လိုင်စင်များအကြောင်းသိကောင်းစရာ
Web ပေါ်မှာကအားလုံးသိကြတဲ့အတိုင်းပဲ သူများတွေဖန်တီးထားတဲ့ resource တွေ (ဥပမာ ပုံတွေ ၊ font တွေ ၊ အသံဖိုင်တွေနဲ့ code တွေ) အများကြီးရှိပါတယ်။ ကိုယ်ကိုယ်တိုင်အစအဆုံးပြုလုပ်မယ့် သူများရေးပြီးသားဟာကို ကိုယ် project မှာယူသုံးလိုက်တာ အများကြီးကုန်ကျစရိတ် ၊ အချိန် နဲ့ ဦးနှောက်စားတာသက်သာပါတယ်။ အခမဲ့ နှင့်အခပေး နဲ့တည်ရှိနေသော အဆိုပါ resource အားလုံးသည် များသောအားဖြင့် ၄င်းတို့ သီးသန့် လိုင်စင်အနေနဲ့ပါရှိပြီးဖြစ်ပါသည်။ Professional အနေဖြင့် အသက်မွေး၀မ်းကြောင်းပြုလုပ်သူတိုင်းသည် ထို copy right လိုင်စင်များကို သိရှိခြင်းအားဖြင့် အထက်က ဖော်ပြထားသော resource များမှ မည်သည်တို့ကိုရွေးချယ်အသုံးပြုသင့်သည်ကိုသိရှိလာကြမည်ဖြစ်သည်။
ဒီဆောင်းပါးမှာတော့
copyright နှင့် license ပြုလုပ်ခြင်းအကြောင်း
မျှတစွာအသုံးပြုခြင်း (fair use )
အများပိုင်ပစ္စည်း (public domain)
တရား၀င်တရားစီရင်ပိုင်ခွင့် (legal jurisdiction)
လိုင်စင်နှင့်သက်ဆိုင်သော ပညာရပ်ဆိုင်ရာဝေါဟာရများ (License terminology)
Creative Common လိုင်စင်အကြောင်း
Software လိုင်စင်များ
လိုင်စင်များအသုံးပြုသည့်နေရာများ
မိမိရဲ့လုပ်ငန်းသည် လိုင်စင်လိုမလို
နောက်ဆုံး ဝေဖန်ချက်များ
တို့ကိုအဓိကတင်ပြသွားမှာဖြစ်ပါတယ်။
စကားချပ် ။ ။ ကျွန်တော်ကိုယ်တိုင်သည်လည်း ရှေ့နေတစ်ယောက်မဟုတ်သဖြင့် အခုရေးသားဖော်ပြချက်များသည် တရားဥပဒေ ရှုထောင့်အနေဖြင့်ကျချင်မှလည်းကျလိမ့်မည်။ သို့သော် ကျွန်တော် လေ့လာမိသလောက်ရေးထားသားခြင်းဖြစ်သည်။ သင် resource တစ်ခုကိုအသုံးပြုမည်ဟု ကြံရွယ်တိုင်း ထို resource ရဲ့ လိုင်စင်တစ်ခုလုံးကိုဖတ်ရှုသင့်ပါသည်။
Copyright နှင့်လိုင်စင်များအကြောင်း
ကျွန်တော်တို့ဖန်တီးသမျှအရာအားလုံးတွင် ဥပမာ စာဖတ်သူသည် ဓာတ်ပုံတစ်ပုံရိုက်သည် ဟုဆိုပါစို့ အဆိုပါဓာတ်ပုံကိုရိုက်သူ စာဖတ်သူသည် ထိုဓာတ်ပုံရဲ့ Copyright ပိုင်ဆိုင်သူအလိုအလျောက်ဖြစ်သည်။ အဆိုပါဓာတ်ပုံရိုက်သူသည် အခြားတစ်ယောက်ကို
ဓာတ်ပုံထုတ်ခိုင်း၍ရသည်အပြင် ဓာတ်ပုံကိုပြင်ဆင်ပိုင်ခွင့် ပေးနိုင်သည်။ Copyright ကိုတခါတရံ Intettectual Poperty (အသိညဏ်ပညာဆိုင်ရာ မူပိုင်ခွင့်) ဟုခေါ်တွင်ပါသည်။ ဒါအပြင် အဆိုပါဓာတ်ပုံနှင့်ပတ်သတ်၍ လိုင်စင်တစ်ခု ထူထောင်နိုင်ပြီး အဆိုပါလိုင်စင်တွင် မိမိချမှတ်လိုသော စည်းကမ်းချက်များချမှတ်နိုင်သည်။ ဥပမာ ဓာတ်ပုံတစ်ပုံကိုပဲ အခမဲ့ဖြစ်စေ
အခပေးဖြင့်ဖြစ်စေ လိုင်စင်တပ်နိုင်ပြီး အဆိုပါလိုင်စင်တွင်လည်း အသုံးပြုမှုအရေအတွက်ကို လည်းထပ်မံ၍ကန့်သတ်နိုင်ပါသည်။ အခပေး ဖြင့်အသုံးပြုတိုင်း အပြည့်အ၀ အခွင့်အရေးပေးမယ်လို့ သတ်မှတ်လို့မရပါဘူး ။လိုင်စင်ဟာ ဒါအပြင် အသုံးမည့်သူအရေအတွက် ၊ သုံးစွဲနိုင်တဲ့ အတိုင်းအတာဘောင်သတ်မှတ်ချက် နှင့် အချိန်ကာလကိုပါ စိတ်တိုင်းကျသတ်မှတ်နိုင်ပါသည်။
မျှတစွာအသုံးပြုခြင်း (fair use ) ဆိုတာဘာလဲ ????
