သင့် Website ကို စွမ်းဆောင်ရည် မြှင့်တင်ပေးမယ့် ဖိုင်(၅)ဖိုင်

Coding တွေရေးရတဲ့ ပမာဏကို ကြည့်ကြည့်ပြီး Developer တွေ မျက်လုံးပိုပို ပြူးလာကြတာ ထုံးစံပါပဲ။ ဆိုက်တစ်ခုကို ကြည့်လိုက်မယ် ဆိုရင် ခုချိန်မှာ မတူညီတဲ့ Web Languages အနည်းဆုံး ငါးခုလောက် သုံးပြီးရေးကြရပါတယ်။ (ဥပမာ – MySQL, PHP, JavaScript, CSS နဲ့ HTML ဆိုပါတော့)

ဒါပေမယ့် လူတွေ အသိနည်းတဲ့ အသုံးနည်းတဲ့ လွယ်လွယ်နဲ့ ရေးပြီး ကိုယ့် Website ကို အများကြီး အထောက်အကူ ပြုနိုင်တဲ့ အခြား Web files တွေ ရှိပါသေးတယ်။ ဒီ Article က အဲဒီလို လူသိနည်းတဲ့ သူရဲကောင်းတွေကို ဖော်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ သူရဲကောင်း ငါးယောက်က သင့် Website ကို အများကြီး အထောက်အကူ ပြုကြပါလိမ့်မယ်။ သူတို့တွေက နားလည်ရလွယ်သလို အသုံးပြုရလည်း လွယ်ကူပါတယ်။ အဲဒီလို သုံးရလွယ်၊ နားလည်ရ လွယ်တယ်ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ တကယ့်ကို အရေးပါတဲ့ ထပ်တိုးတန်ဖိုးတွေကို ကိုယ့်ဆိုက်အတွက် ပေါင်းထည့်ပေးနိုင် စွမ်းရှိကြပါတယ်။

ဘယ်ဟာကို ရွေးရမယ်

ဘယ်ဖိုင်တွေကို ရွေးမလဲ။ အဲဒီလို Site ကို အထောက်အကူပြုနေတဲ့ Web Files တွေက အများကြီး။ .httaccess လို ဖိုင်တွေကလည်း ရှိသေးတယ်။ ဒီတော့ အသုံးပြုရ လွယ်ကူခြင်း၊ အထောက်အကူ ပြုနိုင်ခြင်း ဆိုတဲ့ အချက်နှစ်ချက် အပေါ်အခြေခံပြီး robots.txt, favicon.ico, sitemap.xml, dublin.rdf နဲ့ opensearch.xml ဖိုင် ငါးဖိုင်ကို ရွေးလိုက်ပါတယ်။ အဲဒီ ဖိုင်တွေ အားလုံးက ကိုယ့်ရဲ့ Website ကို Search Engine တွေနဲ့ အဆက်အသွယ် လုပ်ရာမှာ ကူညီပေးပါလိမ့်မယ်။ ကိုယ့် Website ကို Search Engine တွေ တိတိကျကျ ဖော်ပြနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Robots.txt

Robots.txt ရဲ့ အဓိကကျတဲ့ လုပ်ငန်းကတော့ crawler တွေအနေနဲ့ ကိုယ့်ဆိုက်ရဲ့ ဘယ်အပိုင်းကိုတော့ ဝင်ခွင့်ရှိတယ်။ ဘယ်အပိုင်းကိုတော့ ဝင်ခွင့်မရှိဘူး စသည်ဖြင့် သတ်မှတ် ပေးတာပါ။

Robots.txt ဆိုတဲ့ ဖိုင်ကို အဓိက သုံးရခြင်း ရည်ရွယ်ချက်ကတော့ ကန့်သတ်ချက်တွေ လုပ်ဆောင်ဖို့ပါ။ အကယ်၍ ကိုယ့် Website ထဲမှာ Robots.txt မရှိဘူးဆိုရင် search engine crawlers တွေ အစရှိတဲ့ web robots တွေ အနေနဲ့ စိတ်ကြိုက် ဝင်နိုင်ထွက်နိုင် ခွင့် ရှိနေပါတယ်။

အဲဒီလို ကန့်သတ်တဲ့ အလုပ်ကို (<meta name=”robots” content=”noindex” />) ဆိုတဲ့ Meta Tag ကို ထည့်ပြီး ကန့်သတ်လို့ရပေမယ့် တစ်ဖိုင်ခြင်းစီ လိုက်ထည့်နေရ ပါလိမ့်မယ်။ ဒါကြောင့် Robots.txt ဆိုတဲ့ ဖိုင်တစ်ဖိုင် ဆောက်လိုက်တာ ပိုကောင်းပါတယ်။ ထိန်းသိမ်း ပြုပြင်ရလည်း လွယ်သွားစေပါတယ်။

