွင့်ရှိသွားပါပြီ။  version 3 ဟာပိုပြီးခိုင်မာလာတယ်လို့ဆိုရပါလိမ့်မယ်။

ဘယ် product တွေက ဘယ်လိုင်စင်တွေသုံးသလဲ ???

ကျွန်တော်အစောပိုင်းမှာ Wikipedia ဟာ Creative Commons Attribute-ShareAlike လိုင်စင်နဲ့ Flickr ကတော့ Creative Commons လိုင်စင်သုံးတယ်လို့ရေးခဲ့ပြီးပါပြီ။ ဒါအပြင်ဘယ်သူတွေဘာသုံးသေးလဲဆိုရင်တော့  Web နယ်ပါယ်မှာဆိုရင် Javascript library တော်တော်များများကတော့  လိုင်စင်ယူလေ့ရှိကြပါတယ်။ ဥပမာ Jquery ဆိုရင် MIT ရော GPL ver 2 ပါယူထားပါတယ်။ တခြားlibrary တွေကလည်း MIT မှာယူတာတွေလည်းရှိပါတယ်။ ဥပမာ  Modernizr (သူဆိုရင် BSD အနေနဲ့ပါယူထားပါတယ်။) Raphaël နဲ့ Respond.js ကတော့ GPL ver 2 ကိုယူထားပါတယ်။ သင့်အနေနဲ့ အထက်က library တွေအားလုံးကို အသုံးပြုပြီးတော့ သင့် work အနေနဲ့သုံးခွင့်ရှိပါတယ်။ ဥပမာ သင့် website မှာထည့်သွင်းအသုံးပြုတာမျိုး

Plug-Ins and Themes များ

WordPress ရော Drupal ဟာ GPL ver 2 အောက်မှာရှိပါတယ်။  ဒါကြောင့်သူကဆင်းသက်လာတဲ့ work တွေဟာ ဥပမာ theme တွေ plugin တွေဟာ အလိုအလျောက် GPL ver 2 အောက်မှာရှိပါတယ်။ အသေးစိတ်ကို ဒီမှာဖတ်နိင်ပါတယ်။

Part of this license outlines requirements for derivative works, such as plugins or themes. Derivatives of WordPress code inherit the GPL license. […] There is some legal grey area regarding what is considered a derivative work, but we feel strongly that plugins and themes are derivative work and thus inherit the GPL license. If you disagree, you might want to consider a non-GPL platform…

အောက် drupal လိုင်စင်မှာတော့ ပိုပြီးရှင်းလင်းစွာရေးသားထားပါတယ်

The GPL requires that if you make a derivative work of Drupal and distribute it to someone else, you must provide that person with the source code under the terms of the GPL so that they may modify and redistribute it under the terms of the GPL as well. However, you are under no obligation to distribute the code to anyone else. If you do not distribute the code but use it only within your organization, then you are not required to distribute it to anyone at all.

သင်အနေနဲ့wordpress theme သို့မဟုတ် drupal module တစ်ခုကို personal အတွက်သာအသုံးပြုချင်တယ်ဆိုရင်တော့ source code ကိုပဲထိန်းသိမ်းထားနိုင်ခွင့်ရှိပါတယ်။ သူများလက်ထဲရောက်သွားတဲ့ source code ကိုတော့ တရားစွဲဆိုခွင့်မရှိပါဘူး။ ဒါကြောင့် လက်တောမှာ wordpress theme တွေရောင်းချခြင်းဟာ ရာနှုန်းပြည့်တရား၀င်တယ်လို့မဆိုနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော  အဲဒီ work တွေဟာ  GPL အောက်မှာသာဆိုရင် လွတ်လပ်စွာရောင်းချခွင့်ရှိတာ မှန်ပေမယ့် တချိန်ထဲမှာ လွတ်လပ်စွာ ဖြန့်ဝေခွင့်လည်းရှိပါတယ်။ သီအိုအရဆိုရင်တော့ PHP ဟာလည်း GPL လိုင်စင်အောက်မှာရှိပါတယ်။
သို့သော် တဖက်ကပြန်ကြည့်ပြန်ရင်လည်း wordpress ဟာ GPL လိုင်စင်အောက်မှာတည်ရှိတာမှန်ပေမယ့် Copyright ထပ်မံပြုလုပ်လို့ရပါသေးတယ်။  ဒါကြောင့် မူရင်း author ရဲ့ copyright အခြေအနေကိုကြည့်ပြီးဆုံးဖြတ်ရမှာပါ။