မျှတစွာအသုံးပြုခြင်း (fair use ) ဆိုသည်မှာ Copyright ရဲ့ စည်းမျဉ်းစည်းကမ်း တစ်ချို့ကိုဖောက်ဖျက်သော်လည်း မျှတစွာအသုံးပြုခွင့်ရှိသည့်အနေအထားတခုတွင် အသုံးပြုခြင်းကိုဆိုလိုသည်။ Fair use ကတော့ တစ်ချို့နိုင်ငံတွေ ဥပမာ အမေရိကန်နှင့် ဗြိတိန်လိုနိုင်ငံမျိုးတွေမှာ အသုံးပြုလေ့ရှိကြပြီး ဒီ resource နှင့်ပတ်သတ်ပြီး author မှအသုံးပြုခွင့်မပေးထားသည်တိုင်အောင် အသုံးပြုခွင့်ရှိခြင်းကိုဆိုလိုသည်။ လူတစ်စုံတစ်ယောက်ရဲ့
အသုံးပြုမှုဟာတရားမျှတတယ်ဆိုပါက လိုင်စင်ပေးဆောင်ရန်မလိုပါ။ အဓိကအားဖြင့် copyright ပစ္စည်းများဟာ
တရားဥပဒေအရမှန်ကန်သော်လည်း အောက်ပါအခြေအနေများတွင်မူ အသုံးပြုခွင့်ပေးရလေ့ရှိပါသည်။
ပညာရေးအတွက် အသုံးပြုခြင်း ဥပမာ စာသင်ခြင်းကြားခြင်းနှင့်
ကျောင်းသုတေသန လုပ်ငန်းများအတွက် သော်လည်းကောင်း
သတင်းများတွင် ထင်မြင်သုံးသပ်ချက် ဝေဖန်ချက် ပေးခြင်းကိုမူ
တရားမျှတစွာအသုံးပြုခြင်း fair use ဟုဆိုနိုင်ပါသည်။ ဒီနေရာမှာ စီးပွားဖြစ် ဒါမှမဟုတ် အကျိုးအမြတ်အတွက် မရည်ရွယ်တိုင်း fair use လို့မှားယွင်းယူဆကြလေ့ရှိပါတယ်။ အမှန်တော့ Fair use ဟာ ဥပဒေစကားလုံးတစ်လုံးဖြစ်ပြီး အမှုတွဲကိုမူတည်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။ Fair use အနေနဲ့အသုံးပြုခြင်တယ်ဆိုရင် တခြား ဥပဒေနဲ့ပတ်သတ်တဲ့စာအုပ်တွေမှာ ထပ်မံပြီး ပိုမိုရှာဖွေဖတ်ရှုသင့်ပါတယ်။
အများပိုင် (public domain)
ယေဘူယျအားဖြင့်တော့ Copyright ကိုပိုင်ဆိုင်သူမရှိရင် အများပိုင် တနည်းအားဖြင့် public domain လို့ခေါ်ပါတယ်။ သင့်အနေနဲ့ အသုံးပြုခွင်ပြင်ဆင်ခွင့် ၊ ပြန်လည်ဖြန့်ချီခွင့်ရှိပါတယ်။ ဒါအပြင် public domain ဟာ Copyright ပိုင်ဆိုင်သူ ဟာ တနည်းအားဖြင့် အဆိုပါ copyright ကိုလက်လွတ်ရတဲ့အချိန်မှာ public domain ဖြစ်သွားပါတယ်။ Copyright ပိုင်ဆိုင်မှုဟာ ပိုင်ရှင်သေဆုံးရင် ပျက်ပြယ်ပါတယ်။ (ယေဘူယျအားဖြင့်တော့ သေဆုံးပြီး အနှစ်ငါးဆယ်နှင့် ခုနှစ်ဆယ်ကြားဖြစ်ပါတယ်။) အပြည်ပြည်ဆိုင်ရာ Copyright သက်တမ်းများကို ဒီမှာအသေးစိတ်ဖတ်ရှုနိုင်ပါတယ်။
တရား၀င်တရားစီရင်ပိုင်ခွင့် (legal jurisdiction)
