Android Application တွေအောင်မြင်ဖို့ရာ နည်းလမ်းသွယ်သွယ် (၂)
Android App အောင်မြင်ဖို့နည်းလမ်းသွယ်သွယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က ပိုစ့်တင်ခဲ့ပါတယ်။ ဒီတစ်ပတ်တော့ ကိုယ့် app ကိုသုံးလာမယ့် customer ပစ်မှတ်ကိုဖော်ထုတ် နည်းတွေဆက်လက်တင်ဆက်ပါဦးမယ်။
ကိုယ့်ရဲ့ app ကို customer တွေ သိလာဖို့ နည်းလမ်နှစ်ခုရှိပါတယ်။ ပထမနည်းကတော့ Android Market နဲ့ Android app sites တွေမှာ သင့်တော်တဲ့ keyword တစ်ခုခု ရိုက်ထည့်ပြီးရှာရင် ကိုယ့် app တက်လာစေတဲ့နည်းပါ။ နောက်တစ်နည်းကတော့ ကိုယ့် app အကြောင်းရေးထားတဲ့ web site ကို traffic တွေအရင်တက်လာအောင်လုပ်ပြီးမှ Android Market ကိုသွားပြီး ကိုယ့် app ကို၀ယ်ဖြစ်သွားအောင် စည်းရုံးသိမ်းသွင်းတဲ့နည်းပါ။ 
ကိုယ့် app ကိုသုံးလာမယ့် customer တွေကိုမှန်းထာတာလဲ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ကိုယ့် app ကို၀ယ်ဖို့အလားလာရှိတဲ့ သူတွေကို ဈေးကွက်တင်ဖို့အတွက် အချိန်ရော ငွေပါကုန်ကျသက်သာစေလို့ပါဘဲ။ အဲ့ဒီလိုမျိုး target audience တွေကိုသိဖို့ဆိုရင် ဒီလိုမေးခွန်းလေးတွေကို ဖြေကြည့်တာက အထောက်အကူပြုနိုင်ပါတယ်။
- ၁။ ကိုယ့် app ကို၀ယ်မယ့်သူ ကဘယ်လိုလူမျိဳးတွေဖြစ်မလဲဆိုတာ သေသေချာချာသိပါသလား။?
- ၂။ ကိုယ့် app ကို၀ယ်မယ်လို့ထင်ရတဲ့ သူေတွကရော နှစ်တိုင်းနှစ်တိုင်း app ဘယ်နှစ်ခု၀ယ်လေ့ရှိတယ်ဆိုတာကိုရော သိပါသလား။ ?
- ၃။ ဒီ app ကို၀ယ်လာမယ့် ကိုယ်မရည်ရွယ်ထားတဲ့ တခြား customer ေရဲ့ အခြေအနေကရော ဘယ်လိုများရှိနိုင်ပါသလဲ။ ?
- ၄။ နောက်မေးခွန်းတစ်ခုက ကိုယ်ရည်ရွယ်ထားတဲ့ target buyer ရဲ့ lifestyle နဲ့ပတ်သက်တဲ့ information တွေ (ဖြေဖျော်ရေး လုပ်ဆောင်ချက်တွေ၊ ၀ယ်ယူတဲ့ အလေ့အကျင့် ပုံစံတွေ၊ ယဉ်ကျေးမှုဓလေ့တွေ ) စတာတွေနဲ့ ပတ်သက်ပြီး သိထားရင် ပိုကောင်းပါတယ်။
ဒါတွေကိုသိထားမယ် ဆိုရင်တော့ ကိုယ့် app ကို၀ယ်ယူတဲ့သူတွေ ဘာကြိုက်တယ် ဘာတွေလိုအပ်နေလဲ ဆိုတာသိပြီး ကိုယ့် app ကို update လုပ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ အဲ့ဒီအချက်တွေကို ကြည့်ပြီးတော့ဘဲ customer ဆီကိုရောက်ဖို့ Search Engine Optimization (SEO) လုပ်တဲ့ နေရာတွေမှာ၊ ကြော်ငြာတွေ၊ အရောင်းမြှင့်တင်တဲ့ ဈေးကွက်လှုပ်ရှားမှုတွေမှာ လဲသွားအသုံးတည့်တာတွေ့နိုင်မှာပါ။
