Web Designer တွေ သိထားသင့်တဲ့ Android Apps (၁၀)

ကျွန်တော်တို့ MyanmarTutorials မှာ အဲမွန် ရောက်လာပြီးတဲ့ နောက်ပိုင်း Android ပိုင်းမှာ အများကြီး စည်ကားလာပါတယ်။ ကျွန်တော့် အနေနဲ့က Intro ရေးပြီး နောက်ပိုင်း ဘာမှ ဆက်မရေးဖြစ် တော့ပါဘူး။ ဒါပေမယ့် Android ဖက်မှာ အားကောင်းလာအောင် ဆောင်းပါးတွေနဲ့ ပံ့ပိုးပေးမယ်လို့ စဉ်းစားမိပြီး Do it Yourself (or) နောက်ထပ် လှိုင်းတစ်ခု ကို တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ခုဟာက ဒုတိယမြောက် ဆောင်းပါးပါ။ တစ်ဖက်ကလည်း လက်တွေ့ပိုင်းတွေကို ရေးနေတဲ့ အချိန်မှာ တစ်ဖက်ကလည်း Knowledge ပိုင်းနဲ့ ပံ့ပိုးပေးတာ ဆိုပါတော့။

ခုနောက်ပိုင်း Web Designer အနေဲ့ Website တွေကို ရေးတဲ့နေရာမှာ ရိုးရိုး Screen Size တွေအတွက် ရေးနေရတာ ရှိသလို၊ Mobile အတွက်လည်း စဉ်းစားလာရပါတယ်။ ကိုယ့်ရဲ့ Website တွေကို မိုဘိုင်းဖုန်းမှာ မြင်ရဖို့အတွက် စဉ်းစားပြီး ရိုးရိုး Web Version နဲ့ Mobile Version ဆိုပြီး နှစ်မျိုး ထုပ်လာကြပါတယ်။ ကျွန်တော်တို့ Myanmar Tutorials အနေနဲ့လည်း wptouch ဆိုတဲ့ WP Plugin ကိုသုံးထားပြီး Mobile Version အတွက် စီစဉ်ထားသလို ကိုစေတန့် ကျေးဇူးနဲ့ Zawgyi Embedded for WordPress ကို သုံးပြီး မြန်မာဖောင့်ကို Mobile မှာပေါ်အောင် စီစဉ်ထားပါတယ်။

Moble Market မှာ Apple ရဲ့ iPhone နဲ့ iPad တွေက လွမ်းမိုးထားတယ်ဆိုတာ လူတိုင်းအသိပါပဲ။ ခက်တာက ကျွန်တော်တို့မှာ Mac မဝယ်နိုင်တာကြောင့် ဘယ်လိုမှ လေ့လာဖို့ မလွယ်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ အဲဒီလို လေ့လာဖို့ ခက်နေတဲ့ အချိန်မှာ Google ရဲ့ Android ကတော့ ကျွန်တော်တို့အတွက် အများကြီး လေ့လာလို့ လွယ်ကူ သွားစေပါတယ်။ ခုချိန်မှာ Android အနေနဲ့လည်း ခြေလှမ်းကျဲကျဲနဲ့ လှမ်းပြီ နေရာစုံမှာ ထိုးဖောက်လာသလို နေရာလည်း ရလာတာတွေ့ရပါတယ်။ ခု Android Apps ဆယ်ခုကတော့ Free ရပါတယ်။ Web Design သမားတွေအတွက် အဓိက အသုံးဝင်မှာ ဖြစ်ပါတယ်။

1.AndFTP (free)