နိုင်ငံတိုင်းမှာ copyright law နှင့်ပတ်သတ်၍ သီခြားပြဌာန်းထားတာတွေရှိပါတယ်။ သို့သော် နိုင်ငံအချင်းချင်း အဆိုပါ ဥပဒေနှင့်ပတ်သတ်၍ သဘောတူညီချက်များစွာရှိပါသည်။ လိုင်စင်တွေဟာ တခါတရံ နေရာဒေသပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် အခမဲ့ ပေးပေမယ့် အခြားတစ်နိုင်ငံမှာတော့ copyright ရှိတာတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့မရှင်းလင်းတာတွေ ရှိလို့ကတော့ တရား၀င်ဥပဒေအကြံပေးကို မေးမြန်းတာအကောင်းဆုံးပါပဲ။
လိုင်စင်နှင့်သက်ဆိုင်သော ပညာရပ်ဆိုင်ရာဝေါဟာရများ (License terminology)
လိုင်စင်ကို မိမိဖာသာမိမိ အစအဆုံးရေးမယ်ဆိုလည်းဖြစ်ပါတယ်။ သို့သော် အာလုံးကို ကာမိအောင်ရေးမယ် ဆိုရင် ရှုပ်ထွေးတဲ့အချက်တွေ ကလည်းအများကြီးပါမှာပါပဲ။ ဥပဒေပညာရှင်တွေအနေနဲ့ သာ ပိုမိုသိရှိနားလည်မယ်လို့ထင်ပါတယ်။ ဒီတော့ တော်ရုံတန်ရုံက ဘယ်သူကမှ ဦးနှောက်အစားခံပြီးတော့ အစအဆုံး ရေးမနေတော့ပါဘူး။ ရှိပြီးသား လိုင်စင်ကိုပဲ နာမည်တပ်လိုက်တာမျိုး အဆိုပါလိုင်စင် အနည်းငယ် ပြင်ဆင်ဖြည်စွက်တာမျိုးပဲ အတွေ့ရများပါတယ်။
ကျွန်တော်အောက်မှာဖော်ပြမယ့် လိုင်စင်တွေကတော့ အိုင်တီလောကမှာအတွေ့ရများတဲ့ လိုင်စင်တစ်ချို့ပါပဲ။ ဥပမာ အခမဲ့ (free)
ဆိုတာကတော့ အဆိုပါ ကုန်ပစ္စည်းအတွက် အဖိုးအခ ပေးဆောင်ရန်မလို ဟုဆိုလိုပါတယ်။ လိုင်စင်တွေဟာ တိုင်းပြည်တိုင်းမှာ သီးသန့်ရေးကြတာဖြစ်ပါတယ်။ သိုသော် လိုင်စင်မှာပါ၀င်တဲ့ စကားလုံးအသုံးအနှုန်းတွေကတော့ တူညီမှုရှိကြပါတယ်။
Copy (မိတ္တူ) –
အဆိုပါ ကုန်ပစ္စည်း ရဲ့ မိတ္တူ သို့မဟုတ် ပုံတူမျိုးပွား
Modify (ပြင်ဆင်) –
အဆိုပါကုန်ပစ္စည်းကို မိမိ စိတ်ကြိုက်ပြင်ဆင်ပိုင်ခွင့်
Derivative work (ဆင်းသက်ခြင်း) -
Copyrighted ကုန်ပစ္စည်းကိုအခြေခံ၍ နောက်ထပ် ကုန်ပစ္စည်းတစ်ခုထွက်ပေါ်လာခြင်း
Redistribute (ပြန်လည်ထုတ်လုပ်ဖြန့်ချိထုတ်ဝေခွင့်)
လိုင်စင်တပ်ပြီးနောက်ပိုင်း မူရင်း Copyright owner ရဲ့ ကုန်ပစ္စည်းကိုပြန်လည်ထုတ်လုပ်ဖြန့်ချိထုတ်ဝေခွင့်
Share alike (ထပ်ဆင့်မျှဝေခြင်း)
အဆိုပါကုန်ပစ္စည်းကိုအမှီပြု၍ထွက်ပေါ်လာသော ကုန်ပစ္စည်းတိုင်းသည် မူရင်းကုန်ပစ္စည်းရဲ့ လိုင်စင်ကိုမှီတည်နေသည်။ ဥပမာ free and share alike လိုင်စင်ဖြင့် ကုန်ပစ္စည်းတစ်ခု ကို အသုံးပြု၍ထွက်ပေါ်လာသော ကုန်ပစ္စည်းသည် free and share alike ပင်ဖြစ်ရမည်။ အခကြေးငွေဖြင့်ရောင်းချခြင်းမပြုရ။
Credit (ဂုဏ်ပြုမှတ်တမ်း) သို့မဟုတ် attribution
Copyright ပိုင်ဆိုင်သူ ကိုဖော်ပြခြင်း
Copyright Notice
© ပါ၀င်သော Copyright ပိုင်ဆိုင်မှုကိုထင်ရှားသိသာစေရန်ဖော်ပြထားခြင်း (