သတိထားရမယ့် အချက် ကတော့ Robots.txt ဆိုတာ အရမ်းကောင်းမွန် ပြည့်စုံတဲ့ Privacy Mechanism တစ်ခုတော့ မဟုတ်ဘူး ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုရင် Robots.txt ဖိုင် ရှိနေတယ်ဆိုတိုင်း အဲဒီဖိုင်အတိုင်း လိုက်နာရမယ် ဆိုတာမျိုး အသေသတ်မှတ်ထားလို့ မရပါဘူး။

Robots.txt ဖိုင်အား ဖန်တီးခြင်း

robots.txt ဆိုတဲ့ ဖိုင်တစ်ခုကို တည်ဆောက်ဖို့ အတွက် ပထမဦးဆုံးလိုတာက Text Editor တစ်ခုပါပဲ။ NotePad (သို့) NotePad ++ သုံးနိုင်ပါတယ်။ သိမ်းတဲ့အခါမှာ နာမည်ကို robots.txt လို့ ပေးရပါမယ်။ အဲဒီ robots.txt ဖိုင်အနေနဲ့ Root directory ထဲမှာ ရှိဖို့ လိုပါတယ်။ ကိုယ့် ဆိုက်က www.something.com ဆိုရင် သူ့ရဲ့ root directory /home/public_html/yourname/something/ စသည်ဖြင့် ရှိတတ်ပါတယ်။ ဒါကတော့ Hosting တစ်ခုနဲ့ တစ်ခု တူမှာ မဟုတ်ပါဘူး။ root directory မှာ ရှိရခြင်း အကြောင်း အရင်းကတော့ web robots တွေအနေနဲ့ root directory ထဲမှာ robots.txt ကို ရှာတတ်လို့ပါ။

နောက်တစ်ဆင့် အနေနဲ့ Search Engine Spiders တွေအတွက် လိုက်နာရမယ့် စည်းကမ်း Instruction တွေ ထည့်ရေးပေးရပါမယ်။ Robots.txt ရေးတဲ့ နည်းလမ်း တော်တော်များများက CSS ရေးတာနဲ့ ဆင်တူပါတယ်။ Attribute နဲ့ Value တွဲရက် ရေးရပါတယ်။

အကယ်၍ ကိုယ်ရေးတဲ့ robots.txt မှာ Comment (မှတ်ချက်) တွေ ရေးချင်တယ် ဆိုရင်တော့ # (hash) နဲ့ရေးနိုင်ပါတယ်။ ဘယ်ဖိုင်မဆို Comment လေးတွေ ထည့်တာ နောင်တစ်ချိန်မှာ ပြန်ပြင်ချင်ရင်ပဲ ဖြစ်ဖြစ် ပြန်ဖြည့်ချင်ရင်ပဲ ဖြစ်ဖြစ် လွယ်ကူစေပါတယ်။

အောက်မှာပေးထားတဲ့ ဥပမာကတော့ Crawlers တွေ အနေနဲ့ /members/ ဆိုတဲ့ Directory နဲ့ /private/ ဆိုတဲ့ Directory နှစ်ခုကို ဝင်ခွင့် မရှိကြောင်း ကန့်သတ်တာပါ။

User-agent:*

Disallow: /members/

Disallow: /private/

တကယ်တော့ robots.txt အနေနဲ့ အသုံးပြုနိုင်တဲ့ ညွှန်ကြားချက် နှစ်ခုပဲ ရှိပါတယ်။ (တစ်ချို့နေရာတွေမှာတော့ Crawl-delay ဆိုတာကို သုံးတတ်ပါတယ်။)

robots.txt မှာ သုံးနိုင်တဲ့ ပထမ ညွှန်ကြားချက်ကတော့ User-agent ဆိုတာပါ။ ဘယ် robots.txt ဖိုင်မှာ မဆို User-agent နဲ့ စသင့်ပါတယ်။ User-agent ရဲ့ ရည်ရွယ်ချက်ကတော့ ဘယ် Search Crawler တွေ အနေနဲ့ ဒီဖိုင်ကို သုံမယ်ဆိုတာ သတ်မှတ်ပေးတာပါ။ ရေးတဲ့နေရာမှာ * နဲ့သုံးလိုက်ရင်တော့ ဘယ် web robots မဆို robots.txt ကို သုံးရမယ်လို့ သတ်မှတ်လိုက်တဲ့ သဘောပါပဲ။

Disallow ဆိုတဲ့ ညွှန်ကြားချက်ကတော့ ကိုယ့်ဆိုက်ထဲမှာ ရှိတဲ့ ဘယ် folders တွေကို Access လုပ်ခွင့် မရှိကြောင်း သတ်မှတ်တဲ့နေရာမှ သုံးပါတယ်။ Disallow အနေနဲ့ Folder တစ်ခုကို Point လုပ်နိုင်ပါတယ်။ (ဥပမာ – /myprivatedirectory/) ဒါမှမဟုတ် file တစ်ခုကိုလည်း Point လုပ်နိုင်ပါသေးတယ်။ (ဥပမာ – /myprivatedirectory/folder1/myprivatefile.html)