သူကတော့ ကျွန်တော်တို့ သုံးနေကြ FileZilla တို့လိုပါပဲ။ file တွေကို FTP uploading, Viewing နဲ့ Updating လုပ်တာတွေ အကုန်လုပ်လို့ရပါတယ်။ Mobile Phone ပေါ်မှာတင် အကုန်လုပ်လို့ရတယ် ဆိုတော့ ကွန်ပျူတာတို့ Laptop တို့ မလိုတော့ဘူးပေါ့။ တစ်ခြား ကွန်ပျူတာက FTP တွေလိုပဲ multiple domains သုံးလို့ရသလို FTP, SFTP နဲ့ FTPS connections တွေအကုန် ရပါတယ်။ user interface လည်း အင်မတန်ကောင်းမွန်တဲ့ First Generation Android App ပါပဲ။

2. SilverEdit (free)

ဒါကတော့ Notepad လို HTML, CSS, PHP နဲ့ ရိုးရိုး Text File တွေကို Edit လုပ်လို့ရတဲ့ app ပါ။ AndFTP နဲ့ တွဲသုံးမယ်ဆိုရင်တော့ ကိုယ့် မိုဘိုင်းဖုန်းထဲမှာတင် အကုန်ရေးလို့ ရတယ်ပေါ့။ ဒါပေမယ့် Android Devices တိုင်းအတွက်တော့ အဆင်ပြေချင်မှ အဆင်ပြေပါလိမ့်မယ်။ ဗားရှင်းတစ်ခုပြီး တစ်ခု ထွက်လာတာနဲ့အမျှ ပိုပိုပြီး ကောင်းလာနေသလို Android Devices တိုင်းနဲ့လည်း ချိတ်ဆက်လို့ရလာပါတယ်။

3. Photoshop (free)

ဒါကတော့ Adobe ရဲ့ ပေါ်ပျူလာ Software တစ်ခုဖြစ်တဲ့ Photoshop ကို Android Platform အတွက် App ထုတ်ပေးထားတာပါ။ Desktop Application Software Photoshop နဲ့ ယှဉ်ရင် အားနည်းချက်တွေ အများကြီး ရှိတယ်ဆိုပေမယ့် Crop တို့ Rotate တို့ Filters တို့ Image Saturation adjustments စသည်ဖြည့် တော်တော်များများ ရပါတယ်။

4. View Source Code (free)

ဒါက Browser တွေမှာ ရှိတဲ့ View Source ဆိုတဲ့ Function နဲ့ တူပါတယ်။ ကိုယ်ခေါ်ထားတဲ့ Website ရဲ့ Source Code တွေကိုကြည့်လို့ရသလို Edit လုပ်ချင်တယ် ဆိုရင်လည်း လုပ်လို့ရပါတယ်။

5. Mobile GA (free)

ဒါကတော့ Google Analytics နဲ့ တူပါတယ်။ Android Platform မှာသုံးလို့ရအောင် လုပ်ထားတယ်ပေါ့။ Google Analytics ဆိုတာကတော့ အရမ်းကောင်းတဲ့ Site Statistics တွေ မှတ်လို့ရတဲ့ Free Service ပါပဲ။ Mobile GA ကတော့ Google Analytics API ကို သုံးပြီး ဖန်တီးထားတာပါ။

6. Dropbox (free)

ဒါလည်း အရမ်းပေါ်ပြူလာ ဖြစ်တဲ့ file တွေ သိမ်းထားလို့ရတဲ့ နေရာဖြစ်ပါတယ်။ Dropbox ဆိုတာ ဘယ်နေရာကမဆို သုံးနိုင်တဲ့ Cloud Based file backup tool တစ်ခု ဖြစ်ပါတယ်။

7. WordPress Mobile (Free)

ဒါကတော့ WordPress Site တွေကို Mobile ကနေ တစ်ဆင့် သုံးလို့ရအောင် ပို့စ်တွေ တင်လို့ရအောင် Open Source ပေးထားတဲ့ WordPress for Android ဆိုတဲ့ App ပဲ ဖြစ်ပါတယ်။ မိုဘိုင်းကနေ Blogging လုပ်လို့ရသွားတာပေါ့။

