Singapore 2

အခု အဆက်ဆက် မိအောင် Singapore 1 ကို ပြန်ညွန်းပါမယ်။

  • 9 . Cover Letter and Resume ( CV )

တကယ်တော့ Resume ဆိုတာ CV Form ကိုပဲ ကိုယ်စားပြုတာ ဖြစ်ပါတယ်။ တော်တော်များများ ညီငယ်၊ ညီမငယ်တွေ ဘယ်လို မှ မရင်းနှီးတဲ့ စကားလုံး ဖြစ်နေလို့ပါ။ ကျွန်တော် တို့ မြန်မာပြည်မှာ အလုပ်လျှောက်တဲ့ အခါ CV ဖောင်လေးတွေ ကိုုင် အလုပ် သွားလျှောက်ကြတာက ကျင့်သား ရနေခဲ့ပါပြီ။ ဒီနေရာမှာ သတိထားစရာ တစ်ခု ရှိလာပါတယ်။ အဲဒါကတော့ နိုင်ငံရပ်ခြားမှာ အလုပ်လျှောက်ရင် CV တစ်ခုတည်းနဲ့ မပြည့်စုံဘူး ဆိုတဲ့ အချက်ပါ။ ဒါဆို ဘာလိုပါသလဲ။ လိုတာတစ်ခုကတော့ Cover letter ပဲဖြစ်ပါတယ်။ Cover Letter ဆိုတာ ကျွန်တော်တို့ CV တွေကို အလုပ်ရှင်တွေက မဖတ်ခင် အတိုချုပ်ရှင်းပြ ထားတဲ့ ရှေ့မျက်နှာစာ စာရွက်တစ်ရွက် ဖြစ်ပါတယ်။ Cover Letter ကောင်းပါမှ အလုပ်ရှင်က ကျွန်တော်တို့ CV ကို စိတ်ဝင်တစား အသေးစိတ် ဖတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Cover Letter ဆိုတာ ကျွန်တော်တို့ CV ကို အလုပ်ရှင်တွေ စိတ်ဝင်စားစေမယ့် CV ရှေ့မှာ အမြဲ ရှိနေသင့်တဲ့ စာလေး တစ်စောင်ဖြစ်ပါတယ်။ နမူနာ အတွက် Attachment တွဲ ပေးလိုက်ပါတယ်   CV ကို ကိုယ့်စိတ်ကြိုက် ပုံစံ ဖန်တီးနိုင်တာ ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ Cover Letter ရေးနည်းကိုပဲ တွဲ တင်ပေးလိုက်ပါတယ်။

Cover Letter

  • 10 . Apply Jobs on Internet

အင်တာနက်ကနေ တကယ် အလုပ်လျှောက်ရတဲ့ အခါ အခက် အခဲတွေ ရှိပါတယ် ။ အလုပ်လျှောက်တဲ့ Web Sites များမှာ Register လုပ်ထားရုံနဲ့ ကိုယ့်စိတ်ကြိုက်အလုပ်တွေ့ရင် Apply Job ဆိုတဲ့ Button လေးကိုနှိပ်ရုံနဲ့  အလုပ်လျှောက်ပေးတာ ရှိသလို ၊ အခုနောက်ပိုင်း များသော အားဖြင့် Company တွေက သူတို့ဆီကို တိုက်ရိုက်မေးလ် ပို့ခိုင်းတာ ရှိလာပါတယ်  ။ အဲဒီ အတွက်လည်း အောက်က ပြထားတဲ့ ပုံလေးထဲက အတိုင်း လျှောက်နိုင်ပါတယ် ။ Email ပို့တဲ့ အခါ Body Text ထဲမှာ Cover Letter ထဲက စာသားတွေကို ကူးထည့်ပေးဖို့ လိုအပ်တာ ဖြစ်ပြီး CV Form ကိုတော့ Attachment File ကနေ တွဲပေးရမှာ ဖြစ်ပါတယ် ။ နမူနာလေးပါ တင်ပေးလိုက်ပါတယ် ။

1 . To >> အလုပ်လျှောက်ချင်သော Company Email

2 . Attachment File တွင် CV ကို တွဲတင်ပေးပါ ။

3 . Body တွင် Cover Letter ထဲမှ စာသားများကို Copy ကူးထည့်ပေးပါ ။

4 . Subject တွင် မိမိ လျှောက်လိုသော Position ထည့်ရမှာ ဖြစ်ပါတယ် ။

  • 11 . Interview Invitation ( အင်တာဗျူးလာဖို့ ဖိတ်ခေါ်ခြင်း )

ညီငယ် ၊ ညီမငယ်တွေ အနေနဲ့ ရုတ်တရက် ဆိုရင် အတွေ့အကြုံ အရ အင်တာဗျူး ဖိတ်ထားတာကို အမှတ်တမဲ့ သတိ မထားမိမှာ စိုးတဲ့ အတွက် အောက်မှာ နမူနာလေး ထည့်ပေးထားပါတယ် ။