Robots.txt အနေနဲ့ အသုံးပြုနိုင်တဲ့ စံမဟုတ်သော ညွှန်ကြားချက်များ (Non-Standard Directives)

Robots.txt အနေနဲ့ စံသတ်မှတ်ချက် မရှိသေးတဲ့ အခြား ညွှန်ကြားချက်တွေလည်း သုံးလို့ရပါတယ်။ စံသတ်မှတ်ချက်သာ မဟုတ်သေးတာပါ။ Search Crawler တော်တော်များများကတော့ အသိအမှတ်ပြုသလို အထောက်အပံ့လည်း ပေးထားကြပါတယ်။ ကိုယ့်အနေနဲ့ ကိုယ့်ဆိုက်ထဲမှာ search engine တွေကို မဝင်စေချင်ရင် files တွေကို ဝှက်ထားချင်တဲ့ နေရာတွေမှာ အများကြီး အသုံးဝင်ပါတယ်။

သုံးလို့ရတဲ့ ညွှန်ကြားချက်တွေကတော့

  • Sitemap: sitemap.xml ဖိုင် ဘယ်နားရှိတယ်ဆိုတာကို ညွှန်ပြပါတယ်။
  • Allow: Disallow နဲ့ ပြောင်းပြန်ပါ.
  • Crawl-delay: spider တွေအနေနဲ့ Server request လုပ်တဲ့နေရာမှာ ကြာမယ်အချိန်ကို သတ်မှတ်ပေးနိုင်ပါတယ်။

တစ်ခြား Search Engine တွေ အထောက်အပံ့နည်းတဲ့ Visit-time ဆိုတာလည်း ရှိပါသေးတယ်။ သူကတော့ တစ်နေ့မှာ ဘယ်နှစ်နာရီ လောက်သာ Crawler တွေ အနေနဲ့ လည်ပတ်ခွင့်ရှိလဲဆိုတာ သတ်မှတ်ပေးတဲ့နေရာမှာ သုံးပါတယ်။

အောက်မှာ ပြထားတာတော့ အပေါ်က ဥပမာထက် ရှုပ်တဲ့ Non-standard တွေပါတဲ့ နမူနာဖြစ်ပါတယ်။

Allow: /private/public.html

Comment: I love you Google, come on in!

Crawl-delay: 10

Request-rate: 1/10 # one page every 10 minutes

Robot-version: 2.0

Sitemap: /sitemap.xml

Visit-time: 0500-1300 # military time format

Favicon.ico

Favicon ဆိုတာ Favorite icon ကို အတိုခေါ်တာပါ။ favicon.ico ကတော့ icon ပုံသေးသေးလေးပါ။ အဲဒီ ပုံသေးသေးလေးက ကိုယ့်ဆိုက်ကို ကိုယ်စား ပြုပါတယ်။ ကိုယ့်ဆိုက်ကို Browser Address Bar မှာ စတိုင်ကျစေဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ အဲဒီလို Browser တစ်ခုတည်းမှာ မကပါဘူး။ တစ်ခြားနေရာတွေမှာလည်း အသုံးဝင်ပါတယ်။ Browser ရဲ့ Favourites/bookmarks တို့မှာလည်း အသုံးဝင်ပါတယ်။ အဲဒီအပြင် Social Networks တွေမှာလည်း အသုံးတည့် နိုင်ပါတယ်။

favicon.ico ဖိုင်ကို ဖန်တီးမယ် ဆိုရင်တော့ Icon Generator တွေ ရှိပါတယ်။ အဲဒါတွေသုံးပြီး ဖန်တီးနိုင်ပါတယ်။ IconFX ဆိုတာကတော့ အလကားရပါတယ်။ သုံးလို့လည်း အဆင်ပြေပါတယ်။ အခြား web-based တွေလည်း ရှိပါတယ်။

စသည်ဖြင့် စမ်းကြည့်နိုင်ပါတယ်။ အနည်းဆုံး လိုအပ်တဲ့ favicon.ico ရဲ့ ဆိုက်ကတော့ 16px * 16px ဖြစ်ပါတယ်။ အများအားဖြင့်တော့ 32px * 32px နဲ့ဆွဲကြပါတယ်။