သင့်အနေနဲ့ အွန်လိုင်းမှာ  အလုပ်တွေလုပ်တာပဲဖြစ်ဖြစ် ဓာတ်ပုံတွေ ၊ blog ဆောင်းပါးတွေ ၊ အသံဖိုင်တွေ ၊ ဗီဒီယိုဖိုင်တွေအားလုံးဟာ သင့်အနေနဲ့ သက်ဆိုင်ရာ လိုင်စင်မတပ်သေးသရွေ့ ဒါမှမဟုတ် အဲဒီလိုလိုင်စင်တပ်ဖို့တောင်းဆိုတဲ့ web service တစ်ခုခုနဲ့မတွေ့သေးသရွေ့ ဥပမာ facebook) အနေနဲ့တော့ သင့်ပိုင်ဆိုင်မှုအပြည့်အ၀ရှိပြီးသားပါပဲ။

သင့်အနေနဲ့ twitter နဲ့ flickr တို့လို့ ဆိုဒ်မျိုးတွေအသုံးပြုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ပိုင်ဆိုင်ခွင့်ကိုပါ သူတို့ service အနေနဲ့ အဆိုပါ website တွေကိုပေးရမှာဖြစ်ပါတယ်။  ဒီ website တွေဟာ လူတွေရဲ့content မရှိရင်ရပ်တည်လို့မရပါဘူး။  ဒါကြောင့်လည်း လူတိုင်းလူတိုင်းရဲ့ content တွေကိုအသုံးချနေတာပါပဲ။ ဒါကြောင့် အဲဒီဆိုဒ်တွေပေါ်မှာ သင့်ရဲ့အရေးကြီးတဲ့ content တွေမတင်ခင်စဉ်းစားသင့်ပါတယ်။

အထက်ကအချက်အလက်တွေကိုဖတ်ရှုပြီးရင်တော့ သင့်အနေနဲ့ Copyright နဲ့ပတ်သတ်ပြီးသိ့သင့်သလောက်သိလောက်ပါပြီ။ Copyright ကိုဂရုစိုက်မယ် မစိုက်ဘူးကတော့ သင့်အပေါ်မူတည်ပါတယ်။ သို့သော် တကယ်တည်း ဥပဒေနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ no excuse ပါပဲ။  ဒါအပြင့်သင်ရေးတဲ့ content တွေ ဒါမှမဟုတ် work တွေကိုလည်းလိုင်စင်တပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူတွေ ဘာလုပ်မလဲဆိုတာကြိုမပြောနိုင်လို့ပါပဲ။

လိုင်စင်နဲ့ပတ်သတ်ပြီးထပ်မံသိရှိလိုပါက အောက်ပါ ဆောင်းပါးများကိုဖတ်ရှုသင့်ကြောင်းထပ်မံညွန်းဆိုလိုပါသည်။

မူရင်းဆောင်းပါးကိုဒီမှာဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်ဘာသာပြန်တာအများကြီးလိုနေသေးပါတယ်။ အသေးစိတ်ဝိဝါဒကွဲပြားစရာတွေအများကြီးလည်းရှိပါတယ်။ ကျွန်တော်ကတော့ စာဖတ်သူတွေကို လိုင်စင်တွေရဲ့အမြည်းသဘောလောက်ပဲတင်ပြနိုင်မှာပါ။ တကယ်တမ်းကြတော ဒီထက်ပိုပြီး နက်နဲသလို ရှုပ်လည်းရှုပ်ထွေးပါတယ်။

Facebook comments:

Leave a comment


*