အဲ့ဒီနောက် marketing plan ကိုချနိုင်ဖို့ နည်းလမ်းနှစ်ခုနဲ့ ဆက်ပြီးလုပ်ဆောင်နိုင်ပါသေးတယ်။
(picture source: http://leads.sellerinsights.com/2010/11/16/creating-a-list-that-matches-your-target-profile/)
Segmenting the market - ရှိပြီးသား ဈေးကွက်ပုံစံကို မှ အပိုင်းလေးတွေခွဲကြည့်ပါ ပိုပြီးကောင်းတဲ့ စီးပွားရေးအခွင့်အလမ်း ထွက်လိုထွက်ငြား (ဥပမာ – အသက်အရွယ် ပေါ်မူတည်ပြီး)စပြီး စဉ်းစားပါမယ်။ ဘာလို့လဲဆိုတော့ ဒီလို app တွေသုံးလေ သုံးထရှိတဲ့လူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၄ တွေကများပါတယ်။ သူတို့ကိုမှ မိသားစု ပုံစံအရထပ်ခွဲပါမယ်။ တစ်ယောက်တည်းသမားတွေဆိုရင် app တွေ၀ယ်ဖို့ ပို အလားလာရှိလို့ပါ။ နောက်ထပ်ဘယ်လိုထပ်ခွဲလို့ရသေးလဲဆိုရင် စီးပွားရေးအခြေအနေအရထပ်ခွဲ နိုင်ပါသေးတယ်။ ကုမ္မဏီကြီးတွေကတော့ သူတို့ဈေးကွက်ကို ဘယ်လိုပိုင်းလဲဆိုတော့ ဈေးကွက်သုတေသန ပရောဂျတ်တွေကထွက်လာတဲ့ အဖြေတွေကို ညှိနှိုင်းပြီး ခွဲလေ့ရှိပါတယ်။ တကယ့် Professional Researcher တွေကတော့ ဆင်တူတဲ့ product တွေကိုသုံးလေ့ရှိတဲ့ user တွေဆီကနေ များသောအားဖြင့် ဒီလို data တွေယူလေ့ရှိပါတယ်။
- ၁. ၀ယ်ယူတဲ့ အရေအတွက်နဲ့ အချိန်
- ၂. ဘာကြောင့်၀ယ်ယူတာလဲ
- ၃. Product မျိုးကွဲတွေနဲ့ပတ်သက်ပြီး customer တွေရဲ့ သဘောထားတွေ
- ၄. Consumer တွေရဲ့ lifestyle နဲ့ပတ်သက်ပြီး product ရဲ့အရေးပါမှုတွေ
ကိုယ့် app ကိုသုံးနိုင်ချေများတဲ့ လူသုံးလေ့သုံးထရှိတဲ့လူမျိုးကို ကိုသတ်သတ်ပိုင်းထားလိုက်ခြင်းအားဖြင့် သူတို့ကိုဘဲ ရည်ရွယ်ပြီး ပစ်မှတ်ထား marketing ဆင်းနိုင်ပါတယ်။
p.s ဒီပိုစ့်လေးများ ပြောထားသမျှကတော့ Jeffrey Hughes ရေးသားထားတဲ့ Secrets to Selling Your Android App စာအုပ်ထဲမှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ၀ါသနာအရ ဒီလို စာအုပ်တွေနဲ့ ရင်းနှီးခွင့်ရနေတာဖြစ်တဲ့အတွက် ဒီစာအုပ်မှာပါတဲ့အယူအဆများဟာ တကယ်မြန်မာပြည်ရဲ့ marketing ပုံစံအရ မှန်တယ်၊သင့်တယ်၊ မသင့်တယ်ဆိုတာ ကတော့ တကယ် လက်ရှိ စီးပွားရေးနယ်ပယ်မှာလုပ်ရှားနေတဲ့ ပညာရှင်များအနေနဲ့ မြန်မာကျူတိုရီရယ် မှာ ပါ၀င်ဆွေးနွေး ကြမယ်ဆိုရင်ဖြင့် အလွန်ပင်နှစ်ထောင်းအားရမိမှာပါ။
ဆက်လက်တင်ဆက်ပါဦးမယ်
ပျော်ရွှင်ပါစေ…