အဲဒီလို favicon.ico ဖိုင်ကို ဆွဲပြီးပြီဆိုရင် root directory ထဲထည့်ပေးရပါမယ်။

မှတ်ချက် – favicon အနေနဲ့ တစ်ခြား file အမျိုးအစားတွေ ဖြစ်တဲ့ PNG, JPG, GIF စတာတွေနဲ့ သုံးလို့လည်း ရပါတယ်။ ဒါပေမယ့် တစ်ချို့ Browser တွေက Support မလုပ်ပါဘူး။ ဒါကြောင့် favicon သုံးယ်ဆိုရင် .ico က အကောင်းဆုံးပါပဲ။

အပေါ်မှာ ပြောခဲ့သလို Root Directory ထဲ ထည့်ပြီးပြီ ဆိုရင် favicon ကို Browser က သိအောင် ညွှန်းပေးဖို့ လိုအပ်ပါတယ်။ HTML Document ရဲ့ <head> </head> ကြားထဲမှာ ထည့်ရေးပေးရပါမယ်။

<head>
<link rel="shortcut icon" type="image/x-icon" href="favicon.ico" />
</head>

ဆိုပြီး ရေးထည့်ပေးဖို့ လိုပါမယ်။ shortcut icon လို့ သုံးသုံး icon လို့ သုံးသုံး တူတူပါပဲ။ image/x-icon ဆိုတဲ့နေရာမှာ vnd.microsoft.icon ဆိုပြီး အစားထိုးလို့လည်း ရပါတယ်။

မှတ်ချက် – Internet Explorer လို Browser လိုမျိုးအတွက် favicon ဖိုင်အနေနဲ့ Root Directory မှာ ရှိဖို့ လိုအပ်ပါတယ်။ တစ်ခြားနေရာမှာ ထည့်ပြီး ညွှန်းရင် သုံးလို့ရမှာ မဟုတ်ပါဘူး။ IE အနေနဲ့ Root ထဲမှာ ထည့်ထားတယ် ဆိုတာနဲ့ အော်တိုသိပါတယ်။ <head> </head> ထဲ ထည့်ရေးပေးစရာ မလိုပါဘူး။ တစ်ခြား Browser တွေကတော့ ညွှန်ပေးဖို့ လိုပါတယ်။ တစ်ခါတစ်လေ IE မှာ မပေါ်ဘူးဆိုတာ Root ထဲမှာ မရှိတာကြောင့်ပါ။

Favicon in Apple Devices

Favicon အတွက် အသုံးဝင်တဲ့ အခြား standard တစ်ခုက Apple Device တွေ ဖြစ်တဲ့ iPod တို့ iPhone တို့ iPad တို့မှာ ပေါ်မယ့် Touch Icon တွေအတွက်ပါ။ 57 x 57 အချိုးရှိတဲ့ PNG, ICO, GIF သုံးမျိုး (Alpha Transparency) သုံးလို့ရပါတယ်။ Devices ရဲ့ Home Screen မှာ Web Clip Feature ကို သုံးတယ်လို့ သိရပါတယ်။

Apple ကတော့ 90-degree corners ကို သုံးပါလို့ recommend လုပ်ပါတယ်။ Runded Corner နဲ့ မတူဘူးလို့ ဆိုပါတယ်။ Apple Devices တွေအနေနဲ့ အလိုအလျှောက် လုပ်ပေးသွားနိုင်တယ်လို့ သိရပါတယ်။ (ကျွန်တော် ကိုုယ်တိုင်က Apple Devices တွေ မသုံးဖူးတော့ မသိနိုင် ဖြစ်နေပါတယ်)

Apple Devices တွေမှာ Icon အနေနဲ့ ပေါ်စေချင်ရင် <head></head> ထဲမှာ အောက်မှာ ပြထားတဲ့အတိုင်း ထည့်ပေးရပါမယ်။

<link rel="apple-touch-icon" href="image/icon.png" />

ဆက်ပါဦးမယ် .. (အစက အဆုံးထိရေးမလို့ပါခင်ဗျ၊ နေမကောင်းတာနဲ့ တစ်ဝက်ဖြတ်ပြီး တင်လိုက်ပါတယ်၊ Sixrevisions က 5 web files that will improve your website ကို သင့်တော်သလို ပြန်လည် ရေးသားထားတာ ဖြစ်ပါတယ်။)

Facebook comments:

8 Responses

  1. zms says:

    very nice post!! thanks

  2. fokhwar says:

    Thank you. ဆက်လုပ်ပါဦး။

  3. Nano Nano says:

    nice post.

  4. Kawa the Great says:

    Great ! Post ..

  5. sevenlamp says:

    nice post! waiting next one.

  6. [...] အပေါ်မှာ ပြောခဲ့သလို Root Directory ထဲ ထည့်ပြီးပြီ ဆိုရင် favicon ကို Browser က သိအောင် ညွှန်းပေးဖို့ လိုအပ်ပါတယ်။ HTML Document ရဲ့ <head> </head> ကြားထဲမှာ ထည့်ရေးပေးရပါမယ်။ view source [...]

Leave a comment


*