8. Thinking Space (Free)

Thinking Space ဆိုတာကတော့ ကိုယ့်ရဲ့ Design နဲ့ ပတ်သက်တဲ့ အိုင်ဒီယာတွေကို မှတ်ထားလို့ ရတဲ့နေရာဖြစ်ပါတယ်။ Android Platform အတွက် Free App တစ်ခု ဖြစ်ပြီး Google App Engine နဲ့လည်း ချိတ်ဆက်လို့ရပါတယ်။ Open Source Desktop Version အနေနဲ့ ဆိုရင်တော့ FreeMind နဲ့ သုံးနိုင်ပါတယ်။

9. Typography Junkies (free)

Designer တွေ အနေနဲ့ Typography ဆိုတာ အရမ်း အရေးကြီးပါတယ်။ အဲဒီလို Typography တွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး ပုံစံတွေ ဒီဇိုင်းတွေကို သိနေချင်တယ် ဆိုရင် Typography for Android ဆိုတဲ့ App ကို သုံးနိုင်ပါတယ်။

10. HTML Test (free)

ဒါကတော့ ကျွန်တော်တို့ HTML ကို ဘယ်လောက် ကျွမ်းကျင်လဲဆိုတာ စစ်ပေးမှာ ဖြစ်ပါတယ်။ Free Android App တစ်ခုဖြစ်ပြီး Multiple Choice Questions တွေ ကို အချိန်အကန့် တစ်ခုအတွင်းမှာ ဖြေကြည့်ပြီး HTML ကျွမ်းကျင်မှုကို စစ်ဆေးနိုင်ပါတယ်။

တကယ်တော့ ကျွန်တော့်မှာလည်း Android Phone မရှိပါဘူး။ ဒါပေမယ့် ဒါမျိုးတွေ Mobile Platform မှာ ရှိနေပြီဆိုတာ သိစေချင်တဲ့ အတွက် Sixrevision က 10 Android app Every Web Designer Should Know About ကို ဘာသာပြန် ရေးသားလိုက်ရပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။

Facebook comments:

18 Responses

  1. mgpyone says:

    Sorry Sir..

    FTP is blocked in Myanmar.. and there’s no Proxy Option for Android yet .. it sucks actually. we have reported it in bug report .. but still no fix .. also ya know .. Android Market and android related website are banned in Myanmar.. don’t know why.. even ForceClose is banned.. :S

    • Thiha says:

      Let’s create our own android market for Myanmar. :P

      • mgpyone says:

        Yup.. you can create yourself.. but first think of payment option ..

        • saturngod says:

          အောက်မှာ reply မရတော့လို့..

          yes, ko pezi told free. Free is good, but should think about business model. Android have many free and they can add google ads, admod ads. For MM, no income. just free ? Ko Pezi if you have a time, can you write why free ? pros and cons ?

          • mgpyone says:

            if s/he is really enthusiastic about andorid, s/he still can live in Myanmar and work here and get a good salary .. ( don’t compare with foreign )
            my thoughts on free is just hobby and interest. business is business . money is money . that’s all .

      • Thiha says:

        Just for free android app collection for Myanmar. :P

        • saturngod says:

          LOL!!! google checkout and paypal can’t use in Myanmar. So, it’s a problem. If you want to make sell, you need network with mobile sell shop =P

          We can advertisement like this

          XXXXXXX Android App ဆိုင်ပေါ်တွင် ရောက်နေပြီ =P

    • saturngod says:

      Android Market is not open for Myanmar. Free and paid also. Check
      http://en.wikipedia.org/wiki/Android_Market#Availability_for_users

      For free app access
      http://market.android.com/support/bin/answer.py?hl=en&answer=138294

      No Myanmar. So, if you have Android Phone in Myanmar, it’s nothing. You can’t access market from your phone and can’t install. Yes, you can’t sell on Android Market. You can sell on your websites. If u see on your website, you need to make marketing than Android Market. Everyone can’t install like Android Market. You can’t join with Chrome like Google I/O show.