  • 12 . Search Interview Location

အင်တာဗျူး ဖိတ်ထားတာလည်း ရပါပြီ ။ အလုပ် လိပ်စာလည်း ထည့်ပေးထားပါတယ် ။ ကဲ ဘယ်လို သွားကြမလဲ ။ ဒါက ဒီရောက်ရင် ခေါင်းရှုပ်ရမယ့် အချက်တစ်ချက်ပါ ။ အဲဒီ့ အတွက်လည်း ကျွန်တော့်ကို လမ်းပြပေးခဲ့တဲ့ အစ်ကို တွေ ရဲ့ ကျေးဇူးနဲ့ ဒီ Links လေးများကို ပြန်တင်ပေးလိုက်ပါတယ် ။

http://maps.google.com/

http://www.streetdirectory.com/

http://www.gothere.sg/maps

ဒီ Links လေးတွေ သိရုံနဲ့ ကိုယ်သွားရမယ့် လိပ်စာကို ရိုက်ထည့်ပြီး သွားရမယ့် လမ်းကြောင်းတွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

  • 13 . Money

ဒါကတော့ တော်တော် မေးကြလို့ပါ ။ ပျမ်းမျှ အနေနဲ့ တစ်လကို S$800 ၀န်းကျင် ကုန်ကျနိုင်ပါတယ် ။ နှစ်လစာ အတွက် ယူလာမယ် ဆိုရင်တော့ S$1600 ၀န်းကျင်လောက် ဆိုရင် လုံလောက်ပါတယ် ။

ဆက်ပါအုံးမယ် >>>

Facebook comments:

4 Responses

  1. paytue says:

    အီမေလ်း စစ်တဲ့ အခါ တစ်ခါတလေ spam မေလ်ကို လည်း စစ်စေချင်ပါတယ်။ ကျတော့်သယ်ရင်း တစ်ယောက်က အလုပ်လျှောက်တယ်။ နောက်တစ်ပတ်လောက်နေတော့ ကုပ္မဏီ တစ်ခုက သူကို အင်တာဗျူး ဘာလို့မလာတာလဲ ဘာလဲ ညာလဲနဲ့ ဖုန်းဆက်တယ်။ သူက ငါဘာအီမေလ်းမှမရဘူး လို့ဆိုတော့ သူတို့ က နင့်ဆီကို အီမေလ်းပို့ထားတာ ၂ခါ ၃ခါ မကတော့ဘူးလို့ပြောပါတယ်။ နောက်ဆုံး သူ့အီးမေလ်ကို ပြန်ချက်တော့ အင်တာဗျူး လာဖို့ ခေါ်စာဟာ spam mail ထဲရောက်နေတယ်..။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကဆိုတော့ အခုလို အလုပ်မရှားသေးဘူး။ အလုပ်ရှင်တွေက အရည်အချင်းရှိတဲ့ သူတွေကို လိုလိုလားလား စောင့်ပီး အင်တာဗျူးခေါ်တဲ့ အချိန်တုန်းကပေါ့ဗျာ..

  2. stringlive says:

    ဟုတ်ပါတယ် ကိုယ့်ဘက်ကတော့ အကုန် ပြည့်စုံအောင် စစ်ဆေးထားသင့်ပါတယ် ။ အလုပ်လျှောက်တဲ့ အခါ ကိုယ်လျှောက်တဲ့ အလုပ်တွေက များလာရင် ဘယ် Company ကို ဘယ်လို လျှောက်ထားတယ် ။ ဘယ် Position နဲ့ လျှောက်ထားတယ် ဆိုတာတောင် မမှတ်မိ ဖြစ်တတ်ပါတယ် ။ အဲဒီ အခါ မျိုးမှာလည်း တော်တော် ကို အခက်ကြုံ ရတတ် ပြန်တယ် ။ အဲဒီ အတွက် လည်း နောက် ပို့စ်မှာ မသိသေးတဲ့ သူတွေ အတွက် Email ထဲမှာအလုပ်အတွက် သီးသန့် Folder ဆောက်ပြီး သိမ်းထားတဲ့ ပုံစံတွေကို ဆက်လက် ဖေါ်ပြသွားပါ အုံးမယ် ။ အလုပ်အတွက် သီးသန့် Mail အသစ်တစ်ခု ဖွင့်ထားဖို့ကိုလည်း ဆက်လက် ဖေါ်ပြပေးသွားမှာပါ ။ Interview ခေါ်တဲ့စာ Spam မေးလ် ထဲ ရောက်သွားတာကတော့ တော်တော် ဆိုးတယ် လို့ ပြောလို့ရပါတယ် ။ သတိထားရမယ့် အချက်တစ်ခုပါ ဘဲ ။ အခုလို ဝင်ရောက် ထောက်ပြ ပေးခဲ့တာ အရမ်း ကောင်းပါတယ် ။

Leave a comment


*