ဥပဒေကြောင်းအရတော့ မဖြစ်မနေ ဟုလိုအပ်ခြင်းမရှိ တနည်းအားဖြင့် အရေးမကြီး)
All rights reserved
အများစုသုံးလေ့ရှိသော Copyright ရှိကြောင်းသိသာစေရန် စကားစု (အရေးမကြီး)
Warranty (အာမခံချက်)
လိုင်စင်တွင်ပါ၀င်သည့်ရေးသားထားသော အာမခံချက်များ( အရေးမကြီး)
Creative Commons လိုင်စင်

Creative Commons လိုင်စင်ကို ၂၀၀၁ ခုနှစ်တွင် Lawrence Lessig စတင်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလိုင်စင်အများစုရဲ့ ရည်ရွယ်ချက်မှာ အွန်လိုင်း Creative (ဖန်တီးမှု) နှင့်ပတ်သတ်၍ လွယ်ကူစွာဖတ်ရှုနိုင်ရန် အဓိကရည်ရွယ်ပါတယ်။ အဆိုပါ လိုင်စင်အုပ်စုများတွင် Some rights reserved ဟုသော စကားစုမှာပါ၀င်လေ့ရှိပါသည်။ မတူညီကြတဲ့ Creative Commons လိုင်စင်ခြောက်မျိုးရှိပါတယ်။ အဆိုပါလိုင်စင်များဟာ အများဆုံးအသုံးပြုနေကြတဲ့ လိုင်စင်အမျိုးအစားများဖြစ်ကြပါတယ်။ အဆိုပါလိုင်စင်ကိုလည်း အချို့အချက်များဖြည့်စွက်၍သော်လည်ကောင်း ၊ ပြင်ဆင်၍သော်လည်းကောင်း လိုင်စင်အသစ်တစ်ခုအနေဖြင့် ပြုလုပ်ပိုင်ခွင့်ရှိပါသည်။ Creative Commons Licenses ကို တရားစီရင်ရာနေရာဒေသပေါ်မူတည်၍ ကွဲပြားခြားနားနိုင်သလို တကမ္ဘာလုံးမှာအတူတူလည်းဖြစ်နိုင်ပါတယ်။
အခြေခံ Creative Commons လိုင်စင်ကို CC attribution လို့ခေါ်ပါတယ်။
ကူးယူခြင်း ၊ ပြင်ဆင်ခြင်း နှင့် ပြန်လည်ထုတ်ဝေခြင်း (စီးပွားဖြစ်ဆိုရင်တောင်) ကို ခွင့်ပြုထားပါတယ်။
CC Attribution ရိုးရိုးလိုင်စင်ကို CC Attribution share-alike အဖြစ်ချဲ့ထွင်နိုင်ပါတယ်။ အထက်က သတ်မှတ်ချက်တွေနဲ့အကုန်တူတူပါပဲ။ ကွဲပြားခြားနားတာကတော့ အဆိုပါ work ကမှဆင်းသက်လာသော တနည်းအားဖြင့် အဆိုပါ work ကိုအမှီပြု၍ဆင်းသက်လာသော work များသည် မူရင်း share alike လိုင်စင်များကဲ့သို့ မူလဘူတ work ရဲ့ ဂုဏ်သတ္တိများကိုလိုက်နာရမည်ဖြစ်ပါသည်။ နာမည်ကျော်အွန်လိုင်းစွယ်စုံကျမ်း wikipedia သည် ၄င်းရဲ့ content များကို အထက်ပါ လိုင်စင်ဖြင့်ပြဌာန်းထားသည်။
ကျန်တဲ့လေးခုကတော့
CC Attribution-NoDerivs
ပြန်လည်မျှဝေခြင်းကိုခွင့်ပြုပါတယ်။ ထိုသို့ပြုလုပ်ရန်အတွက် မူရင်း ပိုင်ရှင်နာမည်ကို credit ပေးရမည်ဖြစ်သည်။ သို့သော် ပြန်လည်ပြင်ဆင်ခွင့်မရှိပါ။
CC Attribution-NonCommercial
အားလုံးကိုခွင့်ပြုထားပါတယ်။ သို့သော် စီးပွားရေးအရ အသုံးချတာမဖြစ်ရပါဘူး။