      Yes, Android for cloud. Android is open because cloud is open. However, Myanamr is clo?? =P

      • mgpyone says:

        >>> Android Market is not open for Myanmar. Free and paid also. Check

        yes , that’s right coz Google followed US Gov laws… that’s no problem .. and I never mentioned for Myanmar .. and

        >> you have Android Phone in Myanmar, it’s nothing.
        Nah.. at least, you can use Wi-Fi ,

        >> If u see on your website, you need to make marketing than Android Market. Everyone can’t install like Android Market.
        Sorry man.. it’s not true.. you’d take a look at 3rd market like SlideME

        >> However, Myanamr is clo?? =P
        yes. but just for me ,, come on man and feel my 4 MB/s speed =P

    • blueviruz says:

      FTP isn’t blocked. I use myantel connection and I can use FTP with ftp client ( cute FTP) without a proxy or tunneling.

  2. Thiha says:

    Android Phone လည်း ရှိဘူး၊ iPhone လည်း ရှိဘူး၊ ဒါပေမယ့် Android Tablet တော့ ဝယ်ဖို့ စောင့်နေတယ်၊ အဲဒီကျမှ စိတ်ကြိုက် ကလိတော့မယ်ဗျ။ ဘာပဲဖြစ်ဖြစ် လေ့လာခွင့် ကိုယ့်ဘာသာ ရေးခွင့်ပေးထားတာတော့ Google ကို ကျေးဇူး တင်ပါတယ်ဗျာ

  3. zms says:

    anyway Android is the best for now

  4. အဲမွန် says:

    agree ko Thiha’s talk!

  5. ko myo says:

    မင်္ဂလာပါ ကိုသီဟ
    ကိုသီဟရဲ့ website ရေးကြမယ် ၁ ကနေ ၆ အထိ က ကျွန်တော်တို့လို အခုမှစလုပ်တဲ့သူတွေအတွက်
    (အခုမှစတယ်သာပြောတာပါ) လုပ်နေတာတော့ကြာနေပါပြီ။ ဒါပေမယ့် အချိန်ကမရ ကိုယ့်ဘာကိုprogramming ကွင်းဆက်မမိတာတွေနဲ့ ပြောရရင်တော့ ကောင်းကောင်းကို နားမလည်သေးပါဘူး။လုပ်တော့ လုပ်တာပဲ ။ လုပ်နေတာပဲရှိတယ် နားမလည်သေးဘူး။ ကျွန်တော် က php ကို အခုလေ့လာနေပါတယ်။မရတော့မရသေးပါဘူး။ သူများနဲ့ယှဉ်ရင် လုံးဝ….မကျွမ်းကျင်သေးတဲ့သူပါ။ အကိုရေးထားတာတွေက ကျွန်တော့်လို သူတွေအတွက် နားလည်လွယ်ပါတယ်။အဲဒီအတွက် thanks ပါ။ နောက်ဆက်တွဲ လေးတွေလဲရေးပါဦး လို့ တောင်းဆိုပါရစေ။

    • Thiha says:

      အဲ Website ရေးကြမယ်၊ ဆိုတာတွေက ဂူးဂူးရေးတာ ခင်ဗျ၊ ကျွန်တော် ရေးတာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ရေးဖော်ရေးဖက်တွေပါ၊ သူလည်း ပြီးဆုံးအောင်ရေးမယ်လို့ သိရပါတယ်ခင်ဗျ။ ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်။

  6. polygamist says:

    Thanks for KO Thiha. Next i want to about web design. if you have free time plz write about web design more detail. How to know abot color

  7. Jia_Li says:

    should check these too …

    HTML5 Reference
    CSS3 Reference
    Javascript Reference
    jQuery Reference
    PHP Reference

    data from w3schools but still useful

    http://www.freeware4android.net/whawhawhat+software-download-developer-6447-all-1-date.html

Leave a comment


*