ဝက်မာစတာတွေအတွက် အချက် (၁၀)
ဟိုးအရင်က mmopenxteam ဆိုတဲ့ ဆိုက်တစ်ခု ကျွန်တော်လုပ်ဖူးပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဆက်မလုပ် ဖြစ်တော့ပါဘူး။ ခု Myanmar Tutorials က MMopenXteam ရဲ့ ဒုတိယမျိုးဆက်လို့ ဆိုနိုင်ပါတယ်။ အဲဒီတုန်းက Database Backup ကို ပြန်ကြည့်တော့ အသုံးဝင်တာတွေ အများကြီး ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီမှာ ပြန်တင်ဖို့ လိုက်တာပါ။ တစ်ခြား ကောင်းနိုးရာရာတွေလည်း ပြန်တင်ပေးပါ့မယ်။ အဲဒီတုန်းက Contribute လုပ်ပေးတဲ့သူတွေကိုလည်း Myanmar Tutorials မှာ Contribute လုပ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ဟိုးအရင်က ရေးခဲ့တာဆိုတော့ ခုခေတ်မှာ ဒီထက်ပိုကောင်းတာတွေ ထွက်နေပါပြီ။ အဲဒီလိုထွက်နေတဲ့ Tools တွေကိုလည်း ထပ်ရေးပေးဖို့ အစီအစဉ် ရှိပါတယ်။
ကျွန်တော်တို့ အနေနဲ့ ကိုယ်တည်ဆောက်ထားတဲ့ Web Site တွေကို ခုရော နောက်ရော သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ စက်တွေကို မကြာခဏ Defrag ချပေးသလိုပေါ့ဗျာ။ ကိုယ့် Site ကို ကိုယ် ဘယ်လို check လုပ်မလဲဆိုတာနဲ့ ပါတ်သက်ပြီး လျောက် ဖတ်ကြည့်တော့ online tools (၁၀) ခုရှိပါတယ်တဲ့။ အဲဒီလို check လုပ်ပြီး ကိုယ့်ဆိုက်ကို ပြုပြင်လိုက်မယ် ဆိုရင် Performance (စွမ်းဆောင်ရည်)၊ accessibility (သုံးစွဲရလွယ်ကူမှု)၊ compatibility (သုံးစွဲရ အဆင်ပြေမှု) စတာတွေ တိုးလာမယ်ဆိုပါတယ်။ ၀က်သမားတွေ အတွက် မရှိမဖြစ် အချက် (၁၀) ချက်ပေါ့ဗျာ။
WEBXACT
ဒါလေးကတော့ ကိုယ်ဆိုက် အခြေခံ information (သတင်းအချက်အလက်) တွေကို ဖော်ပြပေးပါတယ်။ ကိုယ့် ဆိုက်ကို dial-up user တစ်ယောက်က သုံးတဲ့ အခါ Site Loading ဘယ်လောက် ကြာမယ် ဆိုတာတွေ ပြီးတော့ ကိုယ့်ဆိုက်မှာ ပြတ်နေတဲ့ လင့်တွေ ဘာတွေရှိတယ် ဆိုတာတွေ ဘယ်လင့်တွေနဲ့ ဆက်သွယ်နေတယ် ဆိုတာတွေ ဘယ်သူတွေ ဘယ်လို ၀င်ပြီး သုံးနေကြတယ် ဆိုတာ တွေကို သိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သုံးကြည့်တော့ အဆင်မပြေဘူးဗျ။ အဲဒီ ဆိုက်ကတော့ ပိတ်သွားပြီတဲ့ဗျ။ Google Analytic ထည့်ထားရင်လည်း အဆင်ပြေနိုင်မယ် ထင်ပါတယ်။
CSS တွေကို သန့်ရှင်းရေး လုပ်ချင်တယ်၊ ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်၊ ပြီးတော့ တိုတိုနဲ့ ထိရောက်အောင် လုပ်ချင်တယ် ဆိုရင်တော့ ကျွန်တော်ပေးထားတဲ့ ကလစ်ကနေ သွားစစ်နိုင်ပါတယ်။ အဲဒီ ဆိုက်ရဲ့ ထူးခြားချက်ကတော့ fix errors (အမှားတွေကို ပြင်နိုင်တာ) ပါပဲ။ ကိုယ့်ရဲ့ CSS coding ကို ကူးပြီး ထည့်လိုက် ပြီးရင် အဲဒီ CSS ကိုယ် သုံးထားတဲ့ ကိုယ့်ဆိုက် လိပ်စာကို ထည့်လိုက်တာနဲ့ အားလုံး ပြည့်စုံအောင် စီစဉ် ပြုပြင်ထားတဲ့ ကိုယ့် အတွက် CSSဗားရှင်း တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီလိုလုပ်ပြီး သုံးမယ်ဆိုရင် ၂၅% လောက်တောင် မြန်လာတယ်ဆိုပဲဗျ။ CSS Errors တော်တော်များများကိုလည်း ရှင်းပြီးသားဖြစ်သလို၊ Coding တွေကိုလည်း Compress လုပ်ပြီးသား ထွက်လာပါတယ်တဲ့။ တကယ့် ဆရာကြီးတွေကတော့ သုံးစရာလိုချင်မှ လိုမှာပါ။ ကျွန်တော်တို့ အတွက်ကတော့ သုံးလို့ အဆင်ပြေမှပြေပဲ။
ဒီကောင်ကလည်း CSS ကိုစစ်တာပါပဲ။ ဒါပေမယ့် သူ့ရဲ့ထူးခြားချက်ကတော့ Browser အားလုံးမှာ သုံးလို့ရတဲ့ CSS ဖြစ်အောင် စစ်တာဗျ။ စမ်းကြည့်ပါ။
ဒါကတော့ ဆရာအကျဆုံး စမ်းသပ်ရေးပဲဗျ။ ဒီကောင်နဲ့ စစ်ပြီးလို့ Errors တစ်ခုမှ မရှိဘူးဆိုရင်တော့ ခင်ဗျား Site ကို ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်ပြီလို့ ပြောလို့ရတယ်ဗျ။ ဒီ Web Tool နဲ့ Google ကို စစ်လိုက်တာ Errors ၃၁ ခု တွေ့တယ်ဆိုပဲ။ စမ်းကြည့်ပါ။
ဒါကတော့ Web Site ကိုကြည့်ရှုသူတို့ ဖက်က မြင်ရမယ့် ကိုယ်ဆိုက် Design ကို စစ်ကြည့်တာဗျ။ mmopenxteam ကို ထည့်ကြည့်တာ ရေရေလည်လည် စိတ်လေသွားတယ်။
ဒီ Visual Tool ကတော့ဗျာ ကိုယ့်ဆိုက်ရဲ့ Flow ကို ကြည့်နိုင်ပါတယ်။ ဥပမာဆိုရင်တော့ headings, divs, keywords, alt text, javascript ကို စစ်ဆေး ကြည့်နိုင်တယ်ဗျ။
ဒါကတော့ဗျာ Browser ပေါင်းစုံမှာ ကိုယ့်ဆိုက် ဘယ်လိုဖြစ်မယ်ဆိုတာကို စမ်းပေးတဲ့ Visual Tool ပါ။ ကျွန်တော်တို့ အနေနဲ့ Browser တွေ အကုန်လုံး စက်ထဲမှာ Install လုပ်ထားစရာ မလိုတော့ဘူးပေါ့ဗျာ။ ScreenShot တောင်ရနိုင်တယ်ဗျ။ Windows Platform, Linux Platform, Mac Platform တော်တော်စုံစုံရနိုင်ပါတယ်ဗျာ။
ReadyMobi
ဒါကတော့ ကိုယ့် Web Site ကို Mobile ဖုန်းမှာ အဆင်ပြေနိုင်မလား ဆိုတာ စမ်းသပ် နိုင်ပါတယ်တဲ့။ ခုနောက်ပိုင်း 3G ဖုန်းတွေ အတွက် အဆင်ပြေမလားပေါ့ဗျာ။ ဒီဆိုက်ကတော့ ကိုယ့် Web Site ကို Mobile ဖုန်း Ready ဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာ ညွှန်ပြ ပေးပါလိမ့်မယ်ဗျာ။
Pingdom
ဒါကတော့ တော်တော်လေးကို ကောင်းတဲ့ tool တစ်ခုပါခင်ဗျ။ အဓိက ဖော်ပြပေးနိုင်တာကတော့ ကိုယ့် Web Site ရဲ့ Loading Speed ကိုပါ။ တစ်ခုခြင်းစီကို Graph နဲ့ပြတာ ဗျို့။ သုံးကြည်လိုက် ကြိုက်မှာပါ လို့ ပြောလို့ရတယ်ဗျ။
Readability Test
ဒါကတော့ ကိုယ်ရေးထားတဲ့ Web Site ကို လူနားလည်လားလို့ စမ်းကြည့်တာဗျ။ ကိုယ်ရေးတုန်းကတော့ ကိုယ့်ဘာသာ နားလည်တယ်။ သူများသုံးတော့ ဘယ်လောက် နားလည် နိုင်မလဲဆိုတာ စမ်းသပ် ကြည့်နိုင်ပါတယ်ဗျာ။
Facebook comments:



Thanks you for your knowledge sharing .
You are always trying your imporvement.
I admire u,
Thanks!