CC Attribution-NonCommercial-ShareAlike
အပေါ်ကအတိုင်းပါပဲ။ သို့သော် ဆင်းသက်လာသော လိုင်စင်များသည် မူရင်းလိုင်စင်တွင်လိုက်နာသော အချက်များအားလုံးကိုလိုက်နာရမည်ဖြစ်သည်။
CC Attribution-NonCommercial-NoDerivs
စီးပွားရေးအတွက်မဟုတ်သောအခါတွင် ပြန်လည်ဖြန့်ချီခြင်းကိုခွင့်ပြုပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ခွင့်မပြု။
အထက်ကဖော်ပြတဲ့အတိုင်း လိုင်စင်ခြောက်ခုလုံးမှာ တူညီတဲ့အချက်ကတော့ မူရင်းပိုင်ရှင်ကို credit သို့မဟုတ် attribution ပေးရမယ့်အချက်ပါပဲ။
ဒါကြောင့် သင့်အနေနဲ့ အဆိုပါ work ရဲ့နာမည် ၊ copyright အသိပေးစာ နှင့်လိုင်စင်နာမည်တို့ပါ၀င်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့်
This work includes the photo “Photo’s Title,” available under a Creative Commons Attribution license, © Author’s Name.
အထက်က လိုင်စင် တွေအပြင် CC0 လို့ခေါ်တဲ့ owner တွေက လျှော့ပေါ့သတ်မှတ်ထားတဲ့ လိုင်စင်တွေလည်းရှိပါတယ်။ သူကတော့ public domain လိုပါပဲ။ သူအောက်မှာကတော့ “no rights reserved” လို့ရေးထားလေ့ရှိပါတယ်။ Creative Commons လိုင်စင်တွေဟာ ရှင်းလင်းပြီးဖတ်ရလွယ်ကူပါတယ်။ အထက်မှာဖော်ပြထားတဲ့အတိုင်း Wikipedia ဟာ ShareAlike လိုင်စင်ကိုသုံးပါတယ်။ နာမည်ကြီး images hosting တစ်ခုဖြစ်တဲ့ Flickr ကလည်း ဓာတ်ပုံတွေအတွက်ကို Creative Commons လိုင်စင်ကိုသုံးပါတယ်။သင်အနေနဲ့လည်း စိတ်သန့်သန့်နဲ့ Creative Commons လိုင်စင်အောက်ကဟာတွေကိုပဲအသုံးပြုချင်တယ် google ကနေတစ်ဆင့်ရှာချင်တယ်ဆိုရင် လည်း ဒီမှာဖြေထားတာရှိပါတယ်။
စကားချပ်
နောက်တစ်ပိုင်းမှာတော့ အရေးကြီးတဲ့ software လိုင်စင်တွေဖြစ်တဲ့ MIT ,Apache တို့အကြောင်းကိုရေးသားမှာဖြစ်ပါတယ်။ ကျွန်တော်လည်း တက်သရွေ့မှတ်သရွေ့ဘာသာပြန်ထားတာဖြစ်တဲ့အတွက် ပြီးပြည့်စုံမှမရှိမှာကတော့အသေအချာပါပဲ။ ဥပဒေပိုင်း နားလည်သူများ အိုင်တီပိုင်းဆိုင်ရာကျွမ်းကျင်သူများက ထပ်မံဖြည့်စွက် ကူညီပေးမယ်ဆိုရင် အရမ်းကိုပဲကျေးဇူးတင်မိမှာပါ။
Facebook comments:



အကြောင်းအရာနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ စာကြောင်းတွေရဲ့အဆုံးမှာ”သည်” နဲ့ “တယ်” ကိုရောပြီးရေးထားလို့ ဖတ်ရတာထောက်နေတာလေးကို ပြင်လိုက်နိုင်ရင် တကယ်ပိုဖတ်လို့ ကောင်းသွားမယ်ထင်တာပဲ။
very good article…i like it….